Saturday, June 9, 2012

ဇွန်လ (၉) ရက်နေ့ ရခိုင်ပြည်နယ်တွင်းမှ အကြမ်းဖက်မှု နောက်ဆုံး သတင်းများ


ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများမှာ စစ်တွေမြို့သို ကူးစက်လာခဲ့ပြီး ဘုမေ ကျေးရွာမှ ဘင်္ဂါလီလူမျိုးများက ယနေ့ညနေပိုင်းတွင် ရခိုင် တိုင်းရင်းသား အများစု နေထိုင်ရာ ဓညဝတီ ရပ်ကွက်သို့ ဝင်ရောက် အကြမ်းဖက် ဖျက်ဆီးရန် ကြိုးစားခဲ့ရာမှ လုံခြုံရေး အခြေအနေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။

စစ်တွေမြို့ အခြေစိုက် တပ်မတော်သား ခြောက်ရာခန့်ကို ယမန်နေ့က ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားသော မောင်တော မြို့နယ်သို့ စေလွှတ်ထားသဖြင့် မြို့ပေါ်၌ လုံခြုံရေး အခြေအနေ အားနည်းမှုကို အခွင့်ကောင်း ယူကာ ယင်းကဲ့သို့ အကြမ်းဖက်မှုများ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“မြို့ထဲမှာ လုံခြုံရေး လုံးဝ မရှိဘူး။ လူတွေက အိမ်ပြင် မထွက်ရဲတော့ဘူး” စစ်တွေမြို့ မြို့မ ဈေးကြီးတွင် ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေသခံ အမျိုးသား တစ်ဦး လက်ရှိအခြေအနေကို သုံးသပ်ပြောဆိုသည်။

ဘင်္ဂါလီ လူမျိုးများ အများစုနေထိုင်ရာ ဘုမေကျေးရွာမှ အင်အား ၃၀၀ ခန့်က ရခိုင် တိုင်းရင်းသား အများစု နေထိုင်ရာ ဓညဝတီ ရပ်ကွက်သို့ ဝင်ရောက် ဖျက်ဆီးရန် ကြိုးစားရာမှ ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းမှုကြောင့် ဆူပူ အကြမ်းဖက်သူများ နောက်ဆုတ် သွားခဲ့သော်လည်း လေယာဉ်ကွင်း အနီးရှိ ဝန်ထမ်းလိုင်းခန်း တစ်ခုကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပါတီဝင် တစ်ဦးက ပြောဆိုသည်။

ယနေ့ည ၈ နာရီ မိနစ် ၃၀ ခန့်ကလည်း စစ်တွေမြို့ရှိ အဓိက လျှပ်စစ်ဓာတ်အား ဖြန့်ဝေနေသော မီးစက်ကြီးကို ဖျက်ဆီးရန် ဘင်္ဂါလီ လူမျိုး အင်အား ၃၀၀ကျော် ရောက်ရှိလာရာ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား ၃၀ ဦးခန့်က တာဝန်ယူ ထိန်းသိမ်းခဲ့ရကြောင်း စစ်တွေမြို့ခံများက ပြောကြားသည်။

“မီးပျက်သွားရင် ပိုဆိုးတော့မယ်။ ခုလည်း တစ်ညလုံး အိပ်လို့ ရတော့မှာ မဟုတ်ဘူး” ဟု စစ်တွေ ဒေသခံ တစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ည ရှစ်နာရီခန့်က မင်းကံရပ်ကွက်ရှိ နေအိမ် သုံးလုံးကို ဘင်္ဂါလီ လူမျိုးများ မီးရှို့ဖျက်ဆီးခဲ့ရာ အမျိုးသမီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ထို့အပြင် ဘင်္ဂါလီလူမျိုးများ၏ အကြမ်းဖက်မှုများကြောင့် စိတ်မထိန်းနိုင်သော ရခိုင် တိုင်ရင်းသား အချို့က လေယာဉ်ကွင်း အနီးရှိ ဗလီတစ်လုံးကို မီးရှို့လိုက်ကြောင်း သိရှိရသည်။

စစ်တွေမြို့၏ လုံခြုံရေး အခြေအနေ စီမံ ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ The Voice Weekly က ယနေ့ည ၉ နာရီခန့်တွင် စစ်တွေရဲစခန်းမှ အကြီးတန်း အရာရှိ တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ဆူပူမှုများ ဖြစ်ပွားနေသည်မှာ မှန်ကန်ကြောင်းနှင့် ရဲတပ်ဖွဲ့ အင်အား တစ်ထောင်ကျော်က လုံခြုံရေး တာဝန်ယူ ဆောင်ရွက်လျှက် ရှိကြောင်း အတည်ပြု ပြောကြားသည်။



From : Hmuu Zaw

ဇွန်လ ၉ ရက်နေ့ နောက်ဆုံးအခြေအနေ တင်ပြချက်

ယနေ့ တွင် စစ်တွေ၌ အုပ်စုအလိုက် ထိပ်တိုက်တွေ့ဆုံသည့် အခြေအနေ အချို့မှ လွဲ၍ အခြေအနေအားလုံး ထိန်းသိမ်းနိုင်သည့် အနေအထားသို့ ရောက်ရှိနေပြီ ဖြစ်ပါသည်။

ပြည်ပ သတင်းမီဒီယာအချှို့တွင် မိမိတို့နိုင်ငံကို ဘာသာရေးအကြောင်းပြု၍ ပစ်ခတ်နှိမ်နင်းသည့် သဘောထားမျိုး ရေးသားနေကြသည်ကိုလည်း တွေ့ရှိ နေရပါသည်။ အချို့ဆိုလျှင် လူနည်းစုများအပေါ် လုံခြုံရေးတပ်ဖွဲ့ဝင်များက ပစ်ခတ်နေကြောင်း ဖော်ပြလျက်ရှိသည်ကိုလည်း တွေ့ရှိရပါသည်၊ ထိုသို့ ရေးသားဖော်ပြနေကြခြင်းသည် မိမိတို့နိုင်ငံအပေါ် နိုင်ငံတကာအသိုင်း အ၀ိုင်းမှလည်းကောင်း၊ အခြားဘာသာဝင်များမှလည်းကောင်း နားလည်မှုလွဲမှားစေနိုင်ပါသည်။
(ထို့ကြောင့် ရရှိထားသော ဓါတ်ပုံမှတ်တမ်းများကို တင်ပြရခြင်း ဖြစ်ပါသည်။ အဖြစ်မှန်ကို သိရှိခြင်းသည် ထင်မြင်ယူဆချက်များ မှန်ကန်ရေးကို အထောက် အကူ ပြုစေမည် ဖြစ်ပါသည်။)

အစိုးရများအနေဖြင့် မိမိနိုင်ငံအတွင်း၌ တည်ငြိမ်အေးချမ်းရေး၊ တရားဥပဒေ စိုးမိုးရေးကို တာဝန်ယူဆောင်ရွက်ရမည် ဖြစ်ပါသည်။ ဖြစ်ပွားခဲ့သော ဖြစ်စဉ် များတွင် မည်သူ မှန်သည်၊ မည်သူမှားသည် ဟူ၍ ရည်ညွှန်းလိုခြင်း မရှိပါ။ အရာရာသည် Rule of Law အရသာ ဖြစ်စေရမည် ဖြစ်ပါသည်။

တစ်ဖန် မိမိတို့နိုင်ငံသည် ယဉ်ကျေးသိမ်မွေ့သော ပြည်သူများ မှီတင်းနေထိုင်သည့် နိုင်ငံတစ်နိုင်ငံ ဖြစ်သည်နှင့်အညီ တရားဥပဒေမဲ့ ဆူပူ အကြမ်းဖက်ခြင်းများ ပြုလုပ်လာသူ မည်သူ့ကို မဆို တရားဥပဒေအရ ဆောင်ရွက်ရမည်သာ ဖြစ်ပါသည်။

ဤနိုင်ငံတွင် ပြဌာန်းထားသော တရားဥပဒေ များ ရှိပါသည်။ ဤနိုင်ငံအတွင်း နေထိုင်ကြကုန်သော နိုင်ငံသား အားလုံးသည် ဤနိုင်ငံ၏ ဥပဒေများအတိုင်းသာ လိုက်နာကြရမည်သာ ဖြစ်ပါသည်။ ယင်းတို့ကို ချိုးဖောက်လာပါက ပြဌာန်းထားသော ဥပဒေများအတိုင်းသာ ဖြစ်စေရမည် ဖြစ်ပါသည်။

ယခုအချိန်တွင် နိုင်ငံတော်အစိုးရအနေဖြင့် အုပ်ချုပ်မှုအခွင့်အာဏာအရ ဆောင်ရွက်ရန်ရှိသော တာဝန်များကို ဆောင်ရွက်လျက် ရှိပါသည်။ မိဘပြည်သူများအားလုံးအနေဖြင့် အရာရာသည် Rule of Law အတိုင်းသာ ဖြစ်ရမည်ကို နားလည်မှု ရှိရှိ ယုံကြည်လက်ခံ၍ နိုင်ငံကြီးသား ကောင်းများပီပီ ဆင်ခြင်လိုက်နာသွားကြရန် လိုအပ်ပါကြောင်း တိုက်တွန်းအပ်ပါသည်။

စစ်တွေ ပဋိပက္ခ အသွင်ဆောင်မှု သေနတ်ပစ်ဖောက် ဟန့်တား

လူမျိုးရေး အသွင်ဆောင်သော ပဋိပက္ခမှုများ ဆက်တိုက်ဖြစ်ပွါးနေသော ရခိုင်ပြည်နယ်ရှိ စစ်တွေမြို့တွင် ယနေ့ညနေ ၅နာရီခန့်က ဘုမေ ရွှာမှ အစ္စလာမ်ဘာသာဝင် ၃၀၀ခန့် ရခိုင်တိုင်းရင်းသားများနေထိုင်သော ဓည၀တီ ရပ်ကွက်များဘက်သို့ ၀င်ရောက်လာ၍ ရပ်ကွက် ဒေသခံများ တားဆီးစဉ် နှစ်ဦးနှစ်ဘက် ပဋိပက္ခ အသွင်ဆောင်လာသောကြောင့် ရဲတပ်ဖွဲ့ဝင်များ ကားငါးစီးဖြင့် ရောက်ရှိလာကာ သေနတ်ပစ်ဖောက် ဟန့်တားခဲ့ရကြောင်း ဒေသခံများထံ ဆက်သွယ် မေးမြန်း ချက်အရ သိရှိရသည်။


မောင်တောဆူပူအကြမ်းဖက်မှုကြောင့် ၇ ဉီးသေဆုံး
မောင်တောမြို့တွင်ဖြစ်ပွားခဲ့သော ဆပူအကြမ်းဖက်မှု့များကြောင့် သေဆုံးသူ ၇ဦးရှိကြောင်းပြန်ကြားရေး ၀န်ကြီးဌာန၏၀က်ဘ်ဆို ဒ်တွင် ယနေ့မွန်းလွဲ ၁နာရီ၃၀မိနစ်က ထုတ်ပြန်ကြေငြာသည်။ ဆူပူအကြမ်းဖက်မှု့များကြောင့် ဒဏ်ရာရသူ ၁၇ဦးရှိပြီးအိမ်ခြေ ၄၉၄ လုံး၊ဈေးဆိုင်၁၉ခန်းနှင့် တည်းခိုခန်းတစ်ခု ပျက်စီးဆုံးရှုံးခဲ့ကြောင်း သတင်းထုတ်ပြန်သည်။

မောင်တောမြို့နယ် ဆူပူမီးရှို့မှုဖြစ်စဉ်တွင် ဆူပူသူများက မောရ၀တီ(နတလ)ကျေးရွာမှ ဗီဒီယိုရုံအား မီးရှို့ဖျက်ဆီးခဲ့သည့်အတွက် ရွာသားများ ရွာမှ ထွက်ပြေးသွား ခဲ့ရကြောင်း၊ မောင်တောမြို့နယ် ရေရင်အေး(နတလ)ကျေးရွာမှ ရွာသားအချို့မှာလည်း ထိတ်လန့် ကြောက် ရွံ့ကြသဖြင့် ခရိုင်ထွေ/အုပ်ရုံးနားရှိ ပရဟိတကျောင်းနှင့် အောင်မြေဗောဓိကျောင်း များသို့ သွားရောက်ခိုလှုံနေရပြီး မြို့ပေါ်ရပ်ကွက်(၁)တွင် လူစုလူဝေး အနည်းငယ် ရှိသဖြင့် ရဲတပ်ရင်းမှ လိုက်လံ ရှင်းလင်းခဲ့ရကြောင်း သိရှိရပါသည်။

ဇွန်လ ၈ ရက် ၁၄၁၀ ချိန် စစ်တွေမြို့ တက္ကသိုလ်ရှေ့ ဘူတာအနီး ရထားသံလမ်း မင်းဂံရပ် ကွက်နှင့် ဘုမေ၀ါယာလစ်ကျေးရွာအကြားတွင် အစ္စလာမ်ဘာသာဝင် (၃၀၀)ခန့်မှ ရထား သံလမ်းကို ကျော်လာပြီး ရခိုင်လူမျိုးများကို လာရောက်ဝိုင်းကြရာ ရခိုင်လူမျိုး(၁၀၀)ခန့်နှင့် တွေ့ဆုံပြီး ခဲ၊ တုတ်များဖြင့် ပစ်ပေါက်ခဲ့ရာ (၄)ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း သိရှိရသည်။

“၁၄ ရွာက ရွာလုံးကျွတ် မီးရှို့ခံလိုက်ရပါတယ်။ ၁၀ ရွာ လောက်ကတော့ အိမ်တချို့ ကျန်ခဲ့တယ်။ တချို့ရွာက မီးခိုးတွေ ထွက်နေတုန်းပဲ၊ ကျမတို့ဘ၀တွေ လုံခြုံမှု မရှိတော့ဘူး။ စားစရာဝယ်ဖို့လဲ အပြင်မထွက်ရဲဘူး” ဟု ဒေသခံအမျိုးသမီး တဦးက ပြောသည်။

စစ်တွေမြို့စွန်ရှိ ဘုမေရွာ၊ နာဇီရွာများမှ ဘင်္ဂါလီများသည် စစ်တွေမြို့အတွင်း ၀င်ရောက်ရန်ကြိုး ပမ်းနေသဖြင့် စစ်တွေမြို့မလမ်းတစ်လျှောက်နှင့် လောကနန္နာ ဘုရားအနီးတစ်ဝိုက်တွင် မှာ မြို့ခံများ စုဝေးနေပြီးဘင်္ဂါလီလူမျိုးများ စစ်တွေမြို့ တွင်းဝင်ရောက် ရန်ကြိုးပမ်းနေ သည်ကိုရဲ များတပ်မတော်သား များကမ ၀င်ရောက် နိုင်အောင် ထိန်းနေသော် လည်းလုံခြုံရေး အင်အားနည်းပါးလျှက်ရှိ ကြောင်း သိရသည်။

ရခိုင်တိုင်းရင်းသား သံဃာတော်အချို့ ဦးဆောင်သော ရခိုင်တိုင်းရင်းသား ၅၀၀ကျော် ပါဝင်သည့် လူစုလူဝေးသည် ယခုအခါ ရွှေတိဂုံဘုရားကို လက်ယာရစ်သုံးပတ် ပတ်ကာ ဗုဒ္ဒဟူးထောင့်တွင် ဆုတောင်းနေကြကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။


မောင်တောမြို့သို့ ကာကွယ်ရေးဝန်ကြီးရောက်ရှိနေကြောင်း မောတောမြို့ နယ်အုပ်ချုပ်ရေးမှူးက 7DayNews သို့ပြောသည်။

ဘူးသီးတောင်- မောင်တောဒေသရှိအချို့နေရာများတွင် နေထိုင်သည့်ပြည်သူအယောက်၅၀၀ခန့်အဆက်အသွယ်မရရှိဘဲပျောက်ဆုံးလျှက်ရှိကြောင်း စစ်တွေမြို့ရှိ7DayNewsသတင်းထောက်ကပေးပို့သည်။ ပျာက်ဆုံးသည့်ပြည် သူများတွင် ယင်းဒေသကျေးရွာများသို့ သွားရောက်တာဝန် ထမ်းဆောင်နေကြသောပညာရေး ၀န်ထမ်းများ၊ကျန်းမာရေး ၀န်ထမ်းများပါ ၀င်ကြောင်း သိရသည်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်တိုင်းရင်းသားများကို ဘင်္ဂလားဒေ့ရှ်အစိုးရမှလုံခြုံရေးယူပေးထားကြောင်းဘင်္ဂလားတွင်ရောက် ရှိနေသည့် ရခိုင်အမျိုးသားကိုနိုင်နိုင်က ပြောသည်။

စစ်တွေမြို့၊ လေယာဉ်ကွင်းလမ်းမတွင် ဘင်္ဂါလီတစ်ဦးကမိမိနေအိမ်ကိုမီးပြန်ရှို့သဖြင့်မီးသတ်ကား များလာရောက်ငြိမ်းသတ်ခဲ့ ရကြောင်း သိရသည်။ အဆိုပါမီးလောင်ကျွမ်းသည့်နေအိမ်အနီးတွင်ရခိုင်လူမျိုးများနေထိုင်သည့် အိမ်များရှိသည်ဟု စစ်တွေမြို့ရှိ သတင်းထောက်က ပေးပို့သည်။ယခုတွင် စစ်တွေမြို့လမ်းများပေါ်တွင် ရခိုင်လူမျိုးများ စုရုံးလျှက်ရှိပြီး နာဇီ၊ ဘုမေ၊ ကသဲရွာများမှဘင်္ဂါလီများမှာမိမိတို့ကျေးရွာများအတွင်းတွင် ပင် ရှိနေကြကြောင်း သိရသည်။



ဘူးသီးတောင်မြို့နယ်တွင် ရခိုင်ပြည်နယ်နှင့် ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ သပိတ်တောင်ကျေးရွာနှင့် အာကာပြင်ကျေးရွာတို့မှရခိုင်တိုင်းရင်းသားများကို ယနေ့နံနက်ပိုင်းကစတင်ကာ စက်လှေ ၃ စင်းနှင့် ခေါက်ပြန် သယ်ယူကယ် ဆယ်နေကြောင်း ဘူးသီးတောင်တွင်ကယ်ဆယ်ရေးလုပ်ငန်းလုပ်ဆောင်နေသူ ဒေသခံက ပြော ကြားသည်။ ယင်းသို့ကယ်ဆယ်နေ ရာတွင် ယနေ့ မွန်းလွဲ ၁ နာရီတွင်ရရှိသောသတင်းများအရ ဘူးသီးတောင် အ.လ.က ၁ ကယ်ဆယ်ရေးစခန်းတွင် ရခိုင်တိုင်းရင်သားအယောက် ၁၀၀ ကျော်ရှိပြီဖြစ်ကြောင်းသိရသည်။

မောင်တောတွင်ကယ်ဆယ်ရေးစခန်း ၃ ခုဖွင့်

မောင်တောမြို့နယ်တွင် ကယ်ဆယ်ရေးစခန်း ၃ ခုဖွင့်လှစ်ကာကူညီစောင့်ရှာက် မှုပေးလျက်ရှိပြီး ဆေးဝန်ထမ်းများလည်း ရောက်ရှိကာ ကျန်းမာရေးစောက်ရှောက် မှုပေးလျက်ရှိကြောင်း ပြန်ကြားရေး ၀န်ကြီးဌာနက နာရီပိုင်းအတွင်းက သတင်းထုတ်ပြန်လိုက်သည်။

မောင်တောမြို့နယ်၌ဖြစ်ပွားလျက်ရှိသော ဆူပူအကြမ်းဖက်မှုများကို ယနေ့နံနက်ပိုင်းမှ စတင်ကာတည်ငြိမ်းအေး ချမ်းသွားပြီဖြစ်ကြောင်းလည်း ဖော် ပြထားသည်။ ဒေသအတွင်း တရားဥပဒေစိုးမိုးရေး ထိန်းသိမ်းဆောင် ရွက်ရန်အတွက် ကာကွယ်ရေးဌာန၀န်ကြီး၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ်၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်တိုင်းမှုး လူမှုဝန်ထမ်းကယ် ဆယ်ရေးနှင့်ပြန်လည်နေရာ ချထားရေးဝန်ကြီးဌာန ဒုတိယ ၀န်ကြီးတို့မောင်တောမြို့သို့ရောက်ရှိကွပ်ကဲလျက်ရှိကြောင်း သိရသည်။

ရခိုင်ပြည်နယ် မောင်တောဒေသတွင် လုံခြုံရေးအင်အားနည်းနေပြီး ညမထွက်ရအမိန့် ထုတ်ပြန်ခြင်းမရှိသေးသည့်အပေါ် လူနည်းစုဒေသခံများ စိုးရိမ်လျက်ရှိကြောင်း ရခိုင်ဖွံ့ဖြိုးတိုးတက်ရေးပါတီ(မောင်တော) ဥက္ကဋ္ဌက ပြောသည်။

ယင်းဒေသတွင် ရခိုင်လူမျိုး နှစ်သောင်းကျော်၊ ဗမာနှင့် အခြားတိုင်းရင်းသား နှစ်သောင်းခန့်နှင့် ဘင်္ဂါလီ လေးသိန်းခြောက်သောင်းခန့ရှိသည်ဟု ၎င်းက ဆိုသည်။

“လုံထိန်း၊ စစ်တပ်နဲ့ ရဲက နှစ်ရာလောက်ပဲရှိတာ။ အခုလောလောဆယ် ရွာနှစ်ရွာစီက အိမ် လေးအိမ်စီ မီးရှို့ခံထားရပြီးပြီ။ ရခိုင်လူမျိုး ဆယ်ယောက် ဒဏ်ရာရထားတယ်။ လုံခြုံရေးထပ်တောင်းထားတယ်။ ရောက်မလာသေးဘူး။ ဒီညအတွက် စိတ်ပူနေကြတယ်” ဟု ၎င်းက ဆိုသည်။

အစွန်းရောက် ရိုဟင်ဂျာအချို့၏ စနစ်တကျ ထိုးဖောက်မှုကြောင့် ပြည်ပအခြေစိုက် သတင်းမီဒီယာများ အမှန်အတိုင်း ရေးသားဖော်ပြရန် ခက်ခဲနေဟုဆို

အစွန်းရောက် ရိုဟင်ဂျာအဖွဲ့ အစည်းအချို့သည် ပြည်ပသတင်းမီ ဒီယာများတွင် စနစ်တကျ ထိုးဖောက် ဝါဒဖြန့်ချိမှုများပြုလုပ်ထားမှုကြောင့် ပြည်ပအခြေစိုက် သတင်းမီဒီယာ အချို့အနေဖြင့် အမှန်အတိုင်း ဖော် ထုတ်ရေးသားရန်ခက်ခဲနေပြီး ရိုဟင် ဂျာလူမျိုးများဘက်သို့ အသားပေး ဖော်ပြမှုများရှိခဲ့ကြောင်း ပြည်ပ သတင်းဌာနတွင် လုပ်ကိုင်နေသည့် ဝါရင့်သတင်းထောက်တစ်ဦးကပြော သည်။ နိုင်ငံတကာမီဒီယာများ၊ NGO အဖွဲ့အစည်း များအထိထိုးဖောက်ဝင် ရောက်ထား မှုများကြောင့် ရိုဟင်ဂျာပြဿနာနှင့် ပတ်သက်၍ အဖြစ်မှန်ဖော် ထုတ်ရာ ၌ ခက်ခဲနေရပြီး၊ ပြည်ပသတင်းဌာန များတွင် လုပ်ကိုင်နေသူများ အနေ ဖြင့်လည်း ရိုဟင်ဂျာကိစ္စအမှန်အတိုင်း တင်ပြပြောဆိုရန် အခက်အခဲ များရှိ နေကြောင်း ၄င်းက ပြောသည်။ အခြေအနေမှန်ကိုမသိရတော့ ဆောင် ရွက်လာမယ့် အရေးယူမှုတွေက လည်း တလွဲတချော်တွေ ဖြစ်လာ နိုင်တယ်။ တုန့်ပြန်မှုတွေကလည်း တလွဲဖြစ်လာနိုင်တယ်'' ဟု ၄င်းက ဆက်လက်ပြောသည်။

ရိုဟင်ဂျာအဖွဲ့အစည်းများ၏ အစွန်းရောက်ဝါဒဖြန့်ချိရေးသမားများ သည် ပြည်ပနိုင်ငံများတွင် အခြေ စိုက်ထားသည့် မီဒီယာများအပေါ် တွင် သြဇာလွှမ်းမှုရှိပြီး အရေးကြီး သည့်နေရာများတွင် ထိုးဖောက်စည်း ရုံးထားမှုများ ရှိနေကြောင်း ၄င်းက ဆိုသည်။

ပြည်ပမီဒီယာများ၌ ရိုဟင် ဂျာသတင်းရေးသားဖော်ပြမှုများနှင့် ပတ်သက်၍ ''ကျွန်တော်တို့ ပြည် တွင်းမီဒီယာသမားတွေလည်း ရေး သားဖော်ပြနေတာပဲလေ။ သတင်း အမှန်ဖြစ်အောင်၊ မဖြစ်သင့်တာမဖြစ် အောင် ပြည်သူတွေသိအောင်လို့ ဖော် ပြပေးရမှာပဲ။ ဒါက ကျွန်တော်တို့ သွားနေတဲ့လမ်းကြောင်းပါ။ ရိုဟင် ဂျာနဲ့ ပတ်သက်ပြီး ကျွန်တော်တို့ရေး သားဖော်ပြထားတဲ့ သတင်းစာမျက် နှာတွေကိုကြည့်ရင် သိနိုင်ပါတယ်'' ဟု Weekly Eleven ဂျာနယ်မှ တာဝန်ခံအယ် ဒီတာ ကိုဝေဖြိုးက ပြောသည်


သတင်းမှားဖော်ပြ နေသော ဘီဘီစီ အား တောင်းပန်ရန် ဆန္ဒပြနေပုံ

အကြမ်းဖက် တိုက်ခိုက်မှု ဖြစ်ပွားခဲ့သည့် ရခိုင်ပြည်နယ် မောင်တောမြို့နယ်သို့ ယနေ့ ရောက်ရှိလာသည့် ကာကွယ်ရေး ဝန်ကြီး ဒု-ဗိုလ်ချုပ်ကြီး လှမင်းက နယ်မြေလုံခြုံရေး တပ်မတော်က ကာကွယ်ပေးထားပြီဖြစ်၍ ပူပန်စရာ မလိုတော့ကြောင်း ဒေသခံ တိုင်းရင်းသားများကို ကတိပေးပြောဆို သွားသည်။

ယမန်နေ့က ဆူပူအကြမ်းဖက်သူများက မောင်တော မြို့ပေါ်နှင့် မြို့နယ်အတွင်းရှိ ရခိုင်နှင့် အခြားတိုင်းရင်းသားများ၏ ကျေးရွာ ၂၀ ခန့်နှင့် မြို့ပေါ်ရှိအဆောက်အဦးအချို့ မီးရှို့ဖျက်ဆီးခြင်းခံခဲ့ရပြီး မြို့ခံရဲများက တားဆီးနေသည့်ကြားမှ ရခိုင်နှင့် အခြားတိုင်းရင်းသား ၅ ဦးထက်မက သတ်ဖြတ်ခြင်းများ ကျူးလွန်ခဲ့ကြသည်။

မွတ်ဆလင် အများစုနေထိုင်သော ယင်းဒေသတွင် လူနည်းစုဖြစ်သော တိုင်းရင်းသားများမှာ အိုးအိမ်ပျက်ဆီးမှု၊ အသက်အန္တရာယ် စိုးရွံ့မှုများကြောင့် မြို့ပေါ်ရှိ ဗုဒ္ဓဘာသာ ဘုန်းကြီးကျောင်းများ၊ စာသင်ကျောင်းနှင့် အစိုးရ အဆောက်အဦး တို့တွင် ခိုလှုံနေကြပြီး ထိုဒုက္ခသည်များကို ဒူ-ဗိုလ်ချုပ်ကြီးလှမင်းဦးဆောင်သော အစိုးရအဖွဲ့ဝင်များက ယနေ့ လာရောက်တွေ့ဆုံ အားပေးခဲ့ကြောင်း သိရသည်။

“လုံခြုံရေးတွေကို အကောင်းဆုံး ဖြစ်အောင် ဆောင်ရွက်ပေးမယ်။ နောက်ထပ် ဒီလိုမျိုး မဖြစ်အောင်လို့ လုံထိန်းအင်အား၊ တပ်အင်အားတွေကို မြှင့်တင်ပေးမယ်ပေါ့။ ဒီလူတွေ အတွက်လည်း မပူနဲ့ စားစရာ သောက်စရာတွေလည်း ပေးမယ်လို့ ဗိုလ်ချုပ်လှမင်းက ပြောသွားတယ်” ဟု မောင်တောရှိ အလိုတော်ပြည့်ကျောင်း ဆရာတော် တပါးက မိန့်ကြားသည်။

ဆရာတော်က ထပ်ပြီး “ကြောက်လန့်နေတဲ့လူတွေကိုလည်း အားပေးတယ်။ မီးလောင် ဆုံးရှုံးသွား တဲ့အိမ်တွေ ပြန်စရာမရှိလို့ လောလောဆယ် ဘုန်းကြီး ကျောင်းမှာ ခေတ္တခဏ နေထိုင်ပြီးတော့ အတတ်နိုင်ဆုံး အကောင်းဆုံးဖြစ်အောင် အိမ်တွေဆောက် ပေးမယ် ပြောတယ်” ဟု ဆက်ပြောသည်။

အကြမ်းဖက်သူများ ဝင်ရောက်တိုက်ခိုက်စဉ် အနီးအနားရှိ တောတောင်များအတွင်း ထွက်ပြေးပုန်းရှောင်ခဲ့ကြသော ဒေသခံ တိုင်းရင်းသားများကို အစိုးရတပ်များမှ ဦဆောင်ကာ လိုက်လံ ကယ်ဆယ်လျက်ရှိပြီး မြို့ပေါ်ရှိ အလိုတော်ပြည့်ကျောင်း၊ ဗဟိုကျောင်းနှင့် အောင်မြေဗောဓိကျောင်း အပါအဝင် စာသင်ကျောင်းနှင့် အစိုးရ အဆောက်အဦး အချို့တွင် ကယ်ဆယ်ထားပြီး အလိုတော်ပြည့် ကျောင်းတခု တည်းတွင်ပင် ၄၀၀ ကျော်ရှိနေသည်။

အဆိုပါကယ်ဆယ်ရေးစခန်းများသို့ ကာကွယ်ရေးဝန်ကြီးနှင့်အတူ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာချထားရေး ဒုတိယ ဝန်ကြီး ဦးဘုန်းဆွေ၊ ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးလှမောင်တင်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူး ဗိုလ်မှူးချုပ် ကိုကိုနိုင်တို့ လာရောက်ပြီး အားပေးနှစ်သိမ့်ခဲ့ကြကြောင်း ဒုက္ခသည်များက ပြောသည်။

ကြောက်လန့်ပြီး ထွက်ပြေးနေသော တိုင်းရင်းသားများကို ရှာဖွေကယ်ဆယ်ရန်နှင့် ကယ်ဆယ် ထားသူများကို ပြန်လည်နေရာချထားရေးများ လုပ်ဆောင်ရန်အတွက် နေပြည်တော်က ညွှန်ကြားမှုဖြင့် နယ်စပ်ဒေသ လူဝင်မှု စစ်ဆေးရေးနှင့် ကွပ်ကဲမှု ဌာနချုပ် မှ ဗိုလ်မှူးကြီးအောင်ကြီးကို တာဝန်ပေးအပ်ထားကြောင်းသိရသည်။

ထို့အတူ တည်ငြိမ်အေးချမ်းရေး၊ ကယ်ဆယ်ရေးနှင့် ပြန်လည်ထူထောင်ရေး ဆိုင်ရာ ကြီးကြပ်ရေးအဖွဲ့ ကို ဗိုလ်မှူးကြီး အောင်ကြီး ဦးဆောင်သော ၇ ဦးအဖွဲ့ကို ဖွဲ့စည်းတာဝန်ပေးအပ်လိုက်ကြောင်း ယနေ့မွန်းလွဲပိုင်းတွင် ထုတ်ပြန်လိုက်သော နိုင်ငံတော် သမ္မတရုံး၏ ထုတ်ပြန်ချက်ကလည်း ဆိုသည်။

“ဦးဇင်းတို့ မြို့ပေါ်မှာလည်း စစ်တပ်က လုံခြုံရေးယူထားပေးပါတယ်။ နောက် နယ်တွေဘက်မှာရော၊ မီးရှို့ဖျက်ဆီးခံရတဲ့ ရွာတွေဘက်မှာရော ဘာမှမဖြစ်သေးတဲ့နေရာတွေမှာရော အကုန် လုံခြုံရေးယူပေးထားတယ်။ အခြေအနေတွေကတော့ ငြိမ်သက်သွားပြီဆိုပေမယ့် လူတွေက သွေးလန့်နေကြတယ်” ဟု အလိုတော်ပြည့်ကျောင်း ဆရာတော်က မိန့်ကြားသည်။

ယမန်နေ့မွန်းလွဲပိုင်းမှ စပြီး ယနေ့နံနက် ၅ နာရီထိ မောင်းတောမြို့နယ်အတွင်း ရခိုင်နှင့် အခြား တိုင်းရင်း သားများ နေထိုင်သည့် အိုးအိမ်နှင့် လုပ်ငန်းများကို အကြမ်းဖက်သူများက ဖျက်ဆီးခဲ့ကြရာတွင် ကျေးရွာ ၁၇ ရွာ လုံးဝပြာကျပျက်စီးခဲ့ပြီး တချို့ရွာများလည်း မီးရှို့ခံခဲ့ရသေးသည်။

ရွာလုံးကျွတ်မီးရှို့ အကြမ်းဖက်ခံခဲ့ရသော ကျေးရွာခံများ အလိုတော်ပြည့်ကျောင်းကို ရောက်ရှိပြီး ဒဏ်ရာများနှင့် မောင်တောဆေးရုံမပို့ဆောင်မီ ဧရာဝတီက ဆက်သွယ်မေးမြန်းခွင့်ရခဲ့သည်။

“ကျမတို့ကလည်း အစက အစိုးရလုံခြုံရေး လာမယ်ဆိုပြီးစောင့်နေပါတယ်။ ဘာမှ မလုပ်ဘူး အထင်နဲ့နေခဲ့တာ သူတို့က အုပ်စုလိုက်ကြီး ဝင်လာပြီး ကျမတို့ကို ဝိုင်းပြီး ခုတ်တာ တရွာလုံးကို၊ ဘုန်းကြီးကျောင်းက စပြီး တရွာလုံးမီးရှို့တယ်။ ပြေးတဲ့လူတွေကို နောက်ကလိုက်ပြီးဓားနဲ့ခုတ်ပါတယ်။ ကျောင်းဆရာ တယောက်နဲ့ သုံးယောက်ပွဲချင်းပြီး ဆုံးသွားပါတယ်” ဟု ဒဏ်ရာများရရှိနေသော ရခိုင်အမျိုးသမီး တဦးက ပြောသည်။

၎င်းကိုယ်တိုင် လက်နှင့် ပုခုံးများတွင် ဒဏ်ရာများရရှိခဲ့ပြီး ဖခင်ဖြစ်သူလည်း ချိန်းကြိုးဖြင့် ရိုက်ခံထားရသဖြင့် ဆေးရုံတင်လိုက်ရသည်။ အကြမ်းဖက်သူများသည် နယ်မြေခံများသာမက မျက်နှာစိမ်း လူများကိုပါတွေ့ရကြောင်း ထိုသူများက အတင်းဝင်ရောက်၍ ပစ္စည်းများလုယက်ခြင်း အသက်ရန်ရှာခြင်းများ ပြုလုပ်ကြောင်း သူကဆက်ပြောသည်။

ပုန်းအောင်းနေရာမှ လွတ်မြောက်လာသည့် အခြား အမျိုးသမီးတဦးကလည်း “ကျမတို့က တောထဲမှာ ကုလားတွေ ရှာမတွေ့အောင်ပုန်းနေရတာ၊ သူတို့ကတွေ့ရင် သတ်မှာ၊ ဒီမနက် မီးလောင်တဲ့နေရာတွေမှာ စစ်တပ်တွေရောက်လာတာ နေရာယူတာတွေတော့ အားရှိသွားတယ်။ အဲဒါနဲ့ တောထဲကနေ ပြေးထွက်ပြီးတော့ အကူအညီ တောင်းတယ်။ တပ်က ကျမတို့ တဖွဲ့လုံးကို ကယ်လာတာ” ဟု ဧရာဝတီသို့ ပြောသည်။

လတ်တလော အစိုးရက နယ်မြေအေးချမ်းလုံခြုံရေးအတွက် ညမထွက်ရအမိန့် ပုဒ်မ ၁၄၄ ကိုထုတ်ပြန်ထားသည်။ အစိုးရတပ်များ နေရာအနှံ့ လုံခြုံရေးယူပေးထားသည်ကို တွေ့ရပြီး အကြမ်းဖက်သူများ ထပ်မံထွက်လာခြင်းကို မတွေ့ရဟု ဒေသခံများကပြောသည်။

မတည်မငြိမ်ဖြစ်နေသော မောင်တောမြို့တွင် မြို့ခံ ရခိုင်များအပါအဝင် တခြား တိုင်းရင်းသားများနှင့်အတူ အစိုးရရုံးဝန်ထမ်းများ၊ လူမှုကူညီရေးအသင်းအဖွဲ့များ၊ NGO အဖွဲ့များသည် မောင်တောမြို့ပေါ်ရှိ ဘုန်းကြီးကျောင်းများတွင် သွားရောက်ခိုလှုံနေရကြောင်း၊ မြန်မာအစိုးရက လုံခြုံရေးတာဝန်ယူ ဆောင်ရွက်ပေးနေသော်လည်း မောင်တောမြို့၏ မြို့စွန်နေရာများတွင် နေထိုင်သော အနည်းစု မြန်မာတိုင်းရင်းသားများမှာလည်း လုံခြုံရေးစိုးရိမ်နေရကြောင်း သိရှိရသည်။


ယခု ည ကိုးနာရီတိတိတွင် စစ်တွေမြို့၌ သံချောင်းခေါက်သံများဆူညံနေပြီး မီးသတ်ကားများမှာ အစ္စလမ်ဘာသာဝင် ဘင်္ဂါလီလူမျိုးများနေထိုင်ရာကျေးရွာနှင့် ရခိုင်လူမျိုးများနေထိုင်ရာ ကျေးရွာအစပ်ဖက်သို့ ထွက်ခွာသွားသည်ကို တွေ့ရကြောင်း စစ်တွေမြို့ရှိ 7Day News သတင်းထောက်က ပေးပို့သည်။ စစ်တွေမြို.ပေါ်ရှိ လောကနန္ဒာစေတီအနီးတွင် ရခိုင်တိုင်းရင်းသားများက သံချောင်းများခေါက်ကာ စုစည်းနေကြရန်သတိပေးနေခြင်းဖြစ်သည်။

Myanmar Express

ဘကြီးသက်
Unknown at 11:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

စစ်တွေတွင် ဆူပူ အကြမ်းဖက်မှုများ စတင်ဖြစ်ပွား၊ လုံခြုံရေး အခြေအနေ စိုးရိမ် ရေမှတ် ရောက်ရှိ


ဓါတ်ပုံ (facebook)
ရန်ကုန်၊ ဇွန် ၉

ရခိုင်ပြည်နယ် မောင်တောမြို့နယ်တွင် ဖြစ်ပွားခဲ့သည့် ဆူပူ အကြမ်းဖက်မှုများမှာ စစ်တွေမြို့သို ကူးစက်လာခဲ့ပြီး ဘုမေ ကျေးရွာမှ အစ္စလာမ် ဘာသာဝင်များက ယနေ့ညနေပိုင်းတွင် ရခိုင် တိုင်းရင်းသား အများစု နေထိုင်ရာ ဓညဝတီ ရပ်ကွက်သို့ ဝင်ရောက် အကြမ်းဖက် ဖျက်ဆီးရန် ကြိုးစားခဲ့ရာမှ လုံခြုံရေး အခြေအနေ စိုးရိမ်ရေအမှတ်သို့ ရောက်ရှိခဲ့ကြောင်း မြို့ခံများထံမှ သိရှိရသည်။

စစ်တွေမြို့ အခြေစိုက် တပ်မတော်သား ခြောက်ရာခန့်ကို ယမန်နေ့က ဆူပူ အကြမ်းဖက်မှုများ ဖြစ်ပွားသော မောင်တော မြို့နယ်သို့ စေလွှတ်ထားသဖြင့် မြို့ပေါ်၌ လုံခြုံရေး အခြေအနေ အားနည်းမှုကို အခွင့်ကောင်း ယူကာ ယင်းကဲ့သို့ အကြမ်းဖက်မှုများ စတင် ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံများက ပြောကြားသည်။

“မြို့ထဲမှာ လုံခြုံရေး လုံးဝ မရှိဘူး။ လူတွေက အိမ်ပြင် မထွက်ရဲတော့ဘူး” စစ်တွေမြို့ မြို့မ ဈေးကြီးတွင် ကုန်စုံဆိုင် ဖွင့်လှစ်ရောင်းချသူ ဒေသခံ အမျိုးသား တစ်ဦး လက်ရှိအခြေအနေကို သုံးသပ်ပြောဆိုသည်။

အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ လူမျိုးများ အများစုနေထိုင်ရာ ဘုမေကျေးရွာမှ အင်အား ၃၀၀ ခန့်က ရခိုင် တိုင်းရင်းသား အများစု နေထိုင်ရာ ဓညဝတီ ရပ်ကွက်သို့ ဝင်ရောက် ဖျက်ဆီးရန် ကြိုးစားရာမှ ပဋိပက္ခများ စတင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ပြီး ရဲတပ်ဖွဲ့က ဝင်ရောက် ထိန်းသိမ်းမှုကြောင့် ဆူပူ အကြမ်းဖက်သူများ နောက်ဆုတ် သွားခဲ့သော်လည်း လေယာဉ်ကွင်း အနီးရှိ ဝန်ထမ်းလိုင်းခန်း တစ်ခုကို မီးရှို့ဖျက်ဆီး ခဲ့ကြောင်း ရခိုင် တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ ပါတီဝင် တစ်ဦးက ပြောဆိုသည်။

ယနေ့ည ၈ နာရီ မိနစ် ၃၀ ခန့်ကလည်း စစ်တွေမြို့ရှိ အဓိက လျှပ်စစ်ဓာတ်အား ဖြန့်ဝေနေသော မီးစက်ကြီးကို ဖျက်ဆီးရန် အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ လူမျိုး အင်အား ၃၀၀ကျော် ရောက်ရှိလာရာ လုံခြုံရေး တပ်ဖွဲ့ဝင် အင်အား ၃၀ ဦးခန့်က တာဝန်ယူ ထိန်းသိမ်းခဲ့ရကြောင်း စစ်တွေမြို့ခံများက ပြောကြားသည်။

“မီးပျက်သွားရင် ပိုဆိုးတော့မယ်။ ခုလည်း တစ်ညလုံး အိပ်လို့ ရတော့မှာ မဟုတ်ဘူး” ဟု စစ်တွေ ဒေသခံ တစ်ဦးက ပြောဆိုသည်။

အလားတူ ယနေ့ည ရှစ်နာရီခန့်က မင်းကံရပ်ကွက်ရှိ နေအိမ် သုံးလုံးကို အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီ လူမျိုးများ မီးရှို့ဖျက်ဆီးခဲ့ရာ အမျိုးသမီး နှစ်ဦး ဒဏ်ရာ ရရှိခဲ့ကြောင်း ဒေသခံများက The Voice Weekly သို့ ဆက်သွယ် ပြောကြားသည်။

ထို့အပြင် အစ္စလာမ် ဘာသာဝင် ဘင်္ဂါလီလူမျိုးများ၏ အကြမ်းဖက်မှုများကြောင့် စိတ်မထိန်းနိုင်သော ရခိုင် တိုင်ရင်းသား အချို့က လေယာဉ်ကွင်း အနီးရှိ ဗလီတစ်လုံးကို မီးရှို့လိုက်ကြောင်း သိရှိရသည်။

စစ်တွေမြို့၏ လုံခြုံရေး အခြေအနေ စီမံ ဆောင်ရွက်ထားမှုနှင့် ပတ်သက်၍ The Voice Weekly က ယနေ့ည ၉ နာရီခန့်တွင် စစ်တွေရဲစခန်းမှ အကြီးတန်း အရာရှိ တစ်ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ဆူပူမှုများ ဖြစ်ပွားနေသည်မှာ မှန်ကန်ကြောင်းနှင့် ရဲတပ်ဖွဲ့ အင်အား တစ်ထောင်ကျော်က လုံခြုံရေး တာဝန်ယူ ဆောင်ရွက်လျှက် ရှိကြောင်း အတည်ပြု ပြောကြားသည်။

The Voice Weekly
ဘကြီးသက်
Unknown at 10:32 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘင်္ဂါလီတစ်ဦးကမိမိနေအိမ်ကိုမီးပြန်ရှို့သဖြင့်မီးသတ်ကား များလာရောက်ငြိမ်းသတ်ခဲ့ ရ

ဓာတ်ပုံ-စစ်တွေမြို့ခံတစ်ဦး
7Day News Journal
Update 8.08 PM : ဘူးသီးတောင်- မောင်တောဒေသရှိအချို့နေရာများတွင် နေထိုင်သည့်ပြည်သူအယောက်၅၀၀ခန့်အဆက်အသွယ်မရရှိဘဲပျောက်ဆုံးလျှက်ရှိကြောင်း စစ်တွေမြို့ရှိ7DayNewsသတင်းထောက်ကပေးပို့သည်။
ပျောက်ဆုံးသည့်ပြည်သူများတွင်ယင်းဒေသကျေးရွာများသို့သွားရောက်တာဝန်ထမ်းဆောင်နေကြသောပညာရေးဝန်ထမ်းများ၊ကျန်းမာရေးဝန်ထမ်းများပါဝင်ကြောင်းသိရသည်။
ဘင်္ဂလားဒေ့ရှ်နိုင်ငံတွင် ရောက်ရှိနေကြသော ရခိုင်တိုင်းရင်းသားများကို ဘင်္ဂလားဒေ့ရှ်အစိုးရမှလုံခြုံရေးယူပေးထားကြောင်းဘင်္ဂလားတွင်ရောက် ရှိနေသည့် ရခိုင်အမျိုးသားကိုနိုင်နိုင်က ပြောသည်။

7Day News Journal

Update 8:00 PM : စစ်တွေမြို့၊ လေယာဉ်ကွင်းလမ်းမတွင် ဘင်္ဂါလီတစ်ဦးကမိမိနေအိမ်ကိုမီးပြန်ရှို့သဖြင့်မီးသတ်ကား များလာရောက်ငြိမ်းသတ်ခဲ့ ရကြောင်း သိရသည်။ အဆိုပါမီးလောင်ကျွမ်းသည့်နေအိမ်အနီးတွင်ရခိုင်လူမျိုးများနေထိုင်သည့် အိမ်များရှိသည်ဟု စစ်တွေမြို့ရှိ သတင်းထောက်က ပေးပို့သည်။ယခုတွင် စစ်တွေမြို့လမ်းများပေါ်တွင် ရခိုင်လူမျိုးများ စုရုံးလျှက်ရှိပြီး နာဇီ၊ ဘုမေ၊ ကသဲရွာများမှဘင်္ဂါလီများမှာမိမိတို့ကျေးရွာများအတွင်းတွင် ပင် ရှိနေကြကြောင်း သိရသည်။

7Day News Journal

စစ်တွေမြို့စွန်ရှိ ဘုမေရွာ၊ နာဇီရွာများမှ ဘင်္ဂါလီများသည် စစ်တွေမြို့အတွင်းသို့ဝင်ရောက်ရန်ကြိုး ပမ်းနေသဖြင့် စစ်တွေမြို့မ လမ်းတစ်လျှောက်နှင့် လောကနန္နာဘုရာအနီးတစ်ဝိုက်တွင် မှာ မြို့ခံများ စုဝေးနေပြီးဘင်္ဂါလီလူမျိုးများစစ်တွေမြို့တွင်းဝင်ရောက်ရန်ကြိုးပမ်းနေသည်ကိုရဲများတပ်မတော်သားများကမ၀င်ရောက်နိုင်အောင်ထိန်းနေသော်လည်းလုံခြုံရေးအင်အားနည်းပါးလျှက်ရှိ ကြောင်း လုံခြုံရေးအင်အားတိုးမြှင့်ရန် သက်ဆိုင်ရာသို့ပြောကြားထားသည်ဟု တာဝန်ထမ်းဆောင်လျှက်ရှိသော ဒုရဲအုပ်တစ်ဦးကပြောကြားသည်ဟုစစ်တွေမြို့မှသတင်းထောက်ကသတင်းပေးပို့သည်။
သစ်ထူးလွင်
ဘကြီးသက်
Unknown at 9:44 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထိတ်လန့် တုန်လှုပ်ဖွယ်ရာ မောင်တော အကြမ်းဖက်မှု မှတ်တမ်းဓါတ်ပုံများ (နောက်ဆုံးရဓါတ်ပုံ)



 ဇွန်လ ၈ ရက်နေ့ မောင်တောမြို့နယ် မှတ်တမ်းဓါတ်ပုံများ

ဓါတ်ပုံ ( Hmuu Zaw - Facebook)

ထိတ်လန့် တုန်လှုပ်ဖွယ်ရာ မောင်တော အကြမ်းဖက်မှု မှတ်တမ်းဓါတ်ပုံများ (နောက်ဆုံးရဓါတ်ပုံ)











ဘကြီးသက်
Unknown at 9:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

8-6-2012 နေ့ စစ်တွေတွင် ကုလားများတိုက်ခိုက်ခံရသူများ . .







 ယမန်နေ့(၈-၆-၂၀၁၂) ညနေ (၃)နာရီခန့်အချိန် စစ်တွေမြို့မှ မှန်စီသုသာန်သို့ အသုဘချပြီး ပြန်လာသော ယာဉ်တန်းများကို ကားလမ်းဘေးရှိ ဘင်္ဂလီကုလားရွာများမှ အကြမ်းဖက် တိုက်ခိုက်မှုကြောင့် ဒါဏ်ရာရသူများ ရှိကြောင်းသိရှိရသည်။ ထိုအချိန်တွင် ကားပေါ်မှ အော်ဟစ်ဆူညံသံများကြားသောအခါ မင်းဂံကျေးရွာရှိ ရခိုင်အမျိုးသားများမှ ရွာပြင်ဖက်သို့ထွက်ကြည့်ရာတွင် ဘုမေကျေးရွာအုပ်စု ၀ါယာလိတ်ရွာနှင့် လက်သမားရွာရှိ အိစ္စလာမ်ဘာသာဝင် ကုလားများဝတ်ပြုရာ ဗလီအတွင်းမှာ လူနှစ်ရာခန့် ထွက်လာပြီး မင်းဂံ ရွာအနီး ရထားလမ်းဘေးတွင် နေထိုင်သူ ဖော်ပြပါ ဓာတ်ပုံပါ ခြောက်ဦးအား လေးဂွ တုတ်ပုလင်းများ၊ ခဲများဖြင့် တိုက်ခိုက်မှုကြောင့် ဒါဏ်ရာရရှိပြီး နှစ်ဦးမှာ စစ်တွေဆေးရုံ၌ တက်ရောက်ကုသခံနေကြရကြောင်း သိရှိရပါသည်။ ၄င်းနေ့ညနေ လေးနာရီခွဲအချိန်တွင် မှန်စီကျေးရွာ(ရခိုင်ရွာ)တွင် အိမ်ခြေ ၂၂ လုံးသာရှိပြီး ရခိုင် မိသားစုဝင်များ လုံခြုံမှုမရှီသောကြောင့် ကျေးရွာတွင်မအိပ်ရဲဘဲ စစ်တွေမြို့အနီးရှိမင်းဂံနှင့် ရွာသာယာကျေးရွာ များသို့ သွားရောက်ခိုလှုံနေထိုင်ကြရ ကြောင်းသိရှိရသည်။






Myanmar Express

ဘကြီးသက်
Unknown at 9:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မင်းသားခေါင်းဆောင်း၏ နောက်ကွယ်

Rakhaing Maung


by Qing Minya on Thursday, June 7, 2012 at 12:00pm ·



၂၀၀၉ ခုနှစ်မှ စ၍ ကမ္ဘာအရပ်ရပ်တွင် 'ကယ်ပါ၊ ယူပါ' တစာစာ အော်ငင်နေကြသော ရိုဟင်ဂျာ အမည်ခံ ဘင်ဂလီများ အဘယ့်ကြောင့် အင်အားတောင့်တင်းစွာ ယနေ့ ထိ ရပ်တည်နေနိုင် သတည်း။ သူရို့ ၏ နောက်ကွယ်တွင် မည်သူတွေ ကြိုးကိုင်နေကြသနည်း။ ဤစာစုတွင် အကျဉ်းချုံး၍ တင်ြ­ပပါမည်။




.



၁၉၇၈ခုနှစ်၊ နဂါးမင်းစစ်ဆင်ရေးကာလအတွင်း အကြီးအကျယ် အထိနာသွားလေသော ဘင်ဂလီများသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၊ ကော့ဘဇာမြို့၏ အရှေ့တောင်ဘက်တွင် တောခိုပုန်းအောင်းကာ ဆက်လက် လှုပ်ရှားနေခဲ့သည်။ ၁၉၈၂ခုနှစ်တွင် ယင်းဘင်ဂလီများသည် ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေး အဖွဲ့အစည်း (Rohingya Solidarity Organization) ဟူသော အမည်ဖြင့် ပေါ်ပေါ်တင်တင် နိုင်ငံတကာ၏ အကူအညီကို တောင်းခံလာခဲ့သည်။ ၄င်းအဖွဲ့အစည်း၏ ရည်ရွယ်ချက်များမှာ ရခိုင်ဒေသအတွင်းတွင် ရှိနှင့်ပြီးသော ဘင်ဂလီများနှင့် ဘင်္ဂလားဒေ့ရှ်မှ နောက်ထပ် ဝင်ရောက်လိုသော ဘင်ဂလီများအတွက် ညီညွတ်သော မူစလင် အချုပ်အခြာအာဏာပိုင် ဒေသတစ်ခု တောင်းဆိုရေးဖြစ်သည်။



.



ယင်းအဖွဲ့အစည်းသည် နှစ်အနည်းငယ်အတွင်း အလားတူ အစ္စလာမ်အစွန်းရောက် အဖွဲ့အစည်းများနှင့် ကူးလူးဆက်ဆံမှုများ ပြုလုပ်ခဲ့သည်။ အဆိုပါ အစွန်းရောက်အဖွဲ့အစည်းများမှာ



- Jamaat-e- Islami of Bangladesh



- Jemaah Islamiyah of South East Asia



- Gulbuddin Hekmatyar's Hizb-e-Islami of Afghanistan



- Hizb-ul-Mujahideen of Jammu and Kashmir



- Harakat-ul-Jihad-ul-Islami တို့ ဖြစ်ကြသည်။



.



ယင်း ဘင်ဂလီလက်နက်ကိုင်များ မည်သို့ မည်ပုံ နှစ်လရှည်ကြာစွာ ရပ်တည်နိုင်ကြသနည်း။ အနှီ ရိုဟင်ဂျာ အမည်ခံ ဘင်ဂလီလက်နက်ကိုင်များသည် လူမှောင်ခို၊ မူးယစ်ဆေးဝါး မှောင်ခို၊ လက်နက်မှောင်ခို အစရှိသည့် ဥပဒေကို ဆန့် ကျင်သော လုပ်ငန်းများ၊ လုပ်ရပ်များကို တွင်တွင်ကျယ်ကျယ် လုပ်ကိုင်၍ ရရှိလာသော အကျိုးအမြတ်များဖြင့် တစတစ အင်အားကြီးထွားလာသည် ဟူ၏။ ၁၉၉၀ နှစ်များ ဝန်းကျင်တွင် ထပ်မံဆူပူအုံကြွရန် ရခိုင်မြေပေါ်ရှိ ယင်းတို့ ၏ လက်ဝေခံများ၏ အကူအညီဖြင့် လက်နက်ခဲယမ်းများ သိုဝှက်ခါ အကြံကြီးကြံ၍ အခွင့်အခါကောင်းကို စောင့်ဆိုင်းနေချိန်ဝယ် စစ်အစိုးရ၏ လက်ဦးမှုရယူကာ ချေမှုန်းခြင်းကို ခံရပြန်သည်။



.



ထို့ နောက်တွင်မူ အနှီ ရိုဟင်ဂျာအမည်ခံ ဘင်ဂလီလက်နက်ကိုင်များသည် ပါကစ္စတန်နှင့် ဘင်္ဂလားဒေ့ရှ်ရှိ အစွန်းရောက် အစ္စလာမ်အဖွဲ့အစည်းဖြစ်သော Harakat-ul-Jihad-ul-Islami(HuJI) ၏ အကူအညီဖြင့် အာဖကန်နစ္စတန်နိုင်ငံရှိ အယ်လ်ကေဒါ (Al-Qaeda) အကြမ်းဖက်အဖွဲ့အစည်းနှင့် အဆက်အသွယ် ပြုလုပ်ခဲ့သည်။ ၁၉၉၀-၁၉၉၅အတွင်း အင်အား ၅၀၀၀ မျှ ရှိသော ဘင်ဂလီများသည် အယ်လ်ကေဒါများ စီစဉ်ပေးသော အကြမ်းဖက်လုပ်ရပ် သင်တန်းများကို သွားရောက်သင်ယူခဲ့ရုံမျှမက ၄င်းတို့ ထံတွင် ပစ္စည်းသယ်၊ မိုင်းရှင်း စသဖြင့် တာဝန်ထမ်းဆောင်ခဲ့ကြသေးသည်။



.



CNN သတင်းဋ္ဌာန၏ တစ်ခုသော ဖော်ပြချက်အရ ၂၀၀၂ခုနှစ်တွင်း အမေရိကန်တပ်များသည် တစ်ခုသော အယ်လ်ကေဒါစခန်းမှ ဗွီဒီယိုမှတ်တမ်း ၆၀ ကျော် သိမ်းဆည်းရမိသည်ဟု ဆိုသည်။ ယင်းမှတ်တမ်းများအနက်မှ Burma ဟူသော စာတမ်းကပ်ထားသည့် ဗွီဒီယိုမှတ်တမ်းတွင် ရခိုင်ဒေသရှိ အယ်လ်ကေဒါ၏ မဟာမိတ် ရိုဟင်ဂျာ မူစလင်များဟူ၍ ယင်းဘင်ဂလီများအကြောင်းကို မှတ်တမ်းတင်ထားခဲ့သည်။ ထိုမျှမက အခြားသော ဗွီဒီယို မှတ်တမ်းများအရ အယ်လ်ကေဒါခေါင်းဆောင် အိုစမာဘင်လာဒင်၏ ၂၀၀၁ခုနှစ်အတွင်း ပြုလုပ်သော လူထုဟောပြောပွဲများတွင် မြန်မာပြည်ရှိ အယ်လ်ကေဒါထောက်ခံသူ ရိုဟင်ဂျာများဟူ၍ ယင်းဘင်ဂလီများ အကြောင်းကို ပေါ်ပေါ်တင်တင် ထည့်သွင်းချီးမွှမ်းသွားခဲ့သည်။ အမေရိကန်အာဏာပိုင်များ၏ စစ်ဆေးတွေ့ရှိချက်များအရ ၂၀၀၂ ခုနှစ်အတွင်း အယ်လ်ကေဒါ အကြမ်းဖက်သူပုန်များကို တင်ဆောင် ထားသော သင်္ဘောတစ်စင်းသည် ယင်းဘင်ဂလီများအပိုင် ရေပိုင်နက်တွင်း ဝင်ရောက်လွတ်မြောက် သွားခဲ့သည်။ ထိုမျှမက ၂၀၀၂ ခုနှစ်၊ အောက်တိုဘာလအတွင်း ဖြစ်ပွားခဲ့သော အင်ဒိုနီးရှားနိုင်ငံ၊ ဘာလီမြို့ ဗုံးပေါက်ကွဲမှုသည် အနှီ ရိုဟင်ဂျာ လက်နက်ကိုင်များနှင့် ဆက်နွယ်နေပြန်သည်ဟု ဆိုသည်။ ထိုသို့ ယင်းဘင်ဂလီများနှင့် အပြည်ပြည်ဆိုင်ရာ အကြမ်းဖက်အုပ်စုများ ဆက်နွယ်မှုရှိနေသည့်အကြောင်းကို ၂၀၀၂နှစ် နှစ်ကုန်ပိုင်းတွင် အိန္ဒိယ သတင်းဌာနများမှ အတိအလင်း ကြေငြာခဲ့သည်။



.



အနှီ ရိုဟင်ဂျာ စည်းလုံးညီညွတ်ရေးအမည်ခံ ဘင်ဂလီ လက်နက်ကိုင်အဖွဲ့အစည်းသည် ရခိုင်-ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်တွင် လူမှောင်ခို၊ မူးယစ်ဆေးဝါးမှောင်ခို၊ လက်နက်ခဲယမ်း မှောင်ခို စသဖြင့် တရားဥပဒေမဲ့ လုပ်ရပ်များကို ပြောင်ပြောင်တင်းတင်း ကျူးလွန်ခဲ့ကြသည်။ ထိုမျှမက နိုင်ငံတကာရှိ ၄င်းတို့ နှင့် ဦးတည်ချက် တူညီသော အဖွဲ့အစည်းများ၏ ငွေကြေးထောက်ပံ့မှုကိုလည်းကောင်း ၊ ယင်းအဖွဲ့အစည်းများ၏ ကူညီ စောင်မမှုဖြင့် ပါကစ္စတန်နှင့် ဆော်ဒီအာရေးဗျနိုင်ငံများတွင် အလှူငွေ တောင်းခံခြင်းဖြင့်လည်းကောင်း နှစ်ရှည်လများ ရပ်တည်ခဲ့ကြသည်။



.



အရှင်းဆုံး ဆိုရသော် ရခိုင်ဒေသ အေးချမ်းသာယာရေးနှင့် ရခိုင်လူမျိုးများ၏ လုံခြုံမှုအတွက် ထိုဘင်ဂလီများကို လုံးဝ လက်မခံသင့်ပါ။ မင်းသားခေါင်းဆောင်း၏ နောက်ကွယ် မှ သူရို့၏ ဇာတိမှန်၊ သရုပ်မှန်ကို သူရို့လုပ်ရပ်များက သက်သေပြပြီး ဖြစ်နေပါသည်။ ခေတ်အဆက်ဆက် ရခိုင်ြေ­မပေါ်တွင် ထင်ရာစိုင်းလာသူများက အမျိုးထိမှ မချိအောင်နာကာ 'တရားဥပဒေ စိုးမိုးရေး' ဟု ညောင်နာနာထအော်နေသံများက အလွန် ရယ်ဖွယ်ကောင်းလှပါသည်။ ရခိုင်များ အပါအဝင် ပြည်ထောင်စုဖွား တိုင်းရင်းသားများ၏ ဘဝ အေးချမ်းသာယာရေးအတွက် အနှီ ဘင်ဂလီများ၏ သရုပ်မှန်ကို နီးစပ်ရာ ချစ်မိတ်ဆွေများကို လက်တို့  သင့်ပါကြောင်း တိုက်တွန်းလိုပါသည်။ မိတ်ဆွေ ... သင့်ရှေ့တွင် share ခလုတ်လေး ရှိနေပါသည်။ ညီညီညာညာ နှိပ်လိုက်ကြပါစို့ ။

ဘကြီးသက်
Unknown at 9:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မောင်တောမြို့ တွင် ဖြစ်ပွားခဲ့သော ဖြစ်စဉ်မြင်ကွင်းဓါတ်ပုံများ

9
ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်ကမောင်တောမြို့ မြို့တော်ခန်းမအနီးရှိ မီးရှို့ခံခဲ့ရသော သဇင်တည်းခိုခန်း အနီးမြင်ကွင်း
5
မောင်တောမြို့ မြို့တော်ခန်းမအနီးနှင့် နာရီစင် လမ်းဆုံအနီး ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်မြင်ကွင်း
7
မောင်တောမြို့ မြို့တော်ခန်းမအနီးရှိ မီးရှို့ခံခဲ့ရသော သဇင်တည်းခိုခန်း အား ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်မြင်တွေ့ရစဉ်
8
မောင်တောမြို့ မြို့တော်ခန်းမအနီးရှိ မီးရှို့ခံခဲ့ရသော သဇင်တည်းခိုခန်း အား ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်မြင်တွေ့ရစဉ်
6
ဓါးဖြင့် အထိုးခံရပြီး မောင်တောမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒေါက်တာ ခင်မောင်လတ်
2
ဓါးဖြင့် အထိုးခံရပြီး မောင်တောမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒေါက်တာ ခင်မောင်လတ်၏ ဇနီး
3
မောင်တောမြို့ ဆေးရုံတွင် ဆေးကုသမှုခံယူနေသည့် ဒေါက်တာ ခင်မောင်လတ်၏ သားကို တွေ့ရစဉ်


1
မောင်တောမြို့ ဆေးရုံ မြင်ကွင်း


b5_10_20_1
မောင်တောမြို့ မြို့တော်ခန်းမအနီးရှိ မီးရှို့ခံခဲ့ရသော သဇင်တည်းခိုခန်း အား ဇွန်လ ၈ ရက် မွန်းလွဲ ၂ နာရီခန့်မြင်တွေ့ရစဉ်
 Photo; Eleven Media Group
ဘကြီးသက်
Unknown at 9:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တွဲသောလက်တို့ မြဲကြစို့



 
 
မြန်မာနိုင်ငံဟာ ခေတ်အဆက်ဆက်ကတည်းက လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတဲ့ နိုင်ငံတစ်ခုပါ ။

တိုင်းရင်းသားပေါင်းစုံနဲ့ ဖွဲ့စည်းထားသလို

ဘယ်လူမျိုး ဘယ်ဘာသာဝင်မဆို လက်ရည်တစ်ပြင်တည်း ချစ်ကြည်စွာ နေထိုင်ကြရင်း

လွတ်လပ်စွာ ကိုးကွယ်နိုင်တဲ့ ယဉ်ကျေးတဲ့ ပြည်ထောင်စု နိုင်ငံတစ်ခုဖြစ်ပါတယ် ။ 

မြန်မာပြည်မှာမွေးပြီး မြန်မာ့အစာစား မြန်မာ့ရေကိုသောက် မြန်မာ့ယဉ်ကျေးမှု ဓလေ့ထုံးတမ်းတွေနဲ့အညီ

နေထိုင်နေကြပြီး မြန်မာနိုင်ငံကို ချစ်မြတ်နိုးသူ ဘယ်သူမဆို မြန်မာနိုင်ငံသားများသာ ဖြစ်ကြပါတယ် ။

လူသားတစ်ဦးချင်းစီရဲ့ အခွင့်အရေးအရ လွတ်လပ်စွာ ကိုးကွယ်တာဟာ အပြစ်တစ်ခု မဟုတ်သလို ၊

အစ္စလာမ် ဘာသာဝင်တိုင်းဟာလည်း အပြစ်ရှိနေသူတွေ မဟုတ်ဘူးဆိုတာကို သတိညာဏ်နဲ့ ဆင်ခြင်ရပါမယ် ။

ဗုဒ္ဓမြတ်စွာဘုရား သက်တော်ထင်ရှား ရှိနေစဉ်ကတည်းက ပုရာဏကဿပ နဒီကဿပ ဂါရာကဿပ အစရှိတဲ့

ဘာသာခြားဂိုဏ်းကြီးတွေ တစ်သီးတစ်ခြား တည်ရှိနေခဲ့တာကို ဆင်ခြင်နှလုံးသွင်းနိုင်ရပါမယ် ။




အခုလက်ရှိ ဖြစ်ပျက်နေတဲ့ ရခိုင်အရေးဟာ မြန်မာနိုင်ငံသား အားလုံးရဲ့ အရေးကိစ္စဖြစ်ပါတယ် ။

ဒါဟာ ဘာသာရေး စစ်ပွဲ မဟုတ်သလို လူမျိုးရေး မုန်းတီးမှုလည်း မဟုတ်ဘူးဆိုတာကို သတိချပ်စေချင်ပါတယ် ။

ဘယ်နိုင်ငံမှာမဆို ဘာသာခြားများ တရားဝင် တည်ရှိနေတယ်ဆိုတာကို မမေ့သင့်ပါဘူး ။

မြန်မာပြည်မှာမွေးပြီး မြန်မာ့ယဉ်ကျေးမှုနဲ့အညီ နေထိုင်ကြတဲ့ မြန်မာနိုင်ငံသားမှန်သမျှ

ဘယ်ဘာသာဝင်မဆို ရခိုင်အရေးကိစ္စဟာ ကိုယ့်အရေးကိစ္စဖြစ်တယ်ဆိုတာကို နှလုံးသွင်းထားရပါမယ် ။

မြန်မာနိုင်ငံပိုင် နယ်မြေဖြစ်တဲ့ ရခိုင်ကို ကျူးကျော်လာသူမှန်သမျှဟာ ဘင်္ဂလားဖြစ်စေ ၊ တရုတ်ဖြစ်စေ ၊

ဘယ်လူမျိုး ဘယ်ဘာသာဝင် ဖြစ်စေ ၊ ကာကွယ်စောင့်ရှောက်ရန်ဟာ မြန်မာနိုင်ငံသား အားလုံးရဲ့
 
သမိုင်းပေးတာဝန်ဖြစ်ပါတယ် ။

ဒါဟာ ကျူးကျော်စော်ကားသူတွေကို မိမိရဲ့ မိခင်နိုင်ငံကနေ မောင်းထုတ်ရမယ့် အမျိုးသားရေးတာဝန်ပါ ။

အစ္စလာမ်မို့ မောင်းထုတ်ပြီး ကျန်တဲ့ ဘာသာဝင်တွေဆိုရင် လက်ခံမယ်ဆိုတာမျိုး ၊

မြန်မာနိုင်ငံသားတိုင်းရဲ့ စိတ်နှလုံးအိမ်ထဲမှာ တစ်စက်ကလေးမှ ရှိမနေဘူးဆိုတာ သေချာပါတယ် ။




ဘာသာတရားတိုင်းဟာ ကောင်းသောတရားတွေကိုသာ ညွှန်ကြားပြသထားတာမို့ ၊

ဘယ်ဘာသာကိုမဆို လေးစားသမှုရှိရပါမယ် ။

လူတိုင်းကိုယ်စီကိုယ်စီ အပြစ်နဲ့ မကင်းတတ်ကြသလို ၊ လူမျိုးတိုင်း ဘာသာတိုင်းမှာ လူဆိုး လူကောင်း
 
ဒွန်တွဲရှိနေတတ်ကြတယ်ဆိုတာကို

မြန်မာနိုင်ငံသား မှန်သမျှ ဘယ်ဘာသာဝင်မဆို လက်ခံပြီး ဖြစ်လိမ့်မယ်ဆိုတာ ကျွန်တော် ယုံကြည်ပါတယ် ။

မြန်မာနိုင်ငံသားတိုင်း အပြစ်မဲ့တဲ့ မသီတာထွေးအတွက် မိမိရင်သွေးကဲ့သို့ ယူကြုံးမရ ကြေကွဲနေသလို ၊

အပြစ်မရှိတဲ့ ညီအကို ( ၁၀ ) ယောက်အတွက်လည်း ညီရင်းအကိုစိတ်နဲ့ စိတ်ထိခိုက်နေမယ်လို့
 
ကျွန်တော်ယုံကြည်နေပါရစေ ။

အပြစ်လုပ်သူမှာသာ အပြစ်ရှိပါတယ် ဆိုတာကို မြန်မာနိုင်ငံသား ဘယ်ဘာသာဝင်မဆို
 
လက်ခံယုံကြည်နေမယ်လို့ ကျွန်တော်မျှော်လင့်နေပါရစေ ။




အခုလက်ရှိအရေးအခင်းဟာ ကျူးကျော်ရန်စ စော်ကားသူ ရိုဟင်ဂျာ လူမျိုးတွေကို မြန်မာနိုင်ငံသားမှန်သမျှ

အမိမြေအတွက် ကာကွယ်စောင့်ရှောက်ရေးသာ ဖြစ်ပါတယ် ။

အစ္စလာမ်ဘာသာဝင်တွေကို မုန်းတီးရေး မဟုတ်သလို ၊ ဘာသာခြားမှန်သမျှကို မုန်းတီးရေး

မဟုတ်ကြောင်း နှလုံးသွင်းနိုင်ကြပါစေ ။

တရုတ်ဖြူကို မြန်မာ့မြေပေါ်ကနေ မောင်းထုတ်ခဲ့ရာမှာ အမိမြေကို ကာကွယ်စောင့်ရှောက်ရေးသာ ဖြစ်ခဲ့သလို ၊

အခု ရိုဟင်ဂျာ အရေးမှာလည်း မိမိရဲ့ မိခင်နိုင်ငံကို ကာကွယ်စောင့်ရှောက်ရေးသာ ဖြစ်ကြောင်း ၊

မြန်မာနိုင်ငံသား အစ္စလာမ်ဘာသာဝင် ညီအကိုများ နားလည် သဘောပေါက်ပြီး ဖြစ်မယ်လို့

ကျွန်တော် ယုံကြည်ပါတယ် ။




ကျွန်တော်ဟာ အမိအဖ ရခိုင်လူမျိုးစစ်စစ်က မွေးဖွားလာတဲ့

ရခိုင် တိုင်းရင်းသား ထေရဝါဒ ဗုဒ္ဓဘာသာဝင် တစ်ယောက်ပါ ။

ဗုဒ္ဓဘာသာချင်းတူနေရင်တောင် ၊ တရုတ်ပြည်မကြီးက ဗုဒ္ဓဘာသာဝင်ထက် ၊

အမိမြန်မာပြည်က ဗုဒ္ဓဘာသာဝင်တွေကို ပိုချစ်မြတ်နိုးပါတယ် ။

အဲဒီလိုပဲ .....

အစ္စလာမ် ဘာသာဝင်ချင်း တူနေရင်တောင် ဘင်္ဂလားလူမျိုး အစ္စလာမ် ဘာသာဝင်တွေထက် ၊

အမိ မြန်မာပြည်က အစ္စလာမ်ဘာသာဝင် ညီအကိုမောင်နှမတွေအပေါ်မှာ ပိုချစ်မြတ်နိုးတယ် ဆိုတာကို

နည်းနည်းမှ သံသယ မရှိလိုက်ပါနဲ့ ။

မြန်မာပြည်မှာမွေး မြန်မာ့ရေကိုသောက် မြန်မာ့ယဉ်ကျေးမှုနဲ့အညီ နေထိုင်နေကြတဲ့

မြန်မာနိုင်ငံသားမှန်သမျှ ဘယ်ဘာသာဝင်မဆို ၊ မိမိရဲ့ မိခင် မြန်မာနိုင်ငံတော်ကြီးအပေါ်

ကျူးကျော်လာသူ ဘယ်ဘာသာဝင်တိုင်းကိုမဆို လက်သင့်မခံပဲ ၊ ကာကွယ်စောင့်ရှောက်နိုင်ကြလိမ့်မယ်ဆိုတာကို

ကျွန်တော် ယုံကြည်ရင်း တွဲသောလက်တို့ မြဲကြပါစို့ဗျာ ။
 
 

အလင်းအားဖြင့် ညမီးအိမ်

ဘကြီးသက်
Unknown at 8:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.