Thursday, March 29, 2012

စစ်ကိုင်း အဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေး ဂီတဖျော်ဖြေပွဲမှာ ဖျော်ဖြေတင်ဆက်ခဲ့ကြတဲ့ လူမင်း ၊ ဝေဠုကျော် ၊ ၀ိုင်း ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေတို့ဂီတဖျော်ဖြေပွဲနှင့် စစ်ကိုင်းပရိသတ် မြင်ကွင်းများ..

မတ်လ ၂၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ဂီတဖျော်ဖြေပွဲမှာ အားဖြည့်ပါဝင် ဖျော်ဖြေတင်ဆက်ကြတဲ့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ လူမင်း၊ ဝေဠုကျော်၊ ၀ိုင်း၊ ရဲတိုက်၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေတို့ရဲ့ ဒီလိုနေရာမှာ ဒီလို အမှန်လေးကို ခြစ်လိုက်ပါဆိုတဲ့ သရုပ်ပြပွဲဖျော်ဖြေ တင်ဆက်ပွဲအား ဂီတပညာရှင်များနဲ့ အတူ ပူးတွဲဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်...။ အဆိုပါ အဖွဲ့ချုပ်အောင်နိုင်ရေး စင်တင် တေးဂီတ ဖြေဖျော်ပွဲနေ့မှာတော့ စစ်ကိုင်းမြို့တမြို့လုံး ရဲရဲတောက် ခွပ်ဒေါင်း မြင်ကွင်းများနဲ့ လွှမ်းခြုံခဲ့ပြီး ရပ်ကွက်များ လမ်းများမှာလည်း အဖွဲ့ချုပ်အောင်နိုင်ရေးအား ထောက်ခံသည့်အနေဖြင့် စတုဒီတာ များဖြင့် ကျွေးမွေးဧည့်ခံ ခဲ့ကြပါသည်။

ညနေပိုင်းမှာ ပြုလုပ်တဲ့ အဆိုပါ အောင်နိုင်ရေး တေးဂီတ ဖျော်ဖြေပွဲအား နာမည်ကြီး၊ ရုပ်ရှင်ဂီတ အဆိုတော်များမှ ပြည်သူလူထုအား ဖျော်ဖြေခဲ့ကြပြီး မန္တလေးမှာ ရောက်ရှိနေတဲ့ အဖွဲ့ချုပ် နာယက ဘဘဦးဝင်းတင်မှ တက်ရောက် ချီးမြှင့်အားပေးခဲ့ပါသည်...။ အမေစုပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (စစ်ကိုင်း)နဲ့ စစ်ကိုင်း ပြည်သူလူထုတို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့နေ့တနေ့လို့ ဆိုရင် လွန်အံ့မထင်ပါ..။
အဆိုတော် အာဇာနည်ရဲ့ စစ်ကိုင်းအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အားဖြည့်သီဆိုတင်ဆက်မှု
သိန်းနဲ့ချီတဲ့ ရဲရဲတောက် စစ်ကိုင်းပရိသတ်
ဓာတ်ပုံများအတွက် စစ်ကိုင်းအဖွဲ့ချုပ်အား ကျေးဇူးတင်ပါသည်..။
Unknown at 2:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နန်းဂိုဖန်း၏ ခင်ပွန်းဂျပန်လူမျိုးက နန်းဂိုဖန်းအား စစ်ဆေးခဲ့သူကို အထက်မှစစ်ဆေးပေးရန် တောင်းဆိုလျက်ရှိ

နန်းဂိုဖန်း၏ ခင်ပွန်းဂျပန်လူမျိုးက နန်းဂိုဖန်းအား စစ်ဆေးခဲ့သူကို အထက်မှစစ်ဆေးပေးရန် တောင်းဆိုလျက်ရှိ
မတ်လ ၂၄ ရက်နေ့ မနက်အစောပိုင်းတွင် စသုံးလုံး ရုံးအပေါ်ထပ်မှ ပြုတ်ကျသေဆုံးသွားသော နန်းဂိုဖန်း၏
ခင်ပွန်းဖြစ်သူ ဂျပန်လူမျိုးမှ  သေဆုံးသူမိန်းကလေးအားစစ်ဆေးခဲ့သူကို အထက်မှစစ်ဆေးပေးရန် တောင်းဆိုလျက်ရှိကြောင်းသိရှိရသည်။
 “လူတစ်ယောက်ကိုအဲ့ဒီလိုထားထားတာ ထောင်ထဲထည့်ထားတာနဲ့တူတူပါဘဲ ၊ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံမဟုတ်ဘူးလား၊ လူတယောက်ကို ၂ နာရီလောက်ပဲ အနားပေးပြီး စစ်ဆေးတာ လူမဆန်ဘူး၊ လူ့အခွင့်ရေးကို ချိုးဖောက်တာပဲ ” ဟု သေဆုံးသူမိန်းကလေး၏ ခင်ပွန်းဖြစ်သူ ဂျပန်လူမျိုး မစ္စတာ နာမာဆယ်မိုတိုဟိကို ကပြောသည်။
အဆိုပါ မိန်းကလေး၏ ခင်ပွန်းဖြစ်သူမှာ မိန်းကလေး၏ ဈာပနာအတွက် မြန်မာနိုင်ငံသို့လာခဲ့ခြင်းဖြစ်ကြောင်း၊
ထို ဂျပန်လူမျိုး ခင်ပွန်းဖြစ်သူ ဟိုတယ်၌ တည်းနေစဉ်လည်း စသုံးလုံးမှ လာရောက် တွေ့ဆုံခဲ့ကြောင်း အဆိုပါ
ဂျပန်အမျိုးသားက ပြောသည်။
မနန်းဂို ဖန်းအားစသုံးလုံးမှ ခေါ်ယူခြင်းမှာ ၎င်းနာမည်နှင့် ၀ယ်ထားသော မြေကွက်များအတွက် မေးမြန်းစုံစမ်း
ရန်ဖြစ်ပြီး မတ်လ ၂၁ ရက်နေ့တွင် မအိအိအောင်နှင့် မနန်းဂိုဖန်း အားခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“နန်းဂိုဖန်းက အဲ့ဒီညမှာ ပထမတစ်ခေါက်အန်တယ် ၊သူ့နောက်ကို အစောင့်တွေလိုက်သွားတယ် ကျွန်မလိုက်
ခွင့်မရှိဘူး ၊ နောက်တစ်ခေါက် ၀ရန်တာဘက်သွားအန်ပြန်တယ် အဲ့တစ်ခေါက်တော့ အစောင့်တွေလိုက်သွား
လား မလိုက်သွားလားမသိဘူး သူတို့ရဲ့  မရှိတော့ဘူး မရှိတော့ဘူးဆိုတဲ့ အော်သံကြားပြီးတော့ တိုက်အောက်
ကနေ နန်းဂိုဖန်း ရဲ့ အော်သံကြားရတယ်” ဟု နန်းဂိုဖန်း၏ သူငယ်ချင်းဖြစ်အမဖြစ်သူ မအိအိအောင်က ပြောသည်။
အဆိုပါ မိန်းကလေးမှာ မြန်မာစကား ကောင်းကောင်းမတက်သောကြောင့် မအိအိအောင်မှ ရှမ်းဘာသာပြန်နှင့်မေးမြန်းရန်ပြောရာ စသုံးလုံးမှ ၎င်းတို့တွင် ရှမ်းဘာသာပြန်မရှိကြောင်း ပြန်ပြောခဲ့ကြောင်းကို မအိအိအောင်၏ ပြောကြားချက်အရသိရသည်။
အဆိုပါ မနန်းဂိုဖန်း နာမည်နှင့် ၀ယ်ထားသော အိမ်ခြံမြေများမှာ ယခုအခါတွင် ကျပ်သိန်းသုံးသောင်းခန့်တန်ဖိုး
ရှိနေပြီး အဆိုပါ အိမ်ခြံမြေများကို Unity အိမ်ခြံမြေ အကျိုးဆောင်နှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Unknown at 2:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လက်ထပ်ထားသော မြန်မာ အမျိုးသမီးအား ကုမ္ပဏီ အမည်ခံ ခိုင်းထား သည့် နိုင်ငံခြားသားများ လုပ်ငန်း၏ ၅ဝ ရာခိုင်နှုန်း ဇနီးကို ပေးရမည်

က်ထပ်ထားသော မြန်မာ အမျိုးသမီးအား ကုမ္ပဏီ အမည်ခံ ခိုင်းထား သည့် နိုင်ငံခြားသားများ လုပ်ငန်း၏ ၅ဝ ရာခိုင်နှုန်း ဇနီးကို ပေးရမည်
မြန်မာ အမျိုးသမီးနှင့် လက်ထပ်ကာ ၄င်းအား ကုမ္ပဏီ အမည်ခံ ခိုင်း ထားသော နိုင်ငံခြားသားများ အနေဖြင့် လုပ်ငန်း ပိုင်ဆိုင်မှု၏ ၅ဝ ရာခိုင်နှုန်း အား ဇနီးဖြစ်သူ အားပေး ရမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်လိုက်သည်။
''မြန်မာ အမျိုးသမီးက လူပဲ ပေးထားရတယ်။ သူ့ဘဝတစ်ခုလုံး ရင်းထားရတဲ့ အတွက် တစ်ဝက်ပေးဖို့ ထိုက်တန်တယ်လို့ ဆုံးဖြတ်ထားတဲ့ အတွက်ကြောင့် ပါ'' ဟု ကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
မတ်လ ၂၄ ရက်နေ့ ကုန်သည်/ စက်မှု အသင်းချုပ်၌ ကျင်းပသည့် အသင်းအဖွဲ့ ကိစ္စနှင့် ကုမ္ပဏီများ ဆိုင်ရာ မှတ်ပုံတင်ခြင်း ကိစ္စ ဆွေးနွေးပွဲ၌ အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံသား အမည်ခံ၍ နိုင်ငံ၌ ဝင်ရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားသား များ အနေဖြင့် တရားဝင် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိ လာစေရန် ရည်ရွယ်မှုဖြင့် ထုတ်ပြန်ခဲ့သော အမိန့် ကြော်ငြာစာ အရ ဖြစ်ကြောင်း သိရသည်။
နိုင်ငံသားအား တရားဝင် မွေးစားမှုဖြင့် နာမည်ခံ ခိုင်းကာ လုပ်ဆောင်နေ ကြသည့် နိုင်ငံခြားသား များ အနေဖြင့်လည်း ယင်းကဲ့သို့ ကုမ္ပဏီ ပိုင်ဆိုင်မှု အချို့အား လွှဲ ပြောင်းပေး ရမည် ဖြစ်သော်လည်း ခွဲပေးရမည့် ပမာဏကိုမူ ကော်မရှင် မှ လတ်တလော သတ်မှတ် ပေးထားခြင်း မရှိဟု ဦးအောင်နိုင်ဦး က ဆက်လက်ပြောသည်။
''ဒါကတော့ သူတို့ဘာသာ သူတို့ ညှိကြရမယ်။ နောက်တစ်ခု က နိုင်ငံသားက နည်းနည်း ပဲ ပါတယ်။ နောက်ပြီး နိုင်ငံသားက ရှယ်ယာ လုံးဝမပါဘူး။ ဒါတွေကို လည်း ပြောင်းလဲပြီးရင် ဖက်စပ် လုပ်ကိုင်ကြရမယ်'' ဟု ဦးအောင် နိုင်ဦး က အမိန့် ကြော်ငြာစာပါ အချက်အလက် များကို ပြောသည်။
ပထမအဆင့် အနေဖြင့် ဆွဲ ဆောင်မှု၊ စည်းရုံးမှု၊ ပညာပေးမှု များ ဖြင့် ပူးပေါင်းလာစေရန် ဆောင်ရွက် သွားမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှု ကော်မရှင်မှ သိရသည်။
မည်သို့ပင် လုပ်ငန်း ဆောင်ရွက် ခဲ့သည်ဖြစ်စေ နာမည်ခံ ခိုင်းသူအား ကာလတန်ဖိုး အတိုင်း အရောင်း အဝယ် ပြုလုပ်ပေးရမည် ဖြစ်သည့် အပြင် နိုင်ငံခြားသား များမှ ၃၅ ရာခိုင်နှုန်း အောက် ရင်းနှီးမှုပြု ထားပါက အပြီး ရောင်းချပေး ရမည်ဟု ဦးအောင်နိုင်ဦးက ထပ်လောင်း ပြောသည်။
ထိုကဲ့သို့ လုပ်ငန်းများ အမည် လွှဲပြောင်းစဉ် ကာလ တစ်လျှောက် လုပ်ငန်း လည်ပတ်မှုကို ရပ်နားထား သည်ဖြစ်စေ၊ လုပ်ကိုင်နေသည် ဖြစ်စေ၊ လုပ်သား များအား လစာ အပြည့်အဝ ပေးထားရမည့် အပြင် မူလ ခန့်ထားသော လုပ်သား များ အား လျှော့ချခြင်းလည်း မရှိစေရ ဟု ဦးအောင်နိုင်ဦးက ပြောသည်။

Unknown at 1:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံကျော်အဆိုတော် လေးဖြူ လုပ်ကြံခံရခြင်း

လေးဖြူနှင့် Iron Cross ပရိသတ်များသို့ ................
ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသော လေးဖြူ၏ အင်တာဗျူးမှာ အမှန်တကယ်
 မေးမြန်းဖြေဆိုထားခြင်း လုံးဝ(လုံးဝ) မဟုတ်ပဲ ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်း၊ တရားဥပဒေကြောင်းအရ အမြန်ဆုံး ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း Iron Cross (facebook) စာမျက်နှာ
မှာရေးသားဖော်ပြထားပါတယ်။
Envoy ဂျာနယ်မှာ ဖော်ပြထားတဲ့ လေးဖြူ နှင့် အင်တာဗျူး
Unknown at 1:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.