Sunday, May 20, 2012

လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနနှင့်ကုမ္ပဏီတစ်ခု၏ နိုင်ငံတော်ငွေကြေးအလွဲသုံးမှုများ


နေပြည်တော်လေဆိပ်
ပို့ဆောင်ရေးဝန်ကြီးဌာနလေကြောင်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန အောက်ရှိ
လေကြောင်းဆက်သွယ်လမ်းညွှန်ကွပ်ကဲရေးဌာနခွဲသည်ပြည်တွင်းလေယာဉ်များ
နှင့်မြန်မာနိုင်ငံလေကြောင်းပိုင်နက်အတွင်းဖြတ်ကျော်ပျံသန်းလျက်ရှိသောလေယာဉ်
များ၏ဘေးကင်းလုံခြုံစွာပျံသန်းဆင်းသက်နိုင်ရေးအတွက်လိုအပ်သောဆက်သွယ်ရေး
စက်များ၊လေကြောင်းလမ်းညွှန်စက်များနှင့်လေကြောင်းသုံးရေဒါများအားအစဉ်
ကောင်းမွန်မှုရှိနေစေရေးတာဝန်ယူဆောင်ရွက်ရသော ဌာနခွဲဖြစ်ပါသည်။

ယခုအခါ၎င်းဌာနခွဲ၏စက်ပစ္စည်းများပြုပြင်ထိန်းသိန်းခြင်းလုပ်ငန်းအားပုဂ္ဂလိက ကုမ္ပဏီ
တစ်ခုဖြစ်သော PARTNER ASSOCIATES INTERNATIONALကုမ္ပဏီ၏ လက်ခွဲ
 တစ်ခုဖြစ်သော TRACTION TECHNOLOGIES Pte. Ltd မှ တစ်နှစ်လျှင် ပြုပြင်ထိန်း
သိမ်းစရိတ် အမေရိကန်ဒေါ်လာ (၁.၅)သန်းဖြင့် ရယူလုပ်ဆောင်လျက် ရှိနေပါသည်။

သို့ရာတွင်အမှန်တကယ်တာဝန်ယူဆောင်နေရသောလေကြောင်းဆက်သွယ်လမ်းညွှန်
ကွပ်ကဲရေးဌာနခွဲရှိဝန်ထမ်းအများစုမှာမည်သည့်အကျိုးကျေးဇူးမှမခံစားရဘဲလုပ်ပိုင်
ခွင့်ရကုမ္ပဏီ နှင့်အစိုးရဌာနမှ လူကြီးများသာ အကျိုးကျေးဇူးရရှိစံစားနေကြပါသည်။

၎င်း တို့တာဝန်ယူလုပ်ပိုင်ခွင့်ရရှိခဲ့သည့်၂၀၁၁ခုနှစ်နိုဝင်ဘာလမှ စတင်ပြီးယနေ့အချိန်
အထိ(၆)လခန့်ကာလအတွင်း၎င်းကုမ္ပဏီမှသုံးစွဲခဲ့သောခန့်မှန်းငွေပမာဏမှာအမေရိ
ကန်ဒေါ်လာ(၃၀၀၀၀)(သုံးသောင်း)ခန့်သာသုံးစွဲထားကြောင်းတွေ့ရှိရပါသည်။

၎င်းခန့်မှန်းကုန်ကျငွေမှာနယ်လေဆိပ်(၆)ခုခန့်ရှိလေကြောင်းဆက်သွယ်ရေးစက်များ
ခိျု့ယွင်းပျက်စီးမှုဖြစ်ပေါ်ပါကဌာနမှဝန်ထမ်းတစ်ဦးသို့မဟုတ်နှစ်ဦးမှသွားရောက်ပြုပြင်
ရာတွင်တစ်ဦးလျှင်အမေရိကန်ဒေါ်လာ(၄၀၀)ရရှိသည့်အတွက်ကုန်ကျစရိတ်ဖြစ်ပါသည်။

သို့သော်လည်း၎င်းဝန်ထမ်းမှာလည်းဝန်ထမ်းအများစုထဲမှ အနည်းစုသာလျှင်ဖြစ်ပြီး
နယ်လေဆိပ်သို့စက်ပြင်သွားမှသာရရှိခြင်းဖြစ်ပါသည်။၎င်းကုမ္ပဏီအနေဖြင့်တစ်နှစ်
လျှင်အနည်းဆုံးဒေါ်လာ(၁.၃)သန်းခန့်အမြတ်ရရှိပါသည်။

၎င်းတို့ကုမ္ပဏီအနေဖြင့်ဌာနဆိုင်ရာလူကြီးများနှင့်ပူးပေါင်းဂွင်ရိုက်ပြီးလုပ်ပိုင်ခွင့်
သက်သက်သာရယူသွားခြင်းဖြစ်ပါသည်။အမှန်တကယ်စက်များပြုပြင်ရသည်မှာအစိုးရ
ဌာနမှ ဝန်ထမ်းများသာဖြစ်ပါသည်။
Myanmar News Now
Unknown at 10:55 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘယ်ကောင်စီစီ (“လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးဦးထုပ်”)သာ ဆောင်းခွင့်ရလိုသည်.. (ကိုမျိုး မြန်မာစာ)

ဘယ်ကောင်စီစီ (“လုပ်ငန်းခွင်အန္တရာယ် ကင်းရှင်းရေးဦးထုပ်”)သာ ဆောင်းခွင့်ရလိုသည်

ဧရာဝတီသို့ အိတ်ဖွင့်ပေးစာ (အိတ်ဖွပေးစာလို့လည်း စာစီနိုင်ပါ၏၊ လိုရင်းကဖတ်မိကြဖို့ပါ)
ကိုအောင်ဇော်နဲ့ ကိုကျော်စွာမိုးခင်ဗျာ

     ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော် က“အကူးအပြောင်း ကာလမှာ အဖွဲ့တွေ ပေါ်လာမှာပဲ။ ဒါ ထုံးစံပဲ။ အဓိက က လွတ်လပ်စွာ လုပ်နိုင်ခွင့် ရှိဖို့ပဲလိုတယ်။ ရေရှည်မှာ အလုပ်လုပ်နိုင်တဲ့၊ ဂျာနယ်လစ်အကျိုးကို သယ်ပိုးနိုင်တဲ့ လူတွေ၊ လွတ်လပ်ပြီး သိက္ခာရှိတဲ့ အဖွဲ့အစည်းတွေပဲ ကျန်ခဲ့မှာပါ။ ကမ္ဘောဒီးယား၊ အင်ဒိုနီးရှား၊ ထိုင်းမှာပဲ ကြည့်ကြည့်၊ အလုပ်လုပ်နိုင်တဲ့ အဖွဲ့တွေ၊ အများက လေးစားတဲ့ အဖွဲ့တွေပဲ ကျန်ခဲ့တာ၊ အင်စတီကျူးရှင်း တခု ခိုင်ခိုင်မာမာ ထူထောင်နိုင်ဖို့၊ အလုပ်လုပ်နိုင်ဖို့က အရေးကြီးတယ်” ဟူ၍ သတင်းထောက်အဖွဲ့ ကွဲပြားနေမှုများနှင့် ပတ်သက်ပြီး အသွင်ကူးပြောင်းရေး ကာလတွင် ထိုသို့ အဖွဲ့ကွဲများ ပေါ်တတ်သည်မှာ သဘာဝဖြစ်ကြောင်း ပြောဟုဆိုပါ၏။ (http://burma.irrawaddy.org/archives/10052)

သိက္ခာရှိတဲ့ အဖွဲ့အစည်းတွေပဲ ကျန်ခဲ့မှာပါဆိုသည်ကို သဘောတူပါသည်။ ကိုအောင်ဇော်စကားမှာအဖွဲ့ ကွဲပြားနေမှုများအပေါ်သဘာဝဆိုသည့်အမြင်နှုင့်
အတူစေတနာလည်း ပါပါသည်။ 

              ကျွန်တော့်ဆန္ဒမှာလည်း အသွင်ကူးပြောင်းရေးကာလမှာမှ မဟုတ် ဘယ်သောအခါမှ အဖွဲ့ကွဲများ မပေါ်စေလိုပါ။ သို့ပါသော်လည်း အများအကျိုးဟု အသွင်ကူးပြောင်းရေး ကာလမှာဟစ်  အော်လူစွာလုပ်ပြီး ဘုံအကျိုး အတွက်အများက မတူတာတွေ ခေတ္တမေ့ထားပေးလိုက်ချိန် (တက်ညီလက်ညီ ပူးပေါင်း ဆောင်ရွက်နေချိန်) လူစွာတို့ သဘာဝ စုစည်းအားကို အလွဲသုံးစား ပြုတတ်သည်လည်း ရှိတက်သည့်အတွက် ကွဲရတက်သည့် သဘာဝလေး ထပ်မံနားလည်ပေးပါ ကိုအောင်ဇော်ရေ.....။

သတိပြု သံသယထား နေရသည့် အလုပ်သာ ပိုမလာလျှင် အခြားအလုပ် ပိုလုပ်နိုင်ကြမှာ မဟုတ်ပါလား။ သံသယကြီးသည် မထင်ပါနှင့် သံသယပျောက် အမှန်ဘ၀ရောက်ဖို့မှာ ပြည်သူကို ထင်ယောင်ထင်မှား မပြုမိစေဖို့ လိုသလို တစ်တုံးစားတာ မသိလို့ နှစ်တုံးစားတာကြိုက်လို့ဟု ပြည်သူ ထင်သွားလျှင် သွားပြီဗျာ စတုတ္ထမဏ္ဏိုင်ကြီးဟု ထိုင်ငိုမိမှာ အမှန်ပါ။ ငါးမင်ဆွေ ပြောသည့် စတုတ္ထမဏ္ဏိုင်ကြီး မီနီစလွန်းနှင့် လဲစီးသွားပြီ ဆိုတာထက် ဆိုးပြီပေါ့.......။ ကိုအောင်ဇော် ကိုရော၊ ကိုကျော်စွာမိုး ကိုပါ မီဒီယာ ကျင့်ဝတ်နှင့် သဘောထား မှာမျှခြေရှိတာ လေးစားသည့်အတွက် အသိပေးရေးသား ပြောရတာ။

ကျွန်တော်ကတော့ ကျည်ကာ အကျီင်္ဝတ်ပြီးမှ စစ်တိုက်ရဲတာ သဘောမကျပေမယ့် ရှေးရာဇ၀င် သူရဲကောင်းတွေတောင် သံချပ်ကာအကျိင်္တွေ ၀တ်ကြသည်ဆိုမှတော့ စာပေလွတ်လပ်ခွင့်ကို ကိုင်စွဲပြီး ပြည်သူ့ အကျိုး စွမ်းစွမ်းတမံ သယ်ပိုးကြမည့်၊ အန္တရာယ်ကို အချိန်မရွေး ဖိတ်ခေါ်နေသလိုရှိသည့် (သြော်... ဘုန်းတော်ဘွဲ့ကျူးရုံသက်သက် သတင်းလောကထဲ ရောက်နေသူတွေ ကတော့ဆုတွေ လာဘ်တွေပဲ ဖိတ်ခေါ်နေမှာနော်) အဆိုပါသတင်း သူရဲကောင်းတွေ (တင်စားလွန်းသည်ထင်လျှင်.. ကိုကျော်စွာမိုး ပြည်သူ့ခေတ်မှာ ဖြေထားသလို watch dog ပဲထားလိုက်)ကို အကာအကွယ် ကောင်းရှိစေချင်တာပဲ ဆန္ဒရှိနေ၏။  မီဒီယာဥပဒေ အကြံတောင်းခံပွဲဆိုပြီး အမျိုးသားလွှတ်တော်က ကိုယ်စားလှယ်တွေ မီဒီယာနှင့် တွေ့ဆုံစဉ် ကျွန်တော် ပြောခဲ့ဖူးပါသည်။

ဒီ့မတိုင်မှီပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် သူရဦးအေးမြင့် တို့နှင့် ဆုံစဉ်မှာလည်း ပြောခဲ့ဖူး၏။ အဲ့ ဒါက .. ဆရာဦးဖေမြင့် ဥပမာပေးသလို သတင်းမီဒီယာ သမားတွေအတွက် လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဦးထုပ်ဆောင်းထားပေးဖို့ လိုနေတာ အမှန်ဖြစ်ကြောင်း၊ ကတို့ဆိပ် မီးလောင်ပေါက်ကွဲမှုမှာ လုပ်ငန်းခွင် အန္တရာယ် ကင်းရှင်းရေး ဦးထုပ်ဆောင်းထားပါလျှက် ကျဆုံးသွားကြရရှာသည့် မီးသတ်ရဲဘော်တွေ အတွက်ပြည်သူ တစ်ရပ်လုံး ၀မ်းနည်းကြ၊ အစိုးရရော အတိုက်အခံပါ ကြေကွဲကြရသည်။ အကယ်၍ သတင်းသမားတစ်ဦး ကျဆုံး (တင်စားလွန်းသည် ထင်လျှင်လည်း သေသည်ပေါ့ဗျာ)ခဲ့ပါက ဘယ်သူတွေဝမ်းနည်း၊ ဘယ်သူတွေ ကြေကွဲကျမလဲ။

သေဆုံးမှ မဟုတ်ပါဘူး ထောင်ကျသွားခဲ့လျှင်ကော ဟူ၍ မေးမေးပြောပြော ပြုခဲ့ခြင်းပါပဲ။ စာနယ်ဇင်းသမဂ္ဂဖွဲ့ဖို့ စည်းဝေးတော့လည်း ဆရာဦးဖေမြင့်ရှေ့မှာပဲ ဒါကိုထပ်ပြောဖြစ်ပါသည်။  
“တစ်..စာပေလွတ်လပ်ခွင့်နဲ့ ရေးသားသူကိုကာကွယ်ရေး၊
နှစ်..စာပေလွတ်လပ်ခွင့်နဲ့ ရေးသားသူကိုကာကွယ်ရေး၊
သုံး..စာပေလွတ်လပ်ခွင့်နဲ့ ရေးသားသူကိုကာကွယ်ရေး။”
ကျွန်တော့်ဆန္ဒက ဤမျှပါပဲ။ စာပေအရေးမှာ ဖီလာဆန်နေဖို့ မဟုတ်သလို။ ပူးသတ်နေဖို့လည်း ဆန္ဒမရှိပါ။
ပြန်ကြားရေးက ဆိုသည့်စာနယ်ဇင်းကောင်စီပဲဖြစ်ဖြစ်၊ ထိုကောင်စီကို မကြိုက်ခြင်း အကြောင်းပြုကာ ဖွဲ့လိုသည် ဆိုကြသူတို့၏ ကြားဖြတ်စာနယ်ဇင်း ကောင်စီ ဆိုသည်ပဲ ဖြစ်ဖြစ်ဘယ်ကောင်စီစီ ထိုအရေးတွေထက်ကို “စာပေလွတ်လပ်ခွင့်နဲ့ ရေးသားသူကို ကာကွယ်ရေး”ဟု ဆိုလျှင် သဘောခွေ့သည့် အတွက် ဖီလာပြုနေမည်မဟုတ်ပါ။

“တူတာပေါင်းလုပ် မတူတာတော့ခေါင်းငုပ်” ဆိုသည့်သဘော မသက်ရောက်ချင်၍ ဘယ်အဖွဲ့အစည်းနှင့်မျှ မပတ်သက်ပဲ ဘယ်အဖွဲ့မှ မ၀င်ဘဲ အနှီအဖွဲ့အစည်းကြီးတွေ ကြိုးစား အားထုတ်မှုကြောင့် “လုပ်ငန်းခွင် အန္တရာယ်ကင်းရှင်းရေး ဦးထုပ်” ရရှိလာပါမှ ငှားဆောင်းရ ကောင်းလေမလား တွေနေမိပါကြောင်းခင်ဗျာ..။

ကိုမျိုး(မြန်မာစာ)
ယခုဘဝအလုပ်အကိုင် စာပေရေးသားခြင်း  
ယခုလတ်တလော အလုပ်အကိုင် အယ်ဒီတာချုပ် ပေါ်ပြူလာဂျာနယ်
မြန်မာ့အသံရောက်ပေါ်ပြူလာအယ်ဒီတာချုပ်၊ Weekly Elevenအယ်ဒီတာချုပ်

Unknown at 10:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အခွင့်သာမယ့် အခိုက်အတန့်ကို စောင့်မျှော်လျှက်ပါ.. (ပေးစာ)




အခွင့်သာခိုက် ဂွင်မရိုက်စေချင်ပါ နောက်ဆက်တွဲများ 
 (ပေးစာ)
ကျေးဇူးတင်ပါတယ် ဒီမို ... အခွင့်သာခိုက်မှာ ဂွင်မရိုက်စေချင်ပါ.. (ပေးစာ)ဟာ နိုင်ငံခြားသားနဲ့ တိုက်ရိုက်ဆက်စပ်တဲ့ အကြောင်းအရာလေးမို့ လွှတ်တော်ထဲ တိုက်ရိုက် ပေါက်သွားတဲ့ အရေးပါတဲ့ သတင်းတစ်ခု ဖြစ်သွားရတယ်။ ...ရောက်ခွင့်မရတဲ့ သတင်းလေးတွေထဲက တစ်ချို့ကြုံခဲ့ ရတာလေးတွေ အကြောင်းတိုက်ဆိုင်လို့  ဒီမိုကို ပြောပြချင်ပါတယ်။

...မြန်မာနိုင်ငံတော် အစိုးရကမေတ္တာ စေတနာပြည့်ဝစွာနဲ့ တစ်နှစ်တာအပန်းဖြေဘို့ သင်္ကြန်ပိတ်ရက်၁၀ ရက်ပိတ်ပေးပါတယ် ကျောင်းသား/သူတွေ ၀န်ထမ်းတွေဟာ ဒီအချိန်မှာ မွေးရပ်မြေကို ပြန်ကြတယ်။ ဆွေမျိုးသားချင်းတွေဆီ အလည်အပတ်သွားကြတယ်။ ဘုရားဖူး အပန်းဖြေသွားကြပါတယ်။ 

..ပိတ်ရက်နီးလာတဲ့ ၂ ပတ်လောက်အလိုမှာဘဲ ပြသနာက အစပြုနေပါပြီ။ နင်ကားလက်မှတ် အဆင်ပြေလား ...ငါမရသေးဘူး ဘယ်နေ့တစ်ရက်ဘဲ ရောင်းမယ်ပြောတယ် ..မနက်၎နာရီ လာဝယ်ရမယ်တဲ့ မိုးလင်းတာနဲ့ လက်မှတ်ကုန်သွားပြီ... ၁၁၀၀၀ိ/ ပုံမှန်လက်မှတ်က အခု ၂၀၀၀၀ိ/ဖြစ်သွားပြီ .. ရုံးတက်ရက် အမှီပြန်ဘို့ လက်မှတ်မလွယ်ဘူး။ ရုံးတက်ရက် မမှီရင် အဖြတ်ခံရတော့မယ်.... ဆိုတာတွေ ရုံးတိုင်းမှာ အလုပ်ထဲ စိတ်မပါနိုင်အောင် ရှုပ်ထွေး နေပါတော့တယ်။ ရုံးလုပ်ငန်းတွေ လုပ်ရမယ့် အချိန်တွေမှာ ဟိုက်ဝေးဂိတ်တွေသွား ဖုန်းတွေဆက်နဲ့ ပြန်ဘို့ သွားဘို့အရေးတွေဘဲ လုံးပန်း နေရပါတော့တယ်။ သင်္ကြန်နား ရောက်တာနဲ့ ခရီးသည်တင် မော်တော်ယာဉ်တွေ ကလည်း ပိုတွက်ခြေကိုက်မဲ့ ဘုရားဖူး ကားအသွင် ကူးပြောင်း ကုန်ပါတော့တယ်။

ဒါဆိုရင်ကြိုတင် စီစဉ်လို့ရတဲ့ ဘုရားဖူးဘဲ သွားကြည့်ကြရအောင် ...ယခင်နှစ်က သင်္ကြန်မှာ မန္တလေးက သူငယ်ချင်းဆီ သွားချင်ပေမယ့် ကားလက်မှတ်မှောင်ခို/ ရထားလက်မှတ် တန်းစီမရတွေကြောင့် နာမည်ရှိတဲ့ ဂိတ်တစ်ခုရဲ့ ဘုရားဖူး အစီအစဉ်နဲ့ ရွှေစက်တော်၊ မုံရွာအလောင်းတော် ကဿဖ ခရီးစဉ်ကို သွားခဲ့ပါတယ်။ ဘုရားဖူးကား လက်မှတ်က သတ်မှတ်ရက်အတွက် အချိန်မရွေး ရောင်းပေးပါတယ်။ ကားကဘယ်ဆီမှာ မှန်းမသိပါဘူး၊ အဝေးပြေးက ကားဂိတ်တွေနဲ့ ညှိတုန်း၊ လူမပြည့်ရင် ကားချင်း ပေါင်းပေးမယ်။ နောက်ဆုံးပေါင်းလို့ မရရင် ငွေပြန်အမ်းမယ် ဒါပါဘဲ။

...သွားမယ့်နေ့မှာတော့... ဘယ်တော့မှ ထွက်ချိန် မတိကျတဲ့ ကားတွေကို ကားထွက်မယ့် အချိန်ထက် ၃/၄နာရီစောပြီး ဘယ်ကားမှန်း၊ ဘယ်မှာမှန်းမသိတဲ့ ကားကို ယောင်လည်လည်နဲ့ ငေးမောရင်း ကြေးသွန်းဘုရားကြီး ရှေ့မှာ စောင့်ကြရပါတယ်။  နေ၀င်မိုးချုပ်ကနေ စောင့်လိုက်ရတာ  ည ၁၀နာရီသာ ကျော်သွားတယ် ကိုယ့်နာမည် ခေါ်သံမကြားရတော့မှ ခပ်ဝေးဝေးမှာရှိနေတဲ့ ဂိတ်မှူးတွေ သွားမေးမှ ကိုယ်တွေ စီးရမယ့် ကားကမင်္ဂလာဒုံ ရောက်နေပြီတဲ့ လူတွေကျန်ရစ်ခဲ့လို့ ဖုန်းပြန်ဆက်ပါသတဲ့။ နောက်ကားနဲ့ တင်ပေးလို့ ရွှေစက်တော်ကို နောက်တစ်နေ့မှာ ဖူးရပါပြီ။ ကားပေါ်က မဆင်းမှီမှာ Guide လို့ခေါ်သူက တည်းခိုရမည့် တည်းခိုခန်းများ အကြောင်း စပြောပါတော့တယ်။ အရင်က ပြောတဲ့ဈေးက တစ်ယောက်၃၀၀၀ိ၊ အခု၈ ယောက်တစ်ခန်း ၅သောင်းတဲ့ လူမပြည့်လဲ ၅သောင်းပါဘဲတဲ့ ပိုင်ရှင်ကလဲ သူငယ်ချင်း၃ယောက်ထဲမို့ လျှော့ဘို့လာမပြောနဲ့ မျက်နှာထားက ခပ်တင်းတင်းတွေပါ ..နောက်တော့ မြိတ်က လာတဲ့မိသားစု ၄ယောက်နဲ့ စုပြီးငှားဖြစ် သွားပါတယ်။ အမှန်မှာတော့ ၅ယောက်လောက် အတွက်ဘဲ သင့်တော်ပါတယ်။.၀ါးကြမ်းခင်းကကျဲကျဲ ၀ါးကပ်အမိုးကကျဲကျဲ မင်းဘူး နေကပူပူပါ။ 

ဘုရားဖူးကားက ထမင်းကျွေး စရိတ်ငြိမ်းလို့ဆိုထားပါတယ်။ ဆင်ခြေပေးတာကတော့ အချိန်လွန်သွား လို့ပါ၊ လမ်းခုလတ်ရောက်နေလို့ပါ ဂိတ်နဲ့စကားများလို့ ထမင်းချက်သမား ပါမလာပါ အကြောင်းပြ ၊guide လုပ်သူကထမင်းပြေးချက်နေရရှာတယ် ဆိုပြီးမြန်မာလူမျိုး ဘုရားဖူးသွားတွေက သနား၊ အေးချမ်းစွာ သွားရရင်ပြီးတာဘဲလေဆိုတဲ့ စေတနာတွေနဲ့ ကျွေးချင်လဲကျွေး မကျွေးလဲရကြပါတယ်။ ဒီလိုနဲ့ ၅ကြိမ်လောက်က ထမင်းကျွေးဘို့ လွတ်သွားတော့လဲ အပြန်ခရီးမှာ Guide လဲ အဆင်ပြေတာပေါ့။ မုံရွာမရောက်ခင် ကားပေါ်မှာ Guide က မုံရွာကနေ အလောင်းတော်ကဿပကို Minibus နဲ့ဆိုရင် ၁၅၀၀၀ိ/ Dyna နဲ့ဆိုရင် ၁၀၀၀၀ိ/ (ပုံမှန်က ၆၀၀၀ိ/ခန့်) ပါ /ဘုရားဖူးတွေကရပါတယ်။ သက်တောင့်သက်သာ Minibus နဲ့တစ်ယောက် တစ်ခုံကျ ၂စီးငှားလိုက်ပါတဲ့  အားလုံးသဘောတူပါတယ်။ ည ၁၂ နာရီလောက်မှာ ကားပေါ်တက်ကြတော့ တစ်စီးထဲမှာ စုပြုံတိုးဝှေ့ ဘယ်လိုလဲ..။ အပြောတခြား အလုပ်တခြားလေ။
အလောင်းတော် ကဿပမှ ဆင်ငှားစခန်း..
 မပြောတော့ပါဘူးလေ အများနဲ့ဘဲ ..ဘုရားဖူး လာကြတာဆိုတော့..နဲ့ အခွင့်အရေးပေး လိုက်ပြန်ပါတယ်။ ဆင်စခန်းရောက်ပြီ ၄ယောက် ၈၀၀၀ိ/ သစ်သားစင်တွေဆီကို ဆင် ၁၀ ကောင်မှာ ၈၀၀၀ိ/တန်ဆင်က ၅ကောင်လောက် လဲဝင်လာပါတယ်။ ကျန်တဲ့ဆင်တွေက ၁၅၀၀၀/၂၀၀၀၀/ ဆင်တောင် Black Market ဖြစ်နေပါပြီ/ အခွင့်သာတဲ့ အခိုက်လေးပါ ..ရပါတယ်လေ။ ဒို့သွားနိုင်တဲ့ ရက်ကလည်း ဒီရက်လာ ဖြစ်နေတာကိုး။ အပြန်လမ်းမှာတော့ လက်မှတ်ဝယ်စဉ် ခရီးစဉ်ထဲမှာပါတဲ့ ဖိုလ်ဝင်တောင်ကိုများ ၀င်မလား၊ ဒီမ၀င်ဖြစ်တော့ရင် သမိုင်းဝင် ရွှေဂူနီဘုရားတော့ ပို့မှာပါလေ။ ဒီလိုထင်ထားတာ..။ တကယ်တမ်းကျတော့ ဟိုလဲမရောက် ဒီလဲမပို့ .... မန္တလေးရောက်ရင် ဦးပိန်တံတားကိုပါပို့မယ် ... ကောင်းလိုက်တဲ့ စေတနာတွေ။

 ...အကြောင်းပြချက်တွေ အမျိုးမျိုးနဲ့ ကျော်ခွချန်ခဲ့တာ တော်တော်များများပါ။ ဒါပေမယ့် မြန်မာလူမျိုးစစ်စစ်တွေပါ။ ဗြဟ္မစိုရ် တရားလက်ကိုင်ထား မေတ္တာပွားရင်း ခရီးသွားဖေါ်တွေနဲ့ ပျော်ရွှင်စွာခရီးကို အဆုံးသတ် နိုင်သူတွေပါ။ နောင်နှစ်တွေမှာတော့ ဘုရားဖူးသွား မိတ်ဆွေသစ်တွေက ဒီနှစ်ဘယ်သွားလဲ ဘာနဲ့သွားဖြစ်လဲ ကားလိုင်းက ၀န်ဆောင်မှုတွေကောင်းရဲ့လားစသည် အလာပသလာပ မေးခွန်းတွေအတွက် အကောင်းဆုံး ဖြေချင်မိပါတယ်။
ဒါက ယခင်နှစ်များက သွားခဲ့အကြောင်းပါ ဒီနှစ်တော့ ကိုယ့်မွေးရပ်မြေက ကျိုက်ထီးရိုး မရောက်ဘူးသေးသူ ၂၀ လောက်ကို Townace လေးတစ်စီး စီးလုံးငှားပြီး တောင်သူလယ်သမားနေ့၊ စနေ၊တနင်္ဂနွေ ပိတ်ရက် (၃)ရက်မှာ ပို့ပေးခဲ့ပါတယ်..ကားနဲ့ အစားအသောက်တွေ ကိုယ်တိုင် စီစဉ်ခဲ့တဲ့အတွက် အားလုံးအဆင်ပြေပါတယ်။ မပြေတာက ခရီးသွားတိုင်းရဲ့ ဇာတ်လိုက် တည်းခိုခန်း ပြသနာပါဘဲ။ မနက်အစောကြီး မိုးမလင်းခင် တောင်ပေါ်ရောက်ပါတယ်။ တည်းခိုခန်းက ပုံမှန် ၂၀၀၀၀ိ/ ယခု ၆၀၀၀၀ိ/ ပါတဲ့ ၅ယောက် လောက်အတွက်ဘဲ ဖြစ်ပါတယ်။ ၁၀ ယောက်အတွက် ၈၀၀၀၀ိ/ ၁၂၀၀၀၀ိ/ စသဖြင့် ၃..၄ ဆ ပြောချင်တဲ့ဈေး ပြောဆိုနေကြပါပြီ။ မနက် ၈ နာရီ/၁၀နာရီလောက်မှ ပြန်လာကြည့်ပါတဲ့ လာမှ ဈေးပြောမယ်တဲ့ ဘုရားဘယ်ဆီမှာမှန်း မသိနိုင်သေးပါဘူး။ ပါလာတဲ့ ပစ္စည်းလေး နေရာချပြီး အေးအေးဆေးဆေး ဘုရားဖူးကြရအောင်လဲ အဆင်က မပြေ ဖြစ်နေရတော့တယ်။ တည်းခိုခန်းကိစ္စနဲ့ နေ့တစ်ဝက် ရောက်နိုင်တယ် ဒါကြောင့် တစ်ယောက်က အထုတ်တွေ ထိုင်စောင့် ကျန်သူတွေ နေမပူခင် ဘုရားတွေ သွားဖူးကြပေါ့။ ..ကျန်ခဲ့ရသူလည်း သနားရပါတယ်..။ ကျိုက်ထီးရိုးက ဂေါပကတွေရဲ့ ကြီးကြပ်မှုအောက်က တည်းခိုဆောင်ကြီးတွေက ခန့်ညား လွန်းပါတယ်၊ တာဝန်ရှိသူတွေ၊ ၀န်ထမ်းတွေ စိတ်ဓါတ်တွေလည်း ခန့်ညားစေချင်ပါတယ်။

မြန်မာလူမျိုးတွေဟာ စေတနာ သဒ္ဒါတရား အားကောင်းကြပါတယ်၊ အတင်းဖန်တီး ရယူဘို့မလိုပါဘူး၊ လှူချင် တန်းချင် ပေးကမ်းစွန့်ကြဲချင်သူများပါ။ ကိုယ့်အပေါ်နည်းနည်းကောင်းရင် ကိုယ်ကများများ ပြန်ပေးဆပ်ချင်သူများပါ။ ဘုရား၊ ပုထိုးတွေအတွက် ကန်ထရိုက်စံနစ်တွေက အကျည်းတန်မှု တွေဖြစ်စေတယ် ဆိုတာတော့ သတိပြုကြစေချင်ပါတယ်။ အတင်းအလှူခံလိမ့်မယ်.... သတိထား.. ဆိုတာမျိုးတွေ ကြားကြားနေရတာလဲ စိတ်မချမ်းသာလှပါ။ ဘုရားရိပ် တရားရိပ်ဟာ သက်ရှိအားလုံးရဲ့ နှလုံးစိတ်ဝမ်း အေးချမ်းအောင် အလိုလို ဖမ်းစားနိုင်တဲ့ နေရာတစ်ခုပါ။ အေးချမ်းတဲ့ နေရာတစ်ခုကို ပူလောင်တဲ့ သောကတွေ မရောက်စေချင်တဲ့အတွက် အခွင့်သာခိုက်လေး Long Comment လေးပို့ပေး ခြင်းပါ။ ပိတ်ရက်များသာ အားကိုးသွားလာရတဲ့ ၀န်ထမ်းများအားလုံး အများနည်းတူ စိတ်ချမ်းသာမှု ရနိုင်ကြပါစေ။ 

တာဝန်ရှိလူကြီးမင်းများမှ အသေးအဖွဲ ကိစ္စလေးများ ဖြစ်သော်ငြားလဲ လူသား အကျင့်စရိုက်များ ကူညီပြောင်းလဲ ပေးနိုင်မည်ဟု မျှော်လင့်မိပါသည်။ ခေတ်မှီ စည်းကမ်း ပြည့်ဝသော နိုင်ငံတော်ကြီးဆီသို့ အမြန်ရောက် စေချင်ပါသည်။ တစ်ပိုင်တစ်နိုင်က စပြီးစည်းကမ်း ပြည့်ဝမှုရှိပါမှ နိုင်ငံတကာအဆင့်အထိ စည်းကမ်းကျန ခန့်ညားနိုင်မည် ဖြစ်ပါသည်။ ကိုယ့် နိုင်ငံထဲမှာ လည်ပတ်စရာ နေရာများစွာ ရှိပါသည်၊ သို့ပါသော်လည်း ယခုအခါ စံနစ်ကျသော ၀န်ဆောင်မှုများ အပြည့်ပေးနိုင်မည့်  Over sea  trip များရွေးချယ်မှု ပိုများလာပါသည်၊ ကိုယ့်ရေမြေကို ပိုပြီးတန်ဘိုး ထားတတ်ချင်ပါသည်။ အားလုံး တန်ဘိုးရှိကြပါစေ၊ တန်ဘိုးထားနိုင်ကြပါစေ။  
(ဒီအကြောင်းလေးတွေ နားထောင်ပေးတဲ့ အတွက် ကျေးဇူးတင်ပါတယ် ဒီမို..)

ဝန်ထမ်းတဦး..
ဓာတ်ပုံများ... ဒီမိုဝေယံ၊ ဒီမိုကောင်းကင်
Unknown at 9:57 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေနံ့သာ လယ်မြေနေရာတွင် နှစ်ဖက်စလုံးအား လုပ်ကိုင်ခွင့် ရက်အကန့်အသတ်မရှိ တားမြစ်ထား


မင်္ဂလာဒုံမြို့နယ်၊ ရွှေနံ့သာစံပြကျေးရွာ ရှိ လယ်မြေများတွင် လုပ်ပိုင်ခွင့်ရရှိမှုနှင့် ပတ်သက်၍ ပြင်းထန်သော အငြင်းပွားမှု များကြောင့် သက်ဆိုင်ရာမှ သီးစားချ မပေးခင်အချိန်အထိ လယ်မြေများပေါ် တွင် မည်သူမျှ လုပ်ကိုင်ခြင်းမပြုကြရန် ရန်ကုန်တိုင်းဒေသကြီး ခရိုင်အုပ်ချုပ် ရေးမှူးက ရက်အကန့်အသတ်မရှိ တားမြစ်ခဲ့ကြောင်း သိရသည်။
"ဇေကမ္ဘာက လုပ်နေတာတွေကို မေလ ၁၁ ရက်နေ့က မြို့ရွာအုပ်ချုပ်ရေး မှူးရုံးက ထပ်လာတားတယ်။ ဒါပေမယ့် လုံးဝမရပ်ပေးဘူး။ နောက် ၁၅ မိနစ် လောက်ကြာတော့ ခရိုင်အုပ်ချုပ်ရေးမှူး ရုံးကပါ ရောက်လာပြီး တားတော့မှ ရပ် လိုက်တယ်။ "ညနေပိုင်းကျတော့ စာထွက်လာ တယ်။ စာအရတော့ ဇေကမ္ဘာကလည်း ဒီမြေပေါ်မှာ သီးစားခွင့်လျှောက်ထား တယ်။ ရွှေနံ့သာလယ်သမားတွေက သူတို့ထက် ၂၁ ရက်စောပြီး လျှောက်ထား တာ။ အခု သီးစားမရခင်အချိန်မှာ ဘယ် သူမှ ဘာမှမလုပ်ဖို့ ရပ်ဆိုင်းထားခိုင်း တယ်။ ရက်အတိအကျမသိဘူး" ဟု လယ်သမားများအတွက် ကိုယ်စားလှယ် အဖြစ် ဆောင်ရွက်ပေးနေသော မတူ ကွဲပြားခြင်းနှင့် ငြိမ်းချမ်း ရေးပါတီ ဥက္ကဋ္ဌ ဦးနေမျိုးဝေက ယခုလ ၁၄ ရက်နေ့က မြန်မာတိုင်း(မ်)ကိုပြောသည်။
ယခုလ အစောပိုင်းတွင် လယ်သမား များက အဆိုပါလယ်မြေများပေါ်၌ မိုးစပါးစိုက်ပျိုးမည်ဟု ကြေညာခဲ့ပြီး မေလ ၁၀ ရက်နေ့ နံနက်ပိုင်းက လယ်ထွန် ယက်ရန် ပြင်ဆင်ခဲ့သော်လည်း မြို့နယ် အုပ်ချုပ်ရေးမှူး၏ တားဆီးမှုကြောင့် လယ်ထွန်ခြင်းကို ရပ်နား ခဲ့သည်။
သို့ရာတွင် ဇေကမ္ဘာကုမ္ပဏီမှ လယ် ကန်သင်းရိုးများ ဖျက်ခြင်းကို မေလ ၁၀ ရက်နေ့ ညနေပိုင်းမှ ပြန်လည် စတင် လုပ်ဆောင်လျက် ရှိကြောင်း၊ လုံခြုံရေး ၀န်ထမ်းဦးရေကိုလည်း တိုးမြှင့်ထားကြောင်း သိရသည်။
"ကျွန်တော့မှာ သူတို့ကို တားဆီးဖို့ လုံလောက်တဲ့ အာဏာမရှိပါဘူး။ ဒါပေ မယ့် သွားတော့ကြည့်ရမှာပဲ။ ကုမ္ပဏီ ဘက်ကိုလည်း လယ်တွေကို ဘာမှမလုပ် ဖို့ စာထုတ်ထားတာ နှစ်ခါရှိပြီ။ သူတို့ နား မထောင်ဘူး။ ဒီကိစ္စကို အထက်ကို တင်ပြ ထားပါတယ်။ လောလောဆယ်တော့ အုပ်ချုပ်ရေးမှူးကလည်း နေပြည်တော် သွားနေတော့ စောင့်ကြည့်ရမှာပဲ" ဟု ကျေးရွာအုပ်ချုပ်ရေးမှူး ဦးထွန်းထွန်းဦး က မေလ ၁၁ ရက်နေ့က ပြောသည်။
"ဒီလယ်က ရွှေနံ့သာ လယ်သမား တစ်ယောက်ဖြစ်တဲ့ ဦးကျော်မြင့်ရဲ့ လယ် ပါ။ ဦးကျော်မြင့်က ၂၀၁၂-၁၃ ခုနှစ် အတွက် သီးစားချ ထားခွင့်မရှိသေးပါ ဘူး။ သီးစားချထားခွင့်ကို စောင့်ပါ။ ရတာ နဲ့ တစ်ပြိုင်နက် လယ်ထွန်ပါ။ ရပါတယ်။ ဒါပေမယ့် လက်ရှိအချိန် မှာတော့ သီးစား ချထားခွင့်မရသေးလို့ ထွန်ယက်နေတာကို ခဏရပ်ထားပေးပါ" ဟု မင်္ဂလာဒုံမြို့ နယ် အုပ်ချုပ်ရေးမှူး ဦးငြိမ်းထွေးက ယခု လ ၁၀ ရက် မနက်ပိုင်းက ပြောသည်။
"ကုမ္ပဏီဘက်ကိုလည်း ရပ်ဖို့ ကျွန်တော် တို့ ပြောပေးပါမယ်။ အခုဒီလယ်မြေတွေဟာ အငြင်းပွားဆဲလယ်မြေတွေဖြစ်တာကြောင့် ကျွန်တော့ဘက်ကလည်း ဇေကမ္ဘာကုမ္ပဏီဘက်က ပြုလုပ်နေတာ တွေကို တားဆီးဖို့ တာဝန်ရှိပါတယ်" ဟု ဦးငြိမ်းထွေးက သတင်းထောက်များကို ပြောသည်။
ရွှေနံ့သာစံပြကျေးရွာမှ လယ်သမား ၂၀၀ ကျော် စုရုံး၍ လယ်သမားတစ်ဦးဖြစ် သူ ဦးကျော်မြင့် သီးစားလုပ်ကိုင်လေ့ရှိ သော လယ်မြေပေါ်တွင် လယ်ထွန်ရန် ဆောင်ရွက်နေကြစဉ်အတွင်း ဇေကမ္ဘာ ကုမ္ပဏီမှ မန်နေဂျာ ဦးမြင့်ဇော်ဟု ဆိုသူ ဦးဆောင်သော အဖွဲ့သည် ဦးကျော်မြင့် ၏ အခြားလယ်ကွက်တွင် စက်ယန္တရား ကြီးဖြင့် လယ်ကန်သင်းများဖြိုဖျက်ခြင်း များပြုလုပ်ခဲ့သည်။
"လွန်ခဲ့တဲ့သုံးပတ်က ကျွန်တော်တို့ မြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကို ဇေကမ္ဘာကုမ္ပဏီဟာ ရွှေနံ့သာလယ်မြေ တွေပေါ်မှာ စက်မှုဇုန်လုပ်ခွင့်ရရှိထား သလားဆိုတာနဲ့ ပတ်သက်ပြီးတော့ မေး မြန်းတဲ့ စာတစ်စောင် ပို့ခဲ့ပါတယ်။ မေလ ၃ ရက်နေ့မှာ အိုးအိမ်က လက်ထောက် ညွှန်ကြားရေးမှူး ဒေါ်ခင်မေအေးက အိုးအိမ်ဌာနအနေနဲ့ ဇေကမ္ဘာကုမ္ပဏီကို စက်မှုဇုန်အနေနဲ့ လုပ်ဖို့ပေးထားခြင်း မရှိဘူးလို့ အကြောင်းပြန်လာပါတယ်။ ကုမ္ပဏီအနေနဲ့ လန ၃၉ (လယ်မြေကို တခြားအသုံးပြုခွင့်)ကို အိုးအိမ်က ဦးစီး ပြီး တစ်ချိန် တစ်ခါက တင်ခဲ့ဖူးပေမယ့် ခုထိပြန်မကျသေးဘူးလို့ သိထားပါ တယ်"ဟု ဦးနေမျိုးဝေကပြောသည်။
နိုနိုအောင်  (မြန်မာ့တိုင်း)
Unknown at 9:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရ စစ်တပ်မှ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ရိုက်နှက် နှိပ်စက်မှုကြောင့် စိတ်ဝေဒနာ ခံစားသွားခဲ့ရတဲ့ ကချင်လူမျိုးစု လီဆူး အမျိုးသမီးတဦး..



ဒေါ်ဂွာမလေး
အစိုးရ စစ်တပ်မှ အုပ်စုဖွဲ့ အဓမ္မပြုကျင့်ပြီး ရိုက်နှက် နှိပ်စက်မှုကြောင့် စိတ်ဝေဒနာ ခံစားသွားခဲ့ရတဲ့ ကချင်လူမျိုးစု လီဆူး အမျိုးသမီးတဦး..

၂၀၁၂ခုနှစ် မေလ (၁)ရက်နေ့တွင် ချီဖွေမြို့နယ်၊ လုပီရွာမှ လီဆူအမျိုးသမီး ဒေါ်ဂွာမလေး၊ အသက်(၄၈)နှစ်၊ ကလေး(၁၂)ယောက်၏ မိခင်အား အစိုးရစစ်သားများမှ ဘုရားကျောင်း အနောက်ဘက်တွင် ပုန်းအောင်းနေစဉ် ရှာဖွေတွေ့ရှိပြီး စုပေါင်း အဓမ္မပြုကျင့်ခဲ့ကြပါသည်။ သူမနှင့် အတူဖမ်းဆီးမိ၍ ပေါင်နှင့်ပါးပြင်တွင် ဓားမြောင်ဖြင့် ထိုးဖောက်ခံခဲ့ရသူ ဦးရိုးတဂွေးဆိုသူက ဒီလို ပြောပြရှာပါတယ်။“ကျနော်တွေ့ ခဲ့တာကတော့ ဒေါ်ဂွာမလေးကို စစ်သား(၁၀)ယောက် လောက်က ၀ိုင်းထားပြီး သူမခန္ဓာကိုယ်မှာ နေရာမရွေးတယောက်ချင်းစီ၊ ကိုယ်ကြိုက်တဲ့နေရာမှာ ဒုတ်နဲ့ ရိုက်သူကရိုက်၊ သေနတ်နဲ့ ထုသူကထု၊ ဓားမြောင်နဲ့ ထိုးသူကထိုး၊ ခေါင်းမှာသေနတ်ဒင်နဲ့ ရိုက်သူကရိုက် လုပ်နေကြတာကို ကျနော့ကို ချည်ထားတဲ့ မလှမ်းမကမ်း နေရာကနေနေရတာပါ။ သူမ အော်ငိုတော့ ထပ်ရိုက်ကြတယ်။

သူမလဲကျသွားတော့ ဓားမြှောင်သေးသေးလဲနဲ့ ထပ်ထိုးကြတယ်။ နောက်တော့ အ၀တ်အစား အကုန်ချွတ်ပေး လိုက်တာတွေ့ တယ်။ စစ်သားတွေက သူမကိုဝိုင်းရံထား ပြီး တချို့ ကထိုင်လိုက် ထလိုက်နဲ့ ရှုပ်နေကြတယ်။ အဓမ္မပြုကျင့်ကြတယ်လို့ ယူဆရပါတယ်။ ဘာကြောင့်လဲ ဆိုတော့ ဆက်ဆံနေတာ ကျနော် ကွင်းကွင်းကွက်ကွက် မမြင်ရပေမဲ့ ဒေါ်ဂွာမလေးက တအားအော် ဟစ်ငိုယိုရှာပါတယ်။ အ၀တ်အစား အကုန်ချွတ်ပေးပြီး ယောင်္ကျားသားတွေဝိုင်းထား တယ်ဆိုတာ ၀ိုင်းကြည့်ရုံတော့ မဟုတ်ဘူးဆိုတာ သူတို့ရဲ့ လှုပ်ရှားမှုတွေကို ကြည့်ပြီး ကျနော် သိတယ်။

 စစ်သားတွေက ဒေါ်ဂွာမလေးကို အဲသလို မတရားပြုကျင့် နေချိန်မှာ စစ်သားတွေက ကျနော့ကိုလည်း စပြီးနှိပ်စက်နေပါပြီ။ ဒါကြောင့်ကျနော်လဲ သတိလစ်တချက် မလစ်တချက် ဖြစ်လာနေရင်း ကမြင် နေရတာပါ။ သူမတအား အော်ငိုရှာတယ်။ အော်ငိုတော့ပါးရိုက်တယ်။ ပစ်သတ်မယ်လို့ ပြောသလား မသိဘူး။ သေနတ်နဲ့ ချိန်ရွယ် ထိုးနှက်ကြပြန်တယ်။ နောက်ဆုံးတော့ ဂွာမလေး မေ့လဲ သွားတာ ကျနော်တွေ့ခဲ့တယ်။ စစ်သားတွေက ကျနော့ကို သေနတ်နဲ့ချိန်ပြီး စစ်ဆေး မေးမြန်းကြပါတယ်။ သူတို့မေးတာ ကျနော်ဘာမှ နားမလည်ဘူး။ ကျနော်က ဗမာစကားတတ်ဘူး။ သူတို့ ပြောတာကို နားမလည် လို့  ကျနော် ဘာမှပြန်မပြော တတ်တော့လဲ ကျနော့ခေါင်းကို သေ နတ်ဒင်နဲ့ အားကုန် ထုကြပြန်တယ်။ ညာ ဘက်ပါးစောင်းနဲ့ နံရိုးတွေမှာဓားနဲ့ ထိုးကြတယ်။ ကျနော့ကို သစ်ပင်မှာ ချည်တုတ်ထားတယ်။ တဖွဲ့  ပြီးတဖွဲ့လာပြီး တုတ်နဲ့ ရိုက်လိုက်၊ ကန်ကြောက်လိုက်၊ ပါးရိုက်လိုက်၊ သေနတ်နဲ့ ချိန်ပြီး လှံစွပ်နဲ့ ထိုးလိုက်လုပ်ကြတယ်။
ပါးစောင်းကိုဓားမြှောင်ဖြင့်ထိုးခံခဲ့ရသည့်ယိုးတဂွေး
ကျနော့ကိုရော၊ ဒေါ်ဂွာမလေးကိုရော (၃)ရက်တိတိထမင်းလဲမကျွေး၊ ရေလဲ မတိုက်ကြပါဘူး။ ကျနော့ကိုတော့ နေရော၊ညရောချည်ထားကြတယ်။ ဒုတိယနေ့မှာ ကျနော့ကို ထပ်ပြီ်း နှိပ်စက် စစ်ဆေးကြတော့ တာပါပဲ စစ်သားတဖွဲ့ ရောက်လာပြန်ပြီး သတ်ပစ်မယ်လို့ ပြောတာထင်တယ်၊ ကျနော့ကို သေနတ်နဲ့ ချိန်ထားကြပြီး တယောက်ကတော့ ကျနော့ရဲ့ ဘယ်ဘက်ပေါင်လည်မှာ ဓားမြှောင်နဲ့ ထိုးထည့်လိုက်ပါတယ်။ မခံနိုင်လို့ကျနော် အော်ငိုပါတယ်။ အော်ငိုတော့ ထပ်ပြီးထိုးပြန်တယ်။ ဒီလိုအော်ငိုလေ ထပ်ခါထပ်ခါထိုးလေ လုပ်ပါတယ်။ 
ပေါင်မှာ ဓားမြှောင်ဖြင့် တဘက်ထိ ပေါက်အောင်ထိုးခံခဲ့ရသည့် ဒဏ်ရာနှင့်ယိုးတဂွေး.
နောက်ဆုံးတော့ ပေါင်တဖက် ပေါက်သွားအောင် ထိုးထည့် လိုက်ကြပါတော့တယ်။ သွေးတွေ အလိမ်းလိမ်းဖြစ်နေပါပြီ။ ခေါင်းကိုလည်း သေနတ်ဒင်နဲ့ ထုထည့်လိုက်တာနဲ့ တပြိုင်နက် ကျနော် သတိမေ့သွား ပါတော့တယ်။ ကျနော် သတိလည်လာချိန်မှာ ဗမာစစ်သားတွေ မရှိတော့ဘူး။ ကျနော်နဲ့ သိပ်မလှမ်းမကမ်းမှာတော့ အ၀တ်ဗလာပေါ် အ၀တ်နည်းနည်း ဖုံးထားပေးပြီး သွေးတွေ၊ မစင်တွေနဲ့ ပေကျံလျှက် သတိမေ့မျောနေတဲ့ ဒေါ်ဂွာမလေးကိုတွေ့ ပါတယ်။

ဒါပေမဲ့ကျနော် မထနိုင်ဘူး။ သတိလည် တချက်၊ မေ့တချက်ဖြစ်နေပါတယ်။ အဲဒီဘုရားကျောင်းနားမှာ ကျနော်တို့ နှစ်ယောက် သတိမေ့မျောနေချိန်မှာ NDA (K) – (နယ်ခြားစောင့်တပ်ဖွဲ)မှ စစ်သားမှာ တွေ့ ပြီး ပန်ဝါဆေးရုံကို ပို့ပေးကြပါတယ်။ ပန်ဝါဆေးရုံမှာလဲ ဆေးရုံဝန်ထမ်းတွေအားလုံးက ရှေ့ တန်းကဒဏ်ရာရ စစ်သားတွေကို ပြုစုစောင့်ရှောက်တာနဲ့ အလုပ်ရှုပ်နေကြတော့ ကျနော့ကို ကောင်းကောင်း ဂရုမစိုက်နိုင်ကြ တော့ဘူး။ ဒါကြောင့် လီဆူဆွေမျိုးတွေက တရုတ်ပြည်နယ်စပ် ဆေးရုံမှာဆေးသွားကုဖို့ အတွက် ခေါ်ထုတ် သွားကြပါတယ်။ ကျနော်နဲ့ ဒေါ်ဂွာမလေး ၃ရက်လုံးလုံး လုပီးဘုရားကျောင်းနားမှာ မေ့မျှောနေခဲ့ကြတာပါ။
ကျနော့အမျိုးသမီးတော့ ကိုယ်တပိုင်း သေနေတဲ့လူနာပါ။ စစ်သားတွေ ၀င်လာချိန်ကျနော့ကို ဖမ်းသွားပြီး ကျနော့ရှေ့မှာတင် ကျတော့ဇနီးကို အိမ်အပြင်ကို ပစ်ထုတ်လိုက်ကြတယ်။

ကျနော့ဇနီးတော့ သေသွားပြီထင်တယ်။ ဘာပဲဖြစ်ဖြစ် ကျနော်သက်သာလာရင် ကျနော့ဇနီးကို လိုက်ရှာ ချင်သေးတယ်။ ကျနော်တို့ ၂ယောက်မှာ ကလေးမရှိဘူး။ တယောက်ပဲရှိတာ ဆုံးသွားပါပြီ။” ဘာကြောင့် ကျနော်တို့ကိုဒီလိုလုပ်လဲဆိုတာ သူတို့ပြောတဲ့ စကားကလဲ နားမလည်တော့ခက်တယ်။ ကျနော့အထင်တော့ သူတို့ကျနော်တို့ကို ကေအိုင်အေနဲ့ မသင်္ကာလို့ ဖြစ်မယ်လို့ပဲ ထင်ပါတယ်။ ကျနော်တို့ ရွာသားတွေက ရိုးရိုးသားသားပဲ လုပ်ကိုင် စားသောက်နေကြတာပါ။ ဘယ်သူနဲ့မှ ရှုပ်ရှုပ်ရှက်ရှက်တော့ မလုပ်ခဲ့ဘူး။ ဒါပေမဲ့သူတို့ ဘာကြောင့် ဒီလိုလုပ်လဲ မသိတော့ဘူး။”

ဒေါ်ဂွာမလေးကတော့ ယခုအချိန်တွင် စိတ်ဒဏ်ရာ ဆိုးဆိုးဝါးဝါး အနာတရဖြစ်သွားပြီး လူတွေ ကိုကြောက်လန့် ထိတ်လန့်ပြီး၊ စကားလဲ မပြောတော့ပါ။ စိတ်ဂနာမငြိမ်ဖြစ်ခြင်း၊ စသည့် လက္ခဏာ များတွေ့ ရသဖြင့်မိသားစု၊ ဆွေမျိုးများက စိတ်အထူးကု ဆေးရုံသို့ပို့ရန် စီစဉ်ဆောင်ရွက်လျှက်ရှိ ကြောင်းသိရပါသည်။ ဒေါ်ဂွာမလေး၏ ခင်ပွန်း ငွါးဆာကတော့ “အစတုန်းကအကောင်းကြီးပါ။ ဒီလိုမဟုတ်ပါဘူး။ အခု တော့ဘာမှ မေးလို့မရ။ ဆွေးနွေးလို့လဲ မရတော့ဘူး။ အိမ်ပြန်ချင်တယ်။ တခုပဲပြောပါတယ်။ ကျနော် အရမ်းဝမ်းနည်းတယ်”လို့ မျက်ရည်ဝဲပြီး ပြောရှာပါတယ်။ ဒါတွေဟာ လက်ရှိကချင်ပြည်နယ်၊ ချီဖွေမြို့နယ်အတွင်း လွန်ခဲ့တဲ့ မေလ(၁)ရက်နေ့မှစပြီး အစိုးရတပ်မတော်နှင့် နယ်ခြားစောင့်တပ် (NDA (K)) တို့နဲ့ ကေအိုင်အေတပ်များကြား ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွေကြောင့် ထွက်ပြေး တိမ်းရှောင်လာသည့် ဒုက္ခသည် တိုင်းရင်းသား ပြည်သူတွေ လက်တွေ့ ခံစားနေကြရတဲ့ လူ့အခွင့်အရေးချိုးဖောက်ခံရမှုတွေပါ။ နာကြည်းမှု၊ မုန်းတီးမှုတွေ သံသရာလည်ရင်း မြန်မာပြည်ငြိမ်းချမ်းရေး လမ်းစပျောက်သွားမှာ ကိုစိုးရိမ်စွာဖြင့် စုံစမ်း တင်ပြအပ်ပါသည်။

တင်ပြသူ-
အမျိုးသမီးရေးနှင့်ငြိမ်းချမ်းရေး တက်ကြွလှုပ်ရှားသူတဦး
သို့ 
      ဒီမိုဝေယံသတင်းငှာန
လေးစားစွာဖြင့် တင်ပြလိုက်ပါသည်။
ဧပြီလ၂၆ မှစပြီး ကေအိုင်အေနှင့် အစိုးရ+နယ်ခြားစောင့်တပ်တို့ ကြားဖြစ်ပွားခဲ့သည့် တိုက်ပွဲများအတွင်း ဒေသခံတိုင်းရင်းသား/သူတွေ လူ့အခွင့်အရေး ချိုးဖောက်ခံရမှုသတင်းကို ပေးပို့လိုက်ပါသည်..။

လေးစားစွာဖြင့်

မမိုင်းဂျာ
အချက်အလက်များ -
ထိုင်းနိုင်ငံအခြေစိုက် ကချင်အမျိုးသမီး အစည်းအရုံးမှ ဖြစ်ပါသည်။
Unknown at 8:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အခွင့်သာခိုက်မှာ ဂွင်မရိုက်စေချင်ပါ.. (ပေးစာ)




နေပြည်တော်မှ ဟိုတယ်တခု မြင်ကွင်း..
၁၄-၅-၂၀၁၂ ရက်နေ့က နိုင်ငံတော်သမ္မတ ပြောကြားခဲ့ သော မိန့်ခွန်းတွင် ဟိုတယ်နှင်ခရီးသွား ကဏ္ဍ တိုးတက်ရေးနှင့် စပ်လျဉ်းပြီး လိုအပ်ချက်များ လမ်းညွှန်ခဲ့ပါကြောင်း သတင်းစာတွင် ဖတ်ရှုရပါသည်။ မှန်ပါသည်။ ဟိုတယ်နှင်ခရီးသွား ကဏ္ဍတိုးတက်ရန် ၀န်ဆောင်မှု ကောင်းသော ခရီးသွားလုပ်ငန်း များလိုအပ်သကဲ့သို့ ၀န်ဆောင်မှုကောင်းသော Reasonable Price ဟိုတယ်များ လိုအပ်ပါသည်။ ဟိုတယ်အများစုသည်..
အခန်းခဈေးနှုံးများကို သတ်မှတ်ချက် မထားဘဲ လိုသလို ဈေးခေါ်နေကြသည်။ သူတို၏ ဈေးနှုန်း သတ်မှတ်ချက် တွင် Rack Rate, Corporate Rate, NGO/ Embassies Rate စသည်ဖြင့် အခန်းတစ်ခန်း၏ အခန်းဈေးနှုန်းများကို အမျိုးမျိုး သတ်မှတ် ထားရှိပါသည်။ ဥပမာ Strand Hotel တွင်US$ ၁၂၀ တန် superior အခန်းတခန်းကို Rack Rate နှင့်ရောင်းပါက US$ ၅၅၀++ အဆိုပါအခန်းကိုပင် Corporate Rate, နှင့်ရောင်းပါက US$ ၁၅၀ NGO/ Embassies Rate နှင့်ရောင်းပါက US$ ၁၄၀ နှင့် ရောင်းပါသဖြင့် reservation မလုပ်ဘဲ ရောက်ရှိလာသော နိုင်ငံခြားသား ဧည့်သည်အတွက် Rack Rate US$ ၅၅၀++ပေး တည်းခို ရပေတော့မည်။
နေပြည်တော် ကျောက်မျက်ပြပွဲ မြင်ကွင်းတခု..
 FIT ဧည့်သည်တွေအတွက် တည်းခိုနေထိုင်ရေး မလွယ်ကူတဲ့ပြသနာပါ။ အခြား ဟိုတယ် များလည်းအလားတူပါဘဲ။ နေပြည်တော် ဟိုတယ်တွေမှာ ကျောက်မျက်ပွဲတော် ကျင်းပတဲ့ အချိန်က ကျပ် ၃၅၀၀၀တန် အခန်းကို ကျပ်၇၀၀၀၀-၈၀၀၀၀ ဈးနဲ့ ငှားရမ်းကြတယ်။ Hospitality Industry လို့ ကြွေးကြော်နေကြတဲ့ ဟိုတယ်လုပ်ငန်းရှင်တွေ Hospitality ရဲ့အဓိပ္ပါယ်ကိုရော နားလည်ကြပါရဲ့လား။ ဟိုတယ်များပိုင်ရှင် ဟိုတယ်/ခရီးဝန်ကြီးရဲ့ နိုင်ငံခြားသားများ ၀င်ထွက်သွားလာမှု အဆင်ပြေစေရေးဆိုသော စီမံချက်နှင့်အတူ Warmly Welcome And Take Care of Tourist ဆိုတဲ့ ဆိုင်းဘုတ်ကြီးတွေ ရန်ကုန်မြို့လူစည်ကားရာ အရပ်တွေမှာ စိုက်ထူလို့ထားပါပြီ။ လက်တွေ့မှာ နိုင်ငံခြားသားတွေ တည်းခိုရန် ဟိုတယ်များက Reasonable Price ဟိုတယ်များဖြစ်ပါရဲ့လား။
 ဟိုတယ် များ Star သတ်မှတ်ရေး တခုတည်း အာရုံစိုက် မနေဘဲ မိမိ နိုင်ငံလာရောက်သည့် ဧည့်သည်များ အဆင်ပြေစွာ တည်းခို နေထိုင်နိုင်ရေး သည်သာအဓိက ဖြစ်ပါကြောင်း။ နိုင်ငံခြားသားတွေတော့ အများအပြားလာကြပြီ ငါတို့ဂွင်ထဲရောက်တုန်း အပီ ရိုက်လိုက်မယ်လို့ တစ်နပ်စားဥာဏ်နဲ့ လုပ်နေကြရင် ခရီးသွားလုပ်ငန်း တိုးတက်မှုကို နှောက်ယှက် ဟန့်တားသူများဟာ ဟိုတယ်လုပ်ငန်းရှင်များသာ ဖြစ်ပါလိမ့်မည် ဖြစ်ပါကြောင်း ဟိုတယ်များပိုင်ရှင် ဟိုတယ်/ခရီးဝန်ကြီး သိရှိနိုင်ပါရန် တင်ပြလိုက်ရပါတယ်။ Hospitality Industryရဲ့ အနက်အဓိပ္ပါယ်ကို ဟိုတယ်လုပ်ငန်းရှင်များ အလေးအနက်ထား ဆောင်ရွက်ကြရန် လိုအပ်ပါကြောင်း။
သတင်း၊နေပြည်တော်ဝန်ထမ်းတဦး
ဓာတ်ပုံများ. ဒီမိုဝေယံ၊ ဒီမိုကောင်းကင်
Unknown at 8:50 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မုဒိတာပွားရမယ့်အချိန်


 အကြောင်းအမျိုးမျိုးကြောင့် ပြည်ပရောက်သူများကို ဒေါ်လာစားများဆိုပြီး နှိမ်လေ့ရှိတယ့် စစ်အစိုးရအဖွဲ့ဝင်ဟောင်းတွေ၊ ငါတို့ မထွက်နိုင်ယင် ခင်ဗျားတို့လည်း မထွက်စေရဘူးဆိုပြီး အပိတ်ခံရတယ့်၊ မထွက်ရဲတယ့် အတိုက်အခံခေါင်းဆောင်တွေ၊ အရင်က နိုင်ငံခြားသံရုံးနားကပ်မိလို့ အစွပ်အစွဲခံရလို့ ထောင်ကျခဲ့ပြီး ယခုအခါ အမတ်ဖြစ်နေသူတွေ နိုင်ငံခြားကို အလျှိုလျှိုထွက်ကြပြီ။ စစ်အာဏာရှင်ကြောင့် နာမည်ကြီးခဲ့တယ့် မြန်မာပြည်ကို သွားချင်လွန်းလို့ ဣနြေ္ဒတောင် မဆည်နိုင်တယ့် ပြည်ပသံတမန်တွေနဲ့ ခေါင်းဆောင်တွေ၊ မြန်မာ့အရေးကျွမ်းကျင်သူတွေ၊ နိုင်ငံတကာအသင်းအဖွဲ့တွေ၊ ကုလသမဂ္ဂအရာရှိတွေကလည်း မြန်မာပြည်ကို မလာယင် ခေတ်မမီတော့သလို သူ့ထက်အရင် ဦးအောင် အပြေးအလွှား လာကြရတယ်။ ဘာပဲဖြစ်ဖြစ်လေ သူခိုးဓားပြတွေက ဘုရားပွဲရောက်နေလို့ ရပ်ရွာမှာ ခဏတဖြုတ်တော့ အေးချမ်းလောက်တယ်ဆိုပြီး ဣဿာမပွားဘဲ မုဒိတာပွားကြပါ။
 
ရွှေမန်းတို့လည်း နော်ဝေးမှာ လွတ်လပ်လို့၊ ပေါ့ပေါ့ပါးပါးနဲ့ တောင်ပံခတ် ပျံတော့မယ့်အသွင်ပါပဲ။
ဝဏ္ဏမောင်လွင်ကလည်း ဝါရှင်တန်မှာ လူရာဝင်ခဲ့ပြီ။
မြန်မာ့ရေနံ၊ မြန်မာ့ဓာတ်ငွေ့၊ မြန်မာ့ကျောက်သံပတ္တမြား၊ မြန်မာ့ရေမြန်မာ့မြေတို့အစွမ်းကြောင့်တည်း။
 
 
မိအေးနှစ်ခါနာ
 
ဒီအချိန်မှာပဲ ကချင်မှာ မုဒိမ်းမှုတွေ ဖြစ်နေတယ်။ မုဒိမ်းကျင့်ခံရလို့ အော်ချင်သလောက် အော်ပါလေ။ လူထုခေါင်းဆောင်ကို ကြိုဆိုတယ့်အသံလောက် အော်သံက ဘယ်ကျယ်မလဲ။ နိုင်ငံခြားခေါင်းဆောင်တွေ လာလို့ ကြိုဆိုတယ့် ဘင်ခရာသံလောက် အော်သံက ဘယ်ကျယ်မလဲ။ ဒီအော်သံကို မကြားတာ တကဏ္ဍထားဦး။ တရုတ်ကုမ္ပဏီတွေနဲ့အပြိုင် အမေရိကန်ကုမ္ပဏီတွေ၊ သြစတြေးကုမ္ပဏီတွေ၊ ဥရောပကုမ္ပဏီတွေ ဝင်လာကြဦးမယ်။ ကရင်ပြည်နယ်၊ မွန်ပြည်နယ်၊ တနသာင်္ရီတိုင်းမှာ ရွှေကြောတွေ၊ မုတ္တမ၊ ဘင်္ဂလားပယ်လယ်အော်က ရေနံဓာတ်ငွေ့တွေ၊ ကချင်ရှမ်းဘက်က ကျောက်စိမ်းတွင်းတွေ ခနောက်စိမ်းတွင်းတွေ သစ်တောတွေ မုဒိမ်းအကျင့်ခံဖို့ စောင့်နေကြပါ။
 
စီးပွားရေးသမားဆိုယင် မျက်နှာဖြူလား၊ မျက်နှာမည်းလား၊ မျက်နှာဝါလား ခွဲခြားမနေပါနဲ့။ အတူတူပါပဲ။ ဗီယက်နာမ်မှာ ဖြစ်ပျက်နေတာတွေကို ကြည့်ပါ။ တိုင်းရင်းသားတွေ ကော့နေအောင် ခံနေရတာပဲ။ ဖိလစ်ပိုင်မှာလည်း ခံရတာပဲ။ အင်ဒိုနီးရှားမှာလည်း ခံနေရတာပဲ။ အထူးသဖြင့် အင်ဒိုနီးရှားမှာ သြစတြေးလျကုမ္ပဏီတွေကြောင့် လူနည်းစုတိုင်းရင်းသားတွေ များစွာ နစ်နာနေကြရကြောင်း သိရတယ်။  ပြည်သူလူထုအကျိုးအတွက်လို့ ပြောကြပေမယ့် အမှန်တကယ်မဟုတ်ကြောင်း အိမ်နီးချင်းနိုင်ငံတွေကို လေ့လာလိုက်ယင် ရှင်းသွားမှာပါ။ အကျယ်တဝင့် မရေးချင်သေးပါ။
 
မြန်မာနိုင်ငံမှာ ပြည်မမှာ သယံဇာတ သိပ်မထွက်ပါ။ ပြည်နယ်တွေမှာပဲ သယံဇာတပေါကြွယ်ဝနေတာပါ။ မြန်မာနိုင်ငံမှာ သယံဇာတပေါကြွယ်ဝတယ်ပြောပြောနေတာဟာ ပြည်နယ်တွေမှာရှိတယ့် သယံဇာတတွေကို မောင်ပိုင်စီးပြီး ပြောနေတာပါ။ ဖက်ဒရယ်စနစ်ကို လက်မခံနိုင်တယ့်အကြောင်းတွေထဲမှာ ဒီအကြောင်းလည်း ပါပါတယ်။ ၂၀၀၈ ဥပဒေဟာ သူခိုးဓားပြဥပဒေသာ ဖြစ်တယ်။ တိုင်းရင်းသားဒေသတွေဆီက တရားဝင်ခိုးဝှက်လုယက်လို့ ရအောင် ရေးဆွဲထားပါတယ်။
 
အခု K.N.U. တို့၊ SSA (S)တို့၊ CNF တို့ အစရှိသူတို့ အပစ်ရပ်ကြခြင်းမှာလည်း နိုင်ငံရေးအရလို့ ဆိုကြပေမယ့် ငြိမ်းချမ်းရေးနောက်ကွယ်မှာ စီးပွားရေးကိစ္စတွေ အများကြီးပါဝင်နေပါတယ်။ မယုံယင် ငြိမ်းချမ်းရေးအကျိုးတော်ဆောင်တွေရဲ့နောက်ကြောင်းကို လေ့လာကြည့်ပါ။ အထူးသဖြင့် အချို့အဖွဲ့တွေမှာ နိုင်ငံခြားအစိုးရတစ်ခုခုနဲ့ အချိတ်အဆက်လုပ်ထားပြီးသားဖြစ်တယ်။ သူနိုင်ကိုယ်နိုင် တူးဆွကြမှာဖြစ်လို့ ဒေသခံတွေအနေနဲ့ ဣဿာမပွားဘဲ မုဒိတာပွားနိုင်အောင် အခုကတည်းက စိတ်ကို ဆုံးမထားကြပါ။
 
 
အတုကြီး
 
အွန်လိုင်းတက်လည်း အတုနဲ့တိုး၊ ယောကျာင်္းစင်စစ်က မိန်းမဖြစ်၊ မိန်းမစင်စစ်က ယောကျာင်္းဖြစ်၊ နောက်သက်တမ်းအရွေးခံရဖို့ သမ္မတအိုဘာမားတောင် The First Gay President ဖြစ်ခဲ့ပြီ။ ရွှေလည်း အတုပဲ ဝတ်ကြပြီ။ အပြုံးတုတွေလည်း ရိုးကုန်ပြီ။ အပြောင်းမဟုတ်ဘဲ အပြသက်သက်နိုင်ငံရေးစနစ်ကိုလည်း မြန်မာ့နည်းမြန်မာ့ဟန်နဲ့ ဖော်ထုတ်ပေးခဲ့ပြီ။ မိမိတို့သမ္မတကို မိမိတို့ဘာသာ ရွေးချယ်ခွင့်မရှိတယ့် မြန်မာပြည်၊ လွှတ်တော်မှာ စစ်သား (၂၅)ရာခိုင်းနှုန်း ရှိတယ့်တိုင်းပြည်၊ ပြည်ထောင်စုအမည်ခံပြီး မိမိဝန်ကြီးချုပ်ကိုတောင် ရွေးကောက်တင်မြှောက်ခွင့်မရှိတယ့်နိုင်ငံမှာ နောက်ဆုတ်စရာမရှိ၊ နောက်ဆုတ်ယင် အဝီစိသာ ကျန်တော့မယ်။
 
အတုမှန်းသိရက်နဲ့ အစစ်မရှိသေးလို့ အလှဆင်နေကြပါတကား။ အဝမဟုတ် အလှသာ ဖြစ်ချေတကား။ တစ်ခါမဟုတ် နှစ်ခါမက အခါပေါင်းများစွာ ဒီနည်းနဲ့ပဲ အမေရိကန်အပါအဝင် ကမ္ဘာ့နိုင်ငံကြီးများကို ပလီပလာမူယာမာယာနဲ့ လိမ်ခဲ့ပြီဖြစ်ချေတကား။ ဒါပေမယ့် နိုင်ငံသားကောင်းပီသချင်သူများ ဣဿမဖြစ်ဘဲ မုဒိတာပွားကြပါကုန်။
 
 
ရိုးရိုးလေး
 
၁။ အခုအပြောင်းအလဲဟာ နိုင်ငံရေးလွတ်လပ်ခွင့်ကို ဦးတည်သွားမယ့်အပြောင်းအလဲမဟုတ်။ ကိုယ်ကျိုးစီးပွားအရ ပြောင်းလဲနေခြင်းဖြစ်တယ်။
 
၂။ အာရပ်နွေဦး တော်လှန်ရေးပြီးတယ့်နောက်၊ အီရတ်နဲ့အဖဂန်စစ်ပွဲပြီးတယ့်နောက် အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေးပေါ်လစီက ပြောင်းလဲသွားတယ်။ အာရပ်ကမ္ဘာကနေ အာရှဖစိဖိတ်ကို ပြောင်းသွားတယ်။ အိုဘာမားအစိုးရရဲ့ရန်သူဟာ ရုရှားမဟုတ်၊ တရုတ်သာ ဖြစ်တယ်။ တရုတ်ကို နိုင်ငံရေးနဲ့စစ်ရေးအရမဟုတ်တော့ဘဲ စီးပွားရေးအရပါ ယှဉ်ပြိုင်လာရဖွယ်ရှိတယ်။ ဒီအချိန်ဟာ အာရှဖစိဖိတ်စစ်ပွဲအစပဲ ရှိသေးတယ်။
 
၃။ အာရှဖစိဖိတ်ကို လေ့လာယင် သြစတြေးလျဟာ အမေရိကန်ရဲ့မိတ်ဆွေမဟုတ်၊ ဒါပေမယ့်မဟာမိတ်ဖြစ်တယ်။ ဝန်ကြီးကလင်တန်ပြုစုထားတယ့် စာတမ်းကို ဖတ်ကြည့်ယင် ဒီအခင်းအကျင်းကို ရှင်းရှင်းလင်းလင်း သဘောပေါက်မှာဖြစ်တယ်။ ဒီတော့ အမေရိကန်ပြည်ထောင်စုအနေနဲ့ အာရှဖစိဖိတ်မှာ သြဇာသက်ရောက်ဖို့ ကြိုးစားရတော့မှာ ဖြစ်တယ်။ ဒါကြောင့်လည်း ဗီယက်နာမ်ကနေ ချီလီအထိ ကုန်သွယ်ရေးသဘောတူညီချက်ရယူထားတာ ဖြစ်တယ်။
 
၎။ ဒီအာရှဖစိဖိတ်မှာ အိန္ဒိယမပါဘဲ ပြည့်စုံမှာမဟုတ်သလို အိန္ဒိယမပါဘဲ တရုတ်ကို ကိုင်လို့ မရပါဘူး။ တရုတ်နဲ့အိန္ဒိယကြားမှာ မြန်မာနိုင်ငံက မဟာဗျူဟာကျစွာ ရပ်တည်နေပါတယ်။ မြန်မာဟာ အာရှဖစိဖိတ်ရဲ့ Epic-central tag of war ဖြစ်နေတာကို လက်ရှိသိန်းစိန်အစိုးရက အမိအရ အသုံးချနေခြင်းသာ ဖြစ်တယ်။ ကြည့်တတ်ယင် ရိုးရိုးလေးပါပဲ။
 
ဒီအခြင်းအရာတွေကို လေ့လာကြည့်ယင် မြန်မာနိုင်ငံမှာ မျက်နှာပြလို့ကောင်းရုံ အပြောင်းအလဲလုပ်ပေးယင် အမေရိကန်က ပိတ်ဆို့မှုကို ဖွင့်ပေးမှာသေချာသလောက်ပါပဲ။ စစ်တပ်ရဲ့ခရိုနီများအတွက်၊ အစိုးရနဲ့နီးစပ်သူများအတွက်၊ (အတိုက်အခံပါတီကြီးနဲ့ ဆက်ဆံနေသူများအတွက်၊ အပစ်ရပ်အဖွဲ့အစည်းများနဲ့ ရင်းနှီးသူများအတွက်) မုတ်ဆိတ်ပျားဆွဲကိန်း မြင်တယ်။ ဒါကိုလည်း ဣဿာမပွားဘဲ မုဒိတာပွားကြဖို့ပါပဲ။
 
အကျဉ်းချုံးလိုက်ယင်
 
၁။ နှစ်ပေါင်း(၂၀)ကျော် ပြည်တွင်းမှာ ပိတ်မိနေတယ့် စစ်အစိုးရဝင်ဟောင်းတွေ ပြည်ပနိုင်ငံကို လွတ်လွတ်လပ်လပ် သွားနိုင်တာကို မုဒိတာပွားကြပါ။
 
၂။ အကျယ်ချုပ်မိလို့လည်းကောင်း၊ ထောင်တွင်းရောက်နေလို့လည်းကောင်း၊ အခါအခွင့်မသင့်လို့လည်းကောင်း ပြည်ပနိုင်ငံကို မထွက်နိုင်တယ့် အတိုက်အခံအမတ်များကိုတော့ အမှန်တကယ်စိတ်ရင်းမှန်နဲ့ မုဒိတာပွားပေးကြပါ။
 
၃။ တရုတ်ကုမ္ပဏီများနဲ့အပြိုင် အမေရိကန်ကုမ္ပဏီများ၊ သြစတြေးလျကုမ္ပဏီများ၊ ဥရောပကုမ္ပဏီများ၊ အာရှဖစိဖိတ်ကုမ္ပဏီများ ဝင်လာယင်လည်း နိုင်ငံခြားသားများဖြစ်လို့ မုဒိတာပွားကြပါ။
 
၎။ နိုင်ငံမှာ ဧရာဝတီ၊ ချင်းတွင်း၊ သံလွင်မြစ်ကြီးများရှိပေမယ့် ရေငတ်နေတယ့် နိုင်ငံသားတွေ၊ နိုင်ငံမှာ လျပ်စစ်မီးပိုနေရက်သားနဲ့ မီးပြတ်နေတယ့် နိုင်ငံသားတွေ၊ ပြည်တွင်းစစ်ကြောင့် အသက်ကို ဖက်နဲ့ထုပ်ပြီး ပြေးလွှားနေရတယ့် တိုင်းရင်းသားတွေအားလုံး မိမိတို့ရဲ့ ဂေဟစနစ်ကို ဖျက်ဆီးမယ့်လူများ ဝင်လာကြယင် မုဒိတာ ပွားကြပါ။
 
(စာရေးသူလို အခွင့်အရေးယူရကောင်းမှန်းမသိ မိုက်ကန်းချင်ယင် ၂၀၀၈ ဥပဒေကိုဆက်လက်ဝေဖန်ပါ။ လွှတ်တော်ထဲ စစ်တပ် ၂၅ ရာခိုင်နှုန်းပါဝင်နေမှုကို ဆက်လက်ဝေဖန်ပါ။ အစိုးရအဖွဲ့ထက်၊ တရားစီရင်ရေးထက်၊ ဥပဒေပြုရေးထက် မြင့်မြတ်သော ကာလုံကိုလည်း ဆက်လက်ဝေဖန်ပါ။ လူသတ်၊ မုဒိမ်းကျင့်၊ မြေယာသိမ်းလိုင်စင်ရထားတယ့် တပ်(မတော်)ကိုလည်း ဆက်လက်ဝေဖန်ပါ)
http://www.facebook.com/notes/ven-ravika/%E1%80%99%E1%80%AF%E1%80%92%E1%80%AD%E1%80%90%E1%80%AC%E1%80%95%E1%80%BC%E1%80%AC%E1%80%B8%E1%80%9B%E1%80%99%E1%80%9A%E1%80%B9%E1%80%B7%E1%80%A1%E1%80%81%E1%80%BA%E1%80%AD%E1%80%94%E1%80%B9/174647479330162
  lu bo
Unknown at 8:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တရုတ်ပြည်သို့ နွားခိုးသွင်းသည်ဟု ယူဆရသူများနှင့်ကွဲ/နွားများအား နောင်ချိုမြို့နယ်တွင် ဖမ်းဆီးမိ


ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြို့နယ်ရှိ ဆမ္မဆယ်ကျေးရွာအနီးတွင် တရုတ်ပြည်အတွင်းသို့ နွားခိုးသွင်း နေသည်ဟု ယူဆရသူများနှင့် နွားများအာ  ပြည်သူ့စစ်နှင့်ဒေသခံများက ဖမ်ဆီးမိခဲ့သည်။

မေလ(၁၈)ရက်နေ့ ညနေ ခြောက်နာရီခန့်တွင် ပြည်သူ့စစ်နှင့်အတူ သုံးဆယ်ရွာနှင့်ဆမ္မဆယ်ရွာမှ တာဝန်သိ ရွာသားများမှ   နွား(၇၆)ကောင်၊ ကျွဲ(၄၃)ကောင် နှင့် လူ(၉)ဦးအား ထိန်းသိမ်းခဲ့ခြင်းဖြစ်သည်။

“ကျွန်တော်တို့ ရွာနှစ်ရွာပေါင်းပြီး သွားဖမ်းတာပါ၊ အုပ်ချုပ်ရေးမှူးတွေကော ရွာသားတွေကောသွားဖမ်းတာ ပြေးတဲ့လူက    ပြေးကုန်တယ်” ဟု အဆိုပါ နွားမှောင်ခိုဂိုဏ်အားသွားရောက်ဖမ်းဆီးသူတစ်ဦးက ပြောသည်။

ထိုကဲ့သို့ နွားမှောင်ခိုဂှိုဏ်းမှ တရုတ်ပြည်တွင်းသို့ နွားခိုးသွင်းနေသည်မှာ လွန်ခဲ့သော သုံးနှစ်ခန့်မှစ၍ ပြုလုပ်နေကြောင်း   ဖြစ်ကြောင်း ဒေသခံတို့ကဆိုသည်။

ဖဖ်းဆီးရမီသညိ့ ကျွဲ၊နွားများနှင့်လူများအား ရွာထဲ၌ထိန်းသိမ်းထားပြီး နောင်ချိုမြို့နယ် ရဲစခန်းသို့ တိုင်ကြားသွားမည်  ဖြစ်ကြောင်း သိရသည်။ “ကျွန်တော်တို့ဆီမှာတော့ အဲ့ဒီသတင်းမကြားသေးဘူးဗျ” ဟု နောင်ချိုမြို့နယ်ရဲစခန်းက ပြောသည်။

အဆိုပါ နွားမှောင်ခိုဂိုဏ်းမှဟု ယူဆရသောလူများမှာ ထွက်ပြေးသွားသည်ဟု သိရပြီး၊ နွားထိန်းရန်အတွက် ငှားထားသော   လူ(၉)ဦးကိုသာ ထိန်းသိမ်းလိုက်နိုင်ခြင်းဖြစ်သည်။

“ကျွန်တော်တို့ အဲ့ဒီကိစ္စကို အုပ်ချုပ်ရေးမှူးက တရားလိုလုပ်ပြီး နောင်ချိုရဲစခန်းကို တိုင်သွားမှာပါ” ဟု နွားကုန်ကူးမှုအား   သွားရောက်ဖမ်းဆီးခဲ့သော ရွာသားတစ်ဦးက ပြောသည်။

ကောင်းမြတ်ဖြိုး (မြစ်မခ)
by Myit Makha Mediagroup on 19 May, 2012
Unknown at 8:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.