Saturday, April 21, 2012

ဒေါ်အောင်ဆန်းစုကြည်ဆိုတာ ဘာမှ မဟုတ်ပါဘူး




(၂၀) ရက်နေ့ နေ့လည် ၁၁ နာရီက City Star ဟိုတယ်မှာ ပြုလုပ်ခဲ့တဲ့ ဗမာ့နိုင်ငံရေးမိတ်ဆွေပါတီများရဲ့ ရွေးကောက်ပွဲအတွေ့အကြုံရှင်းလင်းပွဲမှာ မြန်မာအမျိုးသားကွန်ဂရက်ပါတီက ဦးကောင်းမင်းထွဋ်က ဒေါ်အောင်ဆန်းစုကြည်ဆိုတာ သူမရဲ့ ဖခင်လို အမျိုးသားခေါင်းဆောင်ကြီး မဟုတ်ကြောင်းအောက်ပါအတိုင်း ပြောကြားသွားခဲ့ပါတယ် - 


““ဒေါ်စုကို နိုင်ငံရေးမှာပြန်ပါဖို့၊ ၉၀ ရလဒ်ကိုစွန့်လွှတ်ဖို့ ပါတီမှတ်ပုံတင်ဖို့ တိုက်တွန်းခဲ့တာ ကျနော် ပထမဆုံးဖြစ်နိုင်ပါတယ်””

““၈၈မှာ ကျောင်းသူတွေ သွေးထွက်သံယိုဖြစ်နေတဲ့အချိန် ဒေါ်စုကို လမ်းပေါ်မှာ တစ်ခါမှ မတွေ့ခဲ့ဖူးပါဘူး””

““ဒေါ်စုဟာ အမျိုးသားခေါင်းဆောင်မဟုတ်ပါဘူး။ ဒီမိုကရေစီခေါင်းဆောင်တွေအများကြီးထဲက တစ်ဦးသာဖြစ်ပါတယ်။ ဒေါ်စုဟာ ၈၈ ကျောင်းသားတွေကို မွေးဖွားပေးခဲ့တာမဟုတ်ပါဘူး။
ဒေါ်စုဟာ စစ်အုပ်ချုပ်ရေး ရုပ်သိမ်းကြောင်း ကြေငြာမှ လမ်းပေါ်ထွက်လာတာဖြစ်ပါတယ်””

““အန်အယ်လ်ဒီဟာ ၉၀ မှာ အင်အားကြီးကြီးနဲ့ အနိုင်ရခဲ့တယ်။ ဒါပေမယ့် နောက်ပိုင်းမှာ အဖျားရှုးသွားပါတယ်””

““အန်အယ်လ်ဒီက ဘာလို့ ကျနော့်ကိုအနိုင်ယူတာလဲ။ ကျနော့်ကိုအနိုင်ယူရင်ကော အရသာရှိသွားသလား။ အန်အယ်လ်ဒီအတွက် ငါးသိန်းကလွယ်ချင်လွယ်မယ်။ ကျနော်တို့အတွက် ငါးသိန်းက ရှိတာရောင်းပြီးလုပ်ရတာ။ ကျနော်လေယာဉ်ပျံနဲ့ စည်းရုံးရေးမဆင်းနိုင်ပါဘူး””

““နိုင်ငံရေးအရ မှားယွင်းတဲ့အပြတွေ ပြတယ်။ ရှုပ်ထွေးအောင်လုပ်ပစ်တယ်။ ဂျာနယ်တွေက ၀ိုင်းပြီး Lobby လုပ်ပေးတယ်။ အဲဒါနဲ့ နိုင်သွားတော့ ပျော်ကြပြန်ရော””    ဟုပြောကြားသွားခဲ့သည်။ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် လွတ်လပ်ရေးဖခင်ကြီးရဲ့ သမီးဆိုသော အရှိန်ဖြင့် ဈေးရောင်းပွဲတော်တွေလုပ်၊ရရှိလာသော ပိုက်ဆံများဖြင့် ရွေးကောက်ပွဲမတိုင်ခင် စည်းရုံးရေးဆင်းတဲ့နေရာ အရပ်ဒေသတွေမှာ ပေါပေါသီသီ သုံးနိုင်ပေမယ့်လည်း အခုလိုဖွဲ့စည်း ပါတီသစ် တွေမှာ အခက်အခဲ တော်တော်များများ ရှိနေကြောင်းတွေ့ရှိရသည်။မီဒီယာတွေဘက်မှ ပြန်လည်ကြည့်ရူလျှင်လည်း ဒေါ်အောင်ဆန်းစုကြည် သွားရောက်သည့် ခရီးစဉ်တိုင်း ဒေါ်စု အိမ်ကနေထွက်တာ၊လမ်းမှာထမင်းစားတာ၊အိမ်သာတက်တာ၊သေးပေါက်တာက အစ  သတင်းအနေနဲ့ထုတ်ပြနေကြောင်းလည်း တွေ့ရှိရပါသည်။ကျန်ပါတီများစည်းရုံးရေးဆင်းတာ၊ပြည်
သူ့အတွက်လုပ်ဆောင်ပေးတဲ့ အရာမျိုးတွေကို တော့ ချန်လှပ်ထားကြောင်းကိုတော့ အများပြည်သူများ တွေ့ရှိကြမှာဖြစ်ပါသည်။ 


Myanmar Express
Unknown at 10:33 AM
Share

4 comments:

  1. AnonymousApril 21, 2012 at 8:54 PM

    စစ်အစိုးရကို နင်တို့ ဘယ်ပါတီကများ အန်တုနိုင်လို့ လဲ . . ကမ္ဘာက မြန်မာကို အသိအမှတ်ပြု အရာပြန်သွင်းစေခဲ့တာ ဒေါ်စုကြောင့်ပါ . . စိတ်ပျက်တယ် . . ကိုသက်နိုင်ရယ် myanmar express ဖွတ် site က သတင်းတွေ မတင်စမ်းပါနဲ့  အဆင့်မရှိလွန်းလို့ ပါ . . ထွီ

    ReplyDelete
    Replies
      Reply
  2. YouthApril 22, 2012 at 12:52 PM

    ကိုယ့်အဆင့်ကိုသိရင်လည်းပြီးတာပဲ။ ဒေါ်စုကိုသွားယှဉ်လို့ ရမလား။ သူ့ ကိုကမ္ဘာကသိတယ်။ မင်းကိုမြန်မာကတောင်မသိဘူးလဘာဂျာ ကောင်းမင်းဖွတ်ရဲ့ ။ လေယဉ်နဲ့ စည်ရုံးရေးဆင်းတယ်ဆိုတာက သူ့ အဆင့်ရှိလို့ ပေါ့။ မင်းကိုငါ ကွန်းမင့်ရေးချင်နေတာ ဗွီအိုအေမှာမင်းပြောသွားကတည်းက။ ရှုံးရင်လည်းအေးဆေးနေလေကွာ။ စောက်ဆင့်မရှိတဲ့စကားတွေလိုက်မပြောနေလေကွာ။

    ReplyDelete
    Replies
      Reply
  3. Lisu BloggerApril 22, 2012 at 4:06 PM

    ဒေါ်အောင်ဆန်းဆွတ်ကြည်ပာာ ဘာမှမပာုတ်ဘူးဆိုရင်နင်ဆိုရင်ဂျီးပိုးထိုးအဆင့်တောင်ရှိမှာမပာုတ်ဘူး..

    ReplyDelete
    Replies
      Reply
  4. ArkarApril 29, 2012 at 2:17 PM

    မတူရင် မယှဉ်နဲ့လေ ။ သူများကို မကောင်းတာပြောချင်ရင် ကိုယ်က ဘယ်လောက်ကောင်းလဲဆိုတာ အရင်စဉ်းစားပါနော်။ စကားတစ်ခွန်းကို လွယ်လွယ်မပြောပါနဲ့။

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.