Thursday, June 7, 2012

ကျောက်နီမော်လူသတ်မှုကျူးလွန်ခဲ့သူများအား အစ္စလာမ်ဘာသာရေးကောင်စီက ရှုံချ

စောဇင်ညီ(မြစ်မခ)

ဇွန်(၇)ရက်၊၂၀၁၂ခုနှစ်။

ရခိုင်အမျိုးသမီးငယ်တစ်ဦးအားမုဒိမ်းကျင့်သတ်ခဲ့သည့်ကိစ္စတွင်ပါဝင်ပတ်သက်သူမွတ်စလင်လူမျိုး(၃)ဦးအား
အစ္စလာမ်ဘာသာဝင်ကောင်းများမဟုတ်ဟု အစ္စလာမ်သာသနာရေးကောင်စီက သတ်မှတ်၊ရှူ့ချလိုက်ကြောင်း သိရှိ ရသည်။

ဘာသာဝင်ကောင်းမပာုတ်ပာု သတ်မှတ်ရခြင်းမှာ အစ္စလမ်ဘာသာ၌မွတ်စလင်လူမျိုးများအား အလိုမတူဘဲ ပေါင်းသင်းဆက်ဆံ၍ မရကြောင်း၊အလိုတူပါကလည်း မိဘများ၏သဘောတူညီမူရမှသာ ပေါင်းသင်းဆက်ဆံ ခွင့်ရှိသဖြင့်ဘာသာရေးကျင့်ဝတ်နှင့် မညီညွတ်ခြင်းကြောင့်ဖြစ်သည်ဟု  မြန်မာနိုင်ငံအစ္စလမ်သာသနာရေး အဖွဲ့ချုပ် အတွင်းရေးမှူးချုပ် ဦးဝဏ္ဏရွှေက ပြောသည်။

“ကျွန်တော်တို့ဘာသာမှာ မွတ်စလင်လူမျိုးတွေက အဲ့ဒီလို မုဒိန်းကျင့်လို့ရဖို့နေနေသာသာ လက်ထပ်ရင် တောင် လူကြီးတွေ သဘောတူမှရတာပါ။ဒါကြောင့်သူတို့က ဘာသာဝင်ကောင်းတွေ မပာုတ်ပါဘူး။”ပာုဦးဝဏ္ဏရွှေက ပြောသည်။

အဆိုပါ မုဒိန်းမှုဖြစ်စဉ်မှာ မွတ်စလင်အမျိုးသားသုံးဦးထဲမှ တစ်ဦးမှာလက်ထပ်ရန် ငွေလိုရာမှ ကျောက်နီမော် ရွာသူ (၁၆)နှစ်အရွယ် အမျိသမီးငယ်အားအတင်းအဓ္ဓမ ရွှေ၊ ငွေလက်ဝတ်လက်စားများယူ၍ တစ်ယောက် တစ်ကြိမ်မုဒိန်းပြုကျင့်ခဲ့ကြောင်း   မြန်မာ့ရုပ်မြင်သံကြားမှ သတင်းထုတ်ပြန်ချက်များအရ သိရှိရသည်။

“သူတို့ ဘာသာသနာဝင်ကောင်းတွေ မပာုတ်ပါဘူး။ သူတို့လုပ်တဲ့အပေါ်မှာနောက်ထပ်လူကောင်း (၁၀) ယောက် အသက်စတေး ရတာတော့ နှမြောစရာပါ၊  လတ်တလောဆိုတော့ ဒေါသအလျောက်ဖြေရှင်းကြတာ ဖြစ်မှာပါ။” ပာု ဦးဝဏ္ဏရွှေက ဆက်ပြောသည်။

အထက်ပါ မုဒိန်းမှုနောက်ဆက်တွဲအနေဖြင့် တောင်ကုတ်မြို့တွင်မွတ်စလင်လူမျိုး(၁၀)ဦးအား ရွာသားများက အကြမ်းဖက် သတ်ဖြက်မှုဖြစ်ပွားခဲ့သည်။

ထိုအချက်ကြောင့် မွတ်စလင်လူမျိုးများက တရားဥပဒေအရအမြန်ဆုံးဖြေရှင်းပေးရန် ဇွန်လ ၅ရက်နေ့က  ငြိမ်းချမ်းစွာ ဆန္ဒထုတ်ဖော်မှုများပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါဖြစ်ပွားခဲ့သော အမှုဖြစ်စဉ်အား ဖြစ်ရပ်အမှန် ဖော်ထုတ်နိုင်ရေးနှင့် ဥပဒေအညီ အရေးယူနိုင်ရေးအတွက်
ပြည်ထဲရေးဝန်ကြီးဋ္ဌာန ဒု-၀န်ကြီး အပါအ၀င် အရာရှိ(၁၆)ဥိးပါဝင်သော စုံစမ်းစစ်ဆေးရေးအဖွဲ့အား ဖွဲ့စည်း လိုက်ကြောင်း ပြည်ထောင်စုမြန်မာနိုင်ငံတော်အစိုးရအဖွဲ့က ဇွန်လ(၆)ရက်နေ့ နေ့စွဲဖြင့် သတင်းထုတ်သည်။

 by Shwe Myitmakha Media Group




ဘကြီးသက်
Unknown at 7:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

"တစ်သောင်းကျပ်တန်ငွေစက္ကူထုတ်မည်."



မြန်မာနိုင်ငံတော်ဗဟိုဘဏ်
နေပြည်တော်
ရက်စွဲ၊ ၂၀၁၂ ခုနှစ်၊ ဇွန်လ ၇ ရက်
သတင်းကြေညာချက်

မြန်မာနိုင်ငံတော် ဗဟိုဘဏ်မှ တစ်သောင်းကျပ်တန် ငွေစက္ကူ အမျိုးအစားသစ်ကို ၂၀၁၂ ခုနှစ်၊ ဇွန်လ ၁၅ ရက်နေ့တွင် စတင် ထုတ်ဝေပါမည်။ ငွေစက္ကူကို ပြည်သူများအား ဘဏ်ဖွင့်ချိန်အတွင်း မြန်မာနိုင်ငံတော် ဗဟိုဘဏ် ငွကြေးဌာနတွင် လည်းကောင်း၊ ဘဏ်များနှင့် အစိုးရ ငွေတိုက်များတွင် လည်းကောင်း ထုတ်ပေးပါမည်။

လက်ရှိ တရားဝင် လှည့်လည် သုံးစွဲလျက် ရှိသော ငွေစက္ကူများနှင့် ငွေအကြွများသည်လည်း တရားဝင် သုံးစွေဲငွ အဖြစ် ဆက်လက် တည်ရှိနေမည် ဖြစ်ပါသည်။

ဘကြီးသက်
Unknown at 6:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သျှမ်းပြည်မြောက်ပိုင်း ကျေးလက်တောရွာများ၌ ရာမ(ခ)စိတ်ကြွဆေးပြားများကို မုန့်ဝယ်သလို ဝယ်ယူသုံးစွဲနေကြ





 သျှမ်းပြည်မြောက်ပိုင်း မန့်တုန့်မြို့နယ်၌လည်း ရာမ မူးယစ်ဆေးကို ဆယ်ကျော်သက်အရွယ် လူငယ် မှအစ ဘုန်းတော်ကြီးများ အမျိုးသမီးများပါမကျန် ဖောဖောသီသီဝယ်ယူသုံးစွဲနေကြကြောင်း မန့်တုန့် ဒေသခံများကပြောသည်။

“ အခု ရာမပြေားတွေ မှိုလိုပေါက်နေတာက မန့်တုန့်မြို့နယ် မုံးမော်အုပ်စုမှာ ပါ။ လူတွေက ရာမကို နေကြာစေ့ ဝယ်စားသလို လွယ်လွယ်ကူကူနဲ့ဝယ်နေကြတယ်။ စိတ်မချမ်းသာစရာဗျာ ၁၂ နှစ်သား ကအစ အိုကြီးအိုမတွေလဲ သုံးကြတယ်။ ရွာသားတွေကတော့ အလုပ်ဖြစ်ဖို့အရေးဘဲ သိကြတာကိုး။ ယာဘသုံးရင် အလုပ်တွင်တယ်လို့ဘဲ သိကြတယ်လေ” မန့်တုန့်ဒေသခံ စိုင်းခမ်းကပြောသည်။

အဆိုပါရာမများကို ကွတ်ခိုင်မြို့နယ် ကောင်းခါးမြို့သစ် အခြေစိုက် KDA ပြည်သူ့စစ်က စတင်သယ်ယူရောင်းချပြီး ယခုအခါ ဒေသခံများကုန်သည်များပါမကျန် သယ်ယူရောင်းချသဖြင့် ပေါများလာကြောင်း မန့်တုန့်မြို့နယ်မှ ကျန်းမာရေး ဝန်ထမ်းတဦးကပြောသည်။

“အဲဒီယာဘတွေကို မိုင်းယု၊ မိုင်းဝီး၊ ကွတ်ခိုင်ဘက်ကနေ သယ်လာတယ်။ ရာမ ၄ မျိုးရှိတယ်။ ZY စာတန်းပါ ရာမ က တပြား ၁၀၀၀ ပေးရတယ်။ WY စာတန်း ၁၂၅၀၊  WY1 က ၁၅၀၀၊ 881 က ၂၀၀၀ ကျပ်။ လူတွေက အလုပ်လုပ်နိုင်ဖို့ဘဲစဉ်းစားတယ်။ ဆိုးကျိုးက ဘယ်လိုရှိတယ်ဆိုတာ စိတ်မ ဝင်စားကြဘူး။ အမျိုးသမီးတွေ ၊ ဘုန်းကြီးတွေလဲ သုံးတယ် ” ဟု အဆိုပါ ဝန်ထမ်းက ဆက်လက်ပြောပြသည်။
ရာမ၏ ဆိုးကျိုးကိုသိသူတခိျု့ မိမိသားသမီးများအား မြို့တက် ကျောင်းထားကြပြီး စီးပွါးရေး ဦးစားပေး ငွေရှာ လိုကြသည့် မိဘအများစုမှာမူ မိမိ သားသမီးများအား တရုတ်ပြည်ပို့ကာ အလုပ်လုပ်စေကြောင်း စိုင်းခမ်းက ဆက်လက်ပြောပြသည်။

မန့်တုန့်မြို့နယ်ရှိ မုံးမော်ခေါ် မန်မောက်အုပ်စုသည် မိုင်းဝီးအုပ်စုနှင့် ၄၂ မိုင်၊ မူဆယ်မြို့နယ် မိုင်းယုအုပ်စုနှင့် ၅၂ မိုင်ခန့်ဝေးသည်။ ဒေသခံအများ စုမှာ သျှမ်းလူမျိုးဖြစ်ပြီး ကချင်နှင့် ပလောင်တို့နှင့်အတူ နေထိုင်ကြသည်။

သျှမ်းသံတော်ဆင့်

ဘကြီးသက်
Unknown at 5:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး မိမိကိုယ်ကို အဆိပ်သောက် သတ်သေခဲ့မှုနှင့် ပတ်သက်၍ (တိုင်ကြားစာ)



 ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး  
မိမိကိုယ်ကို အဆိပ်သောက် သတ်သေခဲ့မှုနှင့် ပတ်သက်၍ 
(တိုင်ကြားစာ)

စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ ကိုးတန်းကျောင်းသူတစ်ဦး အမျိုးမျိုးညှင်းပန်း နှိပ်စက်မှုကြောင့် မိမိကိုယ်ကို အဆိပ်သောက် သတ်သေသည့် အမှုတခုဖြစ်ပွားခဲ့ပါသည်။

ဖြစ်စဉ်မှာ စစ်ကိုင်းတိုင်းဒေသကြီး ယင်းမာပင်မြို့နယ် ညောင်ကိုင်းအနောက်ရွာနေ အဒေါ်ဖြစ်သူ ဒေါ်ဆန်းညွန့်ရီမှ တူမဖြစ်သူ အသက်(၁၇)နှစ်ရှိ မအိရွှေအား အမျိုးမျိုးညှင်းပန်း နှိပ်စက်ခဲ့ပါသည်။ သို့အတွက် မအိရွှေသည် အလွန်စိတ်ဆင်းရဲ သောကရောက်လွန်းသည့်အတွက် ၂၀၁၂-ခု မေလ(၄)ရက် နေ့တွင် အိန္ဒိယနိုင်ငံထုတ် အလွန်ပြင်းသော ပိုးသတ်ဆေးပြားသောက်ပြီး မိမိကိုယ်ကို သတ်သေမှုဖြစ်ပွားခဲ့သည်။

မအိရွှေ၏ အမေ ဒေါ်နွဲ့ရီဝင်းသည် တရွာတည်းနေ ကိုဇော်ဝင်းမောင်နှင့် လက်ထပ်ခဲ့သည်။ သို့သော် သဘောထားချင်း မတိုက်ဆိုင်သဖြင့် ကွာရှင်းပြတ်ဆဲရာတွင် ယောက္ခမဖြစ်သူ ဦးရှမ်း(ယခင် ရယက ဥက္ကဋ္ဌဟောင်း)ဒေါ်နွားခင်တို့မှ လက်ထပ်စဉ်က တင်တောင်းခဲ့သော ရွှေများကို အတိုးပါပြန်ပေးရန် တောင်းဆိုခဲ့သည်။ သို့သော် မိခင်ဒေါ်နွဲ့ရီဝင်းမှာ ၎င်းတို့ တောင်းဆိုသော အတိုးရွှေ မပေးနိုင်သဖြင့် သမီးဖြစ်သူ မအိရွှေအား ရွှေတိုးအဖြစ် စာချုပ်ဖြင့် ယောက္ခမများထံ အပ်ခဲ့ရသည်။ ယောက္ခမများနှင့် အဒေါ်ဖြစ်သူ မအေးမာလွင်၊ မဆန်းညွန့်ရီတို့မှ ရွှေတိုးအဖြစ်ရလာသော မအိရွှေအား အမျိုးမျိုး ၀ိုင်းဝန်း နှိပ်စက်ကြသည်။ 

သစ်ပင်ကို ကြိုးနှင့်တုတ်၍ရိုက်ခြင်း အိမ်တန်းတွင် ဇောက်ထိုးချ၍ နှိပ်စက်ခြင်းစသည်ဖြင့် လူမဆန်စွာ ၀ိုင်းဝန်းနှိပ်စက်ကြသည်။ နောက်ဆုံးတွင် မအိရွှေခမျာ မခံမရပ်နိုင်သည့်အတွက် အိန္ဒိယနိုင်ငံထုတ် ပိုးသတ်ဆေးပြားများ သောက်ပြီး မိမိကိုယ်ကိုယ် သေကြောင်းကြံခဲ့ပါသည်...။ အဆိပ်သောက်ပြီး သေမည့် ကုတင်ပေါ်တွင် မသေနိုင်င်၍ ငြီးငြူနေရာတွင် အဒေါ်ဖြစ်သူ မဆန်းညွန့်ရီမှ မြန်မြန်သေချင်ရင် ဓားနဲ့ထိုးသတ် သေလိုက်ဟု လူမဆန်စွာ ပြောဆိုခဲ့သည်ဟု သိရှိရသည်။ ၎င်းဖြစ်စဉ်နှင့် ပတ်သက်၍ ယင်းမာပင်မြို့နယ် ရဲစခန်းတွင် တိုင်ချက်ဖွင့်ထားသော်လည်း တစ်လပြည့်သည့်တိုင် မည်သို့မျှ အရေးယူခြင်းမရှိသေးပါ။ 

ဦးရှမ်း+ဒေါ်နွားခင်တို့မှာ ပစ္စည်းချမ်းသာသည့်အတွက် ဤအမှုကို ကားတစ်စီးကုန်သည်အထိ အထက်ကို လာဘ်ထိုးပြီး အမှုမပေါ်အောင်လုပ်မည်ဟု ကြုံးဝါးထားကြောင်း ကြားသိရပါသည်။ ဤကဲ့သို့ တစ်လပြည့်သည့်တိုင် အမှုမှန်ပေါ်ပေါက်ရေးကို သက်ဆိုင်ရာ ရဲဋ္ဌာနမှ မည်သို့မျှ အရေးယူဆောင်ရွက်ခြင်း တရားလိုအား ဆင့်စာပေးပို့ခြင်း လုံးဝမရှိသည့်အတွက် သက်ဆိုင်ရာ ရဲအရာရှိများသည် လာဘ်ငွေများ အမြောက်အများယူ၍ အမှုကို သေးသိမ်အောင် ပြုလုပ်နေသည်ဟု ယူဆရပါသည်.။ 

နိုင်ငံတော် အစိုးရအနေနှင့် တရားဥပဒေစိုးမိုးရေးကို အကြိမ်ကြိမ် ပြောဆိုနေသော်လည်း အောက်ခြေ ၀န်ထမ်းများမှာ ယခင်အစိုးရ လက်ထက်အတိုင်း လာဘ်ပေး လာဘ်ယူမှုများရှိနေပြီး လုံးဝ မပြောင်းသေးကြောင်း ဤဖြစ်စဉ်က မီးမောင်းထိုးပြနေပါသည်။ နိုင်ငံတော် အစိုးရအနေဖြင့် တရားဥပဒေစိုးမိုးရေးအတွက် ကူညီဆောင်ရွက်ပေးပါရန် ကာယကံရှင်များအနေဖြင့် အထူးမေတ္တာ ရပ်ခံအပ်ပါသည်။

မိခင် ဒေါ်နွဲ့ရီဝင်း ကိုယ်စား ကိုမြင့်ကို
ဆက်သွယ်ရန်ဖုန်း ၀၉၄၇၁၃၄၀၀၃



ဒီမိုဝေယံ
ဘကြီးသက်
Unknown at 3:04 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကျဉ်းမြောင်းတဲ့ အမြင်တွေကို စွန့်ပစ်ကြဖို့အချိန်တန်ပြီ

ဒီဆောင်းပါးလေးကို ကျွန်တော်သေချာ ဆုံးဖြတ်ချက်ချပြီးမှ ရေးခဲ့တာဖြစ်ပါတယ် ။ ဒီဆောင်းပါးကြောင် လူ၂သောင်းကျော်ထဲက လူတစ်သောင်းလောက်မုန်းချင်မုန်းသွားနိုင်ပေမယ့် မတတ်နိုင်ပါဘူး ။ လူဆိုတာ ရင်ထဲက ယုံကြည်ချက်အတိုင်း ချပြရဲရမယ်မဟုတ်လား ။
ဆောင်းပါးလေးကို သေသေချာချာဖတ်ပြီး စာဖတ်သူတွေရဲ့ ထင်မြင်ချက်လေးတွေကိုလည်း ရေးသွားစေချင်တယ် ။
ကမ္ဘာနှင့် လူမျိုး
ကျယ်ပြောလှတဲ့စကြ၀ဌာအတွင်းမှာ ကျွန်တော်တို့ဟာ လူသားတွေအဖြစ်နဲ့ ဒီကမ္ဘာမြေကြီးအပေါ် မှီတင်းနေထိုင်ကြရတယ် ။ ရေမြေဒေသအလိုက် လူမျိုးအလိုက် အသားအရောင်ကွဲပြား ဘာသာကွဲပြား မှုတွေရှိခဲ့တယ် ။ လူဆိုတာ အတ္တနဲ့ လောဘမာန်မာနနဲ့မကင်းတဲ့အတွက်ကြောင့် ကမ္ဘာပေါ်မှာ ဘယ်လူမျိုးကဖြင့် မြင့်မြတ်ပါတယ် ဘယ်လူမျိုးက နိမ့်ကျပါတယ်စဖြင့် ခွဲခြားဆက်ဆံမှုတွေရှိခဲ့တဲ့အတွက်ကြောင့် လူတွေရဲ့စိတ်တွေမှာ ဒါဏ်ရာအနာတရတွေရလာခဲ့ကြတယ် ။
ကျွန်တော်တို့ဟာ ဘယ်လူမျိုးဖြစ်ချင်ပါတယ် ဘယ်လူမျိုးမဖြစ်ချင်ပါဘူးစသဖြင့် ရွေးချယ်ခွင့်ရှိပါသလားဆိုတဲ့ မေးခွန်းကို ကျွန်တော် အကြိမ်ကြိမ်စဉ်းစားမိတယ် ။ ဘ၀မှာ ဘာမှ ရွေးချယ်ခွင့်မရှိဘူး - There is no choice in life ဆိုတဲ့စကားက အတော်မှန်တယ်ဆိုတာ ကျွန်တော်တွေ့လာရတယ် ။ အသားဖြူချင်တဲ့လူက အသားမည်းကြပြီး အသားညိုချင်တဲ့လူက အသားဖြူတွေဖြစ်လာကြတယ် ။ မြန်မာဖြစ်နေတဲ့လူက ကိုရီးယားဖြစ်ချင်တဲ့သူရှိသလို အင်္ဂလိပ်ဖြစ်နေတဲ့လူက မြန်မာဖြစ်ချင်တာတွေလည်းရှိခဲ့တယ် ။ ကျွန်တော်တို့ ဘာတွေကို ပိုင်ကြသလဲ ။ တကယ်တော့ ကျွန်တော်တို့ပိုင်တာ ကျွန်တော်တို့ ခဏငှားထားတဲ့ ခန္ဓာကိုယ်နဲ့ ကျွန်တော်တို့ရဲ့ စိတ် တွေပဲမဟုတ်ပါလား ။
ဘာသာတရားနှင့်လူမျိုး
ဒီနေရာမှာ လူတွေဟာ ရေမြေဒေသအလိုက်ကွဲပြားကုန်ကြတဲ့အတွက် ဘာသာတရား ကွဲပြားမှုကလည်းကျယ်ပြန့်လာခဲ့တယ် ။ ဗုဒ္ဓဘာသာ ၊ ခရစ်ယာန် ၊ အစ္စလာမ် ၊ ဟိန္ဒူ အစရှိသဖြင့် ယုံကြည်ရာကိုးကွယ်မှုတွေရှိခဲ့တယ် ။ ဘယ်ဘာသာရေးမဆို ငြိမ်းချမ်းမှုကို ဖော်ဆောင်ရင် ကျွန်တော်တို့အနေနဲ့ လေးစား ရမယ် အသိအမှတ်ပြုရမယ် ရိုင်းစိုင်းယုတ်မာမှုကို ဖော်ကြူးရင် ရှုတ်ချရမယ် ၀ိုင်းပယ်ရမယ်မဟုတ်ပါလား ။ ကျွန်တော်က ဗုဒ္ဓဘာသာဖြစ်တဲ့အတွက် တခြားဘာသာရေးအကြောင်းကိုမပြောပဲ ဗုဒ္ဓဘာသာအကြောင်းနည်းနည်းပြောချင်တယ် ။ ကျွန်တော်တို့ဘာသာထဲမှာ အဖေက ဗုဒ္ဓဘာသာ အမေကဗုဒ္ဓဘာသာဖြစ်လို့ သားသမီးပါလိုက်ပြီး ဗုဒ္ဓဘာသာဖြစ်တာအများကြီးရှိတယ်ဆိုတာ စာဖတ်သူများလက်ခံပါသလား ။ ဆိုလိုတာက အခြေအနေအကြောင်းကြောင်းအမျိုးမျိုးကြောင့် အဖေအမေမိဘမျိုးရိုးကြောင့် ဘာသာ ကွဲသွားတာတွေအများကြီးတာကို ပြောချင်တာပါ ။
လူဆိုတဲ့အမြင်နဲ့ကြည့်ရမယ်
အခု လတ်တလောဖြစ်ပေါ်ခဲ့တဲ့ အဖြစ်အပျက် တွေကို ခြုံပြီးလေ့လာသုံးသပ်ကြည့်ရအောင် ။ ကျွန်တော်တို့ဟာ မြန်မာပြည်မှာနေတဲ့အတွက် မြန်မာနိုင်ငံသားတွေဖြစ်ကြတယ် ။ အင်္ဂလိပ်လူမျိုးတစ်ယောက် အဖေအင်္ဂလိပ် အမေအင်္ဂလိပ် မြန်မာပြည်မှာ အပြီးလာနေတယ် ။ သားသမီးက လည်းအင်္ဂလိပ်မျိုးရိုးပဲ ဒါပေမယ့် မြန်မာပြည်မှာနေတယ် မြန်မာပြည်အကျိုးသယ်ပိုးတယ် မြန်မာတွေနဲ့အလုပ်တွဲလုပ်တယ် မြန်မာသူငယ်ချင်းတွေရှိတယ် ကဲ ဒါဆို သူ မြန်မာမဟုတ်ဘူးလို့ ကျွန်တော်တို့ငြင်းနိုင်မလား ။ လူမျိုးဟာ လူမျိုးဖြစ်ပြီး သူတို့တွဲနေတဲ့ ဘာသာတရားကို တွဲမြင်ပြီး ကျွန်တော်တို့အနေနဲ့ လူအမြင်နဲ့မမြင်မိကြတော့ဘူး ။ တရုတ်ဖြစ်စေ အင်္ဂလိပ်ဖြစ်စေ အစ္စလာမ်ဖြစ်စေ ခရစ်ယန်ဖြစ်စေ မြန်မာဖြစ်စေ ကောင်းတာကိုလုပ်ရင်လူကောင်း လို့သတ်မှတ်ပြီးဆိုးတာကိုလုပ်ရင် လူဆိုးလို့သတ်မှတ်ရမယ် ။ ကျွန်တော်တို့ဟာ လူကို လူလို့မြင်ရမယ် ။ လူအချင်းချင်း နှိမ့်ချ မဆက်ဆံရဘူး အားနည်းသူကို ၀ါးကူမထိုးရဘူး လူ့ယဉ်ကျေးဆိုတဲ့ဝေါဟာရဟာ အမည်ခံသက်သက်မဟုတ်သလို လက်တွေ့နဲ့ သက်သေပြရမယ်မဟုတ်လား ။ ။
စော်ကားတာကိုငုံ့ခံနေတာလား
ဒီလိုပြောလိုက်ရင် ခင်ဗျားက ကိုယ့်လူမျိုးကို စော်ကားတာကို လက်ခံတာလားလို့ စာဖတ်သူတွေက မေးစရာရှိလိမ့်မယ် ။ ဒီနေရာမှာ ကျွန်တော် ရှင်းပြရပါလိမ့်မယ် ။ ကျွန်တော့်မှာ အစ္စလာမ် ဘာသာဝင်သူငယ်ချင်းတွေအများကြီးရှိတယ် ။ တရုတ်သူငယ်ချင်းတွေအများကြီးရှိတယ် ။ ဟိန္ဒူသူငယ်ချင်းတွေအများကြီးရှိတယ် ။ အစ္စလာမ်တွေဟာ သူတို့ယုံကြည်မှု သူတို့ကိုးကွယ်မှု နဲ့ဖြစ်တဲ့အတွက် ကျွန်တော့်အနေနဲ့ သူတို့ဘာသာကို ဝေဖန်စရာအကြောင်းမရှိသလို ထောက်ပြစရာအကြောင်းလည်းမရှိပါဘူး ။ လူဆိုတာ ကိုယ့်ယုံကြည်မှုနဲ့ကိုယ်လွတ်လပ်စွာ ကိုးကွယ်ပိုင်ခွင့်ရှိတယ်မဟုတ်လား ။ ဆက်ပြောပါမယ် ။ အစ္စလာမ်ဘာသာဝင် သုံးဦးက ကျွန်တော်တို့ မြန်မာအမျိုးသမီးကို အဓ္ဓမကျင့်သတ်ဖြတ်တဲ့အပေါ် ဘယ်လိုမြင်သလဲဆိုရင် “ ယုတ်မာပက်စက်လွန်းတယ် ” ဆိုပြီး ကျွန်တော်မှတ်ချက်ချပါတယ် ။ ဒါဆို အစ္စလာမ် ဘာသာဝင် ဆယ်ဦးကို လူ ၃၀၀ လောက်က သတ်ဖြတ်တဲ့အပေါ်ပျော်ရွှင်သလားဆိုတဲ့မေးခွန်းမေးရင် မပျော်ရွှင်ပါဘူး စိတ်ပျက်ပါတယ်လို့ ကျွန်တော်ဖြေရပါလိမ့်မယ် ။ ယုတ်မာပက်စက်တာကို လက်ခံရမှာမဟုတ်ပေမယ့် လက်စားချေတယ်ဆိုတာကို ဘယ်ဥပဒေကမှခွင့်မပြုထားခဲ့ဘူး ။ ဟိုးအရင်က ကိုဓဥပေဒေ ဆိုတာ ကြားဖူးတယ် ။ မျက်လုံးတစ်လုံးဖောက်မိရင် မျက်လုံးတစ်လုံးပြန်အလျှော်ပေးရမယ်တဲ ။
ဒီတော့ ဂန္ဓီက ဘာပြောသလဲဆိုရင် ဒီလိုသာ လက်စားချေနေကြရင် ကမ္ဘာပေါ်မှာ အကုန်လုံးမျက်ကန်းတွေချည်းဖြစ်သွားလိမ့်မယ်တဲ့ ။ သိပ်မှန်ပါတယ် ။ လက်စားချေတာတွေမဖြစ်စေဖို့ ဥပဒေဆိုတာ ပေါ်ပေါက်လာရတယ်မဟုတ်လား ။ ဒေါ်အောင်ဆန်းစုကြည်ပြောသလိုပဲ အခုဖြစ်ရပ်ပထမဖြစ်စဉ်မှာ သက်ဆိုင်သူတွေက မြန်မြန်ဆန်ဆန် အရေးယူဆောင်ရွက်ပြခဲ့ရင် ဒုတိယ ဖြစ်စဉ်မဖြစ်မလာနိုင်ဘူး ။ ငွေနဲ့ပဲ လိုက်ပြီး လွတ်အောင်လုပ်ကြမလား တရားခံတွေအပစ်တွေကို ကျေနပ်လောက်တဲ့ ပစ်ဒါဏ်ပေးနိုင်ပါ့မလားဆိုတဲ့ စိတ်တွေ ပြည်သူတွေမှာ ၀င်နေကြတယ်ဆိုတာလည်းသိသာပါတယ် ။ ဒါဟာလည်း ခေတ်အဆက်ဆက် ဟောာင်းနွမ်းနေတဲ့ ဥပေဒေတွေကြောင့်လို့ ကျွန်တော်ဆိုချင်တယ် ။ တလောကတောင် ဖြစ်ပျက်ခဲ့သေးတာ စာဖတ်သူတွေမှတ်မိကြမှာပါ ။ “ ပါးတစ်ချက်ရိုက်တာ ငွေတစ်ထောင် ဒါဏ်ရိုက်ခံရတယ် ” ဆိုတာပေါ့ ။ ဒီတော့ခေတ်နဲ့လျှော်ညီမှုမရှိတဲ့ ဥပဒေတွေကို ပြန်လည်ပြင်ဆင်ဖိုလိုနေပါပြီ ။
အမြင်ကျဉ်းတွေစွန့်ပြစ်ကြရမယ်
မုန်းတီးရေးတရားတွေဟာ ငြိမ်းချမ်းမှုကို ဘယ်လိုမှ မဖော်ဆောင်နိုင်ဘူးဆိုတာ ကျွန်တော်တို့အားလုံးသိပါတယ် ။ လောကမှာ ကျွန်တော်အမုန်းဆုံးက ၀ါးလုံးရှည်နဲ့ ရမ်းပြီး ရိုက်တာပါပဲ ။ မြန်မာမှာလည်း လူကောင်းတွေရှိသလို လူဆိုးတွေရှိတယ် ထို့အတူ အစ္စလာမ်သည်လည်းကောင်း တရုတ်သည်လည်းကောင်း လူကောင်းတွေရှိသလို လူဆိုးတွေလည်းရှိပါတယ် ။ ကဲ ဒီလိုဆို အရေပြားတွေ ဖယ်ထုတ်လိုက်ကြစို့ ။ လူတွေပဲမဟုတ်လား နောက်တစ်ခု ကျွန်တော် ပြုံးမိတာလေးတစ်ခုရှိတယ် ။ အင်္ဂလိပ်ကလည်း နေမ၀င်အင်ပါယာဆိုပြီးနယ်တွေချဲ့ ကိုယ့်နယ်သူ့နယ်လုပ်ကြတယ် တရုတ်ကလည်း လူဦးရေချယ် အစ္စလာမ်တွေကလည်းနေရာအနှံ့မှာ ပျံ့နှ့ရောက်ရှိနေကြတယ် ။ ကဲထားပါဦး ကတယ်ပဲ တရုတ် နယ်မြေကို တရုတ်တွေပိုင်ကြသလား မြန်မာနိုင်ငံကို မြန်မာတွေပိုင်ကြသလား ။ နယ်မြေကန့်သတ်မှုတွေကို ဖယ်ထုတ်လိုက်ရင် ကျွန်တော်တို့အားလုံးဟာ ကမ္ဘာမြေအပေါ်မှာ အတူတကွမှီတင်းနေထိုင်ကြတဲ့ သာမန်လူသားတွေချည်းမဟုတ်ပါလား ။ ဒီမြေဒီရေဟာ သဘာဝတရားက လူသားတွေကို လက်ဆောင်ပေးထားတဲ့ သယံဇာတဖြစ်တယ် ။ ဒါကို ကျွန်တော်တို့က သူပိုင်တယ် ငါပိုင်တယ် သူ့နယ်မြေငါ့နယ်မြေစသဖြင့်လုယူနေခဲ့ကြတယ် ။
လူဆိုးလူကောင်း
အဆုံးသတ်အနေနဲ့ပြောရရင်တော့ ကျွန်တော် ခဏခဏ ပြောလေ့ရှိ ရေးလေ့ရှိတဲ့စကားကိုပဲပြန်ရေးရမှာဖြစ်တယ် ။ ဘယ်ဘာသာပဲကိုးကွယ်နေပါစေ ဘယ်လူမျိုးပဲဖြစ်နေပါစေ ကောင်းတဲ့အလုပ်ကို လုပ်နေကြရင် ကျွန်တော်တို့ လူကောင်းလို့ သတ်မှတ်ပြီး ခင်ခင်မင်မင် ရင်းရင်းနှီးနှီးမိတ်ဆွေဖွဲ့နိုင်ရမယ် ။ မကောင်တဲ့အလုပ်ကို လုပ်နေရင် ဘယ်လူမျိုးပဲဖြစ်နေပါစေ ရှုံ့ချရမယ် မိတ်ဆွေမဖွဲ့ရဘူး ။ ၀ါးလုံရှည်နဲ့ မောင်နီမကောင်းလို့ မောင်နီ့တစ်မျိုးလုံးဆွေ၇ ဆက် မျိုး ၇ ဆက်သတ်လို့ဆိုတဲ့ ကျဉ်းမြောင်တဲ့အမြင်တွေကို ၂၁ ရာစုအထိ သယ်ဆောင်မလာသင့်တော့ဘူး ။ အရာရာကို အကျိုးအကြောင်းချိန်ဆလို့ ကျွန်တော်တို့ ဝေဖန်ပိုင်းခြားနိုင်စွမ်းရှိရမယ် ။ လူအများစု ဟေးး လို့အော်လို့ လိုက်အော်စရာမလိုဘူး ။ ဘာကြောင့်အော်သလဲဆိုတာ အရင်စဉ်းစားဥာဏ်နဲ့နှိုင်းယှဉ်ပြီးမှ ကိုယ်လိုက်အော်သင့်မအော်သင့်ဆုံးဖြတ်ရမယ်မဟုတ်လား ။ နောက်တစ်ခု က အခုလို သွားနေတဲ့ ဒီမိုကရေစီလမ်းကြောင်းမှာ မလိုလားအပ်တဲ့ လှုံဆော်မှု သွေးထိုးမှု နဲ့ ဆူပူအုံကြွမှုကို ဖန်တီးစေတဲ့ ဘယ်လို အပြုအမူမျိုးမဆို ရှုံ့ချရပါမယ် ။ ကျွန်တော်တို့ဟာ လူတွေပါ ။ လူကို လူလို့ပဲမြင်ပြီး ကျဉ်းမြောင်းတဲ့အမြင်တွေကို ဖယ်ထုတ်ကြဖို့တော့လိုပါတယ် ။
အခုဖြစ်ရပ်တွေကြောင့် အစ္စလာမ်ဘာသာဝင် ငြိမ်းချမ်းရေးကို လိုလားသူ မွေးကတည်းက မြန်မာပြည်မှာနေမြန်မာ့ရေကိုသောက်နေရတဲ့ သူငယ်ချင်းတွေလည်း စိတ်မကောင်းဖြစ် နေရတာတွေလည်းမလိုလားပါဘူး ။ တစ်ခုခုဆို ညာသံပေးပြီး ဘာမှန်းမသိညာမှန်းမသိ လိုက်ဝေဖန် ပြီး ရောယောင်လုပ်တတ်တဲ့ လူတွေကလည်း ဒုနဲ့ဒေးပါပဲ ။
နောက်ဆုံးပြောချင်တဲ့အချုပ်ကတော့
လူတစ်ယောက်ကို ကြည့်တဲ့အခါ ဆက်ဆံတဲ့အခါ အဲဒီလူရဲ့ သတ်မှတ်ချက် ဘောင်တွေကို ဖယ်ခွာချလို့ လူတစ်ယောက်အဖြစ်မြင်လိုက်ပါ ။ သူ ဘာတွေလုပ်နေသလဲ ။
ကောင်းတာလုပ်နေရင် - မိတ်တွေ
ဆိုးတာလုပ်နေရင် - ရန်သူ
ဆောင်းပါးလည်းအတော်ရှည်သွားပြီမို့ ဒီမှာတင်ရပ်နားခွင့်ပြုပါ ။ တစ်ခု တောင်းဆိုချင်တာက ဆောင်းပါးကို နားမလည်သေးရင်သေသေချာချာဖတ်ပါ အကျိုးသင့်အကြောင်းသင့် ဝေဖန်ပါ ထောက်ပြပါ စာရဲ့ဆိုလိုရင်းကို နားလည်အောင်လုပ်ပါ တစ်လုံးစ နှစ်လုံးစဖတ်ပြီး ဆူပူအောင်အော်တာမျိုးမလုပ်စေချင်ပါဘူး ။ ခင်ဗျားလည်းလူ ကျွန်တော်လည်းလူ သူလည်းလူ လူတွေထဲက လူတွေ အချိန်တန်ရင်ခင်ဗျား ၊ ကျွန်တော် ၊ သူ အားလုံး ပြာပုံဘ၀ရောက်ကြရမှာ အသေအချာ ပါပဲ ။
သက်တန့်ချို
6/6/2012 9:10 PM

ဘကြီးသက်
Unknown at 12:41 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမေစု ဦးနှောက်အခြောက်မခံပါနဲ့




ကျွန်တော်ဒီကနေ့မနက်အင်တာနက်စာမျက်နှာကိုဖွင့်ကြည့်လိုက်တယ်ဆိုရင်ဘဲစိတ်ထဲတော်တော်လေးကိုခြောက်ခြားသွားမိတယ်..ဘာပြုလို့လဲလို့ပြောရရင်  လတ်တ လောဖြစ်ပွားနေတဲ့အရေးအခင်းအပေါ် အမေစု ရဲ့မှတ်ချက်ပေးပြောကြား ထား တာလေးကိုအသေးစိတ်ဖတ်မိလိုက်လို့ပါလို့ပြောချင်ပါတယ်..ကျွန်တော်ဟာ အမေစု ကိုဟိုအရင်ထဲကလေးစားပြီးသားပါ၊ကြည်ညိုပြီးသားပါအမေစု ရဲ့သတ္တိတွေ အမေစု ရဲ့လုပ်ဆောင်ချက်တွေ၊ နောက်ဆုံးပြောရရင် အမေစု လိုစိတ်ဓာတ်တွေ ကျွန်တော့်ရင်ထဲမှာ အမြဲတမ်းမွေးနေတဲ့သူတစ်ယောက်ပါ..အဲဒီလောက်အထိ အမေစု ကို ကျွန်တော်တန်ဖိုးထားတဲ့သူပါ..အခု ကျွန်တော်ပြောချင်တာက အမေစု ကို သားတစ်ယောက်က အမေတစ်ယောက်ကို မသိတာကို မေးတဲ့ သဘောလို့ပြောချင်ပါတယ်..အခုတလောမှာဖြစ်နေတဲ့ပြဿနာတွေကိုလဲကျွန်တော်ကြားပါတယ်..ကျွန်တော်ကိုယ်တိုင်လဲ..တချို့သောအကြောင်းအရာတွေကို ဥာဏ်မှီ သလောက်တွေကြည့်ဖြစ်မိပါတယ်..ဒီကနေ့ကျွန်တော်တို့နိုင်ငံဟာ ဒီမိုကရေနိုင်ငံ အဖြစ်ကိုသွားနေတဲ့အချိန်ပါ..နိုင်ငံတော်မှာ တာဝန်ရှိကြတဲ့ လူကြီးတွေကလဲ.. ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှကြိုးပမ်းဆောင်ရွက်နေကြတာပါ.. ဒါကလဲသိတ်ပြီး ထွေထွေထူးထူးပြောဖို့မလိုပါဘူး..ပြောချင်တာက..အဲဒီအင်တာနက်စာမျက်နှာပေါ်က အမေစု ရဲ့ သဘောမှတ်ချက်လို့ရေးထားတာကိုပြောလိုတာပါ..ဒါဟာအမေစု ရဲ့ပြောစကားအမှန်ဟုတ်မဟုတ်ဆိုတာကိုတော့..ကျွန်တော်  တိတိကျကျမပြော လိုပါဘူး..ဒါပေမယ့်စာပါအကြောင်းအရာအချို့ကိုကောက်နှုတ်ပြီးပြောလိုတာပါ ..အမေစုပြောတာက 


“ဒီနိုင်ငံမှာကျမတိုရဲ့ပြည်သူပြည်သားတွေအားလုံး လူမျိုးမရွေး၊ ဘာသာမရွေး တိုင်းသြူုပည်သားမဟုတ်တဲ့ ဒီနိုင်ငံမှာရောက်နေတဲ့ လူမျိုးမရွေး၊ ဘာသာမရွေး၊လုံခြုံမှုရှိတဲ့နိုင်ငံမျိုးဖြစ်စေချင်တယ်၊(ဥပမာ)ကျမခုဏကပြောတဲ့အတိုင်းထိုင်းမှာကျမသွားတဲ့အခါမှာ အင်မတန်မှစိတ်လုံခြုံပါတယ်.. ကျမထိုင်းနိုင်ငံ သားမဟုတ်ဘူး..ဧည့်သည်ပဲ..ဒါပေမယ့်ဧည့်သည်တစ်ယောက်ကိုစိတ်ချမ်းသာအောင်လို့..စိတ်လုံခြုံအောင်လို့ လုပ်ပေးနှိုင်တယ်ဆိုတာ.. အဲဒီနိုင်ငံရဲ့သိက္ခာ.. ဘယ်လောက်မြင့်လဲ..ကျမတို့နိုင်ငံမှာ.. ဧည့်သည်တွေရော.. ဒီနိုင်ငံမှာနေတဲ့.. နိုင်ငံသူနိုင်ငငံသားတွေရော..အားလုံးလုံခြုံမှုရှိဖို့..ကျမတို့ဦးတည်ရမယ်…နောက် တစ်ခု က..ကျမအမြဲတမ်းပြောတယ်.. လူများစုဆိုတာ.. လူနည်းစုကို.. ဂရုဏာထားရမယ်..အဲဒါတော့ကျမသတိပေးပါရစေ.. ကျမဒီလိုပြောလို့.. တချို့ကကြိုက်ချင်မှကြိုက်မယ်..ကြိုက်တာမကြိုက်တာထက်..ပြောသင့်တာကိုတော့ကျမပြောရမယ်..လူများစုဆိုတာ..ကိုယ့်ရဲ့အင်အားကရှိပြီးသား..ကိုယ့်ရဲ့အများစုအင်အားကရှိပြီးသားမို့..ပိုပြီးတော့သဘောထားကြီးနှိုင်ရမယ်.. ပိုပြီးတော့ဂရုဏာတရား ထားနှိုင်ရမယ်..” 
ဒီစကားလေးကို..ကျွန်တော်  အမေစု ကိုမေးကြည့်ချင်လို့ပါ အမေပြောတာတွေကအမှန်တွေပါ..ဒါပေမယ့်အမေရယ်..သား  ပြောချင်တာက လူအများစုက..လူအနည်းစုအပေါ်မှာညှာတာရမယ်.. သနားရမယ်..ဂရုဏာထားရ မယ်..ဆိုတာက  သားတို့   မြတ်ဗုဒ္ဓ ရဲ့ အဆုံးမတွေပါ..ဒါပေမယ့်  အမေ  ဧည့်သည်ဟာ  မိမိသွားရောက်နေထိုင်တဲ့အိမ်မှာဘယ်လိုနေရမယ်ဆိုတာက အမေ့ ကိုသား မိချောင်းမင်းရေကင်းမပြလိုပါဘူး..ဒါကအားလုံးအသိပါ..သား တို့မြန်မာ စကားပုံမှာ တောင်ရှိသေးတယ်..”ကိုယ့်ရွာမှာကြက်ဖ..သူ့များရွမှာကြက်မ”ဆိုတဲ့ စကားပုံတောင်ရှိခဲ့ပါတယ်..သား ပြောလိုတာက.ဧည့်သည်ဟာ. ဧည့်သည်လို နေခဲ့ရင်ဒီပြဿနာမျိုးမဖြစ်ပါဘူး..ဒါပေမယ့် မှားခဲ့ကြတာတွေ မှားပြီး ကုန်ကျ ပါပြီ..နောက်ထပ်မမှားကြရအောင်ဘယ်လိုတွေပြုပြင်ထိန်းသိမ်းကြမလဲဆိုတဲ့အဖြေထုတ်ကြရမှာပါ..တစ်ဖက်ကစမှားတာရှိသလို.. တစ်ဖက်ကလဲဒေါသအ လျောက် တုံ့ပြန်တာတွေဟာ..တကယ်တော့ မပြီးဆုံးနှိုင်တဲ့ အခြေကိုရောက် သွားနှိုင်ပါ တယ်..ဒါဟာ..အမေ ပြောသလို ဒီအကြောင်းကို အကြောင်း ပြုပြီး.. အမြတ် ထုတ်လိုတဲ့သူတွေရှိနေတယ်ဆိုတာကတော့.. သားရဲ့အတွေ့အကြုံအရ ပြောရရင် သေချာရှိနေပါတယ်..ဒါကို သားတို့..ပြည်သူတွေအားလုံးက သဘောပေါက် နားလည်ကြစေချင်ပါတယ်..ဒီကနေ့..နိုင်ငံဟာအေးအေးချမ်းချမ်းဖြစ်နေတဲ့အချိန်မှာဒါမျိုးတွေ..သတိထားရှောင်ရှားကြရမယ့် အချိန်ကိုရောက်နေပါပြီ.. သားတို့မျှော် မှန်းထားတဲ့ဒီမိုကရေစီနိုင်ငံကိုလဲ ရောက်နေကြပါပြီ.. ရရှိထားတဲ့ အခွင့်ရေးလေး တွေပျောက်မသွားရ အောင်ကိုလဲဝိုင်းဝန်းစောင့်ထိန်းကြပါလို့ပြောချင်တာပါ..သား ပြောလို တာက..အမေစု စကားကိုတော်တော်များများနားထောင်ကြတာဖြစ်လို့ ..အမေ့ အနေနဲ့ ..တော်တော်တန်တန်ကိစ္စတွေမှာ..အမေ  ဦးနှောက်အခြောက် မခံ ပါနဲ့လို့..သားပြောချင်တာပါ…                                              သံလုံး(စဥ့်ကူး)

Credit ပေးတော်မှုကြပါကုန်
ဘကြီးသက်

Unknown at 12:12 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြည့်မြင်တိုင် စံပြငါးဈေးတွင် ဆန္ဒပြတောင်းဆိုမှု ဖြစ်ပွား

 
ကြည့်မြင်တိုင် ဗဟိုစံပြငါးဈေးတွင် အလုပ်သမားများ ဆန္ဒပြထုတ်ဖော်တောင်းဆိုနေကြစဉ်
ရေးသားသူ - ဇင်သီဟန်
နေရာ - ရန်ကုန် ရက်စွဲ
 June 06, 2012

ဇွန်လ နံနက် ၆နာရီခွဲအချိန်  တွင် ကြည့်မြင့်တိုင်မြို့နယ်၊ ဗဟိုစံပြ ငါးဈေးရှိ ကုန်တင်ကုန်ချ အလုပ် သမား ၂၀၀ ခန့်တို့၏  ငြိမ်းချမ်းစွာဆန္ဒပြ   တောင်းဆို ခဲ့ကြကာ ယင်းတောင်းဆိုချက်များကို ခ.ရ.ကနှင့်  မ.ရ.က တို့မှ ငါးရက် အတွင်း ပြေလည်အောင်ဖြေရှင်းပေးသွား မည်ဖြစ်ကြောင်းသိရသည်။

'အလုပ်သမားများအသစ်များ ထံမှ အဆမတန်အခကြေးငွေ  ယူ၍ ခန့် ထားခြင်းကိစ္စအား ဖော်ထုတ် အရေးယူ ပေးရန်'ဆိုသည့် အချက်အပါအဝင် သတ်မှတ်ထား  သောစည်းကမ်းချက်များနှင့် အညီ ပြဿနာများ အားမှန်မှန်ကန်ကန် ဖြေရှင်းပေးရန်နှင့် သက်ဆိုင်ရာကြီးကြပ် ရေးမှူး၊ စောင့်ရှောက်ရေး မှူးများ အားလုံး ပြောင်းလဲပေးရန်ဟူသည့် အချက်များ ပါဝင်သည်။

'' အခု ၂၀၁၀-၁၁ခုနှစ်အတွင်း မှာ ပိုက်ဆံ လေးသိန်းခွဲပေးပြီး အလုပ်ဝင် ခဲ့ရတယ် ဆိုတဲ့ အလုပ်သမား ငါးယောက် ကို စစ်ဆေးမယ်။ ပိုက်ဆံ  ဘယ်လောက် ပေးခဲ့ရတယ်။ ဘယ်သူ့ကို  ပေးခဲ့ရတယ် ဆို တာကို စစ်ဆေးပြီး  မှန်ကန်တယ်ဆိုရင် မ.ရ.က အုပ်ချုပ်ရေးမှူး ကိုယ်တိုင် တာဝန်ယူဖြေရှင်း ပေးမယ် လို့ပြောပါ တယ်။ ပြီးတော့မှ တိုင်းဒေသကြီး  ဝန်ကြီးချုပ်ဆီကို  တဆင့်ထပ်တင်ပေး မယ်လို့ပြော ပါတယ်။ အထက်လူကြီးတွေ ဘက်က တာဝန်ယူဖြေရှင်းပေးတဲ့အတွက် ကျွန်တော်တို့ဘက်ကလည်း ငြိမ်းငြိမ်းချမ်း ချမ်းပဲ အလုပ်ပြန် လုပ်ကြ မယ်'' ဟု အလုပ် သမားခေါင်း ဆောင် ကိုဇော်လင်းကပြော သည်။

အဆိုပါ ဆန္ဒပြတောင်းဆိုခြင်း ကို ယနေ့နံနက် ၆နာရီခွဲအချိန်မှ စတင် ၍ အဆိုပါဈေးရှိ အလုပ်သမား ဝန်ကြီး ဌာန၊ မြို့နယ်ပြည်တွင်းကုန်တင်ကုန်ချ ကော်မတီရုံးရှေ့တွင် ယင်းအချက်အပါ အဝင် လုပ်သား များ နေ့စဉ်ပေးသွင်း ဘောက်ချာဖွင့်ငွေများအား စာရင်းရှင်း တမ်းပြုလုပ်၍ လုပ်သားများ အား ပြန်လည် ရှင်းလင်းပေးရန်၊ ငါးတောင်းဌာနခွဲအတွင်း ရှိ ကြီးကြပ်ရေးမှူး၊ စောင့်ရှောက်ရေးမှူး များ အားလုံး ပြောင်းလဲပေးရန် ဟူသည့်စာ သားများရေးသား ထား သည့် ဆိုင်းဘုတ် များကိုင်ဆောင်၍ တောင်း ဆို  ခဲ့ကြခြင်းဖြစ် သည်။

''အခုကရှိတဲ့ အလုပ်သမား တွေနဲ့ အလုပ်ကမမျှဘူးဖြစ်နေတယ်။ လုပ် သားဦးရေကများပြီး ကုန်ကနည်း နေတယ်။  အလုပ်ဝင်ရင်ပိုက်ဆံပေးရတယ်ဆိုတဲ့အတွက်  အလုပ်သမားတွေစွတ်သွင်းတာ။ အခု လည်း အလုပ်သမား  အယော က်ရှစ် ဆယ် ထပ်သွင်းမလို့ လုပ်နေကြတာ။ ကိုယ့်ရှိ တဲ့အလုပ်သမားနဲ့ အလုပ်နဲ့က လုံလောက် နေပါပြီ။ ဝင်ငွေကလည်း အသင့်အတင့် ရတယ်ပေါ့။ အခုဟာက ပိုက်ဆံရတိုင်း အလုပ်သမား တွေသွင်းနေတော့ အကုန် လုံးဝ င်ငွေ ထိခိုက်ကြရတယ်။ ကျွန်တော်တို့ ကရင်းပြီး တောင်း ဆိုရတာပါ။ သူတို့ဘက် ကမလိုက်လျောပေးရင်တော့ ကျွန်တော် တို့က အလုပ်ပြုတ်မှာပဲ။ လိုချင်တဲ့ အချက် တွေမရမခြင်းတော့ ကျွန်တော်တို့ တောင်း ဆိုသွားမှာပါ'' ဟု ကုန်တင်/ ချအလုပ် သမားတစ်ဦး ကဆိုသည်။

ယင်းအပြင် ခိုးမှုအစရှိသည့် ပြဿနာများကြုံတွေ့လာရပါကလည်း  မှန်မှန်ကန်ကန်စစ် ဆေးပေးခြင်း မရှိဘဲ လာတိုင်သူက  ပြောသော ငါးတောင်းတန်း နံပါတ်နှင့် တိုက်ဆိုင်သူက အရေးယူခံ ရကြောင်း၊ ပုံမှန်အရ အသက်လေးဆယ် ကျော်လျှင် အလုပ်ခန့်ထားခြင်းမရှိရသော် လည်း ပိုက်ဆံယူ၍ အလုပ်ခန့်ထား ခြင်း များရှိနေကြောင်း အဆိုပါအလုပ်သမား များ၏ ပြောပြချက်များအရသိရသည်။ ''အခုကအလုပ်သမားက အယောက် ၇၀ဝနီးပါးလောက်ရှိနေပြီ။ ရှိတဲ့သူ တောင် စားဝတ်နေရေး မပြေလည် ကြဘူး။ ကျွန်တော်တို့က တရားဝင်  အလုပ် လုပ်နေကြတာ။  အပြင်ကဝင်လုပ်ကြတာ တွေလည်း ရှိတယ်။ ဒါတွေကို မသိချင် ယောင်ဆောင်ပေးနေကြတယ်။ တိုင်လို့ လဲမရဖြစ်နေတယ်။ ဒါတွေကို ဖြေရှင်း ပေး စေချင်တာပါ'' ဟု ကုန်တင်/ချအလုပ် သမားတစ်ဦးကပြောသည်။

ယင်း ဗဟို  စံပြငါးဈေးကြီးတွင် ကုန်တင်/ချအလုပ်သမား ၇၀ဝနီးပါးခန့် ရှိကာ ယခုဆန္ဒပြ တောင်းဆ သော အချက် များတွင်ပါဝင်လက်မှတ်ရေးထိုးသူ ၃၀၀ နီးပါးခန့်ရှိကြောင်းသိရသည်။ အဆိုပါ ငြိမ်းချမ်းစွာဆန္ဒပြမှု မှာ နံနက် ခြောက် နာရီခွဲ  တွင် စတင်ခဲ့ပြီး အထက်လူကြီးများမှ ငါးရက် အတွင်းပြေ လည်  အောင်ဖြေရှင်းပေးမည်ဆိုသည့် အတွက်  နံနက် ၈နာရီ ၄၅  မိနစ်ခန့်တွင် ပြီးဆုံးသွား ခဲ့သည်။

Yangon Media Group ဘကြီးသက်
Unknown at 10:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်အရေး ဖြစ်ပွါးသွားခြင်းကို ပြန်သုံးသပ်ခြင်း(၂ )

ရခိုင်အရေးနဲ့ ပက်သက်ပြီး စာရေးမယ် ရေးမယ်နဲ့ အားတင်းထားခဲ့ပေမယ့် ကိုယ်တိုင်ရခိုင်တစ်ယောက်ဖြစ်နေတော့ အားကြိုးပြတ်မတတ် ခံစားနေခဲ့ရလို့ မရေးဖြစ်ခဲ့ပြန်ဘူး ... လေးစားရတဲ့ ရေးဖေါ်ရေးဖက် အစ်မများရေးမလားဆိုတော့ ဖြစ်တဲ့နေ့က သူကိုယ်တိုင် အားကိုးရာမဲ့အသံနဲ့ ဖုန်းဆက်လာတော့ ကိုယ်ကအားပေးလိုက်ပါတယ် ... ကိုယ်တိုင်လည်း အိပ်မရတာနဲ့ မနက်ဖက်အလုပ်က အိမ်ပြန်သွားရမလို သတိလစ်သွားမတတ် ဖြစ်နေခဲ့ပါတယ် ...

အခုဖြစ်သွားတဲ့ ကိစ္စမှာ လူသိများသွားတာက တောင်ကုတ်ကိစ္စကြောင့် ... ဂျာနယ်တွေ ဥပဒေတွေ ဝင်လာတာ တောင်ကုတ်ကြောင့် ... တောင်ကုတ်က ဖြစ်ရပ်ဟာ တကယ့်ကို အမှားကြီးကြီး ကြောက်ခမန်းလိလိပါပဲ ... သေဆုံးသွားတဲ့မိသားစုတွေအတွက်လည်း ဝမ်းနည်းမိပါတယ် ... အားလည်း အားနာမိပါတယ် ... တစ်ခုတော့ရှိတယ် သေသွားတာကို မလေးစားလို့မဟုတ်ပါဘူး ... အဲဒီလုပ်ရပ်ကြောင့်သာမဟုတ်ရင် ရမ်းဗြဲက မသီတာထွေးကိစ္စက ဒီလိုပဲ လူသူမသိ အမှောင်ချခံလိုက်ရမှာပါပဲ ... ဒီလိုမျိုးတွေ ဖြစ်ခဲ့တဲ့ သာဓကတွေ လည်း အများကြီးပါ ....

ရခိုင်တွေက မွတ်ဆလင်ကုလားကို မုန်းတီးနေတာ ရန်လိုနေတာ မဟုတ်ဘူးဆိုတာကို အရင်ဆုံး ပြောပါရစေ ... ရခိုင်တွေသာ မုန်းတီးရန်လိုနေရင် ရခိုင်ပြည်မှာ အေးချမ်းတဲ့ နေ့လို့ ရှိမှာ မဟုတ်ပါဘူး ... ဒါပေမယ့် စော်ကားလာတဲ့ အချိန်တွေမှာ ဘယ်သူတစ်ဦးတစ်ယောက်ကမှ မိမိတို့ကို လုံခြုံမှု မပေးနိုင်လို့ ကိုယ့်ဖါသာကိုယ်ပဲ တရားရုံးလုပ်ခဲ့ရတာ ကျွန်မသက်တမ်းတစ်လျှောက်ပါပဲ ... ဒါတောင် ကျွန်မက ကျွန်မမွေးပြီးတဲ့ နောက်ပိုင်းကိုပဲ သိလို့ ပြောတာပါ ...

ကဲ ဖြစ်စဉ်တွေ အားလုံးကို အစကောက်ကြည့်ရအောင် ....

အစကောက်တယ် ဆိုတာနဲ့ အခုလောလောဆယ်ဖြစ်ခဲ့တဲ့ဟာကို မကောက်ဘဲ ... ကျွန်မမွေးခဲ့တဲ့ နောက်ပိုင်းကို စကောက်ရအောင် မမွေးခင်ကဟာကို ပြောရင် မုသားဖြစ်မှာ စိုးလို့ .... ရင်ထဲမှာ အမုန်းတရားမပါဘဲ အခြေနေကို သုံးသပ်ရေးသွားမှာပါ ... ကျွန်မရေးတာတွေ မှန်သည် မှားသည် ရခိုင်မှာ ခရစ်ယာန်ဘာသာတွေ ... ဟိန္ဒူတွေ လည်း ရှိပါတယ် ... ဗမာလူမျိုး ၊ ချင်းလူမျိုးတွေလည်း တော်တော်များများ ရှိပါတယ် ... သူတို့တွေနဲ့ ပြန်ဆွေးနွေးကြည့်ကြစေချင်တယ် ...

ကိုယ့်နေရာ ကိုယ့်ပြည် ကိုယ့်ရွာမှာ နေပြီး မလုံခြုံမှုတွေကို ခံစားဖူးကြပါသလား ... ရခိုင်တွေဟာ အဲလိုမျိုးတွေနဲ့ ကြီးပြင်းလာကြသူပါ ... စစ်အစိုးရကိုပဲ ကြောက်နေခဲ့ရတဲ့ လူတွေအတွက် စစ်အစိုးရရော လူမျိုးခြားရန်ရော စိုးရိမ်ခဲ့ရတဲ့ ရခိုင်တွေကို ဘယ်လိုနားလည်ပေးကြမှာလဲ ... စစ်အစိုးရ လက်အောက်ကို ပြန်မသွားချင်သလိုပဲ ဒီလိုမျိုး ကိုယ့်ရပ် ကိုယ့်ရွာ အမှန် ဘိုးဘွားပိုင်မြေဖြစ်ပါလျက် လူမျိုးခြားတွေနဲ့ အပြန်အလှန်သတ်ဖြတ် ကျီးလန့်စာစားရတဲ့ ဘဝကို ခုံမင်နှစ်သက်နေကြတယ်လို့ ယူဆပါသလား ... ရခိုင်တွေဟာ ဗုဒ္ဓဘာသာဝင်စစ်စစ်တွေပါ ... ရခိုင်မှာ ထေရဝါဒဗုဒ္ဓဘာသာဝင်တွေက ပဋိစ္စသမုပ္ပါဒ်တရားတော်ကို လေးလေးနက်နက် သက်ဝင်ယုံကြည်ကြပါတယ် ... ရခိုင်သူ ရခိုင်သားတွေထဲမှာ တရားစခန်း မဝင်ဖူးတဲ့လူ သစ္စာလေးပါးတရားကို မနာဖူးတဲ့သူ အရမ်းရှားပါတယ် ... ဒီစကားပြောတာက ရခိုင်တွေဟာ လူသတ်ဖို့ ဝန်မလေးတဲ့သူတွေ မဟုတ်ဘူးဆိုတာကို ပြောချင်တာပါ ... ကိုယ့်ကိုကိုယ်ကာကွယ်ဖို့ တရားတစ်ဖက် ၊ ဓါးတစ်ဖက် နေကြရတဲ့ သူတွေပါ ....

ကျွန်မမှတ်မှတ်ရရ ရှိတဲ့ ပဋိပက္ခကနေ စပြောရအောင် ... ၁၉၉၂  ကျွန်မ ၇ နှစ်အရွယ်ပေါ့ ... အဲဒီတုန်းက ရခိုင်နဲ့ ကုလား အကြီးအကျယ်ကို ဖြစ်တာပါ ... စတာက ကုလားက ဝေသာလီဆောင်ကို ဖေါက်ဝင်တာက စတာပါ ... အဲဒီကနေစသွားတဲ့ ကိစ္စ ကျွန်မတို့ ကလေးတွေ ကျောင်းကအိမ်ကို ပြန်ရင် မိဘလာခေါ်မှ ပြန်ရတယ် ... မိဘလက်လုပ်လက်စားကလေးတွေက အုပ်စုအကြီးကြီးဖွဲ့ပြီးပြန်ရတယ် ... ကျောင်းတွေ ပိတ်ထားလိုက်ရတယ် ... ဒါပေမယ့် အဲဒီတုန်းကလည်း ကိုယ့်ဖါသာကိုယ်ဖြေရှင်းကြရတာပဲ ... ပြည်မက ဘယ်သူတစ်ယောက်သိခဲ့လို့လဲ ... ရခိုင်ပြည်ဟာ အနောက်ဖက်က ကုလားကို ခါးစည်းခံဖို့များထားသလား မှတ်ရတယ် ....

၁၉၉၂ ခုနှစ်က ရိုဟင်ဂျာလက်နက်ကိုင်ကြမ်းဖက်မှုကိုကြိုတင်တားဆီးနိုင်ခြင်း..။ (ကိုယ်တွေ့ကြုံသူတစ်ဦး ရေးသားချက်)

တချိန်တုန်းက ၁၉၉၂-၉၃ လောက်က ရိုဟင်ဂျာ အမည်ခံ သူပုန်တွေကို နအဖ အစိုးရတပ်က ပြုတ်လုနီးပါးတိုက်ထုတ်ခဲ့တယ်....သူတို့က ..မောင်တောမြို့နယ် အလယ်သံကျော်ကမ်းခြေတစ်လျှောက်ကနေတစ်ဆင့်..လူ ၁၅၀၀ လောက်စက်လှေတွေနဲ့ဝင်လာတယ် လက်နက်မပါပဲနဲ့ပေါ့..ဒီဘက်ကသူတို့အနွယ်တွေဆီကို လက်နက်ကျည်ဆံတွေကား ၇စီးတိုက်စာလောက် ကြိုပို့ထားတယ်လေ

လူနဲ့လက်နက်နဲ့ မတွဲမိခင်မှာ နအဖ စစ်တပ်တွေကပိတ်ဆို့ ရှင်းလင်း လိုက်နိုင်ပါတယ်

တကယ်ဖြစ်ခဲ့တာပါ........ကျောက်ပန်းနု ရွာဘက်က လှိုဏ်ဂူတစ်ခုထဲမှာဖွက်ထားတဲ့ လက်နက်တိုက်ကိုလဲသိမ်းမိပါတယ်၊ လက်နက်တွေအများကြီးလို့ဒေသခံတွေဆီကသိရပါတယ်
သူတို့နဲ့လက်နက်နဲ့သာတွဲမိလိုက်ရင်.......မလွယ်ပါဘူး...
အဲဒီတုန်းကရိုဟင်ဂျာဒုက္ခသည်တွေ ကိစ္စ မီဒီယာတွေအေရမ်းအော်ခဲ့ကြပါတယ်....ဘီဘီစီ နဲ့ အာအက်ဖ်အေ အသံအကျယ်ဆုံးပါ............
.ဒေသခံတွေရဲ့ပြောစကားအရတော့ မြန်မာဘက်ကမ်းမှာရှိနေခဲ့တဲ့အမာခံတွေအများစုကိုပါရှင်း
လင်းခဲ့တယ်လို့သိရပါတယ်၊အဲဒီတုန်းကစပြီးနစကတပ်ဆိုတာစဖွဲ့စည်းပြီးသူတို့ကိုထိန်းချုပ်ခဲ့တာလို့သိရပါတယ်။
(ဒေါက်တာဇာနည် ပြောကြားချက်)

ကဲ ဒီလိုနဲ့ပဲ ကြားထဲမှာ သိပ်ကို မကြီးတဲ့ ဖြစ်ပွါးမှုတွေနဲ့ ရုန်းထွေး နပမ်းလုံးရင်း ... ၂၀၀၁ မှာ တစ်ခါ ထပ်ပြီးတော့ ဖြစ်လာတယ် ... ကျွန်မတို့က ၁၀ တန်းကျောင်းသူတွေပေါ့ ... ဇန်နဝါရီလ လွတ်လပ်ရေးနေ့ ကြိုဆိုတဲ့ အနေနဲ့ဆိုပြီးတော့ ပထမဆုံး ကုန်စည်ပြပွဲကြီးကို မြို့တော်ခန်းမ မှာ ကျင်းပပါတယ် ... စာမေးပွဲရှိနေတဲ့ ကျွန်မတို့တောင် သူငယ်ချင်းတွေနဲ့ မနက်ဘက် တစ်ခေါက်လောက်တော့ ရောက်အောင် သွားလိုက်သေးတယ် ... စည်လည်းအရမ်းစည်တာကိုး ... ပထမဆုံး အကြိမ်လည်းဖြစ် မော်ဒယ်တွေကလည်း ညဖက်ဆို ရှိုးတွေဘာတွေ လျှောက်တော့ စည်တာမဆန်းပါဘူး ... သက်မွန်မြင့်တို့တောင်ပါသေးတယ် ... စင်ပေါ်ကနေပြီး စွပ်ကျယ်တွေပစ်ပေး၊ ဆပ်ပြာမှုန့်ထုပ်တွေ ပစ်ပေးနဲ့ ဆိုတော့ လူမစဲဘူးလေ ... နယ်တွေကတောင် လာကြပါသေးတယ် ... အဲဒီအချိန်တုန်းက ကျွန်မက အဘွားအိမ်မှာ သွားအိပ်ရပါတယ် ... စာမေးပွဲနီးလာပြီဆိုတော့ အစ်မဝမ်းကွဲက ဂိုက်လုပ်ပေးလို့ ... သူတို့မှာလည်း သူတို့ ညီအစ်မနှစ်ယောက်ရယ် အဘွားရယ်ပဲ ရှိတာဆိုတော့ အဖေါ်လည်းရအောင်ဆိုပြီး သွားအိပ်ရတာပါ ...

တစ်ည ကျွန်မစာကျက်နေတုန်း ၁၂ နာရီခွဲလောက်မှာ သံချောင်းခေါက်သံ အဆက်မပြတ်ကြားရပါတယ် ... လမ်းပေါ်မှာလည်း လူတွေအများကြီးပဲ ... ဒီလိုပဲ ကျွန်မတို့ဘက်မှာ မီးလောင်ရင် သံချောင်းခေါက်ရင် လူတွေ အကုန်လုံး လမ်းတွေပေါ်ကိုဆင်း ယောက်ျားတွေက ကား ၊ ဆိုင်ကယ် ၊ စက်ဘီး ၊ ဆိုက္ကားတွေနဲ့ လိုက်သွားတတ်ကြပါတယ် ... တခါတလေ မီးသတ်ကားမရောက်ခင်မှာ ဝိုင်းပြီးငြိမ်းသတ်ပေးတဲ့ လူတွေကြောင့် မီးငြိမ်းသွားရတာ များပါတယ် ... အဲဒါကြောင့် မီးလောင်ရင်တောင် မီးသတ်ကို အားကိုးတဲ့ အကျင့်သိပ်မရှိတော့သလိုပဲ ... မီးသတ်ဆိုတာ ရယ်စရာတစ်ခုလိုတောင် ဖြစ်ရင် ဖြစ်နေတာ ... ဒီလိုပဲ တစ်ယောက်ကို တစ်ယောက်စောင့်ရှောက်ရင်း နေလာကြတာပါ ...

ဒါပေမယ့် အဲဒီနေ့မှာ ထွက်သွားတဲ့ လူတချို့ ချက်ချင်း ပြန်လာပြီး မိန်းမတွေနဲ့ ကလေးတွေကို အိမ်ပေါ်ကို တက်ခိုင်းပါတယ် ... လမ်းမှာ မနေနဲ့ အိမ်ပေါ်ကိုတက် တံခါးကို လုံအောင်ပိတ်ထား ဆိုတဲ့ မှာသံတွေနဲ့ အတူ "ဟိုမှာ ရခိုင်နဲ့ ကုလားဖြစ်နေကြပြီ ... ဘာသံပဲကြားကြား ကိုယ့်အိမ်ထဲက မထွက်နဲ့တဲ့" ... ကျွန်မအမေဆိုရင် သနားဖို့ကောင်းလိုက်တာ ... ကျွန်မက အဘွားအိမ်မှာမို့လို့တဲ့ စိုးရိမ်လို့ ထိုင်ငိုနေခဲ့တာ ... ဖြစ်တာကလည်း အဘွားအိမ်နဲ့ဆို လမ်းတွေ သိပ်မဝေးဘူးကိုး ... တစ်ညလုံး မအိပ်ကြပဲ လမ်းက အသံတွေကိုပဲ နားစိုက်နေခဲ့ကြတာ ... အဲဒီအချိန်တွေတည်းက ဥပဒေနဲ့ ဝင်ထိန်းလိုက်ရင် သိပ်ဆိုးသွားမှာ မဟုတ်ပါဘူး ... မနက်မိုးလင်းလင်းချင်း အိမ်ကို တန်းပြေးရတယ် ... အဲဒီအချိန်မှာမှ သိလိုက်တာက ကုန်စည်ပြပွဲ နောက်ဆုံးညဆိုတော့ ၁၂ နာရီလောက်အထိ လူတွေ မစဲဘူးတဲ့ ... ကောင်လေး နှစ်ယောက် ၊ ကောင်မလေး နှစ်ယောက် နဲ့ ကိုရင်လေးတစ်ပါး ညဖက် ၁၁ နာရီလောက်မှာ ပွဲကြည့်ရင်း တူတူပြန်ကြတာ ကုလားရွာက ဖြတ်ပြန်ရတော့ ကုလားတွေက ကောင်မလေးနှစ်ယောက်ကို သားပြော၊ မယားပြော လှမ်းပြောလို့တဲ့ ... ကုလားရွာက ဖြတ်ပြန်ရတယ် ဆိုလို့ ပြောဦးမယ် ... စစ်တွေမှာ ကုလားရွာ တော်တော်များများက အဓိက လမ်းကြီးတွေပေါ်မှာ ရှိတယ် .. နည်းတဲ့ ရွာကြီးတွေ မဟုတ်ဘူး ... ပြီးရင် ကျွန်မတို့ရဲ့ ဆရာတော်ဦးဥတ္တမ ပန်းခြံရှေ့တည့်တည့် Main လမ်းမဖြစ်တဲ့ လမ်းမကြီးပေါ်မှာလည်း ဗလီအကြီးကြီး နည်းတဲ့ဟာကြီးမဟုတ်ဘူး ... အဲလို ကောင်မလေးတွေကို ပြောတော့ ကောင်မလေးတွေက ပြန်ဆဲလို့တဲ့ ဟိုက ပိုရိုင်းလာတော့ ကောင်လေးတွေကပါ ဝင်ပြောတော့ ကုလားရပ်ကွက်မှာ အဲဒီလူခြေပြတ်တဲ့အချိန်ဆိုတော့ သူတို့တွေက ဆွဲလားရမ်းလား လုပ်တာနဲ့ ကောင်လေးနှစ်ယောက်၊ ကိုရင်လေး နဲ့ ဆွဲနေကြချိန် ကောင်မလေးတွေက ထွက်ပြေးသွားကြလို့ လွတ်သွားပါတယ် ... သူတို့ကလည်း ကောင်မလေးတွေကို အာရုံမစိုက်တာလည်း ပါပါလိမ့်မယ် ... ကောင်လေးနှစ်ယောက်က နယ်က ကျောင်းလာတက်တာပါ ... ရွှေစေတီဘုန်းကြီးကျောင်းမှာ နေပြီးတော့ ကျောင်းတက်နေကြတာပါ ... ဖြစ်ချင်တော့ စည်းကမ်းအရမ်းကြီးတဲ့ ကျောင်းထိုင်ဆရာတော်ကြီး ခရီးလွန်နေချိန် ဖြစ်နေလို့ ခုလို ညဖက်ကို ခိုးထွက်လို့ ရကြတာပါ ... အဲလို ထိုးကြိတ်ရင်းနဲ့ သူတို့ရွာထဲကို ဆွဲသွင်းရာက ကောင်လေးတစ်ယောက် လွတ်သွားပါတယ် ... ကောင်လေးကလည်း ပွဲဖက်ကိုသာ ပြန်ပြေးရင် ပိုကောင်းသွားမှာပါ ... လူတွေ အများကြီး လိုက်လာနိုင်ကြမှာ ... ဒါပေမယ့် ကောင်လေးလည်း ကိုယ်လွတ်ရာပြေးရင်း ရွှေစေတီကျောင်းကို ရောက်သွားပါတယ် ...

ရွှေစေတီကျောင်းဟာ အကြီးဆုံး စာသင်တိုက်မို့လို့ ကိုယ်တော်တွေ ကိုရင်တွေ အများကြီးပါပဲ ... အဲဒီမှာ ကောင်လေးက ကိုယ်တော်ကို သွားလျှောက်တော့ ကိုယ်တော်တွေရော ကိုရင်တွေရော လိုက်လာခဲ့ကြပါတယ် ... ပြီးတော့ အဲဒီနားမှာ လူသွားတောင်းတယ် ... တစ်ယောက်မှ ဘာမှ မပြောကြဘူး ... ဆွဲသွင်းသွားတဲ့ အဆောက်အဦးထဲကို ဝင်ရှာတယ် ... ပြီးမှ ကိုရင်လေးခေါင်းကို ချိတ်ထားတာတွေ့ပါတယ် ... ခန္ဓာမတွေ့ပါဘူး ... ဒီလိုနဲ့ အုတ်အော်သောင်းနင်း ဖြစ်ရာက ကုန်စည်ပြပွဲက လူတွေလည်း ရောက်လာပြီးတော့ အိမ်တွေကို ရှာကြတယ် ... မတွေ့ပါဘူး ... အဲဒီမှာပဲ ဒေါသတွေ ထွက်ပြီးတော့ ကိုရင်လေးခေါင်းကို တွေ့တဲ့ အဆောက်အဦးကို မီးရှို့ကြတာပါ ... အဲဒါ မိုးအလင်း ဟိုဘက်နဲ့ ဒီဘက်ချကြတာ ...

ငရဲကျနေသလိုပါပဲ ... လူတွေရော ဘုန်းကြီးတွေရော ... သူတို့ဘက်ကလည်း ရှိသမျှလူတွေပေါ့ ... ရတဲ့ လက်နက်နဲ့ဆော်ကြတာ ... ရခိုင်တွေက ကလေး၊ မိန်းမ နဲ့ သက်ကြီးရွယ်အိုတွေကို မသတ်ပါဘူး ... ဒါပေမယ့် သူတို့က တွေ့သမျှသတ်တယ် ... ပြီးရင် သူတို့မိန်းမတွေက သူတို့အိမ်တွေပေါ်ကနေ ပုလင်းကွဲတွေ ပစ်ချကြတယ် ... ကိုယ်တော်တွေလည်း ခေါင်းကွဲတဲ့သူကွဲ ... ဆီတွေလောင်းကြတယ် ... မီးတွေ ပစ်ကြတယ် ... ဒီတော့ ဒီကလည်း သူတို့ အိမ်တွေပေါ်ကို ဆီဗုံးတွေနဲ့ မီးကွင်းတွေ ပြန်ပစ်ကြတယ်ပေါ့ ... အဲဒီအချိန်တွေမှာ ကျွန်မတို့ ဘယ်ကတရားဥပဒေကိုသွားပြီး အားကိုးရမှာလဲ ... တရားဥပဒေလာဖို့ အသေခံစောင့်နေရမှာလား ... ပြီးမှ စစ်တပ်က ဗျူဟာမှူးကိုယ်တိုင်လိုက်လာပြီး လော်စပီကာနဲ့ အော်လို့ သူ့ကို နှစ်ဘက်လုံးက ဘယ်ကထုမှန်းမသိ နဖူးထိသွားတယ် ... တပ်တွေလည်း ဒီအတိုင်း ကားရပ်ပြီးကြည့်ရတဲ့ အခြေနေဖြစ်သွားတယ် ... သူတို့တွေလည်း ရခိုင်ရွာတွေကို မီးတိုက်တယ် ... ကျွန်မတို့ အဘွားအိမ်ပါသွားလို့ ပြေးကြရတယ် ... ဆွေမျိုးတွေ အိမ်တွေလည်း ပါသွားတယ် ... ရက်ကွက်လိုက်ကြီးတွေ ပျက်စီးသွားတာ ...သူတို့ ရပ်ကွက်တွေရောပေါ့ ...

ကြောက်စရာကောင်းအောင် တွေ့လိုက်ရတာက ... သူတို့ရဲ့ ဒေါ်လာဆိုတဲ့ အထင်ကရ တည်းခိုခန်းမှာ လက်နက်သေတ္တာတွေ တွေ့လိုက်ရတာပဲ ... ငွေစက္ကူတွေ ဒေါ်လာတွေ အများကြီးပဲ ... ဘုန်းကြီးတွေက အကုန်မီးရှို့ဖျက်စီးပစ်လိုက်တာ ... ပိုင်ရှင်တွေက အဲဒီနေ့မှာပဲ မော်တော်ဘုတ်တွေနဲ့ ညတွင်းချင်း ထွက်ပြေးကြတာ ...

အဲဒီဟာကိုသာ မတွေ့လိုက်ဘူးဆိုရင် တွေးတောင် မတွေးရဲဘူး ... နောက်တစ်ရက်မှာ တပ်က မာရှယ်လောထုတ်လိုက်တယ် ... ညဖက် ၆ နာရီ အပြင်ကို မထွက်ရ ...အဲဒီအတွက်လည်း တရားဥပဒေနဲ့ လုပ် မလုပ်လည်း မကြားရ မသိရ ...

ရခိုင်ပြည်ဟာ ရေကြောင်းခရီးကို အဓိက အားထားရတဲ့နေရာ ... ပင်လယ်ကြီးနဲ့ ဆက်စပ်နေတော့ လှိုင်းလေ အရမ်းကြမ်းတယ် ... ကုလားတန်မြစ်ကိုဖြတ်ပြီး နေ့တိုင်းသွားပြန်နေရတဲ့ လူတွေ ရှိတယ် ... အဲဒီမှာ မုန်တိုင်းမိပြီး မှောက်သွားတဲ့ မော်တော်က အဘွားကြီးနဲ့ မိန်းမကြီးတစ်ယောက်က ဘေးနားကဖြတ်သွားတဲ့ ပိုက်လောင်းလေးကို အကူညီတောင်းတော့ ကုလားတွေ ငါးသွားဖမ်းတာဖြစ်နေတယ် ... သူတို့လည်း လောင်းပေါ်ကို ဆွဲတင်လိုက်ပြီး ပါလာတဲ့ အဘွားကြီးကို လည်ပင်းလှီးသတ်ပြီး ရေထဲကို ချပလိုက်တယ် ... မိန်းမကြီးကိုတော့ အဓမ္မကြံပြီးမှ ဝတ်ထားတဲ့ နားကပ်တို့ လက်ကောက်တို့ ဆွဲကြိုးတွေကိုယူ လည်ပင်းကို ဖြတ်ပြီးမှ ပစ်ချလိုက်တယ် ... မြင်သွားတဲ့ တခြားလှေက လူတစ်ယောက်အသတ်ခံရပြီး နောက်တစ်ယောက်လွတ်သွားလို့ ပြန်တိုင်တယ် ... ဒါလည်း ဖမ်း မဖမ်း မသိရဘူး ... ဒီလိုမျိုး အားကိုးရတဲ့ တရားဥပဒေနဲ့ ကာကွယ်ပေးထားတာပါ ...

ကျွန်မတို့မှာလည်း ကိုလဂွန်းအိမ်တို့လိုမျိုး သူငယ်ချင်းတွေ ရှိပါတယ် ... သူငယ်ချင်းတစ်ယောက်ဆိုရင် အစ္စလာမ်ပေမယ့် ကျောင်းက ဆရာ ဆရာမကို ရှိခိုးတယ် ... ကျွန်မတို့ ဘုရားရှိခိုးရင် လက်အုပ်လေးချီထားတယ် ... သူ့အိမ်မီးလောင်တုန်းက ရခိုင်တွေကပဲ ငြိမ်းပေးခဲ့ကြတာ ... သူတို့ မောင်နှမလေးယောက်လုံးကို ကျွန်မတို့တွေ အရမ်းချစ်ကြပါတယ် ... တခြားကောင်လေး ၃ ယောက်ရှိပါသေးတယ် ... ကျောင်းကထိန်ဆိုရင် ဘုန်းကြီးကျောင်းက သူတို့ကိုယ်တိုင်ပဲ ပဒေသာပင်တွေ သွားယူကြတာ ... ကျွန်မတို့ ဘုရားကို ဝတ်မပြုရင်သာနေမယ် ... အရှင်ဘုရားတွေ ဆိုရင်လည်း လေးလေးစားစားနဲ့ ပြောတတ်တယ် ... ကျွန်မတို့ကို မရိုင်းရင် ကျွန်မတို့ကို မစော်ကားရင် ကျွန်မတို့ ဘယ်သူ့ကိုမှ မလုပ်ပါဘူး ... ကျွန်မတို့ကလည်း အစ္စလာမ်ဘာသာကို မုန်းနေတာ မဟုတ်ပါဘူး ... ကျွန်မတို့မှာ ကိုယ့်အိမ်ကိုယ့်ယာမှာ နေပြီး ကိုယ့်မြေဖြစ်ပါလျက် အကာအကွယ်မဲ့နေတဲ့ ဘဝကို ကျော်ဖြတ်လာကြတာပါ ... အဲလိုအချိန်တွေမှာ လာကယ်မဲ့ ရဲတွေကို စောင့်နေရင် ကျွန်မတို့ ဘဝတွေ ဘာဖြစ်သွားကြမလဲ ... ရပ်ကွက်ထဲက ယောက်ျားငယ်လေးတွေက အုပ်စုလိုက် အလှည့်ကျ ကင်းစောင့်ရင်း ကိုယ့်ရပ်ကွက်ကို ကိုယ်စောင့်ရှောက်လာခဲ့ကြတဲ့ အကြိမ်တွေ ရေတွက်လို့ မရပါဘူး ...

ကိုယ့်ပြည် ကိုယ့်ရွာမှာ နေပြီး မလုံခြုံတဲ့ ခံစားချက်ကို နားလည်ပေးကြပါလို့ အတင်းမတိုက်တွန်းပါဘူး ... ခုလည်း ရမ်းဗြဲမှာ မသီတာထွေးကို သတ်တဲ့ကိစ္စကို ဘာတစ်ခုကမှ အသိအမှတ်ပြုလုပ်ပေးတာမျိုးမရှိဘူး ... လူတွေတောင် မသိကြဘူးလေ ... တောင်ကုတ်က လူသတ်မှုပေါ်မှ သိသွားကြတာ ... တောင်ကုတ်ကကိစ္စအတွက် ထိခိုက်ဝမ်းနည်းရပါတယ် ... သေသွားတဲ့သူတွေ အတွက်ရော ... ကျွန်မတို့ကို ကာကွယ်ပေးတယ်လို့ ယူဆပြီးကျူးလွန်ဖြစ်ခဲ့တဲ့ ညီကိုမောင်နှမတွေကိုရော ... အရမ်းကို ထိခိုက်ကြေကွဲရပါတယ် ... ဒါပေမယ့် အဆိုးထဲက အကောင်းတစ်ခုက ရခိုင်ဒေသကို ဥပဒေ အမှောင်ချထားလို့ မရတော့ဘူးဆိုတာပါပဲ ...

ကျွန်မတို့ရဲ့ ညီအစ်ကိုမောင်နှမတွေက တကယ်ကို ရိုးလွန်းလို့ ဒေါသကိုထုတ်ပြ လုပ်ပစ်လိုက်ကြတာ ... ကျွန်မတို့ရဲ့ ပြေးလာတဲ့ ခြေလှမ်းတွေ ရပ်သွားမှာကိုလည်း သူတို့တွေ မသိလောက်အောင်ကို ရိုးကြ နုံကြ အကြတာ ... သူတို့ အမျိုးသားရေးကို ကာကွယ်မယ်ဆိုတဲ့ အရိုးခံစိတ်တစ်ခုပဲ ရှိတယ် ... အလိမ္မာ မရှိကြဘူး ... ပရိယာယ်မရှိကြဘူး ... ကျွန်မသာဆိုရင်တော့ အဲသလိုမလုပ်ဘူး ... ကိုယ်လုပ်စရာမလိုဘဲ သူ့စားရိတ်နဲ့သူသွားအောင်ပဲ လုပ်မယ် ... ဒါပေမယ့် ပရိယာယ်မရှိတဲ့ ကျွန်မတို့ အစ်ကိုတွေက ကျွန်မတို့ကို စောင့်ရှောက်ဖို့ သူတို့တွေ ရှိကြောင်းကို ပြလိုက်သလိုပဲ ... " ကျွန်မတို့ သွားနေကြတဲ့ခြေလှမ်းတွေကို ရပ်စေတဲ့ အတွက်ရော ... လူ့အသက်ကို သတ်လိုက်တဲ့ အတွက်ရော မုန်းတယ် ... ပြီးရင် သူတို့တွေ ကိုယ့်လူမျိုးအတွက်ဆိုတဲ့ စိတ်နဲ့ လုပ်မိသွားတာမို့လို့ သနားတယ် ... နောက်ဆုံး အကာအကွယ်မရှိတဲ့ကျွန်မတို့တွေအတွက် သူတို့တွှေကာကွယ်ဖို့ အဆင်သင့်ရှိနေပါလားဆိုတဲ့စိတ်နဲ့ ချစ်မိတယ် ယူကြုံးမရဖြစ်မိတယ် ... "

သူတို့လုပ်ရပ်ကို ထောက်ခံတာ မဟုတ်ဘူး ... လုံးဝကို ကန့်ကွက်ပါတယ် ... ပြစ်မှုကျူးလွန်သူတိုင်း ပြစ်ဒါဏ်ကို ခံကြရမှာပါ ... ဒါပေမယ့် သူတို့တွေ ဒီလိုဖြစ်နေတာ ဘာတွေကြောင့်လဲ ... ကျွန်မတို့ ဒေသမှာ တရားဖြစ်လာရင် တကယ်အပြစ်ပေးလိမ့်မယ်လို့ မယုံကြည်နိုင်ကြတော့လို့ပဲ ... တကယ့်ကို တရားဥပဒေ မစိုးမိုးလို့ပဲ ... ရခိုင်တွေက အချင်းချင်းပဲ စောင့်ရှောက်ရင်းနဲ့ ကိုယ့်သားသမီး ကိုယ့်ညီအစ်ကို မောင်နှမကို လူမျိုးခြား လက်ထဲကို မရောက်သွားရအောင် ကာကွယ်လာကြရတဲ့ဘဝ ... ဒါတွေကြောင့်ပဲ ကုလားနဲ့ ရခိုင်လက်ထပ်တာမျိုး မရှိသလောက်ရှားတာ ... အနောက်ရိုးမမှာ ရခိုင်တွေက မြန်မာနိုင်ငံထဲကို ကုလားတွေ စိမ့်ဝင်မသွားဖို့ မြေခံကတုပ် အနေနဲ့ ခံပေးနေကြရတယ်ဆိုတာကို သိရင် ...

ဒီလိုကိစ္စမျိုးတွေ ဝေးပြီး ရခိုင်မြေမှာ ရခိုင်တွေတည်ထားကိုးကွယ်တဲ့ ဘုရားတွေကို ရခိုင်တွေ စိတ်အေးလက်အေး ရှိခိုးရမယ့် နေ့တွေကို တောင့်တရင်း .... ကျွန်မတို့ လူမျိုးတွေ ခိုကိုးရာမဲ့သောဘဝက အကာအကွယ်မဲ့သောဘဝက၊ ကိုယ့်အိမ်မှာ ကိုယ်နေရင်း ကြောက်လန့်နေရတဲ့ ဘဝက၊ သံသယတွေနဲ့ပဲ ကြီးပြင်းရတဲ့ ဘဝက တတ်နိုင်သမျှ အမြန်ဆုံး လွတ်မြောက်နိုင်ကြပါစေလို့ ဆန္ဒပြုရင်း ...

( မှတ်ချက်။ ။ အစ္စလာမ် ဘာသာဝင်တိုင်းကို စော်ကားခြင်းမဟုတ်ပါ ... ရခိုင်ပြည်ရဲ့ အမှောင်ချခံထားရတဲ့ အခြေနေကို လှစ်ဟပြရုံသက်သက်သာ ... တခြားသောသူတွေ ဒီကိစ္စကို ပြီးစေ ငြိမ်းစေချင်တာထက် ရခိုင်တွေက ပိုတယ်ဆိုတာကို သိထားစေချင်ပါတယ် ... ရခိုင်ဒေသမှာ အဓိက ဖြစ်နေတော့ မိသားစုတွေ ညီအစ်ကို မောင်နှမတွေ အတွက် ရတက်အေးကြပါ့မလား ... ကိုယ်ချင်းစာ နားလည်ပေးကြလိမ့်မယ်ထင်ပါရဲ့ ... )


အကောင်း အဆိုး ၊ အကြောင်း အကျိုး ဆိုတာ လူမျိုးတိုင်း နေရာတိုင်းမှာ ရှိနေတယ်လို့ ယုံကြည်စွာဖြင့်

သင်းချို

ဘကြီးသက်
Unknown at 10:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရခိုင်အရေး ဖြစ်ပွါးသွားခြင်းကို ပြန်သုံးသပ်ခြင်း(၁)



မင်းမဲ့စရိုက်ဆန်ဆန်
လူအစုလိုက်အပြုံလိုက်သတ်တာ ဘယ်သူမှလက်မခံနိုင်ပါဘူး ဒါကိုလက်ခံပါတယ်
ဒါပေမယ့်အဲလောက်ထိ ပြင်းပြင်းထန်ထန်ဆိုးဆိုးရွားရွား
သတ်ချင်လာအောင်ဘယ်လို အခြေအနေတွေ ရှိခဲ့တယ်ဆိုတာ နည်းနည်းစုံစမ်းကြပါအုံး
ခင်ဗျားတို့ကြုံဖူးကျမှာပါ ငယ်ငယ်တုန်းက ခပ်ခပ်ညစ်ညစ် သူငယ်ချင်းတွေလေ
မခံချင်အောင်စတယ် ဆရာမတိုင်လဲ ခဏပဲထပ်စတယ် ခဏခဏစ လို့ ခဏခဏ တိုင်ရင်
ဆရာမကလဲထင်မယ်တော်တော်အတိုင်အတောထူတဲ့ကလေးလို့ နောက်ပြီးစတိုင်းလဲ
သက်သေပြရအောင်သက်သေမရှိ လူလစ်ရင်လစ်သလို ခေါင်းခေါက်လိုက်
မခံချင်အောင်လုပ်လိုက် သလိုမျိုးပေါ့ အခုလဲဒီအတိုင်းပါပဲ ကျွန်တော်တို့
ရခိုင်အမျိုးသမီး အမျိုးသားများရက်စက်စွာအသက်ခံရပေါင်းလဲများပါပြီ
နည်းမျိုးစုံနဲ့လဲစော်ကားခံရတာများပါပြီ
ကန်တော့ပါရဲ့လင်ကောင်မပေါ်ပဲဗိုက်ကြီးလာရင်တောင် ဘယ်ကောင်လုပ်တာ
လဲသတ်မယ်ဖြတ်မယ်တစ်ကဲကဲဖြစ်နေတာမျိုးလဲ မြင်ဖူးပါတယ် အခုက အသတ်ပါခံရတာပါ
အခုပြောနေတာတွေက လက်စားပြန် ချေတာမှန်တယ်လို့ပြောနေတာမဟုတ်ပါဘူး
ဘယ်လိုမျိုးရှိခဲ့တယ်ဆိုတာ သိအောင်ပြောပြတာပါ နောက်တစ်ခုထပ်
သိအောင်ပြောရရင် နှစ်တိုင်း ဘင်္ဂါလီကုလားတွေ
ရခိုင်ပြည်ထဲနည်းမျိုးစုံနဲ့ဝင်လာနေတယ်ဆိုတာသိချင် ရင်လာနေကြည့်ကြပါ
မြင်ပါလိမ့်မယ် အခုလိုအစော်ကားခံရတာ ကိုလိုနီခေတ်က
အစော်ကားခံရတာထက်နာပါတယ် အဲတုန်းက သူများလူမျိုးအုပ်ချုပ်လို့
ဒီလိုစော်ကားခံရတာ အခုက ကိုယ်လူမျိုး အုပ်ချုပ်နေရဲ့သားနဲ့ ခံရတာ
နောက်ဆုံးပြောချင်တာက ဘင်္ဂါလီနယ်စပ်ကို ဒီထပ်တင်းကျပ်စွာအစိုးရပိုင်းမှ
ထိန်းသိမ်းစောင့်ရှောက်ပေးပါ နောက်ပြီး ရခိုင်ပြည်နယ်မှာရှိတဲ့
နိုင်ငံခြားသားလို့ထင်ရသူမှန်သမျှ သေချာစွာစီစစ်ပြီး
လိုအပ်သလိုစီစဉ်ပေးပါ ဧည့်နိုင်ငံသားကိုင်ဆောင်ထားသူများကိုလဲ
ဧည့်နိုင်ငံသားများရသင့်သောအခွင့်အရေးထပ်ပိုမိုခြင်းမရှိစေရန်
ထိမ်းသိမ်းပေးရန် စသည်ဖြင့် လိုအပ်သလိုဆောင်ရွက်ပေးသင့်ပါတယ်
အဲလိုမှမဟုတ်ရင်တော့ ကို့အိမ်ထဲကိုနေပြီး
သူများအိမ်ကခွေးရူးကိုက်တာကိုကြာကြာမခံနိုင်ပါဘူး ခွေးရူးကိုက်ခံရတာကို
ထိုင်ကြည့်ပြီးပြန်မရိုက်ပါနဲ့ကွာ သနားပါတယ်ဆိုရင်
ကိုတိုင်လာအကိုက်ခံကြပါ အဲလိုမှမဟုတ်ရင်တော့သိပ်မကြာခင်
ခဏခဏလာကိုက်တဲ့ခွေး တစ်ခါအပြီးသတ်တဲ့ထိတွေဖြစ်လာတော့မှာပါ
Myanmar Express

ဘကြီးသက်
Unknown at 10:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တပ်မတော်၏ နိုင်ငံရေးမှ နောက်ဆုတ်မည့် ခြေလှမ်းကို ကြိုဆိုကြောင်း ဒေါ်အောင်ဆန်းစုကြည်ပြော

မြန်မာနိုင်ငံရေးတွင် တပ်မတော်မှ သင့်တော်သည့် အချိန်တွင် နောက်ဆုတ်ပေးမည်ဟု ကာကွယ်ရေးဝန်ကြီး ဗိုလ်ချုပ်ကြီး လှမင်း၏ ပြောကြားချက်ကို ကြိုဆိုကြောင်း မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ယနေ့ ပြောဆိုလိုက်သည်။

“ တပ်မတော်နှင့် အတူ သိက္ခာရှိတဲ့ ခြေလှမ်းတွေကို အတူလက်တွဲပြီးတော့ လှမ်းချင်ပါတယ်။ ဗိုလ်ချုပ်ကြီးလှမင်းက ပြောတယ်ဆိုတော့ ကျွန်မ အင်မတန်မှ သဘောကျပါတယ်။ တပ်မတော်ဟာ အစဉ်အမြဲရနေတဲ့ အခွင့်အရေးကို ထိန်းသိမ်းချင်တဲ့ တပ်မတော်မဟုတ်ဘူး။ နိုင်ငံနဲ့ သင့်တော်တဲ့ အခြေအနေတစ်ခုကို ဖန်တီးပေးဖို့ လိုလားတဲ့ တပ်မတော်ဆိုတာ ပြလိုက်တဲ့အတွက် ကျွန်မအနေနဲ့ အများကြီး ကြိုဆိုပါတယ်”ဟု Venus News Weekly၏ မေးမြန်းချက်ကို ဒေါ်အောင်ဆန်းစုကြည်က ပြန်လည် ဖြေကြားခဲ့သည်။

Venus News Weekly



ဘကြီးသက်
Unknown at 9:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်ပဆက်သွယ်ရေး ကုမ္ပဏီများ မြန်မာ့ဆက်သွယ်ရေး ဈေးကွက် ဝင်တော့မည်




ဆွီဒင်နိုင်ငံ အခြေစိုက် ဆက်သွယ်ရေး ကုမ္ပဏီဖြစ်သော Ericsson နှင့်ဖရန်ကို အမေရိကန် ဆက်သွယ်ရေးကုမ္ပဏီ Aleatel-Lucent တို့က ၂၀၁၂ ခုနှစ်အတွင်း မြန်မာ့ဆက်သွယ်ရေးဈေးကွက်အတွင်း ဝင်ရောက် လာတော့ မည်ဖြစ်ကြောင်း  အဆိုပါ ကုမ္ပဏီများ၏ ထုတ်ပြန်ကြေညာ ချက်အရသိရသည်။ မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း ဖွံ့ဖြိုးတိုးတက် လာခြင်းနှင့်အတူ  မြန်မာ့ဆက်သွယ်ရေး ဈေးကွက်တွင် နေရာတစ်နေရာ ရရှိရေးအတွက် ရန်ကုန်မြို့တွင် ယခုလ အတွင်း Ericsson ကုမ္ပဏီက ရုံးခန်းလာရောက် ဖွင့်လှစ်တော့မည်ဖြစ်ကြောင်း သိရသည်။ အလားတူ Nokia ၊ တရုတ်နိုင်ငံအခြေစိုက် Huawei Technologies ZTE ကုမ္ပဏီတို့လည်း မြန်မာ့ ဆက်သွယ်ရေး ဈေးကွက်အတွင်း ပိုမိုဝင်ရောက်လာမည်ဖြစ်ပြီး Alcatel- Lucent ကမြန်မာအပါအဝင် အရှေ့တောင်အာရှနိုင်ငံများ၌ ၎င်း၏ ဈေးကွက်ချဲ့ထွင်းမည့်အစီအစဉ်ကို ပြီးခဲ့သည့် တနင်္ဂနွေနေ့က အတည်ပြုခဲ့ကြောင်း၊ မိုဘိုင်းလ်ဖုန်းသိပ်သည်းဆနည်းပါးသည့် နိုင်ငံများတွင် ဈေးကွက်ရရန် အလား အလာကောင်းကြောင်းဖြင့် အဆိုပါ ကုမ္ပဏီ၏ အာရှ -ပစိဖိတ်ဒေသဆိုင်ရာ စီးပွားရေးအကြီးအကဲက သုံးသပ်ပြောကြားခဲ့ကြောင်း သိရှိရသည်။
 
 Myanmar Express
ဘကြီးသက်
Unknown at 9:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘယ်လိုခွင့်လွှတ်ကြမလဲ ?

နေ့စဉ်ဘ၀မှာ စိတ်တိုစရာကိစ္စတွေကို တော်တော်လေး တွေ့ရပါတယ်။ကျောင်းမှာပဲဖြစ်ဖြစ်၊ အလုပ်ခွင်မှာပဲဖြစ်ဖြစ်၊ လူမှုဆက်ဆံရေးမှာပဲဖြစ်ဖြစ် ကျနော်တို့ကို စိတ်တိုအောင်လုပ်နေတဲ့ လူတွေ၊ အဖြစ်အပျက်တွေက တော်တော်များပါတယ်။အဲဒါတွေ အားလုံးကိုသာ စိတ်တိုနေရမယ်ဆိုရင် ကျနော်တို့ မြန်မြန် အသက်တိုရလိမ့်မယ်ထင်တယ်။ကျောင်းတို့၊ အလုပ်ခွင်တို့၊ လူမှုဆက်ဆံရေးတို့ဆိုတာကလည်း ကျနော်တို့ဘ၀မှာ မဖြစ်မနေ ပတ်သက်နေတဲ့အရာတွေဆိုတော့ အဲဒါတွေကို ရှောင်လွှဲလို့ မရနိုင်ပေဘူး။
ပြီးတော့ လူတွေကို ခွင့်လွှတ်တတ်ခြင်းဟာ ကျနော်တို့ရဲ့ အောင်မြင်ပျော်ရွှင်ရေးမှာ အရေးကြီးတဲ့အရာတစ်ခု ဖြစ်ပါတယ်။ဒီတော့ စိတ်တိုအောင် လုပ်တဲ့လူတွေကို ဘယ်လို ခွင့်လွှတ်ကြမလဲ။


လူတွေကို ခွင့်လွှတ်ဖို့ အခြေခံကျတဲ့ အကြောင်းတစ်ရပ် ရှိပါတယ်။ ဒါကတော့ သင်က သူတို့ကို ခွင့်မလွှတ်ဘူးဆိုရင် အဲဒီစိတ်က သင့်ဘ၀ကို ဖျက်ဆီးပစ်မှာပဲဖြစ်တယ်။ ဆိုကြပါစို့ -
- သင်က ကျနော့်ရဲ့ သူဋ္ဌေး၊ ပြီးတော့ သင် ကျနော့်ကို အလုပ်ထုတ်ပစ်လိုက်တယ်။ဒါမှမဟုတ်-
သင်က ကျနော့် ကောင်မလေး၊ ပြီးတော့ ကျနော့်သူငယ်ချင်းနဲ့ လိုက်ပြေးသွားတယ်။ဒါမှမဟုတ်ရင်လည်း သင့်ရဲ့မွေးနေ့အတွက် ဖိတ်ကြားတဲ့ စာရင်းမှာ ကျနော့်ကို ချန်ထားမယ်။
ဒီတော့ ကျနော်က ပြောမယ်။” ငါ မင်းတို့ကို ဘယ်တော့မှ ခွင့်မလွှတ်ဘူး ”ဒါဆို
ဘယ်သူ ခံစားရမလဲ။



သင်ကတော့ ခံစားရမှာမဟုတ်ဘူး။ကျနော့်မှာတော့ ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေရပြီ။ ဗိုက်ထဲမှာလည်း အလုံးကြီး တက်လာတယ်။ အိပ်လို့လည်း မရတော့ဘူး။အဲဒီအချိန်မှာ သင်ကတော့ ပါတီပွဲတောင် ကျင်းပချင် ကျင်းပနေမှာပေါ့။
လူတွေကို ခွင့်မလွှတ်ဘူးဆိုရင် သူတို့ ခံစားရမယ်ဆိုတဲ့ အတွေးကို ကျနော်တို့ ဘယ်က ရတာပါလဲ။ဒါဟာ ရူးတာပါပဲ။
ကျနော် သင့်ကို ဒေါသထွက်နေချိန်မှာ ကျနော်ပဲ ခံစားရတယ်။အဲဒီအချိန်မှာ ကျနော်က ကိုယ့်ကိုယ်ကိုယ်ပြောမယ် – “ငါ မှန်တယ်”ဒါပေမဲ့ “မှန်ကန်ခြင်း” ဆိုတာဟာ ပျော်ရွှင်မှုအတွက် အာမခံချက် မဟုတ်ပါဘူး။


အဓိကအချက်က ဒီမှာပါ-
တစ်ယောက်ယောက်ကို ခွင့်လွှတ်ဖို့အတွက် သူတို့လုပ်သမျှကို သင်က သဘောတူစရာမလိုပါဘူး။ကိုယ့်အလုပ်ကို ဆက်လုပ်နေဖို့ပဲ လိုတာပါ။လူတွေကို ခွင့်လွှတ်ခြင်းဟာ သူတို့ရဲ့ ကောင်းကျိုးအတွက်မဟုတ်ပါဘူး။သင့်ရဲ့ ကောင်းကျိုးအတွက်ပါပဲ။

တစ်ခါတစ်ရံမှာ ကျနော်တို့က ပြောကြတယ်။ “ငါ ခွင့်လွှတ်မယ်နော်၊ ဒါပေမယ့် မေ့မှာတော့ မဟုတ်ဘူး”ဒါက အခုအချိန်လေးပဲ ခွင့်လွှတ်တာ၊ ဒါပေမဲ့ အရင်ကနေ အခုအထိ ဖြစ်ခဲ့တာတွေကို ပြန်အမှတ်ရချင်သေးတယ်လို့ ဆိုလိုပါတယ်။
ခွင့်လွှတ်တယ်ဆိုတာ စိတ်ထဲမှာ လုံးဝမထားဘဲ လွှတ်လိုက်မှ ခွင့်လွှတ်တာပါ။


ကာလီဖိုးနီးယားက ပြည်သူ့ကျန်းမာရေးဋ္ဌာနရဲ့ မကြာခင်က လေ့လာမှုတွေအရ ရန်လိုစိတ်နဲ့ မကျေမချမ်းဖြစ်စိတ်တွေက သင့်ရဲ့ ကိုယ်ခံအားစနစ်ကို ဖြိုဖျက်ပစ်တယ်လို့ သိရပါတယ်။ နှလုံးရောဂါ၊ ကင်ဆာရောဂါနဲ့ အဖျားရောဂါအားလုံး သင့်မှာ ဖြစ်လာဖို့ အဲဒီစိတ်တွေက ဖြစ်နိုင်ချေ နှစ်ဆ ပိုများစေတယ်လို့ အတည်ပြုထားပါတယ်။ နာကျည်းမုန်းတီးမှုကလည်း သင့်ကို နေမကောင်းဖြစ်စေတာပါပဲ။

ခွင့်လွှတ်ခြင်းအကြောင်း ပြောနေစဉ်မှာ သင့်ဘ၀မှာ ပထမဆုံး လုပ်ရမှာက သင့်မိဘတွေကို ခွင့်လွှတ်ဖို့ပါပဲ။ သူတို့ဟာ အပြစ်ဆိုဖွယ်မရှိအောင် အလွန် ပြည့်စုံကောင်းမွန်ကြမှာ မဟုတ်ပါဘူး။ ဒါပေမဲ့ သင့်အဖေနဲ့အမေဟာ သင့်ကို ကျွေးမွေးပြုစု စောင့်ရှာက်ရတာတွေအပြင် တခြား စိုးရိမ်သောက ဖြစ်စရာတွေ အများကြီးကို ရင်ဆိုင်ခဲ့ကြရတာပါ။ သူတို့မှာ တိုင်ပင်စရာ၊ အကြံဥာဏ်ယူစရာဆိုလို့ ကျော်ကြားတဲ့ စိတ်ပညာစာအုပ်တွေ၊ Blog တွေက သူတို့ ကြီးပြင်းတဲ့အချိန်မှာ မရှိခဲ့ကြဘူးလေ။

သင့်အမေကို ခွင့်လွှတ်ဖို့ ငြင်းဆန်တဲ့ နေ့တိုင်းဟာ သင့်ဘ၀ကို ကမောက်ကမဖြစ်ဖို့ မဲတစ်မဲပဲ ဖြစ်ပါတယ်။

လူတွေကို ခွင့်လွှတ်ခြင်းနဲ့ ပတ်သက်လို့ နောက်ထပ် ပြောစရာတစ်ခုရှိပါသေးတယ်။ ဒါကတော့ ခွင့်လွှတ်ခြင်းဟာ စဉ်ဆက်မပြတ် ဆက်ကာဆက်ကာ ဖြစ်တဲ့ဖြစ်စဉ်ဆိုတာပါပဲ။ သင် ပျော်ချင်တယ်ဆိုရင်တော့ အရာရာကို အမြဲ ခွင့်လွှတ်နေရပါမယ်။ သင့်ရဲ့ မကျေနပ်မှု စာရင်းထဲက အရာတွေကို ဖျက်ပစ်လိုက်ပါတော့။

လူတွေကို ခွင့်လွှတ်ခြင်းဟာ လွယ်သလား။ အမြဲတော့ မလွယ်ပါဘူး။ ဒါပေမယ့် သင်က လူတွေကို သူတို့ရဲ့ အကျိုးအတွက် ခွင့်မလွှတ်တောင် သင့်ရဲ့ ကောင်းကျိုးအတွက်တော့ သင်က ခွင့်လွှတ်ရမှာပေါ့။အဲဒါက သင့်ကို ပိုပြီး ပျော်ရွှင်စေပါတယ်။


Ref: ဘုန်းခေါင် မြန်မာပြန်သော ဆယ်ကျော်သက်တွင်ပျော်ပျော်ရွှင်ရွှင် စာအုပ်နှင့် တက်ခေါင် မြန်မာပြန်သောပိုပြီးပျော်ရွှင်ဖို့အတွက် (၇)ရက်သင်တန်း စာအုပ်တို့မှ ကိုးကား ရေးသားပါသည်။

Credit to your life $ucces

ဘကြီးသက်
Unknown at 9:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မေတ္တာရပ်ခံကြေညာချက်

ရခိုင်အမျိုးသားကွန်ယက်၊ အစ္စလာမ့်တံခွန်အဖွဲ့၊ တိုင်းရင်းသား လူငယ်များကွန်ယက်နှင့် ၈၈မျိုးဆက်ကျောင်းသားများ စုပေါင်းပြီး "လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍ မေတ္တာရပ်ခံကြေညာချက်" ကို ယနေ့ ( ၂၀၁၂ခုနှစ်၊ ဇွန်လ၊ ၆ ရက်) နေ့စွဲဖြင့် ထုတ်ပြန်လိုက်သည်။

လတ်တလော ဖြစ်ပွားနေသော ပဋိပက္ခများနှင့် ပတ်သက်၍
မေတ္တာရပ်ခံကြေညာချက်

ရက်စွဲ ။ ၂ဝ၁၂ခုနှစ်၊ ဇွန်လ ( ၆ )ရက်

၁။ ကျွန်ုပ်တို့ပြည်ထောင်စုမြန်မာနိုင်ငံသည် ရှေးနှစ်ပေါင်းများစွာကပင် ဘာသာစုံ၊ လူမျိုးစုံ၊ ယဉ်ကျေးမှု စုံလင် စွာဖြင့် အေးချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်ခဲ့သောနိုင်ငံဖြစ်သည်။
၂။ ဘာသာရေးကွဲပြားခြားနားမှုအပေါ် ပဋိပက္ခအနည်းဆုံးနှင့် သည်းခံခြင်းတရားပြည့်ဝသော လူမှုအဖွဲ့အစည်း ဖြစ်သည်။
၃။ မတရားပြုကျင့်သတ်ဖြတ်ခြင်း၊ အစုလိုက် အပြုံလိုက် သတ်ဖြတ်ခြင်း စသည်တို့မှာ တရားဥပဒေကြောင်းအရ တရားမျှတစွာ ဖြေရှင်းရမည့်ကိစ္စများသာ ဖြစ်သည်။
၎။ ရခိုင်ပြည်နယ်မှ ပဋိပက္ခကို အခြေခံပြီး လူစုလူဝေးအလိုက် မငြိမ်သက်မှုများ၊ ပျံ့ပွားကျယ်ပြန့်လာခြင်း မရှိစေရန် ဝိုင်းဝန်းကြိုးပမ်းကြရမည်ဟု ယုံကြည်သည်။
၅။ ထိုအခြေအနေများသည် ကျွန်ုပ်တို့နိုင်ငံ၏ ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုအရှိန်အဟုန်များကို ရပ်တန့်သွား စေနိုင်ပါသည်။
၆။ သို့ဖြစ်ပါ၍ လတ်တလောဖြစ်ပွားနေသော ပဋိပက္ခများ ရပ်တန့်ပြီး နိုင်ငံသားတိုင်း ငြိမ်းချမ်းစွာ အတူတကွ ယှဉ်တွဲနေထိုင်နိုင်စေရန် သက်ဆိုင်ရာ ဘာသာအသီးသီးမှ ဆရာတော်ကြီးများ၊ ဘာသာရေးခေါင်းဆောင်များ၊ နိုင်ငံရေးပါတီနှင့် လူမှုအဖွဲ့အစည်းခေါင်းဆောင်များ၊ အစိုးရဌာနဆိုင်ရာ အသီးသီးမှ တာဝန်ရှိပုဂ္ဂိုလ်များ အားလုံးအနေဖြင့် မေတ္တာတရားကိုအခြေခံ၍ ဝိုင်းဝန်းထိန်းသိမ်းဆောင်ရွက်ပေးကြပါရန် ကျွန်ုပ်တို့အားလုံးမှ အလေးအနက် မေတ္တာရပ်ခံအပ်ပါသည်။


The Voice Weekly



သစ်ထူးလွင်
 
ဘကြီးသက်
Unknown at 9:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.