Sunday, April 1, 2012

နေပြည်တော်မဲတွေကို NLD သိမ်းပိုက်ပြီလား


နေပြည်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ဝင်ပြိုင်ခဲ့ရာမှာ ဇမ္ဗူသီရိမြို့နယ်မှာ ဒေါ်စန္ဒာမင်း၊ ပုဗ္ဗသီရိမြို့နယ်မှာ ဦးဖြိုးဇေယျာသော်၊ ဒက္ခိဏသီရိမြို့မှာ ဦးနိုင်ငံလင်း၊ ဥတ္တရသီရိမြို့နယ်မှာ ဦးမင်းသူတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဧရာဝတီက နောက်ဆုံးရတဲ့ သတင်းများအရ ဦးနိုင်ငံလင်းက မဲရုံ ၁၇ တွင် မဲရေတွက်ရာမှာ ၁၆ ရုံမှာ အနိုင်ရရှိနေပြီး၊ ဦးဖြိုးဇေယျာသော်လည်း အနိုင်ရရှိသွားတယ်လို့ နေပြည်တော်ကိုရောက်ရှိနေတဲ့ သတင်းထောက်တွေက ပြောပါတယ်။

အလားတူ ဒေါ်စန္ဒာမင်းနှင့် ဦးမင်းသူတို့ နှစ်နေရာမှာလည်း မဲအကြိတ်အနယ်ဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ကျော်ခ
Unknown at 6:35 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ဧပြီ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲ မိနစ်အလိုက် နောက်ဆုံးရသတင်းများ

နောက်ဆုံးရသတင်းတွေနဲ့ ဓာတ်ပုံတွေကို တစ်စုတည်းကြည့်နိုင်တယ်

ဒီမှာ   ကလစ်လုပ်လိုက်ပါ...


ဘကြီးသက်..
Unknown at 6:16 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုဗ္မသီရိမြို့နယ်၏နောက်ဆုံးရ မဲသတင်းအခြေအနေ

ပြည်ခိုင်ဖြိုးပါတီ ၀ဏ္ကကျော်ထင်- စည်သူ-ဦးသာဌေး နှင့် NLD ပါတီ အဆိုတော် ဇေယျာသော် တို့ ၀င်ယောက် ယှဉ်ပြိုင်အရွေးချယ်ခံသည် ပုဗ္မသီရိမြို့နယ်၏နောက်ဆုံးရ မဲသတင်းအခြေအနေမှာ NLD ၆၀ % ပြည်ခိုင်ဖြိုး ၄၀ % ရပ်တည်လျှက်ရှိသည်ဟု နောက်ဆုံးရသတင်းအဖြစ် သိရှိရသည်။


မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အလက(၅)တွင် ဖွင့်လှစ်ထားသည့် မဲရုံ(၅) ရုံ အနက် အမှတ်(၃)မဲရုံတွင် NLD ပါတီ ကိုယ်စား လှယ်လောင်း ဒေါ်မေ၀င်းမြင့်မှ မဲ ၆၀၀ကျော် ကွာဟမှု ဖြင့် အနိုင်ရ ရှိနေကြောင်း သိရသည်။



နေပြည်တော်ကောင်စီနယ်မြေ ဥတ္တရသီရိမြို့နယ်အတွင်း အနိုင်ရ

ပါတီမဲစာရင်းကိုထုတ်ပြန်ကြေငြာထ

ားခြင်းမရှိသေးသော်လဲ NLD ပါတီမှ နေရာအတော်များများတွင်အသာရနေသည်ဟု NLD ကိုယ်စား လှယ်လောင်း ဦးမင်းသူ၏ အဖွဲ့ဝင်တစ်ဦးမှ Popular News အားသတင်းပေးပို့သည်။


မဟာအောင်မြေမြို့ နယ် ရှိ မဲရုံ ၁၀ တွင် NLD ကိုယ်စားလှယ်လောင်း ဦးအုန်းကြိုင် သာ အနိုင်ရရှိကြောင်း ထပ်မံသိရသည်။



ဒဂုံဆိပ်ကမ်းမြို့နယ် အမှတ်(၉၂) ရပ်ကွက် မဲရုံအများစုတွင် NLD မှ အပြတ်အသတ် အနိုင်ရရှိနေကြောင်း သိရသည်။



မြင့်မိုရ်တောင် မဲရုံ အမှတ် ၂ တွင် မဲပေးခွင့်ရှိသူ ၁၉၂၅ ဦးရှိသည့် အနက် ၉၉၉ ဦးလာရောက် မဲ ပေးပြီး ကြိုတင်မဲ ၁ မဲ ရှိကြောင်းသိရသည်။

မဲစာရင်းရလာဒ်မှာ

NLD ပါတီ - ၈၁၆ မဲ

ပြည်ခိုင်ဖြိုးပါတီ - ၁၁၄ မဲ

တစည ပါတီ - ၁၇ မဲ

NDF - ၉ မဲ

ပြည်သူ့ ဒီမိုကရေစီပါတီ - ၇ မဲ



တစ်သီးပုဂ္ဂလ ဦးကျော်ကျော် - ၂ မဲ

တစ်သီးပုဂ္ဂလ ဦးညွန့် ဦး - ၁ မဲ



ပယ်မဲများမှာ ၃၃ မဲရှိကြောင်းသိရသည်။


မရမ်းကုန်းမြို့နယ် အမှတ်(၃)ရပ်ကွက် အလက(၅)တွင် ဖွင့်လှစ်ထားသည့် မဲရုံ(၅) ရုံ အနက် အမှတ်(၃)မဲရုံရှေ့မြင်ကွင်း
သစ်ထူးလွင်
Unknown at 6:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နောက်ဆုံးသိရှိရသော မဲစာရင်းရလဒ်များ

ပခုက္ကူမြို့နယ်အတွင်း ..






စဉ်  ကျေးရွာအမည် NLD USDP ပယ်မဲ မှတ်ချက် ခြားနားချက်

၁ ရွှေတန်းတစ် ၈၂ ၁၂
နိုင် ၇၀

၂ ထိန်ပင်ကုန်း ၈၇ ၁၀
နိုင် ၇၇

၃ ပေါင်းငူစွန်း ၉၀ ၁၆ ၇ နိုင် ၆၄

၎ မြို့ဆိုး ၄ရပ်ကွက် ၆၇၀ ၃၀
နိုင် ၆၄၀

၅ မီးရထား ၁၇၅ ၄၃
နိုင် ၁၃၂

၆ ရှားတော ၂၆၃ ၂၉
နိုင် ၂၃၄

၇ မကျီးသုံးပင် ၁၂၅ ၉၇
နိုင် ၂၈

၈ ကွမ်းရွာ ၈၇ ၁၀
နိုင် ၇၇

၉ ဆိက္ခ၀ ၄၂၂ ၁၉၁
နိုင် ၂၃၁

၁၀ ကျထိုး ၃၈၉ ၃၈
နိုင် ၃၅၁

၁၁ ရေနံချပ် ၄၂၂ ၁၉၁
နိုင် ၂၃၁

၁၂ ၀က်ကုန်း ၁၆၀ ၅၆
နိုင် ၁၀၄

၁၃ လက်ပံပင်စု ၁၁၀ ၇
နိုင် ၁၀၃

၁၄ စစ်ပင်+ရွာအို ၁၅၆ ၁၅၂
နိုင် ၎

၁၅ BPI ၂၅ ၄၄
ရှုံး -၁၉

၁၆ ခလရ(၂၅၉) ၂၁ ၃၀၆
ရှုံး -၂၈၅

၁၇ ခလရ(၂၃၅) ၂၈ ၂၆၈
ရှုံး -၂၄၀

၁၈ ခလရ(၂၅၂) ၂၀ ၁၈၀
ရှုံး -၁၆၀

၁၉ ကျွဲတဲမဲရုံ (၁) ၁၉၉ ၁၂၈
နိုင် ၇၁

၂၀ မကျီးကန်အရှေ့ ၁၉၃ ၆၁
နိုင် ၁၃၂

၂၁ ကုန်းရွာသစ် ၄၂၂ ၁၉၁
နိုင် ၂၃၁

၂၂ တန့်ကြည့် ၄၈၆ ၃၉
နိုင် ၄၄၇

၂၃ ဗွက်ကုန်း ၁၆၀ ၅၆
နိုင် ၁၀၄

၂၄ မယ်ဇလီပင်ကုန်း ၂၃၇ ၂၀
နိုင် ၂၁၇











တောင်ငူမြို့ မဲဆန္တနယ်များမှ စာရင်းများကိုပေးပို့ပါသည်။ အမှတ် (ရ) ရပ်ကွက် NLD 405 ကြံ့ဖွံ့ ၁၄၆ /(၁၅) ရပ်ကွက် NLD 498ကြံ့ဖွံ့ ၈၉ NDF 6 ပာယ်မဲ ၂ မဲ။ ၁၆ ရပ်ကွက် NLD ၈၃၆ ကြံ့ဖွံ့ ၅၆ လောလောဆယ် သိရပါတယ်။
 တောင်ငူမြို့ ၁၇ ရပ်ကွက်မှ NLD 902 ကြံ့ဖွံ့ ၁၂၃ ခမောက်၁၃ မဲရရှိပါတယ်။

မကွေးမြို့နယ်ကန်ပြားတိုက်နယ်ပု
ထိုးစမ်းကျေးရွာ မဲစာရင်းမှာ 
အမျိုးသားဒီမိုကရေစီအင်အားစုပါတီ (၁)မဲ
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီ (၂၅၈)မဲတိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ  (၄)မဲ
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ
ံ့ဖြိုးရေးပါတီ (၈၉)မဲပယ်မဲ (၁၅)မဲ ဟုသတင်းရရှိပါသည်။
ပုထိုးကျေးရွာတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
ပါတီ မဲ (၅၀၀)ကျော်
ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွ
ံ့ဖြိုးရေးပါတီ (၁၂)မဲ
ကျန်မဲအပြဲအသတ်ဟု သတင်းရရှိပါသည်။



တောင်ငူမြို့နယ် ၁၆ ရပ်ကွကမဲစာရင်းလတ်တလော အနိုင်အရုံး NLD 800 ကျော် ကြံ့ဖွံ့ တစ်ရာနီးပါး ရရှိထား။


ယနေ့ ဧပြီလ (၁) ရက် နေ့ ကြားဖြတ်ရွေးကောက်ပွဲ တွင် မကွေးတိုင်း ၊ တောင်တွင်းကြီးမြို့ရှိ မဲပေးနိုင်သော် လည်း မဲပေးခွင့်မရသည့် လူထု က မဲပေးခွင့်ရရေးအတွက် ကော်မရှင်အဖွဲ့ခွဲသို့ သွားရောက် တောင်းဆိုမည်ဟု ဆိုသဖြင့် အမျိုးသားဒီမိုကရေစီရုံးတွင် လူ(၂၀၀)ကျော် ထားရကြောင်းသတင်းသိရှိရသည်။ 

ထိုလူအုပ် ကြီး တစ်ခုလုံးမှာ မဲပေးနိုင်သော်လည်း မဲပေးခွင့် မရရှိသည့် လူအုပ်ကြီးဖြစ်ပါသည်။



စစ်ကိုင်းတိုင်း မင်းကင်းမဲဆန္ဒနယ်..အထက(၁) မဲရုံတွင် တိုင်းကော်မရှင် အဖွဲ့ဝင်၊
မြို့နယ်ပညာရေးမှူးမှ မဲရေတွက်တဲ့နေရာကို မီဒီယာများ
စောင့်ကြည့်ခွင့်မပေးကြောင်း ၄င်းမဲဆန္ဒနယ်သို့ ရောက်ရှိနေသော
သတင်းထောက်တစ်ဦးမှ ပြောပြသည်။
မင်းကင်း မဲဆန္ဒနယ်တွင် အမျိုးသား
ဒီမိုကရေစီအဖွဲ့ချုပ်မှ..ဒေါ်ခင်
မွှေးလွင်၊ ပြည်ခိုင်ဖြိုးမှ ဒေါက်တာ
ဆန်းဝင်း၊ တစည မှ ဦးဌေးအောင် တို့ ယှဉ်ပြိုင်နေကြောင်း သိရသည်။


Myanmar News Now 

တောင်တွင်းကြီးမြို့ တွင်း မဲပေးခွင့် မရလို့ စောင့်ဆိုင်းနေတဲ့ လူအုပ်ကြီး

သစ်ထူးလွင်
Unknown at 5:38 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကလောမြို့နယ် နန်းရုပ်မဲရုံမှာ ပအိုဝ့်အမျိုးသား အဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့


ကလောမြို့နယ် နန်းရုပ်မဲရုံမှာ ပအိုဝ့်အမျိုးသား အဖွဲ့ချုပ်ပါတီက မဲအပြတ်အသတ်နဲ့ အနိုင်ရခဲ့တယ်လို့ အန်အယ်လ်ဒီပါတီရဲ့ အောင်ပန်းလူငယ်တာဝန်ခံ ကိုလင်းမောင်မောင်က ပြောပါတယ်။ မဲပေးရမယ့် ၃၂၂ ဦးတွင် ၃၂၁ ဦး လာရောက် မဲပေးခဲ့ပြီး ပအိုဝ်အမျိုးသား အဖွဲ့ချုပ်က မဲအရေအတွက် ၂၉၀ ကျော်နဲ့ နိုင်သွားတယ်လို့ ပြောပါတယ်။
“ပြီးသွားပြီ ရေနေကြတယ်။ ကျနော်လည်း နားမလည်ဘူး ဖြစ်နေတယ်။ အဲဒီ ကိစ္စကို အမှန်က ၄ နာရီမှာ ရေရမယ်လို့ ပြောထားတာကို။ တချို့ရွာတွေမှာ ရေထားတယ်။ ကျနော်တို့ ပအိုဝ်ဒေသ ဖားအောက်ရွာမှာ နမ့်စုံဆိုတဲ့ ရွာမှာပေါ့ အဲဒီမှာ ရေပါတယ် ပြီးသွားပြီ။ မဲပေးရမယ့်လူက ၃၂၂ ယောက်မှာ ၃၁၂ ယောက် လာပေးပါတယ်။ ကျန်တဲ့လူက မဲလာမပေးပါဘူး။”
ဘယ်ပါတီ နိုင်တယ်လို့ ကြားလဲ။
“အဲဒီမှာ ပအိုဝ်က ၂၉၀ ကျော်နဲ့ နိုင်ပါတယ်။ အန်အယ်ဒီက ၁၄ မဲလောက် ရပါတယ်။”
အခု ကလောဘက်က ရွာတွေမှာ ကြံ့ခိုင်ရေးကနေပြီးတော့ မဲပေးရင် တယောက်ကို ၃၀၀၀ လောက် ပေးတာတွေ ဘာတွေ ရှိတယ်လို့ ကြားတယ်။ ဟုတ်ပါသလား။
“ဟုတ်ကဲ့ ကျနော်တို့ မဲဆွယ်စည်းရုံးရေးဆင်းတဲ့အခါမှာ ဒီကိစ္စတွေ သိရပါတယ်။ ကျနော်တို့ ဘယ်လိုအခြေအနေထိ ကြားသလဲဆိုရင် တချို့ရပ်ကွက်တွေမှာ ဆင်းရဲသားတွေပေါ့။ သူတို့က ခရီးစရိတ် လာပေးတယ် ဆိုပြီးတော့ပေါ့လေ) သူတို့ရဲ့ အမှတ်တံဆိပ်ပါတဲ့ စာရွက်တွေနဲ့ နောက်မှာ အဲဒီ ပေးမယ့်သူရဲ့ နာမည်နဲ့။ သဘောကဗျာ အပေါင်လက်မှတ်နဲ့ တူတယ်။ ဒီလက်မှတ်ကို ကိုင်ထားတဲ့လူတွေက အဲဒီမှာ မဲပေးပေါ့။ အဲဒီ သဘောမျိုးနဲ့ လျှို့ဝှက်စွာ သူ့အစီအစဉ်နဲ့ သူပေါ့။ ကျနော်တို့ သက်သေအထောက်အထား သိမ်းထားပါတယ်။ ပို့ပေးပါ့မယ်။”

 ရှမ်းပြည်မြောက်ပိုင်း မဲဆန္ဒနယ်မြေအမှတ် ၃ ထဲမှာ ပါဝင်တဲ့ တန့်ယန့်မြို့နယ်ထဲက မဲရုံတွေရွှေ့ပြောင်းရတဲ့အတွက် ကျေးရွာအုပ်စုပေါင်း ၈ ခုက ဒေသခံတွေဟာ ၈ မိုင်လောက်ဝေးတဲ့ မဲရုံကို လာပြီး မဲပေးရမှာဖြစ်ပါတယ်။ ဒါကြောင့် အဲဒီဒေသက ကျားဖြူပါတီအနေနဲ့ ဆန္ဒမဲ ၃၀ ရာခိုင်နှုန်းလောက် လျော့ကျသွားမယ်လို့ ဒေသတွင်းစည်းရုံးရေးဆင်းခဲ့သူ  တန့်ယန်းကျားဖြူပါတီက ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် စိုင်းထွန်းထွန်းဝင်းက ပြောပါတယ်။
“အခုအချိန်ထိတော့ အားလုံးကောင်းပါတယ်။”
မဲရုံတွေ ပိတ်မယ်လို့ သတင်းကြားတာတွေကရော။
“မဲရုံပိတ်တာတော့ မရှိဘူး။ ကျနော်တို့ နေရာရွှေ့တာပဲ နည်းနည်းပါးပါး ရှိပါတယ်။”
နေရာရွှေ့တာ ဘယ်ဒေသတွေမှာပါလဲ။
“ကျနော်တို့ တော်တော်လေး မြို့နဲ့အလှမ်းဝေးတဲ့ တန့်ယန့်မြို့နယ်ရဲ့ အရှေ့တောင်ဘက်မှာရယ်၊ နောက်ပြီးတော့ တောင်ဘက်လောက် နေရာကျတဲ့ နေရာတွေမှာပါ။”
ရွာဘယ်နှစ်ရွာလောက် ရှိလဲ။
“ကျေးရွာအုပ်စုကတော့ ၈ အုပ်စုပေါ့။ မဲရုံကတော့ ၂ နေရာပါ။ တောင်ဟျိုးမှာ ၄ အုပ်စု လာထည့်ရတယ်။ နောက်ပြီးတော့ ၀မ့်လွယ် ၄  အုပ်စု လာထည့်ရတယ် အဲဒီ ၂ နေရာပါ။ အခြေစိုက်တဲ့ ရွာကတော့ တောင်ဟျိုးကျေးရွာမှာ အခြေစိုက်တယ် ရွေ့တဲ့ရွာကတော့ ကောင်းလန်း၊ ဝမ့်ပုန်း၊ ပြီးတော့ နမ့်လပ်၊ အဲဒီ အုပ်စု ၃ ခုက တောင်ဟျိုးမှာ လာပြီးတော့ မဲထည့်ကြရပါတယ်။ တော်တော်လေး အလှမ်းဝေးပါတယ်။ ကာလမ်း မပေါက်ဘူး။ ဆိုင်ကယ်လမ်းလောက်ပဲ ရှိပါတယ်။ ဆိုင်ကယ် ရှိတဲ့လူကလည်း နည်းနည်းပါးပါးပါ။ အသက်ကြီးတဲ့ လူကြီးပိုင်းတွေ သူတို့ မသွားနိုင်ပါဘူး။ ခရီးက အနည်းဆုံး ၈ မိုင်လောက် ရှိပါတယ်။ နောက်တခု ထည့်တာကတော့ နမ့်ဆဲန်တောင်ထူအုပ်စု၊ ၀မ်ကောင်းဟိုင အုပ်စု၊ နောက်ပြီး အုံတုံ အဲဒီ ၄ ရွာမှာ ၀မ့်လွယ်မှာ လာပြီးတော့ မဲပေးဖို့ ကျနော်တို့ လုပ်ထားပါတယ်။ ဒါပေမယ့် ၀မ့်လွယ်က မိုင်းရှုးမြို့နယ်ထဲမှာ ပါထားတယ် ဆိုတဲ့အတွက် မိုင်းရှုးက ကန့်ကွက်ထားတယ်လို့ ကျနော်ကို မြို့နယ်ကော်မရှင် ဥက္ကဋ္ဌက ပြောပြပါတယ်။ ဒါပေမဲ့ မဲရုံထောင်ဖြစ်အောင်တော့ ထောင်နေပါတယ် အခု။”
တန့်ယန်းမြို့နယ်ထဲက အဆိုပါ ကျေးရွာအုပ်စုတွေဟာ ရှမ်းပြည်တပ်မတော် မြောက်ပိုင်း ထိန်းချုပ်နယ်မြေထဲမှာ ရှိနေတဲ့အတွက် တကယ်လို့  မဲရုံကိစ္စနဲ့ အစိုးရတပ်တွေ သူတို့နယ်မြေထဲရောက်လာရင် မလိုလားအပ်တဲ့ တိုက်ပွဲတွေ ဖြစ်မှာစိုးတယ်လို့ ရှမ်းပြည်တပ်မတော်မြောက်ပိုင်းက ရွေးကောက်ပွဲမတိုင်ခင် ၂ ရက် အလိုက ပြောထားတဲ့အတွက် ခုလို မဲရုံရွေ့ပြောင်းခဲ့ရတာလို့ ကျားဖြူပါတီ ကိုယ်စားလှယ်က ပြောပါတယ်။


တပ်နယ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးက အပြတ်သတ်နိုင်
(မြန်မာစံတော်ချိန် ညနေ ၂ နာရီခွဲ )
ပဲခူးတိုင်း တောင်ငူ၊ မန္တလေးတိုင်း ပြင်ဦးလွင်က တပ်နယ်တွေမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက အပြတ်အသတ်အနိုင်ရတယ်လို့ အဲဒီနယ်တွေမှာ ရွေးကောက်ပွဲ စောင့်ကြည့်နေသူတွေက ပြောပါတယ်၊ ဒါပေမယ့် ကျေးရွာတွေမှာတော့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က အပြတ်အသတ်အနိုင်ရပါတယ်၊ အဲဒီမဲဆန္ဒနယ်တွေမှာ နယ်မိသားစုတွေဟာ မဲပေးပိုင်ခွင့်ရှိသူအားလုံးရဲ့ ၁၀ ရာခိုင်နှုန်းတောင်မပြည့်ဘူးလို့ သိရပါတယ်၊

 မန္တလေးတက္ကသိုလ်မဲရုံမှူး မဲရုံမှာမရှိ
မန္တလေးတိုင်း မဟာအောင်မြေမြို့နယ် မဲဆန္ဒနယ်ထဲက မန္တလေးတက္ကသိုလ်က ဆရာဆရာမတွေကို တက္ကသိုလ်အာဏာပိုင်တွေက ရုံးပိတ်ရက် ဂျူတီချထားပြီးတော့ မဲပေးတာကိုလည်း အချိန်ကန့်သတ်ထားတယ်လို့ မန္တလေးတက္ကသိုလ်က ဆရာတဦးက ဒီဗွီဘီကို ပြောပါတယ်။

ကျောက်ပန်းတောင်းမှာ ဆန္ဒမဲမပေးရသူတွေ ဆန္ဒပြမှုဖြစ်ခဲ့
နော်နိုရင်း
မန္တလေးတိုင်း ကျောက်ပန်းတောင်းမြို့နယ်မှာ ဆန္ဒမဲပေးခွင့် ရှိလျှက်သားနဲ့ မဲပေးခွင့်မရတဲ့ ဒေသခံတွေက စုရုံးဆန္ဒပြခဲ့ကြပါတယ်။ ကျောက်ပန်းတောင်းမြို့ သာရေးရပ်ကွက်၊ လွတ်လပ်ရေးရပ်ကွက်မှာ အခုလို ဖြစ်ပွားခဲ့တာဖြစ်ပြီး ရဲတာဝန်ရှိသူတွေ လာရောက် စောင့်ဆိုင်းခဲ့ကြသလို အန်အယ်လ်ဒီပါတီဝင်တွေ တောင်းပန်တဲ့အတွက် ပြန်လည် ငြိမ်သက်ခဲ့တယ်လို့ ကျောက်ပန်းတောင်း အန်အယ်လ်ဒီ အောင်နိုင်ရေး အဖွဲ့က ကိုအေးခိုင်က ပြောပါတယ်။
 
ဧရာဝတီတိုင်း မအူပင်မြို့နယ် ပြည်သူ့လွှတ်တော်မဲဆန္ဒနယ်မှာ ရွေးကောက်ပွဲ အခြေအနေကောင်းပြီး အနိုင်ရဖို့များတယ်လို့ ကြံ့ခိုင်ရေးပါတီ ကိုယ်စားလှယ်လောင်း ဒေါက်တာမျိုးသန့်တင်က ပြောပါတယ်။
ရွေးကောက်ပွဲ အေးအေးချမ်းချမ်း မဲပေးနေကြတဲ့အကြောင်းနဲ့  မဲပြဿနာ တစုံတရာမရှိဘဲ  တရားမျှတတဲ့ ရွေးကောက်ပွဲ ဖြစ်တယ်လို့ ပြောပါတယ်။
မအူပင်မြို့နယ်ဟာ ၂၀၁၀ ရွေးကောက်ပွဲမှာ နယ်စပ်စည်ပင်ဝန်ကြီးဟောင်းနဲ့ လက်ရှိ  ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့် အနိုင်ရတဲ့နယ်မြေ ဖြစ်ပါတယ်။ ကြံ့ခိုင်ရေးပါတီက ဒေါက်တာမျိုးသန့်တင်၊ အန်အယ်လ်ဒီက ဦးစိန်ဝင်း၊ အန်ဒီအက်ဖ်ပါတီက ဒေါ်ခင်စုစုအောင်၊ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီက ဦးမောင်မောင်သင်နဲ့ ခေတ်သစ်ပြည်သူ့ပါတီက ဦးသိန်းရွှေတို့ ယှဉ်ပြိုင်မှာပါ။ မအူပင်မြို့နယ်မဲဆန္ဒနယ် အမှတ် ၁ ဟာ ၁၉၉၀ ပြည့် ရွေးကောက်ပွဲမှာ  အန်အယ်လ်ဒီပါတီ ရှုံးနိမ့်ခဲ့ဖူးတဲ့နေရာ ဖြစ်ပါတယ်။
ကြားဖြတ်ရွေးကောက်ပွဲ ဆန္ဒမဲပေးမှု အခြေအနေလေး သိချင်လို့ပါ။ မဲတွေ တော်တော်များများ ပေးနေကြပြီလား။
“အခြေအနေကောင်းပါတယ်။ ကျန်တာတွေတော့ ကျန်သေးတယ်။”
ဒီမြို့နယ်မှာ မဲပေးမယ့် အရေအတွက် ခန့်မှန်းခြေ ဘယ်လောက်ရှိလဲ။
“ရှိတာတော့ ၂ သိန်းနဲ့ ၁ ထောင်ကျော်လောက် ရှိတယ်။”
အခုချိန်မှာ ဘယ်လောက်လောက် ပေးပြီးပြီလဲ။
“ခန့်မှန်းလို့ သိပ်မရသေးဘူး။ လိုတာပိုတာတွေ ရှိနေမှာပါ။ ဒါပေမယ့် ခြုံပြောရင်တော့ အခြေအနေ ကောင်းပါတယ်။”
ရွေးကောက်ပွဲ အခြေအနေကကော၊ မြင်တွေ့ရသလောက် အေးအေးချမ်းချမ်းပဲလား။ ဒါမှမဟုတ်၊ ပြဿနာတစုံတရာများ ရှိလား။
“မြို့ထဲမှာတော့ အေးအေးချမ်းချမ်းပါပဲ။ တော်တော်များများ အေးချမ်းတယ်။”
မဲရုံအားလုံး ဘယ်နှရုံလောက်ရှိလဲ။
“မဲရုံ ၃၀၀ ကျော်ရှိပါတယ်။”
အခုကြိုတင်မဲတွေကော စရေတွက်ပြီလား။
“မရေတွက်သေးဘူး။ ကြိုတင်မဲတွေ ရောက်နေပြီ၊ ညနေ ၄ နာရီမှ စုပေါင်းရေတွက်ကြမယ်။”
ဘယ်လောက်ရှိလည်း အကြမ်းဖျဉ်း ရေတွက်ထားသေးလား။
“ပြောလို့မရသေးပါဘူး။”
အခုမြင်တွေ့ရသလောက်ကော ပါတီထောက်ခံသူတွေ အနေနဲ့ ဒေါက်တာ မျိုးသန့်တင် အနေနဲ့ နိုင်မယ့်အနေအထားမျိုးရှိလား။ ဘယ်လိုမျိုး ခန့်မှန်းမိလဲ။
“နိုင်ဖို့များပါတယ်။ အဲဒီလိုမျိုး ပြောလို့ရပါတယ်။”
ရွေးကောက်ပွဲဆိုင်ရာ ပြဿနာတွေ၊ မဲစာရင်း ပြဿနာတွေကော ရှိလား။
“ပြောရလောက်အောင် မရှိပါဘူး။ အားလုံးအဆင်ပြေပါတယ်။”
ကြံ့ခိုင်ရေးနဲ့ ပါတီပြိုင်ဖက်တွေနဲ့ မဲဆွယ်တဲ့နေရာမှာကော တစုံတရာ ပြဿနာ ရှိလား။
“ဒီနေ့ကတော့ မရှိဘူး။ မြို့ထဲမှာတော့ အေးအေးဆေးဆေးပါပဲ။ မြို့ရဲ့ ရပ်ကွက် ၁၂ ခုပေါ့။ မဲရုံ ၂၉ ရုံရှိတာကို၊ အဲဒီမှာတော့ တော်တော်ကောင်းပါတယ်။”
ဒါဆိုရင်တော့ လွတ်လပ်မျှတတဲ့ သန့်ရှင်းတဲ့ ရွေးကောက်ပွဲလို့ ပြောလို့ရလား။ ဒါမှမဟုတ် တခြားမမျှတမှုတွေ ရှိတယ်လို့ လက္ခဏာမျိုးတွေ တွေ့ရလား။
“အခုထိတော့ တရားမျှတပါတယ်။ ဟိုဘက်ဒီဘက် ဘာမှပြဿနာမရှိဘူး။”
ကျနော်တို့ ကြားနေတာ မဲဆွယ်ပွဲကာလတွေမှာ ကြံ့ခိုင်ရေး ပါတီကနေ အရင် အမတ်ဟောင်းက ဒီနေရာမှာ ၀င်ပြိုင်သွားတဲ့ ပြည်ထောင်စုဝန်ကြီး ဦးသိန်းညွန့်ရဲ့ နာမည်ကို အသုံးပြုပြီး မဲဆွယ်တာတွေဘာတွေ တွေ့ရတယ်လို့ကြားတယ်။ ဒါတွေက ဟုတ်လား။
“အသုံးပြုတယ်ဆိုတာ မဟုတ်ဘူး။ အမှန်တရားပဲ ပြောတာလေ။ အမှန်တရားဆိုတာ မအူပင်ရဲ့ ဖွံ့ဖြိုးမှုတွေကို ပြီးခဲ့တဲ့ ၁၀ နှစ်လောက်ကတည်းက ဖွံ့ဖြိုးမှုကို အများဆုံးလုပ်တာက ကျနော်ရဲ့ ဒီပုဂ္ဂိုလ်ပဲလေ။ အဲဒါကို အရှိကိုအရှိအတိုင်း ပြောတာပါ။ ဒီလိုဖွံ့ဖြိုးချင်ရင် ဒီလိုဖွံ့ဖြိုးနိုင်အောင် လုပ်ပေးမယ့်သူကို မဲပေးကြပေါ့။ ဒါကတော့ ဒီလိုပြောရတာပေါ့။”
ပြီးခဲ့တဲ့ရက်တွေမှာ အထူးသဖြင့် ရေလဲဘက်မှာ တချို့ကြိုတင်မဲ ကောက်တဲ့နေရာမှာ အိုမင်းမစွမ်း၊ နာမကျန်းတဲ့သူတွေကို ကြံ့ခိုင်ရေးအတွက် မဲပေးခိုင်းတဲ့သတင်းတွေကို ကျနော်တို့ကြားတယ်။ အဲဒါတွေအပေါ်မှာ ဘယ်လိုတုန့်ပြန်ချင်ပါသလဲ။
“ကျနော်တို့ရုံးမှာတော့ ဒီလောက်တော့ ပြောရလောက်အောင် မရှိပါဘူး။”
မဲဆန္ဒရှင်တွေအနေနဲ့ သူတို့ဟာသူတို့ လွတ်လွတ်လပ်လပ် မဲပေးခွင့်ရှိတယ်ဆိုတဲ့ အခင်းအကျင်းမှာ ရှိတယ်ပေါ့။
“ဟုတ်ပါတယ်။” 
ဒီဗွီဘီ
Unknown at 4:46 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွေးကောက်ပွဲ Update သတင်းများ

(ဓာတ်ပုံ AP)
ပုလဲမြို့နယ် မဲဆန္ဒနယ်မှ ခွပ်ဒေါင်း အနိုင်စာရင်း

ကံသာကျေးရွာ
NLD၁၆၁ ကြံ့ဖွံ့၁ ပယ်မဲ ၁
ကံသစ်ကျေးရွာ
NLD ၂၅၄ ကြံ့ဖွံ့၂၄ ပယ်မဲ ၄၁
ပဲခင်း ကျေးရွာ
NLD၂၉၃ ကြံ့ဖွတ် ၁၈၇ ပယ်မဲ၁၆
ဇီးရင်း ကျေးရွာ
NLD ၂၈၂ ကြံ့ဖွတ် ၁၆၂ ပယ်မဲ၂

ဒဂုံမြို့သစ်(ဆိပ်ကမ်းမြို့နယ်)၊ ထူးခြားဖြစ်စဉ်များ
၁။ ၆၇ ရပ်ကွက်မဲရုံရှေ့တွင် ကြံ့ခိုင်ရေးမှ ငွေကျပ် ၃၀၀၀ စီပေးပြီး ၄င်းတို့အား မဲထည့်ပေးရန် စည်းရုံးသိမ်းသွင်း ခဲ့သည်။

၂။ ၁၃၈ ရပ်ကွက်တွင် ကြံ့ခိုင်ရေးမှ မဲရုံနှင့်အိမ်အသွားအပြန် အကြိုအပို့လုပ်ပေးခဲ့ကြောင်း။

-နေပြည်တော်၊ ပုဗ္ဗသီရိမြို့၊ အေးမြင့်သာယာကျေးရွာအုပ်စု၊ အေးမြင့်သာယာကျေးရွာ၊ မဲရုံအမှတ်(၁)တွင် မဲရုံဧရိယာအနီးကိုက်(၅၀၀)အတွင်း မည်သူမျှမလာရဟု ဆိုသော်လည်း ကြံ့ခိုင်ရေး ယူနီဖောင်း ၀တ်ဆင်ထားသူ ကိုစိုးလင်း (ဘ)ဥိးစံထွန်း ဆိုင်ကယ်အမှတ် ၄ယ/၆၅၅၈၇ သည် မဲရုံအနီးတွင် ဆိုင်ကယ်ဖြင့် လှည့်ပတ်စီးနင်းနေကြောင်း၊ ဟန့်တားသူ မရှိကြောင်းသိရှိရပါသည်။

---နေပြည်တော် ဥတ္တရသီရိ မဲဆန္ဒနယ်တွင် မဲရုံသုံးရုံသည် ယနေ့နံနက် ၉ နာရီခန့်တွင် ပိတ်သိမ်းသွားခဲ့ရာ အင်န်အယ်လ်ဒီက ၁၆ဝမဲ၊ ပြည်ခိုင်ဖြိုးက ၃၃၉ မဲ၊ တစည ၁၅မဲ၊ ပယ်မဲ ၂၇ မဲ ရလဒ်ရခဲ့သည်ဟုသိရသည်။ အောင်သပြေ၊ လစခ(၈) နှင့် လစခ(၂)မဲရုံများမှ ဖြစ်သည်။

---မိတ္ထီလာမြို့နယ် ရတနာ့မာန်အောင်ရပ်ကွက် အမှတ် (၈) မဲရုံ မှ မဲရလဒ်
ဧပြီ ၁ ၊ ၂၀၁၂ ခုနှစ် မွန်းလွဲ ၁ ခွဲ ရတနာ့မာန်အောင် အမှတ် ၈ မဲရုံ မဲပေးသူအားလုံးပြီးစီး၍ ရေတွက်ရာ ကြံ့ခိုင်ရေးမှ ဦးလှမြင့် ၃၂၀ နှင့် ကြိုတင် ၈ မဲ စုစုပေါင်း ၃၂၈ မဲ၊ ဒီချုပ် ဦးဝင်းထိန် ၂၄ မဲ၊ တသီးပုဂ္ဂလ ဒေါ်မြင့်မြင့်အေး ၄ မဲနှင့် ပယ်မဲ ၂ မဲဖြစ်သည်ဟု မိတ္ထီလာ YPI သတင်းထောက်မှ သတင်းပေးပို့သည်။

---ထန်းတပင်မြို့နယ် နတ်ရွာ၌ မဲပေးခွင့်ရှိသူ ၂၄၇၀ ဦးရှိသည့် အနက် ၃၀၀ ဦးခန့်မှာ မဲစာရင်းတွင် အမည်စာရင်း မပါဝင်သည့်အတွက် မဲပေးခွင့် မရရှိခဲ့ကြောင်း၊ မဲပေးရမည့် စာရင်းတွင် အသက် ၃နှစ်ရွယ်ရှိ ကလေးငယ်များ ပါဝင်နေသည့်အပြင် လွန်ခဲ့သော ၈နှစ်နှင့် ၁၅နှစ်အကြား သေဆုံးပြီးသူများ ပါဝင်နေခဲ့ကြောင်း သိရသည်။ ထို့အပြင် ၂၀၁၀ ပြည့်နှစ်က မဲပေးခဲ့သူအချို့လည်း ယခုမဲစာရင်းတွင် ပါဝင်လာခြင်း မရှိကြောင်း သိရသည်။

---နေပြည်တော်၊ ပုဗ္ဗသီရိမြို့
မကွေးမြို့ မကြီးကန်ကျေးရွာ အုပ်စုအတွင်းရှိ ပုထိုးစမ်းကျေးရွာတွင် မဲပေးခွင့်ရသည့် လူဦးရေ ၃၃၇ ဦးရှိပြီး၊ NLD ပါတီမှ အနိုင်ရရှိသွားကြောင်း သိရသည်။ NLD ပါတီမှာမဲအရေတွက် ၂၅၀ ကျော်၊ ပြည်ခိုင်ဖြိုးမှ ၈၀ ကျော်၊ တစညမှ ၂ မဲနှင့် NDFမှ ၁ မဲ အသီးသီးရရှိထားကြောင်း မကွေးမြို့ NLD အောင်နိုင်ရေးတာဝန်ခံ ဦးဉာဏ်စိန်က အတည်ပြုပြောကြားသည်

နွာထိုးကြီးမြို့နယ် လုံတောကျေရွာတွင် မဲပေးခွင့်ရှိသူ ၃၀၀ နီပါးရှိ၊ နံနက် ၆နာရီမှာ NLD မှ မဲရုံကိုယ်စားလှယ်ကို ၀င်ခွင့်မပြုခြင်းဖြစ်ပွားခဲ့၊ ၆နာရီ ခွဲခန့်တွင် ၀င်ခွင့်ရပြီး မဲပုံးစစ်သည့်အခါ မဲ ၂၀ခန့် ထည့်ထားပြီးကြောင်း တွေ့ရှိရသည်။ အဆိုပါကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက်စာတင်ထားသည်။

မဲပုံးထဲ ကြိုတင်ရောက်ရှိနေသော မဲများမှာ အောက်ပါအတိုင်းဖြစ်ပါသည်။
မဲနံပတ် ၃၈၈၆ ဦးသန်းလှ
မဲနံပတ် ၃၈၈၇ ဒေါ်စောတင့်
မဲနံပတ် ၃၈၉၁ မစုစုဝင်း
မဲနံပတ် ၃၈၇၃ မစမ်းတင့်
မဲနံပတ် ၃၈၇၅ မောင်သန်းဇော်လင်း
မဲနံပတ် ၃၇၀၀ ဒေါ်သန်း
မဲနံပတ် ၃၇၀၁ မမုန်းခင်
မဲနံပတ် ၃၇၇၄ မခင်နှင်းဝေ
မဲနံပတ် ၃၇၃၆ မစန္ဒာဦး
မဲနံပတ် ၃၇၃၄ မမျိုးကြီး
မဲနံပတ် ၃၇၃၃ ဦးမန်းတင်
မဲနံပတ် ၃၇၈၉ မောင်ခိုင်ဦး
မဲနံပတ် ၃၇၈၈ ဒေါ်ခင်ရီ
မဲနံပတ် ၃၇၉၀ မောင်ခိုင်ဇာ
မဲနံပတ် ၃၇၇၀ ဒေါ်ဌေးရီ
မဲနံပတ် ၃၇၇၁ ဒေါ်ဌေးကြည်
မဲနံပတ် ၃၇၇၂ မစံ
မဲနံပတ် ၃၇၃၂ ဒေါ်ဝိုင်ကီ
မဲနံပတ် ၃၇၃၅ မောင်ကိုကိုချစ်ဦး
မဲနံပတ် ၃၉၀၈ ဦးမျိုးထွန်းနိုင်
မဲပေးနိုင်သူဦးရေ ၈၈ ဦးသာရှိသည့် ကျောက်ပန်းတောင်းမြို့ ပြည်တော်သာရပ်ကွက် မဲရုံအမှတ် ၃ (GTI) တွင် မဲပေးသူ ၈၈ ဦးစလုံးမဲပေးပြီး ဖြစ်သည့်အတွက် မဲရုံပိတ်ပြီး မဲများရေတွက်ရာတွင် အင်န်အယ်လ်ဒီပါတီက ၅၃ မဲ၊ ပြည်ခိုင်ဖြိုးပါတီက ၃၅ မဲရှိခဲ့သည်ဟု သတင်းရရှိသည်။

ပခုက္ကူမြို့နယ်၊ လမ်းရွာအုပ်စု ပေါင်းကူစွန်းကျေးရွာ မဲရုံအမှတ်(၁၂) တွင် ဆန္ဒမဲပေးသူ ၁၁၃ ဦးမှ ၊ NLD က ၉၀မဲ၊ ပြည်ခိုင်ဖြိုးက ၁၆မဲ၊ ပယ်မဲ ၇ မဲတို့ဖြင့် မဲရေတွက်ပြီးစီးသွားပြီး မဲအပြတ်အသတ်နှင့် NLD ပါတီအနိုင်ရသွားကြောင်း 7 Day News သတင်းထောက်က သတင်းပေးပို့သည်။  
ဒီမိုဝေယံ
Unknown at 3:54 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ အပြတ်အသတ် အနိုင် ရနေကြောင်း


Photo -- By: Aow Kou Rot (facebook)

သိန္နီမြို့နယ်တွင် အမျိုးသားလွှတ်တော်မဲဆန္ဒနယ်အတွက်
ရှမ်းတိုင်းရင်း သားများ ဒီမိုကရက်တစ်ပါတီ(ကျားဖြူပါတီ)မှ အပြတ်အသတ် အနိုင် ရနေကြောင်း သိရသည်။ ““ရလဒ်အရ အခုအပြတ် အသတ်နိုင်နေပြီ””ဟု ယနေ့ နေ့လည် ၁၂ နာရီ ၄၅ မိနစ်က သိန္နီမြို့နယ် လက်ရှိပြည်သူ့ လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝင်းခိုင်ကပြောသည်။
 
 Update : 3.02 pm ကော့မှုးမြို့တွင်းရှိမဲရုံများ
တွင် မဲပေးခဲ့သူဦးရေ ၅၀ ကို 7Day News သတင်းထောက်များက ကျပန်းမေးမြန်းခဲ့ရာ အားလုံးက ဒေါ်အောင်ဆန်းစုကြည်ကိုမဲပေးခဲ့ကြောင်း ဖြေကြားခဲ့ကြသည်။
 
Update2. 58 pm ကော့မှုးမြို့နယ်အတွင်းရှိ မဲရုံအချို့တွင် မဲပေးရာတွင် ပြသနာအချို့ ဖြစ်ပေါ်သည်ဟု သတင်းထွက်ပေါ်သော်လည်း မဲရုံအများစုတွင် မဲပေးသူများကို မည်သည့်အနှောက်အယှက်မှမပေးဘဲ အကူအညီပေးကြကြောင်း မဲပေးသူများက ပြောသည်။ဘုရာလမ်းရပ်ကွက်မဲရုံတွ
င် မဲပေးခွင့် ရှိသူ ၁၃၂၀ ရှိရာတွင်နေ့လည် ၂နာရီ ၃၀ မိနစ်အချိန်ထိ မဲပေးသူ ၁၁၀၀ ၀န်းကျင်မဲပေးပြီးသွားပြီ ဖြစ်သည်။ `မဲရုံထဲမရောက်ခင်ကိုယ့်ကို ဟောက်များဟောက်အုန်းမလားလို့ လန့်နေတာ မဲရုံထဲရောက်တော့ ကိုယ်ပေးချင်တာ တန်းတန်းမတ်မတ်ပေးလို့ရတယ်။တအားဝမ်းသာတယ်´ ဟု ဘုရားလမ်းရပ်ကွက်မဲရုံတွင် မဲပေးခဲ့သော ဒေါ် သိန်းအုပ်ကပြောသည်။အလားတူ ဘုရားလမ်းမဲရုံတွင် မဲပေးခဲ့သူတိုင်းက မဲပေးရာတွင် အဆင်ပြေကြောင်းပြောသည်။
အလားတူမှော်တော ကျေးရွာ မဲရုံ၊ ကော့မှုးမြို့ရှိ တာလမ်းသစ်ရပ်ကွက်မဲရုံများတွင်လည်း လွတ်လပ်စွာမဲပေးခွင့်ရခဲ့ကြောင်းဒေသခံများကပြောကြားသည်။
အဆိုပါမဲရုံများတွင်သတင်းထောက်များကိုလည်းလွတ်လပ်စွာသတင်းရယူခွင့်ပေးခဲ့သည်။
 
7Day News Journal
Unknown at 3:53 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နောက်ဆုံးသိရှိရသော မဲစာရင်းရလဒ်များ


နောက်ဆုံးသိရှိရသော မဲစာရင်းရလဒ်များ
ဧပြီ ၁ ၁၄:၁၀ နာရီ
ပုလဲမြို့နယ် ကန်သစ်ကျေးရွာ မဲရုံတွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ၂၅၄ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၂၄ မဲ၊ ပြည်သူ့ဒီမိုကရေစီ ပါတီက ၃ မဲ ရရှိခဲ့ပြီး ပယ်မဲ ၄၁ မဲ ဖြစ်ကြောင်း သိရသည်။
ဧပြီ ၁ ၁၄:၀၀ နာရီ
- ပုလဲမြို့နယ် ကန်သာယာကျေးရွာတွင် မဲပေးနိုင်သူ ၁၆၅ ဦးရှိသည့်အနက် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁၆၃ မဲ ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁ မဲ ရရှိခဲ့ကြောင်းနှင့် ပယ်မဲ ၁ မဲဖြစ်ကြောင်း သိရပါသည်။
- နေပြည်တော် ဥတ္တရသီရိမြို့ရှိ မဲရုံအမှတ် ၇/၁၉ တွင် မဲပေးသူ ၁၉၉ ဦးရှိခဲ့ပြီး ကြိုတင်မဲ ၂၆ မဲ ရှိခဲ့ကြောင်း သိရသည်။ အဆိုပါ မဲရုံတွင် ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ၁၉၆ မဲဖြင့် အနိုင်ရရှိခဲ့ပြီး အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၁ မဲ ရရှိခဲ့ကာ ပယ်မဲ ၁ မဲ ဖြစ်ကြောင်း သိရပါသည်။
- ပုလဲမြို့နယ် ပဲခင်းမ ကျေးရွာ မဲရုံတွင် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်က ၂၉၃ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင့်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၈၇ မဲ၊ ပြည်သူ့ဒီမိုကရေစီ ပါတီက ၂၅ မဲ ရရှိခဲ့ပြီး ပယ်မဲ ၁၆ မဲ ရှိခဲ့ကြောင်း သိရသည်။
- ပုလဲမြို့နယ် ဇီးရင်းကျေးရွာ မဲရုံတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်က ၂၈၂ မဲဖြင့် အနိုင်ရရှိခဲ့ပြီး ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီက ၁၆၁ မဲနှင့် ပယ်မဲ ၂ မဲ ရှိခဲ့ကြောင်း သိရပါသည်။
ဧပြီ ၁ ၁၀း၃၄ နာရီ
အမှတ် (၁၁)ရပ်ကွက် ပုသိမ်မြို့ မဲရုံအမှတ် (၉)တွင် မဲပေးခွင့်ရှိသူ ၁၈၆ဦးရှိရာ ကြိုတင်မဲ (၉)မဲ ရှိပြီး ပြည်ခိုင်ဖြိုး (၇)မဲ NLD (၂)မဲ ဖြစ်သည်။ အဆိုပါမဲရုံတွင် ပြည်ခိုင်ဖြိုးမှ ၁၇၂ မဲ၊ ပယ်မဲ ၁ မဲ ရှိခဲ့သည်။ အဆိုပါ မဲရုံတွင် စစ်လက်နက်ကိရိယာ ထောက်ပံ့ရေးတပ် မိသားစုဝင်များ မဲပေးခဲ့ခြင်းဖြစ်သည်။
Unknown at 2:36 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကာယကံရှင်မသိပဲ ကြိုတင်မဲ ပေးပြီးဖြစ်

မြောင်းမြမြို့ရှိ မုဆိုးကွင်းကျေးရွာအုပ်စု၊ သမ္မန်ချိုင်ရပ်ကွက်တွင် နေထိုင်သော GTC ဒုတိယနှစ်ကျောင်းသား ကိုခန့်ကျော်နိုင် မဲသွားပေးရာတွင် ကြိုတင်မဲပေးပြီးပြီဖြစ်၍ ထပ်မံပေး၍ မရကြောင်း ပြောသည်။

ကိုခန့်ကျော်နိုင် တက်ရောက်ရသော ပုသိမ်မြို့ GTC ကျောင်းတွင် ဖေဖော်ဝါရီလ (၇)ရက်နေ့မတိုင်ခင် ကျောင်းခန်းထဲတွင် ကိုယ်ရေးအကျဉ်းစာရွက်ဖြည့်ခိုင်းကြောင်း၊ ဘာအတွက်ဖြည့်ခိုင်းသည်ကို မေးကြည့်သော်လည်း ဆရာမမှ တစ်စုံတစ်ရာ ပြန်လည်ဖြေကြားခဲ့ခြင်းမရှိပေ။

ထိုကဲ့သို့ ကိုယ်ရေးအကျဉ်း ဖြည့်ရသော ကျောင်းသားဦးရေ ၁ဝ၀ လောက်ရှိကြောင်း ကိုခန့်ကျော်နိုင်မှပြောသည်။ ယခုအခါ ကိုခန့်ကျော်နိုင် မဲသွားပေးရာ ကြိုတင်မဲပေးပြီးဖြစ်၍ မဲမပေးခဲ့ရကြောင်းသိရသည်။


 ကလော၊
ဧပြီ ၁ ရက်၊ ၂၀၁၂၊ ၁၁ နာရီ ၃၀ မိနစ်၊ YPI

ကြံ့ခိုင်ရေးက မဲတစ်ပြား ကျပ် ၃၀၀၀ နှင့်ဝယ်

ကလောမြို့ပြည်သူ့လွှတ်တော် မဲဆန္ဒနယ်မြေမှာ ကြံ့ခိုင်ရေးပါတီဝင် တစ်ချို့က သူတို့ပါတီကို မဲပေးဖို့ မဲတစ်ပြား ကျပ် ၃၀၀၀ နှုန်းနဲ့ ၀ယ်နေကြောင်း မြို့ခံတွေက ပြောပြပါတယ်။

ကလောမြို့ နန်းနိုင်ကျေးရွာ အုပ်စု ကန့်ကော်ပင်ကျေးရွာနဲ့ ညောင်ပင်ကုန်း ကျေးရွာအကြားမှာ ကြံ့ခိုင်ရေးပါတီဝင် တစ်စုက ဖြတ်သွားဖြတ်လာ လူတွေကို မဲပေးဖို့ သွားမှာလား။

မဲသွားပေးရင် ကျွန်တော်တို့ပါတီကို မဲပေးပါ ဆိုပြီး ကြံ့ခိုင်ရေး ပါတီ စာရွက်နဲ့ ငွေကျပ် ၃၀၀၀ ကိုပါခေါက်ပြီးပေးကြောင်း သိရပါတယ်။ ဒီလို လုပ်ကိုင်ဆောင်ရွက်နေမှုကို အင်န်အယ်လ်ဒီ အပြင်စည်းစောင့်ကြည့်အဖွဲ့ကလည်း တွေ့မြင်ခဲ့ပြီး ဓာတ်ပုံရိုက် မှတ်တမ်းတင်ကာ ကော်မရှင်ကို တင်ပြသွားမယ်လို့ သိရပါတယ်။

အဆိုပါနေရာ အနီးမှာ အမက ညောင်ပင်ကုန်း နဲ့ အမက မြင်းကပေါ် မဲရုံတွေ တည်ရှိကြောင်း သိရပါတယ်။


မန္တလေး၊ ပခုက္ကူ ၊
 ဧပြီ ၁ရက်၊ ၂၀၁၂၊ ၁၁ နာရီ ၁၅ မိနစ်၊ YPI

၁။ မဲရုံရှေ့တွင် မဲပေးသူများ စောင့်စား

မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သန်လျက်မှော် အနောက်ရပ်ကွက်တွင် နေထိုင်သော ဒေသခံအများစုမှာ မဲစာရင်းတွင် မပါသူ များပြားသောကြောင့် လူ (၃၀၀) ၀န်းကျင် အဝေရာ ဓမ္မာရုံ မဲရုံရှေ့တွင် စောင့်ဆိုင်းလျက်ရှိသည်။

အဆိုပါ လူများ မဲပေးခွင့်ရရန် မှတ်ပုံတင်နှင့် အိမ်ထောင်စုစာရင်း ကိုင်ဆောင်ပြီး မဲရုံမှူးကို သွားရောက်ပြောဆိုရာ မဲရုံမှူးက မြို့နယ်ကော်မရှင်ရုံးကို သွားတင်ပြရန် ပြောသည်။

အဆိုပါ ရပ်ကွက်တွင် ဒေါ်အောင်ဆန်းစုကြည် နှင့် အင်န်အယ်လ်ဒီ ပါတီကို ထောက်ခံသူ များကြောင်း သိရသည်။
အလားတူ မကွေးတိုင်းဒေသကြီး ပခုက္ကူ မဲဆန္ဒနယ်တွင်လည်း မဲရုံ တစ်ရုံစီမှာ လူဦးရေ ရာနဲ့ချီ မဲပေးခွင့်မရလို့ စောင့်ဆိုင်းနေကြောင်း အင်န်အယ်လ်ဒီ ပါတီမှ ဦးကြည်ဝင်းက ပြောသည်။

မူလက ရွေးကောက်ပွဲကော်မရှင်က မှတ်ပုံတင်နဲ့ အိမ်ထောင်စု စာရင်းရှိရင် မဲပေးပိုင်ခွင့်ရှိသူစာရင်းတွင် မပါရင်လည်း မဲပေးခွင့်ရမည် ပြောခဲ့ပေမယ့် မတ်လ ၃၀ ရက်နေ့မှာတော့ ကော်ရှင်အဆင့်ဆင့်ကို ၂၄ ရက်အထိ နောက်ဆုံးရရှိတဲ့ စာရင်းကိုသာ အတည်ယူမည်ဟု ညွှန်ကြားထားတာကြောင့် မဲပေးခွင့်မရတော့တာဖြစ်ကြောင်း ဦးကြည်ဝင်းက ပြောပါတယ်။

မြို့မ လမ်းပေါ်က အမှတ် (၁၅) ရပ်ကွက် မဲရုံအမှတ် (၁) အနီးမှာလည်း လူရာနဲ့ချီ စောင့်ဆိုင်းနေကြောင်း၊ အခြား မဲရုံတွေမှာလည်း အလားတူစောင့်ဆိုင်းနေသူ အများအပြား ရှိပြီး ညနေ မဲရုံပိတ်ချိန် မတိုင်မီအထိ စောင့်ဆိုင်းနေကြမယ် ဖြစ်ကြောင်း စုံစမ်းသိရပါတယ်။


  Yangon Press International

သစ်ထူးလွင်
Unknown at 2:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒီမိုတွေဆိုပြီးလာ ဆဲ သွားတဲ့လူကဘယ်သူလဲ....?

ranini.ni993@gmail.com
 အဲဒိ့အကောင့်ပိုင်ရှင် ဟာ ကျွန်တော့်ဘလော့လေးကို လာဖတ်တယ် ပြီးတော့ တိတ်တိတ်လေးတာ့မပြန်သွားပါဘူး C-box မှတော့ လာပြီဆဲသွားတယ်
အောက်ကပုံလေးကို ရှုစားကြပါ...
 
ranini.ni993@gmail.com အကောင့်ပိုင်ရှင်သုံးတဲ့  Face Book ကတော့ https://www.facebook.com/profile.php?id=100000217152598 အဲဒိလင့်ပါ  
နာမည်က

Hnin Suu Wai

Basic Info

BirthdayDecember 3

SexFemale

Relationship StatusSingle

Religious Views
  • Muslim - Sunni

ယခုလိုလာရောက် အားပေးသွားလို့ ကျေးဇူးတင်ရှိပါသည်.....

 
 

Unknown at 12:56 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ဝန်ကြီးဦးကျော်ဆန်း နှင့် ဦးနေဇော်နိုင် တို့ စကားစမြည် ပြောကြရာဝယ်

တော်တော်လေး သဘောကြမိလို့ တင်လိုက်တာပါ...
ဒီVideo ဖိုင်လေးကို ကြည့်ပြီး ဘယ်လိုသဘောရလဲ ဆိုတာ ...ပြန်ပြောပေးကြပါနော်....
Unknown at 12:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွေးကောက်ပွဲ တိုက်ရိုက် တင်ပြခြင်း

ငှက်အော်စမ်းကျေးရွာ မဲရုံအမှတ် ( ၁ )တွင် ဒေသခံများအား နှုတ်ဆက် Photo -- Messenger News Journal
ကော့မှူးမြို့ နယ်ပြည်တော်သာရပ်ကွက်နှင့်သမင်
ခြံကျေးရွာမဲရုံတွင်မဲလက်မှတ်
များကိုဖယောင်းသုတ်ထားသဖြင့်မဲပေးသူတစ်ချို့ မှမဲလက်မှတ်များ 
ကိုပြန်လည်လဲပေးရန်တောင်းဆိုသည်ကိုမဲရုံမှူးမှမဲလက်မှတ်
အသစ်ပြန်လည်ထုတ်မပေးဘြဲငင်းဆန်
သည်ဟုသတင်းများရရှိပါသည်။သတင်းထောက်များမှလည်းသတင်းရယူရန်ကြိုးစားနေကြပါသည်။ထိုဖြစ်စဉ်မှာမနက်
၉နာရီခန့် တွင်စတင်ဖြစ်ပွါးနေကြောင်းသိရှ
ိရပါသည်။
ဒေါ်အောင်ဆန်းစုကြည်မှလည်းထြို
ဖစ်စဉ်ကိုသတင်းရရှိသွားပြီးကိုယ်စားလှယ်များ
ကိုစေလွှတ်စုံစမ်းနေကြောင်းသိရှိရပါသည်။ဒေါ်အောင်ဆန်းစုကြည်မှ
လည်းရွေးကောက်ပွဲကော်မရှင်သို့ တိုင်ကြားသွားမည်ဟုသိရှိရပါသည်။

 မအူပင်မြို.နယ် အမှတ်(၁၂)ရပ်ကွက် ၊ အမှတ်(၂) အခြေခံပညာအလယ်တန်းကျောင်းတွင် (၁.၄. ၂၀၁၂) တနင်္ဂနွေနေ. နံနက် (၉း၀၀) နာရီ အချိန်ခန်.တွင် မဲဆန္ဒ ဖော်ထုတ်လိုသူ ပြည်သူတစ်ဦး ဖြစ်သည့်မြို.သစ်(၂)လမ်း အမှတ်(၁၂)ရပ်ကွက်တွင်နေထိုင်သူ ဒေါ်ပေါက်စ အသက် (၅၁) နှစ်ဆိုသူသည် မဲပေးရန် မဲရုံသို.အရောက်တွင် မိမိ မဲပေးရာတွင် လက်တုန်နေသောကြောင်. ကူညီပေးပါရန်နှင်. မိမိသိသည်မှာ ခွပ်ဒေါင်းကိုဘဲ သိသည်သာဖြစ်ကြောင်း ပြောဆိုသည်ကို မဲရုံမှုးဖြစ်သူ ဆရာမကြီးဒေါ်ဝင်းမြင့်သန်းက ဒေါ်ပေါက်စ ထံမှ မဲပြားကို ယူဆောင်ပြီး ဒီလိုခြစ်ရသည်ဟု ပြောဆိုကာ ပြည်ခိုင်ဖြိုး ပါတီနေရာကို အမှန်ခြစ်ပြီး မဲဆန္ဒဖုံးထဲသို. ထည့်လိုက်ကြောင်း သိရှိ မှတ်တမ်းတင်လိုက်ပါသည်။

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ဆင်ရှည်ကျေးရွာ၌ မဲဆန္ဒပေးရာတွင် မဲလက်မှတ် ၁၀၀ ကျော်၌ ဖယောင်းများသုတ်လိမ်းထားသည်ကို တွေ့ရှိရပြီး ပြန်လဲခွင့်တောင်းရာ လဲမပေးကြောင်းသိရသည်။


Myanmar News Now

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲရုံ (၅) ၌ ထုတ်ပေးသည့် မဲစာရွက်တွင် NLD ပါတီဘေးရှိ ဆန္ဒပြုရန် နေရာ၌ ဖယောင်းများ သုတ်ထားသဖြင့် အမှန်ခြစ်၍ မရသောကြောင့် မဲစာရွက်အသစ် တောင်းဆိုလဲလှယ် ခဲ့ရကြောင်း ကာယကံရှင် ကိုကျော်စွာဝင်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ ၃ ဦးကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒေါ်မေချိုဝင်းက ခေါ်ဆောင်သွားကြောင်း သိရသည်။

- မော်လမြိုင်မြို့နယ် မဲဆန္ဒနယ်သို့ မဲစာရင်းတွင် မပါဝင်သော အခြားဒေသများမှ ရာနှင့်ချီသော ကြံ့ခိုင်ရေး ပါတီဝင်များစုရုံး ရောက်ရှိလာပြီး မဲပေးခွင့်ပြုရန် တောင်းဆိုရာ မဲရုံမှူးက ခွင့်မပြု၍ မဲရုံ ဝန်းကျင်တွင် စုဝေးနေကြကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်မြို့ နယ် အမှတ် ၆ ရပ်ကွက်နှင့် အမှတ် ၄ ရပ်ကွက်တို့တွင် မဲစာရင်း မပါရှိသူများ ရှိနေပြီး ရပ်ကွက်ကော်မရှင်ရုံး များကလည်း ထိုကဲ့သို့ မပါရှိခြင်းကို မည်သို့မျှ လုပ်ဆောင်ပေး၍ မရကြောင်း၊ ရပ်ကွက်အုပ်ချုပ်ရေး အဖွဲ့များ၏ စာရင်း ပေးပို့ချက်များအတွက်သာ လုပ်ဆောင်ရခြင်းဖြစ်ကြောင်း The Voice Weekly သတင်းထောက်က သတင်းပေးပို့သည်။

ဒဂုံမြို့သစ် ဆိပ်ကမ်းမြို့နယ် မဲရုံ (၅) ၌ ထုတ်ပေးသည့် မဲစာရွက်တွင် NLD ပါတီဘေးရှိ ဆန္ဒပြုရန် နေရာ၌ ဖယောင်းများ သုတ်ထားသဖြင့် အမှန်ခြစ်၍ မရသောကြောင့် မဲစာရွက်အသစ် တောင်းဆိုလဲလှယ် ခဲ့ရကြောင်း ကာယကံရှင် ကိုကျော်စွာဝင်းက The Voice Weekly သို့ ပြောကြားသည်။

အဆိုပါဖြစ်စဉ်နှင့် ပတ်သက်၍ မျက်မြင်သက်သေ ၃ ဦးကို ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေး အဖွဲ့မှ ဒေါ်မေချိုဝင်းက ခေါ်ဆောင်သွားကြောင်း သိရသည်။
သစ်ထူးလွင်
Unknown at 12:00 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.