Saturday, January 14, 2012

Microsoft Corp ဥက္ကဌ ဘီလ်ဂိတ် မြန်မာနိုင်ငံလာမည်

မြန်မာနှင့် အမေရိကန်တို့၏ ဆက်ဆံရေး ပိုမိုတိုးတက်ကောင်းမွန်လာခြင်း ပြယုဂ်တစ်ခုအဖြစ် Microsoft Corp ဥက္ကဌ ဘီလ်ဂိတ်အပါအဝင် အမေရိကန် စီးပွားရေးခေါင်းဆောင်များ ကိုယ်စားလှယ်အဖွဲ့သည် မကြာမီ မြန်မာပြည်သို့ လာရောက်ကြမည်ဖြစ်ကြောင်း မြန်မာ့စက်မှုလုပ်ငန်း အရာရှိတို့က ဗုဒ္ဓဟူးနေ့က ပြောကြားခဲ့သည်ဟု သိရသည်။ ကိုယ်စားလှယ်အဖွဲ့မှာ ဖေဖေါ်ဝါရီလအတွင်း လာရောက်ကြမည် ဖြစ်ပြီး အမေရိကန်၏ စီးပွားရေး ဒဏ်ခတ်ပိတ်ဆို့မှုများကြားမှ ယခုကဲ့သို့ ရောက်ရှိလာကြခြင်းမှာထူးခြားနေကြောင်း၊ မြန်မာ့အစိုးရသစ်၏ ပြုပြင်ပြောင်းလဲရေးများ ဖေါ်ဆောင်နေချိန်နှင့် တိုက်ဆိုင်နေကြောင်း သိရသည်။

မြန်မာအရာရှိတို့အဆိုအရ အဆိုပါကိုယ်စားလှယ်အဖွဲ့သည် သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံရန်ရှိပြီး ပြည်တွင်းမှ အမေရိကန်အစိုးရ၏ ဒဏ်ခတ်ပိတ်ဆို့မှု ခံထားရသော လုပ်ငန်းရှင်များအပါအဝင် မြန်မာ့ စီးပွားရေးခေါင်းဆောင်များနှင့်လည်း တွေ့ဆုံးဆွေးနွေးကြမည်ဖြစ်ကြောင်း သိရသည်။

Microsoft Chairman Bill Gates delivers a speech at the Ministry of Science and Technology of People's Republic of China in Beijing December 7, 2011. REUTERS/China Daily
(Reuters) - A delegation of American business leaders, including Microsoft Corp chairman Bill Gates, will visit Myanmar soon, Myanmar industry officials said on Wednesday, another sign of strengthening U.S. ties with the long-isolated state despite sanctions.
The visit would come less than three months after Hillary Clinton became the first U.S. secretary of state to visit Myanmar in more than 50 years and said Washington stood ready to support reforms in the country and possibly lift sanctions.
The trip, expected in February, is unusual given the presence of U.S. sanctions but it coincides with the most dramatic reforms in the resource-rich, former British colony since the military took power in what was then known as Burma in a 1962 coup.
"A team of high-level American businessmen including Bill Gates is due to visit," said one business leader and senior member of the Myanmar Federation of Chambers of Commerce and Industries (MFCCI) who declined to be identified because he is not authorized to speak to the media.
A spokesman for Gates was not immediately available for comment.
Business executives, mostly from Asia, have swarmed into the commercial capital Yangon in recent weeks to scout for investment opportunities in the country of 60 million people, one of the last frontier markets in Asia.
Unknown at 10:02 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အက်ဖ်အီးစီဈေး ဒေါ်လာထက် မြင့်လာ

သည်တစ်ပတ်မှာ အက်ဖ်အီးစီဈေးနှုန်းက ဒေါ်လာဈေးနှုန်းထက် ၁၅ ကျပ်လောက်ပိုမြင့်လာ တာကို တွေ့ရတယ်။

ဇန်န၀ါရီလ ၉ ရက်နေ့ညနေမှာ တစ်အက်အီးစီကို ကျပ် ၈၃၀ ရှိပြီးတစ်ဒေါ်လာကို ၈၁၅ ကျပ်ရှိ ပါတယ်။

ပို့ကုန်နဲ့ဒေါ်လာဈေးကွက်ကို စောင့်ကြည်လေ့လာသူ ဦးစန်းဝင်းက' ယာဉ်အိုယာဉ်ဟောင်းတွေ အပ်ပြီး ယာဉ်အသစ်တွေဝင်လာတယ်၊ အခွန်တချို့က အက်ဖ်အီးစီနဲ့ ဆောင်ရတာတွေရှိတော့ အက်ဖ်အီးစီ တက်လာတာလို့ ထင်တယ်' လို့ပြောပါတယ်။

ပို့ကုန်ဝင်ငွေ ဈေးကွက်ကတော့ တစ်ယူနစ်ကို ကျပ် ၈၄၀ နဲ့ ၈၄၇ ကျပ်ကြားမှာ အတက်အကျ ရှိပြီး ဇန်န၀ါရီလ ၉ ရက်နေ့ညနေဘက်မှာတော့ ပို့ကုန်ဝင်ငွေတစ်ယူနစ်ကို ၈၄၀ ကျပ် ရှိပါတယ်။

မော်ဒန်
Unknown at 9:24 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ပြည်တွင်းမှာ ဂူဂဲလ်ဆာဗာထားမယ်ဆိုရင်

ဂူဂဲလ်ဆာဗာကို ပြည်တွင်းမှာ လာထားမယ်ဆိုရင် အိုင်တီနဲ့ ပတ်သက်တဲ့ နည်းပညာသမား တွေ အခွင့်အလမ်းတွေ ပိုများလာနိုင်သလို ပိုပြီးကြိုးစားဖို့လည်း လိုအပ်တယ်လို့ သိရတယ်။

သည်ရက်ပိုင်းမှာ ဂူဂဲလ်ဆာဗာကို ပြည်တွင်းမှာ လာထားမယ်ဆိုပြီး သတင်းတွေကြားနေရပါ တယ်။ လာထားမယ်ဆိုရင် ဂူဂဲလ်က ရုံးခန်းလောက်ပဲ လာဖွင့်နိုင်တယ်လို့ ပြောတဲ့သူရှိတယ်လို့ ဆိုသူလဲ ရှိပါ တယ်။ ဂူဂဲလ်ဆိုတာ နည်းပညာလောကကို ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့အတွက် ပြည်တွင်းမှာ ဂူဂဲလ် ဆိုတာနည်းပညာလောကကို ဦးဆောင်နေတဲ့ ကုမ္ပဏီတစ်ခုဖြစ်တဲ့ အတွက် ပြည်တွင်းမှာ ဂူဂဲလ်ဆာဗာပဲ လာ ထားထား၊ ရုံးခန်းပဲလာထားထား အိုင်တီနည်းပညာသမားတွေအခွင့်အလမ်းတွေ ပိုတိုးလာနိုင်မှာဖြစ်တယ်လို့ သိရတယ်။

Fairway Web မှ ကိုအိမောင်က ' ဂူဂဲလ်ကိုကုမ္ပဏီကြီးက ပြည်တွင်းမှာ သူရဲ့ဆာဗာကို လာ ထားရင်တော့ ပိုကောင်းတာပေါ့။ ဂူဂဲလ်မှာ အလုပ်လုပ်ခွင့်ရဖို့ဆိုတာ နည်းပညာသမားတွေရဲ့ အိပ်မက်ပဲလေ၊ တခြားနိုင်ငံတွေမှာ အလုပ်သွားလုပ်ဖို့ဆိုတာ မလွယ်ကူဘူး၊ ပြည်တွင်းမှာ ဂူဂဲလ်ဆာဗာလာထားရင်တော့ ပိုပြီး ကြိုးစားခွင့်တွေရှိလာမယ်၊ ဂူဂဲလ်ကလဲ အလုပ်ခန့်မယ်ဆို အတော်ဆုံးတွေကိုပဲ ရွေးခန့်မှာပဲ' လို့ပြောပါတယ်။

တချို့နိုင်ငံတွေမှာတော့ ဂူဂဲလ်ရုံးခန်းလောက်ပဲ ဖွင့်ထားပြီး ဆာဗာကိုတော့ တခြားမှာထားလေ့ ရှိပါတယ်။ ဂူဂဲလ်ဆာဗာထားဖို့အတွက် လိုအပ်တဲ့ အခြေခံအဆောက်အအုံတွေရှိရမှာဖြစ်သလို အချက်အလက် စင်တာတွေထားဖို့ အေးတဲ့ရသီဥတုလည်း ရှိရမှာပါ။ ဂူဂဲလ်က နည်းပညာဖွံ့ဖြိုးတိုးတက်တဲ့ နိုင်ငံအချို့မှာ သူ့ရဲ့ ဆာဗာတွေထားပြီး နက်ဝပ်ခ်ချဲ့လေ့ရှိပါတယ်။ ဂူဂဲလ်က သူချမှတ်ထားတဲ့ ဂိုက်လိင်းတွေနဲ့ ပြည့်မီတဲ့နိုင်ငံတွေ မှာ ဒေတာစင်ဘာတွေ ထားလေ့ရှိပါတယ်။

အိုင်တီကျွမ်းကျင်သူတစ်ဦးက ' ဂူဂဲလ်ကဒီမှာ ရုံးခန်းလာဖွင့်မယ်ဆိုရင် ဂူဂဲလ်မှာ မြန်မာဘာသာနဲ့ လော့ဂ်အင်ဝင်လို့ရလာမယ်၊ ဂူဂဲလ်ဝန်ဆောင်မှုတွေက အရင်ကထက်ပိုပြီး မြန်လာမယ်၊ သူတို့ ရဲ့ အပလီကေးရှင်းတွေကိုလဲ မားကတ်တင်းဆင်းမှာပဲ' လို့ပြောပါတယ်။

စီးပွားရေးပိတ်ဆို့မှုရှိနေသေးတာကြောင့် ဂူဂဲလ်ဆာဗာပြည်တွင်းမှာတ လာထားမယ်ဆိုတာ ခုချိန်မှာ မဖြစ်နိုင်သေးပေမဲ့နောက်ပိုင်းမှာတော့ ဖြစ်လာနိုင်ခြေတွေရှိတယ်လို့ သိရတယ်။

မော်ဒန်
Unknown at 9:23 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဖိုးချစ်ဇာတ်အဖွဲ့ကားမှောက်၊ နှစ်ဦးသေဆုံး

သရုပ်ဆောင် ဇာတ်မင်းသားဖိုးချစ်ရဲ့ ဇာတ်အဖွဲ့ကားတိမ်းမှောက်မှုကြောင့် နှစ်ဦးသေဆုံးပြီး ၁၈ ဦးထိခိုက်ဒဏ်ရာ ရရှိမှု ဇန်န၀ါရီလ ၉ ရက်နေ့က ဖြစ်ပွားကြောင်း သိရတယ်။

မကွေးတိုင်းဒေသကြီးရေနံမြေဘက်ကို ဇာတ်ကဖို့အသွားမှာ အခုလိုယာဉ်တိမ်းမှောက်ခဲ့တာ ဖြစ်ပြီး အမျိုးသမီးတစ်ဦးနဲ့ အမျိုးသားတစ်ဦး သေဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

အမျိုးသား ၁၅ ဦး၊ အမျိုးသမီးသုံးဦးထိခိုက်ဒဏ်ရာရရှိပြီး နီးစပ်ရာဆေးရုံမှာ တင်ထားတယ်လို့ သိရတယ်။

' မင်းတုန်းမြို့နဲ့ ၁၀ မိုင်အကွာ ပုသိမ်-မုံရွာကားလမ်းမပေါ်မှာ ဖြစ်တာပါ။ သရုပ်ဆောင် ဇာတ် မင်းသား ဖိုးချစ်ကတော့အဲဒီကားပေါ်မှာ မပါတဲ့အတွက် ထိခိုက်ဒဏ်ရာ မရရှိပါဘူး။ ကားကဆီပိတ်သလို တုံ့ နှေးတုံ့နှေးဖြစ်ပြီး နောက်ပြန်ကျတာမျိုးဖြစ်ပါတယ်' လို့ မင်းတုန်းရဲစခန်းမှ တာဝန်ရှိသူတစ်ဦးက တယ်လီဖုန်း နဲ့ပြောပါတယ်။ ဇန်န၀ါရီလ ၉ ရက်နေ့ ည ၈း၃၀ နာရီဝန်းကျင်မှာ ဖြစ်ပွားတာလို့ဆိုတယ်။

ဇာတ်မင်းသားဖိုးချစ်ရဲ့ ဖြစ်စဉ်ကို ကြားသိရတဲ့ သရုပ်ဆောင်မေကဗျာက' မနေ့ကတည်းက သတင်းကြားတာ၊ ဖုန်းဆက်ပြီးမေးဖို့ရက သူလဲအလုပ်များနေမှာဆိုပြီး မဆက်ဖြစ်သေးတာ၊ ဖိုးချစ်ဘာမှမဖြစ် ဘူး ကြားလို့ ၀မ်းသာပေမဲ့ နှစ်ယောက်သေသွားတယ်ဆိုတော့ စိတ်မကောင်းပါဘူး' လို့ပြောပါတယ်။

ကားတိမ်မှောက်မှုနဲ့ပတ်သက်လို့ မင်းတုန်းရဲစခန်းမှာ (ပ) ၅/၂၀၁၂ နဲ့အမှုဖွင့် အရေးယူဆောင် ရွက်နေတယ်။
Unknown at 9:21 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.