Tuesday, June 19, 2012

ဘင်္ဂလားဒေ့ရှ်ဖက်မှ Hacker များကို စတင်စုစည်းပြီး ဖွဲ့နေကြပြီ

မြန်မာ hacker များမှ သွေးချောင်းစီးရေးကို မလိုလားသည့်အတွက် ယခုပြုလုပ်နေသည့် လုပ်ရပ်များ ရပ်တန့်ရန်နှင့် တိုက်ခိုက်မှု့များအား နောက်ဆုတ်ပေးရန်။ မလိုလားအပ်သည့် ပြသနာများကို မဖြစ်ပေါ်စေရန်အတွက်။ သတိပေးတိုက်တွန်းသည့် သဘောဖြင့် ဘင်္ဂလားဒေ့ရှ်အစိုးရ ၀ဘ်ဆိုက်များကို တိုက်ခိုက်ပြီး သတိပေးလိုက်ပါတယ်။ ဒါကို သူတို့အနေနဲ့ တကယ်တမ်းအပြင်မှာတော့ ရပ်တန့်ဖို့အတွက် ဟန်ဆောင်ချင်ဆောင်ပေမယ့် သူတို့ရဲ့ ၀ဘ်ဆိုက်နဲ့ အားလုံးရဲ့ အစီအစဉ်ကတော့ online cyber war လို့ခေါ်တဲ့ online စစ်ပွဲ စတင်ပြုလုပ်ဖို့အတွက် ဘင်္ဂလားဒေ့ရှ်ဖက်မှ Hacker များကို စတင်စုစည်းပြီး ဖွဲ့နေကြပြီဖြစ်ပါတယ်။ အဲ့အတွက်ကြောင့် မြန်မာနိုင်ငံပိုင် အစိုးရအဖွဲ့အစည်း ၀ဘ်ဆိုက်များ၊ မြန်မာပြည်သူပိုင်(မြန်မာဘာသာဖြင့်ရေးသားထားသည့် ၀ဘ်ဆိုက်များ)အားလုံးအား သတိပေးလိုက်ပါသည်။
ယခုအချိန် မတိုက်ခိုက်ခင်မှာ website နဲ့ သက်ဆိုင်သည့် အားလုံးကို backup လုပ်ထားဖို့ ကြိုတင် သတိပေးထားလိုက်ပါတယ်။ ကျွန်တော့်အထင် အားလုံးပြီးဆုံးသွားပြီလို့ သက်ပြင်းချခါကျမှ ဒီလိုဖြစ်လာတဲ့အတွက် တော်တော်လေးကို အံ့သြမိပါတယ်။ ဘင်္ဂလားဒေ့ရှ်မှာ ရှိတဲ့ hacker တွေဟာ ဘယ်ဝဘ်ဆိုက်တွေကို target ထားပြီး တိုက်ခိုက်မယ်ဆိုတာကို ကျွန်တော့်အနေနဲ့ မသိသေးပါဘူး။ ဒါပေမယ့် အဖွဲ့စတင်ဖွဲ့နေပြီ ဖြစ်တဲ့အကြောင်းနှင့် ဘယ်သူတွေက သွေးထိုးတယ်။ ကူညီတယ်ဆိုတာကိုတော့ အတိအကျ မသိပါဘူး။ အဲ့တော့ သတိပေးချင်တာကတော့ website သမားများ backup သာ လုပ်ထားကြပါ။ ပြီးတော့ မိုင်းများကိုလည်း သတိထားစေလိုပါတယ်။ ငြိမ်းချမ်းမလိုလိုနဲ့ ဘာဖြစ်လို့ ဒီလိုမျိုး ဆက်ဖြစ်ချင်ရတာလဲ။ ဘာတွေ လိုချင်လို့လဲ။ ပြီးတော့ တစ်ချို့ ရခိုင်ကနေ အစ္စလာမ် ကူးပြောင်းသူတွေကိုတောင် လက်မခံတဲ့အပြင် အစာနဲ့ အဆိပ်ပါတဲ့ ရေတွေကို တိုက်တယ်ဆိုတဲ့ သတင်းပါ ကြားရပါတယ်။ ဒါတွေဟာ မဖြစ်သင့်တဲ့ လုပ်ရပ်တွေပါ။ အဲ့လောက်အထိ မဖြစ်သင့်ပါဘူး။ အပျက်အပျက်နဲ့ နှာခေါင်းသွေး မထွက်စေချင်ပါဘူး။ အခုကတော့ လူလူချင်းမဟုတ်ဘဲနဲ့ ပထမဦးဆုံး online ပေါ်မှာတင် Hacker အချင်းချင်း ဥာဏ်ချင်းပြိုင်မယ့် Cyber War လို့ခေါ်တဲ့ (အင်တာနက် နည်းပညာစစ်ပွဲ)ပါပဲ။
$ စား Online Media website များသို့
မှတ်ချက် (သတင်းဝဘ်ဆိုက်များတွင် ဖော်ပြထားသော အစ္စလာမ်ဘာသာဝင်
နှစ်သောင်းကျော်အား သတ်ဖြတ်ခဲ့သည်) ဆိုတာ လုံးဝ (လုံးဝ) မဟုတ်ပါ။ သွေးထိုး လှုံ့ဆော်မှု့သက်သက်သာ ဖြစ်ပါသည်။ သွေးကြွလာစေရန် မြှောက်ထိုးပင့်ကော် လုပ်ထားခြင်း သာ ဖြစ်ပါသည်။ အထူးသတိထားပြီး လေ့လာစေလိုပါသည်။ မီဒီယာဆိုက်များကလည်း တစိတ်ကို တအိတ်လုပ်ပြီး ပုံကြီးမချဲ့ကြပါနဲ့။ စစ်ပွဲဆိုတာကို ခင်ဗျားတို့ လိုလားသလား။ အမှန်တရားရေးတဲ့ ဆိုက်ကို မှန်ကန်မှု့ဖက်က ရပ်တည်လို့ အစက ဖတ်ခဲ့ပေမယ့်။ အခုနောက်ပိုင်း လေးသားလာတာတွေဟာ မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် နှစ်နိုင်ငံ ပဋိက္ခမဖြစ် ဖြစ်အောင် လုပ်ကြံပြီး ရေးလာတယ်လို့ ကျွန်တော့်အနေနဲ့ ယူဆပါတယ်။ အခုနှိမ်နှင်း ရပ်တန့်ခိုင်းတဲ့အထဲမှာ ကြည်ဟာ ရာဘာကျည်ဆံပါ။ သေချာ စမ်းစစ်ပါဦး။ ခင်ဗျားတို့ ပုံကြီးချဲ့တာနဲ့ နိုင်ငံတကာက သေတာက လူ၂ ယောက်လောက် ကို ဘာလို့ သုံည နှစ်လုံး တိုးအောင် လုပ်ရတာလဲ။ Online media ဆိုက်တွေ အထူးသတိထားပေးစေလိုပါတယ်။ ခင်ဗျားတို့ ရေးသားတဲ့ စာတစ်လုံးမှားရင် အမှားပြင်ဆင်လို့ မရဘူးနော်။ တိကျမှ online ပေါ်တင်ပါ။ မှန်မှန် မမှန်မှန် ရောက်ချင်ရာရောက် ဆိုပြီး မိုးပေါ် ထောင်မဖောက်ပါနဲ့။ သွေးချောင်းစီးမှု့တွေ ဖြစ်လာနိုင်ပါတယ်။ အဲယားကွန်းအခန်းထဲမှာ ဒေါ်လာစားပြီး။ မေးလ်ထဲ ရောက်သမျှ စာတွေကို သေချာစမ်းစစ်ခြင်းမလုပ်ဘဲနဲ့ စွတ်မတင်ပါနဲ့. ခုချိန်က နည်းပညာခေတ်ပါ။ လူငါးယောက်သေတာကို လူအယောက် 1000 သေတာဖြစ်အောင် photoshop နဲ့တောင် လုပ်ယူလို့ရပါတယ်။ ဒါကိုသတိထားပေးပါ။ အခုဟာ ဘယ်ဆိုက်ကို ရည်ညွှန်းပြီး ပြောနေတယ်ဆိုတာကို ခေါင်းစဉ်မတပ်လိုပါဘူး။ အဲ့တော့ ခင်ဗျားတို့လည်း ဗမာပါပဲ။ နိုင်ငံရေးရအောင် ကြိုးပမ်းတဲ့အထဲမှာလည်းပဲ အစ္စလာမ်ဘာသာဝင်တွေ ပါဝင်ခဲ့ပါတယ်။ ဒါတွေကို ပေါင်းစည်းဖို့ ခင်ဗျားတို့ဖက်ကနေ မလုပ်ဆောင်ဘဲနဲ့ ဘာလို့သွေးထိုးလှုံ့ဆော်မှု့တွေ လုပ်နေတာလဲ။ ကျွန်တော်တို့ ဆယ်တန်းတုန်းက သင်ခဲ့ရပါတယ်။ ရေသည်ပြဇာတ်မှာ
က = ဘယ်သူက
ကို = ဘယ်သူ့ကို
ချိန် = ဘယ်အချိန်
ခါ  = ဘယ်အခါတုန်းက
နေရာ = ဘယ်နေရာမှာ
ကြောင်း = ဘယ်အကြောင်းကြောင့်
ပြော = ပြောဆိုတဲ့နေရာမှာတော့ ပြောင်းလိုက်ပါပြီ (ဓါတ်ပုံ၊ အထူးသဖြင့် တိကျတဲ့ video ဖိုင်တွေကိုပါ)
အဲ့ဒါတွေကို ပြည့်စုံအောင် တင်ကြည့်လိုက်ပါ။ BBC, BOA, DVB, RFA စတဲ့ online media ၀ဘ်ဆိုက်တွေထဲမှာ တစ်ချို့ media သမားတွေဟာ ငါဟာ ဒီ media ဆိုက်က သတင်းလက်ခံတဲ့ သူဘဲ ဒေါ်လာစားနေရတဲ့သူဘဲ ဆိုတဲ့အထာတွေနဲ့ ဖုန်းပြောတာ၊  မြန်မာပြည်ဖက်က သတင်းပေးနေကြတဲ့ တစ်ချို့သူတွေကိုတောင်မှ စကားပြောတာ အထက်စီးလေသံနဲ့ နားထဲမှာ အတော်ကြားရဆိုးတယ်ဗျာ။ ဘာတွေများ ဘ၀င်မြင့်နေကြတာလဲ။ ဒေါ်လာရလို့လား။ အဲယားကွန်းထဲနေနေရလို့လား။ ကိုက media ဆိုက်က ဆိုပြီးတော့လဲ ငါလုပ်တာ အမှန်လို့တော့ မထင်လိုက်နဲ့နော်။ ခင်ဗျားတို့ဖက်မှာ မှားယွင်းချက်တွေ အများကြီးပဲ။ အဲ့တော့ သတင်းတင်မယ်ဆိုရင် တိကျမှ တင်ပါ။ မတိကျဘဲ ကြားသမျှ အမှန်ဆိုပြီးတော့ မတင်ပါနဲ့။ ခင်ဗျားတို့ကြောင့် သွေးချောင်းစီးသွားနိုင်ပါတယ်။ ဗမာသွေးရှိသေးရင်တော့ အခုဖြစ်လာမယ့် အရေးကို တားဆီးနိုင်မယ့်စာသားမျိုးနဲ့ ရေးသားသင့်တယ်။ ဒေါ်လာသွေးစီးနေရင်တော့ ခင်ဗျားတို့သဘောပေါ့။ မဟုတ်ဘူးလား။ တစ်ချို့တွေ နယ်တွေဖက်ကနေ မေးလ်ပို့ပြီး တိုင်တာက တစ်မျိုး ခင်များတို့တည်းဖြတ်ပြီး တဆိတ်ကို တအိတ်လုပ်ပြီး ပြုပြင်ပြီး ပြန်လွှင့်တာက တစ်မျိုး။ ဒါလား မှန်ကန်တဲ့ online media ၀ဘ်ဆိုက်။ ကျွန်တော်ပြောနေတာတွေ ဟုတ်မဟုတ် ခင်ဗျားတို့ ဘင်္ဂလားဒေ့ရှ်စာနဲ့ google ကနေ လိုက်ရှာဖတ်လိုက်။ ဟုတ်တယ် မဟုတ်ဘူးဆိုတာကို။
အခုအချိန်မှာ မြန်မာနိုင်ငံဖက်မှ အစိုးရဆိုက်များ အတိုက်မခံရဖို့ အထူးသတိထားကာကွယ်ထားဖို့ လိုအပ်လာပါပြီ. ဒါဟာ နိုင်ငံရဲ့ အရေးလို့ ဆိုလိုတာပါ။ (နိုင်ငံရေးမဟုတ်ပါ)။ ၄င်းဘာသာဖြင့် ရေးသားထားသော စာများကို english ဘာသာသို့ ပြောင်းချင်လျှင်http://www.translate.google.com ကိုသွားပြီး အင်္ဂလိပ်ဘာသာသို့ ပြောင်းဖတ်ပါ။ ဥပမာ cyber law to myanmar ဆိုတဲ့ စာသားကို ဘင်္ဂလားဒေ့ရှ်စာပြောင်းပြီး google ကနေ ရှာကြည့်လိုက်ပါ ထွက်လာပါလိမ့်မယ်။ မြန်မာဟက်ကာတွေ အများကြီးပါ။ ဖြူဖြူ၊ မဲမဲ၊ ပြာပြာ ဘာအရောင်ဘဲ ဖြစ်နေပါစေ။ အခုအချိန်မှာ မြန်မာပြည်က ၀ဘ်ဆိုက်တွေကို အတိုက်မခံရဖို့ ကာကွယ်ကြဖို့ အရမ်းအရေးကြီးပါတယ်။ ကိုယ့်နိုင်ငံသားချင်း တိုက်ခိုက်နေတာထက် အခုသူတို့တိုက်ခိုက်ဖို့ ပြင်ဆင်နေတာတွေကို ရပ်တန့်ဖို့(သို့) ကာကွယ်ထားဖို့ ဒါတွေကိုပဲ ဂရုပြုထားသင့်ပါတယ်။
အားလုံးကို ခင်မင်လေးစားလျှက်
ညီနေမင်း(နည်းပညာ)

ဘကြီးသက်
Unknown at 3:29 PM
Share

1 comment:

  1. kokoJune 22, 2012 at 3:04 PM

    ကောင်းပါတယ်။ဗဟုသုတရပါတယ်။ပညာသင်အဆင့်ပါ။ကူညီချင်တယ်။

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.