Monday, March 19, 2012

ရေပိုင်နက်ကိစ္စ ကြိုးစားဖြေရှင်းခဲ့တဲ့ မြန်မာကိုယ်စားလှယ်များအတွက် ဂုဏ်ယူပါ၏


ပင်လယ်နယ်နိမိတ်သတ်မှတ်သည့်ကိစမှာ ရှုပ်ထွေးနက်နဲလှတဲ့ကိစဖြစ်ပါတယ်။
ပင်လယ်နယ်နိမိတ်သတ်မှတ်တဲ့ကိစကို ဥပဒေပညာရှင်များ၊ hydrographer
ပညာရှင်များ၊ ဘူမိဗေဒပညာရှင်များ အားလုံး ပါဝင်ပြီး ဆောင်ရွက်ကြရပါတယ်။
တိုင်းတာသည့် method များ တစ်နည်းထက်မကရှိပြီး ၀ိဝါဒကွဲပြားမှုရှိသည့်
ဥပဒေများအပေါ်မှာ အခြေခံပြီးဆုံးဖြတ်ရပါတယ်။ UN Convention on the Law of
the Sea မှာကိုက ကွဲကွဲပြားပြား မရှိတဲ့ အာတီကယ်တွေ ပါပါတယ်။ ဒါကြောင့်
နိုင်ငံတွေအနေနဲ့ ပင်လယ်နယ်နိမိတ်အငြင်းပွားမှုတွေဖြစ်လာပြီဆိုရင်
မိမိတို့ အားသာတဲ့ method ၊ မိမိတို့အားသာတဲ့ ဥပဒေတွေ၊ အရင်ဖြစ်ခဲ့တဲ့
အကိုးအကား case ကို ထောက်ပြပြီး တောင်းကြပါတယ်။ ဒီလို ကိုယ်အားသာတာကို
တောင်းတဲ့အတွက် စေ့စပ်ဆွေးနွေးပွဲတွေမှာ သဘောတူညီချက် ရဖို့
ခက်ခဲလှပါပြီး နောက်ဆုံးမှာ ICJ, ITLOS စတဲ့ ခုံရုံးတွေရောက်ကြပြီး
တရားသူကြီးများရဲ့ အဆုံးအဖြတ်ကို ခံယူပါတယ်။


မြန်မာ-ဘင်္ဂလားဒေ့ရှ်ဆွေးနွေးပွဲကလည်း ဒီလိုပါပဲ။ ၁၉၇၄ ခုနှစ်က စတင်ခဲ့တာ
၂၀၀၉ ခုနှစ်အထိ သဘောတူညီချက်မရလို့ ခုံရုံးမှာ တင်ပြီး ဆုံးဖြတ်ချက်
ခံယူခဲ့တာပါ။
မြန်မာ-ဘင်္ဂလားဒေ့ရှ်ပင်လယ်နယ်နိမိတ်အငြင်းပွားမှုကိစမှာ မြန်မာဘက်က
မိမိတို့ အားသာတဲ့ နည်းလမ်း ဥပေဒ အကိုးအကားနဲ့ တောင်းခဲ့ပါတယ်။
ဘင်္ဂလားဒေ့ရှ်ကလည်း ဒီနည်းအတိုင်းပါပဲ။ နှစ်ဘက်လုံးကတော့
တရားရုံးရောက်ပြီဆိုမှတော့ ရင်လောက်တင်မှ ဒူးလောက်ကျဆိုသလို
အများဆုံးရနိုင်မဲ့ ဧရိယာကိုတော့ တောင်းကြမှာပါပဲ။ မြန်မာက ကိုယ်အားသာမဲ့
equidistance method ကို သုံးပြီးတောင်းတယ်။ ဘင်္ဂလားဒေ့ရှ်က သူအားသာမဲ့
equity method /angle-bisector ကို သုံးပြီးတောင်းတယ်။ တရားသူကြီးတွေ
အဆုံးအဖြတ်ပေးတဲ့အခါမှာ နှစ်ဘက်စလုံးတောင်းတဲ့အတိုင်းတော့
ရခဲ့တာမဟုတ်ပါဘူး။ ကိုယ်တောင်းတာမရလို့ ရှုံးတယ်လို့တော့ လွယ်လွယ်
ပြောလို့မရပါဘူး။


သိကြတဲ့အတိုင်းပါပဲ၊ ITLOS ဆိုတာ ဂုဏ်သိက္ခာအမြင့်ဆုံး၊ သမာသမတ်အရှိဆုံး၊
ပယ်လယ်ဥပဒေကို အကျွမ်းကျင်ဆုံးလို့ လက်ခံထားတဲ့ တရားသူကြီး (၂၁)ဦးနဲ့
ဖွဲ့စည်းထားတာပါ။ လွတ်လပ်တဲ့ တရားသူကြီးတွေပါ။ ကုလသမဂ္ဂ
အဖွဲ့ဝင်နိုင်ငံတွေက ကမ္ဘာ့တိုက်ကြီးတိုင်းက တရားသူကြီးတွေကို မျှမျှတတ
ရွေးကောက်တင်မြောက်ထားတာပါ။ ဒါကြောင့် ဒီခုံရုံးက ဆုံးဖြတ်ချက်က
တရားမျှတမှုရှိတယ်လို့ မှတ်ယူလို့ရပါတယ်။ တောင်းတာမရတာလို့ ရှုံးတယ်လို့
ပြောနေတာ၊ တောင်းတာရလို့ နိုင်တယ်လို့ ပြောနေတာတွေကို အသာထားပြီး ဒီလို
သမာသမတ်ရှိတဲ့ ခုံရုံးက ချမှတ်ပေးတဲ့ ဆုံးဖြတ်ချက်ကို
ကြည်ကြည်ဖြူဖြူလက်ခံရပါမယ်။


ဘင်္ဂလားဒေ့ရှ်က Domestic Politics အတွက် မီဒီယာတွေ အလုပ်ရှုပ်နေကြတာပါ။
သူတို့တောင်းတာ တွေထဲက တစ်ချို့ရလို့ သူတို့ဝမ်းသာတာ သူတို့အလုပ်ပါ။
သို့သော် မြန်မာကို သူတို့နိုင်တယ်လို့ ပြောလို့မရ ပါဘူးလို့ ယူဆပါတယ်။
မိမိဘက် အစဉ်အလာအရ မီဒီယာအားနည်းတော့ ဘင်္ဂလားဒေ့ရှ် ပြောတာကိုပဲ
အဟုတ်ထင်နေကြပြီး ဆင်မဖြူကျွန်းကိုပဲ မြန်မာက ပေးလိုက်ရသလိုလို၊
ရေနံကွက်တွေပဲ ပေးလိုက်ရတော့မလိုလို ရေးနေကြတာပါ။ ဆင်မဖြူကျွန်းက
လွတ်လပ်ရေးရကတည်းက ဘင်္ဂလားဒေ့ရှ်ပိုင်တာပါ။ မြန်မာက လက်ရှိလုပ်နေတဲ့
ရေနံကွက်တွေလည်း လွတ်တာကိုတွေ့ရပါတယ်။ ပြောရရင် ဘင်္ဂလားဒေ့ရှ်က ၂၀၀၈
ခုနှစ်မှာ လေလံတင်ခဲ့တာ ရေနံလုပ်ကွက်တွေလဲ အခုခုံရုံးရဲ့
ဆုံးဖြတ်ချက်အရဆို ကျွန်တော်တို့ ရလိုက်သလိုဖြစ်သွားပါတယ်။
ဂျာမန်တရားသူကြီးပြောသလိုပါပဲ နှစ်ဘက်စလုံး ရတာလဲရှိသလို
စွန့်လွှတ်ခဲ့ရတာလည်း ရှိပါတယ်။


သတိပေးချင်တာက ဒီအချိန်မှာ
မြန်မာ-ဘင်္ဂလားဒေ့ရှ်ပင်လယ်နယ်နိမိတ်သတ်မှတ်ရေးအတွက် ၁၉၇၄ ခုနှစ်ကတည်းက
နှစ်ပေါင်းများစွာ အပင်ပန်းခံခဲ့တဲ့ ဌာနပေါင်းစုံမှ သက်ဆိုင်သူတွေ၊
မြန်မာကိုယ်စားလှယ် တွေကို မမေ့ဖို့ပါ. သူတို့တွေ အရမ်းပင်ပန်းခဲ့ပါတယ်။
သူတို့တွေ အစွမ်းကုန် ကြိုးစား လုပ်ခဲ့ကြပါတယ်။
ပါဝင်ခဲ့တဲ့ သက်ဆိုင်သူအားလုံးကို Congratulations ပါခင်ဗျာ။


ကိုယ့်နိုင်ငံ ကိုယ့်ရေမြေကိစ္စကို မသိကျိုးကျွံပြုနေတဲ့ ဗြိတိသျှ မယား ဒေါ်စုနဲ့
၈၈ မျိုးဆက် အပါအဝင် အတိုက်အခံ အားလုံးကိုတော့ ရှုံ့ချပါတယ်
၁၉၇၄ ကတည်းက နိုင်ငံချစ်တဲ့လူတွေက က လုပ်နေချိန်မှာ ဘာတစ်ခွန်းမှ
ဝင်မလုပ် ဝင်မပြောပဲနေခဲ့ကြပြီး အခုမှ ထပြီး တောင်ရေး မြောက်ရေး
နဲ့ အသေအချာမသိပဲ အပြစ်တင်နေတဲ့လူတွေကိုလည်း ရှုံ့ချပါတယ်။
Myanmar Express  မှကူးယူဖော်ပြပါသည်။
    အမှန် အမှားကိုယ်တိုင်ဆုံးဖြတ်တော်မှုကြပါကုန်။
Unknown at 9:16 PM
Share

1 comment:

  1. လူမှန်ကြီးMarch 20, 2012 at 4:28 PM

    (ကိုယ့်နိုင်ငံ ကိုယ့်ရေမြေကိစ္စကို မသိကျိုးကျွံပြုနေတဲ့ ဗြိတိသျှ မယား ဒေါ်စုနဲ့
    ၈၈ မျိုးဆက် အပါအဝင် အတိုက်အခံ အားလုံးကိုတော့ ရှုံ့ချပါတယ်
    ၁၉၇၄ ကတည်းက နိုင်ငံချစ်တဲ့လူတွေက က လုပ်နေချိန်မှာ ဘာတစ်ခွန်းမှ
    ဝင်မလုပ် ဝင်မပြောပဲနေခဲ့ကြပြီး အခုမှ ထပြီး တောင်ရေး မြောက်ရေး
    နဲ့ အသေအချာမသိပဲ အပြစ်တင်နေတဲ့လူတွေကိုလည်း ရှုံ့ချပါတယ်။)
    စာသားလေးကိုထောက်ခံတယ်ဗျာ.. အဲ့လိုလူမျိုးတွေက ပြည်သူကိုချစ်တယ်ဆိုတာဖြစ်နိုင်ပါရဲ့လားဗျာ. ကိုယ်တိုင်လည်းမလုပ်သူများလုပ်နေတာကိုလည်း အကောင်းမမြင်နဲ့ သူတို့တွေသာအာဏရှင်ဖြစ်ရင် မြန်မာနိုင်ငံတော့ ရောင်းစားခံရပြီ လူတွေနဲ့ ယဉ်ကျေးမှုတွေပါရောင်းစားမဲ့လူတွေလေ. အဖေသတ်တဲ့လူကို လင်လုပ်နေတဲ့သူတွေလေ. မြန်မာဝတ်စုံ တိုင်းရင်သားဝတ်စုံတွေ ၀တ်ပြီးပြည်သူတွေကို ညာနေတာလေ.

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.