Saturday, April 21, 2012

ဂျပန်နိုင်ငံသို့ ပေးရန် ကြွေးမြီ ၃.၇၂ ဘီလျံလျှော်ပြီ


Myanmar President U Thein Sein sits next to Japan Prime Minister Yoshihiko Noda in Japan-Mekong summit in Tokyo April 21, 2012. နိုင်ငံတော် သမ္မတ ဦးသိန်းစိန်ကို ဂျပန်နိုင်ငံ ၀န်ကြီးချုပ်နှင့် အတူ တွေ့ရစဉ်
ဧပြီ ၂၁ ရက်၊ ၂၀၁၂ ခုနှစ်-YPI

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပေးဆပ်ရန်ရှိသည့် ကြွေးမြီ ကန်ဒေါ်လာ ၃.၇၂ ဘီလျံကိုလျှော်ပစ်လိုက်ပြီး နောက်ထပ်ဖွံ့ဖြိုးရေး အကူအညီများ ပေးသွားရန် ဂျပန်နိုင်ငံမှ သဘောတူလိုက်ကြောင်း ရိုက်တာ သတင်းဋ္ဌာန၏ ဖေါ်ပြချက် အရသိရှိရသည်။

မြန်မာနိုင်ငံအစိုးရက ပြုပြင်ပြောင်းလဲရေး လုပ်ဆောင်မှုများ ဘက်အသီးသီးတွင် လုပ်ဆောင်လျှက်ရှိခြင်းကို ထောက်ခံသည့် အနေဖြင့် ယခုကဲ့သို့ ကြွေးမြီများအား လျှော်ပစ်လိုက်ခြင်းဖြစ်ကာ ဂျပန်-မြန်မာ စီးပွားရေး ဆက်ဆံမှုကိုလည်း တိုးမြှင့်သွားမည်ဟု ဂျပန်နိုင်ငံ ၀န်ကြီးချုပ် ယိုရှီဟီကို နိုဒ က ပြောကြားကြောင်း ယင်းသတင်းတွင် ဖေါ်ပြထားသည်။

ယမန်နေ့မှ စတင်ပြီး ဂျပန်နိုင်ငံသို့ရောက်ရှိနေသည့် မြန်မာနိုင်ငံသမ္မတ ဦးသိန်းစိန်နှင့် ဂျပန်နိုင်ငံဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးအပြီး ယခုလို ကြေညာလိုက်ခြင်းဖြစ်သည်။

မြန်မာနိုင်ငံမှ အဆင့်မြင့်ခေါင်းဆောင်တဦးနှင့် ဂျပန်နိုင်ငံ ၀န်ကြီးချုပ်တို့ ၂၈ နှစ်အကြာကာလအတွင်းပထမဆုံး အကြိမ်တွေ့ဆုံမှုလည်း ဖြစ်ကာ ဆယ်စုနှစ် ၂ ခုကျော်ကြာ အထီးကျန်နေထိုင်ခဲ့သည့် မြန်မာနိုင်ငံအား ယင်းအဖြစ်မှ အဆုံးသတ်စေမည့် နောက်ထပ် ခြေလှမ်းတလှမ်းဖြစ်သည်ဟု နိုင်ငံခြား သတင်းမီဒီယာများ ကဖေါ်ပြကြသည်။

မြန်မာနိုင်ငံမှ ဂျပန်နိုင်ငံသို့ ပြန်ဆပ်ရန် ရှိသည့် ချေးငွေနှင့် အတိုးစုစုပေါင်း ကန်ဒေါ်လာ ၄.၉ ဘီလျံအနက် ၃.၇၂ ဘီလျံကို လျှော်ပစ်ရန် ဆုံးဖြတ်လိုက်ခြင်း ဖြစ်သည်။
ယင်း ကြွေးမြီ ၃.၇၂ ဘီလျံမှာ မြန်မာဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ် အတွင်းက မြန်မာနိုင်ငံ အစိုးရအနေဖြင့် ဂျပန်နိုင်ငံမှ ချေးယူထားသည့် ကြွေးမြီများဖြစ်သည်။ ။


Yangon Press International
Unknown at 7:11 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွတ်တော်တက်ရောက်မည့် ဒီချုပ်ကိုယ်စားလှယ်များသို့ ပြည်သူများ၏ တိုက်တွန်းချက်

ရှုမ၀အောင်(မြစ်မခ)
ဧပြီ(၂၁)ရက်၊၂၀၁၂ခုနှစ်။

၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းကိုနိုင်


လွှတ်တော်တွင်းနိုင်ငံရေးနှင့်လွှတ်တော်ပြင်ပနိုင်ငံရေးဆိုပြီးခြေလှမ်းနှစ်လှမ်းပေါ့ဗျာ၊ သူတို့ဘယ်ခြေလှမ်းဆို ကျတော်တို့ကညာခြေလှမ်းပေါ့ဗျာ၊ အဲဒါဟန်ချက်ညီနေဖို့ပါပဲ ကိုယ့်တာဝန်ကိုကျေအောင်ကြိုးစားကြဖို့ပါပဲ
ပြည်သူတွေကိုတကယ်အကာအကွယ်ပေးနိုင်မယ့် ပြည်သူ့အခွင့်ရေးတွေကိုဖော်ထုတ်နိုင်မယ့် ဥပဒေတွေကို ရေးဆွဲနိုင်ပါစေ၊ ပြည်သူကိုအကျိုးမပြုတဲ့ ပြည်သူဖိနှိပ်တဲ့ဥပဒေတွေကိုပယ်ဖျက်နိုင်ဖို့ အဲတာကလွှတ်တော် ဆိုတာ ဥပဒေပြုအာဏာကို အပြည့်အ၀သုံးစွဲကြပါလို့ ကျွန်တော်တို့တိုက်တွန်းချင်ပါတယ်။

နာရေးကူညီမှုအသင်း ဥက္ကဌဦးကျော်သူ

လွှတ်တော်ထဲကိုဝင်ရမယ်ဆိုရင် ၀င်ဝင်ချင်းသူတို့ သစ္စာဓိဌာန်လို့ဆိုမလား။ ဒီဟာကိုသူတို့  ဖတ်ရတာရှိတယ်။ အဲမှာ၂၀၀၈ ဖွဲ့စည်းပုံကို ကာကွယ်ပါ့မယ်။ စောင့်ရှောက်ပါမယ်။ အဲဒီဟာ သိထားရမယ်။ ဒါကကိုလည်း လွှတ်တော်ထဲဝင်ရမယ့်ခေါင်းဆောင်ကြီးတွေ သိထားပြီးဖြစ်မှာပါ။ ဒါကိုသေချာလေး လုပ်ပြီးတော့ လွှတ်တော် တွင်းမှာလဲ ပြည်သူပြည်သားတွေထဲက NLD အနိုင်ရရှိအောင် ရပ်ကွက်အလိုက် ကျတော်တို့ပါ၊ အပါမဲဆန္ဒပေးခဲ့ရတယ်။ ပေးခဲ့တဲ့အခါမှာ ပြည်သူလူထုကို ကိုယ်နဲ့ အနီးကပ်ဆုံးရှိတဲ့ ကိုယ့်မြို့နယ်က ပြည်သူလူထုတွေ အဆင်ပြေအောင် အရင်ဆုံးလုပ်စေချင်တယ်။ ကိုယ့်မြို့နယ်အဆင်ပြေတော့မှ နောက်ပိုင်း ကျမှ တစ်တိုင်းပြည်လုံးအဆင်ပြေအောင် တစ်ဆင့်ပြီးတစ်ဆင့်တက်စေချင်တယ်။


ဘလော့ဂ်ဂါကိုနေဘုန်းလတ်


NLD ကလွှတ်တော်ကိုယ်စားလှယ်တွေကို ပြည်သူတွေက အများကြီမျှော်လင့်နေကြတယ်။ ဘယ်သူတွေက မျှော်လင့်ချက်တွေဟာ အကုန်လုံးပြည့်အောင် ဖြည့်ဆည်းဖို့ဆိုတာမလွယ်ဘူးပေါ့။ ဒါပေမယ့်တတ်နိုင် သလောက်တော့ ကြိုးစားရမယ်။ အဓိကကတော့ ပြည်သူတွေရဲ့အသံကို လွှတ်တော်ကို အရောက်ပို့နိုင်ဖို့ အရေးကြီးဆုံးပဲ။ အဲလို ပြည်သူတွေရဲ့အသံကိုအရောက်ပို့နိုင်ဖို့ကလဲ ပြည်သူတွေအားလုံးရဲ့အသံကို ကိုယ်ကလဲ ကြားနိုင်တဲ့အစွမ်းရှိရမယ်။ ကြားအောင်ဆိုတာကလဲ အိမ်မှာထိုင်နေရင်တော့ ဘာမှကြားရမှာ မဟုတ်ဘူး။ ထိုင်ပြီးတော့ အိမ်မှာကြားသလာက်ပဲနားထောင်နေမယ်ဆိုရင်တော့ ပြည်သူလူထုတွေ
ဘာတွေလိုအပ်နေလဲ၊ ဘာတွေပြောချင်နေလဲ ဆိုတာ ကြားရမှာမဟုတ်ဘူး။ အဲတော့ လွှတ်တော်ကိုယ်စား လှယ်တွေအနေနဲ့က ပြည်သူနဲ့တစ်သားထဲရှိဖို့က ပြည်သူတွေကြားထဲလျှေက်သွားပြီး ပြည်သူနဲ့တစ်သားထဲ ဖြစ်အောင်နေပြီး ပြည်သူ့အသံကို တောက်လျှောက်နားစွင့်နေမှ ပြည်သူ့အသံကိုကိုယ်ကကြားမယ်။
အဲလိုကြားပြီးတဲ့အသံတွေကိုလဲ လွှတ်တော်ထဲ ဘယ်လိုပုံစံနဲ့တင်ပြမလဲ။ လွှတ်တော်မှာအစ်ကို သိသလောက်တော့မေးခွန်းမေးလို့ရတယ်။ အဆိုတင်လို့ရတယ်။ ပြီးတော့ ဥပဒေကြမ်းတင်လို့ရတယ်။ တစ်ချို့ဟာတွေဆို မေးခွန်းမေးရုံနဲ့ပြေလည်သွားမယ့် ကိစ္စတွေ ရှိကောင်းရှိနိုင်တယ်။ တစ်ချို့ဟာတွေလဲ အဆိုအနေနဲ့တင်တာပေါ့။ တစ်ချို့ဟာတွေကျတော့လဲအဆိုအနေနဲ့တင်သွင်းတာ တွေရှိမယ်၊ မေးခွန်းမေးနိုင်တဲ့ဆင့်နဲ့ပြေလည်သွားမယ်ဆိုလို့ရှိရင် မေးခွန်လေးမေးနိုင်တာနဲ့တင် ပြည်သူလူထုအတွက် အများကြီးအကျိုးရှိသွားတာတွေဖြစ်နိုင်တယ်။ အဲဒါကြောင့် အဲလိုဟာတွေကို ကျေကျေညက်ညက် လေ့လာထားသင့်တယ်၊ အဓိကကတော့ပြည်သူလူထုနဲ့ တစ်သားထဲဖြစ်ဖို့ အရေးကြီးပါတယ်။

ကိုစည်သူမောင်(၂၀၀၇ မျိုးဆက်ကျောင်းသား)

ကြားဖြတ်ရွေးကောက်ပွဲမှာ အဓိကနိုင်သွားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က လွှတ်တော်ကိုယ်စားလှယ်ကြီး တွေကို ပြောချင်တာက အခုလွှတ်တော်ထဲကိုရောက်လို့ရှိရင် ကျတော်တို့ပြည်သူတွေအတွက် ၀န်ထုတ်ဝန်ပိုး ဖြစ်စေမယ့် ဥပဒေတွေအများအပြားကျန်ရှိနေပါသေးတယ်။ ဒီမိုကရေစီနိုင်ငံတခုကို သွားတဲ့နေရာမှာ ဒီမိုကရေစီစနစ်နဲ့ မကိုက်ညီသေးတဲ့ ဥပဒေတွေ ဒီထိန်းချုပ်ထားတဲ့ ဥပဒေတွေ ဒါတွေဟာအများကြီး ရှိနေသေးတယ်။ ဒီဥပဒေတွေကို ပယ်ဖျက်ပေးဖို့အတွက် လွှတ်တော်တွေမှာ အဆိုပြုကြမယ်။ ဥပဒေကြမ်းတွေ တင်ကြမယ်လို့ မျှော်လင့်ပါတယ်။


 ကိုလင်း ( အင်ဂျင်နီယာ ကမာရွတ်မြို့နယ်)



လွှတ်တော်ထဲရောက်စေချင်လို့ ပြည်သူကမဲပေးခဲ့တာလေ။ လောလောဆယ် ပြည်သူက သူတို့အခြေခံဥပဒေကို ပြင်တာထက်
ပြည်သူလူထု အကျိုးကို သယ်ပိုးစေချင်တယ်လေ။ အခြေခံဥပဒေကိုပြင်မယ်ဆိုတာကြီးကို  အရင်စမယ်ဆိုရင်တော့ မဖြစ်သင့်သေးဘူလို့ မြင်တယ်၊ ဒါက နောက်တဆင့်မှ သွားပေါ့၊ လောလောဆယ် အန်အယ်ဒီပါတီကိုယ်စားလှယ်တွေ လွှတ်တော်ထဲ အရင်ရောက်အောင် သွားသင့်တယ်လို့ မြင်တယ်။ လာမဲ့ ၂၀၁၅ မတိုင်ခင်အချိန်မှာပြည်သူလူထုရဲ့ အဓိက လိုအပ်ချက်တွေကို အရင် ဦးစားပေးပြီး လုပ်စေချင်တယ်။ ခုလို ကျိန်းသစ္စာ ဆိုကိစ္စနဲ့တင် လွှတ်တော်မတက်ဖြစ်တော့ဘူးဆိုတာကိုလည်းပြည်သူတွေ မလိုချင်ဘူး။ ကျနော်ကတော့ အေးအေးချမ်းချမ်းနဲ့ တိုင်းပြည်ဖွံ့ဖြိုးတိုးတက်တာကိုပဲ လိုချင်ပါတယ်။


 မဋ္ဌေးဋ္ဌေးငြိမ်း( အိမ်ရှင်မတစ်ဦး၊ ဒဂုံမြို့သစ်တောင်ပိုင်းမြို့နယ်)

ကျမတို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ကို လူထုမဲပေးတယ်ဆိုတာလွှတ်တော်ထဲကိုရောက်စေချင်လို့ပါ။ သူတို့ လွှတ်တော်မတက်ဘူးဆိုတော့လူထုကအားလျှော့သွားတာပေါ့။အခြေခံဥပဒေကို ပြင်မယ်ဆိုတာလောလောဆယ်မလုပ်သင့်သေးဘူးလို့ထင်တယ်။ လူထုကအရမ်းမျှော်လင့်တဲ့လွှတ်တော်ကိုယ်စားလှယ်တွေဖြစ်တဲ့အတွက် လွှတ်တော်ထဲကိုသွားပြီးပြည်သူအကျိုးကိုအရင်ဆုံး ပြုလုပ်သင့်တယ်ထင်တယ်။

Unknown at 6:51 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ-တရုတ်ပူးပေါင်း ရိုက်ကူးမယ့် ရုပ်ရှင်ကားနဲ့ ဒါရိုက်တာစင်ရော်မောင်မောင်

ဒါရိုက်တာ စင်ရော်မောင်မောင်က မန္တလေးကိုလာပြီး ပြေတီဦး၊ အိန္ဒြာကျော်ဇင် တို့နဲ့အတူ ရတနာမြိုင်ဆောက်လုပ်ရေး ကြော်ငြာလာရောက်ရိုက်ကူးနေပါတယ်။ ဒါရိုက်တာစင်ရော်မောင်မောင်ကို ရုပ်ရှင် အစည်း အရုံးအသစ်ပြန်လည်ဖွဲ့စည်းမယ်ဆို တဲ့ပွဲတွေမှာမတွေ့ရတာကြောင့် မေးကြည့် တော့..”အဖွဲ့အသစ်ဖွဲ့ဖို့ အစည်း အရုံးတွေ လုပ်ကြတာကြားပါတယ်။ ဒါပေမဲ့ ကျွန်တော် ဖိတ်ကြားခြင်းမခံရပါဘူး။ ကျွန်တော် ဒီလော ကသားတစ်ယောက်အနေနဲ့ အပြောင်းအလဲ ဖြစ်တာကို လိုလား တယ်။ အခုတက်လာတဲ့ သူတွေကို စောင့်ကြည့်ရမှာပေါ့။ သူတို့ဒီ လောကသားတွေအတွက် ဘာတွေလုပ်ပေး မလဲ။ ခိုးကူးကိစ္စ၊ ရုံကိစ္စတွေ ဘာတွေဖြေရှင်း ပေးမလဲပေါ့။ တစ်လောကလုံးဖိတ်တယ်။ ကျွန်တော့်ကို ဘာလို့ မဖိတ်တာလဲမသိပါဘူး။ ကိုမီးပွားပြောမှသိတာပါ”လို့  ပြောပါတယ်။ အခုရုပ်ရှင် အစည်းအရုံး အဆောက်အအုံကို ဆောက်လုပ်ဖို့ သူအပါအဝင် အနုပညာ သမားတွေ တစ်လလောက် ရန်ပုံငွေရှာပြီး ဆောက်လုပ်ခဲ့တာဖြစ်ကြောင်း၊ အခုလိုဖိတ် ကြားမခံရလို့ ဝမ်းနည်းတယ်လို့ ဒါရိုက်တာ စင်ရော်မောင်မောင်က ပြောပါတယ်။ ဒါ ရိုက်တာစင်ရော်မောင်မောင်က မြန်မာ-တရုတ် နှစ်နိုင်ငံပူးပေါင်းရိုက်ကူးမယ့် “ပျူမှ ကချေသည်”ဆိုတဲ့ ဇာတ်ကားအတွက် ရွှေ သံလွင်ကုမ္ပဏီရဲ့တာဝန်ပေးမှုအရ ဆောင် ရွက်နေကြောင်း၊ အဲဒီရုပ်ရှင်ကားမှာတော့ တရုတ်ဘက်က နာမည်ကြီးအနုပညာသမား တွေ လည်းပါဝင်ဖို့ရှိကြောင်း၊ မြန်မာ-တရုတ် နှစ်နိုင်ငံလုံးက ဒေါ်လာသန်းချီပြီးထည့်ဝင်ရိုက် ကူးမယ့် ကားဖြစ်တယ်လို့ပြောပါတယ်။ဒါရိုက် တာစင်ရော်မောင်မောင်ကို မန္တလေးရောက်ခိုက် ဘာအမှတ် တရများရှိမလဲမေးတော့”သင်္ကြန် ပေါ့ဗျာ။သင်္ကြန်မိုးကားနဲ့အတူ မွေးဖွား လာတဲ့သူဆိုတော့ သင်္ကြန်နဲ့မန်းဆို တာခွဲလို့ မရပါဘူး”လို့ ပြောပြခဲ့ပါတယ်။
နေကွန်းထင်
Unknown at 6:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အယူအဆမတူကြပေမယ့် အတူတကွနေကြရာဝယ်

အယူအဆမတူကြပေမယ့် စည်းစည်းလုံးလုံး နေရလို့ရပါတယ်။ ဥပမာပြောရရင် မိသားစုတစ်ခုပေါ့။ မိသားစုဝင် တွေဟာ တစ်အူထုံဆင်း ညီအကို မောင်နှမအရင်း ဆိုပေမယ့် အတွေးခေါ် မတူတာ၊ ရပ်တည်ချက်၊ ခံယူချက်၊ ယုံကြည်ချက်တွေ မတူတာ ရှိကြစမြဲပါ။ အဲဒီအခါမျိုးမှာ ဒီမိုကရေစီရဲ့ အခြေခံမှုတွေကို ကျင့်သုံးကြတဲ့ မိသားစုတွေဟာ ပြိုကွဲလေ့မရှိကြပါဘူး။ အငြင်းပွားစရာ ကိစ္စတွေ ပေါ်လာတိုင်း မိသားစုဝင်အများစုရဲ့ ဆုံးဖြတ်ချက်နဲ့ပဲ ဖြေရှင်းမယ်ဆိုရင်၊ ပြီးတော့ အနည်းစုရဲ့ ဆန္ဒသဘောထား ကိုလည်း နားထောင်ပေးမယ်၊ အလေးထားမယ်၊ စဉ်းစားပေးမယ်ဆိုရင် အဲဒီမိသားစုဟာ စည်းလုံးညီညွတ်တဲ့ မိသားစုပါပဲ။ အလားတူ ပါပဲ………… လူ့အဖွဲ့အစည်း တစ်ခု၊ နိုင်ငံတစ်နိုင်ငံကို အများဆန္ဒနဲ့ အုပ်ချုပ်မယ်၊ တိုင်းရင်းသားလူနည်းစုရဲ့ သဘောထားအမြင်တွေကို နားထောင်ပေးမယ်၊ အလေးအနက်ထား စဉ်းစား ပေးမယ် ဆိုရင် အဲဒီလူ့အဖွဲ့အစည်းဟာ စည်းလုံး ညီညွတ်တဲ့ အဖွဲ့အစည်းပါပဲ။
ဒါပေမယ့် ဒီနေရာမှာ အရေးကြီးတာတစ်ခုက စေ့စပ်တယ်၊ ဆွေးနွေးညှိနှိုင်းတယ်၊ အပေးအယူ အလျှော့အတင်း လုပ်တယ်၊ ရင်ကြားစေ့တယ်ဆိုတာတွေမှာ အခြေခံမှုတွေ ရှိဖို့လိုပါတယ်။ ပြဿနာတွေကို စိစစ်သုံးသပ် ဝေဖန် စဉ်းစားရာမှာ ပြဿနာတွေရဲ့ အရင်းခံအကြောင်းတရားတွေ၊ သမိုင်းကြောင်း နောက်ခံတွေနဲ့ ဘာကြောင့် ဆွေးနွေးဖို့ လိုအပ်တယ် ဆိုတာတွေကို ထည့်သွင်း စဉ်းစားရပါမယ်။ နောက်ပြီးတော့ ဒီမိုကရေစီ အစိုးရတစ်ရပ်အဖို့ မှန်ကန်တဲ့ အရာတွေ၊ တရားဥပဒေစိုးမိုးရေး အခြေခံမူတွေကို ဆုပ်ကိုင်ထားပြီးမှ အဲဒြီအခြေခံ မူတွေအရ အမှားနဲ့အမှန် တိုင်းပြည်ကို ဖြစ်လာစေမယ်။ အဆိုးနဲ့အကောင်း ဆိုတာ တွေကိုလည်း ထည့်သွင်း စဉ်းစားရပါမယ်။
ရင်ကြားစေ့တယ်ပဲပြောပြော၊ ပြန်လည်သင့်မြတ်ရေးပဲဆိုဆို အဓိပ္ပါယ်ကတော့ စည်းလုံး ညီညွတ်စွာ နေကြမယ်လို့ သဘောတူကြတာပါ။ ဒီစကားလုံးကို သုံးလိုက်ပြီးဆိုတာနဲ့ အပြန်အလှန်နားလည်မှု တိုးပွားဖို့၊ မတူကွဲပြားတာတွေ ရှိနေတယ် ဆိုတာကို လက်ခံဖို့ သီးခြားစီရှိနေတဲ့ စရိုက်လက္ခဏာတွေကို အသိအမှတ် ပြုကြဖို့၊ ယုံကြည်မှု ထားပေးကြဖို့နဲ့ ပြီးတော့ စိတ်ဝမ်းကွဲစေမယ့်၊ မကျေမလည်ဖြစ်စေမယ့်၊ အမုန်းပွား စေမယ့် အပြုအမူ၊ အပြောအဆို၊ အနေအထိုင်တွေကိုလည်း ရှောင်ကြဉ်ကြရပါမယ်။
အမျိုးသားပြန်လည်သင့်မြတ်ရေးကို တကယ်ပဲ လိုချင်ကြတယ်ဆိုရင် အမျိုးသားရေး အကျိုးစီးပွားကို ရှေ့တန်း တင်ကြဖို့ လိုပါတယ်။ အမျိုးသားနိုင်ငံရေး အမြင်နဲ့ ချဉ်းကပ်ကြဖို့ လိုပါတယ်။ ဘာလို့လဲဆိုတော့ ကိုယ့်ပါတီရဲ့ အကျိုးစီးပွားကို ရှေ့တန်းတင်မိတတ်ကြလို့ပါ။ ဒါမျိုးတွေက ဘယ်နိုင်ငံမှာမဆို ရှိတတ်ကြ ပါတယ်။
ဒါကြောင့်မို့ ညှိနှိုင်းတယ်၊ ဆွေးနွေးတယ်၊ ရင်ကြားစေ့တယ်ဆိုတဲ့ ကိစ္စတွေမှာ အခြေခံမူဟာ အရေးကြီး ပါတယ်။ အတိုက်အခံတွေရဲ့ အကျိုးစီးပွားသက်သက်ကို ရစေမယ့်၊ ဒါမှမဟုတ် လက်ရှိအစိုးရကို အာဏာတည်မြဲ စေရုံ သက်သက်ပဲ ဖြစ်စေမယ့် အခြေခံမူကတော့ မဖြစ်ရပါဘူး။ အမျိုးသားအကျိုးစီးပွားကို အခြေခံထားတဲ့ " မူ" မျိုးပဲ ဖြစ်ရပါမယ်။ အနီစပ်ဆုံး ဥပမာပေးရရင်တော့ အရေးသုံးပါးလိုမျိုးပေါ့ဗျာ။
ပြီးတော့ အမျိုးသားပြန်လည်သင့်မြတ်ရေးကို တည်ဆောက်တာမှာ၊ အဖြေရှာကြရမှာက အကြမ်းဖက်တဲ့ နည်းနဲ့ မင်းမဲ့စရိုက်တွေနဲ့ အဖြေရှာကြမယ့် စနစ် တစ်ရပ်နဲ့ ဖြေရှင်းကြရမယ်။ ဥပမာ ဒီမိုကရေစီတို့၊ လူ့အခွင့်အရေးတို့ စတဲ့ " စံ " တွေနဲ့ပေါ့။ ဒီနေရာမှာ အရေးအကြီးဆုံး အချက်ကတော့ သဘောထား ကွဲလွဲတယ် ဆိုတာ လူ့သဘာဝပဲ ဆိုတာကို မမေ့ကြဖို့ပါ။ အားလုံးဟာ တစ်သဘောတည်းပဲ ရှိရမယ်လို့ အတင်းအကြပ်လုပ်ယူလို့ မရစကောင်းပါဘူး။
ဒီတော့ကာ အယူအဆမတူကြတာက သဘာဝ၊ အတူနေကြရတာက ရှေးရေစက်၊ မကောင်းတဲ့ဘက်က လှည့်တွေးရင်တော့ ဝဋ်ကြွေး၊ ဒါပေမယ့် ဒီဝဋ်ကြွေးမကုန်ခန်းသရွေ့ လည်းစင်းခံဆပ်မယ်ဆိုတာက သွေးထိုးစကား၊ ဒီလိုစကားတွေ မကြားယေက်ကြဖို့က ဒီမိုကရေစီ လိုလားတဲ့ ပြည်သူတွေရဲ့တာဝန်၊ ပြေလည်အောင် ဖြေရှင်း ကြရမှာက နိုင်ငံရေးပါတီတွေနဲ့ အစိုးရကို အလယ်ကနေ သမာသမတ်ကျကျ ရေးသားတင်ပြရမှာက မီဒီယာ၊ အရင်အစိုးရချမှတ်ခဲ့တာက ငြိမ်းချမ်းစွာ အတူယှဉ်တွဲနေထိုင်ရေး စတဲ့ အကြောင်းကြောင်းတွေ ကြားထဲမှာ လူ့ကြောင့်၊ ငါ့ကြောင့်လို့ လက်ညှိုးထိုးနေကြမယ့် အစား၊ အတိတ်က ဖြစ်ရပ်တွေကို မြန်မာပီပီ မေ့ပျောက်သင်ပုန်းချေလို့ အမျိုးသားရင်ကြားစေ့ရေး ပန်းတိုင်ကို လက်တွဲညီညီနဲ့ အောင်မြင်စွာ လျှောက်လှမ်းကြပါစို့လားခင်ဗျား။
( စီးပွားရေး၊ နိုင်ငံတကာနှင့် စီမံခန့်ခွဲရေး အတွေးအမြင်စာစာများ စာအုပ်မှ ဆန်းသစ်အောင်ရဲ့ ဆောင်းပါး ကို ကူးယူဖော်ပြခြင်း ဖြစ်ပါသည်။ )
Kyee Say Ta Man
Unknown at 6:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖုန်းဆင်းကဒ် ပျက်စီးမှုနှင့် ပျောက်ဆုံးမှုများ ယခင်ကထက် ဖြစ်ပွားမှု နည်းပါးလာ

ဖုန်း Sim ကဒ်ပျောက်ခြင်းနဲ့ ဖုန်းကဒ် ပျက်ခြင်း တို့တွေ အတွက် ပြန်လည် လျှောက်ထား ရာမှာ ပေးသွင်းရတဲ့ ၀န်ဆောင်ခ ငွေကျပ် ၂ သောင်း အဖြစ် ပြောင်းလဲ
သတ်မှတ်ပြီး နောက်ပိုင်းမှာ အဆိုပါ ကိစ္စရပ်များ ဖြစ်ပွားမှု နည်းပါး သွားတယ်လို့ Sim ကဒ်ပျောက်ခြင်းနဲ့ ပျက်ခြင်း အတွက် ၀န်ဆောင်မှု ပေးတဲ့ ဟန်းဆက် အရောင်းဆိုင် အချို့က ဆိုပါတယ်။ အရင်က Sim ကဒ် ပျက်ခြင်းနဲ့ ပျောက်ခြင်း အတွက် ကျပ်ငါးသောင်း သတ်မှတ်ခဲ့ပြီး မကြာမီ လပိုင်းကမှ ကျပ်နှစ်သောင်း အဖြစ် ပြောင်းလဲ သတ်မှတ် ခဲ့တာ ဖြစ်ပါတယ်။

ဒီလို ဈေးနှုန်း လျှော့ချ သတ်မှတ်ပြီးတဲ့ အပြင် ဆင်းကဒ် ပျောက်ခြင်း၊ ပျက်ခြင်းများ အတွက် စောင့်ဆိုင်း လျှောက်ထားမှု မှာလည်း ရက်များစွာ ကြာပြီး စောင့်ဆိုင်း စရာ မလိုဘဲ ၀မ်းစတော့ ဆားဗစ်နဲ့ ဆောင်ရွက်နိုင်ပြီ ဖြစ်ပါတယ်။ အခုအခါ မှာတော့ မြန်မာ့ ဆက်သွယ်ရေး လုပ်ငန်းက ကျပ်၂ သိန်းတန် တန်ဖိုးနည်း ဖုန်းတွေကို ချထားပေး လျက်ရှိရာ ၀ယ်ယူ သုံးစွဲသူတွေ အလွန် များပြား လျက်ရှိပါတယ်။ ဒါ့ကြောင့် သတ်မှတ် ထားတဲ့ နှုန်းကျပ် ၂ သိန်းတန် GSM ကို ပြင်ပဖုန်း အရောင်းဆိုင် တွေမှာ ကျပ် တစ်သောင်း ကနေ ကျပ် ငါးသောင်း အထိ အမြတ်ပိုပေးပြီး ၀ယ်ယူနေ ရတာကြောင့် သုံးစွဲသူတွေ အတွက် အဆင်မပြေ ဖြစ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။




Unknown at 5:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အဓမ္မထိမ်းမြား လက်ထပ်ရန် အတွက် တရုတ်နိုင်ငံသို့ အများဆုံး လူကုန်ကူး ခံရ

လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ပထမ ၅ နှစ် စီမံကိန်း ဖြစ်တဲ့ ၂၀၀၆-၂၀၁၀ ခုနှစ် အတွင်းမှာ အဓမ္မ ထိမ်းမြား လက်ထပ်ဖို့ အတွက် တရုတ် နိုင်ငံသို့ အများဆုံး
လူကုန်ကူးခံ ရတယ်လို့ သက်ဆိုင်ရာ ဌာနရဲ့ ထုတ်ပြန်ချက် အရ သိရပါတယ်။ အခုလို လူကုန်ကူးမှု ဖြစ်ပွားရာ မှာလည်း တရုတ် နိုင်ငံကို လူကုန်ကူးမှုဟာ အဓမ္မ ထိမ်းမြား လက်ထပ်ရန် အမျိုးသမီးငယ် များကို ရောင်းဝယ် ခဲ့ကြတာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံ ကိုတော့ တိုက်ရိုက် လူကုန်ကူး ခြင်းထက် တရားမ၀င် အလုပ် လုပ်ကိုင်ရာမှ တဆင့် နည်းမျိုးစုံ လူကုန်ကူး ခံရမှု ဖြစ်ပွား ခဲ့တာကို တွေ့ရှိရတာ ဖြစ်တယ်လို့ သိရပါတယ်။ ဒါ့အပြင် မလေးရှား နိုင်ငံ ကိုလည်း တိုက်ရိုက် လူကုန်ကူး ခြင်းထက် ထိုင်းနိုင်ငံက တစ်ဆင့် သွေးဆောင် ဖြားယောင်းပြီး ပြည့်တန်ဆာ ပြုခြင်းနဲ့ ကလေးငယ် များအား အဓမ္မ တောင်းရမ်း စေခိုင်းမှု ဖြစ်ပွား ခဲ့ကြောင်း ကိုလည်း တွေ့ရှိရတာ ဖြစ်ပါတယ်။

ဒီလို လူကုန်ကူးမှု တိုက်ဖျက်ရေး ဆိုင်ရာ ပထမ ၅ နှစ် စီမံကိန်း ဖြစ်တဲ့ ၂၀၀၆ မှ ၂၀၁၀ အထိ အမှုပေါင်း ၆၄၁ မှု ဖော်ထုတ် နိုင်ခဲ့ပြီး လူကုန်ကူးသူ တရားခံပေါင်း ၁၈၁၃ ဦးကို အရေးယူ ခဲ့တယ်လို့ သိရပါတယ်။ အဆိုပါ အမှုများမှာ ပါဝင်တဲ့ လူကုန်ကူး ခံရသူ ၁၁၇၇ ဦးကိုတော့ ကယ်တင်ပြီး မိဘများထံ ပြန်လည် ပေါင်းစည်း ပေးခဲ့ပြီး ဖြစ်တယ်လို့ သိရပါတယ်။



Unknown at 5:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ထိပ်တန်းကျသော အစိုးရ

Written by လူထုစိန်ဝင်း  
အခုတလော စာရေးပျက်တာတွေ များနေတယ်။ နိုဝင်ဘာလလယ် ရောက်နေတာတောင် ရန်ကုန်မှာ ဆောင်းမ၀င်သေးဘဲ ပူမြဲပူနေသေးတာကြောင့် နေလို့ထိုင်လို့ သိပ်မကောင်းဘူး။ ပြီးတော့ ဒီရက်ပိုင်းအတွင်း ခေါင်းပူစရာတွေကလည်း များတယ်။


လွတ်ပြီဆိုနဲ့ ၀င်မယ်ဆို

တိုင်းရေးပြည်ရေး လှုပ်လှုပ်ရှား ရှားဖြစ်လာတဲ့အခါမျိုးတွေဆိုရင် ဧည့်များသလို ဖုန်းခေါ်သံတွေလည်း များတယ်။ မျက်စိကြီး နားကြီး ရပ်ကွက်ထဲက လူတစ်ယောက်လို့ အများက ထင်မှတ်မှားနေကြလေတော့ တစ်ခုခု အသံကြားတိုင်း လှမ်းမေးတတ်ကြတယ်။ ဒီရက်ပိုင်းမှာတော့ 'လွတ်ပြီဆို' နဲ့ '၀င်မယ်ဆို' မေးခွန်း နှစ်ခုကို မောလောက်အောင်ကို ဖြေနေရတယ်။ မသိပါဘူး၊ မကြားပါဘူး၊ မသိပါဘူး။ မကြားပါဘူးပေါ့။ ဟုတ်တယ်လေ နိုင်ငံ့အရေး ပေါက်နဲ့ကျေးဆိုတာ အင်မတန်ခန့်မှန်းရ ခက်တာကလား။ မိုးလေ၀သခန့်မှန်းသလို ရာသီဥတုသာသာယာယာရှိ မယ် ခန့်မှန်းထားပေမယ့် တ၀ုန်းဝုန်း တဒိုင်းဒိုင်းထစ်ချုန်းပြီး မိုးတွေသည်း ကြီးမဲကြီး ရွာချင်ရွာချတတ်တာ။

ဒီမိုကရေစီကြာတောမိုး

မျက်စိကြီးနားကြီး ရပ်ကွက်သားဆိုပေမယ့် မျက်စိကမှုန်သီပြီး နားကလည်း ထိုင်းနေပြီဆိုတော့ တည့်တည့်ပြောမှ ရိပ်မိတယ်ဆိုရုံလောက် ရှိတော့တာ။ အဲဒီတော့ မသိပါဘူး။ မကြားပါဘူးဆိုတာထက် ဘာမှပိုမပြောနိုင် တော့ဘူး။ ဒီမိုကရေစီဆိုတာကလည်း ကြာတောမှာရွာတဲ့ ပေါက္ခရ ၀သမိုးလို စိုချင်တဲ့နေရာမှာစိုပြီး ခြောက်ချင်တဲ့နေရာမှာ ခြောက်တဲ့ သဘောရှိတယ်ထင်ပါရဲ့။ အများအားဖြင့်တော့ ရုပ်မြင်သံကြားမှာ  ထုတ်ပြန်ကြေညာ တော့မှ သိရတာချည်းပါပဲ။ ကိုယ်တိုင်က သတင်းသမားဖြစ်တော့ အချက်အလက် မရှိရင် မပြောတတ်ဘူး။ ရော်ရမ်းမှန်းဆလည်း မလုပ်တတ်ဘူး။ ခုအချိန်မှာ သတင်းစာထုတ်မလားလို့မေးရင် ခေါင်းခါမိမှာပဲ။ ဘယ်လိုမှ လုပ်တတ်မှာ မဟုတ်တာ သေချာတယ်။

ငါးကြင်းဆီနဲ့ ငါးကြင်းကြော်

စာတွေအများကြီးရေးနေတော့  ဓာတ်မသိသူတွေကတော့ မျက်စိကြီး နားကြီးလို့ ထင်ကြရှာတာပေါ့။ အဲဒီ အထင်နဲ့ပဲ တစ်ခုခုလှုပ်လှုပ်ရွရွ ကြားရမြင်ရတာနဲ့ ဖုန်းလှမ်းဆက်ကြတယ်။ တက္ကသိုလ်ရိပ်သာလမ်းက ခြံထဲကို ဘယ်အချိန်က ကားဘယ်နှစင်း ၀င်သွားတယ်ဆိုတာမျိုး၊ အင်းစိန်ထောင် ဗူးဝမှာ သတင်းထောက်တွေ အများကြီး လာစောင့်နေတယ်ဆိုတာမျိုး သတင်းတွေ လှမ်းပြောကြတယ်။ ဒီလိုနဲ့ပဲ ငါးကြင်းဆီနဲ့ငါးကြင်းကြော်သလို လူထုဆီကရတဲ့သတင်းတွေကို လူထုဆီပြန်ပို့ပေးရတယ်။ နည်းနည်းလေးဝါယမစိုက်ထုတ်ပြီး သေချာ အောင် ထပ်ဆင့်မေးမြန်းရတာမျိုးတော့ ရှိတာပေါ့လေ။ ဒါလောက်ကလေးမှ မလုပ်ရင်လည်း သတင်းသမားလို့ အခေါ်မခံထိုက်တော့ပါဘူး။

စောင့်ကြည့်မယ်ဆိုတဲ့ ကိစ္စ


သမ္မတဦးသိန်းစိန်အစိုးရကို မထောက်ခံသေးဘူး။ ထောင်ထဲက လူတွေလွှတ်၊ မလွှတ်ဆိုတဲ့စံနဲ့ ပြည်တွင်းစစ် ရပ်စဲရေး လုပ် မလုပ်ဆိုတဲ့ စံနှစ်ခုနဲ့ ချိန်ထိုးပြီး စောင့်ကြည့်ဦးမယ်လို့ ဂျာနယ်တွေအတော်တော်များများမှာ ရေးခဲ့တာနဲ့ပတ်သက်ပြီး မေးမြန်းကြသူ တော်တော်များတယ်။ တချို့က ဖုန်းဆက်တယ်။ တချို့က စာရေးတယ်။ တချို့က လူကိုယ်တိုင် လာပြီးမေးတယ်။ အင်တာနက်ကတစ်ဆင့် မေးတာတွေလည်းရှိတယ်။ တချို့က စောင့်ကြည့်တာကို သဘောတူတယ်။ တချို့ကတော့ ဘာစောင့်ကြည့်စရာလိုသလဲ ဒီပုတ်ထဲက ဒီပဲ တွေပဲမဟုတ်ဘူးလားလို့ စောဒက တက်ကြတယ်။ တက်ပါစေ။ဒီလို ကိုယ်မကြိုက်တာကို မကြိုက်ဘူး ပြောခွင့်ရှိမှ ဒီမိုကရေစီလို့ ခေါ်နိုင်မှာပေါ့။ အထက်ကပြောသမျှ လက်ညှိုးထောင် ခေါင်းညိတ်လုပ်တဲ့ အကျင့်တွေ ဆက်ပြီးသယ်ဆောင်လာဖို့ မကောင်းပါဘူး။

ဖြည့်စွက်ချက်


စောင့်ကြည့်တာကို သဘောတူသူနဲ့ မတူသူပဲ ရှိတာမဟုတ်ဘူး။ ဖြည့်စွက်ဆွေးနွေးသူလည်း ရှိပါတယ်။ သူ့ဆွေးနွေးချက်ကလည်း မှန်နေတာကြောင့် ထည့်မစဉ်းစားလို့မဖြစ်ဘူး ယူဆတယ်။ သူက စံနှစ်ခုနဲ့ ချိန်ထိုးကြည့်ရုံ နဲ့တင် မလုံလောက်ဘူးလို့ ထောက်ပြတယ်။ တိုင်းသူ ပြည်သားအများစုကြီးရဲ့ကျောပေါ်မှ
ာပိနေတဲ့ ၀န်ထုပ်ဝန်ပိုးတွေကို လျော့ချမပစ်သရွေ့ ကာလပတ်လုံး ဒီမိုကရေစီလမ်းကြောင်းမှန်ပေါ်ကို ရောက်ပြီလို့ မဆိုနိုင်ဘူးလို့ ဆိုပါတယ်။ ဆွေးနွေးသူ မိတ်ဆွေက မန္တလေးက လုပ်ငန်းရှင်တစ်ယောက်ပါ။ တိုင်းသူပြည်သားများအနေနဲ့ မြေခွန်၊ အိမ်ခွန်၊ ရေခွန်၊ မီးခွန်၊ ကုန်သွယ်လုပ်ငန်းခွန်၊ ၀င်ငွေခွန်စတဲ့ တရားဝင် အခွန်အတုတ်များကို မှန်မှန်ကန်ကန် ပေးသွင်းထမ်းဆောင်ဖို့ တာဝန်ရှိတယ်။ ရှောင်ရှားပျက်ကွယ်ရင် အရေးယူသင့်တယ်လို့ သူက လက်ခံပါတယ်။

တချို့ကစောင့်ကြည့်တာကို သဘောတူတယ်။ တချို့ကတော့ ဘာစောင့်ကြည့်စရာလိုသလဲ ဒီပုတ်ထဲက ဒီပဲတွေပဲ မဟုတ်ဘူးလားလို့ စောဒကတက်ကြတယ်။ တက်ပါစေ။ ဒီလိုကိုယ်မကြိုက်တာကို မကြိုက်ဘူး ပြောခွင့်ရှိမှ ဒီမိုကရေစီလို့ ခေါ်နိုင်မှာပေါ့။ အထက်ကပြောသမျှ လက်ညှိုးထောင်ခေါင်းညိတ် လုပ်တဲ့အကျင့်တွေ ဆက်ပြီးသယ်ဆောင်လာဖို့ မကောင်းပါဘူး  . . . 



ခါးစည်းခံခဲ့ရ

တရားဝင်ဥပဒေနဲ့ ပြဋ္ဌာန်းသတ်မှတ်ထားတဲ့ အခွန်အတုတ်များအပြင် မလိုလားအပ်တဲ့ ဥပဒေနဲ့လည်း မကိုက်ညီတဲ့ ခေါင်းစဉ်အမျိုးမျိုးတပ်ထားတဲ့ ကောက်ခံမှုတွေက တရားဝင် အခွန်အခတွေထက် အမျိုးပိုစုံပြီး ကောက်ခံ မှုပမာဏကလည်း မတန်တဆ ကြီးမားများပြားလွန်းတဲ့ဒဏ် ကို တောရောမြို့ပါမကျန် နှစ်ငါးဆယ်လုံးလုံး ခါးစည်းခံခဲ့ရတာကြောင့် တိုင်းပြည်ရဲ့စီးပွားရေး နာလန်မထူနိုင်အောင်ဖြစ်နေတာလို့ သူကဆိုပါတယ်။ မြို့ပေါ်က လုပ်ငန်းရှင်တွေဆိုရင် ဥပဒေအရ ကောက်ခံတဲ့အခွန်တွေအပြင် တော်တော်ကြာ လမ်းခင်းဖို့ဆိုပြီး အနည်းဆုံး ငါးသိန်းက ဆယ်သိန်း၊ ဆယ့်ငါးသိန်းထိ ကောက်လိုက်၊ တော်တော်ကြာ ထရန်စဖော်မာထိုင်ဖို့ဆိုပြီး ငါးသိန်း၊ ဆယ်သိန်းကောက်လိုက်၊ ရေပိုက်သွယ်ဖို့၊ ဖုန်းလိုင်းသွယ်ဖို့ဆို ကောက်လိုက်နဲ့ တစ်နှစ်ပတ်လုံးကောက်လို့ မပြီးနိုင်တော့ဘူး။

ပြာတာတောင် ဆရာခေါ်ရ
ဒီကောက်ခံမှုတွေလုပ်ပြီး လုပ်ငန်းတွေပြီးအောင် လုပ် မလုပ်ဆိုတာ မသိရသလို စာရင်းအင်းရှင်းတမ်းလည်း ဘယ်တော့မှမမြင်ရဘူး။ တောက တောင်သူလယ်သမားတွေဆို ပိုဆိုးတယ်။ ရုံးက စာလာပိုတဲ့ပြာတာကိုတောင် ကြောက်ပြီး ဆရာခေါ်နေကြရတာဆိုတော့ ဘာလာကောက် ကောက် မေးရဲ မြန်းရဲကြတာမဟုတ်ဘူး။ ထည့်လိုက်ကြရတာပဲ။ အမတော်ကြေးထုတ်ချေးတဲ့အခါများ ဟိုဟာဒီဟာတွေ ဖြတ်ယူထားလည်း မပြောရဲဘူး။ ငြိမ်နေကြရတယ်။ အဆိုးဆုံးကတော့ ဈေးလာရောင်းတဲ့သူတွေ ဖြစ်တယ်။ အမတော်ကြေး ထုတ်ပေးတဲ့နေရာနားမှာ ကားတွေ ထိုးဆိုက်ပြီး ဌာနဆိုင်ရာလိုလို ဘာလိုလိုနဲ့ ရောင်တော်ပြန်ရောလွှတ်ပြီး မြေဆီတွေနဲ့ ပိုးသတ်ဆေးတွေ မ၀ယ်မနေရ ဇွတ်ရောင်းကြတယ်။ သူတို့ ရောင်းတဲ့တံဆိပ်တွေက မကောင်းလို့ မ၀ယ်ချင်ပေမယ့်လည်း လယ်သမားတွေက ပြန်ပြောရဲတာ မဟုတ်ဘူး။

အမတော်ကြေးစနစ်ပြင်ဖို့လို

အမတော်ကြေးပေးတဲ့စနစ်ကို လည်းပြုပြင်ဖို့ စဉ်းစားသင့်တာကြာပြီ။ အမတော်ကြေးပေးရုံနဲ့ လယ်သမားတွေရဲ့ အခက်အခဲ ပြေလည်သွားတာမဟုတ်ဘူး။ ပေးတုန်းက ဟိုနှုတ် ဒီနှုတ်နဲ့ အပြည့်မရပေမယ့် ပြန်ဆပ်ချိန် ရောက်တော့ အပြည့်ဆပ်ကြရတာ။ လယ်သမားတွေရဲ့ဘ၀ အမှန် တကယ်တိုးတက်ဖို့ဆိုရင် မျိုးကောင်းမျိုးသန့် သီးနှံတွေ ဖြန့်ဖြူးပေးပြီး နည်းပညာအကူအညီတွေ လုံလုံလောက်လောက် ပံ့ပိုးပေးကြရမှာဖြစ်တယ်။ အဓိကကတော့ လယ်သမားတွေရဲ့ ကျောပေါ်က ၀န်ထုပ်ဝန်ပိုးတွေဖြစ်တဲ့ တရားမ၀င်ငွေကောက်ခံမှုမျိုးစုံကို အမြန်ဆုံး ရပ်စဲပစ်ဖို့ဖြစ်တယ်။ ဒါတွေမလုပ်ဘဲနဲ့ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်မယ်ပြောဆိုနေခြင်းဟာ အိတ်ပေါက်နဲ့ဖားကောက်သလိုသာ ရှိလိမ့်မယ်လို့လည်း မိတ်ဆွေက ထောက်ပြပါတယ်။

ထိပ်တန်းကျသော အစိုးရ

နောက်ဆုံးတော့ မိတ်ဆွေက လူထုဦးလှရဲ့ 'ထောင်နဲ့လူသား' စာအုပ် အဖွင့်စာမျက်နှာမှာပါတဲ့ စာပိုဒ်ကလေးကို ဖတ်ဖြစ်အောင် ဖတ်ကြည့်စမ်းပါလို့ ညွှန်းလိုက်တဲ့အတွက် ရှာပြီးဖတ်ကြည့်လိုက်တော့ ဒီလိုတွေ့ရပါတယ်။

"အစိုးရ"

''ဆင်းရဲသားများပျော်ရွှင်၍ ပညာမတတ်သူ၊ ဒုက္ခရောက်သူများ မရှိဘဲ အကျဉ်းသားမဲ့သော ထောင်၊ သူတောင်းစားကင်းသော လမ်း၊ လူအိုများချမ်းသာ၍ အခွန်အတုတ်နည်းပါပေသည်ဟု ပြောနိုင်သော အစိုးရမျိုးမှ လောကတွင် ထိပ်တန်းကျသော အစိုးရဟု ကြွားနိုင်သည်"

သောမတ်စ်ပိန်း

EMG
  lu bo
Unknown at 4:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ရင် အီးယူ ပိတ်ဆို့မှု လုံးဝ ရုပ်သိမ်းနိုင်မည်

မြန်မာအစိုးရ အနေနဲ့ ကျန်ရှိနေသေးတဲ့ နိုင်ငံရေး အကျဉ်းသားအားလုံး ပြန်လွှတ်ပေးမယ်ဆိုရင် အီးယူအနေနဲ့ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှုတွေကို လွတ်လွတ်ကျွတ်ကျွတ် ရုပ်သိမ်းပေးနိုင်တယ်လို့ ပိုလန် နိုင်ငံခြားရေး ၀န်ကြီးက ပြောလိုက်ပါတယ်။
AFP
ပိုလန်နိုင်ငံခြားရေးဝန်ကြီး Mr Radoslaw Sikorski ကို ၂၀၁၂ ခုနှစ် ဧပြီလ ၂၀ ရက်နေ့တွင် ပိုလန်မြို့တော် ၀ါရှောတွင် တွေ့ရပုံ ဖြစ်ပါသည်။

လာမယ့် ဧပြီလ (၂၃) ရက်နေ့ လူဇင်ဘတ်နိုင်ငံမှာ ကျင်းပမယ့် အီးယူ နိုင်ငံခြားရေးဝန်ကြီးများ ဆွေးနွေးပွဲမှာ မြန်မာအပေါ် ပိတ်ဆို့ အရေးယူမှု အများစုကို တစ်နှစ်တိတိ ယာယီ ဆိုင်းငံ့ပေးဖို့ အီးယူအဖွဲ့ဝင်နိုင်ငံတွေ သဘောတူညီထားကြကြောင်း ကြေညာအပြီးမှာ ပိုလန် နိုင်ငံခြားရေးဝန်ကြီး မစ္စတာ Radoslaw Sikorski က ပြောဆိုခဲ့တာပါ။
နိုင်ငံရေး အကျဉ်းသားအားလုံး လွတ်မြောက်ပြီး၊ မြန်မာပြည် နောက်ပြန်မလှည့်နိုင်တဲ့ ဒီမိုကရေစီ လမ်းကြောင်းပေါ် ရောက်ပြီဆိုရင် ယာယီ ဆိုင်းငံ့ထားတဲ့ အီးယူ ပိတ်ဆို့မှုတွေ အားလုံးဟာ လုံးဝ ပွင့်သွားနိုင်ပါတယ်လို့ ၀ါဆောမြို့မှာ သတင်းထောက်တွေကို ပြောလိုက်ပါတယ်။
အီးယူက ဆိုင်းငံ့ထားမယ့် ပိတ်ဆို့မှုတွေထဲမှာ သစ်လုပ်ငန်း၊ သစ်အချောထည်လုပ်ငန်းနဲ့ သတ္တုတူးဖော်ရေး လုပ်ငန်းတွေမှာ ပါဝင်ကြတဲ့ ကုမ္ပဏီ (၈၀၀) ကျော်နဲ့ ကုန်သွယ်ခွင့်၊ ရင်းနှီးမြှုပ်နှံခွင့်၊ မြန်မာစစ်အစိုးရ ထိန်းချုပ်ထားတဲ့ ကုမ္ပဏီ ( ၅၂) ခုမှာ ရင်းနှီးမြှုပ်နှံခွင့်၊ စစ်အစိုးရအဖွဲ့ဝင်တွေနဲ့ သူတို့နဲ့ နီးစပ်သူ ပုဂ္ဂိုလ် စုစုပေါင်း (၄၉၁) ယောက်အပေါ် ဥရောပ၀င်ခွင့် ဗီဇာပိတ်ပင်ထားတာတွေ ပါဝင်ပါတယ်။
ဒါပေမဲ့ ယာယီ ဆိုင်းငံ့ထားမယ့် ပိတ်ဆို့မှုတွေထဲမှာ စစ်လက်နက်ပစ္စည်း ရောင်းချမှု မပါဝင်ပါဘူး။ မြန်မာအပေါ် ပိတ်ဆို့မှု (၁၂) လတိတိ ယာယီ ဆိုင်းငံ့ထားစဉ်အတွင်း အခြေအနေ တိုးတက်မှုရှိမရှိကို အီးယူက အနီးကပ် အသေအချာ စောင့်ကြည့်နေမှာဖြစ်ပြီး အောက်တိုဘာလမှာ ပြန်လည်သုံးသပ်မှာ ဖြစ်ကြောင်း အီးယူ အကြီးတန်း အရာရှိတစ်ဦးက ပြောပါတယ်။
ဒါအပြင် သမ္မတ ဦးသိန်းစိန်ဟာ လက်ရှိ ပြုပြင်ပြောင်းလဲရေး လမ်းကြောင်းပေါ်မှာ ဆက်လက် လျှောက်လှမ်းနေတယ်ဆိုရင် (၁၂) လ မတိုင်ခင်အတွင်း အီးယူအနေနဲ့ ပိတ်ဆို့မှုတွေ ပြန်လည် ရုပ်သိမ်းသွားနိုင်တယ်လို့ ဆိုပါတယ်။
ပိုလန် နိုင်ငံခြားရေးဝန်ကြီးကလည်း ပိုလန်နိုင်ငံဟာလည်း စစ်အစိုးရလက်အောက် ကျရောက်ခဲ့ရဖူးပါတယ်။ အသွင်ကူးပြောင်းရေး ဆောင်ရွက်လိုက်လို့ ပိုလန်ဟာ နောင်တမရတဲ့အပြင် စံနမူနာ ယူစရာတောင် ဖြစ်လာခဲ့ပါတယ်။ မြန်မာ စစ်ဗိုလ်ချုပ်များ အတွက်လည်း နမူနာယူစရာပါလို့ ပြောဆိုပါတယ်။
2012-04-20
RFA
http://www.rfa.org/burmese/news/political-prisoner-eu-sanction-04202012205825.html
Unknown at 4:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့အင်တာနက်ဖွံ့ဖြိုးရေး ဂျပန်က အကူအညီပေးမည်

တိုကျို ဧပြီ ၂၁

မြန်မာနိုင်ငံ၏ အင်တာနက်အသုံးပြုမှုဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းနှင့် တယ်လီဖုန်းဆက်သွယ်မှုကွန်ရက်တိုးတက်ရေးစီမံကိန်းများတွင် ဂျပန်နိုင်ငံက အကူအညီပေးရန်ရှိကြောင်းသိရသည်။
တိုကျိုမြိုကတွင် ဧပြီင်္၂၁ရက်က ကျင်းပသည့် မဲခေါင်-ဂျပန်ထိပ်သီးအစည်းအဝေးတွင် ဂျပန်က ညွှန်းဆိုပြသသည့် မဲခေါင်ဒေသတွင်းနိုင်ငံ(၅) နိုင်ငံ၏ ဖွံ့ဖြိုးရေးစီမံကိန်းများတွင် အဆိုပါ စီမံကိန်းနှစ်ခုအားရေးဆွဲထည့်သွင်းထားခြင်းဖြစ်သည်။
ထိုဖွံ့ဖြိုရေးစီမံကိန်းများတွင် မြန်မာနိုငငံက (၁၂)ခု။ကမ္ဘောဒီးယားက (၈)ခု၊လာအိုက (၇)ခု၊ထိုင်းက (၄)ခု၊ဗီယက်နမ်က (၂၆)ခုတို့ဖြစ်ကြသည်။
ထိပ်သီးအစည်းအဝေးတွင် အခြေခံအဆောက်အုံစီမံကိန်း (၅၇)ခုကို မိမိတို့အဆိုပြုတင်ပြခဲ့ပါကြောင်း ဂျပန်ဝန်ကြီးချုပ် ရိုရှီဟီကိုနိုဒက ထုတ်ဖော်ပြောကြားခဲ့သည်။
သတင်းစာရှင်းလင်းပွဲအပြီး မဲခေါင်-ဂျပန်နိုင်ငံအကြီးအကဲများထွက်ခွာစဉ်။

 Yangon Media Group
Unknown at 4:01 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာပြည်အနှံ့အပြားတွင်အပူချိန်ပြင်းထန်စွာခံစားနေ ရ

မြန်မာနိုင်ငံအနှံ့အပြားတွင့်နေ့အပူချိန်များသိသိသာသာတိုးလာနေသော ကြောင့်မြန်မာနိုင်ငံမြောက်ပိုင်းစွန်း ဒေသ များ မှလွဲပြီးတနို င်ငံလုံးတွင်အပူချိန်ပြင်းထန်စွာခံစားနေကြရပါသည်။
ယနေ့ရန်ကုန်မြို့၏ UV index နေအပူချိန်ပြင်းဆုံးသောအချိန်တွင်(၁၃)အထိပြင်းထန်စွာ မြင့်တက် နေကြောင်းကိုတွေ့ရပါတယ်။
http://www.wunderground.com/cgi-bin/...weekday=Friday

UV တန်ဖိုးဆိုသည်မှာနေထဲတွင်ပါလာသောခရမ်းလွန်ရောင်ခြည်ကိုစံနှုန်းတခုအဖြစ်
သတ်မှတ်ထားတာကိုဆိုလိုခြင်းဖြစ်ပါတယ်။

နိုင်ငံတကာမှာ(+၁၁)သတ်မှတ်လေ့ရှိပြီးအချို့နိုင်ငံတွေမှာတော့(၁၁)ကျော်သည်အထိပြထား တာ ကို လည်းတွေ့ရပါတယ်။ မည်သို့ပင်ဆိုစေUVတန်ဖိုး(၈-၁၀)ဟာပြင်းထန် တဲ့အခြေအနေကို ရောက်ပြီဖြစ်တဲ့အတွက်နေရောင်ထဲကြာရှည်မ နေသင့်ပါ။

အကယ်၍နေရောင်ထဲသွားမည်ဆိုပါက ထီး၊ဦးထုပ်၊အဖြူရောင်အဝတ်အစားများကိုဝတ်သွားသင့်
ပါတယ်။


အခုပုံလေးကတော့UVတန်ဖိုးကိုစံအဖြစ်သတ်မှတ်ထားပုံလေးဖြစ်ပါတယ်။အပေါ်ကဖေါ်ပြထားတဲ့မြေပုံမှာ မြန်မာနိုင်ငံရဲ့အရောင်လေးကို မှတ်ထားပြီးအောက်က ဇယားမှာပါတဲ့အရောင်နဲ့ တိုက်ကြည့်ရင်လည်း သိနိုင်ပါတယ်။
မြေပုံမှာတိုက်ရိုက်အညွန်းကိုလည်းကြည့်နိုင်ပါတယ်။ အောက်ဆုံးမှာအရောင်လေး နဲ့ဖေါ်ပြထားတာ ကိုတွေ့နိုင်မှာဖြစ်ပါတယ်။

အခုပုံလေးကတော့မနက်ဖန်မှာဖြစ်နိုင်မဲ့နေရောင်ခြည်အပြ င်းဆုံးအချိန်မှUV တန်ဖိုးကိုခန့်မှန်းထားတာပါ။
အခုတလောနေပေါက်ကွဲမှုခဏခဏဖြစ်တာကြောင့်မို့လို့လည်းအ ပူချိန်မြင့်တက်နေတာကိုသိသိသာသာ
ခံစားနေရတာလည်းပါပါတယ်။
ဘာဘဲဖြစ်ဖြစ်ကျွန်တော်တို့အပူချိန်မြင့်တက်မှုဒါဏ်ကို ကြိုတင်ကာကွယ်ထားသင့်ပါတယ်။

MMCPမှ heronaing အားကျေးဇူးတင်ရှိပါသည်..
Unknown at 11:15 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

AGD ဘဏ် ငွေလွှဲလုပ်ငန်း စင်ကာပူ ခွင့်မပြု

စီးပွားရေး လုပ်ငန်းရှင် ဦးတေဇပိုင် အာရှစိမ်းလန်းမှု ဖွံ့ဖြိုးရေး (AGD) ဘဏ်၏ စင်ကာပူနိုင်ငံ၌ တရားဝင် ငွေလွှဲလုပ်ငန်း လုပ်ကိုင်ရန် လျှောက်ထားမှုကို စင်ကာပူ ငွေကြေးဆိုင်ရာအာဏာပိုင်အဖွဲ့ (Monetary Authority of Singapore – MAS) က ခွင့်မပြုကြောင်း သတင်းရရှိသည်။
အာရှစိမ်းလန်းမှုဖွံ့ဖြိုးရေး (AGD) ဘဏ်နှင့် မလေးရှားမှ May ဘဏ်တို့ ပူးပေါင်းဆောင်ရွက်သည့် ငွေလွှဲလုပ်ငန်း (ဓာတ်ပုံ - AGD / Facebook)
စင်ကာပူအစိုးရအနေဖြင့် AGD ဘဏ်၏ တရားဝင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်ရန် လျှောက်ထားမှုကို ပြီးခဲ့သည့် သီတင်းပတ်အတွင်းက ပယ်ချခဲ့ခြင်းမှာ အမေရိကန်နိုင်ငံ အပါအ၀င် အနောက်နိုင်ငံများ၏ စီးပွားရေးပိတ်ဆို့မှု ရုပ်သိမ်းခြင်းမရှိသေး၍ ဖြစ်နိုင်ကြောင်း လေ့လာသူများက ဆိုသည်။
AGD ဘဏ်မှ ဒါရိုက်တာ ဦးရဲမင်းဦးကမူ အဆိုပါ ငွေလွှဲလုပ်ငန်း လုပ်ကိုင်နိုင်ရန် မြန်မာအစိုးရ၏ ခွင့်ပြုချက်ရယူပြီး ဖြစ်သည့်အပြင် မိမိတို့အနေဖြင့် သက်ဆိုင်ရာ စင်ကာပူ ဘဏ္ဍာရေးဝန်ကြီးဌာနမှ ချမှတ်ထားသည့် စည်းကမ်းနှင့်အညီ လျှောက်ထားခြင်းဖြစ်ကြောင်း ပြောသည်။
၎င်းက “MAS ညွှန်ချုပ်က ဘာအကြောင်းပြချက်မှ မပေးဘဲ မတင်ပါနဲ့လို့ပဲ ပြောတယ်။ လျှောက်လွှာတောင် လက်ခံပြီး ယူမထားဘူး” ဟု ဆိုသည်။
AGD ဘဏ်အနေဖြင့် စင်ကာပူတွင် အလုပ်လုပ်ကိုင်နေသည့် မြန်မာနိုင်ငံသားများ မိသားစုထံသို့ ငွေလွှဲရာတွင် လုံခြုံစိတ်ချမှုရှိစေရန် ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ လုပ်ကိုင်ခွင့်ရရှိရန် ဆက်လက်ကြိုးစား သွားမည်ဖြစ်ကြောင်း ဦးရဲမင်းဦးက ပြောသည်။
စင်ကာပူနိုင်ငံတွင် တရားဝင် ငွေလွှဲလုပ်ငန်းလုပ်ကိုင်ရန် မြန်မာနိုင်ငံမှ AGD ဘဏ်နှင့် CB (သမ၀ါယမ) ဘဏ်တို့က ဆောင်ရွက်နေခြင်းဖြစ်သည်။
လက်ရှိအခြေအနေတွင် စင်ကာပူနိုင်ငံ၌ လာရောက်အလုပ်လုပ်ကိုင်နေသည့် ဘင်္ဂလားဒေရှ့်၊ နီပေါ၊ ဖိလစ်ပိုင်စသည့် နိုင်ငံသားများအတွက်မူ တရားဝင်ငွေလွှဲလုပ်ငန်း လုပ်ကိုင်ခွင့်ကို စင်ကာပူ ငွေကြေးဆိုင်ရာ အာဏာပိုင်အဖွဲ့က ခွင့်ပြုထားသည်။
စင်ကာပူနိုင်ငံတွင် လာရောက် အလုပ်လုပ်ကိုင်နေသည့် မမိုးမိုးက “ဘဏ်တွေဖွင့်ပြီး တရားဝင်လွှဲရရင်တော့ ပိုအဆင်ပြေတာပေါ့၊ အခုတော့ ကြုံသလို ဆိုင်တွေမှာ တရားမ၀င် လွှဲရတာပေါ့။ လိမ်ရင်လည်း ခံရတာပဲ” ဟု ပြောသည်။
ပြီးခဲ့သည့်နှစ် ဒီဇင်ဘာလက စင်ကာပူရှိ တရားမ၀င် ငွေလွှဲလုပ်ငန်းလုပ်ကိုင်သည့် ရွှေရတနာ Trading မှ အမျိုးသမီးတဦး စင်ကာပူဒေါ်လာ သန်းနှင့်ချီ၍ လွှဲငွေများ လိမ်လည်မှု ဖြစ်ပွားခဲ့သေးသည်။
ပြည်ပနိုင်ငံများ၌ နိုင်ငံခြားငွေ လွှဲပြောင်းရေးလုပ်ကိုင်ရန် AGD ဘဏ်၊ ဧရာဝတီဘဏ်၊ ကမ္ဘောဇဘဏ် (KBZ)၊ CB ဘဏ်တို့ကို မြန်မာအစိုးရသည် ယခုနှစ် ဇန်န၀ါရီလအတွင်းက လုပ်ကိုင်ခွင့်ပြုခဲ့ခြင်း ဖြစ်သည်။
ယခုအခါ AGD ဘဏ်သည် မလေးရှားနိုင်ငံ၌ May ဘဏ်၊  CIMB ဘဏ်တို့နှင့် ပူးပေါင်းကာ ငွေလွှဲလုပ်ငန်းကို တရားဝင်လုပ် ဆောင်နေပြီဖြစ်သည်။
KBZ ဘဏ်က ထိုင်းနိုင်ငံ၊ CB ဘဏ်က May ဘဏ်နှင့် ပူးတွဲ၍ မလေးရှားနိုင်ငံတို့တွင် ငွေလွှဲလုပ်ငန်းကို စတင်လုပ်ဆောင်မည်ဟု သိရသည်။
ဧရာဝတီ
Unknown at 11:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းကို ဦးခွန်ထွန်းဦး ဝေဖန်

ရှမ်းအမျိုးသား တဦးဖြစ်သည့် ဒုသမ္မတ ဒေါက်တာ စိုင်းမောက်ခမ်းသည် အစိုးရအဖွဲ့တွင် လူမှုရေးလုပ်ငန်းများသာ လုပ်ကိုင်နေရသည့် ရုပ်သေးသမ္မတ တဦးဖြစ်ကြောင်း ရှမ်းအမျိုးသားများဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးက ဝေဖန်လိုက်သည်။
“(ဒေါက်တာ) စိုင်းမောက်ခမ်းရဲ့ အဆင့်ကဘာလဲ၊ သာရေးနာရေး သမ္မတပဲ။ ဘာလုပ်ရလို့လဲ၊ မီးလောင်ရင်သွားရတယ်” ဟု ပြီးခဲ့သည့် မတ်လ နှောင်းပိုင်းအတွင်း ရန်ကုန်မြို့၌ ဧရာဝတီမဂ္ဂဇင်း အယ်ဒီတာ ကိုအောင်ဇော်နှင့် တွေ့ဆုံမေးမြန်းစဉ် ပြောကြားခဲ့သည်။
ရှမ်းအမျိုးသားများ ဒီမိုကရေစီအဖွဲ့ချုပ် (SNLD) ဥက္ကဋ္ဌ ဦးခွန်ထွန်းဦးနှင့် ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း (ဓာတ်ပုံ - ဧရာဝတီ၊ Reuters)
အစိုးရသစ်လက်ထက် ဒု သမ္မတရာထူးကို ရှမ်းအမျိုးသားတဦးအား ပေးအပ်ထားခြင်း၊ ကျားဖြူပါတီဟု လူသိများသည့် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီ (SNDP) တို့ လွှတ်တော်သို့ တက်ရောက်ခွင့် ရရှိခြင်းတို့ကိုကြည့်၍ တိုင်းရင်းသားအခွင့်အရေး အပြည့်အ၀ ပေးထားသည်ဟု ပြောဆို၍ မရကြောင်းလည်း ဦးခွန်ထွန်းဦးက ဆက်လက်ပြောသည်။
ဒု သမ္မတ ဒေါက်တာ စိုင်းမောက်ခမ်း၊ ကျားဖြူပါတီ ဒု ဥက္ကဋ္ဌ ဦးစိုင်းဆောင်ဆီတို့သည် ဦးခွန်ထွန်းဦးနှင့်အတူ ရှမ်းပြည်အတိုင်ပင်ခံကောင်စီဖွဲ့စည်းစဉ်က ပါဝင်ခဲ့ကြသူများဖြစ်သည်။
ထိုသို့ ရှမ်းပြည်အတိုင်ပင်ခံကောင်စီ ဖွဲ့စည်းခဲ့သည့်အတွက် ဦးခွန်ထွန်းဦသည် တခြားသော ရှမ်းခေါင်းဆောင် ၈ ဦးနှင့်အတူ အမျိုးသားညီလာခံကို ဖျက်လိုဖျက်ဆီး ပြုလုပ်မှု၊ နိုင်ငံတော်ပုန်ကန်မှုတို့ဖြင့် ၂၀၀၅ ခုနှစ် ဖေဖော်ဝါရီလတွင် ထောင်ဒဏ် ၉၃ နှစ် ချမှတ်ခံခဲ့ရသည်။ ယခုနှစ် ဇန်နဝါရီလတွင် သမ္မတ၏ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် တောင်ငူအကျဉ်းထောင်မှ လွတ်မြောက်လာခဲ့သည်။
SNLD ပါတီသည် လာမည့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်ရန်အတွက် ပြီးခဲ့သည့် မတ်လအတွင်းက ပြည်ထောင်စု ရွေးကောက်ပွဲ ကော်မရှင်တွင် မှတ်ပုံတင်ခဲ့သည်။
“တန်းတူအခွင့်အရေး၊ ကိုယ်ပိုင်အုပ်ချုပ်ခွင့် ပြဋ္ဌာန်းရေး၊ စစ်မှန်တဲ့ ဖက်ဒရယ်ရဖို့အတွက်က ပါလီမန်ထဲဝင်ပြောရမယ်” ဟု ဦးခွန် ထွန်းဦးက ဆိုသည်။
Unknown at 10:39 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘာမှ မဟုတ်ပါဘူး




(၂၀) ရက်နေ့ နေ့လည် ၁၁ နာရီက City Star ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ဗမာ့နိုင်ငံရေးမိတ်ဆွေပါတီများရဲ့ ရွေးကောက်ပွဲအတွေ့အကြုံရှင်းလင်းပွဲမှာ မြန်မာအမျိုးသားကွန်ဂရက်ပါတီက ဦးကောင်းမင်းထွဋ်က ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သူမရဲ့ ဖခင်လို အမျိုးသားခေါင်းဆောင်ကြီး မဟုတ်ကြောင်းအောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ် - 


““ဒေါ်စုကို နိုင်ငံရေးမှာပြန်ပါဖို့၊ ၉၀ ရလဒ်ကိုစွန့်လွှတ်ဖို့ ပါတီမှတ်ပုံတင်ဖို့ တိုက်တွန်းခဲ့တာ ကျနော် ပထမဆုံးဖြစ်နိုင်ပါတယ်””

““၈၈မှာ ကျောင်းသူတွေ သွေးထွက်သံယိုဖြစ်နေတဲ့အချိန် ဒေါ်စုကို လမ်းပေါ်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး””

““ဒေါ်စုဟာ အမျိုးသားခေါင်းဆောင်မဟုတ်ပါဘူး။ ဒီမိုကရေစီခေါင်းဆောင်တွေအများကြီးထဲက တစ်ဦးသာဖြစ်ပါတယ်။ ဒေါ်စုဟာ ၈၈ ကျောင်းသားတွေကို မွေးဖွားပေးခဲ့တာမဟုတ်ပါဘူး။
ဒေါ်စုဟာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း ကြေငြာမှ လမ်းပေါ်ထွက်လာတာဖြစ်ပါတယ်””

““အန်အယ်လ်ဒီဟာ ၉၀ မှာ အင်အားကြီးကြီးနဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဖျားရှုးသွားပါတယ်””

““အန်အယ်လ်ဒီက ဘာလို့ ကျနော့်ကိုအနိုင်ယူတာလဲ။ ကျနော့်ကိုအနိုင်ယူရင်ကော အရသာရှိသွားသလား။ အန်အယ်လ်ဒီအတွက် ငါးသိန်းကလွယ်ချင်လွယ်မယ်။ ကျနော်တို့အတွက် ငါးသိန်းက ရှိတာရောင်းပြီးလုပ်ရတာ။ ကျနော်လေယာဉ်ပျံနဲ့ စည်းရုံးရေးမဆင်းနိုင်ပါဘူး””

““နိုင်ငံရေးအရ မှားယွင်းတဲ့အပြတွေ ပြတယ်။ ရှုပ်ထွေးအောင်လုပ်ပစ်တယ်။ ဂျာနယ်တွေက ၀ိုင်းပြီး Lobby လုပ်ပေးတယ်။ အဲဒါနဲ့ နိုင်သွားတော့ ပျော်ကြပြန်ရော””    ဟုပြောကြားသွားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွတ်လပ်ရေးဖခင်ကြီးရဲ့ သမီးဆိုသော အရှိန်ဖြင့် ဈေးရောင်းပွဲတော်တွေလုပ်၊ရရှိလာသော ပိုက်ဆံများဖြင့် ရွေးကောက်ပွဲမတိုင်ခင် စည်းရုံးရေးဆင်းတဲ့နေရာ အရပ်ဒေသတွေမှာ ပေါပေါသီသီ သုံးနိုင်ပေမယ့်လည်း အခုလိုဖွဲ့စည်း ပါတီသစ် တွေမှာ အခက်အခဲ တော်တော်များများ ရှိနေကြောင်းတွေ့ရှိရသည်။မီဒီယာတွေဘက်မှ ပြန်လည်ကြည့်ရူလျှင်လည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်သည့် ခရီးစဉ်တိုင်း ဒေါ်စု အိမ်ကနေထွက်တာ၊လမ်းမှာထမင်းစားတာ၊အိမ်သာတက်တာ၊သေးပေါက်တာက အစ  သတင်းအနေနဲ့ထုတ်ပြနေကြောင်းလည်း တွေ့ရှိရပါသည်။ကျန်ပါတီများစည်းရုံးရေးဆင်းတာ၊ပြည်
သူ့အတွက်လုပ်ဆောင်ပေးတဲ့ အရာမျိုးတွေကို တော့ ချန်လှပ်ထားကြောင်းကိုတော့ အများပြည်သူများ တွေ့ရှိကြမှာဖြစ်ပါသည်။ 


Myanmar Express
Unknown at 10:33 AM 4 မှတ်ချက်ကလေးရေးပေးနော်.
Share

သင်္ကြန်ဒုတိယအကြတ်နေ့ကဖြစ်ပွားခဲ့တဲ့ မင်းမဲ့စရိုက်ဆန်ဆန် သောင်းကျန်းမှု

ဓါတ်ပုံ(Google Images)
မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ် ထင်းရူးကျေးရွာမှာ သင်္ကြန်ဒုတိယအကြတ်နေ့  ဧပြီလ ၁၅ ရက်နေ့ နေ့လည်(၁း၃၀)နာရီခွဲက လမိုင်းအပိုင်ကော့ဒွတ်ကျေးရွာမှ လူငယ်အများစုနဲ့ သံဖြူဇရပ်အပိုင်အနင်းကျေးရွာမှ လူငယ်အချို့ (စုစုပေါင်း၂၅ယောက်ခန့်) 
Canter အမြင့်(ဒေသအခေါ် ရှမ်းကား / လိုင်စင်မဲ့) တစ်စီးနဲ့ရောက်လာခဲ့ပြီး ရွာခံလူငယ်

အချို့ကို လေးခွနဲ့ပစ်၊ အုတ်ခဲကျိုး၊ခဲလုံးများဖြင့်ပစ်
ပေါက်၊ ဒါးနဲ့လိုက်ရမ်း၊ ပေါက်တူးဖြင့်ခုတ်၊ 
သံတုတ်ဖြင့်ရိုက် လက်နက်မျိုးစုံနဲ့ သောင်းကျန်းချင်တိုင်း သောင်းကျန်းခဲ့ကြပါတယ်။

 ထွေလာဂျီ တစ်စီးရဲ့ရှေ့ မှန်ကိုလည်း ရိုက်ခွဲခဲ့ပါတယ်။
 
လက်နက်မျိုးစုံဟာ သူတို့ကားနဲ့ တစ်ပါတည်း ယူဆောင်လာခဲ့ ကြတာပါ။ ဖြစ်ရပ်ပြီးပြီးချင်းမှာပဲ ကျေးရွာအုပ်ချုပ်ရေးမှုးဦးသောင်းနဲ့ ထင်းရူးရဲစခန်း

 စခန်းမှုးသန်းထိုက် ထံမှာ တိုင်တန်းဖို့သွားခဲ့ကြပါတယ်။ သို့သော်တစ်ယောက်မှ မတွေ့ခဲ့ရပါ။ 
ရဲတပ်ကြပ်ကြီးတစ်ယောက်နဲ့ တပ်သားနှစ်ယောက်လိုက်လာပြီး သက်သေခံကျန်ရစ်ခဲ့တဲ့ ဓါးတစ်လက်ကိုသိမ်းဆည်းပြီး ထိခိုက်ဒဏ်ရာ ရရှိမှု မှတ်တမ်း ယူသွားခဲ့ပါတယ်။
သို့သော် ယနေ့အထိအရေးယူမှု တစ်စုံတရာ မပြုလုပ်ပေးကြပါ။ ငြိမ်းချမ်းနေပြီဖြစ်တဲ့ဒေသမှာ တရားဥပဒေစိုးမိုးမှုက မေးခွန်းထုတ်စရာပါ။

 
နှစ်ဆန်းတစ်ရက်နေ့မှာ စခန်းမှုးကို အမှုအကြောင်းမေးမြန်းတော့ အမှုဖွင့်ချင်ရင် သံဖြူဇရပ်မြို့နယ်ရဲစခန်းမှာမှ ဖွင့်လို့ရမယ်လို့ပြောပါတယ်။ ထင်းရူးကျေးရွာဟာ 

သံဖြူဇရပ်မြို့နယ်နဲ့ ၁၈ မိုင်ခန့်ဝေးပါတယ်။

 
ပြီးတော့လည်း အဲဒီစခန်းမှုးဟာ ငွေမရနိုင်တဲ့အမှုဆိုရင် လုံးဝကိုင်တွယ်လေ့မရှိသူအဖြစ် အဲဒီရွာမှာ နာမည်ကျော်ပါတယ်။ အစိုးရအာဏာစက် သက်ရောက်မှုအားနည်းတဲ့ဒေသမျိုးမှ
ာ စခန်းမှုးတစ်ယောက် ကာလရှည်ကြာ ရှိနေခြင်းဟာ မရိုးသားမှုတွေ ဖြစ်လာစေမှာ အသေအချာပါ။
 ကျေးရွာလူထုက အမှန်တကယ်အားထားယုံကြည်ရတဲ့ ကျေးရွာအုပ်ချုပ်ရေးမှုးဆိုတာလည်း အဓိကလိုအပ်ချက်ပါ။အခုဖြစ်တဲ့ အမှုအတွက် ထင်းရူးလူငယ်တွေနဲ့ ရပ်မိရပ်ဖ လိုချင်တာက လက်နက်မှု နာကျင်စေမှုတွေနဲ့ အရေးယူ မပေးနိုင်ရင်တောင် တရားဝင်တောင်းပန်မှုလောက်ဖြစ်ဖြစ်ပါ။

ကျော်ဇေယျ 

Myanmar News Now
Unknown at 10:27 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မရှိမကောင်း ရှိမကောင်း ၊ မပေါင်းလည်းခက် ပေါင်းလည်းခက်ကြသူများ

 


ဥရောပသမဂ္ဂက မြန်မာနိုင်ငံ အပေါ် အရေးယူပိတ်ဆို့ထားမှုများ အနက် လက်နက် တင်သွင်းတင်ပို့မှုမှလွဲပြီး ကျန်အရေးယူပိတ်ဆို့မှု အားလုံးကို တစ်နှစ်ကြာရပ်ဆိုင်းထားရန် သမဂ္ဂ၀င်နိုင်ငံများက မူအားဖြင့် သဘောတူညီလိုက်ပြီဖြစ်တယ်လို့ သတင်းတွေအရ သိရပါတယ် အလားတူပဲ ဗြိတိန်ကလည်း အကန့်အသတ်နဲ့ယာယီအားဖြင့်ရပ်ဆိုင်းပေးမယ် ၊ အခြားနိုင်ငံတွေကလည်း အလားတူ သဘောဆောင်တဲ့ အခြေအနေမျိုးနဲ့ စီးပွားရေးပိတ်ဆို့မှုကို ယာယီအားဖြင့်ရပ်ဆိုင်းပေးကြမယ် လို့ ဆိုပါတယ် ဒီလိုအနောက်နိုင်ငံတွေက ခုလိုလုပ်မှာကို ပြည်တွင်းက ဒေါ်အောင်ဆန်းစုကြည်က လည်း ထောက်ခံတယ်လို့ဆိုပါတယ်  ဒါတွေဟာ မကောင်းဘူးလို့ ပြောလို့မရ သလို ကောင်းတယ်လို့ လဲ ပြောလို့မရပါဘူး ။

ဘာလို့မကောင်းသလဲဆိုတော့ ဒီလို တစ်နှစ်တွေ ယာယီတွေအကန့်အသတ်တွေလုပ်နေရင်  ဥရောပနိုင်ငံတွေ  ဂျပန် အမေရိကန် အစရှိတဲ့ နိုင်ငံတွေက ခိုင်မာတောင့်တင်းတဲ့ ကုမ္ပဏီကြီးတွေဟာ အရင်းအနှီးကြီးကြီးနဲ့ အခြေခိုင်ခိုင် စိတ်ချလက်ချ လုပ်ရမယ့်အခြေအနေမျိုးတွေ မရှိသေးတဲ့အတွက် လာလည်းလာမှမဟုတ်ပါဘူး ဘာမှလဲ ရင်းနှီးမြှုပ်နှံမှာမဟုတ်ပါဘူး ပေါချောင်ကောင်းတွေ ရရင်ရသလောက်ဝင်လုပ်မယ် ပြန်ပိတ်ရင်လဲ ပြန်တာပေါ့ကွာဆိုတဲ့ အမြီးကျက်အမြီးစား ခေါင်းကျက်ခေါင်းစား ကုမ္ပဏီတွေပဲဝင်လာပြီး မြန်မာတွေ အခက်အခဲတွေ တွေ့နေရဦးမှာမို့ပါ .....။

တခြားကောင်းတဲ့ဘက်ကတွေးရင်တော့ အခြေခိုင်တဲ့ ကုမ္ပဏီကြီးတွေ ၀င်ရောက်ရင်းနှီးမြှုပ်ဘို့အတွက် အခြေခံလိုအပ်ချက်တွေဖြစ်တဲ့ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုဆိုင်ရာ ဥပဒေတွေ  မရှိသေးဘူး  The Union of Myanmar Foreign Investment Law ကလုပ်နေတုန်း ၊ money transaction အတွက် Banking ကောင်းကောင်းတွေ  အရင်ဝင်ရဦးမယ် ၊ stock exchange market တွေ လုပ်နေတုန်း ဒီဟာတွေအတွက် အချိန် တစ်နှစ်မကလိုတယ် ဒီ့အပြင် အဆင့်မီဆိပ်ကမ်းတွေ လျှပ်စစ်ဓါတ်အားလိုအပ်ချက်တွေကလည်းရှိနေတုန်းဆိုတော့ ခုဝင်မယ်ဆိုရင်လည်း ၀င်လို့အဆင်မပြေသေးတဲ့အတူတူ ဒီလိုအခြေခံအဆောက်အဦတွေ မြန်မြန်ပေါ် လာအောင် ဖိအားပေး တိုက်တွန်းတဲ့အနေနဲ့ ခုလို တစ်ဆင့်ခြင်းရုပ်သိမ်းတယ် ဆိုပြီး မြင်မယ်ဆိုရင် မြင်ပေးလို့ရတယ် ။

အကောင်းမြင်ပေးလို့မရတာက အစိုးရက အကျဉ်းသားတွေကို လပိုင်းအတွင်းမှာ ခုလိုပဲ တစ်ဆင့်ချင်း လွှတ်ပေးတုန်းက ဒါဟာ အကျဉ်းသားတွေကို နိုင်ငံရေးမှာဓါးစာခံလုပ်နေတာ မယားငယ်လစာပေးသလိုလုပ်နေတာစတဲ့ စွပ်စွဲချက်အမျိုးမျိုးနဲ့ မြန်မာမြန်မာချင်း အင်မတန်အသံကျယ်ခဲ့တဲ့ ပြည်တွင်း ပြည်ပ ကမီဒီယာတွေ ၊ Public Speaker လို့ခေါ်တဲ့ ပြည်သူ့ကိုယ်စား ပြောရေးဆိုခွင့်ရှိသူတွေ ၊ အတိုက်အခံနိုင်ငံရေးသမားတွေဟာ အနောက်နိုင်ငံတွေက ခုလိုကိုယ့်နိုင်ငံကို Sanction ကို နှစ်နဲ့ချီပြီး အချိန်ဆွဲပြီးနိုင်တိုင်းကျင့်နေတာကို ၊ ခင်ဗျားတို့စွပ်စွဲခဲ့သလို မယားငယ်ပေးပေး နေတာကို ဘာသံမှ မထွက်ရဲကြဘူး ၊ အ ကုန်ကြပြီ  ၊ နားမျက်စိတွေ ပင်းကုန် ကန်းကုန်ကြပြီ ၊ ရူးချင်ယောင် ဆောင်ကုန်ကြပြီ ...........။

ဒေါ်အောင်ဆန်းစုကြည် ကတော့ဖြင့်ရင် နေကောင်းတယ်မကောင်းဘူး ၊ ဦးထုပ်ဆောင်းတယ်မဆောင်းဘူး ဘယ်မင်းသားကတော့ဖြင့်ရင် မုန့်ဟင်းခါးထဲ ဘဲဥပါတာကြိုက်တယ်မကြိုက်ဘူး  ဘယ်မင်းသမီး အောက်စလွတ်တယ် မလွတ်ဘူး  ၊ ဘယ်အဆိုတော်ကတော့ဖြင့် ကလေးဘယ်နှစ်ယောက်မွေးမယ် မမွေးဘူး ဘယ်မော်ဒယ်ကတော့ဖြင့် ရင်သားကြီးလာအောင် ဆေးစားတယ်မစားဘူး ၊  ဘယ်အလှဖန်တီးရှင်အခြောက်ကတော့ ရက်အားတယ်မအားဘူးလောက်ရေးနေမယ့် အတူတူ ဘာမှမရေးတာအကောင်းဆုံးပါဘဲ .....။

ခင်ဗျားတို့ တိုင်းပြည်အတွက် လုပ်နေတယ်ဆိုတာ ယုံရခက်ကြီးပါဘဲ.....ဒီလိုစတုတ္ထမဏ္ဍိုင်မျိုး ရှိနေမယ့်အစား မရှိတာကမှကောင်းဦးမယ် ဗျာ.....မရှိမကောင်းရှိမကောင်း ၊ မပေါင်းလဲခက် ပေါင်းလဲခက် ၏ ဆိုတာ ခင်ဗျားတို့ကို ဆိုလိုတာများ ဖြစ်နေမလားတွေးနေမိတယ်....။

ဒေါက်တာဆိတ်ဖွား
Unknown at 10:18 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လူကြီးလူကောင်း


နိုင်ငံပိုင်သတင်းစာများနှင့် ဂျာနယ်တို့တွင် မျက်နှာဖုံးစာမျက်နှာတို့၌ နိုင်ငံတော်သမ္မတကြီးဦးသိန်းစိန်
နှင့် ဒေါ်အောင်ဆန်းစုကြည်တို့ လွတ် လပ်ရေးဗိသုကာကြီး ဗိုလ်ချုပ်အောင်ဆန်း၏ ဓာတ်ပုံရှေ့တွင် ယှဉ်တွဲလျှက် အတူရပ်နေသော သတင်းဓာတ်ပုံကို မြင်တွေ့ကြရသဖြင့် ၁၉၉၀ ခုနှစ်ဝန်းကျင်က အမရပူရမြို့၊ မဟာဂန္ဓာရုံကျောင်းတိုက် ယခုလက်ရှိ နာယကချုပ်ဆရာတော်ကြီးက သံဃာတော်များအား ''အဖေ့သားများနဲ့ အဖေ့သမီး အတူပေါင်း ပြီးလုပ်ဆောင်နိုင်ကြရင် ဒို့နိုင်ငံကြီး ကောင်းသွားမှာကွ'' ဟု ဖြစ်စေချင်၍  အားတက်သရော မိန့်ကြားတော်မူသောစကားကို အမှတ်ရမိပါသည်။ ဗိုလ်ချုပ်က တပ်မတော်ကို တည်ထောင်သွားသူ တပ်မတော် ဖခင်ကြီးဖြစ်၍ ထိုကဲ့သို့ ပြောဆိုခြင်းဖြစ်ပါသည်။ သေချာလှ၏။ လှည်းနေလှေ အောင်း ခေတ်အဆက်ဆက်ဖြစ်ခဲ့ ပျက်ခဲ့တာတွေက နိုင်ငံသားအချို့စိတ်တွင် 'သုမနကျောမှာ ဒဏ်ရာတွေနဲ့'ဟု ပြောရမယ့် သဘောမျိုး ဖြစ်ခဲ့ကြရ၏။  


ထိုသတင်းဓာတ်ပုံသည် ပြည်တွင်းရော ပြည်ပပါ မျှော်လင့်ခြင်းများစွာကို ဖြစ်စေ၏။ သည့်အပြင် နိုင်ငံတော်သမ္မတကြီး၏ မိန့်ခွန်းများ၊ ဖိတ်ခေါ်ကမ်းလှမ်းချက်များသည် ယခင်နှစ် ၆၀ ကာလ လုံးဝကြားခဲ့ဖူးခြင်းမရှိသော စကားလုံးတွေမို့ တိုင်းသားပြည်သူတို့မှာ နားဝင်စိမ့်မျှ ဘ၀င်တသိမ့်သိမ့် ကြည်နူးကြရ၏။ ''အဟောဝတ-သြော် ကောင်းလေစွာရယ်'' ဟု ဥဒါန်းကျူးကြူးပြီး ''ရွှေပြည်တော် မျှော်မဝေးတော့ပြီ'' ဟု လက်ခမောင်းခပ် ကြရမည့်သဘော။အထူးသဖြင့် နိုင်ငံတော်သမ္မတကြီး၏ Good Government, Clean Governance  ဟူ၍ မိမိနှင့်မိမိအစိုး ရကို ကောင်းမွန်ရှင်းသန့်စွာ အုပ်ချုပ်စီမံနိုင်စွမ်းသော အစိုးရမျီုးဖြစ်စေရမည်ဟု ကိုယ့်တာကို လုံစေရန် ကတိပြုလိုက်ခြင်းသည်ပင် ပြည်ထောင်စု နှင့်ပတ်သက်၍ သမ္မတကြီး၏ပင် ကိုယ်စိတ်အခံကို မှန်းဆနိုင်၏။ မြစ်ဆုံကိစ္စကိုလည်း ရဲဝံပြတ်သားစွာဖြင့် နိုင်ငံသူ/သားတို့၏ ပူပန်ခြင်းကို ပြေ ပျောက်စေ နိုင်ခဲ့၏။ ရေကန်တစ်ကန်၊ ချောင်းတစ်ချောင်း၊ မြစ်တစ်စင်းရင်းရသည့် ကိစ္စမျိုးမဟုတ်၍ တိုင်းသားပြည်သူတို့ ပူပန်ကြခြင်းမှာ အကဲဆတ်ခြင်း၊ မဟုတ်ဆိုတာကို သမ္မတကြီးနားလည်၏။

လွတ်ငြိမ်းချမ်းသာခွင့် ယခုလာပြီ၊ မကြာခင်မှာတော့ ပြည်ထောင်စု တစ်နံတစ်လျားမှ မိသားစုထမင်းဝိုင်းများတွင် လက်ရေတပြင်တည်း ၀ိုင်းဖွဲ့နိုင်ကြလျှင်ဖြင့် မိန်လိုက်မည့်ဖြစ်ခြင်း၊ တိုင်းသားပြည်သူတို့၏ နှလုံးစိတ်ဝမ်း ငြိမ်းချမ်းလိုက်မည်ဖြစ်အင်ကို တွေးဆရုံဖြင့် ကြက်သီးမွေးညှင်းထဖွယ်။

အမျိုးချစ်ပါလျှင် လူသားရင်း မြစ်တွေကို အရင်းချိုးပစ်နေသလို မျိုး နောင်တွင် လုံးဝမရှိပါမှ နိုင်ငံ၏ ဥပဓိတင့်တယ်။ ပြည်ထောင်စုသားတို့၏ လူနေမှုဘ၀ကို အာဃာတ ကင်းစင်စွာဖြင့် တည်ဆောက်ကြရပါမည်။ ကိုယ့်ပြည်၊ ကိုယ့်ရွာသာယာဖို့ဆိုလျှင် အစွမ်းအစရှိသော လူကြီးလူကောင်းများဖြင့်သာ တည်ဆောက်ကြရပါသည်။ ထိုသူတို့ကို မျိုးမတုံးစေရ၊ အစွမ်းအစမကင်းစေရပါ။ ဤကဲ့သို့ ခေတ်ပြောင်းစနစ်ပြောင်းမှာ လူကြီးလူကောင်းတို့ကသာ ဦးဆောင်ကြရမှာဖြစ်၏။

အုပ်ချုပ်ခွင့်အာဏာဖြင့် စီမံပိုင်ခွင့်ရသူ(လူကြီး)တို့သည် ပုထုဇဉ်ဖြစ်၍ အာဏာကို သာယာယစ်မူးတတ်၏။ ကရုဏာ(စာနာခြင်း) နှင့် အသိတိမ်နေလျှင် အနိုင်အထက်ပြုမူတတ်၏။ ထိုအခါလူကြီးသည် လူကောင်း မဖြစ်နိုင်တော့။ ထို့ကြောင့် အာဏာလက်ဝယ်ရှိ သူတို့မှာ ကရုဏာ+ပညာနှစ်ဖြာ ပြည့်စုံကြသူများဖြစ်သင့်၏  . . .

ပြည်သူလူထုနှင့်နေ့စဉ်အမြဲ ဆက်ဆံထိတွေ့နေကြရသော နိုင်ငံ့ဝန်ထမ်းအသီးသီးတို့သည်လည်း ခေတ်ပြောင်းစနစ်ပြောင်းနှင့် လိုက် လျောညီထွေ အံဝင်ခွင်ကျ ဖြစ်စေကြရပါမည်။ နိုင်ငံ့ဝန်ထမ်းဟူသော အမည်နှင့်အညီ မိမိတိုသည် နိုင်ငံသူ/ နိုင်ငံသားတို့၏ ၀န်တာကို ထမ်း ဆောင်နေသူများ၊ အလုပ်အကျွေးပြုသူများဖြစ်တာကို အမြဲအမှတ်ရနေကြရပါမည်။ ကိုယ့်လက်အောက်ငယ်သားကဲ့သို့ ပြည်သူလူထုကို မချေမ ငံဆက်ဆံခြင်း၊ ငေါက်ငမ်းခြင်းမျိုးတွေ အခုအချိန်တွင် မရှိသင့်တော့ပါဘူး။

နိုင်ငံဝန်ထမ်း ၊ ပုဂ္ဂလိက၀န်ထမ်းများကို အားလပ်ရက်တို့တွင် ထိုင်းနိုင်ငံလောက်တော့ ထွက်စေသင့်ပါသည်။ လက်အုပ်ကလေးတချီချီ၊ အပြုံလေး   တချိုချို နွေးထွေးလှိုက်လှဲ စိတ်ရှည်ရှည်ဖြင့် ဆက်ဆံလေ့ရှိသော သူတို့ ၏အမူအကျင့်များကို မြင်စေဖို့ဖြစ်ပါသည်။ လူအများနှင့်ဆက်ဆံသူတို့၏ သွင် ပြင်အမူအရာသည် ထိုနိုင်ငံ၏ပုံရိပ်ကို ထင်ဟပ်စေပါသည်။ လူအများနှင့် နေ့စဉ်ဆက်ဆံနေကြရသော ၀န်ထမ်းများကို ပြုံးတတ်အောင် လည်း သင်ပေးရန် လိုသေး၏။ နိုင်ငံတော်ရော ပုဂ္ဂလိကကုမ္ပဏီတို့မှာပါ။ ၀န်ထမ်းများစွာကို အပြုံးများပျောက်နေကြသည်ဟု ထင်ပါသည်။

စာရေးသူသည် လွန်ခဲ့သော နှစ်နှစ်ခန့်က ပုဂ္ဂလိကလေကြောင်းလိုင်းဖြင့် ထားဝယ်မြို့သို့ တရားဟောသွားရ၏။ အချိန်နီးငယ်နောက်ကျသွား၏။ လေယာဉ်ပေါ်အရောက်တွင် ဖောင်လာဖြည့်သူ လေယာဉ်မောင်ငယ်က နောက်ကျရကောင်းလားဟု ငေါက်ပါသည်။ ကိုယ့်ကလည်း ဦးဇင်းပေါက်စမဟုတ်၍ အသာပဲပြုံးနေလိုက်ရ၏။ ထားဝယ်တွင် နှင်းများစွာကျနေသဖြင့် ထိုနေ့က နံနက် ၆ နာရီခွဲဖလိုက်သည် ၉ နာရီကျမှ ရန်ကုန်လေဆိပ်က တက်ရပါသည်။

''ကျုပ်တို့လူမျိုးက အလွန်ငေါက်တတ်တယ်ဗျ၊ လိုင်းကားပေါ်ဆိုလဲ စပယ်ယာက ငေါက်၊ ဆေးရုံဆိုလဲ တံခါးစောင့်က ငေါက်နဲ့ ဘာလို့မှန်းမသိဘူး။ နေရာတိုင်းလိုလို အငေါက်ချည်းခံနေရတယ်။ ကျုပ်တို့ လူမျိုးလောက် စိတ်ထားမြင့်မြတ်တဲ့လူမျိုး ကမ္ဘာမရှိလောက်ဘူး။ ဘာလို့လဲဆို ပိုက်ဆံပေးပြီးတော့ အငေါက်ခံရတဲ့လူမျိုးမဟုတ်လား'' ဟု တရားပွဲများတွင် ပြောပြဖြစ်၏။ ယနေ့အခါ၌ ဟောက်စားငေါက်စား ဟောက်ဆာဂျင်များ ၀န်ထမ်း လောက၌ မ ရှိသင့်တော့ပါ။

မြန်မာစကားပုံ၌ ''မင်းပင်ကောင်းလျှင် မင်းမြောင်ဖျက်'' ဟူ၍ အဆိုပါရှိသည်။ မင်းတစ်ပါးတည်း ကောင်းနေရုံဖြင့် တိုင်းနိုင်ငံကြီး အားလုံးကောင်းပါပြီဟု မဆိုနိုင်သေး၊ မူးကြီးမတ်ရာ သေနာပတိ Governor တွေပါ။ အားလုံး Good Clean ဖြစ်ဖို့လိုအပ်ပါသည်။ သို့မှသာ ပြည်ထောင်စုဝန်ကြီးတစ်ခုလုံး ကောင်း မည်ဖြစ်၏။

ပြည်ထောင်စုကြီးကောင်းဖို့ဆိုလျှင် တစ်ဦးတစ်ယောက်တည်း ကောင်းနေရုံမျမဖြစ်နိုင်သေး၊ က လေးကစ အားလုံးရဟန်းရှင်လူခပ် သိမ်းသူတို့ လူကြီးလူကောင်းများ  ဖြစ်အောင် ယခုနှယ်ကပင် ပြင်ဆင် ကြရပေတော့မည်။မနက်ပိုင်း သီလကွန်စာဝါပို့ချရာ သောဏဒဏ္ဍသုတ်တွင် ''လူကြီးလူကောင်း''နှင့်ပတ်သက်သောစာဝါကို ပို့ချဖြစ်ပါသည်။ နိုင်ငံပိုင်သတင်းစာတို့၌ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်တော်ကြီးများ ကျေးရွာရပ်ကွက် အုပ်ချုပ်ရေးမှူး ဥပဒေနှင့်ပတ်သက်၍ ဆွေးနွေးနေချိန်နှင့်လည်း တိုက်ဆိုင်နေသဖြင့် စာ လိုက်သံဃာများကိုပင် ''လူကြီးဆိုတာ လူကောင်းဖြစ်ဖို့လည်း လိုအပ်တယ်'' ဟု လူကြီးလူကောင်းနှင့်နွယ်၍ ပိဋကတ်စာပေမှ သတ်မှတ်သောစံနှုန်းကို ရှင်း  ပြဖြစ်သည်။

ဘုရားမြတ်စွာ စမ္ဗါမြို့ ဂဂ္ဂရာ ရေကန်အနီးတွင် သီတင်းသုံးတော်မူခိုက် စမ္ဗါမြို့ကို အပိုင်စားရသော သောဏဒဏ္ဍပုဏ္ဏားကြီး ခြွေရံပုဏ္ဏားတို့နှင့်အတူ ရောက်လာ၏။ ဘုရားရှင်နှင့် မာကြောင်းသာကြောင်း အလ္လာပသလ္လာပ နှုတ်ဆက်စကားပြောဆိုကြပြီးနောက် ဘုရားမြတ်စွာက ပုဏ္ဏားကြီးကို ဤသို့မေးမြန်းတော်မူပါသည်။

'ပုဏ္ဏားကြီး၊ သင်တို့ ဗြာဟ္မဏလူမျိုးတွေမှာ 'လူကြီးလူကောင်း' ကို ဘယ်လိုသတ်မှတ်ရွေးချယ်ပါတုန်း ? 

''မြတ်စွာဘုရား၊ ဗြာဟ္မဏလူမျိုးတွေက ၁။ မိဘမျိုးရိုးကောင်းသူ၊ ၂။ ဗေဒင်သုံးပုံကို ပါရဂူမြောက် တတ်ပြီးသူ၊ ၃။ ရုပ်ရေအဆင်းပြေ ပြစ်သူ။ ၄။သီလ(စရဏ)ကောင်း မွန်သူ၊ ၅။အသိပညာ အတတ်ပညာ ရှိသူ-ဒီအင်္ဂါ ၅ ချက်နဲ့ပြည့်စုံသူကို  'လူကြီးလူကောင်း'လို့ သတ်မှတ်ပါ တယ်။ သူ့ကို 'လူကြီးလူကောင်း'လို့ ဆိုရင်လည်း မုသားဆိုခြင်း မဟုတ်ပါဘုရား''

ပုဏ္ဏားကြီးအကယ်၍ အင်္ဂါ ၅ မျိုးမဟုတ်ဘဲ ၄ မျိုးဆိုရင်ကော 'လူကြီးလူကောင်း'လို့ ဆိုနိုင်ပါသလား?

''၃ မျိုးနဲ့ပြည့်စုံတယ်ဆိုရင်ရော''

''ဒါဆို ၂ မျိုးနဲ့ပြည့်စုံမယ်ဆိုရင်ရော''

''ဆိုနိုင်ပါသေးတယ် ဘုရား၊ ဒီထက်တော့လျော့လို့မရတော့ဘူး ဘုရား၊ သူ့အသက်သတ်နေမယ်။ မတရားယူမယ်။ အဂတိလိုက်စားမယ်။ အမျိုးအစားလိုက်စားမယ်။ ယုံကြည်လောက်တဲ့စကားမရှိ၊ ယစ်ထုတ်ကြီး၊ အသိပညာအတတ်ပညာ ဘာမှမသိမတတ်ဆိုရင် မျိုးရိုးကောင်းတာ၊ ရုပ်ရည်အဆင်ပြေပြစ်တာ၊ ဗေဒင်တတ်တာ၊ ဒီသုံးမျိုးလုံးပြည့်စုံပေမယ့် ဗြာဟ္မဏတွေက သူ့ကို 'လူကြီးလူကောင်း'လို့ မဆိုကြလို့ပါဘုရား''ဟု လျှောက်ထားပါသည်။

ဘုရားရှင်က သီလ(စရဏ) ကောင်းသူသည် ပညာကြောင့် မာန်တတ်နေလျှင် သီလ(စရဏ)က ဆေးကြောစင်ကြယ်စေနိုင်၏။ သီလ(စရဏ)ကြောင့် သဘောကောင်းလွန်းနေပြန်လျှင်လည်း ပညာ(ဆင်ခြင်ဉာဏ်)က သုဓ်သင်စင်ကြယ်စေနိုင်၏။ သီလ(စရဏ)ပညာ နှစ်ဖြာ ချိန်ညှိနိုင်ပါမှ လူကြီးလူကောင်း ဖြစ်နိုင်၏ဟု အဆုံးသတ်မှတ်ချက် ပြုပေးတော်မူပါသည်။

ဗုဒ္ဓ၏ ဂုဏ်တော် ၉ ပါးတွင် ၀ိဇ္ဇာစရဏသမ္ဗန္နဂုဏ်တော်သည် နှစ်မျိုးပေါင်း တစ်ဂုဏ်တော်ဖြစ်၏။ ၀ိဇ္ဇာအသိနှင့် စရဏ(အကျင့်သီလ)နှစ်ပါးပြည့်စုံခြင်းကို ဆိုလို၏။ ပညာရှိ သူမှာ အကျင့်စရဏပြည့်စုံလျှင် စာနာခြင်း ကရုဏာလည်း အကျိုးဆက်အနေဖြင့် ပြည့်စုံလာတော့၏။အုပ်ချုပ်ခွင့်အာဏာဖြင့် စီမံပိုင်ခွင့်ရသူ(လူကြီး)တို့သည် ပုထုဇဉ်ဖြစ် ၍ အာဏာကို သာယာယစ်မူးတတ် ၏။ ကရုဏာ(စာနာခြင်း)နှင့် အသိ တိမ်နေလျှင် အနိုင် အထက်ပြုမူတတ်၏။ ထိုအခါလူကြီးသည် လူကောင်းမဖြစ်နိုင်တော့။ ထို့ကြောင့် အာဏာလက်ဝယ်ရှိသူတို့မှာ ကရုဏာ+ပညာ  နှစ်ဖြာ ပြည့်စုံကြသူများ ဖြစ်သင့်၏။ အာဏာရှိသူသည် မိမိအာဏာရှိမှသာ ကိစ္စတိုင်း၏ အကျိုး+အပြစ်ကို အစအဆုံး ပြည့်ပြည့်စုံစုံ သိမြင်နားလည်နိုင်၏။

ဥာဏ်ပညာသာရှိ၍ ကရုဏာမရှိပြန်လျှင်လည်း အပြစ်ဖြစ်စေနိုင်လောက်သောကိစ္စကိုပင် ကိုယ်ရေးကိုယ်တာအတွက် (သို့မဟုတ်) မိသားစုအတွက် သိသိကြီးဖြင့် လက်အောက်ငယ်သားများကို ခိုင်းစေမိတတ်၏။ ဆရာ့ အတွက် င၀က်သာဒဏ်ခတ်ခံပေတော့။ ကရုဏာလည်းရှိမှသာ အပြစ်ဖြစ်လောက်သောကိစ္စတို့၌ မစေခိုင်းဘဲ။ အကျိုးရှိမည့်ကိစ္စတို့၌ သာစေခိုင်း၏။ လူတို့သည် မည်သူက မည်ကဲ့သို့ဆိုတာကို နားလည်ကြ၏။ မပြောသာ ၍ တိတ်ဆိတ်နေကြခြင်းဖြစ်၏။ ကိုယ့်ကိုယ်အုပ်ချုပ်သူကို လူတိုင်းက'လူကြီးလူကောင်းများ' ဖြစ်စေချင်ကြ၏။ သီလသည် တရိတ္တ+၀ါရိတ္တ ဟူ၍ နှစ်မျိုးရှိ၏။ သူတော်ကောင်းတို့၏ ကျင့်စဉ်ကောင်းဖြစ်သော မေတ္တာ ဂရုဏာစသော ဗြမဟ္မစိုရ်တရာများ၊ ကြီးသူကိုရိုသေ ငယ်သူကိုသနား ရွယ်သူကိုလေးစားခြင်း ဟူသော လူ့တရား(နရာဓမ္မ)၊ မိဘနှင့်သားသမီး  ဆရာနှင့်တပည့် တိုင်းနိုင်ငံအုပ်ချုပ်သူနှင့် နိုင်ငံသူ/သားများစသဖြင့် လိုက်နာ ကျင့်ဆောင်ကြရမည် ကျင့်ဝတ်၊ လူမျိုး၏ကောင်းမွန်သော စရိုက်ဓလေ့ထုံးစံများသည် စာရိတ္တသီလမည်၏။

ပါဏာတ်ပါတစသဖြင့် ရှောင် ကြဉ်ကြရမည့် သိက္ခာပုဒ်များ၊ နိုင်ငံတော်မှ ပြဋ္ဌာန်းထားသော ပြစ်မှုဆိုင်ရာဥပဒေများသည် ၀ါရိတ္တသီလမည်၏။ ပညာကား အရာကျယ်ပြောလှ၏။ ဗုဒ္ဓခေတ်က ပညာသည် ကံသာလျှင် ကိုယ်ပိုင်ရှိ ဟူသော လောကအသိမှစ၍ လောကလွန်အသိ(လော ကုတ္တရာဉာဏ်)တိုင် မိန့်ဆို၏။ ၂၁ ရာစု အိုင်တီခေတ်၊ နည်းပညာခေတ်တွင် တတ်စရာသိစရာ ပညာတို့ကား များပြားလှ၏။

လုပ်ငန်းရှင်ကြီးများ၏ ငြီးတွားသံတို့ကို မီဒီယာများ၌ ဖတ်ရ၏။ အင်တာဗျူးများတွင် လာရောက်ဖြေဆိုသူ လူငယ်တို့သည် အသိသာရှိပြီး အတတ်မရှိသူများကြဟူ၏ နိုင်ငံတွင် ''တတ်သူ မနေ၊ နေသူ မတတ်'' ဟူ၍လည်း အားမလို အားမရ ဖြစ်နေကြရသည်။ တစ်ချိန်က အရှေ့တောင်အာရှမှာ ထိပ်တန်းဟု ဂုဏ်ယူဝံ့ကြွားခဲ့သော၊ ရွှေထီးဆောင်းခဲ့သော ရွှေနိုင်ငံတော်ကြီးသည် ''ခုတော့လည်း ဒါတွေပြီးခဲ့ပါပြီ'' ဟု ဆိုရမယောင်းတရားခံမည်သူ ဟူ၍ ယခုအခါအချင်းချင်း လက်ညိုးထိုးသူ့အပြစ်ကိုယ့်အပြစ် ပြောရကြမည့် အချိန်မဟုတ်တော့။

ပြည်ထောင်စုကြီး တိုးတက်ခေတ်မီဖွံ့ဖြိုးပြီး ဂုဏ်တင့်ဖို့ဂုဏ်မြင် ဖို့ဆိုလျှင် နိုင်ငံသားတိုင်းလူကြီး လူကောင်းများ ဖြစ်ကြရပါတော့မည်။ လူကြီးလူကောင်းဖြစ်ဖို့ဆိုလျှင် သီလ+ပညာနှစ်ဖြာပြည့်စုံကြရပါမည်။

အခုအခါ ထုတ်ဖော်ရေးသားခွင့်ကို အတိုင်းအတာတစ်ခုထိ ရေးသားခွင့်ရခြင်း၊ ပွင့်လင်းမြင်သာစွာ ပြောဆိုခွင့်ရှိလာခြင်းတို့အပြင် အင်တာနက်ဆိုက်များလည်း အတော်ပွင့်လာခြင်းတို့ကြောင့် စာများစွာ ဖတ်ခွင့်ရနေပါ သည်။ နိုင်ငံသားတိုင်း စာဖတ်ရှိန်မြင့်လာလျှင် ပညာပြည့်ဝ နှလုံးလှသော လူကြီးလူကောင်းတွေ ပိုများလာမည်။ ထိုအခါ သဘောထားကြီးမြတ်သူ၊ အတ္တနည်းပါးသူ၊ အချီအချ လက်ကျညီစွာလက်ရေတူသူ၊ အမျှော် အမြင်ကြီးသူတို့ သဘောဆန္ဒတူမျှကြပြီး ပူးပေါင်းဆောင်ရွက်ကြလျှင် ပြည်ထောင်စုသားတို့ မျှော်မှန်းသည့်အတိုင်း ဤခရီးကားအနီးကလေးသာ ဖြစ်လာပါမည်။စာရေးသူဇာတိ၊ ရွှေတောင်မြို့နယ်၊ ညောင်စာရေးရွာတွင် အစိုးရအလိုက် ရပ်ရွာအုပ်ချုပ်သူကို မည်သို့ပင် အမည်တွေ မှည့်ခေါ်ပါစေ။ သူကြီးခေတ်ကစလို့ ယနေ့တိုင် 'ရွာသူကြီး'ဟုသာခေါ်ဆိုကြ၏။ တစ်စုံတစ်ရာ ကိစ္စဖြစ်လျှင် 'လူကြီးပြော၊ လူကြီးသွား တိုင်ချေ၊ လူကြီးအိမ်သွား' စသဖြင့် ပြောဆိုလေ့ရှိကြ၏။

ပိုဆိုးတာက လူကြီးအရသာ တွေ့သွားခြင်းပင်ဖြစ်၏။ ပညာနည်း သူများပီပီ လူကြီးဖြစ်လိုက်တာနှင့် အများစုရှင်ဘုရင်စိတ်ပေါက်တာ သူ တို့ကိုယ်သူတို့ နယ်စားပယ်စားအ ထင်ရှိပြီး ထင်ရာစိုင်းတတ်ကြ၏။ အမှားအမှန် မဝေခွဲနိုင်ကြ။ ရွာ၏ ၀န်ထမ်းမဟုတ်ကြတော့ဘဲ ရွာ၏ ၀န်ထုပ်ဝန်ပိုးဖြစ်တတ်ကြ၏။ စာရေး သူဇာတိကဲ့သို့ ကျေးရွာတိုင်းလိုလို ဖြစ်ခဲ့ကြမည်ထင်ပါသည်။ ကျေးရွာ  ရပ်ကွက်အုပ်ချုပ်ရေးမှူးကို အစပြု၍ နယ်ပယ်အလိုက် စီမံခန့်ခွဲခွင့်ရသူ အာဏာပိုင်တို့သည် သီလ+ပညာ နှစ်ဖြာပြည့်စုံကြသော လူကြီးလူ ကောင်းဖြစ်စေကြရပါမည်။

တစ်ပတ်ကို ဂျာနယ်လေးစောင်  ဖတ်၍ ဖတ်ပြီးဂျာနယ်များနှင့် ကိုယ့် ဆောင်းပါးပါသော မဂ္ဂဇင်းများကို လူကြုံတိုင်းရွာက မိုးမိုးထံထည့်ပေး ပြီး ရွာသူ/ရွာသားများကို ဖတ်စေ၏။  မူလတန်းကျောင်းများကို အလှည့်ကျ ဂျာနယ်များကို ဝေငှပြီး ကလေးများကိုလည်း စာဖတ်အလေ့ရအောင် ဆရာမများအကူအညီဖြင့် အခုမှ ဆောင်ရွက်ပေးနေရ၏။

''ကလေး ကလေး အထင်မသေးနဲ့ ကလေးမှလူကြီးဖြစ်တာ ကလေးကောင်းမှ လူကြီးကောင်းမှာ လူကြီးကောင်းမှ အားလုံးကောင်းမှာ'' တဲ့။

EMG
Unknown at 10:16 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Online banking စတင်တော့မည့် ရတနာပုံ တယ်လီပို့





ရန်ကုန်မြို့ ဆာကူရာ တာဝါမှ စက်တင်ဘာလ ၆ ရက်နေ့က ကျင်းပခဲ့သော ရတနာပုံ တယ်လီပို့၏ ပုံနှိပ်မီဒီယာများနှင့် တွေ့ဆုံပွဲ အခမ်းအနားတွင် မြန်မာ့ ဆက်သွယ်ရေးလုပ်ငန်း သတင်း နှင့် နည်းပညာ ဌါနမှ  အင်ဂျင်နီယာချူပ် ဦးဇော်မင်းဦးက "ကျွန်တော်တို့ Portal တွေကနေ ဘဏ်တွေနဲ့ ချိတ်ဆက်ပြီး Online Payment တွေ ဆောင်ရွက်နိုင်ဖို့ စီစဉ်ထားပါတယ်။ ၀န်ဆောင်မှု ပေးမယ့် ဘဏ်တွေအဖြစ် လောလောဆယ် Asia green development ဘဏ် နဲ့ ယူနိုက်တက် အမရာ ဘဏ်တို့နဲ့ ချိတ်ဆက် ဆောင်ရွက်ဖို့ ညှိနှိုင်း ထားပါတယ်။ ရည်ရွယ်ချက်ကတော့ အွန်လိုင်းမှာဘဲ ဈေးဝယ်၊ ငွေချေလို့ ရသည်အထိ စီစဉ်ထားပါတယ်။ Ecommerce အောင်မြင်အောင် အကောင်အထည် ဖေါ်နိုင်ဖို့ Online banking စနစ်ကို ပီပီပြင်ပြင် ဆောင်ရွက်နိုင်မှ ရမှာပါ။ ဘဏ်ရဲ့ လုပ်ထုံးလုပ်နည်းတွေ Transaction တွေကို Online ကနေဆောင်ရွက် နိုင်ဖို့ အချိန်ယူ ညှိနှိုင်းရပါအုံးမယ်။ ဥပမာ ဘဏ်တွေက ညနေ ၃ နာရီဆိုပိတ်ပြီး User က ည ၈ နာရီလောက်မှာ ငွေသွင်းချင်တယ်။ ဒီလိုမျိုးတွေ အဆင်ပြေဖို့အတွက် ဘယ်လို ညှိနှိုင်းဆောင်ရွက်ရမလဲ စသဖြင့် အများကြီးပါဘဲ။"  ဟုပြောကြားခဲ့သည်။

"Online banking တွေရဲ့ အားသားချက်က ငွေစက္ကူအတိုင်း ကိုင်တွယ် သုံးစွဲရတာတွေ လျော့ချပြီး ငွေစက္ကူတွေ နာလို့ Print လုပ်ရတဲ့ ကုန်ကျစရိတ်တွေ မလိုလားအပ်တဲ့ ကုန်ကျစ၇ိတ်တွေကို အများကြီးလျော့ချနိုင်ပါတယ်။ ခေတ်တစ်ခုကနေ တစ်ခုပြောင်းတာဟာ မကြာတော့ပါဘူး။ သူများတွေ ရှေ့က လုပ်ပြီးသား ရှိနေပြီ ဆိုတော့ စမ်းတစ်ဝါးဝါး မဟုတ်ဘဲ အမြန်သွားလို့ မှီပါတယ်။" ဟု ငွေကြေးဆိုင်ရာ စီးပွါးရေး ပညာရှင် ဒေါက်တာ သောင်းဟန်ကလည်း ထောက်ပြ ခဲ့သည်။

လတ်တလော ၀န်ဆောင်မှုများအနေဖြင့် City Mark, Ocean, Blazon, Capital, Orange စသည့် နာမည်ကြီး စူပါ မားကတ် ငါးခုအပြင် အခြားသော စတိုးဆိုင်များမှ ကုန်စည်များကိုလည်း Online ဈေးဝယ် ၀န်ဆောင်မှုအဖြစ် စက်တင်ဘာလ ကုန်တွင် စတင်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ 



 Myanmar Express
Unknown at 10:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုဘယ်လ်ဆုရှင်များရဲ့The Elders အဖွဲ့မှ ဒေါ်အောင်ဆန်းစုကြည် အနားယူရမည်

ဒေါ်အောင်ဆန်းစုကြည် လွှတ်တော်နိုင်ငံရေးထဲ ၀င်ရောက်ခဲ့ပြီဆိုရင်
မြန်မာနိုင်ငံရဲ့ နိုင်ငံရေး၊ စီးပွားရေး၊ လူမှုရေး ပြုပြင်ပြောင်းလဲမှုတွေ
အောင်မြင်အောင် ဆထက်ထမ်းပိုး လုပ်ဆောင်နိုင်မယ်လို့ မိမိတို့ အနေနဲ့ ယုံကြည်ကြောင်း ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင်တွေ၊ကမ္ဘာ့ခေါင်းဆောင်တွေ
နဲ့ စုဖွဲ့ထားတဲ့ the elders အဖွဲ့က မနေ့က ကြေငြာချက်ထုတ်ပြန် လိုက်ပါတယ်။

ဒါ့အပြင် ဒေါ်အောင်ဆန်းစုကြည် အနေနဲ့ မြန်မာနိုင်ငံရဲ့ အမျိုးသား
ရင်ကြားစေ့ရေး လုပ်ငန်းစဉ်တွေ အဆင်ပြေအောင် ဆောင်ရွက်နိုင်မယ်လို့ ယုံကြည်သလို နိုင်ငံအနှံ့မှာ ဆက်လက် ဖြစ်နေတဲ့ လူ့အခွင့်အရေး ချိုးဖေါက်မှုတွေကိုလည်း အရေးယူ ဆောင်ရွက်နိုင်လိမ့်မယ်လို့ ယုံကြည်ကြောင်း ကမ္ဘာ့ ငြိမ်းချမ်းရေးနိုဘယ်ဆုရှင်တွေက ပြောပါတယ်။

တောင်အာဖရိကနိုင်ငံက ငြိမ်းချမ်းရေးနိုဘယ်ဆုရှင် သမ္မတဟောင်း နယ်လ်ဆင် မန်ဒဲလားက ၂၀၀၇ ခုနှစ်မှာ စတင်ဖွဲ့စည်းခဲ့တဲ့ ကမ္ဘာ့ခေါင်းဆောင်များအဖွဲ့ The Elders မှာ ဒေါ်အောင်ဆန်းစုကြည်က လည်း အဖွဲ့ဝင် ဖြစ်ပါတယ်။

သမ္မတဦးသိန်းစိန် အာဏာရလာခဲ့ပြီးကတည်းက နိုင်ငံရေး အကျဉ်းသားတွေ
လွှတ်ပေးခဲ့တာ၊ အလုပ်သမားဥပေဒတွေ ပြဌန်းခဲ့တာ၊ မီဒီယာ အကန့်အသတ်တွေ လျော့ချပေးခဲ့တာ စတဲ့ ပြောင်းလဲမှုတွေကိုလည်း ကမ္ဘာ့ငြိမ်းချမ်းရေး နိုဘယ်ဆုရှင်တွေက ချီးကျူးပြောဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ဟာ လက်ရှိ the elders အဖွဲ့မှာ ဂုဏ်ထူးဆောင်
နေရာမှာ ရှိနေတာ ဖြစ်ပြီး မကြာခင် လွှတ်တော်နိုင်ငံရေးထဲ ၀င်ရောက်တော့မှာ ဖြစ်တာကြောင့် The Elders အဖွဲ့ရဲ့ မူအရ အဲဒီနေရာ
ကနေ အနားယူတော့မှာ ဖြစ်တယ်လို့လည်း ကြေငြာချက်မှာ
ဖေါ်ပြထားပါတယ်။
RFA
 

သစ်ထူးလွင်
Unknown at 9:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.