Saturday, April 14, 2012

အဝေးရောက် မြန်မာပြည်သားများ အမိမြေမှ အတာသင်္ကြန်ကို အလွမ်းပြေ ကြည့်ရှုခံစားနိုင်ဖို့ Sky Net TV (Live) ရုပ်သံလိုင်းမှာ ကြည့်ရှုမယ်...။



အမိမြေရဲ့ အဝေးမှာရောက်ရှိနေကြတဲ့ ရွှေမြန်မာနိုင်ငံသားများ သင်္ကြန်အလွမ်းပြေ SkyNet TV Live ထုတ်လွှင့်ချက်ကို အောက်ပါ http://www.tvunetworks.com/downloads/player.html TVU Player (Version: 2.5.3.1) ပရိုဂရမ်အား ဒေါင်းလုပ်လုပ်ပါ..။ ပြီးရင် Channels နေရာမှာ လိုင်းနံပါတ် 99221 ကိုထည့်ပြီး တိုက်ရိုက် ကြည့်ရှုနိုင်ပါသည်။ မြန်မာနှစ်သစ်ကူး အတာသင်္ကြန်မှာ အမိမြေမှ မြန်မာပြည်သားများနဲ့ အဝေးရောက် မြန်မာပြည်သားများ မင်္ဂလာအပေါင်းနဲ့ ပြည့်စုံ ခညောင်းနိုင်ကြပါစေ...။

လင့်ခ် ပေးပို့ပေးတဲ့ ညီငယ် ကောင်းဆုလင်းအား ကျေးဇူးတင်ပါသည်...။
 
ဒီမိုဝေယံ
Unknown at 8:59 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘိုးတော်ကိုးကွယ် ၊ ချဲတွက်သောမြန်မာတို့နှင့် ကလင်ဒါကျ NLD

တနေ့သ၌ ကျွန်ုပ်သည် မြန်မာလူမျိုးတို့၏ ထူးဆန်းသောဓလေ့စရိုက်များအကြောင်းကို စဉ်းစားနေလေ၏ ၊ ထိုသို့စဉ်းစားမိသည့်အထဲတွင် မြန်မာတို့၏ ရိုးရာယုံကြည်ကိုးကွယ်မှုများအကြောင်းလည်းပါ၏ ၊မြန်မာအများစုတို့သည် ထေရ၀ါဒ ဗုဒ္ဓဘာသာဝင်များဖြစ်ကြသည့်အလျောက် ဗုဒ္ဓဘာသာကို အများစု ယုံကြည်ကိုးကွယ်ကြလေသည် ၊ တစ်ချိန်တည်းမှာပင် ထေရ၀ါဒ အဆုံးအမနှင့် လားလားဆန့်ကျင်သော နတ်ကိုးကွယ်ခြင်း ၊ ဘိုးတော် ယုံကြည်ခြင်း ၊ လက်ဖွဲ့ အင်း အိုင် အစရှိသည်တို့ကို အလွန်အမင်းယုံကြည်ခြင်းတို့ကို လည်း ပူးတွဲပြုလုပ်ကြပြန်လေ၏ ၊ ဘုရားစင်လည်းရှိ၏ နတ်အုန်းလဲဆွဲ၏ ၊ ဘိုးတော်ရုပ်ကိုလည်း ရေနွေးကြမ်းကပ်၏ ၊ အမ်းကုန်းဟုခေါ်သော ဦးတိပွားရုပ်ကိုလည်းတင်ထား၏ ၊ သူရဿတီမယ်တော်ကိုလည်း ပန်းဆက်ထားပြန်လေ၏ အံ့ဖွယ် မြန်မာတို့ပါတကားဟု တွေးမိ၏။

 ထိုသို့ပြုလုပ်ကြသူများထဲတွင် အဆင့်မြင့်ပညာတတ်ပါသည်ဆိုသော ပညာရှင်များလည်းပါ ၏ ၊ ဌာနဆိုင်ရာ အဆင့်မြင့်ရာထူးများကို ထမ်းဆောင်နေသူများလည်းပါ၏ ၊ ဆရာဝန်များလည်းပါ၏ စစ်ဗိုလ်များလည်းပါ၏ ၊ ကုန်သည်ကြီး ကုန်သည်လေး များမှ အစ ဈေးသည်များအဆုံး ပါ၏ ၊ ခြုံ၍ဆိုရသူ လူ့အဆင့်အတန်းမျိုးစုံပါ၏ ၊ ထိုသူတို့သည် စာပေပိဋကတ်အရာတွင်ကျွမ်းကျင်လှသော ဆရာတော် သမားတော်ကြီးများက ထိုသို့ပြုရန်မသင့်ပုံကို အကျိုးသင့်အကြောင်းသင့် ဆုံမတော်မူလျှင် ထိုဆရာတော်သမားတော်ကြီးများကို မဆိုင်းမတွဆိုသလို  မုန်းပစ်လိုက်ပြန်၏ ၊ ချဲနံပါတ်ပေးသော ဘုန်းကြီး ဘိုးတော် အစရှိသူတို့၏ ကျောင်းသင်ခန်းများတွင် လှူမည့်တမ်းမည့်သူများလှ၏ နေ့ညမပြတ် လူစည်ကားနေပြီး အမှန်တကယ် တရားကျင့်ကြံအားထုတ်နေတော်မူသော ဆရာတော်တို့ ထံတွင်ကား ကိုးကွယ်သူနည်းလှသည့် အဖြစ်ကိုကြည့်လျှင် ကိုးကွယ်သည့်အရာတွင် မြန်မာအများစုတို့ အလွဲကြီးလွဲနေပြီဟု မှတ်ယူရမည်သာဖြစ်၏ ။

အခြားဥပမာ တစ်ခုရှိသေး၏ ထိုင်းနိုင်ငံမှ ထုတ်သော ထီတစ်မျိုး၏ နောက်ဆုံး ဂဏန်း ၃ လုံးကို ယူကာ ချဲထီဟူသော အမည်ဖြင့် မြန်မာတို့ အစွဲကြီးစွဲနေသော ထီတစ်မျိုးရှိလေ၏ ၊ ထိုထီကို ထိုင်းနိုင်ငံတွင် လူအများရှေ့၌ ဖန်ပေါင်းချောင်ကဲ့သို့သောအရာထဲမှ ဂေါ်လီလုံးကလေးများကို နှိုက်ယူကာ ထီဖွင့်သည့်စံနစ်ဖြင့် ဆောင်ရွက်ကြသည်ကို ယခုကဲ့သို့ အိုင်တီခေတ်ကြီးထဲတွင် လူတိုင်းသိကြ၏ ၊ ထိုသို့သိပါလျှက်နှင့်ပင် မြန်မာတို့သည် ထိုဂဏန်းကို တွက်ကြလေ၏ ၊ ကြံကြံဖန်ဖန်တွက်နည်းပေါင်းမြောက်များစွာရှိလေ၏ ၊ ချိုင်းဟူသော ဂဏန်းများရေးထားသည့် စာရွက်အမျိုးမျိုးကို တစ်စိမ့်စိမ့်ကြည့်ကာ  ဖေါ်ထုတ်ကြသူများလည်းရှိ၏ ၊ နှစ်ရှည်လများက ပေါက်ဂဏန်းများကို စီကာစဉ်ကာရေးထားသည့် ကလင်ဒါ ဟူသော ပေါက်စဉ်ဇယားတစ်ခုပေါ်တွင် မျှားများ လေးထောင့်ကွက်များ ဖြင့် ရှုပ်ရှက်ခတ်အောင် ဆွဲရင်း ယခုလာမည့် ပေါက်ဂဏန်းကို မှန်းဆသူများကလည်းမရှား ၊ ထိုသို့ပြုလုပ်ရင်းမှ ဖေါ်ထုတ်ရရှိသော ဂဏန်းကို ကလင်ဒါကျ ဂဏန်းဟု ခေါ်ပြန်လေ၏ ။ ချဲပေးသော ဘိုးတော် ၊ ဘုန်းကြီးအစရှိသူတို့၏ ကိုယ်လက်နှုတ်အမူအယာ ၊ စားသောအစားအသောက် ၀တ်ဆင်သော အရောင် တို့ကို တစ်နေကုန်ထိုင်ကြည့်ကာ ချဲဂဏန်းဖေါ်နေသော အံ့ဖွယ် မြန်မာများလည်းရှိလေ၏ ။ကြက်ကန်းတိုး၍ တိုက်ဆိုင်သွားသူများလည်းရှိလေ၏ ၊ လွဲသွားသူတို့ကား ပို၍များ၏ ထိုသို့လွဲသွားသည့်တိုင် မြန်မာတို့သည် အရှုံးကို လက်မခံပဲ ပါဝါနှင့်ထွက်သွားသည်ဆိုကာ ဇွတ်ရော အတင်းရောဆိုသလို တည့်ယူကြပြန်လေ၏ ထိုပါဝါမှာလည်း မြန်မာပါဝါ ၊ ထိုင်းပါဝါဟူပြီး နှစ်မျိုးနှစ်စားခွဲကာ မိမိအယူအဆနှင့်မကိုက်မချင်းဇွတ် တွက်ယူကြပြန်လေ၏ ထူးဆန်းလှသော မြန်မာတို့၏ စိတ်ပါတကားဟု မှတ်ချက်ပြုမိလေ၏ ။

 
မြန်မာတို့အရူးထသည့် ချိုင်းတစ်မျိုး


  ထိုသို့ပြုလုပ်ကြသူများထဲတွင် အထက်က ဖေါ်ပြခဲ့သကဲ့သို့ အဆင့်မြင့်ပညာတတ်ပါသည်ဆိုသော ပညာရှင်များလည်းပါ ၏ ၊ ဌာနဆိုင်ရာ အဆင့်မြင့်ရာထူးများကို ထမ်းဆောင်နေသူများလည်းပါ၏ ၊ ဆရာဝန်များလည်းပါ၏ စစ်ဗိုလ်များလည်းပါ၏ ၊ ထိုချဲထီကို ဖမ်းရန်တာဝန်ရှိသော ရဲများလည်းပါ၏ ကုန်သည်ကြီး ကုန်သည်လေး များမှ အစ ဈေးသည်များအဆုံး ပါ၏ ၊ ခြုံ၍ဆိုရသူ လူ့အဆင့်အတန်းမျိုးစုံပါနေပြန်လေ၏ ။ထိုထီကိုလွယ်လွယ်ကူကူနှင့်ထိုးရသည်မဟုတ် အစိုးရက လောင်းကစားဥပဒေနှင့် ထိန်းချုပ်ထားသည့်ကြားမှ ပုံးကာဝှက်ကာဖြင့်မရရအောင်ထိုးရခြင်းဖြစ်လေ၏ ၊ ပေါက်လျှင်လည်းအလျှော်ရရန်မသေချာ ၊ ဒိုင်မည်သူမည်ဝါမှန်းမသိပဲ တဆင့်ခံဖြင့်ထိုးကာ အရူးကြီး ရူးကြလေသူ အများအပြားပင်ရှိသည်ကို တွေ့ ရပြန်ရာ ထိုမြန်မာတို့၏ အနာဂါတ်ကို တွေးရင်း စိတ်မသက်မသာဖြစ်မိ ၏ ။ထိုသို့လွဲနေကြသူများမှာ လူနည်းစုမဟုတ် လူများစုဖြစ်သည်ကို မြန်မာပြည်သူအားလုံး သိရှိကြလေ၏ ။ထီထိုးသည့်အရာတွင်လည်း မြန်မာတို့ လွဲပြန်လေပြီ...........။

မာယာမပါ ပရိယာယ်မပါ ရိုးရှင်းဖြောင့်မတ်တည်ကြည်လှသော သဗ္ဗေညုတရွှေဥာဏ်တော်ကြီးဖြင့် ဆုံမတော်မူခဲ့သော ဗုဒ္ဒ၏ အဆုံးအမများအခိုင်အမာရှိပါလျှက် တလွဲကိုးကွယ်ယုံကြည်နေကြသောမြန်တို့ ၊ မာယာမပါ လှည့်ကွက်မပါ ကံသက်သက်ဖြင့်လှည့်ထုတ်သော ထီမှန်းသိပါလျှက် ချိုင်းဖြင့်မှန်းသူမှန်း ကလင်ဒါ ဖြင့်ဖမ်းသူဖမ်း ဘိုတော် အားကိုးဖြင့် တွက်သူတွက် ဖြစ်ရလောက်အောင် အယူအဆလွဲသော မြန်မာတို့  မာယာ ပရိယာယ်များလှသော နိုင်ငံရေး ရွေးချယ်မှုတွင် အမှန်နဲ့ နိးစပ်စွာ ရွေးချယ်နိုင်ပါရဲ့လားဆိုတာ စဉ်းစားစရာ ပါ.... ......အများစုရွေးချယ်ခဲ့သည်ဆိုတိုင်း အမှန်ဖြစ်ပါရဲ့လား တွေးနေမိတယ်.....။

ဒေါက်တာဆိတ်ဖွား
Unknown at 8:27 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗြိတိန်ဝန်ကြီးချုပ် ရွှေတိဂုံသို့ သွားရောက်ကြည်ညို


ယနေ့ ည ၁၀ နာရီကျော် တွင် ရွှေတိဂုံဘုရားသို့ ဗြိတိန် ၀န်ကြီးချုပ် ဒေးဗစ်ကင်မရွန်း နှင့်အဖွဲ့ သွားရောက်ကြည်ညိုခဲ့ကြသည်။
ထိုခ၇ီးစဉ်သို့ နိုင်ငံပိုင်မီဒီယာများမှအပ မည်သည့် သတင်းမီဒီယာကိုမျှ သတင်းယူခွင့်မပြုခဲ့ဘဲ တားမြစ်ခဲ့ခြင်းခံခဲ့ရသည်။
ကျွန်ုပ်တို့သတင်းထောက်လည်း သတင်းယူရင်း တားမြစ်ခြင်းခံခဲ့ရသည်။

(PopularNews သည် နိုင်ငံပိုင် မီဒီယာတစ်ခုမဟုတ်ပါ)

ဒီလိုဓါတ်ပုံသတင်းရယူနိုင်ဖို့အတွက်ည ၇ နာ၇ီကတည်းက ဘုရားပေါ်မှာ Popular news journal က သတင်းထောက်တွေ သွားထိုင်စောင့်နေခဲ့တာပါ။ ဗြိတိန်ဝန်ကြီးချုပ်လာတော့မှ ဘုရားဂေါပက အဖွဲံက အရင်ဆုံးလာရောက်တားမြစ်ခဲ့ပါတယ်။နောက်တော့ ၀န်ကြီးချု့ပ်နဲ့ပါလာတဲ့ သံ၇ုံးအမှုထမ်းအမျိုးသမီးတစ်ဦးက လာရောက်တားမြစ်ခဲ့တာပါ။တားမြစ်ခဲ့တဲ့အတွက် ရသလောက်ပဲ သတင်းထောက်တွေရိုက်ယူခဲ့ပြီး ပိရိသတ်အတွက် တင်ပြခဲ့တာပါ။

 Popular Myanmar News Journal
Unknown at 8:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြန်မာ့ရိုးရာ NLD ဒီမိုကရေစီ သင်္ကြန်


















Myanmar Express
Unknown at 1:55 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ေ​ရာက္ရာ​အရပ္က print ထုပ္ဖို​႔ Google Cloud Print


Google Cloud Print Google က ကို​ယ့်​အိမ်က Printer ကို ဘယ်ေ​န​ရာ​က​မ​ဆို လှ​မ်းြ​ပီး Print ထု​တ်နိုင်တဲ့ Google Cloud Print ကို တီ​ထွင်ထား​ပါ​တ​ယ်။ ကို​ယ့်​အိမ်က ကွန်ပျူ​တာ​ဟာ Printer နဲ့​ချိတ်ထား​မ​ယ်၊ အင်တာ​နက်ချိတ်ထား​မ​ယ်၊ြ​ပီးေ​တာ့ Google Chrome ကို​လ​ည်း Install လုပ်ထား​ဖို့ေ​တာ့ လို​ပါ​လိ​မ့်​မ​ယ်။ အဲ​ဒီ​လို​ဆို​ရ​င် ကိုယ်က အင်တာ​နက်ရ​တဲ့ တျ​ခား​ကြန္ပ်ဴ​တာ​တစ္လံုး​ကေ​န Google Docs ကို အသံုး​ျ​ပဳ​ၿ​ပီး ကို​ယ့်​အိမ်က Printer ဆီ Print ထု​တ်နိုင်တာမျိုး၊ ဒါ​မှ​မ​ဟု​တ် ကို​ယ့် Mobile Phone ကေ​န Print ထု​တ်နိုင်တာမျိုးေ​တွ လု​ပ်နိုင်ပါ​လိ​မ့်​မ​ယ်။
ဘယ္လို​လုပ္ရ​မွာ​လဲ ဆို​ေ​တာ့
ကို​ယ့်​အိမ်က ကွန်ပျူ​တာ​မှာ Google Chrome ရဲ့​ Latest Version ကို install လုပ်ပါ။ြ​ပီး​တဲ့​အခါ​မှာ Chrome ထဲ​မှာ Cloud Print ကို enable လုပ်ရ​ပါ​လိ​မ့်​မ​ယ်။ လုပ်န​ည်း​အဆ​င့်​ဆ​င့်​ကိုေ​တာ့
http://www.google.com/landing/cloudprint/win-enable.html မှာြ​က​ည့်နိုင်ပါ​တ​ယ်။
ေ​နာက်ပို​င်း ကိုယ်ဘ​ယ်ေ​န​ရာ​မှ​ပဲေ​ရာ​က်ေ​နရော​က်ေ​န ကို​ယ့်​လက်ထဲ​မှာ Mobile Phone တစ်လုံး ရှိ​မ​ယ်၊ Wi-Fi Connection လ​ည်း ရှိေ​န​မယ်ဆို​ရ​င် Gmail for Moible ဒါ​မှ​မ​ဟု​တ် Google Docs for Mobile ကို အသုံးြ​ပုြ​ပီး ကို​ယ့်​အိမ်က Printer ဆီ Print ထု​တ်နိုင်ပါြ​ပီ။ Chrome Notebookေ​တွ​နဲ့​​လ​ည်း Print ထု​တ်နိုင်ပါ​တ​ယ်။
Google Cloud Print နဲ့​ ပတ်သ​တ်ြ​ပီး အေ​သး​စိတ်သိ​လို​ပါ​က
http://www.google.com/support/cloudprint/
kothihaoo
ba gyi thet
Unknown at 1:51 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.