Sunday, February 26, 2012

ရတနာပုံ Web Portal ဝန်ထမ်းများအား အထက်လူကြီး၏ လူမဆန် လုပ်ဆောင်ခဲ့မှုများ

၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီ ပုံမှန်ရုံးဆင်းချိန်တွင် ရတနာပုံ တယ်လီပို့ ကုမ္ပဏီ အမျိုးသားအဆင့် ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) ရောက်ရှိလာပါသည်။ ရောက်လာပြီးနောက် ရတနာပုံဝဘ်ပေါ်တယ်ရှိ ဝန်ထမ်းအားလုံးအား ရုံးဆင်းချိန်ရောက်ရှိနေသော်လည်း သူ မပြန်သရွေ့ မပြန်ခိုင်းပါ။ ညနေ ခြောက်နာရီ၌ ရတနာပုံဝဘ်ပေါ်တယ်ရှိ admin department မှ ကျန် department များသို့ ဆိုလာစက်ရုံတွင်တာဝန်ထမ်းဆောင်ရန် ရွှေ့ပြောင်းခြင်းခံရသော ဝန်ထမ်းအမည်များ ထုတ်ပြန်လာပါသည်။
တကယ်တမ်းတွင် ထိုသို့ ပြောင်းရွှေ့မည်ဆိုသော အကြောင်းကို ကြိုတင် အသိပေးခြင်း မရှိဘဲ ၂၄.၂.၂၀၁၂ သောကြာနေ့ ညနေ ငါးနာရီမှ ခြောက်နာရီ (၁နာရီအချိန်အတွင်း) တွင်သာ ဆုံးဖြတ်ရွေးချယ် ခေါ်ယူသွားခြင်းဖြစ်သည်။ ဆုံးဖြတ်ချက်မှာလည်း သူ့တစ်ယောက်ထည်း၏ ဆန္ဒနှင့် အာဏာကိုသာ သုံး၍ ရွေးချယ်သွားပါသည်။ ရွေးချယ်သွားသော ဝန်ထမ်းစာရင်းမှာ ပထမဦးစားပေး၊ ဒုတိယ ဦးစားပေးဆိုပြီး ခေါ်ချင်သူ နာမည်စာရင်းများကို ရုံးတက်ရုံးဆင်း လက်မှတ်ထိုးစာရွက်ကိုကြည့်၍ အမှတ်အသား ပြုလုပ်သွားပါသည်။ ထို ပထမဦးစားပေး လူစာရင်းရှိ ဝန်ထမ်းများကို ၂၅.၂.၂၀၁၂ စနေနေ့မနက် ၈ နာရီအရောက် ဆိုလာစက်ရုံသို့ သတင်းပို့ရုံးတက်ရမည်ဟု ပြောကြားသွားပါသည်။ ပထမဦးစားပေး လူစာရင်းရှိ ဝန်းထမ်းအားလုံးမှာ မိမိတို့ ပြောင်းရွှေ့လိုသော သဘောဆန္ဒ မပါပဲ ၂၅.၂.၂၀၁၂ စနေနေ့မနက် ၈ နာရီတွင် သွားရောက် သတင်းပို့ခဲ့ကြပါသည်။ ထိုသို့ သတင်းပို့ရာတွင် ရတနာပုံဌာနကြီးမှူးဖြစ်သော ဦးမျိုးညွန့်အောင် ရောက်ရှိမလာသေးသောအချိန်အတွင်း ပထမဦးစားပေးရွေးချယ်ခံရသော ရတနာပုံဝဘ်ပေါ်တယ်မှ ဝန်ထမ်းများအား ဗိုလ်ကြီးဦးဇော်လွင်ဦး မှ
 "မကောင်းရင် ကင်းအောင်နေ၊ မကင်းရင် ကောင်းအောင်နေ   လုပ်နိုင်ရင်လုပ် မလုပ်နိုင်ရင်ထွက်   တတ်ဖို့် မလိုဘူး၊ နပ်ဖို့လိုတယ်
  တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ်   ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ်  ၁၀ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်"
ဆိုသော ခြိမ်းခြောက်အရိပ်ပြစကားများ ပြောကြားခဲ့ပြီးနောက် ဆိုလာစက်ရုံရှိ လက်ရှိလုပ်ငန်းစဉ်များအား အပိုင်းနှစ်ပိုင်း ရှိကြောင်း ပြောပါသည်။ ထိုနှစ်ပိုင်းမှာ Installation and Production ပိုင်း ဖြစ်ပါသည်။ Installation ပိုင်းမှာ GSM Tour တိုင်များကို solar plate များလိုက်လံတပ်ဆင်ခြင်းဖြစ်ပြီး Production ပိုင်းမှာ ဖုန်း solar circuit များကို ခဲတို့ခြင်းဖြစ်ကြောင်း ပြောကြားပါသည်။ ပြောင်းရွှေ့ခံရသော ရတနာပုံဝဘ်ပေါ်တယ် ဝန်ထမ်းများမှ ယောကျာ်းလေးများကို "မင်းကားမောင်းတတ်သလား" ဟူသော မိမိပညာအရည်အချင်းနှင့် သက်ဆိုင်ခြင်း မရှိသော မေးခွန်းကို မေးခဲ့ပါသည်။ဝဘ်ပေါ်တယ်ရှိ ဝန်ထမ်းများ၏ ပညာအရည်အချင်းမှာ BE(IT) နှင့် B.C.Sc (Hons:) များသာ ဖြစ်ပါသည်။ မနက် ၁၀ နာရီအချိန်တွင် ရတနာပုံဌာနကြီးမှူး ဦးမျိုးညွှန့်အောင် (ဆိုလာစက်ရုံမှူး) ၏ ရုံးခန်းတွင် တွေ့ဆုံစကားပြောခဲ့ပါသည်။ ထိုသို့ ပြောကြားသော စကားများတွင် သူ၏ အုပ်ချုပ်မှုအာဏာသည် မည်မျှကြီးမားကြောင်းပြောကြားပြီး
 "နင်တို့ ကြပ်ကြပ် သတိထား၊  လူပါးမဝနဲ့   င့ါလက်ညိုးကွေးလိုက်ရင် ဘာဖြစ်မလဲသိလား  လက်ဝါးနဲ့ မျက်နှာ ဘယ်ဟာပိုကြီးလည်း ဘယ်သူစမ်းချင်လည်း"
 
ဆိုသော ခြိမ်းခြောက်စကားများ ပြောကြားခဲ့ပါသည်။ ထို့နောက် ဝန်ထမ်းများမှ မိမိတို့ မူရင်းဌာနတွင် ထမ်းဆောင်သော တာဝန်များကို ပြောကြားရာ
"အဲဒါတွေ င့ါကို လာမပြောနဲ့ ငါနားမလည်ဘူး င့ါကို စကားလုံးကြီးကြီးတွေ လာမပြောနဲ့" ဟု ပြောပြီး ဝန်ထမ်းများ၏ ပညာအရည်အချင်းကို မေးပါသည်။ ထိုသို့မေးကြားပြီး
"နင့်ဘွဲ့က ဘယ်နိုင်ငံက ရခဲ့တဲ့ ဘွဲ့မို့လို့လည်း အင်္ဂလန်ကလား အမေရိကန်ကလား ဒီနိုင်ငံက ဒီဘွဲ့စုတ်လောက်နဲ့ င့ါကိုေ-ာက်ဖင်ခေါင်း လာမကျယ်နဲ့
မြန်မာနိုင်ငံက ရတဲ့ဘွဲ့ ဘာလုပ်ရမှာလဲ နင်တို့ ဘယ်လောက်အရည်အချင်းရှိလည်းရှိရင် ဒီရှေ့မှာ ထိုင်ပြီး တစ်ယောက်နဲ့တစ်ယောက် ပါးရိုက်ကြေးဆွေးနွေးမယ်လို့"
ခြိမ်းခြောက်ပြောဆိုပါသည်။

ထို့နောက် ဝက်ဘ်ပေါ်တယ် ဝန်ထမ်းများမှ မိမိတို့ လုပ်ကိုင်ရမည့် အလုပ်များကို မေးမြန်းရာ
"ငါခိုင်းတာလုပ် ဘာမှ ပြန်မမေးနဲ့" ဆိုပြီး ဟိန်းဟောက်ပြောဆိုပါသည်။
ထို့နောက် စောင့်ဆိုင်းခိုင်းထားသော အခန်းသို့ ပြန်လည်ပို့လွှတ်ပြီး  ဗိုလ်ကြီးဦးဇော်လွင်ဦးမှ
"နင်တို့ ခုနက ငါမသွားခင် သေချာမှာပြီး ပြောခဲ့တဲ့စကားလေးခွန်းကို မှတ်မိသေးလား" ဟု ပြန်လည်မေးမြန်းပါသည်။ ထိုစကားလေးခွန်းမှာ
 "တတ်ဖို့် မလိုဘူး၊ နပ်ဖို့လိုတယ်   တော်ဖို့ မလိုဘူး၊ မချော်ဖို့ လိုတယ်   ရှိဖို့ မလိုဘူး၊ သိဖို့လိုတယ်  ၁၀ တန်းအောင်ဖို့ မလိုဘူး၊ အလိုက်သိဖို့လိုတယ်" ဆိုတဲ့ စကားဖြစ်ပါသည်။
ထို့နောက် ရတနာပုံဌာနကြီးမှူး ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) နှင့် တွေ့ဆုံချိန်က ဦးမျိုးညွှန့်အောင် မေးမြန်းသော လက်ဝါးနှင့် မျက်နှာ ဘယ်ဟာကြီးလဲဟု မေးမြန်းချက်ကို  မျက်နှာကြီးပါသည်ဟု  ပြန်လည်ပြန်လည်ဖြေဆိုမှုမှာ မှားယွင်းကြောင်း ပြောဆိုပြီး  ဖြေဆိုသင့်သည်မှာ
"ဟုတ်ကဲ့ ဗိုလ်မှူး ဟုတ်ကဲ့ လက်ဝါးကြီးပါတယ်" လို့ ခေါင်းငုံ့ဖြေဆိုသင့်ကြောင်း ပြောပါသည်။ ထို့နောက် ဝန်ထမ်းများမှ မူရင်းဌာနသို့ ပြန်လည်မေးမြန်းမည်ကို ပြောကြားရာတွင်
"မလိုဘူး။ မင်းတို့က အခု ရတနာပုံဝဘ်ပေါ်တယ်နှင့် လုံးဝမသက်ဆိုင်တော့ဘူး မင်းတို့အားလုံး ဆိုလာလက်အောက် ရောက်နေပြီ လူညီရင် ဤ ကျွဲဖတ်ကြပေါ့ စနေနေ့ ရုံးဖွင့်တယ်ရုံးမတက်ရင် မင်းတို့အားလုံး ပျက်ကွက်လုပ်ပစ်မည်" ဟု ပြောပါသည်။
ထို့နောက် ဝန်ထမ်းများမှာ မူရင်းဌာနသို့ ပြန်လည်ရောက်ရှိ သတင်းပို့ပြီးချိန်တွင်  ရတနာပုံ ဝဘ်ပေါ်တယ်ဌာနသို့ ရတနာပုံဌာနကြီးမှူး ဦးမျိုးညွန့်အောင် (ဆိုလာစက်ရုံမှူး) ရောက်ရှိလာပြီး ပြောင်းရွှေ့ခံ ဝန်ထမ်းများကို ရုံးရှေ့သို့ ခေါ်ယူပြီး လာမည့် ၂၇.၂.၂၀၁၂ (တနင်္လာနေ့) တွင် ဆိုလာစက်ရုံသို့ အလုပ်ဆင်းရမည်ဖြစ်ကြောင်း အကယ်၍ လာမဆင်းနိုင်သူများ အလုပ်ထွက်ရမည်ဆိုသော ခြိမ်းခြောက်စကားပြောဆိုပြီး အလုပ်ထွက်ကြောင်း လက်မှတ်ထိုးခိုင်းပါသည်။
 ပြောင်းရွှေ့ခံဝန်ထမ်းများမှာ မိမိပညာအရည်အချင်းနှင့် မကိုက်ညီသော အလုပ်ဖြစ်ရသည်ကတစ်ကြောင်း၊ မိမိသဘောဆန္ဒမပါ ကြိုတင်အသိပေးခြင်းမရှိဘဲ အတင်းအဓမ္မ ပြောင်းရွှေ့ခံရခြင်းကတစ်ကြောင်း၊ လူလူချင်း ရိုင်းပြကြမ်းတမ်းစွာ အာဏာသုံး ပြောဆို ဆက်ဆံခံရခြင်းကြောင့်တစ်ကြောင်း ယခုကဲ့သို့ အများပြည်သူ သိစေရန် လေးစားစွာဖြင့် အသိပေးအပ်ပါသည်။
 by Min Ye Kyaw Swar

အဆိုပါသတင်းနှင့် ပါတ်သတ်၍ တခြား ရတနာပုံ Web Portal ဝန်ထမ်းများ ကလည်း Myanmar News Now ကို အတည်ပြုပြောဆိုကြပါတယ်။ 
Unknown at 9:15 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မုံရွာမြို့၌ လောင်စာဆီတင်ကားတစ်စီး မီးလောင်မှုဖြစ်ရာမှ ဓာတ်ဆီဆိုင်များကိုပါ ကူးဆက်လောင်ကျွမ်းမှုဖြစ်ပွား

စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့ မအူဆီဆိုင်တန်းတွင်
လောင်စာဆီတင်မော်တော်ယာဉ်တစ်စီးသည် ယနေ့ ဖေဖော်ဝါရီ ၂၅ ရက် ညနေပိုင်း ၄နာရီ ၁၅ မိနစ် အချိန်၌ မော်တော်ယာဉ်ပေါ်မှ လောင်စာဆီများကို အတင်အချလုပ်ရာမှ မီးလောင်ကျွမ်းမှုတစ်ခုဖြစ်ပွားခဲ့ပြီး ယင်းမှတဆင့် ဓာတ်ဆီဆိုင်များကိုပါ မီးကူးဆက်လောင်ကျွမ်းကာမီးလောင်မှုတစ်ခုဖြစ်ပွားခဲ့ကြောင်း ဒေခံများကပြောကြားသည်။

လောင်စာဆီများတင်ဆောင်ထားသောမော်တော်ယာဉ်တစ်စီးသည် မော်တော်ယာဉ်ပေါ်မှ လောင်စာဆီများအတင်အချလုပ်နေရာမှ မီးလောင်မှုဖြစ်ပွားခဲ့ကြောင်း၊ အဆိုပါမော်တော်ယာဉ်သည် မီးလောင်မှုဖြစ်ပွားနေစဉ် အဝေးသို့မောင်းထွက်ပြေးသွားကြောင်း၊ အခြားသော လောင်စာဆီတင်ယာဉ်တစ်စီးသည်လဲ မီးလောင်ခံရမည်ကို စိုးရိမ်သဖြင့် မောင်းနှင်ထွက်ပြေးရာမှ ကားလမ်းမဘေးရှိရေမြောင်ထဲသို့ထိုးကျသွားကြောင်း၊ မီးစတင်လောင်ကျွမ်းခံခဲ့ရသော လောင်စာဆီတင်မော်တော်ယာဉ်ကို မီးသတ်တပ်ဖွဲ့ဝင်များက ၀ိုင်းဝန်ငြိမ်းသတ်ရာ ၄ နာရီ မိနစ် ၅၀ အချိန်တွင် မီးညွန့်ကျိုးသွားခဲ့ကြောင်း မုံရွာမီးသတ်ဌာနမှ စုံစမ်းသိရှိရသည်။


“လူနှစ်ယောက်ဒဏ်ရာရလို့ ဆေးရုံတော့တင်ထားရတယ်။ ယာဉ်မောင်ကတော့ ထွက်ပြေးနေတယ်” ဟု အခင်ဖြစ်ပွားရာနေရာသို့ ရောက်ရှိခဲ့သူ မျက်မြင်တွေ့ရှိသူ ဒေသခံတစ်ဦးကပြောကြားသည်။

  The Express Times




 
  The Express Times
Unknown at 3:29 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပုသိမ်မြို့မှာအစိုးရ၀န်ထမ်းတွေတင်မကပုဂ္ဂလိက အဖွဲအစည်းတွေမှာအဂတိလိုက်စားမှုရှိနေ သတင်းနှင့်ပါတ်သတ်၍ ဖြေရှင်းချက် (ပေးစာ)


””ပုသိမ်မြို့မှာ အစိုးရ၀န်ထမ်းတွေတင်မကပုဂ္ဂလိကအဖွဲအစည်းတွေမှာအဂတိလိုက်စားမှုရှိနေ””
ဒီဖေါ်ပြချက်ဟာ လူတစ်ယောက်က မနာလိုဖြစ်လို့ တမင် ဖန်တီးထားတဲ့ လုပ်ကြံဇာတ်လမ်းတွေပါ ကျွန်တော်က ပုသိမ်မှာနေပြီး ကိုယ်တိုင် ကွန်ပျူတာပညာရှင်အသင်းရဲ့ အခမဲ့သင်ပေးတဲ့ ဂျပန်အင်ဂျင်နီယာစာမေးပွဲသင်တန်းတွေကို တက်ပြီး ဖြေဘူးတဲ့သူပါ အသင်းမှာရှိတဲ့ ဆရာတွေ ဆရာမတွေ အဓိက ကတော့ ဆရာ ဦးမောင်ဦး တီချယ် ဒေါ်မြတ်မြတ်မိုး အပါ ဆရာအားလုံးဟာ စေတနာနဲ့သင်ပေးကြတာ သင်တန်းသားတွေက ငွေကြေးဘာမှ မကုန်တဲ့အပြင် စာအုပ်တွေဖတ်ဖို့ဌားပေးတယ် မေးခွန်းဟောင်းတွေဆိုလဲ လေ့လာဖို့ ebook လုပ်ပြီး free ပေးတာ စာမေးပွဲဖြေတော့ အထက(၁)မှာ ဖြေရတာ အဲဒီ စာမေးပွဲတွေကို အမြဲတမ်း လိုလို အထက(၁)မှာပဲစစ်တယ် တခါတော့ ကွန်ပျူတာတက္ကသိုလ်(အခု စက်မှုအထက)မှာ စစ်တယ် ကျွန်တော် အဲဒီမှာ ဖြေဘူးတယ် တီချယ်တို့က ကျောင်းသားတွေ အပေါ် စေတနာကောင်းတယ်  အရမ်းပင်ပန်းခံပြီးသင်ပေးရတာ စာမေးပွဲက အောင်ဖို့ ခက်တယ် စာတွေက ကွန်ပျူတာ တက္ကသိုလ် ဘွဲ့တစ်ခုစာလောက်များတာ သင်တန်းကြေးမပေးရဘူး စာမေးပွဲကြေးက ရန်ကုန်အသင်းချုပ်ကိုသွင်းရတာ တီချယ် တို့ က ဒီဂျပန်အင်ဂျင်နီယာစာမေးပွဲအကြောင်း ပုသိမ်က တက္ကသိုလ်တွေမှာ တစ်နှစ်ကို တခါ နှစ်ခါ အမြဲတမ်းဟောပြောပွဲလာလုပ်လို့ စာမေးပွဲဖြေတဲ့သူများတာ AIBI ကျောင်းသားတွေကို ရွေးသင်တာ မဟုတ်ဘူး ကျွန်တော်ဆို MCC မှာ တက်နေရင်း ဒီဂျပန်အင်ဂျင်နီယာစာမေးပွဲသင်တန်းတက်ခဲ့တာ
 ပြီးတော့ နိုင်ငံခြားပညာတော်သင် စာမေးပွဲဆိုတာ ပုသိမ်မှာစစ်တာ မဟုတ်ဘူးဗျ အင်တာနက်ဂျာနယ် နက်ဂိုက်ဂျာနယ်တွေမှာ သတင်းဖေါ်ပြပေးထားတာ တပြည်လုံးက ဖြေဖို့ အရည်အချင်းမှီရင် အသင်းချုပ်ကိုလျှောက်ရတာ ပုသိမ်မှာဖြေလို့ရတာမျိုး ပုသိမ်မှာရွေးတာမဟုတ်ဘူး တပြည်လုံးကလာဖြေတဲ့သူက အများကြီး၊ စာမေးပွဲ အဆင့်ဆင့်ဖြေရတာ နိုင်ငံခြားကစစ်ပြီး ကြိုက်မှ ခေါ်တာဗျ ခု ပုသိမ်က ပါတယ် ဆိုတဲ့ ကျောင်းသားတွေက ကွန်ပျူတာတက္ကသိုလ်မှာတုန်းက စာတော်တဲ့သူတွေဗျ Roll 1 to 5 တွေဗျ မာစတာဘွဲ့ရတွေလေ၊သူတို့တော်လို့သူတို့ရတာပါ ။ဒီအတင်းအဖျင်းရေးပို့လိုက်တဲ့သူက ဒါတွေမသိဘူးဆိုတော့ ကွန်ပျူတာပညာရှင်အသင်းဝင်ကျောင်းသားမဟုတ်တာသေချာတယ် ဂျပန်အင်ဂျင်နီယာစာမေးပွဲ ကိုပဲ ပုသိမ်မှာ စစ်တာ ဒီစာမေးပွဲကိုလည်း ရန်ကုန်အသင်းချုပ်က ဆရာမကြီးတွေ က မေးခွန်း ကို ကိုယ်တိုင်ယူလာပြီး ပုသိမ်နည်းပညာနဲ့ ကွန်ပျူတာ တက္ကသိုလ်က ဆရာမတွေ ရှေ့မှာဖေါက်ပြီး စာမေးပွဲစစ်တာ ကွန်ပျူတာအသင်းရော တက္ကသိုလ် ဆရာမတွေရော စာမေးပွဲစောင့်တာ အရမ်းခက်တဲ့စာမေးပွဲဗျ  အောင်ချက် တပြည်လုံးမှာ ၅ % ၁၀% လောက်ပဲ နိုင်ငံခြားမှာကို က ဒီလောက်ပဲအောင်တာ ကူးချလို့ ရတာမဟုတ်ဘူး Unseen တွေ၊
ဒါကို ဒီလူ မသိပဲ ဖေါလိုက်တာ၊ ကျွန်တော်လဲ ဖြေတုန်းပဲ အောင်သေးဘူး၊ ဒါပေမယ့် တချိန်တော့ အောင်ရမယ် ကြိုးစားဆဲပါ
   တီချယ်တို့ ဆရာ တို့က လှူလဲလှူတယ် ကျွန်တော်တို့ကျောင်းကိုလဲ ကွန်ပျူတာတွေ ပျက်နေလို့ လှူထားသေးတယ် တခြားကျောင်းတွေမှာလဲ လှူတယ်ဗျ တီချယ်တို့ က စေတနာကောင်းတယ် လူချစ်လူခင် လဲများတယ် ပြီးတော့ AIBI ဆိုတာ ပုသိမ်မှာ လူအများဆုံးကျောင်းဗျ ခုချက်ချင်းသင်တန်း တက်ချင်လို့ နေရာမရနိုင်ဘူး၊လူအမြဲပြည့်နေတာ တစ်လလောက် ကြိုစာရင်းပေးမှ နေရာရတာ လူတိုင်းသိကြတယ်
ဒီလောက်အောင်မြင်နေလို့ မနာလိုဖြစ်တဲ့လူက တမင်ဖန်တီးရေးထားတာ တီချယ်တို့က ပညာရှင်စစ်စစ်တွေဗျ နိုင်ငံရေးသမားမဟုတ်ဘူး နိုင်ငံရေးစကားမပြောဘူး တွေ့ရင် စာကြိုးစားဖို့ပဲ ဒီလောက် သဘောထားဖြူတဲ့ ဆရာဆရာမတွေကို စောကားလိုက်တာ ကျောင်းသား မဖြစ်နိုင်ဘူး ကျွန်တော် ထင်တယ် မအောင်မြင်တဲ့ လုပ်ငန်းတစ်ခု၊ ကျောင်းတကျောင်းလည်းဖြစ်နိုင်တယ် ဒါမှမဟုတ် ပုဂ္ဂိုလ်ရေး မနာလိုတာ သက်သက်ပဲ အစ်ကိုတို့  သတင်းအမှန်တွေကို အသင်းရဲ့ Website နဲ့ Facebook တွေ မှာ ဖတ်ကြည့်ရင် လူတိုင်းသိပါတယ်ဗျာ ဒါကြောင့် အစ်ကိုတို့ ဆိုက်မှာ ဒီလို လူကို အသရေဖျက်အောင်တမင်ဖန်တီးထားတဲ့ စာမျိုးတွေကို မတင်သင့်ပါဘူး ကွန်ပျူတာပညာရှင်အသင်းဝင်တွေ ဖတ်မိရင် အစ်ကိုတို့ ဆိုက်အပေါ်မှာ ဘယ်လိုမြင်မလဲ ကျောင်းသားကျောင်းသူတိုင်းက အားကျ အတုယူလေးစားရတဲ့သူတွေကို စောကားတိုက်ခိုက်တာတွေကို ကျွန်တော်တို့ မခံချင်ပါဘူး ဒီ Post ကို ဖျက်လိုက်ဖို့ ကျွန်တော်တို့တောင်းဆိုပါတယ် တီချယ်တို့ ဆရာတို့ သိရင်လဲ မကောင်းပါဘူး ပြီတော့ ဒါဟာ အဖွဲ့အစည်းကနေတောင် တရားစွဲလို့ရတဲ့ဟာမျိုးပဲ ဒါကြောင့် အစ်ကိုတို့ ဒီလိုမျိုး ပုဂ္ဂိုလ်ရေးမနာလိုတိုက်ခိုက်တာတွေကို သတင်းလို့ တလွဲအသုံးချမခံရအောင် ဒီ post ကို အပြီးဖျက်ပစ်ဖို့ ဖြစ်နိုင်ရင် ဒီလို နောက်နောင် ရေးပို့လာရင် အ၀င်မခံစေဖို့Block တောင်လုပ်သင့်ပြီဗျာ
ဒီအီမေးလ်ကို လည်းသိချင်မိတယ်။
Unknown at 3:27 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒေါ်အောင်ဆန်းစုကြည် ကို ဒေါ်အင်ဖန်ဂျာရာ ပြောခဲ့တဲ့စကားတွေ



ညစာစားပွဲတွင် ဒေါ်အင်ဖန်ဂျာရာနှင့် စကားပြောဆိုလျှက်ရှိသည့် ဒေါ်အောင်ဆန်းစုကြည် (ဓါတ်ပုံ-YPI)

ဖေဖေါ်ဝါရီလ ၂၃ ရက်နေ့ ည ၈နာရီ မြစ်ကြီးနားမြို့ မနောကွင်း မဂျွယ်ခန်းမမှာ ကချင်ပြည်နယ်သို့ စည်းရုံးရေး ခရီးစဉ်အဖြစ် ရောက်ရှိနေတဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ တိုင်းရင်သား ခေါင်းဆောင်းများ၊ ဘာသာရေး ခေါင်းဆောင်များနဲ့ ညစာအတူစားခဲ့ကြပါတယ်။ ထိုစဉ်က ကချင်အတိုင်ပင်ခံအဖွဲ့ နာယက

ဒေါ်အင်ဖန်ဂျာရာ နဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ ပြောဆိုကြတဲ့အကြောင်းကို YPI သတင်းထောက်က ဒေါ်အင်ဖန်ဂျာရာကို မေးမြန်းထားပါတယ်။

ဒေါ်အင်ဖန်ဂျာရာ။ ။ ည ၈နာရီ ကနေ စပြီး ၁၀ နာရီ လောက်အထိ စကားပြောဖြစ်ခဲ့ပါတယ် သူက အဖွားကို မေးခွန်း နှစ်ခုပဲမေးပါတယ်။

အဲဒါတွေက

၁- KIA က ဘာလို့ဖြစ်လာတာလဲ

၂ - ဒီနေ့အထိ ဘာကြောင့် ငြိမ်းချမ်းရေး ဆွေးနွေးလို့ မရသေးတာလဲ ဆိုတာကို ဒေါ်အောင်ဆန်းစုကြည်က မေးခဲ့ပါတယ်။ အရမ်းအရေးကြီးတဲ့ မေးခွန်တွေကို သူမေးခဲ့ပါတယ်။

ကျွန်မ ပြန်ပြောပြလိုက်ပါတယ်၊ အရင်ကတည်းက ကချင်နိုင်ငံဆိုပြီးရှိခဲ့တာပါ ဘယ်ဘုရင်ကမှ ဒီနေရာက ကချင်တွေအတွက်ဆိုပြီး ပေးထားတာမဟုတ်ပါဘူး၊ ကချင်တွေက ကိုယ်နေရာ ကိုယ့်နိုင်ငံ ကိုယ့်ဒေသနဲ့ ကိုယ်

နေထိုင်ခဲ့ကြတဲ့သူတွေဖြစ်တယ်၊ ကိုယ့်နိုင်ငံ ကိုယ့်နေရာနဲ့ကိုယ်အုပ်ချုပ်ပြီး ငြိမ်ငြိမ်းချမ်းချမ်း နေထိုင်ခဲ့ ကြတာဖြစ်တယ်၊

ကျွန်မတို့ ကချင်လူမျိုးတွေဟ မြန်မာပြည်ဘက်ကိုလည်း မသွားဘူး မြန်မာလူမျိုးတွေကလည်း ကချင်လူမျိုးတွေကို တောသား လူရိုင်းတွေဆို ပြီး အရမ်းကြောက်ခဲ့တာ။

ဗြိတိသျှ အုပ်ချူပ်တုန်းက ကျွန်မတို့ ကချင်လူမျိုးတွေဟာ စစ်ရေးစစ်ရာ တိုက်ခိုက်တဲ့နေရာမှာ ကျွမ်းကျင်တဲ့ လူမျိုးတွေဖြစ်တယ်၊

ပထမ ကမ္ဘာစစ်နဲ့ ဒုတိယ ကမ္ဘာစစ် ဂျပန်ခေတ် တွေမှာ ကချင်လူမျိုးတွေ တော်တော်များများ ပါဝင် တိုက်ခိုက်ပါဝင်ခဲ့ကြတယ်၊

ဒီလိုနဲ့ ၁၉၄၇ ခုနှစ်မှာ ဗိုလ်ချူပ်အောင်ဆန်း ကချင်ပြည်နယ်ကိုတက်လာတာဖြစ်တယ်၊ ကျွန်မ က အဲဒီအချိန် ၁၅ ၊ ၁၆ နှစ်ဘဲရှိသေးတယ်၊ အဲဒီတုန်းက ကျွန်မ ကြိုဆိုဧည့်ခံရေး အဖွဲ့မှာပါဝင်ခဲ့တယ်၊ အခုကျွန်မ အသက် ၈၀ ကျော်ပြီလေ၊

ဗိုလ်ချူပ်အောင်ဆန်းက ဗြိတိသျှ တွေဆီက လွတ်လပ်ရေးရအောင်ဆိုပြီး တခြားလူမျိုးတွေဆီ မသွားပဲ ကချင်ပြည်နယ်ကို အရင်လာတာဖြစ်တယ်။

ကချင်ခေါင်းဆောင်တွေနဲ့ တွေ့ဆုံဆွေးနွေးခဲ့ကြတယ်၊ အစကတော့ လွတ်လပ်ရေးမှာ

မပါဝင်ချင်ဘူး၊ ဒါပေမဲ့ အောင်ဆန်းက ကချင်တစ်ကျပ် ဆို မြန်မာတစ်ကျပ်ဆိုတဲ့ အခွင့်အရေးပေးမယ်ဆိုပြီး ပြည်ထောင်စုမူ အရ ကျွန်တော်တို့ယူကြမှပါ ခင်ဗျားတို့ မကြိုက်ရင်လည်း နောက် ၁၀နှစ်လောက်ဆို ပြန်ခွဲထွက်လို့ ရတယ်ဆိုလို့ ကချင်တွေ ပင်လုံစာချုပ်မှာ လက်မှတ်ရေးထိုးခဲ့ကြတာပါ။

ကချင်တွေ ပင်လုံစာချုပ်ချုပ်ဖို့ သဘောတူလို့ ရှမ်းပြည်ကိုရောက်တယ် ရှမ်းတွေလည်း လွတ်လပ်ရေးကို မလိုချင်ကြဘူး ဒါပေမဲ့ ကချင်နောင်တော်ကြီးတွေတောင် သဘောတူတယ်ဆိုတော့ ဆိုပြီး ရှမ်းတွေလည်းသဘောတူ လက်မှတ်ရေးထိုးခဲ့ကြတယ်။ ပြီးတော့ ချင်းတွေ ပြန်ရောက်လာတယ် ချင်းတွေရော ဒီအတိုင်းဘဲ သဘောမတူဘူး လွတ်လပ်ရေးကို မလိုချင်ကြဘူး၊ ဒါပေမဲ့ ကချင်နဲ့ ရှမ်းတောင် လက်မှတ်ရေးထိုးတယ်ဆိုပြီးသူလည်း သဘောတူခဲ့တယ်၊ ပင်လုံမှာလက်မှတ်ရေးထိုးတာက ဗမာ ကိုယ်စား အောင်ဆန်း (ဖဆပလ) ခေါင်းဆောင် လက်မှတ်ထိုးတယ် ကချင်၊ ရှမ်း၊ ချင်း လေးဦး သဘောတူပြီး ပင်လုံမှာ စာချုပ်ချုပ်ခဲ့တာဖြစ်ပါတယ်၊

၁၉၄၈ ဇန်န၀ါရီ ၄ မှာ လွတ်လပ်ရေး ရတာဖြစ်တယ်၊ ဒါပေမဲ့ ရှင့်အဖေ ပေးထားတဲ့ ကတိစကားကို ကျွန်မတို့

အရမ်းအားကိုးနားထောင်ပြီး လက်ခံထားတာကို အောင်ဆန်းမရှိတော့လို့ ကျွန်မတို့ အရမ်းဝမ်းနည်းပြီး စိတ်ပျက်သွားတယ်၊

အဲဒီအချိန်က စပြီး ကျွန်မတို့ ကချင်တွေက ဘာ အခွင့်အရေးမှ မရတော့တာပါ၊ ဦးနုက ဖဆပလ (ဥက္ကဋ္ဌ) တက်လာတော့ ကချင်တွေကို ဘာမှ မဟုတ်သလို ဆက်ဆံခဲ့တာပါ၊ ဒီလိုနဲ့ ကျွန်မတို့ ကချင်ပြည်နယ် တရုတ်ပြည်နယ်စပ်က ဖီမော်၊ လံကိုင် နယ်မြေကို ဘယ်သူ့ကိုမှ မတိုင်ပင်ဘဲ တရုတ်တွေကို ရောင်းစားလိုက်တာဟုတ်တယ်။ ဒါကြောင့် အရမ်းဝမ်းနည်းတယ် အခုထိလည်း ၀မ်းနည်းနေတုန်းပါဘဲ။

၁၉၆၂ မှာ ကျွန်မတို့ ကချင်တွေ သူပုန်ထလာတာဖြစ်တယ်၊ ဒါဘာဖြစ်လို့လဲဆိုတော့ နိုင်ငံတော်ဘာသာ ဆိုတာကို ဘယ်သူ့ကိုမှ တိုင်ပင်တာမရှိပဲ ဦးနု သူ့ဟာသူ စီစဉ်လုပ်ခဲ့တယ် နိုင်ငံတော်ဘာသာမှာ ဆိုရင် (တစ်နိုင်ငံလုံး ဗုဒ္ဓဘာသာ ဖြစ်ရမယ်ဆိုတဲ့ ဦးတည်ချက်နဲ့သွားရမယ်) ကျန်တဲ့ ခရစ်ယာန် ၊နတ်စား ၊ စတဲ့ ဘာသာတွေကို နှိမ်သလိုဖြစ်လာပြီး ဒါကြောင့် KIO တော်လှန်ရေးစလာတာပါ၊ ကချင်တော်လှန်ရေးကိုစခဲ့တာ နော်ဆိုင်းဟုတ်ပါတယ် နော်ဆိုင်းက ရှမ်းပြည်ကနေ ကချင်ဖက်ကိုတက်လာတော့ သူ့ကို ဘယ်သူမှ ကြိုဆိုထောက်ခံမဲ့သူ မရှိလို့ နော်ဆိုင်းက တရုတ်ကွန်မြူနစ်တွေနဲ့ ပေါင်းသွားတာဖြစ်တယ်။

ကျွန်မတို့ ကချင်တွေက မြန်မာတွေကို သတ်မယ်ဖြတ်မယ်ဆိုတဲ့ စိတ်ဓာတ်လုံးဝ မရှိပါဘူး ဗမာကို မုန်းရအောင်နော်ဆိုတဲ့ စိတ်လည်းမရှိပါဘူး၊ ဒါပေမယ့် ကိုယ့်နိုင်ငံကိုယ့်ပြည်ကို ကိုယ်ပိုင်ဆိုင်ခွင့် အရင်က

ပိုင်ဆိုင်သလို ပိုင်ဆိုင်ခွင့် ကိုယ့်နိုင်ငံကြီးပွားတိုးတက်ဖို့ ကိုယ့်ခြေထောက်ကိုယ် ရပ်တည်သွားမယ် ဆိုပြီး ပြောကြည့်ရင်လည်း မဖြစ်လို့ တော်လှန်ရေး KIO ဆိုတာ ဖြစ်လာတာဟုတ်တယ်၊

ဒီနေ့ အထိလည်း ဒါပါပဲ တခြားတော့ ဘာမှမဟုတ်ဘူး အပစ်ခေတ်ရပ်စဲရေးကို ၁၇ နှစ်ကြာအောင် ပြန်လုပ်ခဲ့ပြီးပြီး ကျွန်မတို့ အရမ်းပျော်ရွင်ခဲ့ပါတယ်၊ ဒီအပစ်ခတ်ရပ်စဲရေး လုပ်ပြီး တော့ နောက်တစ်ဆင့်အနေနဲ့ ငြိမ်းချမ်းရေး လုပ်ဖို့ လိုအပ်လာတယ်၊

အပစ်အခတ်ရပ်စဲရေးက ငြိမ်းချမ်းရေးမဟုတ်ဘူး..ငြိမ်းချမ်းရေး ဆိုတာ နိုင်ငံရေးအရ စားပွဲပေါ်မှာ ပြုလုပ်ဖို့ဖြစ်တာ ဒါကို လုပ်ခွင့်မပေးဘူး KIO အနေနဲ့ ခဏခဏတောင်းဆိုတယ် မလုပ်ပေးခဲ့ဘူး “ပြည်သူ့အစိုးရပေါ်လာတော့မယ် မင်းတို့ သိပ်မလောကြနဲ့ ဆိုပြီးပြန်ပြောတယ်” ပြည်သူ့အစိုးရ ပေါ်လာပြီး အစည်းအဝေးတောင် မလုပ်သေးဘူး သူတို့ အရင်ပစ်တယ် ၂၀၁၂ ဇွန် ၉ မှာ စစ်စဖြစ်တယ်။

အခု ကချင်ပြည်နယ်မှ မြန်မာစစ်သား ၁သိန်းကျော်ပြီး သိလား.. ဒုံးကျည် ၂သောင်း ရောက်နေတယ်.. အမြောက်တွေလည်း အများကြီးရောက်နေတယ် ကချင်နဲ့ခရစ်ယာန်တွေကို အမြစ်ပြတ်သွားအောင် လုပ်သွားမှာဖြစ်တယ်။

ဘာဖြစ်လို့လဲဆိုတော့ အပြင်က လောဘ စိတ်ကြောင့်ဟုတ်တယ် ကျွန်မတို့ကချင်ပြည်နယ်မှာ သံယဇာတပေါများတယ် ဒါကြောင့်နယ်မြေကို လုယူပိုင်ဆိုင်ချင်လို့ဖြစ်တယ် လို့ ကျွန်မတို့ ကတော့ ဒီလိုပဲ ထင်ကြပါတယ် ကချင်လွတ်လပ်ရေးအဖွဲ့ ကတောင်းဆိုထားတာကက (၁) ပင်လုံစာချုပ် ပင်လုံစိတ်ဓာတ် နိုင်ငံရေးကို နိုင်ငံရေးလို စားပွဲပေါ်မှာ ပင်လုံ အခြေခံပြီး ဆွေးနွေးမယ် (၂ ) ကချင်ပြည်နယ် ရောက်နေတဲ့ တပ်မတော်သားတွေ ကို ကိုယ့်နေရာကိုယ်ပြန်ဆုတ်ခိုင်း ဒါဆိုရင် အပစ်အခတ်ရပ်မယ် စာချုပ်ချုပ်မယ်ဆိုရင်နိုင်ငံတကာက လူတွေကိုခေါ်ပြီး စာချုပ်ချုပ်မယ်ဆိုပြီးတောင်းဆိုထားတာ အခုထိတော့ဘာမှ အကြောင်းပြန်လာတာ မရှိသေးဘူး၊

ဒေါ်စုက အံသြစွာနဲ့ လည်ပင်းတောင် စောင်းတယ် ကျွန်မပြောတာကို နားထောင်နေတာ သူက ဘာမှမသိတဲ့ပုံပဲ မင်းကအဲဒီတုန်းက ငယ်သေးတယ်လေ ပြီးတော့ မင်းအမေနောက်လိုက်သွားရတော့ ငါတို့ဒီက သမိုင်းကြောင်းကို ဘာမှ မသိလိုက်ဘူးပေါ့ လို့ကျွန်မပြောခဲ့တယ်။

အထက်က ပြောဆိုခဲ့သည်များမှာ ဒေါ်အောင်ဆန်းစုကြည်အား ဒေါ်အင်ဖန်ဂျာရာက ပြောဆိုခဲ့သည့် စကားများကို ၎င်းကိုယ်တိုင် ပြန်လည်ပြောပြတာ ဖြစ်ပါတယ်။

ထိုနေ့ညက ရှင်းပြအပြီး ဒေါ်အောင်ဆန်းစုကြည်အား သူပြောချင်တဲ့ စကားတစ်ခွန်းဖြစ်သည့် “မြန်မာ့နည်းမြန်မာ့ဟန် ဆိုရှယ်လစ် အခုလည်း မြန်မာ့နည်းမြန်မာ့ဟန် ဒီမိုကရေစီ မလုပ်ရင်ကောင်းတယ်” ဆိုတာကို မီးပျက်သွားတာကြောင့် မပြောလိုက်ရဘူးလို့ ဒေါ်အင်ဖန်ဂျာရာ က YPI ကိုပြန်ပြောပြပါတယ်။

အဲဒီ့နောက် YPI သတင်းထောက်က ဒေါ်အောင်ဆန်းစုကြည် ဘာကြောင့် ကချင်ပြည်နယ်သို့ လာသည်ထင်သလဲ ဟုမေးရာ

“ ဒေါ်အောင်ဆန်းစုကြည် ပါတီစည်းရုံးရေး ထွက်လာတယ် ထင်တာပဲ” လို့ဖြေဆိုပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ကချင်ပြည်နယ် လာတဲ့အပေါ် ဘာမျှော်လင့်ထားလဲ ဆိုတဲ့ မေးခွန်းကိုတော့

“ ဘာမှ ထူးထူးခြားခြား မမျှော်လင့်ပါဘူး၊ ပါတီစည်းရုံးရေး သက်သက်ပဲ ထွက်လာတယ်၊ တကယ်လို့ သူရွေးကောက်ပွဲမှာ နိုင်လို့ လွှတ်တော်မှာ ၀င်ထိုင်ဖြစ်ရင်တော့ ကချင်ပြည်နယ်အတွက် မျှော်လင့်ချက် အတော်များများ ရှိတယ် ” လို့ဖြေသွားပါတယ်။

သတင်း .. ၊ ဓာတ်ပုံ ....။Yangon Press International
Unknown at 11:26 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အစိုးရငြိမ်းချမ်းရေး ကိုယ်စားလှယ် နှင့် မွန်ပြည်သစ်ပါတီ တို့ ပဏာမ သဘောတူညီချက် ဆွေးနွေး






Unknown at 10:36 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်းမပြုတော့



 ဧည့်စာရင်း တိုင်ကြားရာတွင် ငွေကြေးကောက်ခံခြင်း မပြုရသော ဥပဒေကို နိုင်ငံတော်သမ္မတ သည် ဖေဖော်ဝါရီ ၂၄ရက်က လက်မှတ် ရေးထိုးအတည်ပြု ပြဌာန်းလိုက်ပြီဖြစ် ကြောင်း သိရသည်။
အဆိုပါဥပဒေကို ဖေဖော်ဝါရီ ၂၄ရက်က ထုတ်ပြန်လိုက်ပြီး ဥပဒေတွင် ပါသည့်အခန်း ၁၅ အထွေထွေ ပုဒ်မ ၃၃ တွင် ရပ်ကွက် ကျေးရွာများ၌ ဧည့်စာ ရင်းတိုင်ကြားရာတွင် ငွေကြေးတစ်စုံတစ် ရာကောက်ခံခြင်း မပြုရကြောင်း ယင်းဥ ပဒေပြဌာန်းချက်အရ သိရသည်။ ယခင်က ဧည့်စာရင်းတိုင်ကြား ရာတွင် အုပ်ချုပ်ရေးမှူးရုံးအဖွဲ့ ရန်ပုံငွေ အဖြစ်သော်လည်းကောင်း၊ စာရွက်စာ တမ်း ကြေးအဖြစ်သော် လည်းကောင်း ငွေ ကြေးကောက်ခံ မှုများ ရှိခဲ့ကြောင်းသိရသည်။
ယခင်က မြို့နယ်၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအလိုက် ဧည့်စာရင်းတိုင် ကြားခဲ့ရာတွင် ကောက်ခံမှုငွေကြေးမှာ ကွဲ ပြားကြပြီး နေရာဒေသအပေါ် မူတည်၍ ဧည့်စာရင်းတစ်ခါ တိုင်ကြားလျှင်  ကျပ် ၂၀ဝမှ ၅၀ဝအကြား ကောက်ခံနေမှုများ ရှိကြောင်း စုံစမ်းသိရသည်။ ”အခုအချိန်ထိ ဧည့်စာရင်းတိုင် ရင် စာရွက်စာတမ်းကြေး၊ ရန်ပုံငွေဆိုပြီး တောင် ပြောပြီးမတောင်းတော့ဘူး။ စာ ရင်းသွင်းပြီးတာနဲ့ ၅၀၀ ကျတယ်ဆိုပြီး တော့ စာရေးတွေက တောင်းတော့တာပဲ” ဟု တောင်ဥက္ကလာပ နေ ဦးမျိုးဟိန်းက သူ အမြဲကြုံတွေ့နေရသည်ကို ပြောသည်။
ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ် ချုပ်ရေးမှူးရုံးများအတွက် ရုံးအသုံးစရိတ် များ သုံးစွဲနိုင်ရန် နှစ်စဉ်ရသုံးမှန်းခြေငွေ စာရင်း၌ မြို့နယ်အလိုက် သင့်လျော်သည့် ရန်ပုံငွေပမာဏကို ခွဲဝေသတ်မှတ်လျာထား ရမည်ဖြစ်ကာ ရန်ပုံငွေကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက ညွှန်ကြား ချက်များနှင့်အညီ မြို့နယ်အုပ် ချုပ်ရေးမှူးထံသို့ တင်ပြတောင်းခံပြီး စနစ် တကျသုံးစွဲရမည်ဟု အခန်း ၁၃ ပုဒ်မ ၂၉၊ ၃ဝတွင် ဖော်ပြပါရှိသည်။
ရန်ကုန်တိုင်းမ်
Unknown at 10:35 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ယခုနှစ် မန္တလေးဈေးချို ဈေးပွဲတော်ကို မပြုလုပ်လို


မန္တလေးဈေးချို
ယခုနှစ်မန္တလေးဈေးချို ဈေးပွဲတော်ကို ဈေးသူဈေးသားအများစုက ငွေစာရင်းဆိုင်ရာ ရိုသားပွင့်လင်းသောစာရင်းထုတ်ပြန်မှုမရှိခြင်းနှင့် ဈေးလုံခြုံရေးအပြည့်အ၀ မပေးနိုင်ခြင်းတို့ကြောင့် ဈေးပွဲတော်လုပ်ရန်ဆန္ဒမရှိကြောင်း ဈေးသူ ဈေးသားများက ထုတ်ပြန်ပြောဆိုသည်။
မန္တလေးဈေးချိုဈေးပွဲတော်ကိုနှစ်စဉ်နှစ်တိုင်းသင်္ကြန်နီးလျှင်ပြုလုပ်လေ့ရှိသော်လည်း ယခုနှစ်ကျင်းပရန်အတွက်အစည်းအဝေး ခေါ်ယူရာ  ဈေးသူဈေးသားအများစုမှာ မလုပ်လိုကြောင်း ငြင်းဆန်ပြောဆိုကြခြင်းဖြစ်ကြောင်း သိရှိရသည်။
ဈေးပွဲတော်ပြုလုပ်ချိန်တွင်သက်ဆိုင်ရာအဖွဲ့အစည်းအများအနေဖြင့်လုံခြုံရေးအပြည့်အ၀ မပေးနိုင်မှုကြောင့်ခိုးဆိုးလုယက်မှုများ၊ဖေါက်ထွင်းမှုများဖြစ်လေ့ဖြစ်ထရှိပြီး၊ ဈေးချိုပွဲတော်အတွက် ရရှိသောငွေကြေးများကိုလည်းစာရင်းထုတ်ပြန်ကြေငြာပေးခြင်းမရှိကြောင်း ဈေးသမားများကပြောသည်။

“ သက်ဆိုင်ရာတွေက သန့်ရှင်းရေးနဲ့ပတ်သတ်ပြီး တာဝန်မယူနိုင်ဘူး ၊ လုံးခြုံရးလဲမပေးနိုင်ဘူး ၊ ခဏခဏ ပြသနာ တက်တယ် ခါးပိုင်နှိုက်တာခိုးတာဝှက်တာ၊ညဆိုလဲလုံခြုံရေးမရှိဘူးရှိတဲ့လူကလဲလုံခြုံရေးမပေးနိုင်ဘူး။ဆိုင်ဖေါက်ထွင်းမှုတွေ ခဏခဏဖြစ်တယ်၊ ဖြစ်ရင်တာဝန်ယူမဖြေရှင်းပေးနိုင်ဘူး၊ နောက်ငွေစာရင်းရှင်းတမ်းလည်း ထုတ်မပေးကြဘူး”ဟုမန္တလေးဈေးချိုတွင်ဖိနပ်ရောင်းသူတစ်ဦးက ပြောသည်။

ထို့ပြင် ဈေးပွဲတော်တွင် ဖွင့်လှစ်ရောင်းချသောဆိုင်ခန်းများမှ ရာဂဏန်းခန့်ရှိကြောင်း၊၈၄လမ်းပေါ်ရှိဆိုင်ခန်းများမှာ ဈေးနှုန်းအမြင့်ဆုံးဖြစ်သည်ဟုသိရပြီး
ဈေးပွဲတော်လုပ်ခဲ့သည့်အကြိမ်တိုင်း သက်ဆိုင်ရာတာဝန်ရှိသူများက ငွေ စာရင်းရှင်းတမ်းထုတ်ပြန်ခြင်းမရှိသည့်အတွက် ကျေနပ်မှုမရှိကြောင်း  ဈေးသူဈေးသားတစ်ဦးကပြောသည်။

“ ၈၄လမ်းပေါ်ဆိုရင် နှစ်သိန်း နှစ်သိန်းခွဲ ၊ ၂၆လမ်းပေါ်ဆိုရင် တစ်သိန်းခွဲ
နှစ်သိန်းအစားစားပေါ့၊အဲဒီကရတဲ့ပိုက်ဆံကိုဘယ်လိုပြန်သုံးလဲဆိုတာတော့
မသိဘူး ၊ ရတဲ့ပိုက်ဆံကများတော့ နှစ်တိုင်းလုပ်ချင်တာ နေမှာပေါ့ ၊
စာရင်းရှင်းတန်းထုတ်ပြန်တာတို့ဘာတို့တော့မကြားဘူးပါဘူး အဲဒါကြောင့်လည်း မလုပ်ချင်ကြဘူး`ဟု အဆိုပါ ဈေးချိုသားတဦးက ပြောသည်။
ဈးပွဲတော်ကျင်းပခြင်းကြောင့် လာရောက်ဖွင့်လှစ်သောဆိုင်များမှာ နယ်လှည့်ဈေးရောင်းသမား အများစုဖြစ်ပြီးဈေးပတ်ဝန်းကျင်တွင် အခင်း သွားခြင်းများ ၊ ဖောက်ထွင်းမှုများဖြစ်ပေါ်ခဲ့ပြီး အဆိုပါကိစ္စအတွက် မည်သူကမျှတာဝန်ယူမှုမရှိဘူးဟုဈေးချိုတွင်ဆိုင်ဖွင့်ထားသူတစ်ဦးက ပြောသည်။

“ ဈေးပွဲတော်လုပ်မလားလို့ ဈေးထဲကလူဆယ်ဦးမေးရင်ရှစ်ဦးလောက်ကမလုပ်ချင်ဘူး ၊ဘာလု့လဲဆိုရင် ဈေးချိုဆိုတာလူတန်းစားမျိုးစုံမှီခိုနေကြတာဖြစ်တဲ့အတွက် အစစအရာရာမီးရေးထင်းရေးကအစစိုးရိမ်ရတယ်။ နောက်ပြီး ဈေးလာရောင်းတဲ့သူတွေမှာ
ဈေးရောင်းတဲ့လူအစစ်ပါသလို ၊ မသမာသူတွေလဲ ပါတယ်။ မနက်မနက်ကြရင်
သူတို့စွန့်သွားတဲ့ မစင်တွေအညစ်အကျေးတွေက နံဟောင်နေတာပဲ  အဲလိုဖြစ်တာနှစ်တိုင်းပဲ၊ညအိပ်တော့အဲဒီမှာအိပ်ကျတာဆိုတော့ ဈေးပတ်ပတ်လည်က
မြောင်းထဲမှာ ကိစ္စ ရှင်းလိုက်ကျတယ်” ဟု၎င်းကပြောသည်။
မင်းမင်းလတ်- မန္တလေး (မြစ်မခ)
Unknown at 10:33 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပီစီအိုဖုန်းကို မည်သူမဆို လျှောက်ထားခွင့်ပြုပြီး မည်သည့်ဒေသတွင်မဆို ချထားပေးတော့မည်


အများပြည်သူ အသုံးပြုနိုင်သည့် ပီစီအိုဖုန်းကို မည်သူမဆိုလျှောက်ထားနိုင်ပြီး မည်သည့်နေရာတွင်မဆို ချထားပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးလုပ်ငန်း၊ အင်ဂျင်နီယာတစ်ဦးက ပြောသည်။
“ဖုန်းခေါ်ဆိုခတွေ၊ ဖုန်းနဲ့ပတ်သက်တဲ့ အရာအားလုံးကို တာဝန်ယူနိုင်မယ့် သူတစ်ဦး လိုအပ်ပါတယ်။ ကျေးရွာလူကြီးမှ မဟုတ်ပါဘူး။ အာမခံပေးနိုင်မယ့် မည်သူမဆို သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းတွေပြည့်စုံရင် ချထားပေးသွားမှာပါ။ PCO အသုံးမပြုနိုင်တဲ့ နေရာတွေဆိုရင်တော့ မိုဘိုင်းဖုန်းကို ချထားပေးမှာပါ။ အဓိကတော့ဖုန်း အသုံးပြုမှု မတွင်ကျယ်သေးတဲ့ ဒေသတွေအတွက် ရည်ရွယ်ပြီး ဆောင်ရွက်ပေးတာပါ” ဟု မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ တာဝန်ရှိသူက ပြောသည်။
 ကျေးရွာများမှ ဖုန်းအသုံးပြုခွင့် လျှေက်ထားရာတွင် မိမိအသုံးပြုမည့် PCO ဖုန်း (ကြိုးဖုန်း) သို့မဟုတ် မိုဘိုင်းဖုန်းတန်ဖိုးအပေါ်မူတည်၍ စပေါ်ငွေတင်ရမည်ဖြစ်ပြီးဖုန်းအတွက်ကနဦးတပ်ဆင်ခ ကောက်ခံသွားမည်မဟုတ်ပေ။ စပေါ်ငွေတင်ရာ တွင်လည်း ဖုန်းတန်ဖိုး၏ သုံးပုံတစ်ပုံခန့်သာ တင်ထားရမည်ဖြစ်ကြောင်း ၎င်းကပြောသည်။
 “ ဖုန်းခေါ်ဆိုခနှုန်းထားက တော့ လက်ရှိ ဆက်သွယ်ရေးက သတ်မှတ်ထားတဲ့နှုန်းထားအတိုင်းပဲ ပေးသွင်းရမှာပါ။ ကျေးလက်ဒေသဆိုပြီး ပိုပြီးကောက်ခံမှာမဟုတ်ပါဘူး။ အသုံးပြုခွင့်လျှောက်ထားတဲ့အခါမှာလည်း ကြိုးဖုန်းလိုင်းရှိတဲ့ ဒေသကတော့ အချိန်တိုအတွင်းဖုန်းအသုံးပြုနိုင်မှာပါ။ ကြိုးဖုန်းလိုင်းလည်းမရှိဘူးဆိုရင်တော့ မိုဘိုင်းဖုန်းချထားပေးရမယ့်အတွက် အချိန်အနည်းငယ်ကြာမှာပါ။အတတ်နိုင်ဆုံးအချိန်တိုအတွင်း ပေးနိုင်အောင် တော့ ဆောင်ရွက်သွားမှာပါ” ဟု အထက်ပါပုဂ္ဂိုလ်ကဆက်လက်ပြောသည်။
 သက်ဆိုင်ရာ ပြည်နယ်/တိုင်းဒေသကြီး မန်နေဂျာရုံးများတွင် ဖုန်းလျှောက်ထားရမည်ဖြစ်ပြီး ဖုန်းတပ်ဆင်မှုကို မြို့နယ်ဆက်သွယ်ရေးရုံးများမှ ဆောင်ရွက်ပေးမည်ဟု ၎င်းကဆိုသည်။
 မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းမှ ပုဂ္ဂလိကကုမ္ပဏီများနှင့် ပူးပေါင်း မိုဘိုင်းဖုန်းသန်း ၃၀ ချထားပေးရာတွင် ကျေးလက်ဒေသများပါ ပါဝင်ပြီး အင်တာနက်သုံးစွဲခွင့်ကိုလည်းငါးနှစ်အတွင်း ဆောင်ရွက်ပေးမည်ဖြစ်ကြောင်း မြန်မာ့ဆက်သွယ်ရေးမှ သိရှိရသည်။

တပ်မတော်အစိုးရလက်ထပ်တွင် အမျာသုံးပီစီအိုဖုန်းများအား မြန်မာ့ဆက်သွယ်ရေးလုပ်ငန်းများကသာ တာဝန်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
ဥာဏ်ဥာဏ် (မြစ်မခ)
Unknown at 10:32 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အရက်၊ ဘီယာ၊ စီးကရက် အပါအ၀င် ကန့်သတ်ထားသော ကုန်ပစ္စည်းများကို တင်သွင်းခွင့်ပြုရန်ပြင်ဆင်

 
အရက်၊ ဘီယာ၊ စီးကရက် အပါအ၀င် ကန့်သတ်ထားသော ကုန်ပစ္စည်းများအား ဈေးကွက်လိုအပ်ချက်ပေါ်မူတည်၍ ပြန်လည်တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားကြောင်း စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တရားဝင်ထုတ်ပြန်ချက်များအရ သိရသည်။
စီးပွားရေးနှင့်ကူးသန်းရောင်း ၀ယ်ရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးရုံး၏ အမိန့်ထုတ်ပြန်ထားချက်အရ အရက်၊ ဘီယာ၊ စီးကရက်၊ ကပ်စေးနှဲဖြင့်ပြုလုပ်သော မုန့်များ၊ ကိတ်၊ ချောကလက်၊ ဝေဖာနှင့် တည်ဆဲဥပဒေအရ ကန့်သတ်ထားသော ကုန်ပစ္စည်းများကို လက် ရှိတွင် ကန့်သတ်ထားသည်ဟုဆိုသော်လည်း နောက်ပိုင်းတွင် ဈေးကွက်လိုအပ်ချက်အရ တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားကြောင်း သိရသည်။
တင်သွင်းခွင့် ကန့်သတ်ထားသော ကုန်စည် ၁၅ မျိုးမှ ယခင်ကလည်း အချိုမှုန့်၊ အချိုရည်၊ ဘီစကွတ်မျိုးစုံ၊ စည်သွတ်ဗူးများ(အသားနှင့်သီးနှံ)နှင့် ခေါက်ဆွဲခြောက်အမျိုးမျိုးအား တင်သွင်းခွင့်ကန့်သတ်ထားရာမှ ပြန်လည်တင်သွင်းခွင့် ပြုခဲ့ပြီးဖြစ်ကြောင်း၊ ယခုအခါကျန် ရှိနေသည့် အရက်၊ ဘီယာ၊ စီးက ရက်အပါအ၀င် ကန့်သတ်ထားသည့် ကုန်စည်များကို တင်သွင်းခွင့်ပြုရန် ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။
''ကန့်သတ်ကုန် ၁၅ မျိုးမှာ အချိုမှုန့်အပါအ၀င် ၅ မျိုးကို ခွင့်ပြုပေးခဲ့ပြီးပါပြီ။ ထပ်ပြီးတော့ ကန့်သတ်ထားတဲ့ အရက်၊ ဘီယာ၊ စီးကရက်အပါအ၀င် ကန့်သတ်ကုန် ၈ မျိုးကို ဈေးကွက်လိုအပ်ချက်အရ နောက်ပိုင်းမှာ ပြင်ဆင်ခွင့်ပြုသွားဖို့ ရှိပါတယ်။ ခွင့်ပြုဖို့ရှိကြောင်း အမိန့်ကြော်ငြာစာ ထုတ်ပြန်ထားတာပါ''ဟု စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးက ပြောကြားခဲ့ပါသည်။
အရက်၊ ဘီယာ၊ စီးကရက်အပါအ၀င် ကန့်သတ်ထားသော ကုန်စည်များမှာအမည်အရသာ ကန့်သတ်ထားသည်ဟု ပါရှိသော်လည်း ဈေးကွက်အတွင်း၌မူ တရားမ၀င် ၀င်ရောက်ကာ တရားဝင်နီးပါး ရောင်းချနေသည့်အတွက် နိုင်ငံတော်မှ အခွန်ရရှိမှု နစ်နာခြင်းသာဖြစ်ပေါ်နေကြောင်းကိုလည်း သွင်းကုန်လုပ်ငန်းရှင်များက ထောက်ပြခဲ့ကြပါသည်။
''ပထမတစ်ကြိမ်တုန်းက အချို မှုန့်အပါအ၀င် ကန့်သတ်ထားတဲ့ ကုန်စည် ၅ မျိုးတင်သွင်းခွင့်ပေးတယ်။ အခု အရက်၊ ဘီယာ၊ စီးက ရက်အပါအ၀င် ကန့်သတ်ထားတဲ့ ကုန်စည် ၈ မျိုးကို ဈေးကွက်လိုအပ်ချက်အရ ခွင့်ပြုဖို့ရှိတယ်လို့ ထုတ်ပြန်ထားတာပါ။ အချို့မှုန့်အပါအ၀င် ကန့်သတ်ကုန် ၅ မျိုးကလည်း ကန့်သတ်ထားတာပဲရှိတယ်။ အခွန်မဲ့ မှောင်ခိုဝင်ပြီး တရားဝင်ရောင်းနေတာပဲ။ ဒီလိုပဲ အရက်၊ ဘီယာ၊ စီး ကရက်လည်း တရားမ၀င်သွင်းပြီး တရားဝင်ဆိုင်တွေမှာ ရောင်းနေတာပဲ။ ဒီတော့ တကယ်တမ်း နိုင်ငံတော်က အခွန်မရတာပဲရှိတယ်။ ကျန်တာက ဘာမှမထူးဘူးလေ။ အခုလိုခွင့်ပြုဖို့ ပြင်ဆင်တာကမှ နိုင်ငံတော်အခွန်ရဦးမယ်''ဟု စားသောက်ကုန်တင်သွင်းသူလုပ်ငန်းရှင်တစ်ဦးက သုံးသပ်ပြောကြားခဲ့သည်။
EMG
Unknown at 10:25 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်း ကျပ်ခုနှစ်သိန်းငါးသောင်း အထက်သို့ရောက်ရှိ

အခေါက်ရွှေ
ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစ၍ ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေ တစ်ကျပ်သားဈေးနှုန်း ကျပ်ခုနစ်သိန်းငါးသောင်းအထက်သို့ စတင်ရောက်ရှိကာ အရောင်းအ၀ယ်ပြုနေကြောင်း သတင်းရရှိပါသည်။

ယခု ၂၀၁၂ ခုနှစ်အတွင်း ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေဈေးနှုန်းမှာ ဇန်န၀ါရီလ ဒုတိယပတ်မှစတင်၍ တစ်ကျပ်သားလျှင် ကျပ်ခုနစ်သိန်းအထက်သို့ စတင်ရောက်ရှိခဲ့ခြင်းဖြစ်ကာ ဇန်န၀ါရီလ ၁၁ ရက်နေ့မှစ၍ ကျပ်ခုနစ်သိန်း နှစ်သောင်းအထက်သို့ လည်းကောင်း၊ ဖေဖော်ဝါရီလ ၃ ရက်နေ့မှစ၍ ကျပ်ခုနစ်သိန်း သုံးသောင်းအထက်သို့ လည်းကောင်း၊ ဖေဖော်ဝါရီလ ၈ ရက်နေ့မှစတင်၍ ကျပ်ခုနစ်သိန်း လေးသောင်းအထက်သို့ လည်းကောင်း  ဈေးနှုန်းအသီးသီးရောက်ရှိခဲ့ကြကာ အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ကြသည်။
သို့ရာတွင် ဖေဖော်ဝါရီလ ၂၃ ရက်နေ့မှစတင်၍လည်း အခေါက် ရွှေဈေးနှုန်းမှာ တစ်ကျပ်သားလျင် ကျပ်ခုနစ်သိန်းငါးသောင်းအထက်သို့ ထပ်မံဈေးနှုန်းတက်ကာရောက်ရှိခဲ့ပြီး ယင်းနေ့နံနက်ပိုင်းတွင် အခေါက်ရွှေ တစ်ကျပ်သား ကျပ်ခုနစ်သိန်း ငါးသောင်း လေးထောင့်ငါးရာကျပ်ဖြင့် ဈေးကွက်၌ ရွှေဈေးနှုန်းစတင်ဖွင့်ခဲ့ရာမှ ညနေပိုင်းတွင်မူ ကျပ်ခုနစ်သိန်းရှစ်ထောင်ဖြင့် ဈေးပိတ်ခဲ့ပြီး ဖေဖော်ဝါရီလ ၂၄ ရက်နေ့တွင်လည်း ယင်းဈေးနှုန်းဖြင့်ပင် ဆက်လက်အရောင်းအ၀ယ်များ ပြုလုပ်ခဲ့ကြသည်။
အလားတူ နိုင်ငံတကာဈေးကွက်တွင်လည်း ဖေဖော်ဝါရီလ ၂၀ ရက်နေ့က နယူးယောက်ပေါက်ဈေးမှာ ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၃၄ ဒသမ ၁၀ သာရှိခဲ့ပြီး ဖေဖော်ဝါရီလ ၂၂ ရက်နေ့မှစတင်ကာ ရွှေတစ်အောင်စလျင် အမေရိကန် ဒေါ်လာ ၁၇၀၀ အထက်သို့ရောက်ရှိခဲ့ကာ ဖေဖော်ဝါရီလ ၂၂ ရက်နေ့တွင်မူ ရွှေတစ်အောင်စလျှင် အမေရိကန် ဒေါ်လာ ၁၇၈၀ ဒသမ ၁၀ ဖြစ်ပေါ်ခဲ့သည်။
ပြည်တွင်း၌ ယခုကဲ့သို့အခေါက် ရွှေတစ်ကျပ်သားဈေးနှုန်း ကျပ်ခုနှစ်သိန်း ငါးသောင်းအထက် ရောက်ရှိခဲ့သည့်အပေါ် ရွှေလုပ်ငန်းရှင်များက နိုင်ငံတကာ ရွှေဈေးနှုန်းများမြင့်တက်ခြင်းကြောင့် သက်ရောက်ခြင်းဖြစ်ကြောင်း သုံးသပ်ပါသည်။ ထို့ကြောင့် ဖေဖော်ဝါရီလ ၂၃ ရက်နေ့နှင့် ၂၄ ရက်နေ့တို့တွင် ပြည်တွင်းဈေးကွက်၌ အခေါက်ရွှေတစ်ကျပ်သားလျှင် ကျပ်ခုနှစ်သိန်း ငါးသောင်းရှစ်ထောင်နှင့် ၁၅ ပဲရည် ရွှေတစ်ကျပ်သားလျှင် ကျပ်ခုနှစ်သိန်း တစ်သောင်းဖြင့် အရောင်းအ၀ယ် ပြုလုပ်လျက်ရှိကြောင်း သိရှိရပါသည်။
EMG
Unknown at 10:11 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆင်းရဲနွမ်းပါးမှု လျှော့ချရေး ဆက်သွယ်ရေး နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲ ကျင်းပမည်


အရပ်သားအစိုးရသစ်လက်ထက်တွင် ဆင်းရဲနွမ်းပါးမှုလျှော့ချရေးအတွက် စီမံကိန်းများ ရေးဆွဲလုပ်ဆောင်လျက်ရှိရာ ICT နည်းပညာအသုံးချ၍ ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးဆက်သွယ်ရေး နည်းပညာဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ဖေဖော်ဝါရီလ ၂၇ ရက်၊ ၂၈ရက် နေ့များတွင်နေပြည်တော်မြန်မာအပြည်ပြည်ဆိုင်ရာ ကွန်ဗန်းရှင်း ဗဟိုဌာန ( Myanmar International Convention Center) ၌ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်း မြန်မာနိုင်ငံကွန်ပျူတာလုပ်ငန်းရှင်များအသင်းအမှုဆောင် အတွင်းရေးမှူး(၂) ဦးဇော်မင်းဦးကဖေဖော်ဝါရီလ ၂၁ ရက်နေ့တွင် Myanmar Info-Tech ၌ ပြုလုပ်သော အလုပ်ရုံဆွေးနွေးပွဲဆိုင်ရာ အကြို ရှင်းလင်းပွဲ၌ ပြောကြားသည်။ မြန်မာနိုင်ငံအတွင်းလူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးနှင့် ဆင်းရဲနွမ်းပါးမှု လျှော့ချနိုင်ရေးအတွက် နိုင်ငံပကတိ အခြေအနေများအပေါ်မူတည်၍ ICT အသုံးချခြင်းများ လုပ်ဆောင်နိုင်ရန် နှင့် နိုင်ငံတကာမှ အောင်မြင်မှုရရှိခဲ့ကြသော အလေ့အကျင့်ကောင်းများ၊ အကောင်အထည်ဖော်ဆောင်ရာတွင် တွေ့ကြုံရသည့် အခက်အခဲ သင်ခန်းစာများကို သိရှိနားလည်နိုင်ကြရန်အတွက် မြန်မာနိုင်ငံ ကွန်ပျူတာပညာ ဖွံ့ဖြိုးတိုးတက်ရေး ကောင်စီ၏ လမ်းညွှန်မှုဖြင့် မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်နှင့် ကွန် ပျူတာအသင်းများ ပူးပေါင်း၍ အဆိုပါ ( PPP) ( Public- Private- Partnership) အမျိုးသား အဆင့်အလုပ်ရုံဆွေးနွေးပွဲကို ကျင်းပခြင်းဖြစ်ကြောင်း ၎င်း ကဆက်လက်ပြောထားကြောင်း ၂၀၁၂ ခုနှစ် ဖေဖော်ဝါရီ ၂၇ ရက်နေ့ထုတ် The Voice ဂျာနယ်တွင် ဖော်ပြထားပါသည်။
Unknown at 9:06 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

၂၀၁၃ဆီးဂိမ်းတွင် မြင်းစီးအားကစားကို ထည့်သွင်း ယှဉ်ပြိုင်သွားနိုင်ရန် စီစဉ်လျက်ရှိ





လာမယ့် ၂၀၁၃ခုနှစ်မှာ မြန်မာနိုင်ငံမှ အိမ်ရှင်အဖြစ် ကျင်းပပြုလုပ်မယ့် ဆီးဂိမ်းပြိုင်ပွဲမှာ မြန်မာ့မြင်းစီး အားကစားကို အားကစားနည်း တစ်ခုအဖြစ် ထည့်သွင်းသွားနိုင်ဖို့ စီစဉ်လျက်ရှိ တယ်လို့ မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ်၊ ရန်ကုန်မြင်းစီးအသင်းမှ တာဝန်ရှိ သူတစ်ဦးရဲ့ပြောကြားချက် အရသိရပါတယ်။

အဲ့ဒီလို မြန်မာမြင်း စီး အတတ်ပညာတွေကို အားကစားနည်း အနေနဲ့ ထည့်သွင်းယှဉ်ပြိုင်နိုင် ရေးအတွက်ကို မြန်မာနိုင်ငံ မြင်းစီး အဖွဲ့ချုပ်မှ တာဝန်ရှိသူတွေနဲ့ ဌာနဆိုင် ရာမှ တာဝန်ရှိသူများ ဆွေးနွေးမှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ သိရပါတယ်။ မြင်းစီးအားကစား မှာ နိုင်ငံတ ကာမြင်းစီးကစား နည်းတွေဟာ အများကြီး ရှိပေမယ့် ယခုလာမယ့် ဆီးဂိမ်းမှာတော့ မြန်မာရိုးရာ မြင်းစီးနည်းအားကစားတွေကို အဓိကထားပါ ၀င်နိုင်အောင် ပြုလုပ်သွား မှာဖြစ်ပြီး အဆိုပါပြိုင်ပွဲမှာတော့ ပါဝင်ယှဉ်ပြိုင်မယ့် မြင်းစီးအားကစားနည်းတွေကို ဆက်လက်ဆောင်သွား မှာ ဖြစ်တယ်လို့ သိရပါတယ်။
Unknown at 8:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မြတ်ဘုရား ရွှေတိဂုံ စေတီတော်မြတ် သမိုင်း


ကမ္ဘာပေါ်ရှိ အမြင့်ဆုံး ဘုရားစေတီမှာ ၃၂၆-ပေ ရှိသော ရွှေတိဂုံ စေတီတော်ပင်ဖြစ်ပြီး ရန်ကုန်မြို့ရှိ သိင်္ဂုတ္တရ ကုန်းတော်ပေါ်တွင် တည်ရှိသည်။ လေးဆူဓာတ်ပုံ ရွှေတိဂုံ ဟုလည်း ခေါ်တွင်သည်။ စေတီအစ ရွှေတိဂုံက ဟုဆိုကြသည်။
တည်နေရာ..... ရန်ကုန်မြို့သိင်္ဂုတ္တရ ကုန်းတော်
ဉာဏ်တော်.......ဖိနပ်တော်မှ စိန်ဖူးတော်ထိ
(၃၂၆) ပေ
ကျော်ကြားမှု.......အစောဆုံး စေတီတော်ကြီး
(ကမ္ဘာ့အံ့ဘွယ်)
အမည်ခေါ်တွင်ပုံ
ရန်ကုန်တိုင်းကို မွန်လူမျိုးတို့သည် ဒဂုံတိုင်းဟု သမုတ်ခဲ့ကြသည်။ ဒဂုံတိုင်းမှာ တည်ထားသော ဘုရားဖြစ်သည့် အတွက်ကြောင့် ဒဂုံတိုင်းကဘုရားဟု ခေါ်ဝေါ်ပြောဆိုခဲ့ကြသည်။ မွန်ဘာသာဖြင့် ကျာ်လဂုင် ဟုရေးသားပြီး ကျိုက်လဂုံဟုအသံထွက်ဆိုခဲ့ကြသည်။ တတိယမြန်မာနိုင်ငံကို တည်ထောင်ခဲ့သော အလောင်းမင်းတရားကြီးလက်ထက်တွင် မွန်တို့ကို တိုက်ခိုက်အောင်မြင်ပြီးနောက် ဒဂုံကို ရန်ကုန်ဟု အမည်နာမ ပြောင်းလည်ခဲ့သည်။ ကျိုက်လဂုံကို ကျိုက်ဒဂုံ ဟု ခေါ်ဆိုကြသည်။ နောက်ပိုင်းတွင် ကျိုက်လဂုံ(သို့) ကျိုက်ဒဂုံသည် မြန်မာပြည်၏ မူပိုင်သင်္ကေတ အဖြစ်ကျော်ကြားလာခဲ့သည်။ မူပိုင်ကျိုက်ဆိုသော စကားလုံးနေရာတွင် ရွှေနိုင်ငံ(Golden land)ကို ကိုယ်စားပြုသော ရွှေ ဆိုသော စကားလုံးဖြင့် အစားထိုးခဲ့ကြသည်။ ထို့အတူ လဂုံ လိုလို ဒဂုံ လိုလို ဖြစ်နေသောစကားလုံးကိုလည်း တိဂုံ ဖြင့် အတည်ပြုပေးလိုက်ကြသည်။ ထိုအချိန်မှစ၍ ကျိုက်လဂုံ သည် မြန်မာပြည်တွင်မှာ သာမက ကမ္ဘာ့  တ၀ှမ်းမှာ ရွှေတိဂုံ ဟူသော အမည်နာမဖြင့် ခေါ်ဝေါ်ခဲ့ကြသည်။
သမိုင်းကြောင်း
သဗ္ဗညု မြတ်စွာဘုရားရှင်သည် ဗောဓိပင်ရင်း သတ်္တဌာန၌ (၇)ရက်စီ အလှည့်ကျစံတော်မူပြီး (၄၅)ရက် သီတင်းသုံး နေတော်မူ ခဲ့သည်။ ဤသို့ နေတော်မူ (၄)ရက်ပြည့်မြောက်ပြီး နောက် တစ်နေ့၌ ““ရာပဒတန်သတ်္တဟ”” ဖြစ်သည့် လင်းလွန်းပင်ရင်း၌ သီတင်းသုံး စံတော်မူစဉ်ကာလ။
ကုန်သည်ညီနောင်
ထိုစဉ်ကာလ၌ မွန်တို့ဌာနေ၊ ဥက္ကလာပမင်းကြီး၏ နိုင်ငံတော်တွင် ပါဝင်သော အသိဉ္စနမြို့၌ သုဝဏ္ဏအမည်ရှိသော သူဌေးကြီးတစ်ဦးရှိလေသည်။ ထိုသူဌေးကြီးတွင် တပုဿနှင့် ဘလ္လိက ဟူသော သားနှစ်ယောက်ရှိသည်။ ၎င်းတို့သည် ကုန်သည်များ ဖြစ်ကြသည်။ ၎င်းကုန်သည် ညီနောင်တို့သည် ကုန်များကို သင်္ဘောဖြင့် တင်ဆောင်ကာ မဇ္ဈိမဒေသသို့ ကုန်ရောင်းသွားကြသည်။ မဇ္ဈိမဒေသပင်လယ်ဆိပ်ကမ်းသို့ ရောက်သောအခါ သင်္ဘောကို ဆိုက်ကပ်ကျောက်ချ၍ ကုန်များကို လည်းအစီးပေါင်း (၅၀၀)ပေါ်သို့ တင်ဆောင်ကာ မဇ္ဈိမဒေသ၌ လှည့်လည်ရောင်းချကြသည်။ တဖုဿ ဘလ်္လိက ကုန်သည်ညီနောင်အဖွဲ့သည် ဗောဓိပင်အနီးသို့ ရောက်ရှိ လာခဲ့ကြ၏။ ကုန်သည်တို့ မဟာဗောဓိပင် အနီးသို့ရောက်ပြီး တစ်နေ့ သို့မဟုတ် တစ်ည၌ ရုက်္ခစိုးနတ်သည် ကုန်သည်ညီနောင်အား ကိုယ်ထင်ပြခဲ့၏။ ကုန်သည်ညီနောင်တို့သည် ရုက်္ခစိုးနတ်အား မြင်လျှင် အံ့သြသွားကြ၏။ အသင်မည်သူနည်း ဟုမေး၏။
ရုက်္ခစိုးနတ်က .`အမောင်တို့ နားထောင်လော့ ကျွန်ုပ်က တခြားမဟုတ်၊ ကျွန်ုပ်သည် ဟိုးဘ၀က အမောင်တို့နှင့် ဆွေမျိုးတော်စပ်ခဲ့သူများ ဖြစ်ပြီး၊ ကျွန်ုပ်သည် ဟိုးရှေးဘ၀က ကောင်းမှုကောင်းကျိုးများ ပြုခဲ့သူ ဖြစ်သဖြင့် ယခုဘ၀တွင် ရုက်္ခစိုးနတ်ဖြစ်ခဲ့သည်။ အမောင်တို့ ယခု သင်တို့ထံသို့ ရောက်ခဲ့သည်မှာ သင်တို့နှင့်ကျွန်ုပ်သည် ယခင် ဘ၀ဆွေမျိုးတော်စပ်ဖူးသူ ဖြစ်သဖြင့် သင်တို့အား အကျိုးပြုရန် ဤသို့ ကိုယ်ထင်ပြရခြင်းဖြစ်သည် အမောင်တို့´ဟုပြောသည်။ ကုန်သည်ညီနောင်က `အသင်က မည်သို့ အကျိုးပြုဖို့လာသနည်း´ဟု ရုက္ခစိုးနတ်ကို မေး၏။ ထိုအခါ ရုက်္ခစိုးနတ်က`နားထောင်လော့ အမောင်တို့ ကျွန်ုပ်သင်တို့အား အကျိုးပြုသည်ဆိုသည်မှာ အခြားမဟုတ်ပါ။ ပြောရလျှင် အမောင်တို့ ရောက်ရှိနေသည့် မဇ္ဈိမဒေသတွင် သုံးလောကထွဋ်ထား ရှင်တော်မြတ်ဘုရားဟာ ပွင့်တော်မူပြီး လင်းလွန်းပင်ခြေရင်းမှာ သီတင်းသုံး စံတော်မူနေတာမို့ အမောင်တို့ သွားရောက် ပူဇော်လော့ တိုက်တွန်းလမ်းညွှန်လိုတယ် အမောင်တို့´ဟုဆိုလျှင် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့ အလွန်တရာ ၀မ်းမြောက်ကြည်နူးသွားကြ၏။ ချက်ခြင်းပင် “ဒါဆို ကျွန်ုပ်အား လမ်းညွှန်ပြပါ ရုက္ခစိုးနတ်” ဟုပြော၏။ “ကောင်းပြီ ၊ အမောင်တို့၊”ထို့နောက် ရုက်္ခစိုးနတ်သည် တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့အား ဘုရားရှင် သီတင်း သုံးရာ လင်းလွန်းပင်အား လမ်းညွှန်ပြခဲ့၏။ သည်အခါ ကုန်သည် ညီနောင်တို့သည် သဒ္ဒါပီတိအပြည့်နှင့် ဘုရားရှင် သီတင်းသုံးရာ လင်းလွန်းပင်ရင်းသို့ သွားကြ၏။ မြတ်စွာဘုရားရှင်အား မုန့်ကြွပ်ကြော်၊ ပျားမုန့်ထုပ် တို့နှင့် ဘုရားရှင်အား လှူဒါန်းပူဇော်ခြင်းပြု၏။
ပထမဆုံး သရဏဂုံတည်သူ
ကုန်သည်ညီနောင်တို့ မြတ်စွာဘုရားရှင်အား မုန့်ကြွပ် ကြော်၊ ပျားမုန့်ထုပ်တို့နှင့် ပူဇော်သက်္ကာကပြု လှူဒါန်းခဲ့သည်။ ဘုရားရှင်မှ ဤသို့ လှူဒါန်းပူဇော်ခဲ့သည့်အတွက် ဗုဒ်္ဓံသရဏံ ဂစ္ဆာမိ၊ ဓမ်္မံသရဏ ဂစ္ဆာမိ ဟူသည့် “ဒွေးဝါဓိက” သရဏံဂုံ တည်ခဲ့ကုန်၏။ ထိုစဉ်က “ဘုရားရတနာ၊ တရားရတနာ” တည်းဟူသည့် “ရတနာနှစ်ပါး”သည်သာ ပေါ်ထွန်းခဲ့ပြီး၊ သံဃာရတနာသည် ပေါ်ပေါက်ခဲ့ခြင်းမရှိသေးပေ။ ထို့ကြောင့် လူသူအများသည် ရတနာနှစ်ပါးအားသာ ဆည်းကပ်ပူဇော်နေကြကုန်၏။ ဗုဒ္ဓ၀င်သမိုင်းကို ပြန်ကြည့်လျှင် ဂေါတမဘုရားရှင် လက်ထက်၌ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ထူးခြားစွာ ဘုရားရှင်အား ပထမဆုံး ဆွမ်းကပ်ရသူနှင့် ပထမဆုံး သရဏဂုံ တည်သူများ ဖြစ်ခဲ့၏။
ဆံတော်ရှစ်ဆူ
ဘုရားရှင်အား ပူဇော်ခွင့်၊ ဆွမ်းကပ်ခွင့်ရခဲ့သည့်အတွက် ပီတိဖြစ်ခဲ့ရသည်။ တဖုဿနှင့် ဘလ်္လိက ကုန်သည်ညီနောင်တို့သည် ဆွမ်းကပ်လှူပူဇော်ပြီးလျှင်.“အရှင်ဘုရား၊ တပည့်တော်တို့ အရှင်မြတ်ဘုရားအား ထာဝရကိုးကွယ်ဆည်းကပ်ပူဇော်နိုင်ရန် ဘုရားရှင်ကိုယ်စား ပူဇော်ရာ တစ်ခုအား ပေးသနားတော် မူပါဘုရား” ဟုလျှောက်ထား လေ၏။ “ကောင်းပြီးချစ်သားတို့” မိန့်တော်မူပြီး သကာလ ဦးခေါင်းတော်အား သုံးသပ်ပြီး ဆံတော်မြတ် (၈)ဆူအား ကုန်သည်ညီနောင်တို့ အားပေးသနားတော်မူရာ တဖုဿနှင့် ဘလ်္လိက ကုန်သည် ညီနောင်တို့သည် ၀မ်းမြောက်ပီတိ အပြည့်နှင့် ဗုဒ္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား သင်္ဘောနှင့်ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည် သို့ ပြန်ခဲ့၏။ တဖုဿနှင့် ဘလိ္လက ကုန်သည်ညီနောင်တို့ ဘုရားရှင်၏ ဆံတော်(၈)ဆူအား ပင့်ဆောင်ကာ ဥက္ကလာပတိုင်းပြည်သို့ ပြန်လာလျှင် ဥက္ကလာပတိုင်း၏ ပြည့်ရှင်မင်းမြတ် ဥက်္ကလာပမင်းကြီး နှင့်တကွ ပြည်သူတို့က သောင်းသောင်းဖျဖျကြိုဆိုကာ ဖူးမျှော် ကြည်ညိုကြ၏။
နောင်တော်ကြီးစေတီ
ထို့အတူ ဆံတော်(၈)ဆူအား စေတီတော်အဖြစ် တည်ထား ကိုးကွယ်ရန် ဆုံးဖြတ်ကြ၏။ စေတီတော်အား “သိင်္ဂုတ္တရကုန်းတော်” ၌ တည်ထားကိုးကွယ်ရန် မင်းနှင့်ပြည်သူတို့က ဆုံးဖြတ်ပြီး သိင်္ဂုတ္တရ ကုန်းတော်သို့ ပင့်ဆောင်ခဲ့၏။ သိဂုင်္တ္တရကုန်းတော် သို့ရောက်လျှင် ဗုဒ်္ဓဘုရားရှင်၏ ဆံတော်(၈)ဆူအား ကြီးကျယ်ခန်းနားသည့် စံကျောင်း၊ မဏ္ဍာပ်ကြီး ဆောက်လုပ်၍ပူဇော်ခဲ့သည်။ ယင်းစံကျောင်း မဏ္ဍာပ်နေရာ၌ အထိမ်းအမှတ်စေတီတစ်ဆူ တည်ထားခဲ့ကြ၏။ ထိုစေတီသည် “နောင်တော်ကြီးစေတီ”ဟု အမည်တွင်၏။
ဌာပနာထားသော ဓာတ်တော်မြတ် ၄-ပါး
ဥက္ကလာပမင်းကြီးတည်ထားကိုးကွယ်တော်မူသော ရွှေတိဂုံ စေတီတော်ကြီး၌ ဘုရား ၄-ဆူ၏ ဓာတ်တော်မြတ်လေးဆူကို ဌာပနာထားသည်ဟု အဆိုရှိသည်။ ဗုဒ္ဓမြတ်စွာတို့၏ ဆံတော်မြတ်၊ ဓာတ်တော်မြတ်တို့အား ရန်သူတို့ အလွယ်တကူ မဖျက်ဆီးနိုင်ရန်အတွက် နတ်တို့သည် ဌာပနာ တိုက်ထည့်သွင်းတည်ရန် ကြံရွယ်ပြီး သိဂုင်္တ္တရကုန်းတော် အလယ်တည့်တည့်၌ “ဇောက် ၄၀၄တောင်၊ အနံ ၄၄ တောင်ရှိသည့် ဥမင်လိုဏ်ခေါင်းတစ်ခုတူးခဲ့၏။ ထိုဥမင်လိုဏ်ခေါင်းအတွင်း၌
၁...ဆူးလေနက်ကြီးထံမှ ရရှိသော ကကုဿန်မြတ်စွာဘုရားရှင်၏ တောင်ဝှေးတော်
၂..ရောဟဏီမည်သော ဗိုလ်တထောင်နတ်ကြီးထံမှ ရရှိသည့် ကောဂမန မြတ်စွာဘုရားရှင်၏ ရေစစ်တော်
၃..ဒက္ခိဏ မည်သော သင်္ကန်းကျွန်း ကျိုက္ကဆံ နတ်ကြီးထံမှ ရရှိသည့် ကဿပမြတ်စွာဘုရားရှင်၏ ရေသနုပ်သင်္ကန်းတော်မြတ်
၎..တဖုဿနှင့် ဘလ္လိက ညီနောင်တို့ထံမှ ရရှိသော ဂေါတမမြတ်စွာဘုရားရှင်၏ ဆံတော်မြတ်(၈)ဆူအား မဟာသက္ကရာဇ် ၁၀၃-ခုနှစ်၊ တပေါင်း လပြည့်နေ့၌ ကျောက်ဖျာအခင်းအကာများ ပြုလုပ်၍ ဌာပနာတိုက် ထည့်သွင်းတော်မူခဲ့သည်။ ထိုဆံတော်ဓာတ်တို့ကို 'အမြိဿရ' မည်သော မှော်ဘီနတ်ကြီးက စောင့်ရသည်ဟု မော်ဓော ရာဇာဝင်သမိုင်းနှင့် ရွှေတိဂုံသမိုင်း၊ အခြား ပညာရှိတို့ကဆိုကြသည်။ ထို့နောက် ကျောက်ဖျာတိုက်၏ အထက် ၌ ကျောက်ဖျာတင်၍ ဌာပနာတိုက်အား ပိတ်ခဲ့၏။
Unknown at 8:28 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.