Tuesday, April 24, 2012
အင်္ဂါနေ့ လွှတ်တော်တွင် NLD အရေး အဆိုမတင်နိုင်သေး
 နေပြည်တော်တွင် အင်္ဂါနေ့မနက်ပိုင်းက ကျင်းပခဲ့သည့် ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျမ်းသစ္စာကျိန်ဆို လွှတ်တော်တက်ရေးနှင့် ပတ်သက်၍
မေးခွန်းထုတ်မှုနှင့် အဆိုတင်သွင်းမှု တစုံတရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း သိရသည်။
“အဲဒီကိစ္စ အဆိုတင်တာတွေ မရှိသေးဘူးဗျ။ တည်ရှိဆဲ၊ မပြီးပြတ်သေးတဲ့ agenda တွေအတိုင်းပဲ သွားနေပါတယ်” ဟု လွှတ်တော်သို့ သတင်းတက်ရောက်ယူနေသော မဇ္ဈိမ သတင်းထောက် လင်းဘိုဘို က ပြောသည်။
ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင် ၄၃ နေရာ အနိုင်ရရှိခဲ့သော NLD အနေဖြင့် လွှတ်တော်ကိုယ်စားလှယ်များ ကျမ်းသစ္စာကျိန်ဆိုမည့် စာသားပြုပြင်ပေးရန် နိုင်ငံတော်သမ္မတနှင့် သက်ဆိုင်ရာရုံးများသို့ စာရေးသားပေးပို့ အကြံဉာဏ်ပြုထားဆဲ ဖြစ်သည်။
3paliman3
ပြည်ထောင်စု လွှတ်တော် အစည်းအဝေး၌ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ကျမ်းသစ္စာကျိန်ဆို လွှတ်တော်တက်ရေးနှင့် ပတ်သက်၍ မေးခွန်းထုတ်မှုနှင့် အဆိုတင်သွင်းမှု တစုံတရာ ပြုလုပ်ခြင်း မရှိခဲ့ကြောင်း သိရ (ဓါတ်ပုံ မဇ္ဈိမ)
ထိုကိစ္စနှင့် ပတ်သက်၍ အဆိုတင်သွင်းနိုင်ရန်အတွက် လွှတ်တော်တက် ကိုယ်စားလှယ်များအကြား တိုင်ပင်
ဆွေးနွေးမှုများလည်း ရှိနေကြောင်းလည်း သိရှိရသည်။
“လွှတ်တော်အမတ်တွေကလည်း သူတို့ဟာနဲ့သူတို့ ညှိနှိုင်းမှုတွေ ရှိတယ်ဗျ။ ဒီကိစ္စနဲ့ ပတ်သက်ပြီး အဆိုတင်မယ်ပေါ့။
ထောက်ခံပေးဖို့ပေါ့။ ကြံ့ခိုင်ရေးကိုလည်း ညှိနေကြတာပဲ။ မနေ့က အနေအထားအရတော့ ကြံ့ခိုင်ရေးက နည်းနည်း မာတဲ့ သဘောထား ရှိတယ်။ ဒီလိုပဲ လိုက်ပြီး negociate လုပ်ကြတာပေါ့။ ဒေါက်တာမြတ်ဉာဏစိုးတို့၊ ဒေါက်တာ
အေးမောင်တို့။ ဒီ တတိယအကြိမ် အစည်းအဝေးမှာ တင်နိုင်ဖို့ ကြိုးစားနေကြတယ်” ဟု သတင်းထောက် လင်းဘိုဘို က ပြောသည်။
အခြေခံဥပဒေတွင် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်များ ကတိသစ္စာပြုရမည်ဆိုသည့် ပုဒ်မ ၁၂၅ (ခ)အတွက် ဇယား ၄ ပါ စာသားတွင် “နိုင်ငံတော် ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ထိန်းသိမ်းကာကွယ်စောင့်ရှောက်ပြီး” ဟု ပါရှိနေရာ NLD အနေဖြင့် “လေးစားလိုက်နာပြီး”ဟူ၍ ပြင်ဆင်ပေးရန် အကြံပြုထားခြင်း ဖြစ်သည်။
သို့သော် ၂ဝဝ၈ ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေအရ အဆိုပါ ပြဋ္ဌာန်းချက် ပုဒ်မ ၁၂၅ အား ပြင်ဆင်လိုပါက ပြည်ထောင်စု လွှတ်တော် ကိုယ်စားလှယ် စုစုပေါင်း၏ ၂ဝ ရာခိုင်နှုန်းက စတင်တင်ပြလာပါက ပြည်ထောင်စုလွှတ်တော်က လက်ခံ
ဆွေးနွေးမည် ဖြစ်သည်။
ထို့နောက် ပြည်ထောင်စုလွှတ်တော်၏ ၇၅ ရာခိုင်နှုန်းကျော်၏ ထောက်ခံဆန္ဒမဲဖြင့်သာ ပြင်ဆင်ပိုင်ခွင့်ရှိမည်ဖြစ်သည်။
လက်ရှိ ပြည်ထောင်စုလွှတ်တော်တွင် ကြံ့ခိုင်ရေးပါတီမှ ၃၄၃ ဦး၊ အခြားနိုင်ငံရေးပါတီနှင့် တသီးပုဂ္ဂလ ကိုယ်စားလှယ် ၁ဝ၅ ဦးတို့ ရှိကာ တပ်မတော်သားကိုယ်စားလှယ်အဖြစ် ၁၆၆ ဦး ရှိနေသည်။
ပထမအကြိမ် ပြည်ထောင်စုလွှတ်တော် တတိယ ပုံမှန်အစည်းအဝေး ၁၇ ရက်မြောက် ဖြစ်သည့် ဧပြီလ ၂၄ ရက်နေ့ အစည်းအဝေးကို တနာရီခန့်ကြာ ကျင်းပခဲ့ခြင်းဖြစ်ပြီး ကြားဖြတ်ရွေးကောက်ပွဲမှ အရွေးချယ်ခံ NLD ကိုယ်စားလှယ်များ တက်ရောက်ခြင်း မရှိသေးပေ။
သို့သော် ယခု တတိယ အစည်းအဝေးများအတွင်း ရလဒ် တစုံတရာ ပေါ်ထွက်လာနိုင်ကြောင်း ၂ဝ၁ဝ ရွေးကောက်ပွဲမှ
ရွေးချယ်ခံ NLD ပါတီဝင် ဒေါက်တာမြတ်ဉာဏစိုး က မဇ္ဈိမကို ပြောဆိုသွားသည်။
ကိုပေါက် နယူးဒေလီ (မဇ္ဈိမ) ။       ။
Unknown at 7:06 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
“ ချီးကျူးခံရသည်ဖြစ်စေ၊ ကဲ့ရဲ့ခံရသည်ဖြစ်စေ………”.
သုည
        လူတိုင်းတွင်ချီးကျူးစရာလည်းရှိသည်၊ ကဲ့ရဲ့စရာလည်းရှိသည်။ထို့ 
ကြောင့် ချီးကျူးခြင်းလည်းခံရမည်။ ကဲ့ရဲ့ခြင်းလည်း ခံရမည်။ ချီးကျူးခံရ
ခြင်း၊ ကဲ့ရဲ့ခံရခြင်းတို့ မှကင်းလွတ်သူဟူ၍ မည်သူမျှရှိနိုင်မည်မဟုတ်ပေ။
မည်သူမဆို ချီးကျူးခံရခြင်း၊ ကဲ့ရဲ့ခံရခြင်းတို့ နှင့် ကြုံကြရမည်သာဖြစ်ပေ
သည်။
      သူတစ်ပါးက မိမိကိုချီးကျူးမည်။ ကဲ့ရဲ့မည်။ မိမိကသူတစ်ပါးကို ချီး
ကျူးမည်။ ကဲ့ရဲ့မည်။ ချီးကျူးသူ၊ ကဲ့ရဲ့သူ၏ အထင်အမြင်အပေါ် မူတည်
ပြီး ချီးကျူးခြင်း၊ ကဲ့ရဲ့ခြင်းဖြစ်ပေါ်လာရသည်။ ချီးကျူးသူ၊ကဲ့ရဲ့သူ၏ အ
ထင်အမြင်ဟူသည် မှားသည်လည်းရှိမည်။ မှန်သည်လည်းရှိသည်။ ဥပ
မာအားဖြင့် လက်ဝါးတစ်ခုကို ထောင်ပြလိုက်သည်ဟုဆိုပါစို့။ လက်ဖဝါး
ဟူ၍ မြင်သူရှိမည်။ ပြောသူရှိမည်။ လက်ဖမိုးပါဟူ၍လည်း မြင်သူရှိမည်။
ပြောသူရှိမည်။
လက်ဖဝါးဟူ၍ မြင်သူ၊ပြောသူသည် လက်ဖမိုးပါဟူ၍ မြင်
သူ၊ပြောသူနှင့်ကား ဆန့်ကျင်ဘက်ဖြစ်နေ၏။ လက်ဖမိုးပါဟူ၍ မြင်သူ၊
ပြောသူကလည်း လက်ဖဝါးဟူ၍ မြင်သူပြောသူနှင့် ဆန့်ကျင်လျက်ရှိမည်
သာဖြစ်ပေသည်။
                 ချီးကျူးခြင်းအစစ်အမှန်သည် အားပေးအားမြှောက်ခြင်းဖြစ်
သည်။ ချီးကျူးခြင်းအစစ်အမှန်သည်ကား မုဒိတာဖြစ်ဖျားမှ စီးဆင်လာ၏။
အစစ်အမှန်ချီးကျူးနိုင်သူ နှလုံးအိမ်တွင် တိုးတက်ကြီးပွားစေချင်သော စေ
တနာကောင်းသည် ကိန်းတည်နေ။ မုဒိတာပွားနိုင်၏။ ကဲ့ရဲ့ခြင်းသည်အပြစ်
တင် ရှုတ်ချခြင်းဖြစ်သည်။ ကဲ့ရဲ့ခြင်းသည်ကား ကောင်းကျိုးချမ်းသာကို မလို
လားသော၊ မရှုဆိတ်သော အဘိဇ္ဈာဗျာပါဒဖြစ်ဖျားမှ စီးဆင်းလာခြင်းဖြစ်၏။
ကဲ့ရဲ့ခြင်းတွင် မွေ့လျော်သူ၏နှလုံးသား၌ နွမ်းပါးနိမ့်ကျ၊ ပျက်စီးဆုတ်ယုတ်
စေလိုသော စေတနာဆိုးသည် ကိန်းတည်နေ၏။
         အများအားဖြင့် ချီးကျူးမှုကိုသာခံယူလိုကြ၏။ ချီးကျူးပေးရန်ကိုကား
ဝန်လေးတတ်ကြ၏။ ကဲ့ရဲ့မှုကိုမလိုလားကြ။ သို့ သော်ကဲ့ရဲ့ရန်အတွက်ကား
ဝန်မလေးတတ်ကြပေ။ ချီးကျူးခံရလျှင် သာယာမိန်းမောရသည်။ ကဲ့ရဲ့ခံရ
လျှင် တုန်လှုပ်ချောက်ချားရ၏။ ချီးကျူးခြင်းကြောင့် ခံစားရသော သာယာ
မိန်းမောခြင်း၊ ကဲ့ရဲ့ခြင်းကြောင့်ခံစားရသော တုန်လှုပ်ချောက်ချားခြင်းတို့ 
သည်ကား ချီးကျူးခြင်းခံရသူ၊ ကဲ့ရဲ့ခြင်းခံရသူ၏ ဆောင်ရွက်ဆဲ့ကိစ္စ၊
လျှောက်လှမ်းဆဲ ခရီးတို့ အတွက် အဟန့်အတားများသာဖြစ်ပေသည်။
သာယာမိန်းမောနေခြင်းသည်လည်း ရပ်တန့်နေခြင်းသဘောကိုဆောင်၍
တုန်လှုပ်ချောက်ချားခြင်းသည်လည်း ရပ်တန့်ခြင်းသဘောကိုဆောင်နေ
သောကြောင့် ဖြစ်ပါသည်။
        ချီးကျူးခံရခြင်းကို သာယာမိန်းမောမနေအပ်သလို ကဲ့ရဲ့ခံရခြင်းကို
လည်း တုန်လှုပ်ချောက်ချားနေစရာမလိုပေ။ ချီးကျူးတိုင်းလည်း ဂုဏ်ယူစ
ရာချည်းမဟုတ်သလို ကဲ့ရဲ့တိုင်းလည်း တုန်လှုပ်ချောက်ချားစရာချည်းမ
ဟုတ်သည်ကို ဆင်ခြင်နှလုံးသွင်းအပ်ပါသည်။ တချို့သော ချီးကျူးခြင်း၊
ကဲ့ရဲ့ခြင်းတို့သည် အဂတိဖက်၊ ဘက်လိုက်ခြင်းမျိုးနှင့် မကင်းနိုင်သော
ကြောင့်ဖြစ်ပါသည်။ ချီးကျူးခြင်းသည် အားပေးလိုက်ခြင်းဖြစ်ရာ ချီးကျူး
ခံရသူအတွက် အားသစ်မာန်သစ်များကို တိုးပွားလာရပေသည်။ ထိုအား
သစ်မာန်သစ်တို့သည် တစ်စုံတစ်ရာသော အတိုင်းအတာအထိ ကောင်း
ကျိုးချမ်းသာကို အထောက်အပံ့ပေးနိုင်သည်ဆိုပါက “ အဟောဝတ ”
ကောင်းလေစွ။ ချီးကျူးခြင်းကြောင့် တိုးပွားလာမည်ဖြစ်သော အားသစ်
မာန်သစ်တို့ ဖြင့် လူမိုက်အားပေး လူမိုက်မွေးခြင်းမျိုးဖြစ်ပါက မခက်ပါ
လော။
             ဆောင်ရွက်ဆဲဆောင်ရွက်လတ္တံ့၊ လျှောက်လှမ်းဆဲ လျှောက်
လှမ်းလတ္တံ့ ကာလာအတွင်း၌ ချီးကျူးခံရသည်ဖြစ်စေ၊ ကဲ့ရဲ့ခံရသည်ဖြစ်
စေ သာယာမိန်းမောခြင်းကင်စွာ၊ တုန်လှုပ်ချောက်ချားခြင်းကင်းစွာဖြင့်
လားရာမပြောင်း၊ မစောင်မတိမ်း၊ မယိမ်းမယိုင်စေဘဲ ဆက်လက်ဆောင်
ရွက်ခရီးနှင်ရမည်ကို သတိမူသင့်လှ၏။
               ချီးမွမ်း ခုနှစ်ရက်၊ ကဲ့ရဲ့ခုနှစ်ရက် စကားအတိုင်း ချီးမွမ်းသံသည်
လည်း ခုနှစ်ရက်ကြာလျှင် ပျောက်ကွယ်သွားပေလိမ့်မည်။ ကဲ့ရဲ့သံသည်
လည်း ခုနှစ်ရက်ကြာလျှင် ပျောက်ကွယ်သွားပေလိမ့်မည်။ မပျောက်ကွယ်မီ
ခုနှစ်ရက်တာကာလအတွင်း ချီးကျူးခံရခြင်းကို သာယာမိန်းမောနေလျှင်….၊
ကဲ့ရဲ့ခံရခြင်းကို တုန်လှုပ်ချောက်ချားနေလျှင်………. နောက်ကျကျန်ရစ်နေ
မည်မှာ သေချာပါဘိ။  ။
  lu bo
Unknown at 10:38 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ငါးထောင်တန်ဖုန်း Sim card ကိစ္စအား NLD ပါတီမှ ကိုယ်စားလှယ် အဆိုတင်သွင်း
ဧပြီလ ၂၃ ရက် နေ့ လွှတ်တော်အစည်းအဝေးမှာ NLD ပါတီမှ အမျိုးသားလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာမြတ်ဥာဏစိုး မှ
ငါးထောင်တန်ဖုန်း Sim card ကိစ္စအား လွှတ်တော်တွင်
အဆိုတင်သွင်းခဲ့ကြောင်း Messenger News Journal - facebook
စာမျက်နှာမှာရေးသားဖော်ပြထားပါသည်။
 NLD ပါတီမှ ဒေါက်တာမြတ်ဥာဏစိုး ကို တပ်မတော်သားကိုယ်စားလှယ်များနှင့်အတူတွေ့ရစဉ်။
 (ဓါတ်ပုံ-Messenger News Journal)
Unknown at 10:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ပြည်သူ့အသံမို့ လေးစားစေချင်ပါသည်
ဝတီခင်(ပညာရေး)
၂ဝ၁၂ ကြားဖြတ်ရွေးကောက်ပွဲမှာ ပြိုင်ဖက်ပါတီများကို အနိုင်ရခဲ့ပြီးနောက် အောင်ပွဲဆင်ခဲ့တဲ့ NLD ပါတီ အနေဖြင့် ၀ိရောဓိများနှင့် လွှတ်တော်သို့တက်ရောက်ရန် စိုင်းပြင်းနေသည့်သတင်းများမှာ အားရဖွယ်ကောင်းလှပါသည်။ ပြည်သူအများမှ မျှော်လင့်တကြီးဖြင့် အဖြုအမဲပင်မစဉ်းစားနိုင်တော့ဘဲ ခွပ်ဒေါင်းဘေးမှာအမှန်ခြစ်လိုက်ဆိုသည့် စကားများသာ နားထဲစွဲကာ မဲဆန္ဒတွေ သွန်မှောက်ပေးလိုက်၍ NLD ပါတီသည် နိုင်ငံရေးစင်မြင့်ထက် ရောက်မှန်းမသိ ရောက်လာ ခဲ့ပြီဖြစ်သည်။
ဗိုလ်ချုပ်အောင်ဆန်းသမီးအဖြစ်လည်းကောင်း နှစ်ပေါင်းများစွာ ဒီမိုကရေစီအရေးဖြင့် နေအိမ် အကျယ်ချုပ် ချထားခံရ၍လည်းကောင်း ပြည်သူတွေရဲ့စာနာမှုသည် NLD ပါတီမှ ကိုယ်စားလှယ်လောင်းများ ကောင်းစားဖို့ ဖြစ်လာသည်။ ခေါင်းဆောင်ကောင်းရင်တော့ နောက်လိုက်ကောင်းနိုင်ပါသည်ဟု ဒေါ်အောင်ဆန်းစုကြည်အား လေးစားစိတ်ဖြင့် ဖြေတွေးမိပါသည်။
သို့သော် ဧပြီ(၁၃)ရက်နေ့က ဒေါ်အောင်ဆန်းစုကြည် နေအိမ်ခြံဝန်းထဲကျင်းပသည့် ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ်နှင့် သတင်းစာရှင်းလင်းပွဲအပြီးတွင် '' ခေါင်းဆောင်ကောင်း'' ဆိုသည့် စကားလုံးကို ဝေဖန် ပိုင်းခြားမိပါသည်။ ဗိုလ်ချုပ်အောင်ဆန်းသည် မိမိကိုယ်ကျိုး၊ မိမိအဖွဲ့အစည်းအကျိုးလုံးဝမရှိဘဲ နိုင်ငံနှင့် လူမျိုးအကျိုးအတွက် ဦးစားပေးကာ အသက်ကိုပင် ပဓာနမထားဘဲ စွန့်လွှတ်စွန့်စားစိတ်ရှိသည့်အတွက် မြန်မာတစ်မျိုးသားလုံးက ခေါင်းဆောင်ဟု နှလုံးသည်းပွတ်တွင် ထာဝရကဗျည်းထိုးထားခြင်းဖြစ်သည်။ သို့သော် မိမိပါတီအကျိုး၊ မိမိအကျိုးအတွက်ဟု စဉ်းစားသူ သည် ခေါင်းဆောင်ကောင်းဟု ခေါ်မည်လား၊ ပါတီအတွက်တော့ ခေါင်းဆောင်ဖြစ်နိုင်လိမ့်မည်။ လူထုခေါင်းဆောင်တော့ မည်သည့်နည်းနှင့်မျှ ဖြစ်မလာနိုင်ပေ။
မြန်မာနိုင်ငံသည် စစ်အာဏာရှင်စနစ်ကျင့်သုံးခဲ့သည့်အတွက် အနောက်နိုင်ငံများမှ စီးပွားရေး ပိတ်ဆို့ အရေးယူခဲ့သည်မှာ ၁၉၉ဝ ခုနှစ်မှ ယနေ့အထိဖြစ်သည်။ နိုင်ငံဆင်းရဲမွဲတေရသည့်အချက် များစွာထဲတွင် ဗဟို ချုပ်ကိုင် စီးပွားရေးကြောင့် ချွတ်ခြုံကျခဲ့သည့် မြန်မာ့စီးပွားရေးကို စီးပွားရေး ပိတ်ဆို့မှုများက ဦးမမော့နိုင်အောင် ရိုက်ချိုးထားခဲ့ခြင်းကြောင့်ဖြစ်သည်။ စက်ရုံများမှ အထည်ချုပ်ဝန်ထမ်းမလေးတွေ အလုပ်လက်မဲ့ဘဝဖြင့် လမ်းဘေး ရောက်ခဲ့ရသည်ကို မျက်မြင်ဘဲဖြစ်သည်။ မိမိကိုယ်တိုင်လည်း မြန်မာနိုင်ငံသားဖြစ်၍ ရန်ကုန်တက္ကသိုလ်မှ ပါရဂူဘွဲ့ယူစာတမ်းတွင်သုံးမည့် အမေရိကန်နိုင်ငံမှ ကွန်ပျုတာဆော့ဖ်ဝဲလ်ကို သုံးခွင့်မရခဲ့သည်ကလည်း ကိုယ်တွေ့ ဖြစ်သည်။ တခြားနည်းလမ်းတွေ ကြိုးစားရှာနေရ၍ လူ့အခွင့်အရေးချိုးဖောက်နေသည်ဟုလည်း မအော်နိုင်ခဲ့ပါ။ ဒေါ်အောင်ဆန်းစုကြည်မှ '' ကျွန်မအာဏာ မရသေးခင် ပိတ်ဆို့မှုတွေ ဆက်လုပ်ပေးထားပါ'' ဟု ပြောခဲ့သည့်အတွက် ထိုမျှော်လင့်ချက်တစ်ခုတည်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို နှစ်ရှည်လများ ယုံကြည်ခဲ့ပြီး ပြီးခဲ့တဲ့ကြားဖြတ် ရွေးကောက် ပွဲမှာ NLD ကိုမဲပေးခဲ့ပါတယ်။
ခုတော့ ပိတ်ဆို့မှုတွေ ရုတ်သိမ်းပေးဖို့ မြန်မာနိုင်ငံကို လာရောက်ခဲ့တဲ့ ဗြိတိန်နိုင်ငံ ဝန်ကြီးချုပ် David Cameron ကို ဒေါ်အောင်ဆန်းစုကြည်မှ  ''မိမိအနေဖြင့် စီးပွားရေးပိတ်ဆို့မှု ရုတ်သိမ်းမည့်အစား ရပ်ဆိုင်းရန် သာထောက်ခံလိုပါတယ်။ ပိတ်ဆို့မှုကိုဗန်းပြပြီးဆွေးနွေးမှသာ လွှတ်တော်မှာ မိမိပြောသမျှအနိုင်ရမှာ ဖြစ်ပါတယ်၊ ရပ်ဆိုင်းတာတောင်မဟုတ်ပါဘူး၊ တကယ်ဆိုရင် ပြုပြင်ပြောင်းလဲရေးသမားတွေကို ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ်တွေ ချောချောမွေ့မွေ့လုပ်ဖို့ ခွင့်မပြုဘူးဆိုတာနဲ့တင် ပိတ်ဆို့မှုဆိုတာ နောက်ထပ် အချိန်မရွေး ဖြစ်လာနိုင်တယ် ဆိုတာမျိုး လောက် ဖြစ်သင့်ပါတယ် '' ဟု ပြောခဲ့ပါတယ်။
]] it would also make it quite clear to those who are against reform that, should they try to obstruct the way of the reformers, then sanctions could come back. So this would strengthen the hand of the reformers – not just the suspension, but the fact that there is always a possibility of sanctions coming back again if the reformers are not allowed to proceed smoothly.}}
 ကျွန်မ အတော်စိတ်ဓာတ်ကျသွားပါတယ်။ လွှတ်တော်ဟာ စကားရည်လုပွဲမဟုတ်ပါဘူး၊ ပြည်သူတွေ ကောင်းရာကောင်းကျိုး၊ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့အကျိုးကို စုဝေးတိုင်ပင်ကြတဲ့ အစည်းအဝေးဖြစ်ပါတယ်။ မိမိ သာလျှင် ပြုပြင်ပြောင်းလဲမယ့်သူများအဖြစ်ခံယူထားပြီး ဒါမှဒါ ဆိုလျှင်ဖြင့် ဒီမိုကရေစီနဲ့ အံဝင်မှာမဟုတ်ပါဘူး။ လွှတ်တော်တက်လာမဲ့ ဒေါ်အောင်ဆန်းစုကြည်ကို ကြိုဆိုပါတယ်။ နိုင်ငံရေးသမားဟာ အနိုင်ရရေး၊ ငါ့စကားနွားရ ပြောကြပေမယ့် လွှတ်တော်အမတ်တွေကတော့ဖြင့် ပြည်သူတွေကိုယ်စား၊ နိုင်ငံ့အရေးကို ပြောနေကြရတာမို့ ပါးစပ် စည်းစောင့်ရပါတယ်။ ကျွန်မဟာ ဒေါ်အောင်ဆန်းစုကြည်ကို ယုံကြည်ပြီး မဲပေးခဲ့သူတစ်ဦးမို့ ကျွန်မကိုလည်း ဒေါ်အောင်ဆန်းစုကြည်မှ တစ်ဖန်ပြန်လည် လေးစားပေးရပါမယ်။ ကျွန်မအသံကိုနားထောင်ပေးရပါမယ်။ ''ပိတ်ဆို့မှုကြောင့် မြန်မာပြည်သူ ၈၅% ထိခိုက်နစ်နာခဲ့ရတာဖြစ်ပါတယ်။ ယခင်ဗဟိုချုပ်ကိုင်စီးပွားရေးမှာ ကျပ်တည်းပြီး သားမို့ မိမိကိုယ်တိုင်တောင် ပိတ်ဆို့မှုဒဏ်ခံနေရတာ မသိကြရှာခြင်းဖြစ်ပါတယ်။ တိုက်ရိုက်ရော သွယ်ဝိုက်ရော ထိခိုက်နစ်နာကြရတာမငြင်းနိုင်ပါဘူး။ ဒါတွေကို ဒေါ်အောင်ဆန်းစုကြည်က လစ်လျုရှုပြီး ပိတ်ဆို့မှုကို လက်ကိုင်ထားပြီး နိုင်ငံရေးလုပ်မယ်ဆိုလျှင် ကျွန်မအနေဖြင့် ကိုယ်ပေးခဲ့တဲ့ မဲတစ်ပြားတန်ဖိုးကို အချိန်တိုင်း နှမြောနေမယ် ဆိုတာ ဒီဆောင်းပါးမှ တစ်ဆင့် ပြောလိုက်ပါရစေ။   ။
( အပေါစား comment များကို အရေးလုပ် ဖြေရှင်းသွားမည်မဟုတ်ပါ။ အချက်အလက်၊ အထောက်အထား ခိုင်လုံစွာဖြင့် ဒီမိုကရေစီနည်းလမ်းကျကျ comment များကို ကြိုဆိုပါသည်။ )
ဘကြီးသက်
Unknown at 10:21 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share
ရန်ကုန်နှင့် မန္တလေး စတော့အိပ်ချိန်း တည်ထောင်ရန် တိုကျိုစတော့အိပ်ချိန်းနှင့် သဘောတူညီချက် ရရှိ
မြန်မာနိုင်ငံ၏ ပထမဦးဆုံးသော စတော့အိပ်ချိန်းများ ဖြစ်လာမည့် ရန်ကုန်နှင့် မန္တလေး စတော့အိပ်ချိန်းများ တည်ထောင်နိုင်ရန် ဂျပန်-မြန်မာ တွေ့ဆုံဆွေးနွေးပွဲ တစ်ရပ်ကို လာမည့် မေလအတွင်း ကျင်းပသွားရန်ရှိကြောင်း ဘဏ္ဍာရေးနှင့် ငွေရေးကြေးရေး အသိုင်းအ၀ိုင်းထံမှ သတင်းရရှိသည်။ ဧပြီလ ၁၁ ရက်နေ့တွင် မြန်မာနိုင်ငံတော် ဗဟိုဘဏ်၊ Tokyo Stock Exchange Group Inc. နှင့် Daiwa Securities Group Inc. တို့အကြား သဘောတူညီချက် ရရှိခဲ့ခြင်းဖြစ်ပြီး လာမည့်မေလတွင် နားလည်မှု စာချွန်လွှာ ရေးထိုးသွားမည် ဖြစ်သည်။ Daiwa Institute of Research  ဥက္ကဋ္ဌ Takashi Fukai က “လွန်ခဲ့တဲ့ ၁၅ နှစ် ကျော်ကတည်းက ကူညီဆောင်ရွက်ပေးခဲ့တဲ့ မြန်မာနိုင်ငံရဲ့ အရင်းအနှီးဈေးကွက် တည်ထောင်မှုကို အဆင့်သစ် တိုးမြှင့်နိုင်ဖို့အတွက် တိုကျိုစတော့အိပ်ချိန်းနဲ့အတူ အားတက်သရော ကူညီသွားမှာပါ” ဟု ပြောကြားခဲ့သည်။ တိုကျိုစတော့အိပ်ချိန်း ဥက္ကဋ္ဌနှင့် စီအီးအိုဖြစ်သူ Atsushi  Saito ကလည်း “မြန်မာနိုင်ငံရဲ့ အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးလာဖို့အပြင် နိုင်ငံရဲ့ကဏ္ဍစုံ တိုးတက်လာဖို့ကိုပါ ကူညီဆောင်ရွက်ပေးသွားမှာပါ”ဟု ဆိုပါသည်။ Daiwa Institute of Research အနေဖြင့် မြန်မာနိုင်ငံတွင် အရင်းအနှီးဈေးကွက် ဖော်ဆောင်ပေးနိုင်ရန် အဓိကပံ့ပိုး ကူညီပေးလျက်ရှိပြီး ခေတ်မီဘဏ္ဍာရေးစနစ်နှင့် အိုင်တီနည်းပညာများ အသုံးပြုနိုင်ရန် ကူညီဆောင်ရွက်ပေးနေကာ တိုကျိုစတော့အိပ်ချိန်းမှ မြန်မာနိုင်ငံတွင် စတော့အိပ်ချိန်း နိုင်ငံတကာအဆင့်မီ လည်ပတ်နိုင်ရန် နည်းပညာ အကူအညီနှင့် အတွေ့အကြုံများ ကူညီ ထောက်ပံ့ပေးမည်ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံတော် ဗဟိုဘဏ် ညွှန်ကြားရေးမှူး ဦးမောင်မောင်က ငွေချေးစာချုပ် ဈေးကွက် ဖြစ်ထွန်းစေရေးအတွက် ငွေချေးသက်သေခံလက်မှတ် ရောင်းဝယ်ရေးဆိုင်ရာ ဥပဒေပြဋ္ဌာန်းနိုင်ရန် ပြင်ဆင်နေကြောင်း၊ လိုအပ်သည့် အမိန့်ကြော်ငြာစာများနှင့် ညွှန်ကြားချက်များကိုလည်း ထုတ်ပြန်သွားမည် ဖြစ်ကြောင်းနှင့် ထို့ပြင် ယခုနှစ်အတွင်း မြန်မာနိုင်ငံ၏ စတော့အိပ်ချိန်း ထူထောင်ခြင်းဆိုင်ရာ ဖွဲ့စည်းပုံနှင့် စည်းမျဉ်းစည်းကမ်းများကို ရေးဆွဲသွားမည်ဖြစ်ပြီး ကြားခံအကျိုးဆောင်အသင်းများ၊ ပြည်တွင်းနှင့် နိုင်ငံခြား Fund Management ကုမ္ပဏီများ ဖွဲ့စည်းခွင့် ပြုသွားမည်ဖြစ်ကြောင်း မတ်လ ၂၂ ရက်တွင် ပြုလုပ်သော မြန်မာ့အရင်းအနှီးဈေးကွက် ဖွံ့ဖြိုးတိုးတက်ရေး အလုပ်ရုံ ဆွေးနွေးပွဲတွင် ထည့်သွင်း ပြောကြားခဲ့ကြောင်း သိရှိရသည်။ 
 Myanmar Express
Unknown at 10:10 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
မင်းတကိုယ်ထဲလျှောက်ပေတော့ ( ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်သည်။ )
“မင်းခေါ်လို့  သူတို့ မလိုက်ရင်
မင်း တကိုယ်ထဲ လျှောက်ပေတော့”။
”ကြောက်ဒူးတုန်လို့ 
နံရံဘက်လှည့်ပြီး သူတို့ နှုတ်ဆိတ်နေရင်
မင်း ကံဆိုးတာပေါ့၊
စိတ်ရှင်းရှင်းနဲ့ တကိုယ်ထဲသာ
ပွင့်ပွင့်လင်းလင်းပြောပေတော့”။
“တောကြီးမျက်မဲထဲ ဖြတ်သန်းနေတုန်း
မင်းကို သူတို့ စွန့် ခွါသွားရင်
မင်း ကံဆိုးတာပေါ့၊
ဆူးငြောင့်ခလုပ်တွေ နင်းချေရင်း
သွေးစွန်းတဲ့လမ်းမှာ မင်းတကိုယ်ထဲ လျှောက်ပေတော့”။
“မုန်တိုင်းထန်တဲ့ညမှာ
မီးအိမ်ကို သူတို့ မကိုင်ရင်
မင်းကံဆိုးတာပေါ့၊
ဝေဒနာမီးလျှံနဲ့  မင့်နှလုံးသားကို ထွန်းညှိ
တကိုယ်တည်း တောက်လောင်ပါစေတော့”။
တဂိုးရဲ့ ကဗျာ
ဒေါ်အောင်ဆန်းစုကြည် ဘာသာပြန်ဆိုသည်။
ရင်ခွင်သစ်ထံမှ ရှယ်ပါသည်။
Unknown at 10:09 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
အသျှင်ပညာသီဟ(ခေါ်)ရွှေည၀ါဆရာတော် သင်္ကန်းဝတ်ဖြင့် နေသင့်/ မနေသင့်
"ပါးကိုချည်းပဲ ရိုက်ပစ်ချင်တာ၊ မြန်မာလိုမရိုက်ချင်ဘူး၊ ဂျပန်လိုရိုက်ချင်တာ၊မြန်မာလိုကအသွားချည်းပါတာ၊ ဂျပန်လိုက အပြန်ပါပါတယ်..."
ဒါ-စိတ်ရင်းအတိုင်းပြောတာတဲ့
ဒီစာကိုဖတ်ပြီးတော့ မိန်းကလေးတစ်ယောက်က ကတ်ကတ်လန်အောင်ရန်တွေ့တာပဲလို့မထင် လိုက်ပါနဲ့။ ၁၃-၂-၂၀၁၁ ရက်နေ့ မြန်အောင်မြို့နယ်၊ မြို့မတဲကြီးကုန်းကျေးရွာအုပ်စု၊ ဝေဌုဝန်လမ်းမှာရှိတဲ့ ဝေဌုဝန်စာသင်တိုက်၊ သာသနာ့ဗိမ္မာန်ဓမ္မာရုံတော်ကြီးမှာ ရွှေည၀ါဆရာတော် ပညာသီဟ ပြောကြားခဲ့တဲ့ တရားထဲက ကောက်နုတ်ချက်သာဖြစ်ပါတယ်။
နိုင်ငံတော်သမ္မတကြီး ဦးသိန်းစိန်၏မိန့်ခွန်းများထဲမှာ အခွင့်အလမ်းများအားဖွင့်ပေးမှုများရှိခဲ့တယ်၊ မည်သူမဆို လွတ်လပ်စွာပြောဆိုခွင့်၊ လွတ်လပ်စွာလုပ်ကိုင်ခွင့်ရှိရမှာပဲ၊ ဒီမိုကရေစီနိုင်ငံတော်ဖြစ်တဲ့ အတွက် ပြောဆိုလုပ်ပိုင်ခွင့်များအား မည်သူ့ကိုမျှမကြောက်ဘဲဆက်လက်လုပ်ကိုင်မှာပဲ၊ အမှန်ကိုအမှန် အတိုင်းဆက်လက်ပြောကြားသွားမှာပဲတဲ့။
ဒီစာသားကို ဖတ်ပြီးတော့ စာဖတ်သူအနေနဲ့ နိုင်ငံရေးသမားတစ်ယောက်/ ပြည်သူတစ်ယောက်က ပြောနေတယ်လို့ မထင်တော့ဘူးဆိုတာ ကျွန်တော်သဘောပေါက် ပါတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်တို့ရဲ့ ရွှေည၀ါဆရာတော်ကြီးမိန့်ကြားခဲ့တယ်ဆိုတာ အားလုံးသိနေလို့ပါပဲ။
ကျွန်တော်တို့မြန်မာနိုင်ငံဟာ ရွှေရောင်ဘုရားတွေတ၀င်းဝင်းနဲ့ ထုံးဖြူဘုရားတွေတဖွေးဖွေးနဲ့ ဗုဒ္ဓ ဘာသာကိုအထွဋ်အမြတ်ထားကိုးကွယ်တဲ့နိုင်ငံတစ်နိုင်ငံဆိုရင် ဘယ်သူမှ မငြင်းနိုင်ပါဘူး။ ဘုရားရဲ့သား တော်၊ သံဃာတော်တွေကိုလည်း အလေးအမြတ်ထားကိုးကွယ်ဆည်းကပ်ပူဇော်ကြတာ အံ့သြဘနန်းပါပဲ။
အဲဒီလို ဗုဒ္ဓဘာသာဝင်တွေရဲ့ ဖြူစင်တဲ့စိတ်ရင်းစေတနာတွေကို ခုတုံးလုပ်အသုံးချ သင်္ကန်းဝတ်ပြီးလုပ်စား နေတဲ့လူတွေ အများကြီးပဲ။
ဘုရားရိပ်၊ တရားရိပ်၊ သံဃာရိပ်ဆိုတာ အအေးချမ်းဆုံးပါ။
ဒါပေမယ့်လည်း ရွှေည၀ါဆရာတော်လို၊ ဒယ်အိုးဆရာတော်လို၊ တရားဟောရင် ဒေါသတွေထွက်၊ လောဘတွေတက်နေတော့ သံဃာရိပ်ကို ပူလောင်အောင်လုပ်သလိုဖြစ်နေပါတယ်။
တရားဓမ္မအပြင် ကျန်တဲ့ကိစ္စတွေကိုပါလုပ်ချင်ရင် လူထွက်ပြီးလုပ်လို့ရပါတယ်။အနေချောင်အောင် သင်္ကန်းဝတ်နဲ့လုပ်နေတော့ သာသနာကြီးညှိနွမ်းသွားမှာပေါ့။ ကိုယ့်ရဲ့အပြောအဟောကြောင့် ကိုယ့်ဘက် ပါလာကြမယ့် ရဟန်းရှင်လူပြည်သူတွေဟာအနည်းစုပါ။ တရားဓမ္မနဲ့ မအပ်စပ်လို့ ဝေးဝေးကရှောင်နေတဲ့ ရဟန်းရှင်လူပြည်သူတွေကအများစုပါ။ ရေတွက်လို့တောင်မရနိုင်ပါဘူး။ ဒါ့အပြင် မသင့်တော်လို့ ပြောဆို ဆုံးမတဲ့ ဆရာတော်ကြီးတွေလည်းရှိတယ်။ ဒါတွေကိုဘာလို့ပြောနေလည်းဆိုတော့ကိုယ့်ရဲ့လုပ်ရပ်ကြောင့်
သံဃာတွေသင်းကွဲမှာကို သိလျက်နဲ့လုပ်နေလို့ ရပ်တန်းကရပ်ဖို့ မေတ္တာရပ်ခံတာပါ။
ဘာသာရေးထက် စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးကို စိတ်ဝင်စားနေရင် သင်္ကန်းချွတ်ပြီး ဘုန်းကြီး လူထွက်ပဲလုပ်လိုက်ပါလို့ အကြံပေးပါရစေ။ သင်္ကန်းချွတ်လိုက်ရင် ငါ့ခေါင်းကိုရိုက်ခွဲခံရမှာပဲလို့တော့ တစ်ထစ်ချမယူဆပါနဲ့။ ဂမ္ဘီရက သူ့ကိုကြိုက်မှန်းမသိ၊ မကြိုက်မှန်းမသိတဲ့ မိန်းကလေးကိုသွားတောင်းလို့ အရိုက်ခံရတာပါ။ ဆရာတော်ဘုရားတို့က ကိုယ့်ကို ကြိုက်တယ်/ မကြိုက်ဘူး၊ လက်ခံတယ်/ လက်မခံဘူး ဆိုတာကို စဉ်းစားတတ်တဲ့ ဦးနှောက်တွေရှိတော့ အရိုက်မခံရဘူးဆိုတာသေချာပါတယ်။ ဒါပေမယ့် ဆရာတော်တို့အနေနဲ့ သင်္ကန်းဝတ်နဲ့ သင့်တော်၏၊ မသင့်တော်၏ကိုတော့ အလေးအနက်ထား စဉ်းစားဆုံး ဖြတ်စေချင်ပါတယ်။ နိုင်ငံရေးဆက်လုပ်နေရင်လဲ သင်္ကန်းဝတ်ဖြင့် နေသင့်/မနေသင့်၊ စဉ်းစားဆုံးဖြတ်ဖို့/ လုပ်သင့်လုပ်ထိုက်တာကိုလုပ်ဖို့လိုပါတယ်။
ဗုဒ္ဓဘာသာဝင်သူတော်စင်အပေါင်းတို့ကလည်း သံဃာတော်အတွင်း သန့်ရှင်းစင်ကြယ်ခြင်းကို လိုလားနေကြပါတယ်။
သာသနာတော်ကြီး ညှိုးနွမ်းမှုမရှိစေရေးမှာ ဗုဒ္ဓဘာသာဝင်အားလုံးရဲ့တာဝန်ပဲဖြစ်ပါတယ်။
သာသနာတော်ကြီး အဓွန့်ရှည်တည်တံ့ပါစေသော်ဝ်။
Myanmar Express
Unknown at 10:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
ယုဇနဥယာဉ်မြို့ တော် မှာ အထိပ်တလန့် ဖြစ်ပွါးခြင်း
ဒဂုံဆိပ်ကမ်းမြို့ နယ် (ယုဇနယာဉ်မြို့ တော်)
ဧပြီလ ၂၄ ရက်နေ့ ၂၀၁၂
ဘလောက် ၊B . ဘလောက်၊ C . ဘလောက၊် စစ်တောင်းရိပ်မွန် အိမ်ယာ ဆိုပြီး 
ရှိပါတယ်။
အဆိုပါတိုက်တန်းတွေမှာ  ၂၃ .၄.၂၀၁၂ နေ့ ယနေ့ ည ၈း၂၀ မိနစ်အချိန်တွင်
ရှိမရှိ ဆိုပြီး ညွန်ကြားချက်တွင်ပါသော ၊ တိုက်ခန်းများကို မေးမြန်းကာ ယာယီ
သန်းခါင်းစာရင်း မိတ္တူတောင်းယူပြီး ရာအိမ်မှူးများမှ အုပ်ချုပ်ရေးမှူးရုံးသို့ 
ပို့ ဆောင်ပေးခဲ့ရပါတယ်။
ရာအိမ်မှူးများမှလည်း လက်ရှိနေထိုင်မူ့ မှန်ကန်ပါကြောင်း လက်မှတ်ထိုးခဲ့ရပါတယ်။ 
တိုက်ခန်းစုံ အားလုံး တောင်းယူခြင်း မဟုတ်ပါ၊ မိသားစုဦးရေ (၂၀ ) သန်းခေါင်
စာရင်း( ၂၀ )ခန့်သာ တောင်းယူတာဖြစ်ပါတယ်။ 
စုံစမ်းမေးမြန်း ခံရသော မိသားစု များမှ အထိတ်တလန့် ဖြစ်ပြီး ၊ အချို့မိသားစု တွေက
အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်စုံစမ်းတဲ့အခါ ၊ ရုံးမှ မသိပါ၊  စ စ စ ဌာနမှ တောင်းခံ ခိုင်း
ခြင်းသာ ဖြစ်ပါကြောင်း ပြောကြားလိုက်ပါတယ်။
သန်းခေါင်းစားရင်း ပေးလိုက်ရသော မိသားစုများ ယခု သတင်းရေးသားချိန်အထိ မအိပ်နိုင် မစားနိုင်ဖြစ်နေကြပြီး  စိုရိမ်ပူပန်ခြင်း များကြုံ တွေ့ နေရပါကြောင်း စုံစမ်းမေးမြန်းခြင်းခံ 
တဲ့ မိသားစုဝင်တွေက Myanmar News Now ကို ပြောပါတယ်။
သစ်ထူးလွင်
Unknown at 10:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
လေလံ/ B.O.T လမ်းဂိတ်များ သတ်မှတ်နှုန်းထားအတိုင်း တိကျစွာ ကောက်ခံနိုင်ရေးအတွက် တွက်ချက်မှု ဇယားများ ထုတ်ပြန်
မြန်မာနိုင်ငံအထက်ပိုင်း ဖားကန့်ကျောက်စိမ်းတွင်း ဒေသမှာ
ကျောက်စိမ်းအရောင်းအ၀ယ်တွေ မကောင်းတော့တာကြောင့် လက်လုပ်လက်စား အောက်ခြေလူတန်းစားတွေ ထိခိုက်နစ်နာနေရတယ်လို့ သိရပါတယ်။
လွန်ခဲ့တဲ့ ၄ လလောက်ကတည်းက စတင်ပြီး ဖားကန့်၊ လုံးခင်း၊ ဆိုင်းတောင် စတဲ့ ကျောက်စိမ်းထွက်တဲ့ ဒေသတစ်ခုလုံး အရောင်းအ၀ယ်တွေ သိသိသာသာ ကျဆင်းလာတာ ဖြစ်ပြီး အဲဒီလို ကျဆင်းရတဲ့ အကြောင်းအရင်းတွေနဲ့ ပတ်သက်လို့ ဖားကန့်ရှိ
ကျောက်စိမ်းလုပ်ငန်းရှင်တစ်ယောက်က ခုလိုပြောပါတယ်။
"ပုံမှန်ဈေးသတ်မှတ်ချက်မရှိဘူး ကြိုက်တဲ့လူက ကြိုက်သလောက်ပေးဝယ်၊ အဲလို ပုံစံဖြစ်နေတာပေါ့။ သိန်း ၁၀၀ တန်တဲ့ ကျောက်က လေးငါးသိန်းနဲ့လဲ
ရောင်းချင်ရောင်းကြတော့တာ၊ အဓိကက ၀ယ်တဲ့လူမရှိဖြစ်နေတာ၊ တရုတ်ပြည်နယ်စပ်က လာဝယ်တဲ့လူတော့ရှိပါတယ်။ဒါပေမဲ့ လေးလလောက်
ရှိပြီ။ ဈေးကွက်ပျက်နေတာ၊ တရုတ်ပြည်နယ်စပ်က ကျောက်စိမ်း လုပ်ငန်းနဲ့ပတ်သက်လို့ အခွန် ၃၇ ရာခိုင်နှုန်းကောက်တယ်လေ၊
ကျောက်စိမ်းဈေးကျတဲ့ နောက်တစ်ချက်ကလဲ ကျောက်တွေက
ပေါနေတော့ ပုံမှန်ဈေးထက်လျှော့ဝယ်တယ်။ အခွန်ကြောင့်မို့လည်း
လျှော့ဝယ်တယ် ဒါကျောက်ဈေးကွက် ကျရတဲ့ အဓိက အကြောင်းရင်းထဲမှာ ပါနေတယ်ဗျ။"
အရင်က တရုတ်ကုန်သည်တွေကို အခွန်ကောက်တာ ၃ ရာခိုင်နှုန်းလောက်ပဲရှိပီး မနှစ်ကစလို့ တရုတ်အစိုးရက ၃၀ ရာခိုင်နှုန်းကျော် တိုးကောက်လာပြီးတဲ့နောက် ကျောက်အရောင်းအ၀ယ်တွေ နည်းသွားပြီး ဈေးကွက်ကျဆင်းလာတာလို့ သူကပြောပါတယ်။
အခုလို ကျောက်စိမ်းဈေးကွက်ကျဆင်းတာကြောင့် ကုမ္ပဏီတွေကို အမှီပြုပြီး လုပ်ကိုင်စားသောက်နေတဲ့ ရေမဆေးကျောက်သမား လို့ခေါ်တဲ့ အောက်ခြေလူတန်းစားတွေ ထိခိုက်နစ်နာကုန်တယ်လို့ သူက ဆက်ပြောပြပါတယ်။
"အထူးသဖြင့် ဒုက္ခရောက်ကြရတာကတော့ အောက်ခြေလူတန်းစားပေါ့ဗျာ။ အရင်တုံးက ရေမဆေးဆိုလဲ သိန်း ဆယ်ပိုင်းအထိလဲ ရှိတယ်ဗျ။ အခုကျတော့ဗျာ ကျောက်လေးငါးခြောက်လုံးမှ တစ်ထောင် နှစ်ထောင် ဆိုတော့ မပြေလည်နိုင်ကြတော့ဘူးဗျ။ ရတာနဲ့ ကုန်တာနဲ့ ပြီးတော့
ရေမဆေးဆိုတာကလဲ လမ်းလျှောက်သွားရတာမဟုတ်ဖူးလေ။ အကုန်လုံး ဆိုင်ကယ်နဲ့ သွားကြရတာဆိုတော့ ဆိုင်ကယ်ဆီဖိုး မိသားစုစားဝတ်နေရေး အတွက် ကျောက်က မရဘူးဆိုရင်တော့ စားဝတ်နေရေးအတွက်က
တော်တော်ကို ပြဿနာဖြစ်ကြတယ်။ ဒီတစ်နယ်လုံးဆို ရေမဆေးသမားက သိန်းနဲ့ချီရှိတယ်ဗျ။"
ကုမ္ပဏီကသွန်တဲ့ မြေဇာတွေအပေါ် လိုက်ပီး ရှာဖွေရတဲ့ရေမဆေး
ကျောက်သမားတွေ ဟာ ကျပ် တစ်သိန်း နစ်သိန်းကနေ သိန်း ရာချီရတာတွေလဲ ရှိပြီး အနည်းဆုံးစားဝတ်နေရေး အဆင်ပြေတဲ့
ငွေရရှိပေမယ့် အခုအချိန်မှာ မရောင်းရတော့လောက်အောင်
အခြေအနေဖြစ်နေတယ်လို့ သိရပါတယ်။
အဲဒီလို ကျောက်အရောင်းအ၀ယ်တွေ မကောင်းပေမဲ့ နိုင်ငံတော်နဲ့ အကျိုးတူလို့ နာမည်ကြီးတဲ့ ကြိုင်ကြိုင် အင်တာနေရှင်နယ်၊ မက်စ်မြန်မာနဲ့ အဲဗားဝင်းနား စတဲ့ ကုမ္ပဏီတွေ ကတော့ စက်ယန္တရားအမြောက်အများနဲ့ ဖားကန့်၊ လုံးခင်းနဲ့ ဆိုင်းတောင် ကျောက်စိမ်းဒေသတစ်ခုလုံး
ကျောက်စိမ်းတူးဖေါ်နေကြဆဲဖြစ်တယ်လို့ သိရပါတယ်။
RFA
Unknown at 9:56 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်
Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.