Sunday, April 1, 2012

နေပြည်တော်မဲတွေကို NLD သိမ်းပိုက်ပြီလား


နေပြည်တော်မှာ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်က ကိုယ်စားလှယ်တွေ ဝင်ပြိုင်ခဲ့ရာမှာ ဇမ္ဗူသီရိမြို့နယ်မှာ ဒေါ်စန္ဒာမင်း၊ ပုဗ္ဗသီရိမြို့နယ်မှာ ဦးဖြိုးဇေယျာသော်၊ ဒက္ခိဏသီရိမြို့မှာ ဦးနိုင်ငံလင်း၊ ဥတ္တရသီရိမြို့နယ်မှာ ဦးမင်းသူတို့ ဝင်ရောက် ယှဉ်ပြိုင်ခဲ့ကြပါတယ်။

ဧရာဝတီက နောက်ဆုံးရတဲ့ သတင်းများအရ ဦးနိုင်ငံလင်းက မဲရုံ ၁၇ တွင် မဲရေတွက်ရာမှာ ၁၆ ရုံမှာ အနိုင်ရရှိနေပြီး၊ ဦးဖြိုးဇေယျာသော်လည်း အနိုင်ရရှိသွားတယ်လို့ နေပြည်တော်ကိုရောက်ရှိနေတဲ့ သတင်းထောက်တွေက ပြောပါတယ်။

အလားတူ ဒေါ်စန္ဒာမင်းနှင့် ဦးမင်းသူတို့ နှစ်နေရာမှာလည်း မဲအကြိတ်အနယ်ဖြစ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။

ကျော်ခ
Unknown at 6:35 PM
Share

1 comment:

  1. AnonymousApril 1, 2012 at 7:11 PM

    နေပြည်တော်မှာ အားလုံး အနိုင်ရတာကို အပျော်ဆုံးပဲ . . . ကဲ ဘာတတ်နိုင်သေးလဲ . . စိတ်ထားကောင်းရင် ကံကောင်းမည်
    စိတ်ထားဆိုးလျှင် ကံဆိုးမည်. . .
    ဖွတ်များ စိတ်ထားကောင်းအောက် ကြိုးစားပါ

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.