Monday, July 23, 2012

လန်ထွက်နေတဲ့ ဦးအောင်သိန်းလင်း



ဧရာဝတီ အနာဂတ်အတွက် စိတ်မချရသေး၊ မြစ်ဆုံဆည်အား မဖြစ်မနေ တည်ဆောက်ရမည်ဟု အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်း ပြောနေပြီ။
မကြာသေးမီက သမ္မတ ဦးသိန်းစိန်က မိမိ၏ သက်တမ်းကာလအတွင်း တည်ဆောက်မှုများ ရပ်ဆိုင်းထားမည်ဟု ဆို သော ဧရာဝတီ မြစ်ဆုံဆည်အား မဖြစ်မနေ ပြန်လည် စတင် တည်ဆောက်သွားရမည်ဖြစ်ကြောင်း အာဏာရ USDP ပါတီ ဗဟိုအလုပ်အမှုဆောင် ဦးအောင်သိန်းလင်းက တရုတ်နိုင်ငံထုတ် Southern Weekend သတင်းစာနှင့် တွေ့ဆုံမေး မြန်းခန်းတွင် ဖြေကြားပြောဆိုသွားခဲ့ပါသည်။
မြန်မာနိုင်ငံတွင်းမှ နိုင်ငံရေး အဖွဲ့အစည်းများ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ပညာရှင်များနှင့် လူထုလူတန်းစား အဖွဲ့အ စည်းများ မီဒီယာများနှင့် ပြည်သူအများအပြားက ဆန့်ကျင်ဝေဖန်မှုများ ပြုလုပ်အပြီး ပြည်သူ့အသံကို နားထောင်ကာ သမ္မတက ၎င်းစီမံကိန်းရပ်ဆိုင်းရန် ဆုံးဖြတ်ခဲ့သော သမ္မတ၏ ဆုံးဖြတ်ချက်အား ယခင် ရန်ကုန်မြို့တော်ဝန်ဟောင်း အ ငြိမ်းစား ဗိုလ်မှူးချုပ်အောင်သိန်းလင်းက တွေ့ဆုံမေးမြန်းရာတွင် စိန်ခေါ်သွားခဲ့ခြင်း ဖြစ်ပါသည်။
ဦးအောင်သိန်းလင်း က “ဒါဟာ သူ (သမ္မတ) ရဲ့ ကိုယ်ပိုင်အတွေးအခေါ်ပါ၊ လွှတ်တော်ရဲ့ ဆုံးဖြတ်ချက်မဟုတ်ပါဘူး။ ကျနော်တို့ ဒါကို ဆန့်ကျင် ပါတယ်။ ဒါဟာ ကျနော်တို့ရဲ့ အမျိုးသားရေး မူဝါဒမဟုတ်ပါဘူး။ သမ္မတ ဟာ တရုတ်-မြန်မာ ဆက်ဆံရေးကို ပျက်ပြားအောင်လုပ်ခဲ့ပါတယ်” ဟု ဖြေကြားသွားပြီး ယခု မြစ်ဆုံဆည်အား ပြန်တည်ဆောက်သင့် သ လားဟု မေးမြန်းရာတွင် “ဆောက်ကို ဆောက်ရမှာပေါ့၊ ကျနော်တို့ လျှပ်စစ်ဓာတ်အား လိုတယ်။ အနောက်နိုင်ငံတွေက ဒါကို ရပ်ဆိုင်းဖို့နဲ့ တရုတ်-မြန်မာ ဆက်ဆံရေး ပျက်ပြားအောင် လုပ်ခဲ့တာပါ” ဟု ဖြေကြားခဲ့သည်။
USDP ပါတီ၏ အဓိက အလုပ်အမှုဆောင်တဦးဖြစ်သော ဦးအောင်သိန်းလင်းသည် NLD ပါတီနှင့် ခေါင်းဆောင် ဒေါ် အောင်ဆန်းစုကြည် အား ပြင်းပြင်ထန်ထန် ဝေဖန်သွားခဲ့ပြီး ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာ ဘန်ကီမွန် အား လည်း “ကျနော် သူ့ကို မယုံဘူး။ ကုလသမဂ္ဂကိုလည်း မယုံဘူး” ဟု ဖြေကြားသွားခဲ့သည်။
အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီကလင်တန် လာရောက်ခြင်းမှာ “ကျနော်တို့ ပြည်သူတွေအတွက် ကျနော်တို့ နိုင်ငံအတွက်လာတာ မဟုတ်ဘူး။ ဒီအမျိုးသမီး (ဒေါ်အောင်ဆန်းစုကြည်အား ရည်ညွှန်းသည်) အတွက်လာတာ” ဟု ဖြေကြားခဲ့ပါသည်။ ဦးအောင်သိန်းလင်းက EU နှင့် US အား “သူတို့ကို မယုံဘူး။ သူတို့က သူတို့လိုချင်တဲ့ ရုပ်သေး အစိုး ရတင်ဖို့ ဂိုဏ်းဖွဲ့နေကြတာ” ဟုဆိုပါသည်။
ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက “လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ၊ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ” ဟု ပြောကြားခဲ့သည်။
ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းက “ကျနော်တို့ သင်ခန်းစာတွေရတယ်။ လူ ထုနဲ့ အများကြီးဆက်ဆံရမယ်။ လူထုလိုအပ်ချက် ဆန္ဒတွေကိုသိရမယ်” ဟု ဆိုပါသည်။
သို့ရာတွင် မြန်မာနိုင်ငံရှိ လူဦးရေ ၉၀ ရာခိုင်နှုန်းကျော်က မြစ်ဆုံဆည်တည်ဆောက်ရေးကို လိုလားခြင်းမရှိကြောင်းကို ဦးအောင်သိန်းလင်း အနေဖြင့် မသိကြောင်း နိုင်ငံရေးလေ့လာသူတဦး က သုံးသပ်ပါသည်။ အဆိုပါ သုံးသပ်သူက” သူ တို့ ထပ်နိုင်ရင် ဒီမြစ်ဆုံဆည်ကို မဖြစ်မနေ ဆောက်မယ်လို့ ဦးအောင်သိန်းလင်းက ဆိုရင် ၂၀၁၅ အတွက် အဖြေက ထွက်ပြီးသားပဲပေါ့။ ပြိုင်စရာတောင်မလိုတော့ပါဘူး” ဟု မှတ်ချက်ပြုပါသည်။
USDP ပါတီ၏ ဗဟိုအလုပ်အမှုဆောင်နှင့် ရန်ကုန်တိုင်းဒေသကြီး တာဝန်ခံဖြစ်သော ဦးအောင်သိန်းလင်းသည် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပမြို့နယ် မဲဆန္ဒနယ်မှ ၀င်ရောက်ယှဉ်ပြိုင်ခဲ့သူဖြစ်ပြီး အငြင်းပွားဖွယ်ရာ မဲရ လဒ်ဖြင့် အနိုင်ရခဲ့သူ ဖြစ်ပါသည်။ အဆိုပါ အငြင်းပွားမှုမှာ ကြိုတင်မဲအများအပြားဖြင့် အနိုင်ရရှိခဲ့ခြင်းဖြစ်ကြောင်း သိရ သည်။ ထို့အပြင် ဦးအောင်သိန်းလင်းသည် ၂၀၀၃ ခုနှစ်မှ ၂၀၁၁ ခုနှစ်အထိ ရန်ကုန်မြို့တော်ဝန်အဖြစ် တာဝန်ထမ်း ဆောင်ခဲ့ပြီး ၂၀၁၀ ရွေးကောက်ပွဲ မတိုင်မီကာလအတွင်း မဲဆွယ်စည်းရုံးရေးအတွက် လမ်းခင်းခြင်းများပြုလုပ်ရာ၌ ၎င်း သည် ပါတီငွေကြေးနှင့် ရန်ကုန်မြို့တော်စည်ပင်ငွေကြေးများကို ရောထွေးသုံးစွဲခဲ့သည်ဟု စွပ်စွဲဝေဖန်ခြင်းများကိုလည်း ခံခဲ့ရသူ ဖြစ်သည်။
Eleven Media Group မှ …

ဘကြီးသက်
Unknown at 12:49 AM
Share

2 comments:

  1. မင်းထက်သာJuly 23, 2012 at 12:19 PM

    ဒေါ်အောင်ဆန်းစုကြည် နှင့် NLD အပေါ် လူအများအပြားက လှိုက်လှဲစွာ ထောက်ခံနေကြခြင်းအပေါ် မေးမြန်းရာ သူက “လူတွေက ရူးနေကြတာပါ။ သူက လူကြိုက်များရတာ၊ ကျနော်တို့ရဲ့ အမျိုးသားခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းရဲ့ သမီးဖြစ်လို့ပါ” ဟု ပြောကြားခဲ့သည်။
    ကြားဖြတ်ရွေးကောက်ပွဲ ရှုံးနိမ့်ခဲ့ရခြင်းနှင့်ပတ်သက်၍ ဦးအောင်သိန်းလင်းက “ကျနော်တို့ သင်ခန်းစာတွေရတယ်။ လူ ထုနဲ့ အများကြီးဆက်ဆံရမယ်။ လူထုလိုအပ်ချက် ဆန္ဒတွေကိုသိရမယ်” ဟု ဆိုပါသည်။ ပြောဆိုပုံတွေ အရူးချီးပန်းစကားတွေဆိုတာ သိသာနေပါတယ်။ အထက်အောက်ပြောတာတွေက ဘယ်လိုမှ လက်ခံလို့မရပါဘူး။ ပြောတဲ့ပါးစပ် လေဖြတ်ပါစေဗျာ။

    ReplyDelete
    Replies
      Reply
  2. မင်းထက်သာJuly 23, 2012 at 12:22 PM

    ပြည်သူကကျွေးတဲ့ ထမင်းစားနေသူက ကျွေးတဲ့တက်ကို ပြန်ကိုက်မလို့လား အောင်သိန်းလင်း ကြံ့ဖွတ်အရူးရဲ့ ...

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.