Friday, March 9, 2012

"ဖိုင်ဘာဆက်ကြောင်းသစ် ရခိုင်မှ စတင် သွယ်တန်းဖွယ် ရှိ"

 
ရေအောက် ဖိုင်ဘာ ဆက်ကြောင်း SE-ME-WE-4 ကို ရခိုင် ပြည်နယ် အတွင်းမှ စတင် သွယ် တန်း သွားဖွယ် ရှိကြောင်း အဝေး ဆက်ကြောင်း အင်ဂျင်နီယာချုပ် ဦးဌေးဝင်း က ပြောသည်။
''အခု လက်ရှိ SE-ME-WE-4 ချိတ်ဆက်ဖို့ ဆွေးနွေးတာ အဆင်ပြေပါတယ်။ ဘင်္ဂလားဒေ့ရှ်နိုင်ငံ ဘက်က သွယ်တန်းဖို့ များပါတယ်။ အတိအကျတော့ မဟုတ်သေးဘူး။ လက်ရှိ သွယ်တန်းဖို့ စီစဉ်ထားတာ က ရခိုင်ပြည်နယ် တောင်ပြို၊ လက်ဝဲ၊ မောင်တော၊ ရသေ့တောင်၊ စစ်တွေ၊ မကွေးစတဲ့ မြို့တွေကနေ မြန်မာနိုင်ငံ အနှံ့ ဆက်လက် သွယ်တန်း မှာပါ'' ဟု အထက်ပါ ပုဂ္ဂိုလ်က ပြောသည်။
အဆိုပါ ဆက်ကြောင်းအား ယခုနှစ် အတွင်း အပြီးသတ် ချိတ်ဆက်သွားမည် ဖြစ်သော် လည်း ယခု အချိန်အထိ ညှိနှိုင်း ဆွေးနွေးမှု မပြတ်သေးကြောင်း သိရသည်။
''ဒီနှစ်ထဲ မှာတော့ အင်တာနက် အတွက် အရန် ဆက်ကြောင်း တစ်ခုထပ်မံ တိုးလာမှာပါ။ SE-ME-WE-5 က အချိန် တစ်ခု အထိ ကြာဦးမှာနဲ့ လက်ရှိ SE-ME-WE-3
ဆက်ကြောင်း တစ်ခုတည်း ရှိတဲ့အတွက် SE-ME-WE-4 ကို မဖြစ်မနေ ချိတ်ဆက် သွားရမှာပါ။ SE-ME-WE-3 ပြတ်တောက်မှု နောက်ထပ် တစ်ကြိမ်ဖြစ်ပေါ် လာရင် အရန် ဆက်ကြောင်း အနေနဲ့ ထားရှိသွားမယ့် ဆက်ကြောင်းပါ'' ဟု ဆက်သွယ်ရေးမှ တာဝန်ရှိသူ တစ်ဦးက ပြောသည်။
လက်ရှိတွင် SE-ME-WE-4 ဆက်ကြောင်း ချိတ်ရန် အတွက် အိန္ဒိ ယ၊ တရုတ် ၊ ဟောင်ကောင်၊ ဘင်္ဂလားဒေ့ရှ် တို့နှင့် ဆွေးနွေးနေကြောင်း ဆက်သွယ်ရေး မှ သိရသည် ။
ပြည်တွင်း၌ အင်တာနက် အသုံးပြုနိုင်သည့် ဆက်ကြောင်းမှာ SE-ME-WE-3 ဆက်ကြောင်းဖြစ်ပြီး ဧရာဝတီတိုင်း ဒေသကြီး၊ ဖျာပုံ မြို့နယ်မှ စတင် သွယ်တန်းကာ ၄င်း မှတစ်ဆင့် မြန်မာနိုင်ငံ အနှံ့ ဆက်လက် သွယ်တန်းထားသည်။
Popular Myanmar News Journal
 
Unknown at 1:31 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သမ္မတကြီး ဦးသိန်းစိန်ထံသို့ ဦးဝီရသူမှ အိတ်ဖွင့်ပေးစာ

သမ္မတကြီး ဦးသိန်းစိန်ထံသို့ အိတ်ဖွင့်ပေးစာ                                                                                                  ၉.၃.၂၀၁၂

သမ္မတကြီးခင်ဗျာ

ဦးပဉ္စင်းသည် မြစ်ဆုံကိစ္စမှစ၍ သမ္မတကြီးကို လေးစားကြည်ဖြူလာခဲ့သူ ဖြစ်ပါသည်။ ယခုလည်း သမ္မတကြီးတို့ ဆောင်ရွက်နေသည့် ငြိမ်းချမ်းရေးကိစ္စ၊ အမျိုးသားပြန်လည်သင့်မြတ်ရေးကိစ္စ၊ တိုင်းပြည်ဖွင့်ဖြိုးတိုးတက်ရေးကိစ္စ မှန်သမျှကို ဆက်လက်ထောက်ခံ အားပေးနေဆဲ ဖြစ်ပါသည်။

သမ္မတကြီး၏ မိန့်ခွန်းထဲ၌ အစိုးရသက်တမ်း တစ်နှစ်တာကာလ အတွင်းမှာ အကျဉ်းသားပေါင်း နှစ်သောင်းရှစ်ထောင်ကျော်ကို လွတ်ငြိမ်းချမ်းသာခွင့်ပေးခဲ့ကြောင်း၊ ထိုသို့ ပေးခဲ့ခြင်းမှာလည်း အမျိုးသားပြန်လည်ပေါင်းစည်း ညီညွတ်ရေးနှင့် နိုင်ငံတည်ဆောက်ရေးမှာ အားလုံးပါဝင်ခွင့်ရရှိရေးအတွက် ရည်ရွယ်ခြင်းဖြစ်ကြောင်း၊ သမိုင်းတစ်လျှောက်အရ တစ်နှစ်အတွင်း၌ အကြိမ်ရေအများဆုံး ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်အဖြစ် မှတ်တမ်း အသစ်တင်ရမည် ဖြစ်ကြောင်း၊ ဂုဏ်ယူဝင့်ကြွားစွာ ပြောကြားခဲ့သည်ကို တွေ့ရပါသည်။

ထို့အပြင် “ပွင့်ပွင့်လင်းလင်း ပြောရရင် ကြားဖြတ်ရွေးကောက်ပွဲမှာ အားလုံးပါဝင်ခွင့်ရရှိရေးကို မျှော်မှန်းပြီး ဇန်န၀ါရီလအတွင်းမှာ(၂)ကြိမ်တိုင်တိုင် ဆောင်ရွက်ပေးခဲ့တာလည်း ဖြစ်ပါတယ်” ဟု လွတ်ငြိမ်း ချမ်းသာခွင့်ပေးရခြင်း၏ အကြောင်းကို ပွင့်လင်းစွာ ပြောပြသွားသည်ကိုလည်း တွေ့ရပါသည်။ လွတ်လပ်ခြင်းအလှူ ပေးလှူခဲ့ခြင်းနှင့် ပတ်သက်၍ သမ္မတကြီးသည် ဂုဏ်ယူဝင့်ကြွားထိုက်သည်ကို ဂုဏ်ယူဝင့်ကြွားခဲ့ခြင်း ဖြစ်သည်ဟု ထင်မြင်ယူဆမိပါသည်။သို့သော် သမ္မတကြီးသည် လက်ကျန် ယုံကြည်ချက်အကျဉ်းသားများ လွတ်ငြိမ်းချမ်းသာခွင့်နှင့် ပတ်သက်၍ကား အရိပ်အမြွက်မျှပင် ပြောကြားခဲ့ခြင်း မရှိသည်ကို တွေ့ရှိခဲ့ရပါသည်။

သမ္မတကြီးခင်ဗျာ လက်ရှိထောင်ထဲမှာ ကျန်ရစ်ခဲ့ကြသော ယုံကြည်ချက်အကျဉ်းသားများသည်လည်း အမျိုးသားပြန်လည်ပေါင်းစည်းညီညွတ်ရေး၊ နိုင်ငံတည်ဆောက်ရေးနှင့် ကြားဖြတ်ရွေးကောက်ပွဲတို့မှာ ပါဝင်ခွင့် မရှိကြတော့ဘူးလား ခင်ဗျာ။ သူတို့ကို ချန်ထားခဲ့ခြင်းကြောင့် သမ္မတကြီးမျှော်မှန်းသည့် “အားလုံးပါဝင်ခွင့်” သည် ပြီးပြည့်စုံသော မျှော်မှန်းချက်ဟု ပြော၍ဖြစ်နိုင်ပါမည်လား ခင်္ဗျာ။

သမ္မတကြီးခင်္ဗျာ-

ထောင်ကျသူချင်းအတူတူ-မိဘက လွတ်လာပြီး၊ သားသမီးက ကျန်နေခဲ့လျှင်၊ ဆရာကလွတ်လာပြီး၊ တပည့်များက ကျန်နေခဲ့လျှင်၊ လွတ်လာသည့် မိဘဆရာသမားများ စိတ်ချမ်းသာစွာ၊ စိတ်ဖြောင့်စွာ နေထိုင်နိုင်ပါမည်လား ခင်္ဗျာ။ ကျန်ရစ်သူ တပည့်သားသမီးများကရော ပိုပြီးအားငယ်၊ ပိုပြီးဝမ်းနည်းနှင့် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုများ ဖြစ်မလာနိုင်တော့ဘူးလား ခင်္ဗျာ။ ပြန်ခဲ့သူနှင့် ကျန်ခဲ့သူအပေါ်  သမ္မတကြီး စက္ကန့်ပိုင်းလေးလောက် ကိုယ်ချင်းစာ ကြည့်စေချင်ပါသည် ခင်္ဗျာ။

သမ္မတကြီးခင်္ဗျာ-

ပြစ်မှုတူ၊ ပြစ်ဒဏ်တူ၊ ပုဒ်မတူချင်းဖြစ်ပါလျက် အချို့ကို လွှတ်ပြီး၊ အချို့ကို မလွှတ်ဘဲ ထားခဲ့ခြင်း ကြောင့် သမ္မတကြီးပေးသည့် လွတ်ငြိမ်းချမ်းသာခွင့်သည် မျှတမှုရှိသည့် လွတ်ငြိမ်းချမ်းသာခွင့်ဟု ဆိုနိုင်ပါမည် လား ခင်္ဗျာ။ သမ္မတကြီး၏ လွတ်ငြိမ်းချမ်းသာခွင့် အမိန့်သည်လည်း တရားမျှတသည့် အမိန့်ဖြစ်နိုင်ပါမည်လား ခင်္ဗျာ။ သမ္မတကြီးသည်လည်း တရားသောမင်း ဖြစ်နိုင်ပါမည်လား ခင်္ဗျာ။

ဘုရားလောင်း ဇနသန္ဒမင်းကြီး နန်းတက်စကာလ၌ ထောင်တံခါးများ အရှင်းဖွင့်၍ လွတ်ငြိမ်းချမ်း သာခွင့် ပေးခဲ့ဖူးသည့် သာဓက ရှိခဲ့ဖူးပါသည်။ သမ္မတကြီးအနေဖြင့် ထောင်တံခါးများ ဟင်းလင်းဖွင့်၍ အရှင်းမလွှတ်နိုင်တောင် ယုံကြည်ချက် အကျဉ်းသားများကိုတော့ တစ်ယောက်မကျန် လွတ်ပေးသင့်သည်ဟု ယုံကြည်မိပါသည်။ ကိုယ့်အိပ်ကပ်ထဲမှ စိုက်ထုတ်လှူရသည့် အလှူဒါနမျိုး မဟုတ်သောကြောင့် လွတ်ငြိမ်း ချမ်းသာခွင့်တည်းဟူသော လွတ်လပ်ရေးအလှူကြီးကို တွန့်တိုဆုတ်နစ်မှုမရှိဘဲ အမြန်ပေးလှူစေလိုပါသည်။ သို့မှသာ သမ္မတကြီး မျှော်မှန်းသည့် ဒီမိုကရေစီနိုင်ငံတော်ကြီးသို့ အမြန်လျှောက်လှမ်းနိုင်မည် ဖြစ်ပါသည်။ အကြောင်းမှာ ဒီမိုကရေစီနိုင်ငံတော်များ၌ နိုင်ငံရေးအကျဉ်းသား (ယုံကြည်ချက်အကျဉ်းသား)မရှိသောကြောင့် (၀ါ)နိုင်ငံရေးအကျဉ်းသားရှိနေလျှင် ဒီမိုကရေစီနိုင်ငံ မပီသသောကြောင့် ဖြစ်ပါသည်။


၁၃.၁.၂၀၁၂-နေ့ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့်

မြစ်ကြီးနားအကျဉ်းထောင်မှ လွတ်လာသူ ဦးပဉ္စင်း၊

ဝီရသူ(မစိုးရိမ်) ဓမ္မသဟာယကျောင်း၊ မစိုးရိမ်တိုက်သစ်၊

မဟာအောင်မြေမြို့နယ်၊မန္တလေးတိုင်းဒေသကြီး။

Unknown at 11:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရေဒီယိုနဲ့ ရုပ်မြင် ဟောပြောချက်မူကြမ်း ဖြတ်တောက်ခံရ

မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးမှုအဖြစ် နိုင်ငံပိုင် ရေဒီယိုနဲ့ ရုပ်မြင်သံကြားကနေ ထုတ်လွှင့်မယ့် ပြောကြားချက် မူကြမ်းထဲက အချက်တချို့ကိုအစိုးရက ကြိုတင် ဖြတ်တောက်ခဲ့ကြောင်း သိရပါတယ်။
RFA
မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် မန္တလေးလူထုအား မိန့်ခွန်းပြောကြားနေစဉ်။
စစ်အစိုးရ အဆက်ဆက် မြန်မာနိုင်ငံမှာ တရားဥပဒေ စိုးမိုးမှု ကင်းမဲ့ပုံတွေနဲ့ ပြည်သူတွေကို ချုပ်ချယ်ဖို့ ဥပဒေတွေ ပြဋ္ဌာန်းခဲ့ပုံအကြောင်း တင်ပြမယ့် စာသားတွေကို အာဏာပိုင်တွေက ပြောကြားခွင့်မပြုဘူးလို့ ဒေါ်အောင်ဆန်းစုကြည်က အာအက်ဖ်အေကို ပြောပါတယ်။
“ဥပဒေစိုးမိုးရေး မရှိခဲ့တာပေါ့နော်။ နောက်ပြီးတော့ အဲဒီ စစ်အစိုးရ အဆက်ဆက်က ဥပဒေတွေကို ပြည်သူတွေကို နှိပ်ကွပ်ဖို့ သုံးခဲ့တယ်ဆိုတဲ့ အကြောင်းနဲ့ပတ်သက်လို့ အဲဒီတစ်ပိုဒ်တော့ ဖြတ်ပါတယ်”
ဒီကနေ့ည တင်ဆက်မယ့် “ ဒီမိုကရေစီ ခရီးကြမ်းနဲ့ ဒေါ်အောင်ဆန်းစုကြည်” အစီအစဉ်အတွက် ဆက်သွယ် မေးမြန်းရာမှာ ဒေါ်အောင်ဆန်းစုကြည်က အခုလိုဖြေကြားခဲ့တာပါ။ ဒေါ်အောင်ဆန်းစုကြည်ဟာ နေပြည်တော်ကို လာမယ့် မတ်လ ၁၂ ရက်မှာ သွားရောက်ပြီး ရွေးကောက်ပွဲ မဲဆွယ် စည်းရုံးရေးအတွက် ရိုက်ကူးရမယ်လို့ သိရပါတယ်။

RFA
Unknown at 11:50 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တပ်သားကျော်ဇင်ဝင်း၏နောက်ဆက်တွဲသတင်း

ဒေါ်အောင်ဆန်းစုကြည်အား နှုတ်ဆက်သည့် တပ်မတော်သားအား စစ်တိုင်းမှူးကိုယ်တိုင် လွှတ်ပေးလိုက်ပြီဟုကြားသိရ၍ ကလောNLDလူငယ်များကသွားရောက်တွေ့ဆုံရာ မတွေ့ရှိခဲ့ရပဲ တပ်သား ကျော်ဇင်ဝင်းအား အင်းကောင်းအမြောက်တပ်၏မြေအောက်ခန်းထဲတွင် ပြောင်းရွှေ့ချုပ်နှောင်ခံထားရပြီးအသက်အန္တရာယ်ပါစိုးရိမ် ရသည့်အခြေအနေဖြစ်နေသည်ဟုစုံစမ်းသိရှိခဲ့ရသည်ဟု YPI သို့ပြောပါသည်။

အင်းကောင်းအမြောက်တပ်၏တပ်ရင်းမှုးမှာ ဗိုလ်ချုပ်မြ၀င်းဖြစ်ပြီးလာမည့်ကြားဖြတ်ရွေးကောက်ပွဲတွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ပြည်ခိုင်ဖြိုးအမတ်လောင်းတစ်ဦးဖြစ်သည်ဟုသိရှိရသည်။


တပ်သားကျော်ဇင်ဝင်းအားဖမ်းဆီးချုပ်နှောင်ထားသည့်ကိစ္စအားကန့်ကွက်ကြောင်းနှင့် ထိုကိစ္စနှင့်ပါတ်သက်၍ဖြေရှင်းပေးပါရန်၊ အမှန်တကယ်ဖမ်းဆီးထားခြင်းမဟုတ်ပါကလည်း

 တွေ့ဆုံခွင့်ပေးပါရန် ကလောNLDလူငယ်များကပြည်နယ်ကော်မရှင်ရုံး
သို့စာတင်မည်ဖြစ်ကြောင်းသိရှိရပါသည်။


YPI
Unknown at 11:49 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကလေးခရိုင်၊ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ၊ ရံပုံငွေဈေးရောင်းပွဲတော် ကျင်းပ

ကလေးမြိ့နယ်၊ မြို့နယ်လုံးဆိုင်ရာ ရတနာပုံရွှေဘုံသာ စေတီတော်မြတ်ကြီး၊
ဗုဒ္ဓပူဇနိယ တပေါင်းပွဲတော်ကျင်းပရာတွင် ကလေးခရိုင်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မှ ရံပုံငွေ ဈေးရောင်းပွဲတော်ကို မတ်လ
(၆/၇) တွင် ပါတီဝင်လူငယ်များ၊ ၈၈ အဖွဲ့များ ဦးဆောင်ကာ ဝေဇယန္တာလမ်းတွင်
ကျင်းပခဲ့ကြောင်း သိရသည်။

 ဈေးရောင်းပွဲတော်တွင် ပင်နီ၊ တီရှပ်၊ဦးထုပ်၊
ပြက္ခဒိန်၊ ဗလာစာအုပ်၊ ရင်ထိုး၊ အမေစုပုံပါ ဖန်ခွက်၊ အမေစုခရီးစဉ်
မှတ်တမ်း CD များ၊ ဒီလှိုင်းဂျာနယ်များကို ရောင်းချခဲ့ပြီး ကလေးမြို့ရှိ
အမေစုချစ် ပြည်သူများ နှစ်ရက်လုံး စည်ကားသိုက်မြိုက်စွာ
အားပေးဝယ်ယူခဲ့ကြသည်။

 ( ဒီဈေးရောင်းပွဲတော် ကျင်းပရတာဟာ
အဖွဲ့ချုပ်ရံပုံငွေအတွက်လည်ြး
ဖစ်သလို ပြည်သူများ လွတ်လပ်စွာ
အားပေးဝယ်ယူနိုင်ဖို့အတွက် ရည်ရွယ်ပါတယ် ) ဟု ကလေးခရိုင်၊
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ သတင်းနှင့် ပြန်ကြားရေး အဖွဲ့မှ
ပြောခဲ့သည်။     


သတင်း-ဓါတ်ပုံ ။  ။ ကိုဝါကာ 

Myanmar News Now
Unknown at 11:47 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ရွှေတိဂုံ ဘုရားမှာ ဖိနပ်အပ်ခံသော သူ


ကျွန်တော်တို. "ကမ်းလင်.နေမယ်.လက်လေးများ " အသင်းကနေ.ေ၇ွှတိဂုံ
စေတီတော်မြတ် နှစ် ၂၆၀၀ ပြည်.ပွဲတော်မှာ ဘုရားဖူးများ အကုန်ကြ သက်သာစေရန်
ဖိနပ်ထည်.သော အိတ်များကို သွားေ၇ာက်လှူဒါန်း ခဲ.ပါတယ်။

 ထိုလှူဒါန်းမှူကိုဘုးရားမြောက်ဘက်ဇောင်းတန်း မှ ဖိနပ်အလှူအပ်ခံသော သူက သူတို 
ကန်ထရိုက်ဆွဲ..ထားကြောင်းပြောဆို ပြီး ကျွန်တော်တို. အသင်းသားများကို
ကြိမ်းမောင်းဆဲဆို ပြီး အကြိမ်ကြိမ် ပြောဆိုခဲ.ပါတယ်။ 


ကျွန်တော်မှာသူတပါးအားမထိခိုက်လို သဖြင်. ကားလမ်းအလယ်မှာသွားရောက် ဝေခဲ.ရာ 

တွင်လည်းထပ်ကာ ဆဲဆိုပြဿနာထပ်ရှာခဲ.ပါတယ်။ နောက် NLD ပါတီမှ ရန်ပုံငွေအတွက်
ဈေးရောင်းနေသော သူများမှ ၀င်ပြောတော.မှ ထပ်မပြောတော.ပဲ။
ရပ်တန်.သွားခဲ.ပါတယ်။ 


ကဲ သူငယ်ချင်းတို.ရေ စဉ်းစားကြည်.ပါဗျ ပြား ၅၀ လောက်တန်တဲ. အိတ်ကို ၁၀၀ နဲ.

 ရောင်းနေပြီး ။ သူများလှူတန်းမှူကို မိမိစီးပွားရေးအကြောင်းပြပြီး လာရောက်ပိတ်ပင်
ခဲ.သော ထိုလို.လူစားမျိုးကိုဘယ်လိုများ လုပ်ရင်ကောင်းမလည်း။ ဂေါပက အနေနဲ. 

ဘယ်သို.သော သူများကိုအများနှင်.ဆိုင်သော နေရာမှာ ထားရသလည်း။ အများသူငှာနှင်.

ဆိုင်သော နေရာ မှာလှူတန်းလို.မရတော.ဘူးလား
ခင်ဗျာ။

ကိုစော

အသင်းတာဝန်ခံ

ကမ်းလင်.နေမဲ.လက်လေးများ လူငယ့်ရဟိတအသင်း
Unknown at 10:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အလှရွေးထားတာမဟုတ်ဘူး အလုပ်လုပ်ဖို့ ရွေးထားတာဖြစ်ကြောင်း ကိုယ်စားလောင်းများကို ဒေါ်စု ပြောကြား (ရုပ်/သံ)


အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်နှင့် ၂၀၁၂ ခုနှစ် ကြားဖြတ် ရွေးကောက်ပွဲ အတွက် ဝင်ရောက် အရွေးချယ်ခံမည့် လွှတ်တော် ကိုယ်စားလှယ်များ တွေ့ဆုံပွဲ
အခမ်းအနားကို ၂၀၁၂ ခုနှစ် မတ်လ ၈ ရက်နေ့တွင် ရွှေဂုံတိုင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ရုံးချုပ်၌ ကျင်းပ ပြုလုပ် ခဲ့ပါတယ်။ နံနက် ၉း၃၀ ကနေ စတင်ခဲ့တဲ့ အဲ့ဒီ အခမ်းအနားအတွင်း
ဗဟိုအောင်နိုင်ရေး အဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ်များ၊ မြို့နယ်အောင်နိုင်ရေး ကိုယ်စားလှယ်များနှင့် တွေ့ဆုံ ဆွေးနွေးပွဲများကို ပြုလုပ်ခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည်က အဖွင့် မိန့်ခွန်း
ပြောကြား ခဲ့ပါတယ်။
ဘားမားဗီဂျေ

ဗဟိုအောင်နိုင်ရေး အဖွဲ့နှင့် လွှတ်တော် ကိုယ်စားလှယ် များတွေ့ဆုံ
Unknown at 10:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးပိုင်ခွင့်ရှိသည့်စာရင်းမှာ ပြည်သူများ ချန်လှပ်ခံရ

လာမည့် ဧပြီလ ၁ ရက်နေ့မှာ  ကျင်းပမယ့်  ကြားဖြတ် ရွေးကောက်ပွဲတွင် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်၏ ပြန်ကြားရေး တာဝန်ခံဖြစ်သည့် ဦးအုန်းကြိုင် ဝင်ရောက်ယှဉ်ပြိုင်မည့် မန္တလေးတိုင်း မဟာအောင်မြေ ပြည်သူ့လွှတ်တော် နေရာအတွက် မဲပေးပိုင်ခွင့် ရှိသည့်စာရင်းမှာ ချန်လှပ်ခံရတဲ့လူတွေ အများအပြား ရှိနေသည်ဟု သတင်းရရှိပါသည်။

 "ကျနော်တို့ မဲပေးချင်တဲ့လူရှိရင် ရုံးရှေ့မှာ နာမည်တွေနဲ့ ကပ်ထားတယ်။ ရပ်ကွက်တွေ ဥပမာ ၄၁၅၊ ၄၃၁ တို့ အကွက်တွေ အများကြီးပဲ ကပ်ထားပါတယ်။ မဲပေးချင်တဲ့လူတွေ လာကြည့်၊ နာမည်မပါရင် လာပြောဖို့ သူတို့ကြေငြာတဲ့အခါ ကျနော်တို့ မတ်လ ၈ ရက်နေ့ ဒီကနေ့ သွားကြည့်တယ်။ အကွက် (၄၀၅) စာရင်းမှာ ကျနော်တို့ တမိသားစုလုံးရဲ့ နာမည်မပါဘူး။ အဲ့ဒီအတွက် ရပ်ကွက်ရုံးကို သွားပြောတဲ့အခါမှာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးခင်မောင်ကြည် က ဒီနေ့ မတ်လ ၈ ရက်နေ့ ဖြစ်နေပြီမို့ မဲစာရင်းက ပိတ်သွားပြီ၊ မင်းတို့ မဲပေးပိုင်ခွင့် မရှိတော့ဘူး လို့ ပြန်ပြောပါတယ်" ဟု မိသားစုတစုလုံး မဲစာရင်းမှာ ချန်လှပ်ခံခဲ့ရတဲ့ အကွက် (၄၀၅) နေ ပြည်သူတဦးက ဘားမားဗီဂျေ မီဒီယာကို ပြောပါတယ်။

 မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ်၊ သံလျှက်မှော်အရှေ့၊ အကွက် (၄၀၅)လက်သမားရပ် (စိန်ပန်း) မှ ရပ်ကွက်အုပ်ချုပ်ရေးမှူး ရုံးမှာ မဲပေးပိုင်ခွင့်ရှိသည့် စာရင်းကို ကပ်ထားတာဖြစ်ပြီး ဖေဖော်ဝါရီ ၂၉ ရက်နေ့မှ မတ်လ ၇ ရက်နေ့အထိသာ လာရောက်ပြင်ဆင်နိုင်ခွင့်ရှိတယ်လို့ ကြေငြာထားတာ ဖြစ်ပါတယ်။

"တချို့လူတွေကျတော့ သွားမကြည့်နိုင်ဘူး။ ဘာဖြစ်လို့လဲဆိုတော့ နာမည်တွေက အများကြီးဆိုတော့ တော်ယုံတန်ယုံ မကြည့်နိုင်တဲ့လူတွေကျတော့ မဲပေးပိုင်ခွင့်မရှိတော့ဘူး ဖြစ်သွားတာ တော်တော်တော့ များမယ်။ လူတွေက ကိုယ့်အလုပ် ကိုယ်လုပ်နေကြတာဆိုတော့ တကူးတကကြီး နာမည်လာရှာမနေနိုင်ဘူး။ စာရင်းတွေကလဲ အများကြီး ကပ်ထားတော့ အများကြီး လိုက်ရှာရမှာ။ တကယ်လို့ ကိုယ့်နာမည်မတွေ့ရင် အိမ်ထောင်စုဇယား ယူ ၊ မှတ်ပုံတင် ယူပြီးတော့မှ သူတို့ဆီ နာမည် ပြန်ပေး၊ အဲကျတော့မှ ကျနော်တို့က မဲထည့်လို့ရမှာတဲ့၊ အခုကျတော့ မဲပေးခွင့် မရတော့ဘဲ ကျန်ခဲ့တယ်။" လို့ ဆိုပါတယ်။

"ဒါက သူတို့ မသမာမှု ပြုလုပ်တာပဲ၊ မဲထည့်ရမည့်လူတွေကို အလုပ်ရှုပ်အောင် လုပ်တယ်။ မဲပေးပိုင်ခွင့်ရှိတဲ့ စာရင်းမှာ သွားပြီး မထည့်ဖြစ်တဲ့လူ၊ မကြည့်ဖြစ်တဲ့ လူနဲ့ သတိမထားမိတဲ့လူတွေက တော်ယုံတန်ယုံကျတော့ သွားမပေးဖြစ်တော့ဘူး၊ မပေးဖြစ်တဲ့ မဲတွေက သူတို့ထဲရောက်ပြီး ကြိုတင်မဲတွေ ဖြစ်သွားမှာ။ ကျနော်တို့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဒေါ်အောင်ဆန်းစုကြည်ရဲ့ ( NLD) ကို မဲပေးချင်တာလေ။ ကျနော်တို့ချစ်တဲ့လူ၊ ကျနော်တို့ တကယ်တမ်း အားပေးမည့်လူ သူ့အတွက် နေရာတခုခု မရမှာကို ကြောက်တယ်။ ကျနော်တို့က အမှောင်မှာလဲ နေလာတာ ကြာပြီဆိုတော့ အခုမှ အလင်းတွေ့တာ၊ကျနော်တို့နိုင်ငံကို ကောင်းတာပဲ ဖြစ်စေချင်ပါတယ်"လို့ ထပ်မံ ပြောဆိုလိုက်ပါတယ်။

 မိသားစုတစုလုံး မဲစာရင်းထဲမှာ မပါဝင်တဲ့အတွက် ဒီကနေ့ မတ်လ ၈ ရက်နေ့မှာ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို သွားရောက်ပြောကြားတဲ့အခါ မဲစာရင်းပိတ်သွားပြီဟုသာ အကြောင်းပြန်ကြားလိုက်တဲ့အတွက် ဧပြီလ ၁ ရက်နေ့မှာ ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ဝင်ရောက်မဲပေးခွင့်ဆုံးရှုံးသွားပြီဖြစ်တဲ့ အကွက်(၄၀၅)နေ ပြည်သူတဦးက ဘားမားဗီဂျေမီဒီယာ နက်ဝက်ကို ဆက်သွယ်ပြောကြားလာတာ ဖြစ်ပါတယ်။

  
ဒေါ်အောင်ဆန်းစုကြည် မန္တလေးမြို့သို့ မဲဆွယ်စည်းရုံးရေး လာရောက်စဉ်

ဘားမားဗီဂျေ
Unknown at 9:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် ပြည်ထောင်စုလွှတ်တော်သို့နေ့ချင်းပြန်သွားရောက်မည်

မတ်လ၁၂ရက်နေ့မှာ ပြည်ထောင်စုလွှတ်တော်သို့ ဒေါ်အောင်ဆန်းစုကြည်တက်ရောက်ဖို့ အစီအစဉ်ရှိကြောင်း သိရှိရပါ တယ်။ ခရီးစဉ်ကိုတော့ နေ့ချင်းပြန်သွားရောက်ပြီး တက်ရောက်လေ့လာမယ်လို့ NLD ပါတီက CEC အဖွဲ့ဝင်တစ်ဦးရဲ့ပြော ကြားချက်အရသိရပါတယ်။

သမ္မကြီးနဲ့တွေ့ဆုံမှုရှိ/မရှိကို မသိရသေးပေမယ့် ပြည်သူ့လွှတ်တော်ဥက္ကဌ ဦးသူရရွှေမန်း၊ အမျိုးသား လွှတ်တော် ဥက္ကဌ ဦးခင်အောင်မြင့်တို့နဲ့ တွေ့ဆုံဖို့ရှိကြောင်းနဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ မဲဆွယ်စည်းရုံးရေး ခရီးစဉ်များအတွင်း အနှောင့်အ ယှက်ဖြစ်ပေါ်ခဲ့မှုများကို ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသွားမယ်လို့ သိရှိ ရပါတယ်။
အစိုးရအဖွဲ့နဲ့ လွှတ်တော်အကြား ၀န်ထမ်းများလစာတိုးမြှင့်ရေးကိစ္စနဲ့ ပက်သက်ပြီး သဘောထားကွဲလွဲ မှုများ ကျယ်ကျယ် ပြန့်ပြန့် ဖြစ်ပေါ်နေချိန်ကာလမှာ ဒေါ်အောင်ဆန်းစုကြည်ကပြည်ထောင်စုကိုသွားရောက်လေ့လာဖို့ နေ့ချင်းပြန်ခရီး စဉ်စွဲ ထားကြောင်းသိရပါတယ်။
သံလွင်...
Unknown at 9:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြားဖြတ်ရွေးကောက်ပွဲ အများစုအနိုင်ရမည်ဟု ပြည်ခိုင်ဖြိုး အတွင်းရေးမှုးပြောကြား

ဦးအောင်သောင်း
၂၀၁၂ ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့်  ကြားဖြတ်ရွေးကောက်ပွဲတွင် ပြည်ခိုင်ဖြိုးပါတီအနေဖြင့် အများစုနိုင်မည်ဟု မျှော်လင့်ထားကြောင်း ပါတီ အတွင်းရေးမှုး ဦးအောင်သောင်းက ထုတ်ဖော် ပြောကြား လိုက် သည်။‘‘လာမည့် ကြားဖြတ်ရွေးကောက်ပွဲမှာ ပြည်ခိုင်ဖြိုးပါတီ အနေနဲ့  လစ်လပ်မဲဆန0x081ဒနယ် နေရာအများစုမှာ အနိုင်ရမယ်လို့ မျှော်လင့်ပါတယ် ၊ နေပြည်တော်မှာလည်း ရာနှုန်းပြည့်နီးပါး နိုင်မယ်လို့ မျှော်လင့် ထား ပါ တယ်’’ ဟု ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ဖြိုးရေးပါတီ အတွင်းရေးမှုး ဖြစ်သူ  တောင်သာမြို့နယ် လွှတ်တော် ကိုယ်စားလှယ် ဦးအောင်သောင်း က တရုတ်နိုင်ငံ ရွှေလီမြို့ ကျင်းချိန်ဟိုတယ်တွင် ကျင်းပလျက်ရှိသော ပြည်ထောင်စု အဆင့် ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့နှင့် KIO ငြိမ်းချမ်းရေး ဆွေးနွေးရေး အဖွဲ့တို့  ငြိမ်းချမ်းရေးဆွေးနွေးပွဲ ပထမနေ့အပြီးတွင် ရန်ကုန်တိုင်း(မ်) ဂျာနယ် နှင့် တွေ့ဆုံစဉ် ယင်းသို့ ထုတ်ဖော်ပြောကြားခဲ့ခြင်းဖြစ်သည်။ဧပြီ ၁ ရက်နေ့တွင် ကျင်းပမည့်  ကြားဖြတ်ရွေးကောက်ပွဲတွင် လစ်လပ်မဲဆန0x081ဒနယ် ၄၈ နေရာအတွက် နိုင်ငံရေးပါတီ ၁၇ ခုက ၀င်ရောက်ယှဉ်ပြိုင်ကြမည် ဖြစ်သည်။ ယင်းကြားဖြတ် ရွေးကောက်ပွဲတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီ နှင့် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်  ပါတီတို့ သည် လစ်လပ်နေရာ ၄၈ နေရာ အပြည့် ၀င်ရောက်ယှဉ်ပြိုင်မည့် ပါတီများဖြစ်ကြပြီး တိုင်းရင်းသား စည်းလုံး ညီညွှတ်ရေး ပါတီ သည် လစ်လပ်နေရာ ၂၄ နေရာ ယှဉ်ပြိုင်မည်ဟု သိရသည်။၂၀၁၀ နိုဝင်ဘာ ၇ ရက်တွင် ကျင်းပခဲ့သော  ရွေးကောက်ပွဲတွင်  ပြည်ခိုင်ဖြိုးပါတီ သည် အမျိုးသားလွှတ်တော် ၁၆၈ နေရာ တွင် ၁၂၉ နေရာ ၊ ပြည်သူ့လွှတ်တော် ၃၃၀ နေရာတွင် ၂၅၉ နေရာ ရရှိခဲ့သည်။
ရန်ကုန်တိုင်းမ်
Unknown at 9:20 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်ချုပ်ရုပ်ရှင်အတွက် ရှားပါးမှတ်တမ်းမှတ်ရာအများအပြားကို ပြည်သူတွေ လှူဒါန်းကြ




အလဈရှင်တစ်ဦး လှူဒါန်းတဲ့ ၁၉၅၄ ခုနှစ်၊ ဇူလိုင်လထုတ် ယုဝတီဂျာနယ်တွင် ဗိုလ်ချုပ်ဓာတ်ပုံနဲ့အတူ ကျဆုံးတဲ့ နှစ်ပတ်လည်ဆောင်းပါးကို ရေးသား ဖော်ပြထားပါတယ်။
လာမယ့် ၂၀၁၃ ခုနှစ်မှာရိုက်ကူးမယ့် ဗိုလ်ချုပ်အောင်ဆန်း အတ္ထုပ္ပတ္တိရုပ်ရှင် ဇာတ်ကားမှာ ခိုင်မာတဲ့မှတ်တမ်းအချက် အလက်တွေ ထည့်သွင်းနိုင်ဖို့အတွက် ဗိုလ်ချုပ်နဲ့ ပတ်သက်ဆက်နွှယ်သမျှ မှတ်တမ်း မှတ်ရာတွေကို လှူဒါန်း (သို့) ငှားရမ်းကြဖို့ ရုပ်ရှင်ဖြစ်မြောက်ရေးအဖွဲ့ က သတင်းထုတ်ပြန်ပြီးတဲ့နောက် အများ ပြည်သူတွေထံက အားတက် သရော လှူဒါန်းပေးပို့တာတွေကို အမြောက် အမြား လက်ခံရရှိတယ်လို့ ရုပ်ရှင်ဖြစ် မြောက်ရေးကော်မတီအဖွဲ့ဝင် ဒါရိုက်တာ ကြည်ဖြူသျှင်က မြန်မာတိုင်း(မ်)ကို ပြော ပါတယ်။
ပေးပို့လှူဒါန်းလာကြတဲ့ ပစ္စည်းတွေ ထဲမှာ ဗိုလ်ချုပ်ရဲ့ဓာတ်ပုံများ၊ ဗိုလ်ချုပ် အကြောင်းရေးသားဖော်ပြထားကြတဲ့ သတင်းစာနဲ့ စာအုပ်များ၊ သမိုင်းဝင် မိန့်ခွန်းတွေကို မှတ်တမ်းတင်ထားတဲ့ ဓာတ်ပြားများအပြင် အဲဒီခေတ်က အသုံးပြုခဲ့ကြတဲ့ ဂျပန်ဓားနဲ့ မော်တော် ကားများလည်း ပါဝင်တယ်လို့ သူက ဆိုပါတယ်။
"အစ်မတို့ လုံးဝ မမျှော်လင့်ထားတဲ့ ရှားပါးစာအုပ်တွေ၊ ဗိုလ်ချုပ် အောင်ဆန်း ခေတ်က ထုတ်ဝေတဲ့ သတင်းစာနဲ့ ဓာတ်ပုံတွေ အများကြီးရပါတယ်။ ဗိုလ်ချုပ်ဓာတ်ပုံဆို အခုနောက်ပိုင်းထွက် တဲ့ ဂျာနယ်နဲ့ စာအုပ်တွေမှာပါတဲ့ပုံတွေ ပဲ မြင်ဖူးတာကိုး။ "ဗိုလ်ချုပ် အင်းလေးမှာ လှေနဲ့သွားခဲ့ တဲ့ ပုံမျိုးတွေအပါအ၀င် တော်တော် ထူးထူးဆန်းဆန်းဓာတ်ပုံတွေ ရခဲ့တယ်။ ပိုပြီးထူးဆန်းတာက ဗိုလ်ချုပ်အောင် ဆန်းကို ဆုငွေငါးကျပ်ထုတ်ပြီးတော့ ဖမ်းဝရမ်းထုတ်တုန်းက သုံးခဲ့တဲ့ ဗိုလ်ချုပ် ရဲ့ဓာတ်ပုံတွေပါ လှူတဲ့အထဲမှာ ပါလာ တယ်။ နောက်ပြီး အဲဒီဓာတ်ပုံတွေကို ပြပြီး ဖမ်းဝရမ်းထုတ်ခဲ့တယ်ဆိုတဲ့ မှတ် တမ်းစာတွေပါ အလှူရခဲ့တယ်"လို့ အလှူရှင်တွေ ပေးပို့ကြတဲ့ မှတ်တမ်း ပစ္စည်းတွေအကြောင်းကို ကြည်ဖြူသျှင် က ပြောပြပါတယ်။
"ဇာတ်ဝင်ခန်းမှာ သုံးဖို့အတွက် ဗိုလ် ချုပ်တို့ခေတ်က စီးခဲ့တဲ့ကားတွေ လာပြ တယ်။ ကားတွေက ဟိုခေတ်ကကား တွေပါ။ တော်တော်အံ့ဩစရာကောင်း တာက အဲဒီခေတ်က မာစီးဒီးဆိုပြီး လာပြတဲ့ကားတွေဆို မောင်းလို့ တောင် ရသေးတယ်။ အစ်မတို့ဆီကို မောင်းပြီး လာပြတာ"လို့လည်း ပြောပါတယ်။
ဗိုလ်ချုပ်ရဲ့မိန့်ခွန်းတွေကို အသံသွင်း ထားတဲ့ ဓာတ်ပြားတွေထဲက တချို့ကွဲ အက်နေတဲ့အချပ်တွေကို စင်ကာပူနိုင်ငံ မှာ ခေတ်မီနည်းပညာသုံးပြီး အသံပြန်ရ အောင် ပြုလုပ်သွားမယ်လို့လည်း ကြည် ဖြူသျှင်က ပြောပါတယ်။
"ဗိုလ်ချုပ်နေရာက သရုပ်ဆောင်မယ့် သူကို ဓာတ်ပြားတွေ ပေးနားထောင်ပြီး ကျင့်ခိုင်းမယ်။ ဗိုလ်ချုပ်က ဘယ်လိုအသံ နေ အသံထားနဲ့ပြောတယ်၊ ဘယ်လို စရိုက်မျိုးရှိတယ်ဆိုတာ ဒီမှတ်တမ်းနဲ့ ဓာတ်ပြားတွေကို နားထောင်ပြီး လေ့လာ မှာပါ"လို့လည်း ဆိုပါတယ်။
သူက ဗိုလ်ချုပ်ကျဆုံးခဲ့တဲ့ 'အာဇာနည်နေ့'အပြင် 'လွတ်လပ်ရေးနေ့'မှာ ထုတ်ဝေခဲ့တဲ့ သတင်းစာစောင်တွေကို လည်း ရရှိတာကြောင့် ရုပ်ရှင်ရိုက်ကူး ရာမှာ သမိုင်းကြောင်း မှန်ကန်ဖို့အတွက် အများကြီး အထောက်အကူဖြစ်တယ် လို့လည်း ဆိုပါတယ်။
"၁၉၄၈၊ ဇန်န၀ါရီလ ၄ ရက်နေ့ လွတ်လပ်ရေးရတဲ့နေ့က ထုတ်တဲ့ သတင်းစာကို အစ်မတို့ မမြင်ဖူးတော့ ဘူးလေ။ ဒါတွေက စိတ်ကူးယဉ်ပြီး ထည့်လို့မရဘူး။ ဒါကြောင့် ဒီသတင်းစာ ကိုကြည့်ပြီး အစ်မတို့ ချွတ်စွပ်တူတဲ့ သတင်းစာတစ်စောင်ဖြစ်အောင် လုပ် နိုင်တယ်"လို့လည်း ပြောပါတယ်။
ဗိုလ်ချုပ်ကျဆုံးတဲ့နေ့က ထုတ်ရှိခဲ့တဲ့ စာစောင်တွေဟာ ၆၅ နှစ်တိုင်သက်တမ်း ရှိခဲ့ပြီဖြစ်ပေမယ့် ကောင်းမွန်စွာ ထိန်း သိမ်းထားကြ တာကြောင့် ဟောင်းနွမ်း စုတ်ပြဲမနေဘဲ အသစ်အတိုင်း ရရှိတယ် လို့လည်း ပြောပြပါတယ်။
"အလှူထဲမှာ ဗိုလ်ချုပ်အောင်ဆန်းပုံ ပါတဲ့ တံဆိပ်ခေါင်းတွေ လာလှူကြတယ်။ ဗိုလ်ချုပ်နဲ့ပတ်သက်တဲ့ မှတ်တမ်းတွေကို သေသေ ချာချာ ထိန်းသိမ်းထားကြပုံပါ။ တကယ့်ကို တန်ဖိုးဖြတ်လို့မရတဲ့ သမိုင်း အမွေအနှစ်တွေပါပဲ။ ဒါတွေကိုကြည့် ခြင်းအားဖြင့် တိုင်းသူပြည်သားတွေ ဗိုလ်ချုပ်ကို ဘယ်လောက်ချစ်လဲဆိုတာ၊ မျိုးချစ်စိတ်ဓာတ် ဘယ်လောက်ထိရှိလဲ ဆိုတာ မြင်ရတာပေါ့"လို့ ဒါရိုက်တာ ကြည်ဖြူသျှင်က ပြောပါတယ်။
ခုလို ပြည်သူတွေ အမြတ်တနိုးသိမ်း ဆည်းခဲ့ကြတဲ့ မှတ်တမ်းမှတ်ရာတွေကို ရုပ်ရှင်ရိုက်ကူးရေး ပြီးစီးသွားတဲ့အခါ လူအများ ကြည့်ရှုလေ့လာနိုင်ဖို့ ပြတိုက် ပြုလုပ်ပြီး ပြသထိန်းသိမ်းသွားမယ်လို့ လည်း ဆိုသလို ရရှိတဲ့မှတ်တမ်းမှတ်ရာ တွေကို အသုံးချပြီး ရုပ်ရှင်ကားမှာ သမိုင်းအချက်အလက်တွေ မှန်မှန်ကန် ကန်နဲ့ ထည့်သွင်းရိုက်ကူးသွားမယ်လို့ လည်း ပြောပါတယ်။
"ဘာဖြစ်လို့လဲဆိုတော့ သမိုင်းကြောင်း အစစ်ကို ပြချင်တဲ့ဇာတ်ကားဖြစ်လို့ပဲ။ အချက်အလက်ကို မှန်ကန်အောင်ပြတဲ့ အပေါ်မှာမှ အနုပညာရသမြောက်အောင် ဖန်တီးမှုက ဒုတိယအဆင့်ဖြစ် မှာပါ"လို့ ဇာတ်ကားရိုက်ကူးမယ့်ပုံစံကို ရှင်းပြပါတယ်။
ဇာတ်ကားကြည့်တဲ့သူကို အဲဒီခေတ် ဆီရောက်သွားစေချင်ပြီး အဲဒီအချိန် အခါက အကြောင်းအရာတွေကို သိရှိစေ ချင်တာကြောင့် ဗိုလ်ချုပ်ဇာတ်ကားမှာ သမိုင်းကြောင်း အစစ်အမှန်ကို ပြနိုင် အောင် ကြိုးစားသွားမယ်လို့လည်း ပြော ပါတယ်။
၁၉၄၆ ခုနှစ်ကနေ ၁၉၆၂ ခုနှစ် အတွင်း ထုတ်ဝေတဲ့ မဏ္ဍိုင်၊ ဟံသာဝတီ၊ ဖဆပလသတင်းစဉ်၊ မြန်မာ့ရှေ့ဆောင်၊ မြန်မာ့အလင်း၊ ရန်ကုန်နေ့စဉ်သတင်း စာ၊ ဒီးဒုတ်ဂျာနယ်တွေကို တခုတ်တရ စုဆောင်းထားတဲ့ ဇီဇ၀ါစာအုပ်တိုက် ပိုင်ရှင် ဦးကျော်မင်းက "၁၉၄၇ ခုနှစ် အစောပိုင်းလောက်ကထုတ်တဲ့ သတင်း စာတွေမှာ ဗိုလ်ချုပ်မျက်နှာဖုံးပုံတွေ ချည်းပဲ။ အဲဒီခေတ်က သတင်းစာတွေက ပွင့်ပွင့် လင်းလင်းနဲ့ သတင်းဦး၊ သတင်း ထူးတွေ ဖော်ပြကြတယ်။ ဗိုလ်ချုပ်မိန့်ခွန်း တွေ၊ အစည်းအဝေးဆုံးဖြတ်ချက်တွေကို နောက်တစ်နေ့ သတင်းစာမှာပဲ ထည့် သွင်းဖော်ပြကြတယ်။ "၁၉၇၀ ကျော်လောက်ထိ အာဇာ နည်နေ့တိုင်း အာဇာနည်ဗိမာန်မှာ သွားရောက်ဂါရ၀ ပြုတဲ့သူတွေကို ကျဆုံး သွားတဲ့ အာဇာနည်ခေါင်းဆောင်တွေ ရဲ့အတ္ထုပ္ပတ္တိအကျဉ်းပါတဲ့ စာအုပ်ငယ် ကလေးတွေ ဝေတယ်။ ကျောင်းသား လူငယ်တွေ ကိုယ့်နိုင်ငံက ခေါင်းဆောင် တွေရဲ့အကြောင်းကို သိအောင် ဝေတာပါ။ ဒါပေမယ့် အဲဒီအစဉ်အလာလေးက ပျောက်သွားတာ ကြာပြီ။ အဲဒီတုန်းက ဝေတဲ့စာအုပ်ငယ်လေးတွေကို အခု ထက်ထိ သိမ်းဆည်းထားတုန်းပဲ" လို့ ပြောပြပါတယ်။
 ဇွန်ပန်းပွင့် (မြန်မာ့တိုင်းမ်)
Unknown at 9:19 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.