Thursday, June 14, 2012

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကမ္ဘာ့ အလုပ်သမား အဖွဲ့ချုပ် ILO ညီလာခံမှတ်တမ်း ဓာတ်ပုံများ...



ရခိုင်ပြည်နယ် လတ်တလော ဖြစ်ပျက်နေတဲ့ သတင်းနဲ့ ပတ်သက်ပြီး အမေစု ဒီလိုဖြေသွားပါတယ်...

ရခိုင်အရေးမှာ တရားဥပဒေစိုးမိုးမှု မရှိခြင်းကြောင့် ဖြစ်ကြောင်း၊ ရခိုင်ဒေသ ပဋိပက္ခမှာ မြန်မာပြည်အတွက် အရေးကြီးတဲ့ သင်ခန်းစာဖြစ်ကြောင်း၊ ပြန်လည် ငြိမ်းချမ်းဖို့အတွက် အားလုံး ပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်း သတင်းထောက်တဦး၏ အမေးကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဒေါ်အောင်ဆန်းစုကြည်က ဘင်္ဂလားဒေ့ရှ်နှင့် မြန်မာနိုင်ငံကြား နယ်စပ်အရေး ကိစ္စများတွင် နှစ်ဖက်လုံး၏ အားနည်းချက်များ ရှိခဲ့သည့်အတွက် တရားမဝင် ဝင်ရောက်လာသူများ အချိန်တိုင်းတွင် ရှိခဲ့ကြောင်း၊ နိုင်ငံသား တယောက် ဖြစ်ရန်အတွက် နိုင်ငံသားဖြစ်ခွင့်နှင့် စပ်ဆိုင်သည့်ဥပဒေများ အမှန်တကယ် အသက်ဝင်ဖို့ လိုအပ်ကြောင်း ထည့်သွင်းပြောဆိုသွားသည်။

မဇ္ဈိမသတင်း

တရားမဝင် ဝင်ရောက်လာသူများ အချိန်တိုင်းတွင် ရှိခဲ့ကြောင်း၊
AP, Reuters

ဘကြီးသက်
Unknown at 9:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗျိုင်းဖြူရွာမှာ ရိုဟင်ဂျာ အကြမ်းဖက်သမားတွေရဲ့ သတ်ဖြတ်တာ ခံရတဲ့ ရခိုင်ရွာသားများ

The Voice Weekly:
စစ်တွေမြို့ ဗျိုင်းဖြူရွာ အခြေအနေ စိုးရိမ်ရေမှတ် အမြင့်ဆုံးသို့ရောက်ရှိ လူမျိုးရေး အသွင်ဆောင်ကာ ဆူပူအကြမ်းဖက် မှုများဖြစ်ပွားနေသော ရခိုင်ပြည်နယ် စစ်တွေမြို့မှ ယမန်နေ့က ထွက်ပြေးလာသော ဘင်္ဂလီ ဆူပူအကြမ်းဖက်သူများနှင့် ဗျိုင်းဖြူရွာအနီး သံတော်လီ ကျေးရွာမှ ဘင်္ဂါလီများ စုပေါင်းကာ စစ်တွေမြို့ ဗျိုင်းဖြူရွာကို မီးရှို့ရန် စီစဉ်နေကြကြောင်း ဒေသခံများက ဇွန်လ ၁၁ နေ့ နံနက် ၉နာရီ ၃၀ မိနစ်တွင် ပြောကြားသည်။

အဆိုပါ ဗျိုင်းဖြူရွာတွင် လုံခြုံရေးတပ်ဖွဲ့ဝင်များ မရှိခြင်းကြောင့် ဒေသခံများမှာ စိုးရိမ်နေကြကြောင်း၊ ယခုအခါ အဆိုပါကျေးရွာတွင် ရခိုင်တိုင်းရင်းသား အမျိုးသားများသာ ကျန်ရှိပြီး အမျိုးသမီးနှင့် ကလေးငယ်များမှာ စစ်တွေမြို့သို့ ထွက်ပြေး တိမ်းရှောင်နေကြကြောင်း ဒေသခံများထံမှ သိရသည်။
...............................................................................
အဲဒီနောက်ပိုင်းမှာတော့ ရိုဟင်ဂျာ အကြမ်းဖက်သူတွေရဲ့ ရက်ရက်စက်စက် အသတ်ခံရတဲ့ ဗျိုင်းဖြူရွာသားတွေရဲ့ ဓါတ်ပုံတွေကို
ကိုဒီမိုဝေယံနဲ့ ကိုလှအေးမောင် ထံမှတဆင့် ရရှိလာခဲ့ပါတယ်။
ဒါကို ရိုဟင်ဂျာ အဖွဲ့အစည်းအခုက ဒီဓါတ်ပုံထဲက တပုံကို “ရခိုင်တွေက ရက်ရက်စက်စက် သတ်လိုက်လို့ ရိုဟင်ဂျာတွေ” Facebook မှာ လိမ်လည်ပြီး တင်ထားတာ တွေ့လိုက်ရပါတယ်။ 
ရိုဟင်ဂျာတွေရဲ့ကလိမ်ကကျစ် အောက်တန်းကျတာကို အများပြည်သူတို့ သတိပြုကြပါ။ နိုင်ငံတကာကိုလည်း အသိပေးကြပါ။
မီဒီယာကျင့်ဝတ်ကို အတတ်နိုင်ဆုံး လိုက်နာတဲ့အနေနဲ့ အသတ်ခံရသူတွေရဲ့ မျက်နှာကို ဖြစ်နိုင်သမျှ ဖုံးဖိ ဖျက်ပေးထားပါတယ်။
(ဓါတ်ပုံ - ကိုဒီမိုဝေယံနဲ့ ကိုလှအေးမောင်)
Byine Phyu village of Sittwe district is now at the highest risk for villagers to be massacred. Bengalis who withdrew from rioting Sittwe and other Bengalis from Than Thawli village near Byine Phyu rallied to surround and burn the other villages, said local residents at 9.30 a.m on June 11 2012.
Villagers are deeply worried for the lack of security guards and in that village, only Rakhine men were left to guard but women and children were sent to Sittwe.
Credit to The Voice Weekly Journal.
After that, from a well-known blogger Demo Waiyan and from Ko Hlay Aye Maung, tearful images
of brutally killed Rakhines were received. However, such images are abused by rohingya websites with titles that the corpse were rohingyas. It's just a plain lie.
We must be aware of such lies. Faces of dead persons were faded for media ethic.
................................
အင်္ဂလိပ်လို ဘာသာပြန်ပေးတဲ့ ကိုမျိုးဆက်ကို ကျေးဇူးတင်ပါတယ်။
(Thanks a lot to Ko Myo Set for his English translation)
လွင်အောင်စိုး
၁၄-၆-၂ဝ၁၂

ဘကြီးသက်
Unknown at 9:02 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီကနေ့ ရန်ကုန်မြို့ ဗြိတိသျှ သံရုံးရှေ့တွင် ဆန္ဒပြမှု

မြန်မာသတင်းများကို အင်္ဂလိပ်ဘာသာဖြင့်လည်းကောင်း၊ မြန်မာ ဘာသာဖြင့်လည်းကောင်း အမျိုးမျိုးလိမ်လည်ဖော်ပြကာ ဝါဒ ဖြန့်မှုများကြောင့် လန်ဒန်မြို့ အခြေဆိုက် ဘီဘီစီ အသံလွှင့်ဌာန ကို ရန်ကုန်မြို့မှ ပြည်သူများက ဒီကနေ့ ၁၄ ရက်နေ့ မနက် ၁၀ နာရီ ခွဲခန့်မှာ ဆန္ဒပြခဲ့ကြပါတယ်။ ရန်ကုန်မြို့ကမ်းနားလမ်းရှိ ဗြိတိသျှ သံရုံး ရှေ့ တွင် ဆိုင်းဘုတ်များ ကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြတာဖြစ်ပါတယ်။

ကြိုတင် ချိတ်ဆက်ထားခြင်း မရှိခြင်း နှင့် ကြိုတင် သိရှိထားခြင်း မရှိတာကြောင့် အချို့ ဆန္ဒပြလိုသူများ မလာရောက်နိုင်ဘူးလို့ သိရပြီး နောက်နေ့တွေမှာလည်း ဆက်လက် ဆန္ဒပြသွားဖို့ ရှိတယ်လို့ သိရပါတယ်။





ဆန္ဒပြသူ လူငယ်များဟာ KNU အတွင်းရေးမှူ ဖရိမန်းရှာ ရဲ့ သမီး ဇိုယာဖန်း နဲ့ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမြအေး ရဲ့ သမီး ဝေနှင်းပွင့်သုန်တို့ ဦးစီးပါဝင်နေသော Burma Campaign UK ကို ဆန့်ကျင်သော ဆိုက်ဘုတ်များကို ကိုင်ဆောင်ထားကြပါတယ်။

BBC ၊ DVB အစရှိသည့် ပြည်ပ မီဒီယာများမှ ဘင်္ဂါလီနှင့် ပတ်သက်၍ ၀ါဒဖြန့်မှုများ ချက်ချင်းရပ်တန့်ရန် စသည့် စာတန်းများ အင်္ဂလိပ်-မြန်မာ နှစ်ဘာသာဖြင့် ကိုင်ဆောင်ပြီး ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရပါတယ်။



















Myanmar Express

ဘကြီးသက်
Unknown at 9:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဂျာနယ်လစ်နဲ့ ကျင့်ဝတ်(၂) ၊ သတင်းရင်းမြစ်နှင့် ရင်ဆိုင်ခြင်း

သတင်းတစ်ပုဒ်အတွက် အခြေခံအကျဆုံးက သတင်းရင်းမြစ်ပါပဲ။ သတင်းရင်းမြစ်တွေဘက်က အမှန်အတိုင်းပြောမယ်လို့ မျှော်လင့်ထားနိုင်ပေမဲ့ တစ်ခါတစ်ရံမှာ  သတင်းရင်းမြစ်က လှည့်ဖြားမယ်၊ အရေးကြီး တဲ့ အချက်ကို ဖုံးကွယ်ထားမယ်၊ ရှုပ်ထွေးအောင်ပြောမယ်၊ စိတ်ထဲရှိတာ ကို ဖုံးကွယ်ထားမယ်ဆိုတဲ့ အခြေအနေမျိုးနဲ့ ကြုံရနိုင်သလို အမှန်တကယ် ရှင်းရှင်းလင်းလင်း မပြောတတ်တာမျိုးနဲ့လည်း ကြုံရနိုင်ပါတယ်။ တစ်ဖက်မှာလည်း သတင်းထောက် ကိုယ်တိုင်ရဲ့ဘက်လိုက်မှု၊ ကိုယ်ရည်ကိုယ်သွေးနဲ့ ပြုမူဆက်ဆံပုံ၊ အသက်အရွယ်နဲ့ လူမျိုးအသွေးအရောင်ကြောင့်လည်း တစ်ဖက်ရဲ့တုံ့ပြန်မှုက ပုံမှန် မဟုတ်တာမျိုး ရှိနေနိုင်ပါတယ်။ ဂျာနယ်လစ်ဟာ ဒီပြဿနာတွေကို သတိပြုရပါမယ်။ တစ်ဦးတည်းရ သတင်းထူး (exclusive News) ဖြစ်လိုဇောနဲ့ ကိုယ့်သတင်းကို သိပ်ထင်ရှားလိုတဲ့စိတ်ကလည်း ဂျာနယ်လစ် ကိုယ်တိုင် သတင်းရင်းမြစ်မပြောဘဲ နဲ့ ပြောသယောင် လုပ်ကြံဖန်တီးပြီး ကျင့်ဝတ်ဖောက်ဖျက် မိတာမျိုးတွေ လည်း ရှိသွားနိုင်ပါတယ်။
မှတ်တမ်းတင်ခွင့်၊ မတင်ခွင့်
ပုံမှန်အားဖြင့် ဂျာနယ်လစ်တစ်ယောက်၊ သတင်းထောက် တစ်ယောက်ရဲ့ အင်တာဗျူးဟာ ပုံစံသုံးမျိုးရှိပါတယ်။ မှတ်တမ်းတင်ခွင့်ရှိသော ပြောစကား (on-the-record) ၊မှတ်တမ်းတင်ခွင့် မရှိသော ပြောစကား (off-the-record) နဲ့ အမည်နာမ မတတ်လိုသော နောက်ကွယ်မှသာ ထုတ်ဖော်သော ပြောစကား (unattributed/background comments) ဆိုပြီးတော့ပါ။ စာဖတ်ပရိသတ်က ဒီလိုကွဲပြားမှုမျိုးကို ခွဲသိချင်မှသိမှာ ဖြစ်ပေမဲ့ ဂျာနယ်လစ်တွေဘက်က သတင်းရင်းမြစ်ရဲ့ အခြေအနေကို ရှင်းရှင်းလင်းလင်း ဖော်ပြဖို့လိုပါတယ်။
On-the-record မှာတော့ ရှင်းပါတယ်။ သတင်းရင်းမြစ်က ဂျာနယ်လစ်ကိုလည်း ယုံသလို သူလည်း ပြောရဲတယ်၊ ပြောပိုင်ခွင့်ရှိတယ်ဆိုတော့ သတင်းထောက်က အဆင်ပြေသလို တိုက်ရိုက်ကိုးကား၊ စာစကားနဲ့ တစ်ဆင့်ကိုးကားပြီး ဖော်ပြနိုင်ပါတယ်။
Off -the-record မှာတော့ လုံးဝခြားနားသွားပါပြီ။ သတင်းအချက်အလက်တော့ ပေးတယ်၊ ဒါပေမဲ့ ထိ လွယ်ရှလွယ်မို့ မဖော်ပြစေချင်ဘူး။ ဒါကို သတင်းထောက်က ချိုးဖောက်ရင် ယုံကြည်မှုဆိုတာ ပျက်သုဉ်းသွားပါပြီ။ ဒါကို မချိုးဖောက်သင့်ပါဘူး။ ဒါပေမဲ့ သတင်းရင်းမြစ်က ပုံမှန် on-the-record အင်တာဗျူးမလုပ်ခင်၊ ဒါမှမဟုတ် လုပ်ပြီးမှ off-the-record ပြောချင်တာကို ပြောသင့်ပါတယ်။ on-the-record အင်တာဗျူးတစ်ခု မှာ၊ အများရှေ့မှာ၊ သတင်းစာ ရှင်းလင်းပွဲလိုဟာမျိုးမှာ ပြောလိုက်တာ ကိုတော့ ဘွာတေးလုပ်လို့ မရပါဘူး။ အခု မှ off-the-record  လုပ်မရတော့ဘူး။ ထည့်တော့မှာပဲဆိုတာ သတင်းထောက်ဘက် သတင်းရင်းမြစ်ကို အခွင့်သာရင်ကြိုပြီး ရှင်းရှင်းလင်းလင်း ပြောထားသင့်ပါတယ်။   
off-the-record ပဲရတဲ့ သတင်းအချက်အလက်တွေက ဂျာနယ်လစ်အတွက် ဖြစ်စဉ်နောက်ခံကို နားလည်ဖို့အတွက် အထူးအရေးပါပါတယ်။ နောက်ထပ် သတင်းရင်းမြစ်တစ်ခုဆီက လှည့်ပြီး ဒီအကြောင်းအရာကို ဖော်ထုတ်ဖို့၊ မရေးပါနဲ့၊ မဖော်ပြပါနဲ့လို့ပြောတဲ့ သတင်းရင်းမြစ်ကိုပဲ ဘယ်လိုလေးရေးလိုက်ရင် မထိခိုက်နိုင်ပါဘူးဆိုပြီး ရှဥ့်လည်းလျှောက် သာ၊ ပျားလည်းစွဲသာ ဖော်ပြနိုင်တဲ့ အခြေအနေကို နားလည်အောင်ပြန်ဆွယ်ဖို့ အတွက်လည်း အသုံးကျပါတယ်။
off-the-record interview တွေက နှစ်ဖက်လုံးအတွက် အကျိုးရှိပါတယ်။ သတင်းရင်းမြစ်ကလည်း ပြောတော့ပြောချင်ရှာတယ်၊ သူ့ဆီက ထွက်တယ်ဆိုတာမျိုးလည်း မဖြစ်ချင်ဘူး၊ ဒါကို သတင်းထောက်က ပါးပါးနပ်နပ်နဲ့ တခြားတစ်ဖက်က လှည့်လို့ဖြစ်စေ ဖော်ပြပေးနိုင်ရင် ပြောသူလည်း သူမပြောပါဘူး၊ ဒါပေမဲ့ သိနိုင်တာပဲလေဆိုတဲ့ ပုံစံနဲ့ ကျေကျေနပ်နပ်ဘေးကင်းရန်ကင်း နေနိုင်သလို နောင်ကိုလည်း ဒီလိုမျိုး သူကိုက ပြောချင်လာစိတ်ပေါ်တဲ့ အထိ သတင်းထောက်အပေါ် ယုံကြည်လာနိုင်ပါတယ်။
သတိထားရမှာက အားကောင်းတဲ့ အဖွဲ့အစည်းတွေ၊ အုပ်စုတွေ၊ လူ ပုဂ္ဂိုလ်တွေက ဒီလို တာဝန်မခံရဘဲ ပြောခွင့်ရတဲ့ အခွင့်အရေးကို အသုံးချပြီး သတင်းထောက်ကို ဓားစာခံခိုင်းပြီး သူလိုရာဝါဒဖြန့်သွားနိုင်တာမျိုးပါ။
off-the-record မှာ ကျင့်ဝတ်အရ အရေးကြီးဆုံးက သူပြောတာကို ဒီလိုတော့ဖြင့် ဒဲ့မရေးပါဘူးလို့ ကတိခံပြီးရင် တည်ဖို့ပါပဲ။
အမည်မဖော်လိုသော သတင်းရင်းမြစ်
off-the-record နဲ့ on-the-record ကြားမှာရှိတဲ့ ရှုပ်ထွေးမှုတစ်မျိုးကတော့ အမည်နာမ မတတ်လို သော/နောက်ကွယ်မှသာ ထုတ်ဖော်သော ပြောစကား(unattributed/background comments) ပါပဲ။ ဂျာနယ်လစ်ဟာ ဒီလိုပြောစကားမျိုးကို ကိုးကားတော့မယ်ဆိုရင် ဒီသတင်းရင်းမြစ်ဟာ စိတ်ချယုံကြည်ရနိုင်တယ်ဆိုတာ သေချာဖို့လိုသလို ဒီသတင်းရင်းမြစ် ဘယ်သူဆိုတာတိုက်ရိုက် ဖော်ပြခွင့်မရပေမဲ့ ဒီလူကဒီကိစ္စ ကို နားလည်သိရှိပြီး ပြောနိုင်တဲ့ သူမျိုး ဖြစ်တယ်ဆိုတာ စာဖတ်ပရိသတ်ယုံကြည်အောင် အတတ်နိုင်ဆုံး ရှင်းရှင်း လင်းလင်း ဖော်ပြပေးဖို့ လိုပါတယ်။ ဒီသတင်းရင်းမြစ်ဟာ ဘာကြောင့် သူ့နာမည် မဖော်နိုင်တယ် ဆိုတာ တတ်နိုင်ရင် ရှင်းပြသင့်သလို တခြားသတင်းရင်းမြစ် အနည်းဆုံးတစ်ယောက်လည်း (အဲဒီနောက်တစ် ယောက်ကလည်း အမည်မဖော်လိုသူ ပင်ဖြစ်စေ) ထပ်ပါသင့်ပါတယ်။
ဒီမှာက သတင်းတွေမှာ အမည်နဲ့ရာထူး အတိအကျမပါတဲ့ သတင်းရင်းမြစ်တွေကို အမြောက်အမြား သုံးနေရတော့ ဒါတွေဟာ ကျင့်ဝတ်နဲ့ မညီဘူးလို့ ဝေဖန်မှုမျိုးတွေနဲ့ ရင်ဆိုင်ရတတ်ပါတယ်။ အမှန်ကတော့ အမည် အတိအကျမဖော်ပြမှု တစ်ခုတည်းကြောင့် ရေးထားတဲ့ သတင်းက ကျင့်ဝတ်နဲ့မညီဘူးလို့ ပြောလို့ မရပါဘူး။ အနောက်နိုင်ငံများမှာလည်း ထိလွယ်ရှလွယ် ကိစ္စတွေကို ဖော်ပြတဲ့အခါ သတင်းတစ်ပုဒ်လုံး သတင်း ရင်းမြစ်တစ်ဦးတစ်ယောက်ရဲ့အမည်ကိုမျှ တိုက်ရိုက်မဖော်ပြတာမျိုး ရှိပါတယ်။ ဒီလိုသတင်းမျိုးဖော်ပြတဲ့ နေရာမှာ အဓိကကတော့ သတင်းစာရဲ့ခိုင်မာမှုနဲ့ သတင်းရင်းမြစ်တွေရဲ့ အခြေအနေကို ရနိုင်သလောက် အနီးစပ်ဆုံး ရည်ညွှန်းပေးတာပါပဲ။ မှန်ကန်စိတ်ချရမှုကို သတင်းစာက တာဝန်ယူမှုရှိရင် ဒါဟာ ကျင့်ဝတ်နဲ့ လျော်ညီတဲ့အနေအထားလို့ ပြောလို့ရနိုင်ပါတယ်။
ဥပမာအနေနဲ့ပြောရရင် ဗြိတိန် က ဂါးဒီးယန်း သတင်းစာရဲ့ညီနောင် တနင်္ဂနွေထုတ် Observer သတင်းစာ က Blair:No Deal with Brown on No10 ဆိုတဲ့သတင်းပါ။ ၂၀၀၄ ခုနှစ် ဇူလိုင်လ ၁၈ ရက်နေ့ ထုတ်မှာ ပါတဲ့သတင်းပါ။ အဓိကက အဲဒီတုန်းက ၀န်ကြီးချုပ်တိုနီဘလဲနဲ့ ဘဏ္ဍာရေးဝန်ကြီး ဂေါ်ဒွန်ဘရောင်းတို့ အကြား အကွဲအပြဲဖြစ်နေပြီဆိုတာကို ဖော်ပြတဲ့သတင်းပါ။ အဲဒီသတင်းမှာ “၀န်ကြီးချုပ်၏ လုပ်ဖော်ကိုင်ဖက် တစ်ဦး”၊ “၀န်ကြီးချုပ်၏ အစိုးရအဖွဲ့ အတွင်းမှ မဟာမိတ်တစ်ဦး”၊ “အစိုးရအဖွဲ့ဝန် ၀န်ကြီးတစ်ဦး”၊ ဘရောင်း ၏ မိတ်ဆွေတစ်ဦး”၊”ဘလဲနှင့် နီးစပ်သည့် ၀ါရင့်အမတ်တစ်ဦး”၊ “ဒေါင်းနင်းလမ်းမှ သတင်းရင်းမြစ်တစ်ဦး”  အစရှိသဖြင့် သတင်းရင်းမြစ်တွေ ကို လုံးဝအမည်မဖော်ဘဲ သုံးထားတာကို တွေ့နိုင်ပါတယ်။ ဒီသတင်းမှာ သတင်းရင်းမြစ် အတိအကျ မဖော်ပြထားတဲ့အတွက် မခိုင်မာဘူးလို့ လုံးဝ မပြောနိုင်ပါဘူး။
အဲဒီအတိုင်းပဲ ဘရောင်းနဲ့ ဘလဲကွဲပြီး ဘလဲဖြုတ်ချခံရကာ ဘရောင်း ၀န်ကြီးချုပ် ဖြစ်လာခဲ့ပါတယ်။ သတင်း ရဲ့Sensitive ဖြစ်မှုအရ ဘယ်သူကမှ အမည်တပ် မပြောလိုတဲ့အတွက်ကြောင့် ဒီလိုရေးရတာပါ။
လန်ဒန်တိုင်းမ်သတင်းစာက အမေရိကန်-အီရတ်ကို တိုက်တော့မယ်ဆိုတဲ့ အကြောင်း ဖော်ပြရမှာလည်း ဒီလိုပါပဲ။ “ပင်တဂွန်နှင့် နီးစပ်သူတစ်ဦး”၊ “အိမ်ဖြူတော်မှ သတင်းရင်းမြစ် တစ်ဦး”အစရှိသဖြင့် သုံးခဲ့ပါတယ်။ ဒီသတင်းဟာလည်း အမှန်ဖြစ်ခဲ့ပါတယ်။
တစ်ဖက်မှာလည်း အမည်မဖော်ပေမဲ့ ဘယ်သူဆိုတာ ဒက်ထိသိလောက်အောင်လည်း မလုပ်ဖို့ပါ။ ဥပမာ ဦးဘကုန်စုံဆိုင်မှ ၀န်ထမ်းတစ်ဦးလို့ရေးလိုက်ရင် ဦးဘကုန်စုံဆိုင်မှာ ထိုင်တာက နှစ်ယောက်ပဲရှိပြီး တစ်ယောက်က ဦးဘကိုယ်တိုင်ဖြစ်နေတယ် ဆိုရင် ဘယ်သူပြောတယ်ဆိုတာ ရှင်းသွားတတ်ပါတယ်။ အဲဒီ မှာ ပြောလိုက်မိတဲ့ အလုပ်သမားက အလုပ်ထုတ်ခံရရင် ဂျာနယ်လစ်ဟာ သတင်းရင်းမြစ်ကို ကာကွယ်ပေးရမယ်ဆိုတဲ့ ကျင့်ဝတ်ကို ချိုးဖောက်ရာ ရောက်သွားပါပြီ။
အမည်မဖော်လိုတာ အဆန်း မဟုတ်ဘူးဆိုပြီး “ကုန်သည်တစ်ဦး” တို့၊ “လုပ်ငန်းရှင်တစ်ဦး” တို့ဆိုတဲ့ မရေရာတဲ့ညွှန်းဆိုမှုတွေ လုပ်ခြင်းက တော့မသင့်တော်ပါဘူး။ ဖော်ပြလိုက်လို့ သတင်းရင်းမြစ်မှာ ပြဿနာမရှိ နိုင်ဘူးဆိုရင် နာမည်နဲ့ သတင်းနဲ့ ဘယ်လို ပတ်သက်တယ် ဆိုတာကို အတိအကျ ဖော်ပြသင့်ပါတယ်။အ မည် မဖော်ပြနိုင်ဘူးဆိုရင်တောင် ဒီသတင်းရင်းမြစ်ရဲ့ သတင်းနဲ့ တိုက်ရိုက်စပ်ဆိုင်မှုကို ပေါ်လွင်စေမယ့် “နယ်စပ်ကုန်သွယ်ရေး ကဏ္ဍတွင် ဦးဆောင်လုပ်ကိုင်နေသော ကုန်သည်ကြီး တစ်ဦး”၊ “ ပြည်ပကုမ္ပဏီကြီးများနှင့် ဖက်စပ်လုပ်ကိုင်နေသော လုပ်ငန်းရှင်တစ်ဦး၊ တာမွေမြို့နယ် တာမွေကြီး အပိုင်း(ခ)ရပ်ကွက်မှ ဒေသခံတစ်ဦး”အစရှိသဖြင့် အတတ်နိုင်ဆုံး ဖော်ပြပေးနိုင်ရပါမယ်။
နိုင်ငံကြီးတွေဆီမှာတောင် အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်ဆိုတာ ရှိနေသေးရင် အကြောက်တရား အရိပ်အောက်က ရုန်းထွက်နေရဆဲ ဖြစ်တဲ့ မြန်မာနိုင်ငံမှာက အမည်မဖော်လိုသူများတာဟာ  မဆန်းလှတဲ့ကိစ္စပါ။ ဒါပေမဲ့ ကျွန်တော်တို့ ကိုယ်တိုင်မှာက အားနည်းချက်အချို့ ရှိနေတယ် ဆိုတာကိုတော့ ၀န်ခံရပါ မယ်။ သတင်းရင်းမြစ်ကို အရမ်းမရေမရာ ရည်ညွှန်းတာမျိုး၊ ဖုံးကွယ် ပေးထားဖို့ မလိုအပ်ပေမဲ့ ကိုယ်ပျင်းလို့ နာမည်သေချာမမေးခဲ့လို့ အမည်မဖော်ပြနိုင်တာမျိုးတွေ မရည်ရွယ်ဘဲဖြစ်ဖြစ် လုပ်မိခဲ့တာမျိုး ရှိနိုင်ပါတယ်။ ဒါကိုတော့ ကျွန်တော်တို့ ပြင်နေကြပါပြီ။
သတင်းရင်းမြစ်ကို အခြေအနေအရ အတိအကျ မဖော်ပြပေးနိုင်တာဟာ ကျင့်ဝတ်ချိုးဖောက်တာ မဟုတ်ပါဘူး။ ပြောလိုပေမဲ့ အမည်မဖော်လိုသူကို (အထူးသဖြင့် ဖော်လိုက်ရင် ဒုက္ခရောက်နိုင်တဲ့ သတင်းရင်းမြစ်ကို) ပေါ်အောင် ဖော်လိုက်တာက မှ  ကျင့်ဝတ်အရ မသင့်တော်တဲ့ကိစ္စပါ။ ကိုယ်တိုင်ရေးချင်တာရေးပြီး အမည်မဖော်လိုတဲ့ သတင်းရင်းမြစ်လို့ အလွဲသုံးတာကမှ ကျင့်ဝတ်ချိုး ဖောက်တာပါ။ ကိုယ်ကိုယ်တိုင် ပျင်းလို့၊ မမေးမိလို့ အလွယ်လုပ်ပြီး သတင်းရင်းမြစ်ကို မလိုအပ်ဘဲ ကိုယ်မသိလို့ အမည်မဖော်တာကမှ အသက်မွေးဝမ်းကျောင်းအရ ရှိလာတဲ့ တာဝန်ယူမှုကို လျစ်လျူရှု ဖောက်ဖျက်တာ (Professional Negligence) ပါ။
ရည်ညွှန်း။ ။ Ethics for Journalists (Second Edition) by Richard Keeble ကို အခြေခံပြီး နိုင်ငံတကာမှ ဂျာနယ်လစ်အဖွဲ့ အစည်းများ၏ ကျင့်ဝတ်နှုန်းစံများ၊ ကျင့်ဝတ်ပိုင်းဆိုင်ရာ အငြင်းပွားမှုများကို ဖြည့်စွက်ကာ ဆီလျော်အောင် ပြန်ဆိုရေးသားထားခြင်း ဖြစ်ပါသည်)
Written by ဇေ၀င်းနောင်
Eleven Media Group

ဘကြီးသက်
Unknown at 8:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြစ်ကြီးနားမြို့တွင် မိုးသည်းထန်စွာရွာသွန်း၊ အိမ်ခြေ(၁၀၀)ရေနစ်မြုပ်

စ်မြုပ်
လုဆိုင်း (မြစ်ကြီးနား)
by Myit Makha Mediagroup on 14 Jun, 2012

မြစ်ကြီးနားမြို့တွင် မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့်  ဇွန်လ(၁၃)ရက်နေ့မှစ၍ အိမ်ခြေ ၁၀၀ နီးပါးခန့် ရေနစ်မြုပ်လျက်ရှိကြောင်း သိရှိရသည်။

မြစ်ကြီးနားမြို့ရှိ ဧဒင်၊ စံပြ၊ ထွယ်ဆန်၊ မြို့သစ်ကြီးကွက်သစ်နှင့် ဒူကထောင်လယ်ကွက်အိမ်ခြံများတွင် မိုးရေများ အိမ်တစ်ဝက်ကျော် နစ်မြုပ်ခဲ့ခြင်းဖြစ်သည်။

 “အိမ်ပေါ်က အောက်ဆင်းလိုက်တာနဲ့ရေက ခါးကျော်နေပြီ၊ ထမင်းတောင်မှ ကုန်းပေါ်အပြင်မှာဘဲ ချက်စား နေရတယ်။” ဟု အိမ်ရေနစ်နေသော မိသားစုတစ်ခုက ပြောသည်။

ဇွန်လ(၁၃) ရက်ညအချိန်တွင် မိုးဆက်တိုက်ရွာခြင်းကြောင့် ရေတက်လာခဲ့ခြင်းဖြစ်သည်။

“ရေက ည(၁၀)နာရီလောက်မှာ အိမ်ထဲဝင်လာတယ်၊ တစ်ညလုံးပစ္စည်းတွေ သိမ်းရပြီး မအိပ်ခဲ့ရဘူး။” ဟု ရေနစ်အိမ်ထောင်စုတစ်စုမှ အမျိုးသမီးတစ်ဦးက  ပြောသည်။

လတ်တလောတွင် ရေကျသွားခြင်းမရှိသဖြင့် အိမ်အပြင်သို့ ၀ါးဖောင်များပြုလုပ်ကာ သွားလာနေရကြောင်း ကိုလည်း တွေ့ရှိ ရသည်။   ရေကြီးနေခြင်းကြောင့် အစိုးရမူကြိုကျောင်းမှာ ယနေ့မှ ခေတ္တ ပိတ်ထားလိုက်ကြောင်း သိရသည်။

မြစ်ကြီးနားမိုးရေချိန် ဇွန်လ (၁၃)ရက်နေ့တွင် ၀.၈၀mm(3.15inches)ရှိပြီး ဇွန်လ (၁၄)ရက်နေ့တွင်မူ 245mm (9.64inches) ထိရောက်ရှိသွားကြောင်းကို မြစ်ကြီးနားလေကြောင်းမိုးလေ၀သခန့်မှန်းရေးရုံးက သိရသည်။ ထို့အတူ ၀ိုင်းမော်မြို့တွင် ဇွန်လ (၁၄)ရက် မိုးရေချိန် 13.02inches ထိရှိနိုင်ကြောင်း သိရှိရသည်။
သစ်ထူးလွင်
ဘကြီးသက်
Unknown at 8:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘာသာရေး ၊ ဒီမိုကရေစီ နှင့် ဘင်္ဂါလီ ရိုဟင်ဂျာ ပြဿနာ



From : Bo K Nyein

ဖန်ဆင်းသူ ထါဝရဘုရားသခင် ကိုယုံသည်ဖြစ်စေ ၊ ဗြဟ္မာကြီးကိုပဲကိုးကွယ်သူဖြစ်စေ ၊ ဗုဒ္ဓကိုပဲ ကိုးကွယ်သူပဲဖြစ်စေ ၊ ရုပ်ထု ကိုးကွယ်သူပဲဖြစ်စေ ၊ ရှေး အီဂျစ်ခေတ် က Sun God လို့ခေါ်တဲ့ နေမင်းကိုပဲ ဘုရားလိုကိုးကွယ်သူဖြစ် စေ ဘာသာရေးဆိုတာ လူတွေ ကိုးကွယ်မှုဖြစ်တဲ့ အတွက် ၊ ကြိုက်သည် ဖြစ်စေ ၊ မကြိုက်သည် ဖြစ်စေ ၊ ဘာသာရေးဆိုတာဟာ လည်း နောက်ဆုံးတော့ လူတွေရဲ့ တစစ တိုးတက်ပြာင်းလဲမှု Evolution နဲ့ ယှဉ်တွဲလျက် ပြောင်းလဲမှု ရှိတယ်ဆိုတာ ငြင်းလို့ မရပါဖူး။

ဘာကြောင့်လဲ ဆိုတော့ ဘယ်ဘာသာမဆို နောက်ဆုံးတော့ လူသားတွေ ရဲ့ နားလည်မှု Human Interpretation အပေါ် မူတည်နေလို့ပဲ။ ဒါစာရေးသူရဲ့ ဥါဏ်မှီသလောက် တွေးဆချက်ပါ။


လူသားတွေရဲ့ အသိဥါဏ်တိုးတက်မှု ကြီးထွားလာတာနဲ့ အမျှ ဘာသာရေး နားလည်မှု ၊ အတိအကျ ပြောရသော် Interpretation ပြောင်းသွားသည့် အတွက် ၊ နားလည်မှု လည်း လိုက်ပြောင်းကြရပါတယ်။
ဥပမာ ရှေး ခေတ်က မိုလေ၀သ ကောင်းဖို့ရာအတွက် ၊ ဘုရားတွေကို ရာဇ် ပူဇော်ရတယ်။ တခါတရံ Human Sacrifice ပင်ပြုခဲ့ကြရတယ်။ Maya Civilization မှာ လူအချင်းချင်း ရာဇ်ပူဇော်မှု ဟာ အထင်ကရပဲ။ ခလေးသူငယ်လေးတွေကို အရှင်လပ်လပ် မြေမြှုပ် ပူဇော်ခဲ့ကြတယ်။ တူးဖေါ်လို့ရတဲ့ အလောင်းတွေက ငြင်းမရတဲ့ သာဓက တွေပဲ။ သူ့ခေတ် ၊ သူ့အသိဥါဏ် နဲ့တော့ ဒီရာဇ် ပူဇော်မှုဟာ Absolute Truth ၊ အကြွင်းမဲ့ အမှန်တရား ၊ ထိုခေတ် ထိုအချိန်က ကိုးကွယ်မှုရဲ့ ယုံကြည်မှုကိုး။

အခုခေတ် ဂြိုလ်တု ခေတ်မှာ မိုးလေ၀သ ဖြစ်စဉ်ကို ကောင်းကင်ပေါ်က ခြုံကြည့် နိုင်တဲ့ တိုးတက်မှု အသိဥါဏ်နဲ့ ချိန်ထိုးကြည့်ရင် (ရီစရာ) ဖြစ်မနေဖူးလား။ အဓိပ္ပါယ် မဲ့မနေဖူးလား။ ဒါ ကို Evolution လို့မငြင်းနိုင်ဖူးလား။

ခရိယာန်ဘာသာ စိုးမိုးထားတဲ့ အချိန် ၊ Dark Ages လို့ခေါ်စမတ် ပြုတဲ့အချိန် က Christianity နဲ့ ယနေ့ ၂၁ ရာစု Christianity တို့ရဲ့ Practices တွေတူညီ ကြရဲ့လား။ Dark Ages အချိန်ကာလ က ခရိယာန်ဘုန်းကြီးတွေဟာ ငါတို့မှ အမှန်ဆိုပြီး ဓါးမိုးအုပ်ချုပ်ခဲ့တာပဲ မဟုတ်လား။ သိပ္ပံပညာကိုတောင် အဓမ္မနည်းတဲ့ ပြောင်းခဲ့သေးတာပဲ။ Earth ဟာ Center of Universe လို့သတ်မှတ်ထားတဲ့ ဘာသာရေးအယူအဆ နဲ့ ဆန့်ကျင်မှုကို တွေ့ ရှိတဲ့သိပ္ပံပညာရှင် Galileo ကိုတောင် တရားဆွဲပြီး နှိပ်ကွပ် နိုင်ခဲ့သေးတာပဲ။ Bible က Psalm 93:1, 96:10, and 1 Chronicles 16:30 အရ "the world is firmly established, it cannot be moved." ကိုရည်ညွှန်းပြီး ကမ္ဘာကြီး ဟာ (မရွေ့) နိုင်ဖူးဆိုပြီး ကက်သလစ် အာဏါပိုင်တွေက Interpret လုပ်ပြီး ဇွပ်သတ်မှတ်ခဲ့တာပဲ မဟုတ်ပါလား။

အခု ၂၁ ရာစု ခေတ်မှာ Big Bang ဟာ သီအိုရီ မဟုတ်တော့ဖူး။ Big Bang ရဲ့ အစနီးပါးကို တောင်ပြန်ကြည့်နိုင်တဲ့ telescope တွေပေါ်ပြီး သိပ္ပံပညာ တိုးတက်နေတဲ့ ခေတ်မှာ ကက်သလစ် Church နဲ့ Pope တို့ရဲ့ အရှိန်ဟာ ကျဆင်းလျက်ရှိတယ်။ ၂၁ ရာစုနှစ် မှာ Galileo လိုနံမည် ရှိတဲ့ Stephen Hawking က နောက်ဆုံး Universe အကြောင်းရှင်းပြရာမှာ God အတွက်နေရာ မလိုတော့ဖူးလို့ ဆိုခဲ့လေပြီ။ ကက်သလစ် Church က Stephen Hawking ကိုဖမ်းပြီး ဗိုလ်ကျ နိုင်တဲ့ အခြေအနေ မရှိတော့ဖူး မဟုတ်လား။ ဒါ (အချိန်) အရ ပြောင်းလဲသွားတဲ့ ပကထိ အခြေအနေပဲ၊ တနည်းအားဖြင့် Time အရပြောင်းလဲလာတဲ့ Evolution ပဲ မဟုတ်ပါလား။

ဒါကြောင့် ဘာသာရေး အကြောင်းပြောရင် (Time ) နဲ့ (Evolution) ကိုချန်လို့ မရ လို့ ရိုးသားစွာထင်မြင်မိတယ်။

စာရေးသူ ဟာ Relative Truth ကိုပဲ လက်ခံ ပါတယ်။ Absolute Truth ကို လက်မခံပါ။ (မှတ်ချက်။ စာရေးသူရဲ့ Notes ၊ ရောမသား (၁) နဲ့ (၂) ကိုကြည့်ပါ။)

ခရိယာန်ဘာသာကို ကြည့်ရင် ရောမခေတ် အစ မှာ ခရိယန် ဆိုရင် အသတ်ခံရတာပဲ။ ရေရှု (Jesus) ကိုတောင် ရောမသားတွေက သတ်ဖြတ်ခဲ့ကြသေးတာပဲ။ အချိန် အခါအရ ရောမဘုရင် ခရိယန် ဘာသာကို လက်ခံလိုက်တော့ ခရိယန်ဘာသာဟာ ကြီးထွားလာရတယ်။ ဒါလည်း (အချိန်) နဲ့ အညီ ပြောင်းလဲမှုပဲ။

ဘာသာရေးမှာ Exploitation ကိုရှောင်လို့မရ

ဘာသာရေးဆိုတာ လိုအပ်သလို ကြောက်ဖို့လည်း ကောင်းပါတယ်။ ဘာသာရေး အငြင်းပွားမှုဖြစ်ရင် (Self-Righteousness) ကကပ်ပါလာစမြဲပဲ။ ဒါကြောင့် ဒုတ်ဆွဲ - ဓါးဆွဲတွေ ဖြစ်တတ်ကြတယ်။ ဘာသာရေးကြောင့် Crusade စစ်ပွဲကြီးတွေတောင် ဖြစ်ခဲ့ကြတာပဲ မဟုတ်လား။

ထို့နည်းတူစွာ ၊ ဘာသာရေးကို အကြောင်းပြပြီး လုပ်စားသူတွေ ကလည်းမနည်း
စကားပြောကောင်းရင် ၊ အဟောကောင်းရင် ၊ လူတွေက ချဉ်းကပ် တာဆိုတော့ အမေရိကားမှာ ဘာသာရေး ဂိုဏ်းတွေ ၊ Church တွေထောင်ပြီး ၊ ချမ်းသာနေတဲ့သူတွေ အများကြီး။ အထူးသဖြင့် TV Preacher တွေ ဟာ ဘာသာရေးအကြောင်ပြပြီး စီးပွားရေး အင်ပါရာကြီးတွေတောင် ထောင်နိုင်ကြပါတယ်။ Billy Grahm တို့လို လူရိုသေ ရှင်ရိုသေ Preacher တွေရှိသလို Jim and Tammy Faye Baker တို့လို လူလိမ်တွေက လည်းအများသား။

အရင်းစစ်လိုက်ရင် ဘာသာရေး ရဲ့ အားနဲချက်က ဘာသာရေးဆိုတာနဲ့ ယုံလွယ် ကြတယ်။ ကျမ်းစာအုပ်က ဒီလို ပြောတယ်ဆိုရင် ယုံလိုက်ကြတာပဲ။ အများက ကိုယ်ကိုယ်တိုင် လေ့လာထားကြတာမှ မဟုတ်တာ။ နောက်ဆုံးတော့ ဘာသာရေး ဆရာတွေက ငါတို့ ဘာသာရေးကျမ်းစာ တွေက ဒီလို ပြောတယ်ဟေ့ ဆိုပြီး ဟိန်းဟောက်လိုက်ရင် မိမိဘာသာကို စော်ကားရာရောက်မှာ စိုးတော့ လူအများက ယုံလိုက်ကြတာပဲ။

ဒါကြောင့် ဘာသာရေး မှာ Exploitation က လူလယ် ၊ လူလိမ် တွေအဖို့ သိပ် လွယ်တယ်လို့ ထင်မိတယ်။

ဘာသာတိုင်းမှာ နောက်ဆုံးတော့ Human Interpretation ပဲ။

နောက်ဆုံးတော့ တဖက်က ပြန်တွေးကြည့်ရင် ဘာသာတိုင်းမှာ Human Interpretation နဲ့ အဆုံးသတ်တာပဲ။
ဘယ်သူကမှ ဘုရာသခင် နဲ့တွေ့ဖူးကြတာမှ မဟုတ်။ အမှားအမှန် ကိုယ်လည်း ဘုရာသခင် ကိုမေး၍ ရသည်မဟုတ်။
ဘုရားသခင်က တမန်တော်တွေကိုပြော ၊ တမန်တော်တွေက တခါ ကျမ်းစာတွေဖြစ်
ဒီကျမ်းစာတွေ ကို Interpret လုပ်ရာမှာ ကွဲလွယ်မှု တွေဖြစ်ကြပြီး ဂိုဏ်းတွေကွဲ ၊ ဒါဘာသာတူု အချင်းချင်းမှာ ပဲ သပွပ်အူရှုပ်ထွေးနေကြတာ။

Final Analysis မှာ Root Cause က Interpretation ပဲ။
ဒါကို တထစ် ထပ်စိပ် လိုက်ရင် ..ကိုယ်အသက်ရှင်နေတဲ့ … (Time) အချိန်ကာလမှာ အများလက်ခံတဲ့ ဘာသာရေး ပုဂ္ဂိုလ် တွေရဲ့ Interpretation ပဲ။

ဒါ Creation ကိုလက်ခံတဲ့ ဘာသာတွေပဲလား။

ဗုဒ္ဓဘာသာ မှာလည်း ရှင်ကြီး ဂေါတမ ဆိုတာ အသက်ထင်ရှားရှိတော့တာမှ မဟုတ်တာ။
ဒီတော့ နောက်ဆုံး Human Interpretation မှာပဲ လမ်းဆုံးကြရတာပဲ။
ဒါပေမဲ့ ဗုဒ္ဓဘာသာ ဟာ Absolute Truth မဟုတ်ဖူး။ Universal Truth။
ဗုဒ္ဓဘာသာ မှာ ဘုရားသာသနာ ၊ ပြီးရင် သိကြားသာသနာ ၊ ပြီးရင် သာသနာပျောက်သွားလိမ့်မယ်လို့ ပါတယ် မဟုတ်လား
နောက်ဘုရားတစ်ဆူ ထပ်ပွင့်မှ တခါ သာသနာ ပြန်ထွန်းကား ပြန်မယ်။
ဒါ Time Factor ရဲ့ သက်ရောက်မှုပဲ။
ဒါကြောင့် ဘုရားပွင့်တဲ့ အချိန်မှာ (လူ) ဖြစ်ရတာ အလွန်ကံကောင်း သလို ၊ သာသနာထွန်းကားတဲ့ အချိန်မှာ လူဖြစ်ရတာလည်း ကံကောင်းတယ်မှတ်ပါတယ်။
သာသနာ ထွန်းကားတဲ့ အတွက် တရားရနိုင်ပြီး အကျွပ်တရားရနိုင်သည်ကိုး

Universal Truth

ဒါကြောင့် စာရေးသူရဲ့ နားလည်မှု Interpretation က ဗုဒ္ဓဘာသာ ဆိုတာ Universal Truth။ Absolute Truth က ဘုရးသခင်က ပြောလို့ (အမှန်) တရားဖြစ်တာ။ သွားငြင်း၍ မရ
Universal Truth က Process။ (ရှိနေတာ)။ သာမန်လူတွေ သိပြီး လူတွေကျွပ်အောင် ဟောနိုင်ဖို့ မလွယ်။ သဗ္ဗင်ညုတဥါဏ်ကို ရရှိမှ ဘုရားဖြစ်မှ ဒီတရားကို သိရှိခွင့်ရတာ။ ဘုရားဖြစ်ပြီးမှ လူသားတွေကို ချွပ်ခွင့်ရတာ။

လူသားတွေကလည်း အုံဖွဆိုပြီး အကျွပ်တရား ရသည်မဟုတ်။ ဘုရားက ညွှန်ရုံညွှန်နိုင်တာ။ ဘုရားက ကျွပ်စေသတည်းဆိုပြီး လူသားတွေကို မချွပ်နိုင်။ Creator လို တန်ခိုးရှင် မဟုတ်။ ကျွပ်နိုင် မကျွပ်နိုင်ကိုသိနိုင် ပေမဲ့ လူတွေက ကိုယ်ကိုယ်တိုင် ကျင့်ကြံမှ ၊ သို့မဟုတ် ပါရမီ ပါလာမှ ၊ မဂ် (၄) ပါး ဗိုလ် (၄) ပါးစိုက် မှ Convincing Truth ကိုမြင်ပြီး လက္ခံမှ နိဗ္ဗန်ကိုရောက်ရမှာ။ ဘုရားက အကျွပ်တရားရအောင် လမ်းပြ တရားဟောနိုင်တယ်။ နိဗ္ဗန် ဆိုတာကလည်း For Eternity ပျော်ရွှင်ရမဲ့ နေရာမဟုတ်။ (၃၁) ဘုံမှာ ကျင်လည် ရမဲ့ ၀ဋ်က ကျွပ်သွားတဲ့ Continuity ရပ်သွားတဲ့ State တခုကိုရပြီး Peace ရသွားသည်ပဲ။

Process ပဲ

စာရေးသူ ဥါဏ်မှီသမျှ တွေးကြည့်တာက Buddhism ဟာ သံသရာလည်ရတဲ့ Process ဆိုတဲ့ Universal Truth ကို Discover ဖြစ်တာပဲ။ ဘုရားတိုင်း ဒီ Process ကိုမြင်ပြီး ဒီ Process ကလွပ်ရာကျွပ် ကြောင်းကို (တရား) အဖြစ်ဟောတာပဲ။ ကောဏဂုံဘုရား ၊ ကဿဖ ဘာရား တို့နဲ့ ဂေါတမရဲ့ (တရား) ကွာတာမှ မဟုတ်တာ။ ဒီ တရားပဲ။ ပွင့်တဲ့ Time အချိန် ပဲကွာတာ။ ပွင့်ပြီးတဲ့ ဘုရားတိုင်း ဒီတရားကိုဟောကြတာပဲ။ ဒါကြောင့် Buddhism မှာ (ဘုရား) ထက် (တရား) က ပို အရေးကြီးတယ်လို့ တွေးမိတယ်။ (ဘုရား) က (တရား) ပြတဲ့ အတွက် ၊ ကျေးဇူးတင်ပြီး ပူဇော်ကိုးကွယ်တာပဲ။ ဘုရားကြီး ရှိခိုးနေရင် ကုသိုလ်ပဲ ရမယ် သံသရာက လွပ်မှာ မဟုတ်ဖူး။ (တရား) ရပြီး Convinced ဖြစ်သွားရင် အသက်သော အသေခံမယ် ၊ တရားမပျက် တော့ဖူး။ (တရား) ရဖို့ အဓိက ပဲ။

Creator ကို လက်ခံတဲ့ ဘာသာတွေမှာ ဘုရား က အဓိကပဲ။ ဘုရား က အားလုံးကို ဖန်ဆင်းပြီး ၊ နောက်ဆုံး Judgment Day ရောက်ရင်လည်း ဒီဘုရားက ပဲ အဆုံးအဖြတ်ပေးမှာပဲ။
ဘုရားကြိုက် အောင်နေ ၊ ဘုရားကြိုက်တာလုပ် ၊ ဘုရားကြိုက်ရင် Heaven ရောက်မယ်၊ ဘုရားမကြိုက်ရင် Hell ရောက်မယ်။ Both Heaven & Hell ဟာ Eternity ။ ထို့ကြောင့် (မှား) ရင် Forever ဆိုတဲ့ FEAR ပါလာတယ်။

ဒါကြောင့် (အမှား) နဲ့ (အမှန်) က သိပ်အရေးကြီးလာပြီး ၊ အမှား အမှန် ကို အဆုံးအဖြတ်ပေးမှာက (ဘုရား) ဟောအတိုင်းကျင့်။ နောက်ဆုံး တော့ “(ဘုရား) ဟောအတိုင်းကျင့်” ဆိုတာ တွေကလည်း ဘာသာရေးဆရာတွေရဲ့ Interpretation လာဖြစ်တာပဲ။ ဒီအတိုင်း ကျင့်ကြံ နေထိုင်ကြမှ heaven ကိုရောက်မှာကိုး။

ဒါကြောင့် Creation ကိုလက်ခံတဲ့ ဘာသာတွေမှာ (ဘုရား) သည် အဓိက။ ထိုမှတဆင့် ၊ ဘုရားရဲ့ ကိုယ်စလှယ်တွေ လို့ပြောတဲ့ ဘာသာရေး ဆရာတွေ က By Proxy အရေးပါ အာဏါရှိလာကြတယ်။ သူတို့ပဲ စည်းမျဉ်းတွေကို Interpret လုပ်ပြီးထုတ် ၊ ကြီးကြပ် ၊ လာကြတာကိုး။ ဒါထက် တဆင့်တက်တော့ Organized Religion ဖြစ်လာရင် Organization ရဲ့ Self Interest က ပို အရေးပါလာပြန်တယ်။

Buddhism က Individualism ပဲ။ ကိုယ်လုပ်မှကိုယ်ရတာ။

ဘုရားသခင် ရဲ့ အလိုကျ မဟုတ်။

ဘာသာတိုင်းမှာ အတက်အကျရှိတယ်

လူတွေစီမှာ Evolution အရ အတက်အကျ ရှိသလို ဘာသာတွေမှာလည်း အတက်အကျ ရှိတယ်လို့ထင်မိတယ်။

ဥပမာ Jesus မပေါ်ခင်က ဂျေရူစလန် မှာ ဂျူး တွေကြီးစိုးတာပဲ။ Jesus ရေရှု ရောက်လာတော့ ဒီ ဂျူးဘာသာရေး ဆရာတွေကပဲ Roman Governor ကို တိုင်လို့ Jesus ကို Crucified လုပ်ပြီးသတ်ပစ် တာပဲမဟုတ်လား။ ဒီခေတ်မှာ ထောက်လျေက် ခရိယန် တွေကို ရိုမန်တွေက သတ်ဖြတ် နှိပ်ကွပ်ခဲ့တာပဲ။ ရိုမန်ဧကရာဇ် ကိုယ်တိုင် ခရိယန် ဖြစ်သွားမှ ခရိယန်တွေ ခေါင်းထောင်လာနိုင်တာပဲ။ နောက် Roman တွေခေတ်မှာ religious Sects တွေအများကြီးရှိရာမှာ Attila ခေတ်ရောက်တော့ မှ Rome ကိုချီတက်လာတဲ့ Attila ကို Rome ကိုမချီတက်ဖို့ Pope က အောင်မြင် အောင် လဘ် ထိုးနိုင်ပြီး Attila ပြန်ဆုတ်သွား။ ပြီး Attila သေသွားမှ ဒါ Divine Intervention ဆိုပြီး Catholicism ဟာတချိန်ထိုး ကြီးထွားသွားတာပဲ။ ဒါဟာလည်း အမှန်တော့ Human Manipulation ပဲမဟုတ်ဖူးလား။ ဟော Dark Ages ရောက်တော့ ခရိယန်ဘာသာ ဟာ Dominating Status ကိုရောက်သွားပြီ။

နောက်ပိုင်း ကိုလိုနီ ခေတ်ရောက်တဲ့ အခါ ဥရောပ ကိုလိုနီ သမားတွေဟာ သူတို့ရဲ့ ခရိယန် ဘာသာ ကို ပါဖြန့်ချီ လာတာပဲမဟုတ်လား။ ဒီလိုနည်း နဲ့ Maya တွေနဲ့ တောင်အမေရိက တိုက်တခုလုံး ဘရင်ဂျီ Cathoic ဘာသာဝင်တွေဖြစ်ကုန်ရသလို တရုတ်ပြည် က Boxer Rebellion ဟာလည်း တရုတ်မျိုးချစ်တွေ Imperialism နဲ့ Christianity ကိုဆန့်ကျင်ကြတဲ့ တော်လှန်ရေးပဲ မဟုတ်ပါလား။ ထိုခေတ် ထိုအချိန် က သာ မျိုးချစ်သာဖြစ် ခဲ့ရင် ခရိယန် သာသနာပြု တွေကို မုန်းလိုက်မဲ့ ဖြစ်ချင်း။

လစ်ဖရယ် ဒီမိုကရေစီ ဥရောပ မှာကြီးထွားလာတဲ့ အခါမှ .. Colonist တွေနဲ့ အတူ Organized Religion တွေဟာလည်း အရင် ကလို မကြီးထွား နိုင်တော့ဖူး။ လွပ်လပ်စွာတွေးခေါ်ခွင့်ရလာကြတဲ့ အခါမှာ
လူတွေဟာ Organized Religion တွေကို နှာခေါင်းရှုံ့လာကြတယ်။ ဒါတောင် အကြမ်းပြင်း ကမ္ဘာပေါ်မှာ ကက်သလစ်ဘာသာဝင် က သန်း ၁၀၀၀ (1 Billion) ကျော်ကျန်ပြီး ကျန်တဲ့ ဂိုဏ်းကွဲတွေက နောက်ထပ် သန်း ၁၀၀၀ လောက် ကျန်သေးတယ်။

မွတ်စလင်ဘာသာ ဟာလည်း တချိန်က Caliphate လို့ခေါ်တဲ့ ဘာသာရေး အုပ်ချုပ်မှု အထိ ကြီးကျယ်ခဲ့ကြပြီးမှ ဥရောပက နယ်ချဲ့ကိုလိုနစ် တွေအောက်မှာ ရုန်းကန်ခဲ့ရတယ်။ လောလောဆယ် ဘာသာရေး အယူသန်သူတွေဟာ ဒီ ဘာသာရေးအုပ်ချုပ်မှုနယ်ပယ် Caliphate တွေကို ပြန်လည် ထူထောင်ချင်တဲ့ ရည်မှန်းချက် ရှိကြတယ်။

ဒုတိယ ကမၻာစစ္အျပီး အစၥလမ္ဘာသာ

ကိုလိုနီ ခေတ်မှာ အနောက်ဥရောပ က အဖြူတွေက တကမ္ဘာလုံးကို ကျွန်ဇာတ်သွင်းပြီး သွေးစုပ်နေတဲ့ အချိန်မှာ အာရပ်ကမ္ဘာတခုလုံး လိုလို ကျွန်ဘ၀ရောက်သွားတော့ ဘာသာရေး ဟာ လည်း နိုင်ငံ့ အရေးလိုပဲ ခေါင်းမထောင်နိုင်ခဲ့ဖူး။ ဒုတိယကမ္ဘာစစ် ကြီးအပြီးမှာ နိုင်ငံတွေဟာ ပြန်လည်ထူထောင်ကြရမှ တကယ် ရေနံ ခေတ်ကိုရောက်ခဲ့ကြရတယ်။ ဒုတိယ ကမ္ဘာစစ်ပြီးခါနီးမှာ အမေရိကန်သမ္မတ Roosevelt နဲ့ ဆော်ဒီဘုရင် တို့စစ်သင်္ဘော အပေါ်မှာတွေ့ဆုံကြပြီး ဆော်ဒီတွေက ရေနံရောင်း ၊ အမေရိကန်က လုံခြုံရေးအတွက် တာဝန်ယူမယ်ဆိုပြီး သဘောတူခဲ့ကြတယ်။ ဒီသဘောတူညီမှု ဟာ ယနေ့အထိ ရှင်သန်လျက်ပဲ။

အာရပ်ကမ္ဘာမှာ သံရာဇာတ ဘာမှမဲမဲရရ ရှိတာမဟုတ်။ ရေနံကလွဲရင်ပေါ့။ ဒါပေမဲ့ တကမ္ဘာလုံး က ရေနံကိုအားကိုး လာရတော့ ရေနံ ဟာ ရွှေမဲ ဖြစ်လာဖြစ်လာပြီး အာရပ်တွေဟာ ဒီ Petro Dollar တွေ နဲ့ နေ့ချင်းညချင်း ချမ်းသာလာကြတယ်။

Wahhabism (Arabic: وهابية‎)

အစ္စလမ်ဘာသာ ထူထောင်ရာ ဆော်ဒီအရေးဘီရားနိုင်ငံ Najd ဆိုတဲ့မြို့မှာ ဘာသာရေးပညာရှင် Muhammad ibn Abd al-Wahhab (1703–1792) ပေါ် ခဲ့ဖူးတယ်။ ဒီဘာသာရေး ပညာရှင်ဟာ အလွန်တင်းကြပ်တဲ့ Interpretation ကို ခံယူတဲ့ သဘောထားကို လက်ခံတဲ့ တရားဟောဆရာက ထိုအချိန်က အုပ်ချုပ်သူဖြစ်တဲ့ Muhammad ibn Saud နဲ့ ၁၇၄၀ မှာပေါင်းမိပြီး တစ်ယောက်က ဓါးမိုး အုပ်ချုပ်ပြီး နောက်တစ်ယောက်က အုပ်ချုပ်ရေးကို ဘာသာရေးနဲ့ ထိန်းကွပ်ပေးတဲ့ သဘောတူညီမှုကို ရရှိကြပြီး နောက်ဆုံး Wahhabism ဟာ ဆော်ဒီမှာ ကိုးကွယ်စည်းကပ်ရာ တခုတည်းသော ဘာသာရေကိုးကွယ်မှုဖြစ်လာရတယ်။ Wahhabism ဟာ doctrine of Tawhid လို့ခေါ်တဲ့ ဘုရားတစ်ဦးတည်းသာလျှင်ရှိတယ် "uniqueness of God” ဆိုတဲ့ ဘာသာရေးအတွေးအခေါ်ပေါ်မှာ ရပ်တည်ပြီး ကျန်သော ကိုးကွယ်မှု တွေမရှိစေရဆိုတဲ့ ပညတ်ကို အားလုံးလက်ခံ ကျင့်သုံးစေခဲ့တယ်။ ဒါကြောင့် ၂၀၁၂ နှစ်ထဲမှာပဲ ဆေးလိုက်ကုတဲ့ မိန်းမတစ်ယောက်ကို စုန်းရူးနတ်ရူး ဆိုပြီး ခေါင်းဖြတ်သတ်ခဲ့တယ်။ လင်ငယ် နေတဲ့ မိန်းမ ၊ ယောက်ျားတွေကို တွင်းထဲမြှုပ် ၊ ခေါင်းပဲဖေါ်ထားပြီး ၊ ရွာသားတွေက ကျောက်တုံးတွေနဲ့ ပေါက်သတ်ရမယ်ဆိုတာလည်း ဒီဘာသာရေးဆရာ ရဲ့ညွှန်ကြားချက်တွေပဲ။

Wahhabism ကမ္ဘာပြန့်ပြီ။

Wahhabism ဟာ ဆော်ဒီမှာ ကိုးကွယ်တဲ့ ဘာသာအဖြစ်သာ ရပ်တည်ခဲ့ရာမှ ဒုတိယကမ္ဘာစစ် အပြီး ဆော်ဒီဘုရင်တွေ Petro Dollars တွေနဲ့ ချမ်းသာလာတဲ့အခါမှာ Wahhabism ကို တဖြေးဖြေးကမ္ဘာကို ဖြန့်လာခဲ့ကြတယ်။ အမေရိကား တပြည်လုံး နဲ့ ဥရောပတခွင် ဆောက်ထားတဲ့ ပလီ တွေဟာ ဆော်ဒီငွေတွေနဲ့ ဆောက်တာပဲ။ နောက် ဆော်ဒီတွေက ဘာသာရေးကျောင်းတွေ ဆောက် ၊ ဘာသာရေးကူညီမှု အသင်းတွေကို အားပေးရုံ မက အမေရိကန်-အစ္စလမ်ဘာသာရေး အသင်းတွေကို ဖွဲ့ပြီး တဖြည်းဖြည်း ဘာသာရေးကွန်ယက် ကိုတည်ဆောက်ပြီး ဘာသာရေးလွှမ်းမိုးမှု ကို စိတ်ရှည်ရှည်နဲ့ ပညာသားပါပါ ပါးပါးလေး လုပ်ဆောင်လာတာ ကြာခဲ့ပြီပဲ။

လစ်ဖရယ် စိတ်ကူးယဉ်သမားတွေက Human Rights ကိုအရေးပေးပြီး တကမ္ဘာလုံး လိုက်ကူ နေချိန်မှာ ဆော်ဒီဘုရင်မျိုးတွေက ဘာသာရေးမှာပဲ ငွေသုံးပြီး အစ္စလမ်ဘာသာဖြန့်ပွားရေးမှာပဲ ငွေသုံးကြတယ်။ အစ္စလမ်နိုင်ငံတွေမှာ သဘာဝဘေးကပ်ဆိုက်ရင်တောင် ဆော်ဒီတွေက ငွေပုံး သုံးလို့လား။

ဆော်ဒီဘုရင်မျိုးတွေက အုပ်ချုပ်လာတာလည်း ကြာလှပြီ ။ ပိုက်ဆံလည်းရှိတော့ အာဏါ ၊ ငွေ နဲ့ Manipulation အကြောင်းကိုကောင်းကောင်းနော်ကြေနေကြပြီ။ ဒါကြောင့် အနောက်နိုင်ငံတွေမှာ ကျင့်သုံးကြတဲ့ ဘာသာရေး လွပ်လပ်ခွင့် ကို အသာလေး အသားယူပြီး စပါးကြီးမြွေကြီးလို တဖြေးဖြေး စိမ်ပြေနပြေ မြိုနေလိုက်တာ အမြိုခံရတဲ့ အနောက်နိုင်ငံက လစ်ဖရယ် ဥါဏ်ကြီးရှင်တွေ သတိတောင် မထားမိကြဖူး။

အိုစာမာ လာပြီဗျို့

ဆော်ဒီဘုရင်တွေ လိမ္မာပါးနပ်စွာနဲ့ ဘာသာရေးတိုးချဲ့နေချိန်မှာ ဟီးရိုးဖြစ်ချင်တဲ့ အိုစာမာ ဘင်လာဒင် က ၀ုန်းဆို ဘီလူးဆိုင်းနဲ့ ဖုံးဖေါက်ပြီး ကမ္ဘာ့ နိုင်ငံရေးစင် ကို အကြမ်းနည်းနဲ့ တက်လာလေရဲ့။ အိုစာမာ အဖေဟာ ရီမင်ဇာတိ ဆော်ဒီမှာ ဆောက်လုပ်ရေးနဲ့ ချမ်းသာလာသူမို့ ဘင်ကြီးရဲ့ ယုံကြည်မှုဟာလည်း Wahhabism ပေပဲပေါ့။ ဆော်ဒီ ပိုက်ဆံနဲ့ Wahhabism ဟာ ကမ္ဘာပြန့်နေတာ လူတွေမသိလိုက်ကြဖူး။
ပါကစ္စတန် နိုင်ငံရဲ့ ထောက်လှန်းရေးအဖွဲ (ISI – Inter-Services Intelligence) ရဲ့ အကူအညီ နဲ့ စတင်ဖွဲ့စည်းပြီး အာဖဂန်မှာ အာဏါရလာတဲ့ တာလီဖန် တွေဟာလည်း Wahhabism ကိုလက်ခံ ကျင့်သုံး သူတွေ ဖြစ်နေကြပြီ။ အလွန်ပြင်းထန်တဲ့ Wahhabism ကိုဆော်ဒီမှာ ကျင်သုံးနေတာ ရာစုနှစ်တွေ မက ရှိခဲ့ပြီ။ ကြိပ်ပြီးသောင်းကျန်နေတာ ကမ္ဘာကလည်း မသိ ၊ ဂရုလည်းမပြုမိခဲ့ကြပေ။ အာဖဂန် မှာ ရက်ရက်စက်စက် သောင်းကျန်းလာမှ ကမ္ဘာက ရင်သပ်ရှုမော ဖြစ်ကြရတယ်။

အာဖဂန်ဟာ လွန်ခဲ့တဲ့ အနှစ်တရာကျော်က ဗုဒ္ဓဘာသာ ထွန်းကားတဲ့နိုင်ငံ။ ငြိမ်းချမ်းတဲ့ ဗုဒ္ဓဘာသာ ဘုန်းကြီးတွေကို အဓမ္မဘာသာရေး ဖြန့်ချီမှုကို လက်ကိုင် ထားတဲ့ အစ္စလမ်ဘုန်းကြီး တွေက လိုက်သတ်ပြီး အာဖဂန်နိုင်ငံဟာ အစ္စလမ် နိုင်ငံဖြစ်လာရတယ်။ ဟော မျက်စိတဖက်နဲ့ ဆွေစောင်း မူလာအိုမား လို တဖက်စွန်း တာလီဖန် တွေခေတ်ရောက်တော့ Wahhabism ရဲ့ ဘုရားတဦး သာလျှင် ရှိရမယ် ဆိုတဲ့ အယူနဲ့ ကျောက်ကဖါး မှာ ထွင်းထုထားတဲ့ ကမ္ဘာမှာအကြီးဆုံး ဗုဒ္ဓဆင်းထုတော်တွေကို အမြှောက်နဲ့ ပစ် ၊ မိုင်းခွဲပြီး ဖျက်စီးခဲ့ကြတယ်။ အစ္စလမ်းဘုန်းကြီးတွေလက် ကထွက်ပြေးရင်း မြေမြှုပ်ခဲ့ရတဲ့ လဲလျှောင်း ဗုဒ္ဓဆင်းထုတော်ကြီးကို အာဖဂန်မှာ ဂျာမန်ပညာရှင်တွေ လိုက်ရှာနေကြတာ ခုထိ မတွေ့သေးဖူး။ မတွေ့သေးတာပဲကောင်းပါတယ် ၊ မိစ္စာကောင် တာလီဖန် တွေနဲ့ ဆိုမဖြစ်ပါဖူး။

ငရန်မန်ကန်း မူလာ အိုမာ ကအာဖဂန်မှသောင်းကျန်း ၊ ၎င်းရဲ့ ဖွားဖက်တော် ဘင်ကြီးက ကမ္ဘာမှာ အကြမ်းဖက် ဖျက်စီးသောင်းကျန်း ပြီး ဓါးသိုင်းနဲ့ ထွက်လာကြ မှ ကမ္ဘာကြီး က Wahhabism ကို လက်ကိုင်ထားတဲ့ အစ္စလမ်သောင်းကြမ်းသူ တွေကို နဖူးတွေ့ဒူးတွေ့ ၊ တွေ့ဖူးကြရတော့တယ်။ အမေရိကန် တွေက ဘုန်းပေါ်လအော ဖြုန်းကြ ၊ ဆော်ဒီတွေက petro dollars တွေရ ၊ ဒီငွေနဲ့ ဆော်ဒီတွေက Wahhabism ကိုကမ္ဘာကို ဖြန့် ၊ ဒီ petro dollars တွေကရတဲ့ ငွေတွေနဲ့ ချမ်းသာလာတဲ့ ဘင်ကြီး က အစ္စလမ်သောင်းကြမ်းမှု ကိုဦးဆောင် ၊ နောက်ဆုံး 9/11 မှာ နယူးရောက်မှာ စိန်အောင်မင်း အတီးလေးနဲ့ World Trade Center ကို ဆော်ပလော်တီးလိုက်ကြမှာ အမေရိကန်တွေက အိုမိုင်ဂေါ့ (OMG) ဆိုပြီး အိပ်ရာက လန့်နိုးလာကြရတော့တယ်။

ဆော်ဒီတွေက အနုနည်းနဲ့ Wahhabism ကိုဖြန့်တယ်။ ဘင်ကြီးက ဘီလူးဆိုင်းနဲ့ Wahhabism ကိုဖြန့်လိုက်ကြတာ။

ကျားနဲ့ဆင် လယ်ပြင်မှာတွေ့ကြပြီ

ဘင်ကြီးတို့ ကံဆိုးတာက ဘင်ကြီးတို့ ဟို ဖုံးဖေါက် ၊ ဒီဖုံး လုပ်တုန်းက လစ်ဖရယ် သမ္မတ က Bill Clinton။ လစ်ဖရယ်တွေက ဘင်ကြီးတို့ကို ရာဇ၀တ်မှု လောက်သဘောထားတာ။ သိပ်စိတ်မ၀င်စားကြဖူး။
ဘင်ကြီးတို့ရဲ့ မဟာအောင်မြင်မှု ဖြစ်တဲ့ 9/11 ရောက်တော့ George Bush က သမ္မတဖြစ်ကာစ။ ဂျော့ဘုရ်က ဘာသာရေး အစွဲအလန်းကြီးတဲ့ နေရာမှာ ဘင်တို့နဲ့ သူမသာ ၊ ကိုယ်မသာ။ ဂျော့ဘုရ် က အသက် (၄၀) အထိ ပုလင်းဖက် နေတဲ့သူ။ မိန်းမ က ရှင် ကျမကို စွန့်မလား ၊ Jack Daniel ကိုစွန့်မလား ဆိုမှ ရုတ်တရက် လူဖြစ်လာရတဲ့ အပြင် ဘာသာရေး အမြင်ကြည်လာပြီး Born Again Christian ဖြစ်လာရ တဲ့သူ။ ဂျော့ဘုရ် က Intellect မဟုတ်ဖူး။ သိပ်နက်နက်တွေးတတ်သူမဟုတ်။ ဒါပေမဲ့ အမေရိကန်ကို ထိရင် ဓါးကြည့် ၊ အမေရိကန်တစ်ယောက်သေရင် မီးပွင့်သွားမယ်ဆိုတဲ့ လူစားမျိုး။

ဒါကြောင့် ဘင်တို့ကို ရာဇ၀တ်မှု အနေနဲ့ မကြည့်တော့ဖူး။ စစ်ပွဲ အနေနဲ့ ပဲမြင်တယ်။ ပြောမကောင်းလို့သာ ဘင်တို့ကို အမှန်အတိုင်း ဘာသာရေးစစ်ပွဲလို့ပဲ အမှန်အတိုင်း မြင်တယ်။ ဒါကြောင့် “Dead or Alive” တို့ “Crusade” ဆိုတဲ့ စကားလုံးမျိုးတွေ သုံးလာတဲ့အခါ မှာ ၀ိုင်းအော်ကြတာကြောင့် မိန်မဆူတာနဲ့ ငြိမ်သွားရတာ။
ဘင်ကြီးတို့ Clinton တို့ကိုကြည့်ပြီး အမေရိကန်တွေဟာ ငပေါတွေ။ Cruise Missiles (၁၀) လုံးလောက် ပစ်ပြီး ပြီးသွားမှာပါလို့ ထင်နေကြတာ။ ဘင်ကြီးတို့ ကံဆိုးရှာတာက ဘုရ်နားမှာ ၀ိုင်းရံထားတာက ၂၁ရာစု နှစ်ဟာ အမေရိကန် ရာစုနှစ်ပါဆိုပြီး ကြွေးကျော်ထားတဲ့ ကွန်ဆာဖေးတစ် မိုက်ခဲတွေ။ ဒုသမ္မတ ချိန်နီ ၊ ကာကွယ်ရေးဝန်ကြီး Donald Rumsfeld တို့လိုလူတွေ။ ဂျော့ဘုရ်က ဘုံးမိုးရွာပြီး စီအိုင်အေ ရဲ့ မလီရှာ တွေနဲ့ ၀င်နွှာလာတော့ ဘင်ကြီး နဲ့ ငရန်မန်ကန်း မိုလာအိုမာ တို့ ဖင်သနီလန် အောင်ထွက်ပြေးကြရတာ။ ကျောက်ခေတ်ပြန်ရောက်သွားအောင်ဖုံးကြဲပစ်မယ်ကြီမ်းခြောက်ခံရတော့ ပါကစ္စတန်က မွပ်စလင်ကုလားတွေလည်း အမေရိကန်ကျေနပ်အောင် 9/11 ကိုဖေါ်ဆောင်ခဲ့တဲ့ အငယ်ကောင်တွေကို ချကြွေးပြီး ဘင်နဲ့ အိုမာ တို့ကိုတော့ ISI ကပဲကျိပ် ဖွက်ပေးထားခဲ့တယ်။ ပြီးတဖက်လှည့် နဲ့ အမေရိကန် ကို ငွေလက်ဖြန့်တောင်းပေါ့။

အမေရိကန်သမ္မတ ရဲ့ အာဏါ
အမေရိကန်သမ္မတ ဆိုတာက “Institution” ။ ဒါကြောင့် သူ့အောက်မှာ “ စနစ် - system “ ။ ဒီအောက်မှာမှ “Rules & Regulation” ဆိုတာတွေရှိတယ်။ ဒါကြောင့် (စနစ်) ကိုသိရင် ကိုယ်လိုချင်တာကို ဖေါ်ဆောင်နိုင်တဲ့ နည်းတွေရှိတယ်။ အမေရိကန် Constitution အရ လု့အခွင့်အရေးတွေကို အာမခံချက်ပေးထားတယ် ဆိုတာက အမေရိကန် လူမျိုးတွေ အတွက်ပဲ။ ဒါကြောင့် ဒီအစ္စလမ်မစ်အကြမ်းဖက် သမားတွေကို အမေရိကန် မြေကို အနင်းမခံဖူး။ ဂွာတာနာမိုး မှာပဲ ထားပြီး ကိုင်တော့တာပဲ။
အမေရိကန် စနစ်မှာ စစ်ကြေငြာ တာက ကွန်ကရက် က ကြေငြာရတယ်။ ဒီလိုကြေငြာပြီးရင် စစ်ကို နိုင်အောင်တိုက်ဖို့ စစ်ဦးစီးချု့ပ်ဖြစ်တဲ့ သမ္မတရဲ့ တာဝန်ပဲ။ တရားရေးဌါနက အစိုးအတွက် ဥပဒေ အကျိုးဆောင် (သို့) ရှေ့နေပဲ။ စီအိုင်အေက ဒီအစ္စလမ်မစ်အကြမ်းဖက် သမားတွေကို မိလာရင် စစ်ဆေးရာမှာ torture လုပ်ခွင့် မရှိဖူး။ ဒါကြောင့် retention လို့ခေါ်တဲ့ မိတ်ဖက်အစိုးရ စစ်ကြောရေးဌါန တွေကို ခေါ်သွားပြီး အမေရိကန် ကိုယ်စား ခပ်ကြမ်းကြမ်းစစ် ခိုင်းတယ်။ နောက် ရေလောင်းစစ်တဲ့ water Boarding ဟာ torture မဟုတ်ကြောင်းကို တရားရေးဌါန က Constitution အရ ထင်မြင်ချက် ပေးရတယ်။ ဒီတရားရေးဝန်ကြီးဌါန ရဲ့ ထင်မြင်ချက်ကို မှီငြမ်း ပြီး သမ္မတဘုရ် က water boarding လုပ်စေ ဆိုတဲ့ Presidential Directive - သမ္မတအမိန့်ကို ထုတ်ပြန်ပေးတဲ့ အခါ အားလုံးဟာ တရားဝင် သွားတော့တယ်။
ဒီလို ခပ်ကြမ်းကြမ်း ကိုင်နိုင်လို့ ဘင်ကြီးတို့ လူတွေ တစ်ယောက်ပြီး တစ်ယောက်အဖမ်းခံရတာပေါ့

ခေတ်ပေါ် Drones
နောက် ဘုရ်လက်ထက်မှာ ပဲ Drone လို့ခေါ်တဲ့ မောင်းသူမဲ့ လေယဉ်နဲ့ လေပေါ်မှာ ပျံဝဲနေပြီး Value Target လို့ခေါ်တဲ့ အရေးကြီးပစ်မှတ် ကို တွေ့ရင် လေပေါ်က Missile နဲ့ ထုလိုက်တော့ ပြေးမလွပ်တော့ဖူး။
အရင်က ဘင်တို့ အမေရိကားကို ၀င်ပြီး အကျမ်းစီး ၊ ဖုံးဖေါက်နိုင်တာ။ အခု Drones တွေက ဘင်ကြီးတို့ နယ်မြေကို လေပေါ်က စိုးမိုးထားပြီး ရွှေ့ပြောင်းတာနဲ့ (၀ုန်း) ဆို အသက်ပျောက် သွားပြီမှတ်။ ကိုယ့်နယ်မြေမှာ ကိုယ့်ကားနဲ့ မရွှေ့ရဲ ၊ ဗြောင်ခရီး မသွားရဲတော့ဘူး။ သိပ္ပံပညာ တိုးတက်လာတာကလည်း အခု Liquid Hydrogen နဲ့ မောင်းတဲ့ Drone ဟာ ၃-၄ ရက် လေပေါ်မှာ မနားတန်း ပျံနိုင်တယ်။ အမြင့်ကြီးပျံနိုင်တဲ့ ဒရုံး ရှိသလို နိမ့်နိမ့်ပျံတဲ့ ဒရုံးတွေ ရှိတယ်။ ဒရုံးသံကြားရင် အစ္စလမ် အကြမ်းဖက်သမားတွေ နေမထိ ၊ ထိုင်မထိ ဖြစ်နေကြပြီ။ ဒါ စိတ်ဓါတ်စစ်ဆင်ရေးပဲ။ တကယ်ချတော့ အမြင့်ကြီးပြန်တဲ့ ဒရုံး က ရှိနေမှန်းတောင် မသိရဖူး။ မကြားရဖူး။ ထွက်လာမှ ဒရုံး က ၀ုန်းဆို… သွား ပြန်ပြီ နောက်တစ်ယေက်။
အမေရိကန်တွေ တည်ထွင် တည်ဆောက်နေတဲ့ Drones တွေဟာကြောက် ခမန်းလိလိ။ ဗုဒ္ဓရုပ်ပွားတော်တွေကို ဖျက်စီးခဲ့ကြတဲ့ မျက်ကန်းမိုလာ နဲ့ အစ္စလမ်မစ်အကြမ်းဖက် သမားတွေ ငရဲမှာ မခံရခင် ကျီးလန့်စာစား ကိုယ်နယ်မြေမှာ ကိုယ်မလုံခြုံကြတော့ဖူး။ မကြာသေးခင်ကပဲ အဲလ်ကိုင်းဒါး နံပတ် (၂)တစ်ယောက်လည်း Drone ကောင်းမှုနဲ့ ငရဲကို ဇောက်ထိုး ဆင်းသွားလေရဲ့။
နောက် Drones တွေကောင်းတာက Drone Pilot လေယဉ်မောင်း သမားတွေဟာ အိမ်က သားမယားတွေနဲ့ မခွဲမခွာရပဲ ၊ hamburger ကိုက်ရင်း မိုင် ၇၀၀၀ ကျော်က မိစ္ဆာကောင် ကို တစ်ယောက်ပြီး တစ်ယောက် ရှင်းထုတ် နိုင်တဲ့ အတွက် ငြိမ်းချမ်းရေးနိုဘယ် ဆုရှင် အိုဘားမား ရဲ့ အကြိုက်ဆုံးလက်နက် လာဖြစ်ရတယ်။

အသေအခြာစဉ်းစားရင် အိုစာမာ ကိုကျေးဇူးတင်ရမယ်
ဆော်ဒီဘုရင် အမျိုးအနွယ်တွေဟာ တကယ်လူလည်ကြီး သားသမီးတွေ။ သူတို့အမျိုးအနွယ် တွေ ဟာ အမေရိကန် ကျောင်းကောင်းတွေက အောင်ကြတာ။ အမေရိကန် စနစ်နဲ့ လစ်ဖရယ်ဝါဒ ရဲ့ အားနဲချက် ၊ စိတ်ကူးယဉ်မှုတွေကို ကောင်းကောင်းသိတယ်။ ဒါကြောင့် Petro Dollars တွေကို Wahhabism ကမ္ဘာပေါ်မှာ ပြန့်ပွားရေးကို စိတ်ရှည်ရှည် နဲ့ အကောင်အထည်ဖေါ်နေကြတာ အနှစ် (၂၀) ကျော်လာပြီ။ လူမသိ ၊ သူမသိ သာသာလေး (မြို) နေတာ။ ကမ္ဘာက သိနေတာက အီရန်က အာလာတိုလာ တွေက (လူဆိုး) တွေ။ အီရန်တွေက (ရှီရာ) Shia တွေ။ Sunni နဲ့ Shia တွေက မတဲ့။ အိုစာမာ သာ မပေါ် ခဲ့ရင် ကမ္ဘာကြီး (သိ) လိုက်တဲ့ အချိန်မှာ အစ္စလမ် ရဲ့ ၀ါးမြိုခြင်းကို ခံလိုက်ရပြီး သိပ်နောက်ကျ သွားလိမ့်မယ်။
အိုစာမားကို တိမ်တိမ်လေးကြည့် ရင် အစ္စလမ်ဘာသာဝင်တွေ အဖို့ ဘာသာအတွက် အသေခံသွားတဲ့ ဘာသာရေးသူရဲကောင်း လို့မြင်တဲ့ သူတွေရှိ ပေမဲ့ နက်နက်တွေးရင် အိုစာမာ ကြောင့် ယနေ့ အစ္စလမ် ဘာသာ ဟာ အန္တရာယ် လို့ ကမ္ဘာက မြင်လာကြရပြီ။ ကွန်မြူနစ် တွေ မိုးကောင်းစဉ် ကာလ ၊ တကမ္ဘာလုံးရဲရဲနီ နေတဲ့ ကာလမှာ မက်စ်စစ်တွေက ဆင်းရဲသားတွေအတွက် ကွန်မြူနစ်စနစ်ပါ ဆိုပြီး ကြွေးကျော် နံမည်ကောင်း ယူနေကြပြီးမှ ၊ တူသဇင် အလံထောင်ပြီး Pol Pot တို့ မိမိလူဦးရေ ရဲ့ လေးပုံတစ်ပုံကို ရက်ရက်ဆက်ဆက် သတ်ပြ လိုက်တော့မှ အိုးမိုင်ဂေါ့ (OMG) ဆိုပြီး လူတွေ ကွန်မြူနစ် စနစ်ကို အော့ကြောလန် ကုန်ကြရတာ။
အစ္စလမ် ဘာသာဟာ လည်းထောက်လျှောက် ဘာသာရေးပညာရှင်တွေက ငြိမ်းချမ်းရေးဘာသာ ပါ ။ အလွန်သိမ်မွေ့တဲ့ ဘာသာပါဆိုပြီး ကြေငြာမောင်းခပ် နေကြရာမှ ၊ အိုစာမာ တို့က မြင်မြင်သမျှသတ် ၊ ရက်ရက်စက်စက် သတ်ကွ ၊ ဘာသာပြောင်းမလား ၊ မပြောင်းရင် Infidel တွေကို သတ်ဆိုပြီး ကြမ်းပြတော့မှ မြတ်စွာဘုရား ကယ်ကြပါဦး ဖြစ်ကုန်ရတယ်။ ဒါကြောင့် အစ္စလမ်ဘာသာဝင် အနေနဲ့ ကြည့်တတ်ရင် ရင်နာစရာပဲ။ ဒိထက် တဆင့်ပို ကြည့်တတ်ရင် အခု ကမ္ဘာကြီးမှာ အစ္စလမ်ဘာသာ ဆိုတာနဲ့ မယုံကြတော့ဖူး။ မုတ်ဆိတ်မွှေး ၊ ပုသိုင်းမွှေးနဲ့ အစ္စလမ် ပုံတွေ ၊ ခေါင်းပူးခြုံတွေ ပါလာရင် ၊ ခရီးသည်တွေကိုယ်နှိုက် က သံသယ နဲ့ ၀ိုင်းကြည့်နေကြပြီ ၊ ကျုပ်မမောင်းနိုင်ဖူး ဆိုတဲ့ လေယဉ်မှူးတွေတောင် ပေါ် လာကြပြီ။ ဒါ အိုစာမာ တို့ရဲ့ အစ္စလမ် အကြမ်းဖက်တွေကြောင့်ပဲ။
ဒါ အိုစာမာတို့ရဲ့ Extremism က ရလာတဲ့ Negative effect & Negative Image ပဲလေ။
တနည်းအားဖြင့် ရုပ်ပုံမှန် ကို ပုံဖေါ်သွားပေးတဲ့ ဥါဏ်ကြီးရှင်ကို ကျေးဇူးတင်ရမှာပါ။

Myanmar Express

ဘကြီးသက်
Unknown at 8:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

"ရမည်းသင်းမြို့၊ ရွှေလုပ်သားများ အရေးတော်ပုံ"


ရမည်းသင်းမြို့၊ မိုးထိမိုးမိတောင်ပေါ်မှ ရွှေလုပ်သားများဟာ မနေ့က (၁၁-၆-၂၀၁၂ ) မနက် (၉)နာရီမှ ဆန္ဒပြတဲ့အနေနဲ့ တောင်ပေါ်မှ ခြေလျင်လျှောက်ကာ ရမည်းသင်းမြို့အထိ ချီတက်လာခဲ့ ကြတာပါ။
ရမည်းသင်းမြို့ ရွှေမြင်တင်တောင်ခြေမှာ ညအခါ နားနေကြပြီး ယနေ့ (၁၂-၆-၂၀၁၂) မနက် (၇)နာရီမှ စတင်ကာ နေပြည်တော်အထိ ခြေလျင်ချီတက်ပြီး ဆန္ဒပြကြမှာ ဖြစ်ပါတယ်။
မိုးထိမိုးမိတောင်ပေါ် (ရွှေတော) မှ ရမည်းသင်းမြို့အထိ မိုင်ပေါင်းသုံးဆယ်နီးပါးရှိပြီး၊ ရမည်းသင်းမြို့မှ နေပြည်တော်အထိ (၇၅)မိုင်ခရီး ရှိပါတယ်။
ရွှေလုပ်သားတွေဟာ နေ့ဘက်မှာ ခြေလျင်ချီတက်ဆန္ဒပြကြမှာ ဖြစ်ပြီး ညအခါ နားနေကြမှာ ဖြစ်ပါတယ်။ သက်ကြီးရွယ်အိုများ အမျိုးသမီးများ၊ ကလေးသူငယ်များ ပါဝင်နေကြတာဖြစ်လို့ ဒီခရီးမှာ ရွှေလုပ်သားတွေ အတွက် ကျန်းမာရေးထိခိုက်နိုင်ပြီး လုံခြုံရေး စိုးရိမ်ဖွယ်ဖြစ်နေပါတယ်။
(၁၁-၆-၂၀၁၂)ရက်နေ့ မနက်ပိုင်းမှာ ရွှေလုပ်သားခေါင်းဆောင်နှစ်ယောက် ရောက်လာပြီး ဆရာတော် ဦးဝီရသူအား အခြေအနေအရပ်ရပ်ကို လျှောက်ထားကြပါတယ်။
ရွှေလုပ်သားတွေ ဆင်းရဲငတ်မွတ်နေတာ လနှင့်ချီကြာခဲ့ပြီဖြစ်ကြောင်း ဆန္ဒပြတာလည်း ရက်ပေါင်း အတော်ကြာညောင်းနေပြီ ဖြစ်ကြောင်းလည်း သိရပါတယ်။
          ရွှေလုပ်သားတို့ ချီတက်မည့်ခရီးက အလွန်ဝေးကွာလွန်းတာကြောင့်လည်းကောင်း လုံခြုံရေး တပ်တွေနှင့် ထိပ်တိုက်တွေ့ပြီး ပဋိပက္ခ ဖြစ်မှာ စိုးရိမ်ရတာကြောင့်လည်းကောင်း ရွှေလုပ်သားများ မထိန်းနိုင်မသိမ်းနိုင်ဖြစ်ပြီး ဆူပူအကြမ်းဖက်မှုများ ဖြစ်ပွားမည်ကို မလိုလားသောကြောင့်လည်းကောင်း ရွှေလုပ်သားများကို ပစ်ပယ်မထားကြဖို့ မေတ္တာရပ်ခံတိုက်တွန်းနှိုးဆော်ပြီး ညှိနှိုင်းအဖြေ ရှာကြစေလိုတဲ့ အတွက် ဆရာတော်ဦးဝီရသူဟာ ယနေ့ ၁၂-၆-၂၀၁၂ မနက် (၁၁)နာရီမှာ ရမည်းသင်းမြို့သို့ ရောက်ရှိလာခဲ့တာ ဖြစ်ပါတယ်။
          မြို့နယ်သံဃနာယက အတွင်းရေးမှူး ဆရာတော်ဦးစန္ဒောဘာသရှိရာ ရန်အောင်မင်းကျောင်း ရောက်သည်နှင့် ခရိုင်သာသနာရေးမှူးက အကျိုးအကြောင်းလျှောက်ထားပြပါတယ်။
          နေပြည်တော်ထိ ချီတက်စရာ မလိုအောင် ညှိပေးသွားမှာဖြစ်ကြောင်း မနေ့က (၁၁-၆-၂၀၁၂)မှာ မန္တလေးတိုင်းဝန်ကြီးချုပ် ဦးရဲမြင့် ကိုယ်တိုင် ရမည်းသင်းကို ကြွလာကြောင်း ရွှေလုပ်သားအရေးကို အတတ်နိုင်ဆုံး လိုက်လျောကာ ညှိနှိုင်းဖြေရှင်းပေးဖို့ လမ်းညွှန်တိုက်တွန်းသွားကြောင်း ၄င်းနောက် မန္တလေးတိုင်း သစ်တောနှင့် သတ္တုဝန်ကြီး ဦးသန်းစိုးမြင့် ရောက်ရှိလာကြောင်း ရွှေလုပ်သားအရေး ဆွေးနွေးကြကြောင်း၊ ရွှေတော (တောင်ပေါ်) အထိ တက်ကြည့်ကြကြောင်း၊ ကုမ္ပဏီပိုင်ရှင်တွေကို ဆင့်ခေါ်၍ တစ်ညလုံး ဆွေးနွေးကြကြောင်း သိရပါတယ်။

          ဆရာတော်ဦးဝီရသူတို့ဟာ ရွှေလုပ်သားများရှိရာ ရွှေမြင်တင်တောင်ခြေကို ဆက်လက် သွားရောက်ခဲ့ရာ လုံခြုံရေးတပ်ချထားသည့် ဂိတ်ဝမှာ စောင့်နေကြရပါတယ်။ လုံခြုံရေးဝန်ထမ်းတွေက ဒိုင်းတွေ လွှားတွေ ဒုတ်တွေ သေနတ်တွေနှင့် လက်နက်အပြည့်အစုံ တပ်ဆင်ပြီး အဆင်သင့်အနေအထားနဲ့ လမ်းပိတ်စောင့်ကြပ် နေကြတာပါ။
          အကြီးအကဲတစ်ယောက်က သတင်းပို့တာနဲ့ ၀င်ခွင့်ရခဲ့ပြီး ခရိုင်အုပ်ချုပ်ရေးမှူး ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် တိုင်းဒေသကြီးလွှတ်တော်ကိုယ်စားလှယ်တို့နှင့် နောက်ဆုံးအခြေအနေကို ဆွေးနွေး ကြပါတယ်။
          ရွှေလုပ်သားခေါင်းဆောင်တွေနဲ့ ကုမ္ပဏီပိုင်ရှင် အစုစပ်သူဌေးများကို တိုင်းဝန်ကြီး ဦးသန်းစိုးမြင့်က ညှိနှိုင်းပေးနေလို့ ထိုင်စောင့်နေခဲ့ရပါတယ်။ ခရိုင်အုပ်ချုပ်ရေးမှူးနှင့် အဖွဲ့ရဲ့ သတင်းတင်ပို့မှုကြောင့် ပထမဂိတ်မှ ဒုတိယဂိတ်သို့ ရောက်ရှိခဲ့ပါတယ်။ ရွှေလုပ်သားများဟာ ရေပြတ်လပ်နေပြီး လမ်းပေါ်မှာ ထိုင်စောင့်နေဆဲပဲ ဖြစ်ပါတယ်။ မွန်းတည့်ချိန်မှာ ထမင်းထုပ်များနှင့် ရေသန့်ဗူးများ ပေးသွင်းခဲ့သော်လည်း လူအင်အားနှင့် မမျှတတာကြောင့် သောက်ရေပြတ်လပ်နေခြင်းဖြစ်ပါတယ်။ ရမည်းသင်းNLD ကသောက်ရေဆက်လှူသော်လည်း ပေးပို့ခွင့်မရလို့ သောင်တင်နေခဲ့ပါတယ်။ ဒုတိယရဲမှူးကြီး ဦးထွန်းနိုင်ထံ ဦးဝီရသူက တင်ပြသောကြောင့် ရေသန့်ဗူးများ သွင်းခွင့်ရသွားခဲ့ပါတယ်။
          ဒုတိယရဲမှူးကြီး ဦးထွန်းနိုင်က ရွှေလုပ်သားများနှင့် တွေ့ခွင့်ပေးခဲ့သော်လည်း ရဲမှူးကြီးစိန်လွင်က ပယ်ချခဲ့တာကြောင့် (၄း၃၀)နာရီအထိ တွေ့ခွင့်မရသေးကြောင်း ဆရာတော်ဦးဝီရသူရောက်လာသည့် သတင်းကိုကြားရ၍ ရွှေလုပ်သားများ အားတက်သွားကြောင်း ထိုင်နေရာမှ ထကာ အော်ဟစ် ဆုတောင်းကြကြောင်း၊ရွှေလုပ်သားများနေရာနှင့် ဦးဝီရသူတို့ နေရာဟာ ၀ါးလေးကိုက်ခန့်သာ ဝေးကွာကြောင်းလည်း သိရပါတယ်။
          ယခုအချိန်အထိ တိုင်းဝန်ကြီးနှင့် ကုမ္ပဏီပိုင်ရှင်များ ရွှေလုပ်သားခေါင်းဆောင်များ ဆွေးနွေးလျှက်ရှိ ကြောင်း ရေပြတ်လပ်ခြင်း ထမင်းမ၀ခြင်းစတဲ့ ဒုက္ခအ၀၀ကို မကြည့်ရက် မကြားရက်သည့် အနီးနားရှိ နန်းပေါ်ရွာသူ ရွာသားများနှင့် မြို့နယ်သံဃနာယကအဖွဲ့ဝင် ဆရာတော်ဦးဝိစိတ္တနှင့် ရွာသူ/သားများက ရိက္ခာကိုတောလမ်းမှ ခိုးပို့နေကြတာတွေ့ရှိခဲ့ပါတယ်။ ရွှေလုပ်သားများအတွက် ညစာကို သိမ်းကုန်းရွာမှ ဆရာတော် ဦးဝိစိတ္တနှင့် ရွာသူ/သားများက ချက်ပြုတ်လှူဒါန်းကျွေးမွေးဖို့ ပြင်ဆင်နေကြတာလည်း တွေ့ရှိခဲ့ရ ပါတယ်။
          ရွှေလုပ်သားအင်အားဟာ မနေ့က ၁၁-၆-၂၀၁၂ ရက်နေ့ တောင်ပေါ်မှ စတင်ဆင်းလာခဲ့စဉ်က (၁၅၀၀)ခန့်ရှိပြီး ပရိသတ် နှစ်သောင်းကျော်က ၀န်းရံလိုက်ပို့ခဲ့ကြပါတယ်။ အဆိုပါ ပရိသတ်ထဲမှ အင်အားငါးရာကျော်ဟာ ရွှေလုပ်သားများထဲ ၀င်ရောက်အားဖြည့်ကာ လမ်းလျှောက်ချီတက်ကြတာလည်း တွေ့ရပါတယ်။
          ယနေ့အချိန်အထိ အင်အားနှစ်ထောင်ခန့် ရှိနေပြီး ဇုန်ပေါင်း (၁၂)ဇုန်မှာ တစ်ဖွဲ့စီခွဲပြီး သီးခြားထားတာကြောင့် အင်အားနှစ်ထောင်ရှိမှန်း မသိသာခဲ့ကြောင်း လုံခြုံရေးဝန်ထမ်းအရာရှိများနှင့် အာဏာပိုင်များက အင်အားသုံးရာ့ငါးဆယ်ကျော်သာရှိကြောင်း တွင်တွင်ကြီးပြောနေကြပါတယ်။
          ယနေ့ ညနေ (၄း၄၅)နာရီမှာတော့ ရွှေလုပ်သားခေါင်းဆောင် အရှည်ကြီးရဲ့ သတင်းပေးပို့ချက်အရ တိုင်းဝန်ကြီးဦးသန်းစိုးမြင့်ဟာ ကုမ္ပဏီပိုင်ရှင်များနှင့် ဆွေးနွေးလို့ ပြီးသွားကြောင်း၊ရွှေလုပ်သားဇုန် (၁၂)ခု မှ အလုပ်သမားခေါင်းဆောင်များကို တစ်ဦးချင်းခေါ်တွေ့နေကြောင်း အလုပ်သမားတို့ရဲ့ နစ်နာမှုအခက်အခဲ ခံစားချက်မျိုးစုံကို စေ့စေ့စပ်စပ်မေးမြန်းစုံစမ်းနေကြောင်း သိရပါတယ်။
          ညနေ (၅)နာရီမှာတော့ ရဲတပ်ရင်းစုမှူး ရဲမှူးကြီးဦးစိန်လွင်က DVB သတင်းထောက်လူငယ် တစ်ယောက်ကို ငေါက်ငန်းနေပြီး ကင်မရာကိုယူကြည့်နေတာ တွေ့ရပါတယ်။ DVB သတင်းထောက်ဟာ လုံခြုံရေး ချထားရာနေရာမှာပဲ ဆရာတော်ဦးဝီရသူတို့နှင့်အတူ ရှိနေတာပါ။ လုံခြုံရေးဝန်ထမ်းပုံတွေ ရိုက်လို့ဆိုပြီး ငြူစူအပြစ်တင်နေခြင်းဖြစ်ပါတယ်။ ကင်မရာကို သူကိုယ်တိုင် ယူကြည့်ပြီးတဲ့အခါမှာတော့ လုံခြုံရေးဝန်ထမ်းဓာတ်ပုံများ မတွေ့ရပါဘူး။ ရိုက်သူတစ်ယောက် အငေါက်ခံရသူတစ်ယောက် ဖြစ်သွား ခြင်းပါ။ ရဲတပ်ရင်းစုမှူး ရဲမှူးကြီးဦးစိန်လွင်ဟာ ဦးစန္ဒ ရဲ့ ကင်မရာကို လုယူ အကြမ်းဖက်ခဲ့ပါသေးတယ်။ ဆရာတော်ဦးဝီရသူက အကြမ်းမဖက်ဖို့ ၀င်ပြောမှ ကင်မရာကို ပြန်ပေးခဲ့တာဖြစ်ပါတယ်။ ကင်မရာ မှန်ပြောင်းနှင့် တပ်ဆင်ထားသောအဖုံးကာဗာ ပျက်စီးခဲ့ရပါတယ်။
          ရွှေလုပ်သားတွေရဲ့ အဓိကအခက်အခဲမှာ  တစ်ပိုင်တစ်နိုင်ကျောက်ခွဲ စက်ကလေးများ လုပ်ပိုင် ခွင့်ကို ၅-လပိုင်းမှ စတင်ပိတ်ပင်လိုက်ပြီး စက်ကြီးများကိုသာ ခွင့်ပြုတော့ကြောင်း၊ စက်ကလေးများက စက်ကြီးသွားအပ် လျှင်လည်း တစ်ယောက်တစ်ဝက်နှုံး ပေးရတဲ့အပြင် တခြားကုန်ကျစရိတ်များကိုလည်း နှုတ်ယူကြသောကြောင့် စက်ကလေးပိုင် ရွှေလုပ်သားများဟာ (၂၀)ရာခိုင်နှုံးသာ ရရှိပြီး စက်ကြီးပိုင်ရှင်ကုမ္ပဏီသူဌေးများက (၈၀) ရာခိုင်နှုံး ရရှိသွားကြောင်း၊ အစိုးရနှင့်သူဌေး ပူးပေါင်းပြီး အခြေခံလူတမ်းစား ရွှေလုပ်သားပြည်သူများကို ကုတ်သွေးစုပ် အမြတ်ကြီးစားမှု ဒဏ်ကို ခါးစီးခံခဲ့ကြရာမှ နောက်ဆုံးစားစရာမရှိတဲ့အဆင့် ရောက်လာလို့ ထမင်းငတ်ပြီး အသေမခံနိုင်ဘူး။ ဆန္ဒပြရင်းပဲ အသေခံတော့မယ်ဟု ဆိုကာ ဆန္ဒပြကြခြင်းဖြစ်ကြောင်း၊ စက်ကလေးများသည် ဇုန်(၁၂)ခုပေါင်းလျှင် (၅၀)ကျော်ခန့် ရှိမည်ဖြစ်ကြောင်း၊ စက်တစ်လုံးလျှင် အလုပ်သမား အစိတ် သုံးဆယ်မှ ငါးဆယ်အထိရှိသောကြောင့် စက်ကလေးများကို မှီပြီး အသက်မွေးကြတဲ့ နစ်နာသူ ရွှေလုပ်သားများက မခံမရပ်နိုင်ဖြစ်ကာ ဆန္ဒပြကြခြင်းဖြစ်ကြောင်းလည်း သိရပါတယ်။
          ညနေ (၆)နာရီမှာ အလုပ်သမားခေါင်းဆောင် ဌေးအောင်ကျော်ထံမှ သတင်းဝင်လာပါတယ်။ ရွှေလုပ်သားတွေ တောင်းဆိုတဲ့ အချက်(၆)ထဲက ငါးချက်သဘောတူညီမှု ရရှိပြီးဖြစ်ပါတယ်။ ကျန်တစ်ချက်ကလည်း အလွန်နီးစပ်နေပြီး အမျိုးသားကြီးပွားတိုးတက်ရေး ကုမ္ပဏီဥက္ကဋ္ဌ မလာသေးလို့ မပြီးပြတ်သေးတာ ဖြစ်ပါတယ်။
          ရွှေလုပ်သားတွေ တောင်းဆိုတဲ့ (၆)ချက်ဆိုတာ
၁။       အင်းနှင့် အက်တာများ ပြန်လည်လုပ်ခွင့် ရရှိရေး
၂။       ဇုန်အသီးသီးရှိစက်ကလေးများ ပြန်လည် လည်ပတ်ခွင့် ရရှိရေး
၃။       ထုံးကြီးတောင်ဒေသ အင်းလုပ်သားများ အင်းအစုပြန်လည် ရရှိရေး
၎။       နစ်နာသော အင်းများအတွက် နစ်နာကြေးပေးရေး
၅။       တစ်လနှင့် ဆယ့်နှစ်ရက်ကြာ နားထားရတဲ့ လုပ်သားများအတွက် နစ်နာကြေးပေးရေး
၆။       အားလုံးပြီးစီးက နှစ်ဦးနှစ်ဖက် အပြန်အလှန်စာချုပ် ချုပ်ဆိုရေး တို့ပဲ ဖြစ်ပါတယ်။
          မပြီးပြတ်သေးတဲ့ အချက်တစ်ချက်ဆိုတာ နံပါတ်သုံးအချက်ပဲ ဖြစ်ပါတယ်။ သုံးအချက် မပြီးပြတ် သေးရခြင်းမှာ အမျိုးသားတိုးတက်ရေးကုမ္ပဏီဥက္ကဋ္ဌ ဦးစောထွန်းရှိန်ကသာ ဆုံးဖြတ်နိုင်တဲ့အတွက် ဥက္ကဋ္ဌအလာကို စောင့်နေကြခြင်းပဲ ဖြစ်ပါတယ်။ ဥက္ကဋ္ဌဟာ ရန်ကုန်မှ လာရမှာ ဖြစ်လို့ ယခု (၆း၃၀)နာရီထိ မရောက်လာသေးပါဘူး။
          အဲဒီလို ပြီးပြတ်လု နီးခါမှ ၀န်ကြီးနှင့် အဖွဲ့ဟာ အလုပ်သမားတွေထံ ရောက်လာပြီး သတ္တုဌာန ညွှန်ချုပ်က အလုပ်သမားတွေကို အလုပ်သမားခေါင်းတွေနှင့် သွေးခွဲစည်းရုံးနေပါတယ်။ အလုပ်သမားတွေက လုံးဝမတွေဝေဘဲ တောင်းဆိုချက်တွေ ရရှိတဲ့အထိ ဆက်လက်တိုက်ပွဲဝင်သွားမယ်လို့ ဆိုပါတယ်။
          ကုမ္ပဏီဥက္ကဋ္ဌဟာ မနေ့က (၁၁-၆-၂၀၁၂)မှာ ဖိလစ်ပိုင်သူဌေးတွေနဲ့ ဆွေးနွေးခဲ့ကာ ယနေ့ (၁၂-၆-၂၀၁၂) မှာ ဟောင်ကောင်သူဌေးတွေနဲ့ ဆွေးနွေးခဲ့ပြီး ဖြစ်ပါတယ်။ ရွှေလုပ်ကွက်အတွက် အစုရှယ်ရာ တစ်စုလျှင် ဒေါ်လာ နှစ်သန်းနှင့် သဘောတူထားကြောင်းလည်း သိရပါတယ်။
          ည (၆း၃၀)နာရီမှာ ၀န်ကြီးနှင့်အဖွဲ့ ပြန်လည်ထွက်သွားကြပါတယ်။ လုံခြုံရေးဝန်ထမ်းအင်အားဟာ တစ်သောင်းကျော်ရှိပြီး ရွှေလုပ်သားအင်အားထက် ငါးဆကျော် သာ နေတာကို တွေ့ရပါတယ်။ သူတို့ တစ်တွေဟာ သေနင်္ဂဗျူဟာခင်းသလို စနစ်တကျ နေရာယူတပ်ချထားပြီး ရွှေလုပ်သားတွေကို  ၀ိုင်းပိတ်ထားကြတာ ဖြစ်ပါတယ်။ ဒီအင်အားတွေကို ကြည့်ပြီး မှတ်ချက် ချနေကြတာကလည်း မှတ်သားစရာကောင်းပါတယ်။ “ရခိုင်မှာ ဆိုရင် ဒီအင်အားတွေ ဘယ်လောက်တန်ဖိုးရှိမလဲ” ဆိုတာပါပဲ ။
          ညနေ VOA သတင်းဌာနက ရမည်းသင်းရွှေတောအကြောင်းလွှင့်သွားရာမှာ သံဃာ(၁၀)ပါးနှင့် ပတ်သက်ပြီး သတင်းမှားကို လွှင့်သွားတာ ကြားခဲ့ရပါတယ်။
          သတင်းအမှန်က ရွှေလုပ်သားတွေနဲ့ အတူပါလာတဲ့ သံဃာ (၁၀)ပါးကို မြို့နယ်သံဃနာယကမှ စစ်ဆေးရာမှာ (၉)ပါးက မှတ်ပုံတင်မပါခြင်း၊ ၀ါဆိုသံဃာစာရင်းမရှိခြင်း၊ အလှူခံစားနေသည့် နေရာအတည်တကျ မရှိသူများဖြစ်ပြီး ကျန်တစ်ပါးမှာ မှတ်ပုံတင်အတု ကိုင်ဆောင်ထားကြောင်း တွေ့ရလို့  လမ်းစရိတ်ပေးပြီး ဇာတိရပ်ရွာကို ပြန်ပို့လိုက်တာ ဖြစ်ပါတယ်။ ရမည်းသင်းမြို့ ရန်အောင်မင်းကျောင်းမှ ခေါ်ယူ စစ်ဆေးပြီးမှ ဦးဝီရသူရှေ့မှာ ထပ်မံစစ်ဆေးခဲ့တာဖြစ်ပါတယ်။ ရမည်းသင်းမြို့ ရန်အောင်မင်းကျောင်းမှ ဆရာတော် ဦးစန္ဒောဘာသဟာ မြို့နယ်သံဃနာယကအတွင်းရေးမှူးဖြစ်ပြီး ယခုအချိန်ထိ ဦးဝီရသူ နှင့် အတူ ရွှေလုပ်သားတွေကို အကာအကွယ်ပေးနေတာဖြစ်ပါတယ်။
          ည(၇)နာရီမှာတော့ သိမ်ကုန်းရွာမှ ဆရာတော်ဦးဝိစိတ္တနှင့် အဖွဲ့ကပေးပို့ လှူဒါန်းတဲ့ ထမင်းထုပ်များနှင့် ရေသန့်ဗူးကြီးများ ရောက်ရှိလာခဲ့ပါတယ်။ ဆန် (၃)အိတ် ချက်သော်လည်း မလောက်င လို့  ထပ်မံချက်ပြုတ် နေကြရကြောင်းလည်း သိရပါတယ်။
          ည(၈း၀၀)နာရီခန့်မှာ ကြွေးကြော်သံများ အော်ဟစ်ကြွေးကြော်သံကြားရလို့ မေးကြည့်တဲ့အခါ ဇရပ်တွေပေါ်မှာ တရားဟောနေတာဖြစ်ပြီး သဘောကျလှတဲ့ ရွှေလုပ်သားများက လက်ခုတ်သြဘာတီးပြီး အော်ဟစ်အားပေးနေတာ ဖြစ်ကြောင်းသိရပါတယ်။
          ည(၉း၀၀)နာရီမှာတော့ နောက်ထပ်ထမင်းထုပ် (၁၅၀)ရောက်လာပါတယ်။ဒုရဲမှူးကြီး ဦးထွန်းနိုင်က အရောက်ပို့ပေးပါတယ်။
          ထမင်းထုပ်တွေလည်း ပို့ပြီးပြီ။ အလုပ်သမားတွေလည်း နေရာအသီးသီးကို ပြန်ရောက်သွားပြီ ဖြစ်လို့ ဦးဝီရသူတို့အဖွဲ့ဟာ ရမည်းသင်းမြို့၊ ရန်အောင်မင်းကျောင်းမှ မြို့နယ်သံဃနာယက အတွင်းရေးမှူး ဆရာတော် ဦးစန္ဒောဘာသနှင့်အတူ ပြန်လာခဲ့ကြကြောင်း သိရပါတယ်။

 

ဘကြီးသက်
Unknown at 8:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နယ်မြေအေးချမ်း သွားသော်လည်း ရခိုင် တိုင်းရင်းသားများ နေရပ်သို့ မပြန်ရဲ




ရခိုင်ပြည်နယ်တွင် ဖြစ်ပွားခဲ့သော ဆူပူအကြမ်းဖက်မှုများမှာ ဒေသအချို့တွင် ပြန်လည်တည်ငြိမ်ပြီ ဖြစ်သော်လည်း ဒေသခံ ရခိုင် တိုင်းရင်းသားများမှာ ၎င်းတို့၏ နေရပ်သို့ ပြန်မသွားရဲဘဲ ရှိနေကြောင်း ဘူးသီးတောင်မြို့နယ်တွင် ကယ်ဆယ်ရေး စခန်း ဖွင့်လှစ်ထားသူများ ထံမှ သိရသည်။

“ဟိုမှာ ဘင်္ဂလီတွေ များတော့ တစ်ယောက်မှ မပြန်ရဲဘူး။ ပြန်သွားရင်လည်း သူတို့မှာ နေစရာအိမ်မှ မရှိတော့တာ” ဟု မောင်တောမြို့ ဗဟိုဘုန်းတော်ကြီးကျောင်းမှ သံဃာတစ်ပါးက မိန့်ကြားသည်။

မောင်တောမြို့၏ လက်ရှိ အခြေအနေမှာ တည်ငြိမ်မှု ရှိသော်လည်း နယ်ကျေးရွာများတွင်မူ စိတ်ချရသည့် အနေအထားသို့ မရောက်ရှိ သေးကြောင်း၊ ဘင်္ဂလီ အကြမ်းဖက်သူများမှာ လျှပ်တပြက်အတွင်း အကြမ်းဖက်မှုများကို ပြုလုပ်ပြီး တစ်ဖက်နိုင်ငံသို့ အလွယ်တကူ ပြန်သွားနိုင်သဖြင့် ဒေသခံ ရခိုင်တိုင်းရင်းသားများမှာ နေရပ်သို့ မပြန်ရဲခြင်း ဖြစ်ကြောင်း ရခိုင်းတိုင်းရင်းသားများ တိုးတက်ရေး ပါတီဝင် မောင်တော ဒေသခံများက ပြောကြားသည်။

“နိုင်ငံတော်ရဲ့ ဝင်ပေါက် အနောက်တံခါးကို ကျွန်တော်တို့ ရခိုင်လူမျိုးတွေက နှစ်ပေါင်းများစွာ အသေခံပြီး ဖြစ်ဖြစ်၊ အငတ်ခံပြီး ဖြစ်ဖြစ် စောင့်ရှောက်ခဲ့တယ်။ ဒါပေမဲ့ အစိုးရ ဝန်ထမ်းတွေက အကျင့်ပျက်ခဲ့တာတွေ ရှိတယ်။ ပိုက်ဆံပေးပြီး လိုချင်တာတွေ ဖန်တီးသွားခဲ့တာတွေ ရှိတယ်။ အောက်ခြေမှာ ဖြစ်ခဲ့တာတွေက ကျွန်တော်တို့ နေခဲ့တဲ့ ခေတ်အဆက်ဆက်ပဲ …။

မဲရဖို့အတွက် လူတွေသွင်းခဲ့တဲ့ အမှားပဲ။ ခေတ်အဆက်ဆက်မှာ မှားခဲ့တာတွေ အများကြီးပဲ။ သတိမရှိခဲ့တဲ့ အခါကျတော့ ဘူးသီးတောင်၊ မောင်တော ကျဆုံးမလို ဖြစ်နေပြီ။

ကျွန်တော်တို့ရဲ့ သဘောထားကတော့ ကျွန်တော်တို့ရဲ့ ပိုက်နက်မြေကို တစ်လက်မမှ အဆုံးရှုံးမခံနိုင်ဘူး။ နှစ်ပေါင်းများစွာ ဘိုးဘေးစဉ်ဆက် အမွေပေးခဲ့တဲ့ ကျွန်တော်တို့ရဲ့မြေ၊ ကျွန်တော်တို့ရဲ့လေ၊ ကျွန်တော်တို့ရဲ့ရေ တစ်လက်မမှ မပေးဘူး။ အဆုံးရှုံးမခံဘူး။ ကျွန်တော်တို့ ကာကွယ်သွားမှာပါ” ဟု ဒေါက်တာ အေးမောင်က ပြည်တွင်း မီဒီယာများသို့ ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် ဘင်္ဂါလီ လူမျိုးများ၏ ဆူပူအကြမ်းဖက်မှုကြောင့် သေဆုံးသူ ဦးရေမှာ ၂၁ ဦးသို့ ရောက်ရှိလာခဲ့ပြီး ဒေသခံ ရခိုင်တိုင်းရင်းသား သုံးသောင်းခန့်မှာ အသက်ဘေး အန္တရာယ်ကြောင့် ဘေးဒုက္ခသည်များအဖြစ် ကယ်ဆယ်ရေး စခန်းများတွင် ရောက်ရှိ ခိုလှုံ နေကြရသည်။

The Voice Weekly
ဘကြီးသက်
Unknown at 8:37 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်တွေမြို့တွင်း ကယ်ဆယ်ရေးစခန်းအချို့သို့ ရောက်ရှိနေသော ဒုက္ခသည် စာရင်း

ခုချိန်ထိ ကျွန်တော်တို့ ရရှိတဲ့ဒုက္ခသည်စာရင်းပါ။
၁။ အဓိဌာန်ကျာင်း ၂၀၀၀ ဦးခန့်
၂။ ရွေစေတီကျောင်း ၁၀၀၀ ဦးခန့်(၃၀၀၀)
၃။ ရဲကျော်သူကျောင်း ၁၀၀၀ ဦးခန့်(၄၀၀၀)

၎။ ဆင်ကူးလမ်းဓမ္မာရုံ ၆၀၀ဦးခန့်(၄၆၀၀)
၅။ မင်းခံဓမ္မာရုံ ၅၀၀ ဦးခန့်(၅၁၀၀)
၆။ ဆုတောင်းပြည့်ကျောင်း ၄၅၀ ဦးခန့်(၅၅၅၀)
၇။ ဂြစ်ချေကျောင်း ၄၀၀ ဦးခန့်(၅၉၅၀)
၈။ စပါးထားကျောင်း ၄၀၀ ဦးခန့်(၆၃၅၀)
၉။ ဥာဏစက္က ၃၅၀ ဦးခန့်(၆၇၀၀)
၁၀။ ဓတ်လျင်ကျောင်း ၃၅၀ ဦးခန့်(၇၀၅၀)
၁၁။ ယတ္တရာကျောင်း ၃၅၀ ဦးခန့်(၇၄၀၀)
၁၂။ ရွာကြီးမြောက်ဓမ္မာရုံ ၃၀၀ ဦးခန့်(၇၇၀၀)
၁၃။ စိတ္တသုခကျောင်း ၂၅၀ ဦးခန့်(၇၉၅၀)
၁၄။ မရာမာကြီးကျောင်း ၂၅၀ ဦးခန့်(၈၂၀၀)
၁၅။ ရွာကြီးတောင် ဓမ္မာရုံ ၂၅၀ ဦးခန့်(၈၄၅၀)
၁၆။ ခေါင်းလောင်းကျောင်း ၂၅၀ ဦးခန့်(၈၇၀၀)
၁၇။ ဓမ္မစင်္ကြာကျောင်း ၂၀၀ ဦးခန့်(၈၉၀၀)
၁၈။ ၀ါယမကျောင်း ၂၀၀ ဦးခန့်(၉၁၀၀)
၁၉။ ကယိချောင်းကျောင်း ၂၀၀ ဦးခန့်(၉၃၀၀)
၂၀။ ဘုရားလေးဆူကျောင်း ၂၀၀ ဦးခန့်(၉၅၀၀)
၂၁။ လမ်းမတော်မြောက် ဓမ္မာရုံ ၂၀၀ ဦးခန့်(၉၇၀၀)
၂၂။ အမျိုးသားကျောင်း ၁၅၀ ဦးခန့်(၉၈၅၀)
၂၃။ ဇေယျာသီရီကျောင်း ၁၅၀ ဦးခန့်(၁၀၀၀၀)
၂၄။ အသောကရုံကျောင်း ၁၅၀ ဦးခန့်(၁၀၁၅၀)
၂၅။ ဓမ္မရိပ်သာကျောင်း ၁၂၀ ဦးခန့်(၁၀၂၇၀)
၂၆။ ဗုဒ္ဓေါမွန်ကျောင်း ၁၂၀ ဦးခန့်(၁၀၃၉၀)
၂၇။ ဇောတိကာရုံကျောင်း ၁၀၀ ဦးခန့်(၁၀၄၉၀)
၂၈။ ဥာဏိကာရာမကျောင်း ၁၀၀ ဦးခန့်(၁၀၅၉၀)
၂၉။ ဘောဂသုခကျောင်း ၁၀၀ ဦးခန့်(၁၀၆၉၀)
၃၀။ သရက်တောကျောင်းတိုက် ၇၀ ဦးခန့်(၁၀၇၆၀)
၃၁။ သာသနာ့ဗိမာန် ၅၀ ဦးခန့်(၁၀၈၁၀)
၃၂။ စစစရုံး ၅၀ ဦးခန့်(၁၀၈၆၀)
၃၃။ မဟာကုသလကျောင်း ၅၀ ဦးခန့်(၁၀၉၁၀)
ယခုဖေါ်ပြထားသော ကယ်ဆယ်ရေးစခန်းများနည်းတူ အခြား ကယ်ဆယ်ရေးစခန်းအချို့လည်း ဖွင့်လှစ်ထားပြီး ယင်းစခန်းများရှိ ဒုက္ခသည် စာရင်းများကိုလည်း ဆက်လက် စုံစမ်းလျက်ရှိပါသည်။
ဒီလိုတွေဖြစ်ကြပြီဆိုရင် လတ်တလောစားဝတ်နေရေးအပြင် ပြန်လည်ထူထောင်ရေးတွေအတွက်ပါ အကူအညီတွေက လိုဦးမှာပါ။ မိမိကငွေအားတတ်နိုင်ရင် ငွေအား၊လေအားတတ်နိုင်တဲ့သူက လေအားစိုက်ထုတ်ပြီး လှူတန်းမဲ့သူတွေ များသထက်များအောင် ဆောင်ရွက်ကြပါလို့ နှိုးဆော်လိုက်ပါရစေ။
အောင်မျိုးသူ
ကိုရီးယားရောက် ညီအစ်ကိုမောင်နှမများအနေဖြင့် ဒုက္ခရောက်လျက်ရှိသော ရခိုင်တိုင်းရင်းသားများအားကူညီရန်
အလှူငွေများထည့်ဝင်လိုပါက အောက်ပါပုဂ္ဂိုလ်များထံတွင် ထည့်ဝင်လှူဒါန်းနိုင်ပါပြီ။
ကိုအောင်မျိုးသူ  (၀၁၀-၃၉၃၆-၁၈၈၅)
Shinhan Bank: 110-297-034461
ကိုမျိုးသန်းထွန်း (၀၁၀-၅၁၆၅-၁၉၈၃)
Shinhan Bank: 110-309-532005
မသိမ့်ရီဇော်       (၀၁၀-၂၇၂၆-၂၃၈၉)
Shinhan Bank: 110-268-502629
မထားထားဦး     (၀၁၀-၃၁၁၃-၃၀၃၄)
Shinhan Bank: 110-240-884008

ဘကြီးသက်
Unknown at 8:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည်အပေါ် အကြည်ညိုပျက်စေရန် မြန်မာအစိုးရက ရခိုင်ပဋိပက္ခဖြင့် လုပ်ဆောင်နေသလော


(12 June 20 ရက်စွဲပါ The Week မှ Edward Loxton ရေးသားသော Is Burma inciting Rakhine conflict discredit Aung San Suu Kyi? ကိုဘာသာပြန်ဆိုသည်)

မြန်မာနိုင်ငံအနောက်ဖက် ရခိုင်ပြည်နယ်တွင် ဘာသာရေးနှင့် ဆက်နွယ်သော ပြင်းထန်သည့်ဖြစ်ရပ်များ ဆက်လက်ဖြစ်ပေါ်လျှက်ရှိရာ ပေါ်ပြူလာဖြစ်လွန်းလှသော အတိုက်အခံခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အား ယုံကြည်မှုနည်းသွားစေရန်နှင့် စစ်တပ်အပေါ်နောက်ခံပြုသော အာဏာဖြစ်တည်မှုကို ဒေါ်အောင်ဆန်းစုကြည်က ခြိမ်းခြောက်လာမှုအား အားနည်းသွားစေရန် အစိုးရ၏ အကွက်ချစီစဉ်မှု၏ တစိတ်တပိုင်း ဖြစ်မည်လောဟု သံသယများလည်းကြီးထွားလာသည်။

“ဒီဖြစ်စဉ်ဟာ ကျွန်တော်တို့ ယုံကြည်ထားသလို သူ့ဘာသာဖြစ်လာတာ မဟုတ်ပါဘူး။ အသေအချာ စီမံထားတယ်ဆိုတာ သိသာနေပါတယ်”ဟု မြန်မာ့အရေးကျွမ်းကျင်သူ စာရေးဆရာ Bertil Lintner ကပြောသည်။ ၎င်း၏ “Great Game East” ဆိုသည့် စာအုပ်မှာ ထွက်ရှိခါနီးပြီဖြစ်၍ အိန္ဒိယအရှေ့ဘက်မှ နိုင်ငံတစ်ခု၏ အာဏာအတွက် ကစားနေမှုများကို ရေးသားထားသည်။

ရခိုင်ပြည်နယ်တွင် မွတ်ဆလင်ရိုဟင်ဂျာများနှင့် ဗုဒ္ဓဘာသာရခိုင်အသိုင်းအဝိုင်းကြားတွင် ဖြစ်လျက်ရှိသော ပဋပက္ခမှာ ရက်သတ္တပတ်တစ်ပတ်ခန့်ရှိပြီဖြစ်ပြီး ယခုအချိန်အထိ တစ်ဒါဇင်ခန့်သေဆုံးခဲ့ပြီး၊ အိမ်ရာနှင့်ချီ၍ မီးလောင်ဆုံးရှုံးခဲ့သည်။

ရခိုင်ပြည်နယ်တွင် ဘာသာရေးနှင့် လူမျိုးရေးအရတင်းမာမှုများမှာ အမြဲတစေ ဖြစ်ပွားလျက်ရှိနေသည်။ ထိုဒေသရှိ ရိုဟင်ဂျာအနည်းစုမှာ အခြေခံရပိုင်ခွင့်အများစု မရကြပေ။ မြန်မာနိုင်ငံသားဖြစ်နေသူ ရိုဟင်ဂျာများပင်အခွင့်အရေး မရကြပေ။ ရိုဟင်ဂျာယောင်္ကျားအများစုသည် ရာနှင့် ထောင်နှင့်ချီ၍ ဘင်္ဂလားဒေ့ရှ်သို့ ကုန်းလမ်းမှလည်းကောင်း၊ လှေများဖြင့် ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံများသို့ ထွက်ပြေးခဲ့ကြသည်။ အိမ်နီးခြင်း ဘင်္ဂလားဒေ့ရှ်တွင်ပင် ၎င်းတို့ကို တရားမဝင် ဝင်ရောက်လာသူများအဖြစ် သတ်မှတ်ထားသည်။

အချိန်အတန်ကြာ ငုပ်လျှိုးနေသောတင်းမာမှုများသည် အဘယ့်ကြောင့် ယခုလိုအချိန်မျိုးတွင် ပေါက်ကွဲထွက်လာရသနည်း ဆိုသည်ကို မြန်မာ့အရေးစောင့်ကြည့်နေသူများက မေးမြန်းလျက်ရှိသည်။ ယခုအချိန်သည် အရပ်သားအစိုးရသစ်အတွက် နိုင်ငံရေးအရ ဖြေလျော့မှုများနှင့် လူ့အခွင့်အရေးကိစ္စများတွင် တိုးတက်မှုအနည်းငယ်အတွက် နိုင်ငံတကာမှ ထောက်ခံမှုများရနေချိန်ဖြစ်သည်။

“အဖြေကရှင်းနေတာပဲ”ဟု Linter  က The Week သို့ပြောသည်။ “အစိုးရက ဒေါ်အောင်ဆန်းစုကြည် ထောက်ခံပေးမှုအပေါ် စိုးရိမ်မှုတွေ ရှိနေပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာတွေကြားမှာ မွတ်ဆလင်ဆန့်ကျင်ရေးစိတ်ဓါတ်တွေ ကြီးထွားလာနေတဲ့အချိန်မှာ သူ့အနေနဲ့ ရိုဟင်ဂျာဘက်ကရပ်တည်တဲ့ ကြေညာချက်ထွက်ခဲ့ရင် သူ့ပေါ်ပြူလာဖြစ်မှုကို ထိခိုက်နိုင်ပါတယ်။ တခြားတဖက်မှာလည်း သူ့အနေနဲ့ ဘာမှမပြောဘဲ ငြိမ်နေရင်လည်း သူ့ကိုထောက်ခံတဲ့ လူ့အခွင့်အရေးအုပ်စုတွေက စိတ်ပျက်ကြဦးမယ်”ဟု ၎င်းကပြောသည်။

အမည်မဖော်လိုသူ မြန်မာ့အရေးလေ့လာနေသူတစ်ဦးကလည်း သဘောတူခဲ့သည်။

“ဒေါ်အောင်ဆန်းစုကြည်ဟာ ဆုပ်လဲစူး၊ စားလည်းရူးမယ့် အခြေအနေမှာ ရှိနေပါတယ်။ သူ့ရဲ့သိက္ခာကို အကြီးအကျယ်ထိခိုက်ပြီး ပေါ်ပြူလာ ဖြစ်မှုကို လျော့နည်းစေမယ့် ခက်ခဲတဲ့အခြေအနေကို ရင်ဆိုင်နေရပါတယ်”ဟု ဆိုသည်။

London School of Economics မှ ဖဲလိုးတစ်ဦးဖြစ်သူ မောင်ဇာနည်ကလည်း ယခုပဋိပက္ခမှနေ၍ အစိုးရ အကျိုးအမြတ်ထွက်နိုင်ကြောင်း၊ အစိုးရစစ်တပ်က တိုင်းရင်းသားအုပ်စုတွေအပေါ် စစ်ဆင်ရေးတွေ လုပ်နေတဲ့အပေါ်ကျနေသောအာရုံများကို ရခိုင်ပြည်နယ်သို့ပြောင်း၍ ကျစေသောကြောင့်ဟုဆိုသည်။

ကချင်ပြည်နယ်တွင် တိုက်ပွဲများပြင်းထန်လျက်ရှိရာ Linter သည် မကြာမီက တရုတ်-မြန်မာနယ်စပ်သို့ သွားရောက်ခဲ့ပြီး တရုတ်နိုင်ငံဘက်၌ ကချင်ဒုက္ခသည် သုံးသိန်းခန့်ထိရှိကြောင်း အတည်ပြုခဲ့သည်။

ယခု ရခိုင်ပဋိပက္ခသည် ဒေါ်အောင်ဆန်းစုကြည်အတွက် အရေးပါလာသောအချိန်တွင် ထွက်ပေါ်လာခြင်းဖြစ်ကြောင်း Linter ကထောက်ပြသည်။ သူသည် ဇွန်လ ၁၅ ရက်နေ့မှစ၍ ဥရောပခရီးစဉ်ကို စတင်ရန်ပြင်ဆင်လျှက်ရှိသည်။

“ဒေါ်အောင်ဆန်းစုကြည်အနေနဲ့ ရခိုင်ပြည်နယ်က ပြင်းထန်တဲ့ဖြစ်ရပ်နဲ့ပတ်သက်ပြီး ပြည်သူကို ကြေညာချက်ထုတ်မယ်လို့ မျှော်လင့်ရပါတယ်။ ဒါဟာ သိပ်ကိုခက်ခဲတဲ့ စိန်ခေါ်မှုပါပဲ။ အခန့်မသင့်ရင် သူရဲ့ ဥရောပခရီးစဉ်တောင် ဖျက်သိမ်းနိုင်ပါတယ်”ဟု ၎င်းကပြောသည်။

ဒေါ်အောင်ဆန်းစုကြည်သည် ယခုတစ်ပတ်၌  သူ့အပေါ် ပြင်းထန်စွာထောက်ခံခဲ့သော လူ့အခွင့်အရေးလှုပ်ရှားသူနှစ်ဦးက ရိုဟင်ဂျာဆန့်ကျင်ရေး ကြေညာချက်များထုတ်ခဲ့ရာ စိတ်ထဲတွင် တမျိုးတမည်ခံစားရမည်ဟု ယူဆရသည်။

“ရိုဟင်ဂျာတွေဟာ မြန်မာနိုင်ငံရဲ့ တိုင်းရင်းသားအုပ်စုထဲမှာ မပါဝင်ပါဘူး”ဟု ၈၈ကျောင်းသားခေါင်းဆောင် ကိုကိုကြီးက ပြောခဲ့သည်။

“အခုဖြစ်ရပ်ရဲ့ရင်းမြစ်က နယ်စပ်ကိုဖြတ်ပြီး နိုင်ငံခြားတိုင်းပြည်တွေက လာတာပါ”ဟု ၎င်းက ပြောသည်။

“လူ့အခွင့်အရေး လှုပ်ရှားနေသူတစ်ဦးဟု ယူဆရသူတစ်ဦးဆီက ဒီလိုပြောကြားခဲ့တာ အံ့သြစရာကောင်းပါတယ်။ ဒီပြောဆိုချက်ဟာ အစိုးရက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အောင်မြင်မှုတွေ အဟန့်အတားဖြစ်အောင်လုပ်နိုင်အောင် အတိုက်အခံတွေကို ကိုင်တွယ်ရန် ကြိုးစားနေတယ်လို့ ယုံကြည်နေမှုကို များစွာအထောက်အကူ ဖြစ်စေပါတယ်”ဟု အနောက်နိုင်ငံမှ စောင့်ကြည့်လေ့လာသူတစ်ဦးက ပြောသည်။

by Transparency မှ ဘာသာပြန်ဆိုသည်။

yangon chronicle

ဘကြီးသက်
Unknown at 8:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.