Saturday, March 31, 2012

ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်

ဗီယက်နမ်တွင် ဇနီးတစ်ဦး USD 6000 ဖြင့်ဝယ်ယူနိုင်




ဗီယက်နမ် သတင်းစာမှာ ပါတဲ့သတင်းလေးပါ ။

ဗီယက်နမ်မှ ဇနီးတစ်ဦးအား အမေရိကန်ဒေါ်လာ ၆၀၀၀ ကျပ်ဖြင့်ဝယ်ယူနိုင်

၁ ။ အပျိုစင်ဖြစ်ကြောင်း အာမခံသည်။

၂ ။ ရက် ၉၀ အတွင်း လာရောက် ပို့ဆောင်မည်ဖြစ်ကြောင်းအာမခံသည် ။

၃ ။ အပိုထပ်ဆောင်းကြေး ၊ အပိုကုန်ကျငွေမရှိပါ ။

၎ ။ တစ်နှစ်အတွင်း သင့်ထံမှ ထွက်ပြေးလျှင် နောက်တစ်ယောက်ကို ပိုက်ဆံမပေးရပဲ Free ရမည်။

ကဲ ကောင်းကြသေးရဲ့လား လုပ်ပုံက အမျိုးသမီးတွေကို ငွေနဲ့တန်ဖိုးဖြတ်နေကြတယ် ။ မဖြစ်သင့်တဲ့ကိစ္စကြီးကို သတင်းစာမှာ ပေါ်တင်ကြီးတောင်ကြေငြာလိုက်သေး ဓါတ်ပုံတွေဘာတွေနဲ့ ။

မှတ်ချက် ။ ။ စိတ်ဝင်တစား ၀ယ်ချင်သူတွေကတော့ ဗီယက်နမ်ကို ကြွကြပါကုန် ။

သက်တန့်ချို

From : Almost Hit A Billion

စာဖတ်ပရိတ်သတ်သူငယ်ချင်းများကို အစဉ်လေးစားသောအားဖြင့်.......................
 
သက်တန့်ချို
Unknown at 11:34 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သတင်းထောက်ပါးရိုက်ခဲ့တဲ့ ထက်ထက်မိုးဦးကို တရားရုံးမှ ငွေဒဏ်တစ်ထောင်ချမှတ်




ထက်ထက်မိုးဦးနဲ့7Dayသတင်းဂျာနယ်သတင်းထောက်အမှုကိုတရားရုံးကဒီကနေ့စီရင်ချက်ချတယ်လို့သိရပါတယ်။မင်းသမီးကသတင်းထောက်ကိုကိုယ်ထိလက်ရောက်ပြုမူတဲ့အတွက်အပြစ်ရှိတယ်-ငွေဒဏ်ကျပ်တထောင်ပေးဖို့စီရင်ချက်ချတယ်၊ ငွေမပေးရင် ထောင်ဒဏ် ၁လကျခံပါတဲ့။

မင်းသမီးကငွေဒဏ်ကိုရွေးလိုက်တယ်လို့ဆိုပါတယ်။

အဆင်ပြေစွာအဆုံးသတ်သွားတယ်လို့သက်ပြင်းချသူများရှိသလိုငွေတထောင်ပေးရင်ပါးရိုက်ခွင့်ရှိသလားဆိုပြီးမေးခွန်းထုတ်နေသူများလည်း ရှိပါတယ်။

ဆက်စပ် -

ထက်ထက်မိုးဦးနှင့်သတင်းသမားပဋိပက္ခဖြစ်www.bur.irrawaddy.org/index.php/news/3213-2010-05-21-12-37-46

"မဖြစ်မနေမို့လို့ တုံ့ပြန်လိုက်ရတယ်" www.bur.irrawaddy.org/index.php/interview/4-interview/3221-q-q

သတင်းသမားများ သံချပ်ကာဝတ်စုံ ၀တ်ရမည် www.irrawaddyblog.com/2011/10/blog-post_6349.html

http://www.irrawaddyblog.com/2012/03/blog-post_3838.html  မှ ကူးယူဖော်ပြပါသည်။
Unknown at 11:15 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကြားဖြတ်ရွေးကောက်ပွဲမှာ သတင်းသမားတွေ လိုက်နာရမယ့် စည်းကမ်းချက်များ

ပြန်ကြားရေးဝန်ကြီးဌာနကထုတ်ပြန်တဲ့စည်းကမ်းချက်တွေဖြစ်ပါတယ်။ကြားဖြတ်ရွေးကောက်ပွဲကာလမှာ သတင်းသမားများလိုက်နာဖို့ပါတဲ့။

မီဒီယာသမားများသည်အောက်ပါဥပဒေပုဒ်မများကိုလည်းကြိုတင်လေ့လာသိရှိထားပြီးတိကျစွာသတိပြုလိုက်နာကြရန်လိုအပ်သည်။

(က) ပုဒ်မ ၆၀။ ရွေးကောက်ပွဲနေ့တွင် မဲဆန္ဒရှင်တစ်ဦးဦးအား နှောက်ယှက်ခြင်း။
(ခ) ပုဒ်မ ၆၁။ ရွေးကောက်ပွဲနေ့တွင် မဲရုံအတွင်းနှင့် မဲရုံမှ ကိုက် ၅၀၀ အတွင်း မဲဆွယ်ခြင်း၊ တစ်ဦးတစ်ယောက်ကို မဲပေးရန်၊ ဆန္ဒမဲမပေးဘဲနေရန် တိုက်တွန်းသွေးဆောင်ခြင်း။
(ဂ) ပုဒ်မ ၆၃။ ရွေးကောက်ပွဲနေ့တွင် မဲပေးချိန်အတွင်း မဲရုံမှူး၏ အမိန့်ကိုငြင်းဆန်ပြီး မဲရုံအတွင်းသို့ ၀င်ရောက်ခြင်း။
(ဃ) ပုဒ်မ ၆၄။ ရွေးကောက်ပွဲပြစ်မှုများကို မဟုတ်မမှန် စွပ်စွဲတိုင်တန်းခြင်း တို့ပါဝင်သည်။

လုပ်ပိုင်ခွင့်နှင့်တာဝန်များ။

(က) မဲရုံအသီးသီး၌ မဲရုံပြင်ပ မြင်သာသောနေရာများမှနေ၍ လေ့လာသတင်းရယူနိုင်သည်။
(ခ) ဆန္ဒမဲပေးမှုများကို မဲရုံပြင်ပ မြင်သာသောနေရာများမှ လေ့လာသတင်းရယူနိုင်သည်။ (မဲရုံအတွင်း ၀င်ခွင့်မရှိပါ)
(ဂ) မီဒီယာသမားများသည် နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် အများပြည်သူတို့ကို လွတ်လပ်စွာ တွေ့ဆုံမေးမြန်း သတင်းရယူခွင့်ရှိသည်။ သို့သော် ဆန္ဒမဲပေးမှုကို အနှောက်အယှက်မဖြစ်စေရ။
(ဃ) မဲရေတွက်ခြင်းကို လေ့လာစောင့်ကြည့်ခွင့်ရှိသည်။ သို့သော် တာဝန်ရှိပုဂ္ဂိုလ်များ၏ တာဝန်ထမ်းဆောင်မှုကို အနှောက်အယှက်မဖြစ်စေရ။
(င) မဲရုံများတွင် လျှို့ဝှက်ဆန္ဒမဲပေးခြင်းကို အနှောက်အယှက်မပြုရ။
(စ) မီဒီယာများအနေဖြင့်ဝါဒစွဲ၊ပါတီစွဲကင်းပြီးဘက်လိုက်မှုမရှိရန်လိုအပ်သည်။နိုင်ငံရေးပါတီတစ်ခုအပေါ်ဖြစ်စေ။ ကိုယ်စားလှယ်လောင်းတစ်ဦးအပေါ်ဖြစ်စေ ထောက်ခံအားပေးခြင်း၊ ဆန့်ကျင်ကန့်ကွက်ခြင်း ပြုရာရောက်သည့် အပြုအမူမျိုးမပြုလုပ်ရ။
(ဆ) လုံခြုံရေးအရ မီဒီယာများအတွက် ပြန်ကြားရေးဝန်ကြီးဌာနက စိစစ်ရေးကဒ်များထုတ်ပေးမည်။ ၎င်းကဒ်များကို မြင်သာသည့်နေရာတွင် ချိတ်ဆွဲထားပြီး လုံခြုံရေးတာဝန်ခံများက လိုအပ်ချက်အရ စစ်ဆေးမှုကို ကြည်ဖြူစွာခံယူကြရန်လိုအပ်သည်။
(ဇ) မီဒီယာများသည် ဆန္ဒမဲပေးခြင်းစတင်ချိန်မှ မဲပေးခြင်းပြီးဆုံး၍ မဲရေတွက်သည့်အချိန်အထိ လေ့လာနိုင်သည်။
(ဈ) ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၏အချုပ်အခြာအာဏာပိုင်ဆိုင်မှုကို လေးစားလိုက်နာရန်နှင့် ရွေးကောက်ပွဲဆိုင်ရာတာဝန်ရှိသူများက ဥပဒေနှင့်အညီသတ်မှတ်ညွှန်ကြားသည့် စည်းကမ်းများကိုလိုက်နာရန် တာဝန်ရှိသည်။
(ည)သက်ဆိုင်ရာက ပြဋ္ဌာန်းထားသည့် လွှတ်တော်ရွေးကောက်ပွဲဥပဒေ၊ နည်းဥပဒေများကို တိကျစွာ လိုက်နာရမည်။

တားမြစ်ချက်များ

(က) နိုင်ငံရေးပါတီတစ်ခုကိုဖြစ်စေ၊ ကိုယ်စားလှယ်လောင်းတစ်ဦးကိုဖြစ်စေ၊ ထောက်ခံရန် သို့မဟုတ် ကန့်ကွက်ရန် တိုက်တွန်းရာရောက်သည့် ဆွေးနွေးမေးမြန်းမှုမျိုး လုံးဝမပြုလုပ်ရ။
(ခ) နိုင်ငံရေးပါတီတစ်ခုကိုဖြစ်စေကိုယ်စားလှယ်လောင်းတစ်ဦးကိုဖြစ်စေ ထောက်ခံ/ကန့်ကွက်ရာရောက်စေသည့်ဝတ်စားဆင်ယင်မှု၊တံဆိပ်အမှတ်အသား/စာတမ်းအမှတ်အသား/သင်္ကေတတစ်ခုခုကိုအသုံးပြု၍ ဘက်လိုက်မှုမပြုရ။
(ဂ) ရွေးကောက်ပွဲတာဝန်ထမ်းဆောင်နေသည့် ပုဂ္ဂိုလ်/၀န်ထမ်းအသီးသီး၏ တာဝန်ထမ်းဆောင်မှုကို စွက်ဖက်နှောက်ယှက်ခြင်းမပြုရ။
(ဃ) ရွေးကောက်ပွဲနှင့်သက်ဆိုင်သည့် စာရွက်စာတမ်း၊ စာရင်းဇယားများကိုခွင့်ပြုချက်မရှိဘဲ ကိုင်တွယ်ခြင်း ယူဆောင်ခြင်းမပြုရ။
(င) မဲဆန္ဒရှင်တစ်ဦးချင်း၏ လွတ်လပ်စွာလျှို့ဝှက်ဆန္ဒပေးခြင်းကို နှောက်ယှက်ခြင်းမပြုရ။

လွှတ်တော်ရွေးကောက်ပွဲဆိုင်ရာဥပဒေနှင့်နည်းဥပဒေများအထက်ဖော်ပြပါလုပ်ပိုင်ခွင့်နှင့်တာဝန်များ၊တားမြစ်ချက်များကို လိုက်နာရန်ပျက်ကွက်ခြင်း၊ချိုးဖောက်ခြင်းများရှိပါက ပြန်ကြားရေးဝန်ကြီးဌာနအနေဖြင့် လေ့လာသတင်းရယူခွင့်ကို ရုပ်သိမ်းတားမြစ်သွားမည်။

ပြန်ကြားရေးဝန်ကြီးဌာန။
Unknown at 11:13 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းတွေ ဘယ်သူတွေ ၀င်ကျစ်ပေးတာလဲ ( လူထု စိန်ဝင်း)




အခုတစ်လော ရောက်လာသမျှ ပြည်တွင်း၊ပြည်ပ သတင်းမီဒီယာသမား အားလုံးက တစ်ခုတည်းသော မေးခွန်းကိုပဲ မေးကြတယ်။ သတင်းမီဒီယာလောကသား အားလုံး စိတ်ဝင်တစား ပြောဆိုဆွေးနွေးနေကြတဲ့ “မီဒီယာ ဥပဒေ” ဆိုတာကို ဘယ်လိုမြင်သလဲဆိုတဲ့ မေးခွန်းဖြစ်တယ်။
မီဒီယာဖွံ့ဖြိုးရေး ညီလာခံ
ဒီလ ၁၈ ရက် ၁၉ ရက်က ပြန်ကြားရေးဝန်ကြီးဌာနနဲ့ ကုလသမဂ္ဂပညာရေးသိပ္ပံနဲ့ ယဉ်ကျေးမှုအဖွဲ့ (ယူနက်စကို) တို့ ပူးပေါင်းပြီး “မြန်မာနိုင်ငံ မီဒီယာဖွံ့ဖြိုးတိုးတက်ရေး ညီလာခံ” ဆိုတဲ့ ညီလာခံတစ်ခု ကျင်းပခဲ့တယ်။ အဲဒီမှာ ပြည်ပအဖွဲ့အစည်းတချို့က ကိုယ်စားလှယ်တွေ တက်ရောက်ပြီး စာတမ်းဖတ် ကြားသလို ပြည်တွင်းမီဒီယာ သမားတချို့လည်း စာတမ်းများဖတ်ကြတယ်။
ပြန်ကြားရေးနဲ့ ပြည်သူ့ဆက် ဆံရေးဦးစီးဌာန ညွှန်ကြားရေးမှူးချုပ် ဦးရဲထွဋ်က “New Media Laws and regulations in Myanmar” ဆိုတဲ့ခေါင်းစဉ်နဲ့ စာတမ်းဖတ်ကြားသွားကြောင်း သိရတယ်။ လူတွေပြောနေကြတဲ့ မီဒီယာ ဥပဒေဆိုတာက  ဒါပဲဖြစ်ပါလိမ့်မယ်။ ဘာတွေပါတယ်ဆိုတာ မသိပါဘူး။ ယေဘုယျ သဘောတော့ပြောနိုင်ပါတယ်။
တည်ငြိမ်အေးချမ်းဖို့
ဥပဒေဆိုတာ ဘယ်နိုင်မှာဖြစ်ဖြစ် ဘာစနစ်နဲ့အုပ်ချုပ် အုပ်ချုပ်၊ လူတွေကို ထိန်းချုပ်ဖို့ လုပ်ကြတာချည်း ဖြစ်တယ်။ မရှိမကောင်း၊ ရှိမကောင်းဆိုတဲ့ အရာဖြစ်တယ်။ လူ့အဖွဲ့အစည်းတည်တည်ငြိမ်ငြိမ်နဲ့ အေးချမ်းသာယာဖို့အတွက် လူတိုင်းလူတိုင်းမှာ သဘာဝအရ ရှိနေကြတဲ့ အရိုင်းစိတ်တွေနဲ့ ပရမ်းပတာ စိတ်တွေကို အနားကွပ်ပြီး ထိန်းသိမ်းပေးဖို့လိုတယ်။ ဥပဒေက ဒီတာဝန်ကို ယူရတယ်။ လူ့အဖွဲ့အစည်းဆို တာက လူမျိုးပေါင်းစုံ ပါဝင်နေတာဖြစ်လို့ဆိုပြီး လူတိုင်းနဲ့ကိုက်ညီအောင် ဥပဒေကို လိုက်ညှိရေးလို့ မရဘူး။ ဥပဒေဆိုတာ ဘယ်နေရာဖြစ်ဖြစ်၊ ဘယ်အချိန်အခါဖြစ်ဖြစ်၊ ဘယ်သူ့အတွက်ဖြစ်ဖြစ် တစ်မျိုးတည်း၊ တစ်သမတ်တည်း ဖြစ်ရတယ်။ သူ့ကျတော့တစ်မျိုး၊ ငါ့ကျတော့ တစ်မျိုး၊ လိုရင်တစ်မျိုး၊ မလိုရင်တစ်မျိုး လုပ်လို့မရဘူး။ ဥပဒေရှေ့မှောက်မှာ နိုင်ငံသားအားလုံး တစ်ပြေးညီ ဖြစ်ရတယ်။ ဥပဒေအထက်မှာ ဘယ်သူမှ မရှိစေရဘူး။
ကာကွယ်စောင့်ရှောက်မှုပေးရမယ်
ဥပဒေက လက်လှမ်းမမီတဲ့ လူတန်းစားတစ်ရပ် သီးခြားတည်ရှိနေတာမျိုးလည်း လုံးဝမရှိစေရဘူး။ ရှိနေရင်လည်း အဲဒါ အာဏာရှင်နိုင်ငံပဲ ဖြစ်တယ်။ ဒီမိုကရေစီနိုင်ငံ ဘယ်လိုမှ မဖြစ်နိုင်ဘူး။ ဒီမိုကရေစီနိုင်ငံ ဆိုတာ တိုင်းသူပြည်သားအားလုံး တန်းတူညီမျှရှိရတယ်။ စံစရာရှိ အတူစံပြီး ခံစရာရှိလည်း အတူခံရတယ်။ တောင်ယာလုပ်တဲ့ လယ်သမားတွေဆီက ဘိမ်း(ကွမ်းပုံ) ကလေးတစ်ငုံစာမိတာကို ထောင်ခုနှစ်နှစ် ပြစ်ဒဏ်ချ ပြီး သိန်း ၇၀၀၀ ဖိုး ဘိန်းတွေ၊ ဆေးပြားတွေနဲ့မိတဲ့ လော်ပန်ကြီးကတော့ အုတ်နံရံအမြင့်ကြီးနဲ့ ဘုံခုနှစ်ဆင့် နန်းတော်ကြီးထဲမှာ ဇိမ်ကျနေမြဲ ကျနေတာမျိုး လုံးဝမရှိရဘူး။ အဲဒီလို မညီမျှမှုတွေ ရှိနေသေးသရွေ့ ဒီမိုကရေစီ နိုင်ငံလို့ မခေါ်နိုင်ဘူး။ ဒီမိုကရေစီ စနစ်မှာ အခွင့်ထူးခံ လူတန်းစားလုံးဝမရှိရဘူး။ ဥပဒေဟာ နိုင်ငံသားအားလုံးကို ထိန်းချုပ်သလို နိုင်ငံသားအားလုံး စိတ်ချလက်ချ လုပ်ကိုင်စားသောက်နိုင်အောင် ကာကွယ် စောင့်ရှောက်မှုလည်း ပေးရမယ်။
အပ်နဲ့ထွင်းရမှာ ပုဆိန်နဲ့ပေါက်
ထိန်းချုပ်မှုနဲ့ ကာကွယ်စောင့်ရှောက်မှုမှာ ကာကွယ်စောင့်ရှောက်မှုဘက်က အလေးသာမှ အဲဒီနိုင်ငံဟာ နေပျော်တဲ့ နိုင်ငံတစ်ခု ဖြစ်မှာပါ။ ထိန်းချုပ်မှု လွန်ကဲရင် စိတ်ညစ်စရာ ကောင်းပါတယ်။ အာဏာရှင် စနစ်ကို လူတွေစက်ဆုပ်မုန်းတီးတာက အဲဒီအချက်အဓိကပဲ။ အာဏာရှင်စနစ်တိုင်းမှာက ဘယ်ကိစ္စမဆို သူတို့ဘ၀လုံ ခြုံရေး၊ သူတို့အာဏာတည်မြဲရေးကိုပဲ အမြဲဂရုစိုက်တွေးလေ့၊ ကြည့်လေ့ရှိတယ်။ မလိုအပ်ဘဲနဲ့ တင်းကြပ်လွန်း တဲ့ဥပဒေတွေ ချမှတ်ပြဋ္ဌာန်းရုံမက သဘာဝမကျစွာ ပြင်းပြင်းထန်ထန် အရေးယူတာမျိုးလည်း လုပ်လေ့ရှိတယ်။ အပ်နဲ့ထွင်းရမယ့် ကိစ္စကို ပုဆိန်နဲ့ ပေါက်တတ်သေးတယ်။
သဟဇာတ ဖြစ်မှု
ပုဆိန်နဲ့ ပေါက်တဲ့ အစိုးရဆိုတော့လည်း လူတွေက ရွံကြောက်ကြီး ဖြစ်နေတာပေါ့။ ဒါဆိုရင် ဘယ်ကောင်းတော့ မှာလဲ။ အစိုးရဆိုတာ တိုင်းသူပြည်သားများရဲ့ လစာရိက္ခာကိုစားတဲ့ ပြည်သူ့ဝန်ထမ်းလို့ခေါ်တဲ့ အဆိုနဲ့ ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေမှာ မဟုတ်လား။ အစိုးရနဲ့ ပြည်သူဆိုတာ တစ်သားတည်းကျနေရမှာမျိုး ဖြစ်တယ်။ အစိုးရက ပြည်သူကို ကာကွယ်စောင့်ရှောက်ရမယ်။ ပြည်သူက အစိုးရကို ပံ့ပိုးကူညီရမယ်။ အစိုးရနဲ့ ပြည်သူ သဟဇာတ ဖြစ်ရင် တိုင်းပြည်သာယာတယ်။ သဟဇာတမဖြစ်ရင် ပစ္စန္တရစ်အရပ်လို နေချင်စဖွယ် မရှိဘူး။  ပစ္စန္တရစ်အရပ်ဖြစ်ရတဲ့ကိစ္စမှာ အများအားဖြင့် အုပ်ချုပ်ရေးအာဏာကို ချုပ်ကိုင်ရယူထားတဲ့ အစိုးရများရဲ့ တာဝန်သာဖြစ်တယ်။
ဒေ၀ါလီခံရအောင် လုပ်လို့
အစိုးရက အုပ်ချုပ်ရေးညံ့ဖျင်းလို့၊ အာဏာကို အလွဲသုံးစားလုပ်လို့၊ ဥပဒေကို မျက်ကွယ်ပြုလို့ တိုင်းပြည်တွေ ဆင်းရဲတွင်း နက်သထက် နက်ကြရတာသာ ရှိတယ်။ ပြည်သူတွေက ပေးဆောင်ရမယ့် အခွန်တွေ မပေးကြ လို့ ဒေ၀ါလီခံရတဲ့ တိုင်းပြည်ဆိုတာ မရှိဘူး။ အုပ်ချုပ်ရေး အာဏာကိုင်စွဲထားတဲ့ အစိုးရက  အာဏာသုံးပြီး အခွန်အခတွေ မရ ရအောင် ကောက်ယူကြမြဲ ဖြစ်တယ်။ ပြည်သူတွေက အခွန်အခမပေးရင် တရားစွဲ ထောင်ချ လို့ရပေမဲ့ အစိုးရတာဝန်ကို ကျေပွန်အောင် မထမ်းဆောင်တဲ့ အစိုးရကို တာဝန်မကျေပွန်မှုနဲ့ တရားစွဲ ထောင်ချနိုင်တဲ့ ဥပဒေတော့ ကမ္ဘာပေါ်မှာ ဘယ်နိုင်ငံမှမရှိဘူး။ တိုင်းပြည်ကို ဒေ၀ါလီခံရအောင် လုပ်လို့ ထောင်ချခံရတဲ့ အစိုးရဆိုတာလည်း ကမ္ဘာပေါ်မှာ မရှိခဲ့ဘူး။
ခြိမ်းခြောက်ဖို့ မဟုတ်
စစ်မှန်တဲ့ ဒီမိုကရေစီနိုင်ငံမှာ တရားဥပဒေဆိုတာ အစိုးရက အသုံးချတဲ့ လက်နက်အဖြစ်သာ ရှိမနေစေရဘူး။ ပြည်သူလူထုက အစိုးရကို ပြန်လည်ထိန်းသိမ်းဖို့လည်း ဖြစ်စေရမယ်။ ပြည်သူက အခွန်အခမပေးရင် အရေးယူ သလို ပြည်သူပေးတဲ့ လစာရိက္ခာကို စားပြီး တာဝန်ကျေပွန်အောင် ထမ်းဆောင်ဖို့ ပျက်ကွက်တာကိုလည်း အရေးယူ အပစ်ပေးနိုင်ဖို့ လိုတယ်။ ဥပဒေမှန်သမျှရဲ့ အနှစ်သာရက တိုင်းသူပြည်သားများ အပူအပင်၊ အကြောင့်အကြ ကင်းကင်းနဲ့စိတ်အေးချမ်းသာစွာ လုပ်ကိုင်စားသောက် နေထိုင်နိုင်အောင် ကာကွယ်စောင့် ရှောက်မှုပေးဖို့ ဖြစ်တယ်။ ပြည်သူတွေကို ခြိမ်းခြောက်ဖို့ မဟုတ်ဘူး။ ဖိနှိပ်ဖို့ မဟုတ်ဘူး။
အခြေခံဥပဒေကို ဆန့်ကျင်
စောစောက အမေးရှိခဲ့တဲ့ မီဒီယာဥပဒေဆိုတာက ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေက အသိအမှတ်ပြု ပေးအပ်ထားပြီး ဖြစ်တဲ့ နိုင်ငံသူနိုင်ငံသားများရဲ့ လွတ်လပ်စွာ ယုံကြည်ကိုးကွယ်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်ပြောကြားခွင့်၊ လွတ်လပ်စွာရေးသားခွင့်ဆိုတဲ့ အခြေခံလူ့အခွင့် အရေးကို ဆန့်ကျင်လုပ်ဆောင်ရာ ဖြစ်တဲ့ အတွက် သတင်းမီဒီယာ သမားတစ်ယောက်အနေနဲ့ ကန့်ကွက်သလို နိုင်ငံသား တစ်ယောက်အနေနဲ့ လည်းကန့်ကွက်ပါတယ်။ လက်ရှိအခြေအနေမှာတောင် သတင်းမီဒီယာတွေကို ထိန်းချုပ်ထားတဲ့ ဥပဒေတွေက လိုတာထက်တောင် အများကြီး ပိုနေပါသေးတယ်။ အသရေဖျက်မှု ဥပဒေ၊ အစိုးရကို အကြည်ညိုပျက်စေမှု ဥပဒေ၊ ဆူပူအောင် လှုံဆော်ရေးသားမှု ဥပဒေ၊ အစိုးရလျှို့ဝှက်ချက် ပေါက်ကြးမှု ဥပဒေ၊ အီလက်ထရောနစ် အက်ဥပဒေ၊ ရုံးတော်ကို မထီမဲ့မြင်ပြုမှု ဥပဒေ စတဲ့ စတဲ့ ဥပဒေတွေအများကြီး ရှိပါတယ်။
ရုပ်သိမ်းပေးရမှာ
ပြန်ကြားရေး ၀န်ကြီးဌာနက ပြောသလို သတင်းမီဒီယာ ဖွံ့ဖြိုးတိုးတက်ရေး အတွက်၊ စတုတ္ထမဏ္ဍိုင် ကြံ့ခိုင်ရေး အတွက် လုပ်တာပါဆိုရင် နောက်ထပ်ဥပဒေပုဒ်မ အသစ်အသစ်တွေနဲ့ ထပ်ပြီး ထိန်းချုပ်ဖို့ လုပ်မယ့်အစား ရှိနေတဲ့ ကန့်သတ်ချုပ်ချယ်မှု သဘောဆောင်တဲ့ ဥပဒေပုဒ်မတွေကို ရုပ်သိမ်းပေးဖို့ လုပ်ဆောင်ရမှာ ဖြစ်ပါတယ်။ နှစ်ပေါင်း ငါးဆယ်ကျော် သတင်းသမားလုပ်လာခဲ့သူ တစ်ယောက်အနေနဲ့ သတင်းမီဒီယာကို ကန့်သတ်ထိန်းချုပ်ဖို့ လုပ်တဲ့ ဥပဒေမှန်သမျှကို လက်မခံနိုင်ပါဘူး။ သတင်းသမားအစစ် “ပရော်ဖက်ရှင်နယ်” မှန်သမျှလည်း လက်ခံကြမှာ မဟုတ်ပါဘူး။ ပရော်ဖက်ရှင်နယ် သတင်းသမား မဟုတ်တဲ့ ခေတ်ပျက် ဂျာနယ် လစ်တွေကသာ အခွင့်အရေးမျှော်ကိုးပြီး ထောက်ခံချင် ထောက်ခံကြပါလိမ့်မယ်။ ပရော်ဖက်ရှင်နယ် သတင်းသမားမှန်ရင် ကိုယ့်လည်ပင်းစွပ်မယ့် ကြိုးကွင်းကို ကိုယ်တိုင်ဝင်ကျစ်ပေးတာမျိုး ဘယ်နည်းနဲ့မှ မျက်နှာပြောင်တိုက်ပြီး လုပ်မှာ မဟုတ်တာ သေချာပါတယ်။  ။
ဒီလှိုင်း စာစဉ်ပါ
ဆရာကြီး
လူထုစိန်ဝင်း ၏ ဆောင်းပါး
Lu Bo 
Unknown at 11:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဆန္ဒမဲ အတင်းအကြပ်ပေးခိုင်ခြင်း



၂၀၁၂ ဧပြီလ ၁ ရက်နေ့မှာ  မြန်မာနိုင်ငံ တစ်နိုင်ငံတွင် ကျင်းပပြုလုပ်တော့မည့် ကြားဖြတ်ရွေးကောက်ပွဲသည် ဒီမိုကရေစီကို မျှော်လင့် တောင်းတလျက်ရှိသော မြန်မာပြည်သူ ပြည်သား အားလုံးအတွက်  ရင်ခုန်စရာ နေ့တစ်နေ့ ဖြစ်ပါတယ်။ 
ပြည်သူများ၊ ဝန်ထမ်းများအားလုံးက ဒီမိုကရေစီကို မျှော်လင့်တောင်းတနေကြသည် ဆိုသော်လည်း နိုင်ငံတော်ဝန်ထမ်းအကြီးအကဲတစ်ဦး၏ အာဏာရှင်ဆန်ဆန် လုပ်ရပ်တစ်ခုဟာ မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ် (University of Community Health) မှာ ဖြစ်ပေါ်နေပါတယ်။ 
မကွေးမြို့ အခြေခံကျန်းမာရေးတက္ကသိုလ်မှာ ပါမောက္ခချုပ်ရာထူးဖြင့် တာဝန်ထမ်းဆောင်လျက်ရှိသော ပါမောက္ခချုပ် ပါမောက္ခ ဒေါက်တာ စန်းစန်းမြင့်အောင်သည် သူမ၏ လက်မှတ်ဖြင့် သူမ၏ လက်အောက် ဝန်ထမ်းများကို ၂၀၁၂ ခုနှစ် မတ်လ ၁၂ ရက်နေ့က စာအမှတ် ၃၁၀/အခတ/မက/ထွေ/၂၀၁၂ ဖြင့် ဌာနတွင်းရုံးစာ တစ်စောင် ထုတ်ပြန်ကြေငြာခဲ့ပါတယ်။ (ပုံကိုကြည့်နိုင်ပါသည်)
စာပါအကြောင်းအရာမှာ တက္ကသိုလ်ရှိ ဝန်ထမ်းများအားလုံး ၂၀၁၂ ဧပြီလ ၁ ရက်နေ့တွင် ဌာနချုပ်မှ ထွက်ခွာခြင်း/ခွင့်ခံစားခြင်း မပြုလုပ်စေပဲ ဝန်ထမ်းများအားလုံးက တက္ကသိုလ် အနီးနားရှိ တပေါက်တောကျေးရွာတွင် ကြားဖြတ်ဆန္ဒမဲ ပေးကိုပေးရမည် ဆိုသည့် အာဏာရှင်ဆန်ဆန် အမိန့်စာ ပင်ဖြစ်ပါတယ်။  
ထိုအမိန့်စာ ထွက်ရှိလာသဖြင့် တက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ/ဆရာမများ၊ ရုံးဝန်ထမ်းများက ကျေနပ်မှု မရှိပဲ တစ်ယောက်တမျိုး ပြောဆိုသံများ ထွက်ပေါ်လာခဲ့ပါတယ်။
“ကျွန်မတို့က မကွေးမြို့ထဲမှာနေတာဆိုတော့ ကိုယ့်အိမ်ထောင်စု စာရင်းပေါက်တဲ့ မကွေးမြို့ပေါ်မှာရှိတဲ့ ဆန္ဒမဲရုံမှာပဲ မဲပေးချင်တာ။ အဲဒီနေ့ကလည်း တနင်္ဂနွေနေ့ဆိုတော့ ကျောင်းပိတ်တယ်လေ။ ကျောင်းကို ဘယ်သူက သွားချင်မလဲ။ ပါမောက္ခချုပ်ကတော့ ကားစီစဉ်ပေးတယ်ဆိုပေမဲ့လည်း ကျောင်းကို တကူးတကသွား။ ပြီးရင် တခါကျောင်းကပြန်။ ကျောင်းကလည်း မကွေးမြို့ပြင်မှာဆိုတော့ အသွားအပြန် အလကားအချိန်က (၂) နာရီ (၃)နာရီလောက်ကုန်သွားမှာပေါ့”  ဟု ဤတက္ကသိုလ်မှာ တာဝန်ထမ်းဆောင်လျက်ရှိတဲ့ မကွေးမြို့ခံ ရုံးဝန်ထမ်းတစ်ဦးက ပြောပြပါတယ်။ 
အခြေခံကျန်းမာရေးတက္ကသိုလ်ဟာ ၂၀၀၀ ခုနှစ်တွင် ရန်ကုန်မြို့အနီးရှိ အောင်ဆန်းမြို့မှ မကွေးမြို့သို့ ပြောင်းရွေ့ဖွင့်လှစ်လိုက်သည့် ကျန်းမာရေးဝန်းကြီးဌာနအောက်ရှိ ဆေးသိပ္ပံပညာဦးစီးဌာနမှ ဦးဆောင်လျက်ရှိသော ဆေးနှီးနွယ်တက္ကသိုလ်တစ်ခုဖြစ်ပါသည်။ 
၎င်းတက္ကသိုလ်သည် မြန်မာနိုင်ငံအတွက် အရေးကြီးသော  အခန်းကဏ္ဍမှ ပြည်သူ့ကျန်းမာရေးကို အဓိက တာဝန်ယူရသည့် ကျန်းမာရေးမှူးများ၊ ကျန်းမာရေးကြီးကြပ် (၁)  (၂)  ဝန်ထမ်းများကို နှစ်စဉ် ၉၀၀  ၁၀၀၀ ခန့် မွေးထုတ်ပေးလျက်ရှိသော တက္ကသိုလ် တစ်ခု ဖြစ်ပါသည်။ 
၎င်းတက္ကသိုလ်တွင် တာဝန်ထမ်းဆောင်လျက်ရှိသော ဝန်ထမ်းများသည်လည်း အများစုမှာ မကွေး နှင့်အနီးတဝိုက် မြို့များမှ ဖြစ်ကြသော်လည်း အနယ်နယ် အရပ်ရပ်မှ မိသားစုနှင့်တကွဲတပြား လာရောက် တာဝန်ထမ်းဆောင်နေသော ဝန်ထမ်းများစွာ ရှိကြပါတယ်။
“ကျွန်တော်က ရန်ကုန်ကနေပြီ လာရောက်တာဝန်ထမ်းဆောင်နေတဲ့ ဆရာတစ်ဦး ဖြစ်ပါတယ်။ မိသားစုနဲ့ ကွဲကွာပြီး တာဝန်ထမ်းဆောင်နေတာ  (၁)  နှစ်နီးပါး ရှိသွားပါပြီ။ တစ်လကို တစ်ခေါက် နှစ်ခေါက်လောက်တော့ အိမ်ကို ပြန်ဖြစ်ပါတယ်။ ကျွန်တော်က အိမ်ထောင်ဦးစီးဆိုတော့ မိသားစုတာဝန်ကို ကျွန်တော်ကပဲ ပြန်ပြန်ကြည့်ပေးနေရတယ်လေ။ မဲပေးရမဲ့ရက်က ဧပြီ (၁)  ရက်နေ့ဆိုတော့ ကျွန်တော်က ရန်ကုန်အိမ်ကနေ မဲပေးချင်တာ။ အိမ်ထောင်စု စာရင်းကလည်း ရန်ကုန်မှာပဲ ပေါက်တယ်လေ။ ကျွန်တော်တို့ သင်ကြားရေး တက္ကသိုလ်တွေက ဧပြီလဆို April Vacation ခံစားလို့ရတယ်လေ။ မဲပေးရက်နဲ့ April Vacation နဲ့ ဆက်လိုက်တော့ အိမ်လည်းစောစော ပြန်ဖြစ်တာပေါ့၊ အိမ်မှာလည်း ကြာကြာနေရတာပေါ့။ ဒါကို ကြိုသိနေတဲ့ ပါမောက္ခချုပ်က ဆရာတွေ အဲဒီလို အရမ်းအဆင်ပြေသွားမှာကို သိပ်မမြင်ချင်ဘူးလေ။ ဒီမှာပဲ မဲပေးရမယ်ဆိုပြီး ဒီလို အမိန့်စာတွေ ထွက်တာပေါ့။ ကိုယ်မဲပေးရမဲ့နေရာကိုတောင် ကိုယ့်ဖာသာကို လွတ်လပ်စွာ ရွေးချယ်ခွင့်မရှိပါဘူး။ အခု ဘယ်လို  ဖြစ်မလဲ မသိဘူး၊ ရန်ကုန်အိမ်မှာလည်း မဲစာရင်းက မဖျက်ရသေးဘူး၊ ဒီမှာကလည်း နံမည်စာရင်းပါနေတယ်လို့ ပြောတယ်၊ မဲလိမ်ချင်သူတွေအတွက် ဒါအကွက်ကောင်းပဲလေ။ ကျွန်တော်တို့ ပါမောက္ခချုပ်ကြီးက ဒီလို လူမျိုးတွေကို အားပေးအားမြှောက် လုပ်ပေးနေသလို ဖြစ်မနေဘူးလား” ဟု ခံစားချက်များကို ဖွင့်ဟသွားတဲ့ လက်ထောက်ကထိက ဆရာတစ်ဦးရဲ့ ပြောဆိုသံကို ကြားခဲ့ရပါတယ်။
မန္တလေးမြို့မှ လာရောက် တာဝန်ထမ်းဆောင်နေသော နည်းပြ ဆရာမ တစ်ဦး၏ ဒီလို ရင်တွင်းခံစားချက်သံကို ကြားရပါတယ်။ “ ကျွန်မ အစက မန္တလေးမှာ ပြန်ပြီး မဲပေးမလို့ပါ။ အရင်တခါ မဲပေးတဲ့နေရာမှာပဲ မဲပေးရမယ်လို့ ဆိုလို့။ ပါမောက္ခချုပ်က ဒီစာလည်းထွက်လာရော ကျွန်မ ဌာနမှူးက မကွေးမှာပဲ မဲပေးပါလို့ ပြောလာတယ်။ ဒါနဲ့ မန္တလေးမှာ ကျွန်မ နံမည်စာရင်းကို အဖေကို ဖျက်ခိုင်းပါတယ်။ ဖျက်ခိုင်းအပြီးမှာပဲ ကျောင်းက လက်ထောက်မော်ကွန်းထိန်းက အရင်တခေါက်မဲပေးခဲ့တဲ့ နံမည်စာရင်းပဲ ပါတယ်။ ဆရာမတို့က အရင်တခေါက်မဲပေးပြီးမှ ပြောင်းလာတော့ ဆရာမတို့နံမည်က မကွေးမှာ မပါဘူးလို့ ဆိုပြန်တယ်။ ဒါနဲ့ မန္တလေးက အဖေကို တခါပြန်ပြီး နံမည်ထည့်ခိုင်းရပြန်တယ်။ အခု မတ်လ နောက်ဆုံး အပတ်ကျတော့ ဆရာမနံမည်က တပေါက်တောမှာ ပါတယ်နော် ကျွန်တော်သွားကြည့်ခိုင်းပြီးပြီ၊ ဆရာမက ဒီမှာပဲ မဲပေးရာမှာ၊ ပါမောက္ခချုပ်ကြီးကလည်း ဒီမှာပဲ ပေးစေချင်တယ်လို့ တာဝန်ခံတွေက ပြောလာတယ်။ ဒါနဲ့ အဖေကို နံမည်စာရင်း ပြန်ဖျက်ခိုင်းတော့ အဖေက နင်တို့ကျောင်းက ရှုပ်ကိုရှုပ်တယ်လို့ ကျွန်မကို ဆူပြီး နံမည်စာရင်းကို မဖျက်ပေးတော့ဘူး။ အခုဆို ကျွန်မ နံမည်က နှစ်နေရာမှာ ရှိနေတယ်။ မဲကို နှစ်ခါထည့်လို့ အရေးယူမယ်ဆိုရင် ကျွန်မကတော့ ပါချုပ်ကြီးကိုပဲ လက်ညှိုးထိုးလိုက်တော့မယ်။ အခု ပြဿနာက အပြန်လက်မှတ်ပဲ။ ဧပြီလက သင်္ကြန်ကာလဆိုတော့ လက်မှတ်က တစ်ရက် နှစ်ရက် ကြိုဝယ်လို့ မရဘူးလေ။ မဲပေးပြီတာနဲ့ အိမ်ပြန်ချင်တာ၊ လက်မှတ်မရလို့ တစ်ရက်နှစ်ရက် နေပြီးမှ ပြန်ရတော့မှာ။ ကျောင်းမှာက အတန်းအားလုံးနီးပါးကို ဧပြီ ၁ ရက် မတိုင်မီ အားလုံး စာမေးပွဲတွေကို စစ်ပေးပြီး ပိတ်ပေးလိုက်ပြီ။ ဒါကြောင့် အလုပ်မရှိတော့ အိမ်ပြန်ချင်တာ ”
ဒီစကားသံတွေဟာ အခြေခံကျန်းမာရေးတက္ကသိုလ်ရှိ ဝန်ထမ်းများ၏ ကြားဖြတ်ရွေးကောက်ပွဲနှင့် ပက်သက်သော ရင်တွင်းခံစားချက် အသံများ ဖြစ်ပါတယ်။ ဒီအသံများအပြင် ပါမောက္ခချုပ် ဒေါက်တာ စန်းစန်းမြင့်အောင်အပေါ် မကျေနပ်ချက် ရင်တွင်းပေါက်ကွဲသံများကိုလည်း တဆက်တည်း ကြားခဲ့ရပါတယ်။
ယခု လက်ရှိ တာဝန်ထမ်းဆောင်နေသော ပါမောက္ခချုပ် ဒေါက်တာ စန်းစန်းမြင့်အောင်ဟာ ရန်ကုန်မြို့ရှိ ဆေးတက္ကသိုလ် (၂) ကာကွယ်ရေးနှင့်လူမှုရေးဆေးပညာဌာန မှ ပါမောက္ခ/ဌာနမှူး ရာထူးကနေ မကွေး အခြေခံကျန်းမာရေးတက္ကသိုလ်ကို ပါမောက္ခချုပ် ရာထူးတိုးဖြင့် ရောက်ရှိလာတာ (၄) (၅) နှစ်ခန့် ရှိသွားပြီ ဖြစ်ပါတယ်။ ယခင် အခြေခံကျန်းမာရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ်ဟောင်း ဒေါက်တာ ဦးအောင်ခင်ဟာ လာဘ်စားမှု၊ အလွဲသုံးစားမှုတို့ဖြင့် အတိုင်ခံရ၊ ပြုတ်သွားပြီးနောက်ပိုင်း သူမက ပါမောက္ခချုပ် တာဝန်ကို ထမ်းဆောင်လာသူ ဖြစ်ပါတယ်။ သူမကိုယ်တိုင်က ရန်ကုန်မြို့သူလည်းဖြစ်၊ သူမ အမေကလည်း ရန်ကုန်မြို့မှာ မောင်ဖြစ်သူနဲ့ ထားခဲ့ရတဲ့ အတွက် သူမက ရန်ကုန်ကို အမြန် ပြောင်းရွေ့နေချင်သူ ဖြစ်ပါတယ်။ မကွေး အခြေခံကျန်းမာရေးတက္ကသိုလ်ရဲ့ ပါမောက္ခချုပ် ရာထူးကို ပျော်လို့ ယူထားသူ မဟုတ်ကြောင်း သူမကိုယ်တိုင် ခဏ ခဏ ပြောဘူးတယ်လို့ ဆိုပါတယ်။ 
ရန်ကုန်မြို့ရှိ ပြည်သူ့ကျန်းမာရေးတက္ကသိုလ်သို့ ပါမောက္ခချုပ်ရာထူးဖြင့် ပြောင်းရွေ့ပေးရန် ဆေးသိပ္ပံပညာဦးစီးဌာနမှ စီစဉ်ပေးခဲ့ဘူးသော်လည်း သူမအတွက် လျာထားသော နေရာကို မိုးကျရွှေကို ဖြစ်သူ “ဒေါက်တာ နေစိုးမောင်” (ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သားမက်ဟောင်း၊ မောင်ဖိုးလပြည့်၏ ဖခင်) ကို ရာထူးအဆင့်ပေါင်း (၃) (၄) ဆင့် တခါတည်း ခုန်ပေးလိုက်တဲ့အတွက်ကြောင့် သူမအတွက် ရန်ကုန်ပြောင်းရွေ့ရဖို့ မျှော်လင့်ချက် အိမ်မက်ကြီး ပျောက်သွားပြီးနောက် ယခုလို အပြုအမူများကို တမင်သက်သက် ပြုလုပ်လာကြောင်း သိရှိရပါတယ်။ သူမတောင် အဆင်မပြေပဲ နေနိုင်သေးတာပဲ တခြားသူတွေလည်း သူမကို အဖော်လုပ်နေစေချင်ကြောင်း၊ သူမအား လိုလေသေးမရှိ သူမ ခိုင်းသလို သူမနဲ့အတူ နေပေး၊ လုပ်ပေးနိုင်သော ဆရာအချို့ကိုသာ အရမ်းဦးစားပေးပြီး တခြားသူတို့ကိုတော့ စည်းကမ်းကို အရမ်းတင်းကြပ် ကပ်သပ်၍ အပြစ်ပေးတတ်ကြောင်း ခံစားဘူးသူ ဆရာ/ဆရာမများနှင့် ဝန်ထမ်းများက ဖွင့်ဟပြောဆိုသံကိုလည်း ကြားခဲ့ရပါတယ်။ 
ဒီလို မျက်နှာလိုက် တစ်ဘက်စောင်း စီမံအုပ်ချုပ်မှု ပုံစံနဲ့ အုပ်ချုပ်နေခဲ့တာကို သည်းမခံနိုင်တော့သည့် ဝန်ထမ်းများက ဆေးသိပ္ပံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်မြင့်ထံ တိုင်စာများ တိုင်ကြားခဲ့သော်လည်း သူမအား မည်သည့် အရေးယူမှုများ ပြုလုပ်ခဲ့ခြင်း မရှိပဲ နှုတ်ဖြင့် သတိပေးအဆင့်ထိသာ ရှိခဲ့သည်ဟု ဆိုပါတယ်။ ကျွန်တော်တို့လို နည်းပြရာထူးကို လုပ်ကိုင်ပေးနိုင်သူတွေက များနေပြီး ပါမောက္ခချုပ်လို ရာထူးမျိုးကို လုပ်ကိုင်လိုသူ ရှားပါးလာသည့် ဒီခေတ်ကြီထဲမှာ သူမအား အရေးယူရမည်ကိုလည်း ဆေးသိပ္ပံပညာဦးစီးဌာန ညွန်ကြားရေးမှူးချုပ် ဒေါက်တာ သန်းဇော်မြင့်က မဝံ့မရဲ ရှိပုံပေါ်ပါတယ်လို့လည်း ကောက်ချက်ချကြပါတယ်။
ပါမောက္ခချုပ် ဒေါက်တာ စန်းစန်းမြင့်အောင်ဟာ ဝန်ထမ်းများကို အုပ်ချုပ်မှု အားနည်းရုံတင်မကပဲ သင်ကြားရေး လုပ်ငန်းတာဝန်များမှာလည်း အားနည်းကြောင်း လက်ထောက်ကထိက ဆရာမ တစ်ဦးကလည်း ထောက်ပြပြောဆိုသံကို ကြားခဲ့ရပါတယ်။ သင်ကြားရေး စာသင်ခန်းများကိုလည်း သူမကိုယ်တိုင် ကွင်းဆင်းကြည့်ရှုခြင်းများ မရှိကြောင်း၊ မကွေးမြို့သည် အလွန်ပူပြင်းသောကြောင့် စာသင်ခန်းများတွင် ပန်ကာများ ပျက်စီးနေသည်ကို ပြုပြင်ပေးရန် ခဏခဏ တောင်းဆိုသော်လည်း ပြုပြင်ပေးခြင်း မရှိကြောင်း၊ သူမကိုယ်တိုင်ကျတော့ air condition နှစ်လုံးတပ်ဆင်ထားသော အခန်းကနေ ထွက်တာတောင် မတွေ့ရကြောင်း၊ သင်ကြားရေး ဆရာ ဆရာမများသည် မြေဖြူ နှင့်green board (Blackboard) ကိုသာ အသုံးပြုနေရသေးကြောင်း၊ Lecture ကို အဆင့်မြင့်မြင့် သင်ကြားပေးလိုသော ဆရာ ဆရာမများက LCD Projector များ တခန်းတစ်လုံး တပ်ဆင်ပေးရန် တောင်းဆိုသော်လည်း တစ်ကျောင်းလုံးသုံးရန် LCD Projector တစ်လုံးသာ ထုတ်ပေးထားကြောင်း၊ Lecture powerpoint များကို ပြင်ဆင်နိုင်ရန် ကွန်ပြူတာများတောင်းဆိုလျှင်လည်း မရပဲ Store ထဲတွင် ကွန်ပြူတာများ မော်ဒယ်အောက်မှိုတက်သည့်အထိ သိမ်းဆည်းထားကြောင်း၊ ကျောင်းသားများကို စာသင်ကြားရာတွင် သင်ကြားရေးအထောက်အကူပြု PA System များလည်း အခန်းတိုင်းမှာ ပျက်စီးနေသည်ကို ပြုပြင်ပေးခြင်း မရှိသည့်အတွက် ဆရာ/ဆရာမများမှာ နွေခေါင်ခေါင်တွင် ချွေးတရွှဲရွှဲဖြင့် ရှာထွက်အောင် အော်သင်နေရကြောင်း သိရှိခဲ့ပါသည်။
နောက်ဆုံးနှစ် ကျောင်းသား/ကျောင်းသူများကို ကွန်ပြူတာဖြင့် သင်ကြားရသည့် ဘာသာတွင်လည်း ကွန်ပြူတာခန်းတွင် ကျောင်းသား/သူ (၄ - ၅) ဦးကို ကွန်ပြူတာ တစ်လုံးနှုန်းဖြင့် သင်ကြားနေရကြောင်း၊ ကွန်ပြူတာ မလုံလောက်သည်ကို သိရှိသော်လည်း ကွန်ပြူတာ အသစ်များ ထုတ်ပေးခြင်း မရှိသည့်အပြင် အဟောင်းများကို ပြင်ဆင် မွမ်းမံခြင်း မရှိကြောင်း၊ ကွန်ပြူတာခန်းတွင် တပ်ဆင်ထားသော air condition များပျက်နေသည်ကိုလည်း ပြင်ဆင်ပေးခြင်း မရှိကြောင်း။ ယခင် ပါမောက္ခချုပ်ဟောင်း ဒေါက်တာဦးစိုးနောင် လက်ထက်က ၄င်းအခြေခံကျန်းမာရေးတက္ကသိုလ်တွင် ပညာနို့ရည်သောက်စို့ခဲ့ပြီး ယခုအခါ ယင်းကျောင်းတွင် နည်းပြဆရာ အဖြစ် တာဝန်ထမ်းဆောင်လျက်ရှိသော ဆရာ/ဆရာမ များက သူတို့လက်ထက် ပညာသင်ကြားခဲ့ရသည့် အခြေအနေများဖြင့် နှိုင်းယှဉ်ပြောဆိုသံကိုလည်း ကြားခဲ့ရပါတယ်။ “ကျွန်တော်/ကျွန်မ တို့ ကျောင်းတက်တုန်းက ကွန်ပြူတာအချိန်ဆိုရင် နွေခေါင်ခေါင်ကြီးပဲ ဖြစ်နေပစေ လက်ရှည် အနွေးထည်ပါး တစ်ထည် ဆောင်ထားရတယ်။ နို့မို့ရင် ကွန်ပြူတာ အချိန်ပြီးရင် အအေးမိတော့တာပဲ”
ဒီစကားသံများကို နားထောင်ကြည့်ခြင်အားဖြင့် ပါမောက္ခချုပ်နှင့် ဝန်ထမ်းများကြားတွင်  ပြဿနာပေါင်း မြောက်များစွာ ရှိနေကြောင်း မှန်းဆသိရှိနိုင်ပါတယ်။ ဒီလို နိုင်ငံတော်အတွက် အလွန်တရာ အရေးပါ အရာရောက်သော အခြေခံပြည်သူ့ကျန်းမာရေးဝန်ထမ်းများကို မွေးဖွားရာ ကျောင်းတော်ကြီးဟာ ပြဿနာပေါင်းစုံ ရှိနေပါက မွေးထွက်လာသော ကျန်းမာရေးမှူးတို့၏ အရည်အသွေးဟာလည်း သံသယဖြစ်ဘွယ်အခြေအနေမှာ ရှိနေမှာပါ။
မြန်မာနိုင်ငံ ဒီမိုကရေစီ ရရှိရေး ကြိုးပမ်းဆောင်ရွက်မှုတွင် မဲလိမ်လည်မှုများဖြင့် ကြံ့ဖွတ်ပါတီ မဲရရှိရေးကို နည်းအမျိုးမျိုးသုံးနေသည့်အချိန်တွင် မကွေး အခြေခံကျန်းမာရေးတက္ကသိုလ် ပါမောက္ခချုပ်၏ လုပ်ဆောင်မှုသည် မဲလိမ်လည်သူများအား တစ်ဘက်တလမ်းက ကူညီပံ့ပိုးပေးနေသလို ဖြစ်နေသည်ကို အများပြည်သူသိရှိစေရန် အလို့ငှာ ဤစာဖြင့် ရေးသားဖော်ပြလိုက်ရပါတယ်။
မကွေးမြို့ ခံတဦးရေးသားပေးပို့ ထားတာဖြစ်ပါတယ်။
Myanmar News Now
Unknown at 10:53 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လွှတ်တော်ကိုယ်စားလှယ်လောင်းများ ရွေးကောက်ပွဲကုန်ကျစရိတ်စာရင်း စနစ်တကျ ပြုစုတင်ပြကြရန် အသိပေးနှိုးဆော်




၂၀၁၂ ခုနှစ် ဧပြီလ ၁ ရက်နေ့တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ နည်းဥပဒေ အခန်း (၁၃)ပါ ပြဋ္ဌာန်းချက်များနှင့်အညီ ရွေးကောက်ပွဲ ကုန်ကျစရိတ်များကို ကျခံသုံးစွဲကြမည်ဖြစ်ရာ အဆိုပါ ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းများကို ဥပဒေနှင့်အညီ စနစ်တကျ စာရင်းပြုစု၍ သက်ဆိုင်ရာ တိုင်းဒေသကြီး/ ပြည်နယ် ကော်မရှင်အဖွဲ့ခွဲက မဲဆန္ဒအလိုက် ရွေးကောက်တင်မြှောက်ခံရသည့် လွှတ်တော်ကိုယ်စားလှယ်၏ အမည်ကို ကြေညာသည့်နေ့မှစ၍ ရက်ပေါင်း ၆၀ အတွင်း နေပြည်တော်/ သက်ဆိုင်ရာ ခရိုင်ကော်မရှင်အဖွဲ့ခွဲသို့ ကော်မရှင်ညွှန်ကြားချက် (၃/၂၀၁၀) ၏ ပူးတွဲ(က)ပါ သတ်မှတ်ပုံစံအတိုင်း ပေးပို့တင်ပြရမည်ဖြစ်ပါသည်။ နိုင်ငံရေးပါတီ ကိုယ်စားပြု လွှတ်တော်ကိုယ်စားလှယ်လောင်းများနှင့် တစ်သီးပုဂ္ဂလ လွှတ်တော် ကိုယ်စားလှယ်လောင်းများသည် ကြားဖြတ်ရွေးကောက်ပွဲတွင် ရွေးကောက်တင်မြှောက် ခံရသည်ဖြစ်စေ၊ အရွေးမခံရသည်ဖြစ်စေ ရွေးကောက်ပွဲ ကုန်ကျစရိတ် စာရင်းတင်ပြရန် တာဝန်ရှိပြီး ဥပဒေနှင့်အညီ သတ်မှတ်ရက်အတွင်း စနစ်တကျ တင်ပြခြင်းမရှိပါက လွှတ်တော် ကိုယ်စားလှယ်လောင်းများနှင့် ယင်း၏ ရွေးကောက်ပွဲ ကိုယ်စားလှယ်တို့သည် သက်ဆိုင်ရာ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၈၈(ဂ) အရ အရည်အချင်း ပျက်ယွင်းသူအဖြစ် ဆုံးဖြတ်ကြေညာခြင်း ခံရနိုင်ကြောင်း အသိပေးနှိုးဆော်လိုက်ပါသည်။ ပြည်ထောင်စုရွေးကောက်ပွဲ ကော်မရှင်၏ ၁၆.၉.၂၀၁၀ ရက်စွဲပါ ညွှန်ကြားချက် (၃/၂၀၁၀)နှင့် ပူးတွဲ(က) သတ်မှတ်ပုံစံများအား ၁၈.၉.၂၀၁၀ ရက်နေ့ထုတ် သတင်းစာများတွင် ထုတ်ပြန်ကြေညာပေးထားပြီးဖြစ်ကြောင်းသိရှိရသည်။
Unknown at 10:52 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

တိုင်းရင်းဆေးဦးစီးဋ္ဌာနတွင် ခွေးသူရမ်းကြီး လွတ်နေခြင်း




ကျွန်တော်တို့နေပြည်တော် တိုင်းရင်းဆေးဦးစီးဋ္ဌာနတွင် ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မြင့် အမည်ရ ခွေးသူရမ်းကြီးလွတ်နေပါသည်။

(၁)ဦးစီးဋ္ဌာနပိုင်မြေကို အထက်ခွင့်ပြုချက်မရဘဲ လက်သိပ်ထိုးရောင်းစားထားခြင်း ။
(၂) တိုင်းရင်းဆေး မှတ်ပုံတင် နှင့်လိုင်စင်လျှောက်ထားရာတွင် အခွန်အခ၊ဒဏ်ကြေးများ တရားဝင်မဟုတ်ဘဲ သူ့အတွက်သိန်း ရာပိုင်း၊ ထောင်ပိုင်း ရအောင် အာဏာအလွှဲသုံးစားပြု ပြောင်ပြောင်တင်းတင်းကောက်ခံနေခြင်း ။
(၃) ရုံးအလုပ်တွင် စိတ်မ၀င်စားဘဲ ရသမျှ ဂွင်ဖန်နေခြင်း ။ ရုံးသုံးစရိတ်များ အထက်မှကျလာလျှင် အရာရှိများထံမှ တစ်ဦးလျှင်သိန်းဂဏန်းဖြတ်ခုတ်ခြင်း။
(၄)၀န်ထမ်းအချင်းချင်းကြားသပ်ရှိုသွေးခွဲအုပ်ချုပ်ခြင်းကြောင့်ရုံးတွင်းစည်းလုံးရေး အင်အားပျက်စီး စေခြင်း။
(၅) သူ့ဂွင်ဖန်လုပ်ငန်းများ ကို ပူးပေါင်းမလုပ်ပါက ထိုသူများကို ပညာပြခြင်း၊ နှိပ်ကွပ်ခြင်း၊ နယ်ပြောင်းခြင်း စသည်ဖြင့် ရမ်းကားချင်တိုင်းရမ်းကား အကျင့်ပျက်နေပါသည်။

ထို့ကြောင့် နိုင်ငံတော် သမတ နှင့် ကျန်းမာရေး ပြည်ထောင်စုဝန်ကြီးများ ထံ အကြိမ်ကြိမ်တင်ပြ တိုင် ကြားခဲ့ပါသည်။သို့ပါသော်လည်း အဘယ်ကြောင့် မသိပါ။ အရေးယူ စစ်ဆေးခြင်း မရှိသေးပါ။ ထိုတိုင်စာများနှင့် ပက်သက်ပြီး ညွှန်ချုပ် ဒေါက်တာအောင်မြင့်က
"ကျန်းမာရေးဝန်ကြီးဋ္ဌာန ၀န်ကြီးက ငါ့သူငယ်ချင်း၊ သမတရုံးဝန်ကြီးက ငါနဲ့ တစ်မြို့တည်းသား ၊ မင်းတို့ဘာလုပ်ချင်လဲ၊ မင်းတို့တိုင်စာတွေ ဘာတတ်နိုင်လဲ၊ မင်းတို့ကို ကြမ်းကြမ်းကိုင်မယ်။ ဖြုတ်ပစ်မယ်။နယ်ရွေ့ပစ်မယ်" လို့ကြိမ်းဝါးပြီး ရုံးချုပ်မှာ ထင်တိုင်းကြဲနေပါသည်။

မကြာခင်ကလည်း ရုံးချုပ်မှာ ကွန်ပြူတာများ ပျောက်ပါသည်။သူနှင့်မတည့်သူများကို အမည်နာမ များဖြင့် စွပ်စွဲပြီး ရဲလက်အပ်ပါသည်။ "ဆေးဆရာလို့လည်း မမြင်နဲ့၊ အရာရှိလို့လည်း မမြင်နဲ့၊ သူခိုးကို သူခိုးလို့မြင်ပြီး ရိုက်စစ်ပါ။ရိုက်စစ်ခွင့်ပေးတယ်" ဆိုပြီး အနိုင်ကျင့် နှိပ်ကွပ်ပါသည်။ အမှုစစ်ပြီးသွားသောအခါ ရုံးစောင့် နှင့် ပြင်ပလူ များကိုမိပါသည်။ မတရား စွပ်စွဲခံရသူ အရာရှိနှင့်ဝန်ထမ်းများ နစ်နာလှပါသည်။

ညွှန်ချုပ် ဒေါက်တာအောင်မြင့်၏ နိုင်ငံတော် ၊ ပြည်သူလူထု နှင့် မိမိဝန်ထမ်းများအပေါ် အကျင့်ပျက် ကိုယ်ကျိုးရှာ အဂတိလိုက်စား အာဏာအလွဲသုံးစားပြုနေပုံ အချို့ကို ဖေါ်ပြပါမည်။

(၁) ရန်ကုန်တိုင်း၊ တောင်ဒဂုံမြို့သစ်၊ မြေတိုင်းရပ်ကွက်အမှတ်၆၄ ရုံးအကွက် ၊မြေကွက်အမှတ် ၁၁၂(က) ဖြင့် ပေ ၆၀၊ပေ ၂၀၀ အကျယ်အ၀န်းရှိ တိုင်းရင်းဆေးဦးစီးဋ္ဌာန နှင့် တိုင်းရင်းဆေးဆရာအသင်းပူးတွဲ အမည်ပေါက် မြေတစ်ကွက်ရှိပါသည်။ စီးပွားရေးကွက်ကွင်းနေရာ အလွန်ကောင်းပြီး ကျပ် သိန်း ၃၀၀၀၊ ၄၀၀၀ တန်ဘိုးရှိပါသည်။ ထိုမြေကွက်ကို ဦးခင်တိုး ၊ မှတ်ပုံတင်အမှတ် ၁၂/ဒကန(နိုင်) ၀၂၂၆၃၈ ၊ လိပ်စာ ၊ အမှတ် ၉၇ ၊ လှည်းတန်းလမ်း ၊ ကမာရွတ် အား ကျပ်သိန်း တစ်ထောင် တည်းဖြင့် လက်သိပ်ထိုးရောင်းချခဲ့ပါသည်။ မည်သည့်အထက်အမိန့်မျှ မယူဘဲ ဦးစီးဋ္ဌာန၊ ညွှန်ချုပ်ရုံးခန်းတွင် စရံပေး အရောင်းအ၀ယ်စာချုပ်ကို ညွှန်ချုပ် ဒေါက်တာအောင်မြင့်ကိုယ်တိုင် လက်မှတ်ထိုးရောင်းချခဲ့ပါသည်။ ကျပ်သိန်းငါးရာ လာဘ်ယူ ခဲ့သည်ဟု သိရသည်။ ထိုသို့လက်မှတ်ရေးထိုးပွဲတွင် ဆေးဆရာအသင်းမှ ဦးမောင်ဥာဏ် နှင့် ဦးဖြေ(ပဲခူး) တို့ရှိကြသည်။

(၂) တိုင်းရင်းဆေး မှတ်ပုံတင်/လိုင်စင် လျှောက်ထားရာတွင်လည်း နည်းမျိုးစုံဖြင့် ကိုယ်ကျိုးရှာ ခြစားနေသည်။ စွပ်စွဲချက်အမျိုးမျိုးဖြင့် ဒဏ်ကြေးရိုက်သည်။ စာလုံးပေါင်း တစ်လုံးမှားလျှင် တစ်သောင်းကျပ်၊ မှတ်ပုံတင်/လိုင်စင် နောက်ကျထုတ်လျှင် နောက်ကျကြေး တစ်လလျှင် နှစ်သောင်းကျပ်၊
ဓာတ်ခွဲကြေး ဆေးတစ်မျိုးလျှင် နှစ်သောင်းကျပ်၊ လိုင်စင်ရက်စွဲညှိရန် တစ်လလျှင် နှစ်သောင်းကျပ် စသည်ဖြင့်အမျိုးမျိုး ငွေကောက်ခံရာ လုပ်ငန်းရှင် တစ်ဦးတစ်ဦးလျှင် ကျပ် လေး ငါးသောင်း မှ
ရှစ်သိန်း၊ကိုးသိန်း အထိ ငွေပေးသွင်းနေရပါသည်။ ဒဏ်မရိုက်ခံရသောသူ မရှိပါ။
ငွေလက်ခံပြီး အပြည့်အစုံ ဘောက်ချာမဖြတ်ပါ။ လေးထောင်၊ ငါးထောင်ဘိုးထိသာ ဘောက်ချာ ဖြတ်ပါသည်။ ဘောက်ချာမဖြတ်သော ပိုငွေများကို ဆေးဝါးဋ္ဌာန ဒုညွှန်မှုး ဦးထွန်းမြင့်က အပတ်စဉ် ညွှန်ချုပ်ထံ ပို့ရပါသည်။ ရက်တစ်ပတ်တစ်ပတ်လျှင် ကျပ်ငွေ သိန်း သုံး၊ လေး ၊ ငါးဆယ် ပို့ရသည်။ထိုရငွေများ ကို တရားဝင် အစိုးရငွေစာရင်း၊ ဘဏ်စာရင်းများတွင် မသွင်းပါ။ ဋ္ဌာနအီးစီမှာလည်း အသိပေးဖေါ်ပြခြင်း မရှိပါ။ သူ၏ကိုယ်ကျိုးအတွက် ရယူပါသည်။တစ်လ တစ်လလျှင် ကျပ်သိန်းရာပိုင်း ရရှိနေသည်။ နိုင်ငံတော်နှင့်ပြည်သူလူထု အပေါ် ထိုသို့အကျင့်ပျက် ခြစားနေသည်မှာ နှစ်ချီနေပြီ ဖြစ်ပါသည်။ ငွေလက်ခံပေးရသော ၀န်ထမ်းငယ်များလည်း တာဝန်ကို မငြင်းဝန့်ပါ။ အလုပ်ပြုတ်မှာကို အမြဲတန်း စိုးရိမ်ပူပန်နေရပါသည်။

(၃) ဋ္ဌာနတွင်း အသုံးစရိတ်ရံပုံငွေ များကိုလည်း ရသမျှ ဂွင်ရိုက်နေသည်။
ဥပမာ… မော်တော်ယာဉ်ပြုပြင်စားရိတ် ထုတ်မပေးပါ။လစာနည်းအောက်ခြေ မော်တော်ယာဉ်ဝန်ထမ်းများ စိုက်ထုတ်ထားငွေပြန်မရပါ။ရုံးဝန်ထမ်းများလည်း ကားပျက်များဖြင့် နေ့စဉ် တထိတ်ထိတ် ရုံးဆင်း ရုံးတက်ပြုနေရသည်။
ညွှန်မှုး ဒေါက်တာစိန်ဝင်း အယ်ပီအာ ခံစားစဉ် ရရှိသော ကြိုတင်စိုက်ထုတ်ထားငွေ ကျပ် ရှစ်သိန်း ကို မပေးဘဲ ခိုးယူထားသည်။ ရုံးအရာရှိများအတွက် ခွင့်ပြု ရငွေမှလည်း တစ်ဦးလျှင် နှစ်သိန်းကျပ် ဖြတ်ခုတ်၏။

(၄) နေပြည်တော်၊ ပရဆေးဥယျာဉ်တွင် အငှားချထားသော စားသောက်ဆိုင်များ ရှိသည်။ဆိုင်ခန်း တစ်ဆိုင်လျှင် အခန်းငှားခ တစ်လ ကျပ် တစ်သိန်းငါးသောင်း ရရှိသည်။ သို့သော် နိုင်ငံတော်သို့ ကျပ် ခြောက်သောင်း သာပေးသွင်းသည်။ ကျန်ရှိသော ကျပ် ကိုးသောင်းကို ဒေါက်တာအောင်မြင့်က ရယူသည်။
ဆိုင်ခန်းအငှားစာချုပ် နှင့် ငွေလက်ခံဘောက်ချာ နှစ်မျိုးထားရှိပါသည်။ထိုသို့လုပ်နေသည်မှာ (နှစ်) နှစ်ခန့်ရှိ ပြီဖြစ်ပါသည်။

(၅) ညွှန်ချုပ် ဒေါက်တာအောင်မြင့်၏ ကိုယ်ကျိုးရှာလုပ်ငန်းများတွင် မပူးပေါင်းသော ၀န်ထမ်းများကို အမျိုးမျိုးနှိပ်ကွပ်ပါသည်။နေရာပြောင်းပစ်သည်။နယ်ရွေ့ပစ်သည်။ထိုအရာတို့သည် ၀န်ထမ်းကောင်းများ နေ့စဉ်ခံစားနေရသော ပြသနာကြီးဖြစ်ပါသည်။ပေါ်ပေါ်ထင်ထင်လည်း မတိုင်ရဲပါ။ကြီးစွာသော စိတ်ဆင်းရဲမှုများ ဖြစ်ပါသည်။
ထို့ကြောင့် အထက်သို့လိမ်ညာပြီး အကျင့်ပျက် ခြစား အာဏာအလွှဲသုံးစားပြုနေသှူ၊ ကိုယ်ကျိုးအတွက် လက်အောက်ဝန်ထမ်းများအား ဖျက်ဆီးအနိုင်ကျင့်နေသူ ညွှန်ကြားရေးမှူးချုပ် ဒေါက်တာအောင်မြင့် ရန်မှ ကယ်တင်ပေးကြပါရန် အထက်သို့ တိုင်ကြား တင်ပြပါသည်။

ဘအေး
တိုင်းရင်းဆေး (နေပြည်တော်)
သစ်ထူးလွင်
Unknown at 10:00 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ထီပေါက်လျှင် ဒေါ်လာ သန်း ၆၄၀ ရမည်

NG on March 31, 2012 120330092812-mega-millions-lottery-01-horizontal-gallery
 
1
 
0
 
မဲပေးပါ
အမေရိကန် ပြည်ထောင်စု တွင် ဖွင့် လှစ်သည့်  Jackpot ဂဏန်း တိုက် အမျိုးအစား ထီဆု
ကြေး စနစ် သည် ပြီး ခဲ့ သည့် ဖွင့်လှစ်မှု ၁၈ ကြိမ် အတွင်း ဉ် ဂဏန်း ငါး လုံး အထိ တူသူ တစ်
ဦးမှ မရှိ ခဲ့ သောကြောင့် ဆုကြေးငွေ ဒေါ်လာ သန်း ၆၄၀ အထိ မြင့် တက်ရ သည် ဟု Jack
Pot ကုမ္ပဏီ မှ တာဝန် ရှိ သူ တစ်ဦး က ပြောသည်။
Mega Millions group ထီကုမ္ပဏီ ၏ ဒါရိုက်တာ ဖြစ်သူ ဂယ်ရီ ဂရိဖ် က တစ်ဒေါ်လာ ကျပ်
ငွေ နဲ့  ဘီလျှံ  ထက်ဝက် ကျော် ချမ်းသာ မယ့် အိပ်မက် ကို မက် နိုင် တယ် ဟု CNN ကိုပြော
သည်။
အကယ်၍ ယနေ့  အမေရိကန် အရှေ့ ဘက် ကမ်းရိုးတန်း သောကြာ နေ့  ည ၁၂ နာရီ အချိန်
တွင် ဖွင့် လှစ် မည့် ထီနံပါတ် တွင် နံပါတ် ငါး လုံး တူ ဂဏန်း ပိုင်ရှင် မရှိ ပါက ဆုကြေးငွေ သည်
ဒေါ်လာ သန်း ၉၀၀ ကျော် အထိ ဖြစ်သွားမည် ဟု CBS သတင်း တွင် ဖော်ပြထားသည်။
ယနေ့ ည ဖွင့်လှစ် မည့် ဆု ငွေ ကို ဆွတ် ခူး နိုင်ခဲ့ သူ ဖြစ်ပါက ဒေါ်လာ သန်း ၆၄၀ ကို တစ်နှစ်
လျှင် ၂၄ သန်း ဖြင့် ၂၆ နှစ် အရစ် ကျ ပေးချေ သွား မည် ဖြစ်ပြီး ငွေသား ချက်ခြင်း  လိုချင်သည့်
ကံထူးရှင် ဖြစ်ပါက ၄၆၂ မီလျှံ ရရှိ မည် ဖြစ်သည်။
၂၀၀၇ ခုနှစ် က Jackpot ထီ ဖွင့် ပွဲ တွင် ဒေါ်လာ သန်း ၃၉၀ အထိ ဆုကြေး ငွေ မြင့် တက်ပြီး
နောက် ယခု တစ်ကြိမ် သည် သမိုင်း ၀င် ဆုကြေး အများ ဆုံး ဖြစ်သည်။
ထီလက်မှတ် များ ကို အရှေ့ ဘက်ကမ်းရိုးတန်း စံတော်ချိန် ည ၁၁ နာရီ ၄၅ မိနစ် အထိ ရောင်းချ
မည် ဖြစ်သည်။
ကံထူးရှင် တစ်ဦးထက် ပိုပါက ထီလက်မှတ် ဆုငွေ ကို အချိုး ကျ ခွဲဝေ ယူရမည် ဖြစ်သည်။


Related articles
  • Web Poll: Mega Millions Jackpot Now Estimated at $500 Million (whnt.com)
  • BREAKING: Mega Millions Jackpot Hits $640 MILLION (VIDEO) (blippitt.com)
  • You’re not going to win Mega Millions jackpot (news.blogs.cnn.com)
Unknown at 9:58 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Eleven Media Group သို့ ပြည်သူတစ်ဦးမှ အိတ်ဖွင့်ပေးစာ

EMG ဆိုတဲ့ Eleven Media Group က အငယ်ထွေးဆိုတဲ့ ဆောင်ပါးရှင်က ဘာသဘော
နဲ့ရိုဟင်ဂျာလို့ သုံးပြီးရေးထားသလဲတော့ မသိနိုင်ပါဘူး။သူရဲ့တထွာတမိုက်ဦးနှောက်က
တရုတ်ရဲမကောင်းတာကို ဦးစားပေးရေးချင်နေတာ ပေါ်လွင်ပေမယ့် "ရိုဟင်ဂျာ မောင်းတော
မှတ်ပုံတင် ကိုင်ထားတာ...." ဆိုတာကတော့ မေးစရာရှိပါတယ်။ဒီစကားရဲ့ဆိုလိုရင်းက ရိုဟင်ဂျာ
သည်မှတ်ပုံတင်ရှိသည်၊ရိုဟင်ဂျာသည် နိုင်ငံသားဖြစ်နေပြီ ဆိုတဲ့ ဆိုလိုချက်ကို သွားသက်ရောက်စေပါတယ်။
ဒေါက်တာသန်းထွဋ်အောင်ဆိုတဲ့ Eleven က Chairman & CEO ကိုမေးစရာရှိပါတယ်။ခင်ဗျားရဲ့ပေါ့လျော့မူတစ်ခုက
အမျိုးဘာသာ သာသနာကို ဘယ်လောက်ထိခိုက်သွားစေနိုင်မလဲဆိုတာ နားလည်ပါရဲ့လား?

မသိနားမလည်ေ၀၀ါးဝါး ဖြစ်နေသူအတွက် ရိုဟင်ဂျာ ဆိုတာ တိုင်းရင်းသားလား၊နိုင်ငံသားလား Confuse ဖြစ်သွားစေနိုင်ပါတယ်။
တကယ်အဲ့ဒီအဖြစ်ပျက်မျိုး ရှိနေခဲ့ပါစေ...နိုင်ငံတော်ကရော၊တိုင်းရင်းသားအားလုံးက တရားဝင်အတိအလင်းမရှိပါဘူး၊
မဟုတ်ပါဘူး လို့ကြေငြာထားတဲ့လူမျိုးဖြစ်ပါတယ်။တိုင်းပြည်နဲ့လူမျိုးကို တကယ်ချစ်ရိုးမှန်ရင် ဒီလို မလုပ်သင့်ပါဘူး၊
ထမင်းတနပ်အတွက် အလုပ်မလုပ်ပါနဲ့။နာမည်ကျော်ကြားထင်ပေါ်လိုမူနဲ့ အလုပ်မလုပ်ပါနဲ့။ဗုဒ္စ ဘာသာ နဲ့ အမိမြန်မာနိုင်ငံတော်
မျက်နှာကို ပေါ်ပင်လုပ်လိုစိတ်တစ်ခုတည်းနဲ့ မနင်းချေလိုက်ပါနဲ့ ဒေါက်တာကြီး။
Unknown at 9:56 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ဘက်မလိုက်ပဲ ပြောချင်ပါသည်(သို့မဟုတ်) တရားသူကြီးသို့ အိပ်ဖွင့်ပေးစာ....(ဟာဂျူလီ.ကသာ)


ထက်ထက်မိုးဦးအမှုကို ဒါဏ်ငွေ၁၀၀၀ပေးဆောင်စေလို့ဆုံးဖြတ်လိုက်တဲ့ တရားသူကြီးမင်း
ခင်ဗျား..ကျွန်တော်ကတော့ မီဒီယာသမားတစ်ဦးပါ၊မီဒီယာသမားတစ်ဦးမို့ မီဒီယာသမားတစ်ဦးကို ပါးရိုက်လိုက်တဲ့ မင်းသမီးအပေါ်ပေးတဲ့ ပြစ်ဒါဏ် နည်းလို့ ပြောတယ်လို့တော့ မထင်လိုက်ပါနဲ့၊တရားခံတစ်ဦးအပေါ်ပေးတဲ့ ပြစ်ဒါဏ် နည်းတယ်ထင်လို့ ထပြောနေရတာပါ၊
 တကယ်လို့ ဒီလိုလက်ရောက်မှုအတွက် တရားခံ မင်းသမီးကိုထောင်ဒါဏ်(၅)နှစ် (၁၀)နှစ်ချလိုက်ရင်လည်း မင်းသမီးဘက်က လိုက်ပြီး ပြောပြရေးသားသွားမှာပါပဲ၊ကျွန်
တော်ပြောချင်တာ ပြစ်ဒါဏ် မမျှတမှုအပေါ်ကိုသာ ပြောချင်တာပါ၊
အခု အမှုဖြစ်ခဲ့တဲ့ ဖြစ်စဉ်အပေါ်ကို သေခြာစွာစိစစ်မယ် ဆိုရင် သတင်းထောက်နဲ့ သရုပ်ဆောင်တို့ရဲ့ဖြစ်စဉ်ဆိုတာထက် တာဝန်ထမ်းဆောင်
သူနဲ့ကိုယ်ထိလက်ရောက် ကျူးလွန်သူတို့ရဲ့ ဖြစ်စဉ်လို့ပဲပြောရမှာပါ၊ဒီနေရာမှာ သတင်းထောက်မှားခြင်းမှန်ခြင်း၊သရုပ်ဆောင် မှန်ခြင်းမှားခြင်းတွေကို
မပြောလိုပါဘူး၊ဥပဒေမဲ့ ပြုမူခဲ့ခြင်းအပေါ်ပြောချင်တာပါ၊အမှန် ကိုယ့်ရဲ့ ဂုဏ်သိက္ခာကို ထိပါးတယ်လို့ သရုပ်ဆောင်က ယူဆရင် ဥပဒေကြောင်းအရ တရား
စွဲလို့ရနိုင်သလို အယ်ဒီတာချုပ်ထံတိုင်ကြားပြီး အရေးယူခိုင်းလို့လည်း ရနိုင်ပါတယ်၊(သတင်းထောက်းမှားတယ်မပြောဘူးနော်)၊ဒီနေရာမှာ အရိုက်ခံလိုက်
ရတဲ့ သတင်းထောက်မလေးကို ကျွန်တော်ချီးကျူးတာတစ်ခုက ကိုယ့်အပေါ် ကိုယ်ထိလက်ရောက် စော်ကားတာကိုပင် ပြန်မတုန့်ပြန်ပဲ ဥပဒေကြောင်းအရ
ပြန်ဖြေရှင်းတာ မှန်ကန်တဲ့ တုန့်ပြန်ချက်ပါ၊ကိုယ်နေထိုင်ရာတိုင်းပြည်ရဲ့ ဥပဒေကိုယုံကြည်လိုက်မိတယ်လို့သုံးသပ်ရမှာပါ၊သို့သော် သူယုံကြည်ခဲ့တဲ့
ဥပဒေရဲ့ ဆုံးဖြတ်ချက်ကတော့ မထင်လောက်နိုင်လောက်အောင်ပါပဲ၊ဒါဏ်ငွေ၁၀၀၀ပေးဆောင်စေတဲ့၊တကယ်လို့ သတင်းထောက်မလေးက
သရုပ်ဆောင်မင်းသမီးကို ပြန်တုန့်ပြန်ခဲ့ရင်ရော ရုံးတော်က ဒါဏ်ငွေတစ်ထောင်ပေးဆောင်စေလို့ပဲ ဆုံးဖြတ်ပါ့မလား..၊
ထားပါတော့၊တရားသူကြီးအနေနဲ့ သတင်းထောက်မလေး မှားသွားလို့ ရိုက်တဲ့သူရဲ့ ပြစ်ဒါဏ်ကိုလျော့ပေါ့စွာ စဉ်းစားဆုံးဖြတ်တယ်ဆိုရင်လည်း
ကျွန်တော့်မှာပြောစရာရှိပါတယ်၊ဥပမာပေါ့ဗျာ..၊ဥပမာနော်၊တရားရုံးတစ်ခုမှာ တရားရုံးစာရေးက အမှုတစ်ခုလာတင်တိုင်း တရားလိုကိုရော တရားခံ
ကိုပါ အမှုတင်ခ တစ်ယောက်၅၀၀၀တောင်းတယ်ဆိုပါစို့၊အဲဒါနဲ့ တရားခံက မကျေနပ်လို့ တရားရုံးစာရေးကို လက်သီးနဲ့(တစ်ချက်ထဲ)ဆွဲထိုးမယ်
ဆိုရင်ရော ထိုးလိုက်သူတရားခံဟာအမှန်တရားပဲက ရပ်တည်တာပဲ ဆုံးဖြတ်လိုက်မယ်ကွာ ဒါဏ်ငွေ၁၀၀၀လို့ ဟုတ်နိုင်ပါ့မလား..၊ဘယ်ဟုတ်နိုင်ပါ့မလဲဗျာ၊
တပ်လိုက်မယ့် အမှုတွေ..၊တာဝန်ဝတ္တရားနှောက်ယှက်မှုတို့၊တရားရုံးတော်ကို မထေမဲ့မြင်ပြုမှုတို့၊နာကျင်စေမှုတို့.........မှု..................မှု တို့ ။
ထားပါတော့၊နောက်ထပ်ထားလိုက်ပါတော့ဗျာ၊တရားရုံးတော်ရဲ့ စီရင်ချက်ဟာ တရားခံအတွက် နောက်နောင် ပြစ်မှုကျူးလွန်ရန် ဟန့်တားနိုင်လောက်
တဲ့ ပြစ်ဒါဏ်မျိုး ဖြစ်ရမယ်လို့ ကျွန်တော် အရပ်ကြား ကြားဖူးပါတယ်၊အခု ဒါဏ်ငွေ ၁၀၀၀ဟာ ထိရောက်ဟန့်တားလောက်တဲ့ ပြစ်ဒါဏ် ဟုတ်ရဲ့လားဗျာ..၊
ကျွန်တော်ထင်ပါတယ်၊ကျွန်တော်သာ အင်တာဗျူးခံရတဲ့သူဖြစ်နေရင် ကိုယ်စိတ်မကြည်စရာ မေးခွန်းမေးတိုင်း ၁၀၀၀ပေးပြီး သတင်းထောက်ကို ရိုက်နေ
တော့မှာပေါ့ဗျာ၊သတင်းထောက်ဘက်ကလည်း တွေးကြည့်လိုက်ပါဦး၊နောက်ကို သတင်းထောက်ရဲပါဦးမလားလို့ကျွန်တော်ပြောတာ သရုပ်ဆောင်ကိုမုန်းလို့
မဟုတ်ဘူးနော်၊ ပြစ်ဒါဏ်ဟာ လူကြားရင် ရယ်စရာဖြစ်နေလို့..၊အခုလို ဒါဏ်ငွေ၁၀၀၀ ချလိုက်တဲ့အပေါ် သက်ဆိုင်ရာ ဂျာနယ်တာဝန်ရှိသူတွေ၊ကိုယ်ရဲ့
မီဒီယာလောက ကို ကာကွယ်ချင်ပါတယ်ဆိုတဲ့ ဆရာကြီးတွေ ဘာပြောမှာလဲဆိုတာတော့ ကျွန်တော် စိတ်ဝင်စားလှပါတယ်၊၊ဘာမှ မပြောတော့ပါဘူးဆိုရင်လည်း
““ ဟုတ်ကဲ့..ကျွန်တော်တို့ ခင်ဗျားတို့အားလုံးဟာ ကိုယ့်သမိုင်း ကိုယ်ရေးနေကြတဲ့သူတွေ””သာ ဖြစ်တယ်ဆိုတာ ပြောပြလိုက်ချင်ပါတယ်...(ဟာဂျူလီ.ကသာ )
(နောက်ပြောချင်တာက သရုပ်
ဆောင်အနေနဲ့ ..ပိုက်ဆံလေး တစ်ပဲခြောက်ပြားလောကသာရတဲ့သတင်းထောက်တွေကများ...ဆိုတဲ့အသုံးအနှုန်းအပေါ် အဲဒီအချိန်က
စာပေနဲ့စာနယ်ဇင်းဆိုတဲ့ အဖွဲ့က ဘာမှ အရေးမယူခဲ့တဲ့အပေါ်..၊ကိုယ်တာဝန်ယူထားတဲ့ စာပေသမားများအပေါ် ဘာအကာအကွယ်မှ မပေးနိုင်လောက်တဲ့
အဖွဲ့ ဖြစ်မသွားပေဘူးလား၊ဆိုတာလေးလည်း ပြန်တွေးလိုက်ကြစမ်းပါ)
 (ဟာဂျူလီ.ကသာ)
Unknown at 9:08 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

Thursday, March 29, 2012

စစ်ကိုင်း အဖွဲ့ချုပ်ရွေးကောက်ပွဲ အောင်နိုင်ရေး ဂီတဖျော်ဖြေပွဲမှာ ဖျော်ဖြေတင်ဆက်ခဲ့ကြတဲ့ လူမင်း ၊ ဝေဠုကျော် ၊ ၀ိုင်း ၊ ရဲတိုက် ၊ ထွန်းအိန္ဒြာဗိုလ် ၊ ချစ်သုဝေတို့ဂီတဖျော်ဖြေပွဲနှင့် စစ်ကိုင်းပရိသတ် မြင်ကွင်းများ..

မတ်လ ၂၈ရက်နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် စစ်ကိုင်းရဲ့ ရွေးကောက်ပွဲ အောင်နိုင်ရေး ဂီတဖျော်ဖြေပွဲမှာ အားဖြည့်ပါဝင် ဖျော်ဖြေတင်ဆက်ကြတဲ့ နာမည်ကြီး သရုပ်ဆောင်တွေဖြစ်တဲ့ လူမင်း၊ ဝေဠုကျော်၊ ၀ိုင်း၊ ရဲတိုက်၊ ထွန်းအိန္ဒြာဗိုလ်၊ ချစ်သုဝေတို့ရဲ့ ဒီလိုနေရာမှာ ဒီလို အမှန်လေးကို ခြစ်လိုက်ပါဆိုတဲ့ သရုပ်ပြပွဲဖျော်ဖြေ တင်ဆက်ပွဲအား ဂီတပညာရှင်များနဲ့ အတူ ပူးတွဲဖျော်ဖြေ တင်ဆက်ခဲ့ပါတယ်...။ အဆိုပါ အဖွဲ့ချုပ်အောင်နိုင်ရေး စင်တင် တေးဂီတ ဖြေဖျော်ပွဲနေ့မှာတော့ စစ်ကိုင်းမြို့တမြို့လုံး ရဲရဲတောက် ခွပ်ဒေါင်း မြင်ကွင်းများနဲ့ လွှမ်းခြုံခဲ့ပြီး ရပ်ကွက်များ လမ်းများမှာလည်း အဖွဲ့ချုပ်အောင်နိုင်ရေးအား ထောက်ခံသည့်အနေဖြင့် စတုဒီတာ များဖြင့် ကျွေးမွေးဧည့်ခံ ခဲ့ကြပါသည်။

ညနေပိုင်းမှာ ပြုလုပ်တဲ့ အဆိုပါ အောင်နိုင်ရေး တေးဂီတ ဖျော်ဖြေပွဲအား နာမည်ကြီး၊ ရုပ်ရှင်ဂီတ အဆိုတော်များမှ ပြည်သူလူထုအား ဖျော်ဖြေခဲ့ကြပြီး မန္တလေးမှာ ရောက်ရှိနေတဲ့ အဖွဲ့ချုပ် နာယက ဘဘဦးဝင်းတင်မှ တက်ရောက် ချီးမြှင့်အားပေးခဲ့ပါသည်...။ အမေစုပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (စစ်ကိုင်း)နဲ့ စစ်ကိုင်း ပြည်သူလူထုတို့ရဲ့ စည်းလုံးညီညွတ်မှုကို ပြသတဲ့နေ့တနေ့လို့ ဆိုရင် လွန်အံ့မထင်ပါ..။
အဆိုတော် အာဇာနည်ရဲ့ စစ်ကိုင်းအဖွဲ့ချုပ် ရွေးကောက်ပွဲ အောင်နိုင်ရေးအတွက် အားဖြည့်သီဆိုတင်ဆက်မှု
သိန်းနဲ့ချီတဲ့ ရဲရဲတောက် စစ်ကိုင်းပရိသတ်
ဓာတ်ပုံများအတွက် စစ်ကိုင်းအဖွဲ့ချုပ်အား ကျေးဇူးတင်ပါသည်..။
Unknown at 2:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နန်းဂိုဖန်း၏ ခင်ပွန်းဂျပန်လူမျိုးက နန်းဂိုဖန်းအား စစ်ဆေးခဲ့သူကို အထက်မှစစ်ဆေးပေးရန် တောင်းဆိုလျက်ရှိ

နန်းဂိုဖန်း၏ ခင်ပွန်းဂျပန်လူမျိုးက နန်းဂိုဖန်းအား စစ်ဆေးခဲ့သူကို အထက်မှစစ်ဆေးပေးရန် တောင်းဆိုလျက်ရှိ
မတ်လ ၂၄ ရက်နေ့ မနက်အစောပိုင်းတွင် စသုံးလုံး ရုံးအပေါ်ထပ်မှ ပြုတ်ကျသေဆုံးသွားသော နန်းဂိုဖန်း၏
ခင်ပွန်းဖြစ်သူ ဂျပန်လူမျိုးမှ  သေဆုံးသူမိန်းကလေးအားစစ်ဆေးခဲ့သူကို အထက်မှစစ်ဆေးပေးရန် တောင်းဆိုလျက်ရှိကြောင်းသိရှိရသည်။
 “လူတစ်ယောက်ကိုအဲ့ဒီလိုထားထားတာ ထောင်ထဲထည့်ထားတာနဲ့တူတူပါဘဲ ၊ မြန်မာနိုင်ငံက ဒီမိုကရေစီနိုင်ငံမဟုတ်ဘူးလား၊ လူတယောက်ကို ၂ နာရီလောက်ပဲ အနားပေးပြီး စစ်ဆေးတာ လူမဆန်ဘူး၊ လူ့အခွင့်ရေးကို ချိုးဖောက်တာပဲ ” ဟု သေဆုံးသူမိန်းကလေး၏ ခင်ပွန်းဖြစ်သူ ဂျပန်လူမျိုး မစ္စတာ နာမာဆယ်မိုတိုဟိကို ကပြောသည်။
အဆိုပါ မိန်းကလေး၏ ခင်ပွန်းဖြစ်သူမှာ မိန်းကလေး၏ ဈာပနာအတွက် မြန်မာနိုင်ငံသို့လာခဲ့ခြင်းဖြစ်ကြောင်း၊
ထို ဂျပန်လူမျိုး ခင်ပွန်းဖြစ်သူ ဟိုတယ်၌ တည်းနေစဉ်လည်း စသုံးလုံးမှ လာရောက် တွေ့ဆုံခဲ့ကြောင်း အဆိုပါ
ဂျပန်အမျိုးသားက ပြောသည်။
မနန်းဂို ဖန်းအားစသုံးလုံးမှ ခေါ်ယူခြင်းမှာ ၎င်းနာမည်နှင့် ၀ယ်ထားသော မြေကွက်များအတွက် မေးမြန်းစုံစမ်း
ရန်ဖြစ်ပြီး မတ်လ ၂၁ ရက်နေ့တွင် မအိအိအောင်နှင့် မနန်းဂိုဖန်း အားခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
“နန်းဂိုဖန်းက အဲ့ဒီညမှာ ပထမတစ်ခေါက်အန်တယ် ၊သူ့နောက်ကို အစောင့်တွေလိုက်သွားတယ် ကျွန်မလိုက်
ခွင့်မရှိဘူး ၊ နောက်တစ်ခေါက် ၀ရန်တာဘက်သွားအန်ပြန်တယ် အဲ့တစ်ခေါက်တော့ အစောင့်တွေလိုက်သွား
လား မလိုက်သွားလားမသိဘူး သူတို့ရဲ့  မရှိတော့ဘူး မရှိတော့ဘူးဆိုတဲ့ အော်သံကြားပြီးတော့ တိုက်အောက်
ကနေ နန်းဂိုဖန်း ရဲ့ အော်သံကြားရတယ်” ဟု နန်းဂိုဖန်း၏ သူငယ်ချင်းဖြစ်အမဖြစ်သူ မအိအိအောင်က ပြောသည်။
အဆိုပါ မိန်းကလေးမှာ မြန်မာစကား ကောင်းကောင်းမတက်သောကြောင့် မအိအိအောင်မှ ရှမ်းဘာသာပြန်နှင့်မေးမြန်းရန်ပြောရာ စသုံးလုံးမှ ၎င်းတို့တွင် ရှမ်းဘာသာပြန်မရှိကြောင်း ပြန်ပြောခဲ့ကြောင်းကို မအိအိအောင်၏ ပြောကြားချက်အရသိရသည်။
အဆိုပါ မနန်းဂိုဖန်း နာမည်နှင့် ၀ယ်ထားသော အိမ်ခြံမြေများမှာ ယခုအခါတွင် ကျပ်သိန်းသုံးသောင်းခန့်တန်ဖိုး
ရှိနေပြီး အဆိုပါ အိမ်ခြံမြေများကို Unity အိမ်ခြံမြေ အကျိုးဆောင်နှင့် ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရှိရသည်။
Unknown at 2:05 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

လက်ထပ်ထားသော မြန်မာ အမျိုးသမီးအား ကုမ္ပဏီ အမည်ခံ ခိုင်းထား သည့် နိုင်ငံခြားသားများ လုပ်ငန်း၏ ၅ဝ ရာခိုင်နှုန်း ဇနီးကို ပေးရမည်

က်ထပ်ထားသော မြန်မာ အမျိုးသမီးအား ကုမ္ပဏီ အမည်ခံ ခိုင်းထား သည့် နိုင်ငံခြားသားများ လုပ်ငန်း၏ ၅ဝ ရာခိုင်နှုန်း ဇနီးကို ပေးရမည်
မြန်မာ အမျိုးသမီးနှင့် လက်ထပ်ကာ ၄င်းအား ကုမ္ပဏီ အမည်ခံ ခိုင်း ထားသော နိုင်ငံခြားသားများ အနေဖြင့် လုပ်ငန်း ပိုင်ဆိုင်မှု၏ ၅ဝ ရာခိုင်နှုန်း အား ဇနီးဖြစ်သူ အားပေး ရမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်မှ ထုတ်ပြန်လိုက်သည်။
''မြန်မာ အမျိုးသမီးက လူပဲ ပေးထားရတယ်။ သူ့ဘဝတစ်ခုလုံး ရင်းထားရတဲ့ အတွက် တစ်ဝက်ပေးဖို့ ထိုက်တန်တယ်လို့ ဆုံးဖြတ်ထားတဲ့ အတွက်ကြောင့် ပါ'' ဟု ကော်မရှင်မှ ဒုတိယ ညွှန်ကြားရေးမှူးချုပ် ဦးအောင်နိုင်ဦးက ပြောသည်။
မတ်လ ၂၄ ရက်နေ့ ကုန်သည်/ စက်မှု အသင်းချုပ်၌ ကျင်းပသည့် အသင်းအဖွဲ့ ကိစ္စနှင့် ကုမ္ပဏီများ ဆိုင်ရာ မှတ်ပုံတင်ခြင်း ကိစ္စ ဆွေးနွေးပွဲ၌ အထက်ပါ အတိုင်း ထည့်သွင်း ပြောကြားခဲ့ခြင်းဖြစ်သည်။
နိုင်ငံသား အမည်ခံ၍ နိုင်ငံ၌ ဝင်ရောက် ရင်းနှီးမြှုပ်နှံကြသည့် နိုင်ငံခြားသား များ အနေဖြင့် တရားဝင် လမ်းကြောင်းမှန်ပေါ်သို့ ရောက်ရှိ လာစေရန် ရည်ရွယ်မှုဖြင့် ထုတ်ပြန်ခဲ့သော အမိန့် ကြော်ငြာစာ အရ ဖြစ်ကြောင်း သိရသည်။
နိုင်ငံသားအား တရားဝင် မွေးစားမှုဖြင့် နာမည်ခံ ခိုင်းကာ လုပ်ဆောင်နေ ကြသည့် နိုင်ငံခြားသား များ အနေဖြင့်လည်း ယင်းကဲ့သို့ ကုမ္ပဏီ ပိုင်ဆိုင်မှု အချို့အား လွှဲ ပြောင်းပေး ရမည် ဖြစ်သော်လည်း ခွဲပေးရမည့် ပမာဏကိုမူ ကော်မရှင် မှ လတ်တလော သတ်မှတ် ပေးထားခြင်း မရှိဟု ဦးအောင်နိုင်ဦး က ဆက်လက်ပြောသည်။
''ဒါကတော့ သူတို့ဘာသာ သူတို့ ညှိကြရမယ်။ နောက်တစ်ခု က နိုင်ငံသားက နည်းနည်း ပဲ ပါတယ်။ နောက်ပြီး နိုင်ငံသားက ရှယ်ယာ လုံးဝမပါဘူး။ ဒါတွေကို လည်း ပြောင်းလဲပြီးရင် ဖက်စပ် လုပ်ကိုင်ကြရမယ်'' ဟု ဦးအောင် နိုင်ဦး က အမိန့် ကြော်ငြာစာပါ အချက်အလက် များကို ပြောသည်။
ပထမအဆင့် အနေဖြင့် ဆွဲ ဆောင်မှု၊ စည်းရုံးမှု၊ ပညာပေးမှု များ ဖြင့် ပူးပေါင်းလာစေရန် ဆောင်ရွက် သွားမည်ဟု မြန်မာနိုင်ငံ ရင်းနှီးမြှုပ် နှံမှု ကော်မရှင်မှ သိရသည်။
မည်သို့ပင် လုပ်ငန်း ဆောင်ရွက် ခဲ့သည်ဖြစ်စေ နာမည်ခံ ခိုင်းသူအား ကာလတန်ဖိုး အတိုင်း အရောင်း အဝယ် ပြုလုပ်ပေးရမည် ဖြစ်သည့် အပြင် နိုင်ငံခြားသား များမှ ၃၅ ရာခိုင်နှုန်း အောက် ရင်းနှီးမှုပြု ထားပါက အပြီး ရောင်းချပေး ရမည်ဟု ဦးအောင်နိုင်ဦးက ထပ်လောင်း ပြောသည်။
ထိုကဲ့သို့ လုပ်ငန်းများ အမည် လွှဲပြောင်းစဉ် ကာလ တစ်လျှောက် လုပ်ငန်း လည်ပတ်မှုကို ရပ်နားထား သည်ဖြစ်စေ၊ လုပ်ကိုင်နေသည် ဖြစ်စေ၊ လုပ်သား များအား လစာ အပြည့်အဝ ပေးထားရမည့် အပြင် မူလ ခန့်ထားသော လုပ်သား များ အား လျှော့ချခြင်းလည်း မရှိစေရ ဟု ဦးအောင်နိုင်ဦးက ပြောသည်။

Unknown at 1:56 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

နိုင်ငံကျော်အဆိုတော် လေးဖြူ လုပ်ကြံခံရခြင်း

လေးဖြူနှင့် Iron Cross ပရိသတ်များသို့ ................
ဂျာနယ်တစ်စောင်တွင် ဖော်ပြထားသော လေးဖြူ၏ အင်တာဗျူးမှာ အမှန်တကယ်
 မေးမြန်းဖြေဆိုထားခြင်း လုံးဝ(လုံးဝ) မဟုတ်ပဲ ရည်ရွယ်ချက်ရှိစွာဖြင့် လုပ်ကြံဖန်တီးထားခြင်းသာ ဖြစ်ကြောင်း၊ တရားဥပဒေကြောင်းအရ အမြန်ဆုံး ရင်ဆိုင်ဖြေရှင်းသွားမည် ဖြစ်ကြောင်း Iron Cross (facebook) စာမျက်နှာ
မှာရေးသားဖော်ပြထားပါတယ်။
Envoy ဂျာနယ်မှာ ဖော်ပြထားတဲ့ လေးဖြူ နှင့် အင်တာဗျူး
Unknown at 1:51 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Wednesday, March 28, 2012

မြိုင်မြို့မှာ ပြုလုပ်တဲ့ မင်းသားရဲတိုက်ရဲ့ NLD စည်းရုံး မဲဆွယ်မှု

“သရုပ်ဆောင်ရဲတိုက် အဖွဲ့ချုပ် အောင်နိုင်ရေးအတွက် မြိုင်မြို့နယ်အတွင်း စည်းရုံးရေးဆင်း” ဟု NLD ၏ facebook စာမျက်နှာတွင် ဖော်ပြထားသည်။
မည်သည့်အချိန်က မဲဆွယ်ခဲ့ကြောင်း ဖော်ပြထားခြင်း မရှိချေ။




facebook တွင် တွေ့ရသော မင်းသားရဲတိုက်
Unknown at 2:06 PM 2 မှတ်ချက်ကလေးရေးပေးနော်.
Share

(၆၇) နှစ်မြောက် တပ်မတော်နေ့အတွက် ဂုဏ်ပြုကဗျာ


From : ဖိုးသော်
“တပ်မတော်ဆိုတာ”
*ပြည်တွင်းပြည်ပ
ရန်စွယ်ကများ
ဖျက်သမားစုံ
ရမ်းကားသူပေါ
ခောတ်မျောချိန်ခါ
ပြည်မြန်မာကြီး
ပျက်စီးဆဲဆဲ
ထိုရန်ထဲမှ
အမြဲလွတ်အောင်
စွမ်းဆောင်ခဲ့တာ တပ်မတော်…

*ထိုမျှမကြာ
ပေါ်လာပြန်ကြ
ပြည်တွင်းရန်များ
ကာကွယ်ကြပြီး
စစ်မီးငြိမ်းဖို့
အသက်တို့ပေး
ရှေ့ရေးမကြည့်
တက်သိတာဝန်
လူချွန်စိတ်ထား
လွန်စွာများတာ တပ်မတော်…

*သစ္စာလေးချက်
ဦးထိပ်ရွက်လို့
အသက်ကိုပေး
သမိုင်းရေးခဲ့
တိုင်းပြည်ရဲ့ရန်
မှန်မှန်သမျှ
တိုက်ထုတ်ရမည်
ရည်ရွယ်သည်က
တပ်သားစပြီး
ဗိုလ်ချုပ်ကြီးထိ
အသိရှိ၏ …

တပ်မတော်ဆိုတာ တို့နိုင်ငံ့အတွက် ။
တပ်မတော်ဆိုတာ တို့လူမျိုးအတွက် ။
တပ်မတော်ဆိုတာ တို့အားလုံးအတွက် ။
Unknown at 1:27 PM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

ကော့မှူးမှာ ၀န်ကြီးဟောင်းတွေကိုယ်တိုင် မဲဆွယ်

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် ဝင်ရောက်ယှဉ်ပြိုင်မယ့် ကော့မှူးမြို့နယ် မဲဆန္ဒနယ်မှာ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ငွေကြေးပစ္စည်းတွေနဲ့မဲဆွယ်နေသလို၊ ဒေါ်အောင်ဆန်းစုကြည်ကို ပုဂ္ဂိုလ်ရေးအရ တိုက်ခိုက်ထားတဲ့ စာရွက်စာတမ်း ဖြန့်တဲ့လုပ်ရပ်တွေ ရှိနေပြီး၊ စစ်အစိုးရလက်ထက်က ဝန်ကြီးဟောင်းတချို့က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဘက်ကနေ ပါဝင်မဲဆွယ်နေတယ်လို့ စုံစမ်းသိရှိရပါတယ်။


RFA
၂၀၁၂ ခုနှစ် ဇန်န၀ါရီ ၂၁ ရက်က ဒေါ်အောင်ဆန်းစုကြည် ကော့မှူးမြို့နယ် ဒေသခံပြည်သူလူထုကို မိန့်ခွန်းပြောနေစဉ်။
ဒီကိစ္စနဲ့ပတ်သက်လို့ ကော့မှူးမဲဆန္ဒနယ် ရွေးကောက်ပွဲအောင်နိုင်ရေး ဒေသဆိုင်ရာတာဝန်ခံ ဦးအေးသိန်းကို RFA သတင်းထောက် တွေ့ဆုံမေးမြန်းတဲ့အခါသူက-အရင်စစ်အစိုးရလက်ထက် ဝန်ကြီးတွေဖြစ်တဲ့ ဦးသောင်း၊ ဦးစိုးသာအပါအဝင် ဗိုလ်ချုပ်မြင့်ဆွေ၊ ဦးလွန်းတင်တို့ ဒီရက်ပိုင်းတွေမှာ မကြာခဏ ရောက်လာပြီး ကြံ့ခိုင်ဖွံဖြိုးရေးပါတီအတွက် မဲဆွယ်စည်းရုံးနေကြတယ်လို့ပြောပါတယ်။
ဒါ့အပြင် မကွေးတိုင်း၊ မြိုင်မြို့နယ်၊ တောင်ပို့ရွာမှာလည်း ရွာသားတစ်ဦးက ဒေါ်အောင်ဆန်းစုကြည်ရဲ့ စည်းရုံးရေးခရီး မှတ်တမ်းဗီဒီယိုခွေနဲ့ ရုပ်ရှင်သရုပ်ဆောင်တွေ ရိုက်ကူးထုတ်လုပ်ထားတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် မဲဆွယ်ဗီဒီယိုခွေကို မနေ့က ပြသပါတယ်။ အဲဒီအခါမှာ အရင်က ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ စည်းရုံးရေးမှူးကနေ အခု ကျေးရွာအုပ်ချုပ်ရေးမှူး ဖြစ်နေသူက ဆင်ဆာဘုတ်အဖွဲ့ရဲ့ ခွင့်ပြုချက်မပါတဲ့ ရုပ်ရှင်ကားတွေ ပြခွင့်မရှိဘူးလို့ ခေါ်ယူသတိပေး တားမြစ်တဲ့အကြောင်း မြိုင်မြို့နယ် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးအောင်ခင်ဝင်းက ပြောပါတယ်။
Unknown at 10:14 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမေရိကန် လွှတ်တော်အမတ် ဂျင်ဝက် မြန်မာပြည် လာဦးမည်

အမေရိကန် ဒီမိုကရက် လွှတ်တော်အမတ် မစ္စတာ Jim Webb ဟာ မြန်မာနိုင်ငံကို ဧပြီလအတွင်း ဒုတိယအကြိမ် သွားရောက်မှာဖြစ်ကြောင်း အေပီ သတင်းက ဖော်ပြပါတယ်။


(Photo: AFP)
အမေရိကန် အထက်လွှတ်တော်အမတ် မစ္စတာ Jim Webb (Photo: AFP)
ဧပြီလ ၁ ရက် ကြားဖြတ် ရွေးကောက်ပွဲအပြီး ရက်ပိုင်းအတွင်း သွားရောက်မှာ ဖြစ်ပါတယ်။
မစ္စတာ Jim Webb ဟာ ပြီးခဲ့တဲ့ ၂၀၀၉ ခုနှစ်က မြန်မာနိုင်ငံကို လာရောက်ခဲ့ပြီး၊ အဲဒီတုန်းက စစ်အစိုးရ ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီးသန်းရွှေနဲ့ တွေ့ခွင့်ရခဲ့တဲ့ တစ်ဦးတည်းသော အမေရိကန် လွှတ်တော်အမတ် ဖြစ်ပါတယ်။
အရှေ့အာရှ နဲ့ ပတ်သက်တဲ့ အမေရိကန်မူဝါဒ ကြီးကြပ်ရေးဆိုင်ရာ လွှတ်တော်ဆပ်ကော်မတီကို ဦးဆောင်သူဖြစ်တဲ့ မစ္စတာ Jim Webb ဟာ မြန်မာပြည်ကို မရောက်ခင် ဂျပန်နဲ့ ထိုင်းနိုင်ငံတွေကို ၀င်ရောက်မယ်လို့ သိရပါတယ်။
Unknown at 10:07 AM 1 မှတ်ချက်ကလေးရေးပေးနော်.
Share

သီလ၀ါဆိပ်ကမ်းမီးလောင်မှု သစ်တန် ၇၀၀၀ ဆုံးရှုံး

သီလ၀ါဆိပ်ကမ်းမီးလောင်မှု သစ်တန် ၇၀၀၀ ဆုံးရှုံး
သစ်လုံးများ မီးလောင်ကျွမ်းနေစဉ်
ရန်ကုန်တိုင်းဒေသကြီး ကျောက်တန်းမြို့နယ် သီလ၀ါ ဆိပ်ကမ်းရှိ သစ်လုံးများ ထားရာ နေရာမှာ မတ် ၂၆ ရက်နေ့က မွန်းလွဲ ၂ နာရီက မီးလောင်မှု ဖြစ်ပွားခဲ့ပြီး မတ် ၂၇ရက် မနက်ပိုင်းမှ မီးငြိမ်းသွားတယ်လို့ ဗဟိုမီးသတ်ဦးစီးဌာနက ပြောပါတယ်။

မီး စတင် လောင်ကျွမ်းပုံနဲ့ ပတ်သက်ပြီး ဗဟို မီးသတ်ဦးစီးဌာနက တာဝန်ကျ မီးသပ် တပ်သား တဦးက ခုလို ပြောပြ ပါတယ်။

“စလောင်တာတော့ ၂၄၊ ၂၅ မှာစလောင်တယ်။ မီးထိန်းတာတော့ ၂၆ ရက်နေ့ ည ၁၂ နာရီမှာ မီးထိန်းနိုင်သွားတယ်။ ၂၇ ရက်နေ့ မနက် ၆ နာရီအချိန်မှာ မီးငြိမ်းသွားပါတယ်။ လမ်းသွားလမ်းလာ တဦးက ကိုင်းတောထဲကို ဆေးလိပ်တို ပစ်ချလိုက်တာကနေ ကိုင်းတောက တဆင့် သစ်လုံးတွေကို မီးလောင်သွားတာပါ။”

မီးလောင်မှု စတင် ဖြစ်ပွားသော နေရာမှာ သီလ၀ါဆိပ်ကမ်းရှိ ထူးကုမ္ပဏီနှင့် CIFG ကုမ္ပဏီပိုင် သစ်တွေ မီးလောင်ကျွမ်းခဲ့ပြီး သစ်တန်ချိန် ၇၀၀၀ မီးလောင်ပျက်စီးခဲ့တယ်လို့ မီးသတ်အရာရှိက ဒီဗွီဘီကို ပြောပါတယ်။

မီးလောင်မှုဖြစ်စဉ် အတွင်း  မီးသတ်တပ်ဖွဲ့ဝင် တချို့ မီးခိုးငွေ့တွေကြောင့် မူးလဲမှုတွေ ရှိခဲ့ပေမယ့် အခြား ထိခိုက်ဒဏ်ရာရရှိ သေဆုံးမှု မရှိဘူးလို့ ရန်ကုန်တိုင်း ဗဟိုမီးသတ်ဦးစီးဌာနက တာဝန်ကျ အရာရှိတဦးက ပြောဆိုသွားပါတယ်။
Unknown at 10:00 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဗိုလ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ဟောင်းများကိုကျေးဇူးတင်ထိုက်သူများအဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောကြား

လ်ချုပ်အောင်ဆန်းနှင့် ခေါင်းဆောင်ဟောင်းများကိုကျေးဇူးတင်ထိုက်သူများအဖြစ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင် ပြောကြား နေပြည်တော် ၊ မတ် ၂၇

အရပ်သား အစိုးရအဖွဲ့ လက်ထပ်တွင် ပထမဦးဆုံး အကြိမ်အဖြစ် နေပြည်တော်၌ ပြုလုပ်သော တပ်မတော်နေ့ စစ်ရေးပြ အခမ်းအနားတွင် ထူးခြားမှုအဖြစ် ကာကွယ်ရေး ဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဗိုလ်ချုပ်အောင်ဆန်းနှင့် ဗိုလ်ချုပ်ကြီးနေဝင်း၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ စသည့်ခေါင်းဆောင်ဟောင်းများ အပေါ်ကျေးဇူးတင်ထိုက်သူများအဖြစ် ပြောကြားခဲ့သည်ကို တွေ့ရှိရသည်။

ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်၏ တပ်မတော်နေ့ စစ်ရေးပြ မိန့်ခွန်းမှ ကောက်နုတ်ချက်
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တဲ့ မြန်မာမျိုးချစ်လူငယ် ရဲဘော် သုံးကျိပ်ဟာ ဂျပန်တွေဆီက စစ်ပညာ သင်ယူခဲ့ပြီး ၁၉၄၁ ဒီဇင်ဘာ ၂၇ ရက်နေ့မှာ ( B.I.A ) ဗမာ့လွတ်လပ်ရေး တပ်မတော်ကို စတင်ဖွဲ့စည်းခဲ့တယ်။
ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင်တည်ထောင်ခဲ့တဲ့ ကာလတွေမှာလဲ လူ၊လက်နက်အင်အား တိုးတက်အောင်၊ စစ်ပညာရပ်များ မြင့်မားရေးတို့ကို အခြေအနေပေးသရွေ့ နည်းမျိုးစုံနဲ့ ကြိုးပမ်းဆောင်ရွက်ခဲ့တယ်။
လွတ်လပ်ရေး ရပြီးစ ပြည်တွင်း ပြည်ပ အန္တရာယ်မျိုးစုံနဲ့ ရင်ဆိုင်နေရချိန်မှာလဲ ဗိုလ်ချုပ်ကြီး နေဝင်း ခေါင်းဆောင်တဲ့ တပ်မတော်များဟာ အန္တရာယ်တွေကို ရင်ဆိုင်ရင်းနဲ့ တပ်မတော်အင်အား တိုးချဲ့ တည်ဆောက်နိုင်ခဲ့တယ်။
၁၉၈၈ ခုနှစ်နောက်ပိုင်းမှာလည်း ဗိုလ်ချုပ်မှူးကြီးသန်းရွှေဦးဆောင်တဲ့ တပ်မတော် ခေါင်းဆောင်များဟာ ကြည်း၊ ရေ၊ လေ တပ်မတော် တစ်ရပ်လုံးကို ခေတ်နဲ့အညီ ရင်ဘောင်တန်းနိုင်အောင် လက်နက်ပစ္စည်း ကိရိယာများ ဖြည့်ဆည်း ဆောင်ရွက်ပေးခြင်း၊ တပ်မတော် အဆင့်အတန်း မြင့်မားရေး အတွက် တပ်မတော် ဆိုင်ရာ တက္ကသိုလ် စစ်ကျောင်းကြီးများ နဲ့ လေ့ကျင့်ရေး ကျောင်းကြီးများကို အဆင့်မြှင့်ခြင်း ၊ ဖွင့်လှစ်ပေးခြင်း စတာတွေကို ဆောင်ရွက်ပေးခဲ့တယ်။
တပ်မတော် ဖခင်ဖြစ်တဲ့ ဗိုလ်ချုပ်အောင်ဆန်း ဦးဆောင် စတင်တည်ထောင်ပေးခဲ့တဲ့ ဒို့တပ်မတော်ကို ဗိုလ်ချုပ်ကြီး နေဝင်းနဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေတို့က လက်ဆင့်ကမ်း အမွေဆက်ခံပြီး စည်းကမ်းကောင်းတဲ့ စနစ်တကျရှိတဲ့ ခေတ်မှီ တပ်မတော် အဖြစ် ခေတ်ကာလနဲ့ အညီ တည်ဆောက်ပေးခဲ့တာကို ကျေးဇူးတင်ထိုက်စွာ မြင်တွေ့ ရမှာ ဖြစ်တယ်။
 
၆၇ နှစ်မြောက် တပ်မတော်နေ့ အခမ်းအနား မှတ်တမ်း
Unknown at 9:57 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Tuesday, March 27, 2012

စနစ် သူ့ကြောင့် မုန်းရပါလေသည် (တပ်မတော်နေ့ အမှတ်တရ )


ငုပန်းတို့ပင်လုံးထိန်အောင် ပွင့်ဝေခဲ့သည့် တစ်ခုသောနွေဦးဝယ် သတ္တိသွေးတို့ စွေးစွေးနီသည့် အခါသမယတစ်ခု တည်ရှိခဲ့လေ၏။ အမိမြေ၏သားကောင်းများသည် ပြည်သူတို့၏မေတ္တာကို ပွေ့ပိုက်လျှက် တပ်ထွက်မိန့်ခွန်းကို ငြိမ်သက်စွာ နာခံခဲ့ကြသည်။ ချစ်ခင်၊အားကိုး၊ အထင်ကြီး၊လေးစားခြင်းတည်းဟူသော လက်ခုပ်သံတို့သည်  ဘ၀ဂ်ညံခဲ့လေသည်။ အမိမြေကို ကျွန်ပြုအုပ်ချုပ်နေသည့် ဖက်ဆစ်တို့ကို အမြစ်ပါမကျန်တွန်းလှန် ချေမှုန်းရန်အစပြုခဲ့သည့်  တပ်နှင့်ပြည်သူ တစ်သွေးတည်း၊ တစ်သားတည်း၊ တစ်စိတ်တစ်ဝမ်းတည်း တည်ရှိခဲ့သည့် အဆိုပါနေ့ရက်သည်ကား တော်လှန်ရေးနေ့ သို့မဟုတ် တပ်မတော်နေ့၏ မူလပထမဆုံး နေ့ရက်အခါသမယပင် ဖြစ်ပါတော့သည်။

သွေးနှင့်ရင်း၍ အောင်ပွဲများစွာ ပိုင်ဆိုင်ခဲ့ဖူးသည်။ ချွေးစက်တို့ကို အရင်းတည်၍ မြို့ပေါင်းများစွာကို ကယ်တင်နိုင်ခဲ့သည်။ ရဲဘော်ရဲဘက်တို့၏ မျက်ရည်ဖြင့် ပြည်သူတို့၏သောကအပူကို ငြိမ်းသတ်နိုင်ခဲ့သည်။ သားကောင်းတို့၏ အမိမြေကို ကမ္ဘာ့အလယ်တွင် ထည်ဝါစေခဲ့သည်။ မြန်မာပြည်၏ မည်သည့်နေရာ၌ပင်မဆို ယူနီဖောင်းစုတ်ပြတ်နေလင့်ကစား ပြည်ချစ်သားတို့ ၀င့်ကြွားနိုင်ခဲ့ကြသည်။ သားကောင်းမိခင်တို့ ဂုဏ်တင့်နိုင်ခဲ့ကြသည်။ ရဲဘော်သုံးကျိပ်မှ သန္ဓေတည်ခဲ့သည့် ပြည်ချစ်တပ်မတော်၏ ရွှေရောင်လွှမ်းသော ကာလများသည် ပြည်ချစ်သားတို့ရင်ဘတ်၌ မေတ္တာပန်းကုံးတို့ တွဲလွှဲခိုလျှက်၊ဂရုဏာသပြေခက်တို့ ရွန်းရွှန်းစိုလျှက်၊ ပီတိပြုံးတို့ မိုးလုံးပြည့်သည့် အခါသမယတစ်ခုဖြစ်ခဲ့လေသည်။
အမိန့်နာခံတတ်မှုသည် တပ်မတော်၏အစဉ်အလာ ဖြစ်သကဲ့သို့ စစ်သည်တစ်ဦး၏ ဂုဏ်သိက္ခာလည်းဖြစ်သည်။ အဆိုပါဂုဏ်သိက္ခာကြောင့် စစ်သည်တို့သည် လွတ်လပ်သောဘ၀၊နွေးထွေးသော မိသားစု၊ အေးဆေး သက်တောင့်သက်သာရှိသည့် အခြေအနေတို့ကို ကျောခိုင်း၍ နိုင်ငံအတွက်တည်းဟူသော သိက္ခာပုဒ်ကို စောင့်စည်းရန် ကြမ်းတမ်းခက်ထန်သည့် ဘ၀သို့ အသက်နှင့်ရင်း၍ ၀င်ရောက်လာခဲ့ကြသည်။ အစားဆင်းရဲ၊အနေဆင်းရဲဘ၀တွင် ပြည်သူတို့၏ ချစ်ခင်အားကိုးခြင်းတည်းဟူသော မေတ္တာဓာတ်ဖြင့် သူတို့ရှင်သန်ခဲ့ကြသည်။ မြစ်တစ်စင်းသည် ၄င်းစီးဆင်းရာ ကမ်းဘေးတဖက်တချက်ရှိ မြို့ရွာများအတွက် အားကိုးရာဖြစ်သကဲ့သို့ တပ်မတော်သည်လည်း ပြည်သူအပေါင်း၏ အားကိုးရာ ဖြစ်ခဲ့လေသည်။
အမိန့်နှင့်အာဏာ ပေါင်းစပ်မိသောအခါ ယမ်းနှင့်မီးသည် သုံးစွဲတတ်လျှင် သူ့နေရာနှင့်သူ အသုံးတည့်သော်လည်း မသုံးစွဲတတ်လျှင် အန္တရာယ်ကြီးသကဲ့သို့  အမိန့်တည်းဟူသောအရာအောက်တွင် ရှင်သန်လှုပ်ရှားနေရသည့် တပ်မတော်သည် ပုဂ္ဂိုလ်ရေးကိုးကွယ်မှု၊ တပည့်လက်သပ်မွေးမှု၊ အာဏာရပုဂ္ဂိုလ်များ၏ အာဏာလွန်ဆွဲမှုတို့ကြောင့် ကစဥ့်ကလျှားဖြစ်ကာ ကမ္ဘာ့အရှည်ကြာဆုံး ပြည်တွင်းစစ်မီးကို ပိုမို အရှိန်ပြင်းစွာ တောက်လောင်စေခဲ့တော့သည်။ တောမီးလောင်သောအခါ တောကြောင်တို့ လက်ခမောင်းခတ်သကဲ့သို့ မြို့ပေါ်မှ ကြောင်ဖားကြီးတို့ကလည်း လက်ခမောင်းခတ်ကြသည်ပင်။ မသူတော်တို့ မင်းမူကြသောအခါ ညီအစ်ကိုအချင်းချင်း စစ်ခင်းကြလေ၏။ သမိုင်း၏ ဖွဲမီးတို့ လေသလပ်၍ ပြဿဒ်ထိပ်ထိ မီးတက်စွဲသောအခါ  တိုင်းပြည်ဖွတ်ထဲမွဲလေ၏။ အာဏာတည်းဟူသောချွန်းဖြင့် တပ်မတော် ဆင်လိမ္မာ၏ ဦးကင်းသို့ ပြင်းထန်စွာနှက်သောအခါ လိမ္မာသောဆင်သည် မဲမဲမြင်ရာဝင်အောင်း၍ ရပ်ရွာအပေါင်း ထောင်းထောင်းကြေလေ၏။
ကောင်းသောစနစ်သည် တိုးတက်သော နိုင်ငံတော်ကိုဖန်တီး၍ မကောင်းသောစနစ်သည် ကိုယ်ကျင့်တရား ဖောက်ပြန်သည့် လူတစ်စု၏ ကောင်းကျိုးချမ်းသာတို့ကိုသာ ဖန်တီးခဲ့လေသည်။ တစ်ချိန်က ရန်သူ့သွေးတို့ဖြင့် ရင်းနှီးရရှိခဲ့သည့် ရာထူးတံဆိပ်တို့နေရာတွင် ကိုယ့်သွေးချင်းတို့၏ အသက်သွေးဖြင့် ဖန်တီးစီခြယ်အပ်သည့် သူကောင်းပြုဆုတံဆိပ်တို့ နေရာယူလာကြသည်။ ဖောက်ပြန်သည့် စနစ်အောက်တွင် လူတို့စောင့်ထိန်းအပ်သည့် ကျင့်ဝတ်တို့သည်လည်း ဖောက်ပြန်ယိုယွင်းလာခဲ့သည်။ တချိန်က ပြည်သူ့အတွက် ၀တ္တရားစောင့်ထိန်းခဲ့သည့် ၀န်ထမ်းတို့သည်လည်း ခေါင်မိုးမလုံသည့် အိမ်တွင် အနေကြာလာသည်နှင့်အမျှ အဂတိလိုက်စားမှုတို့ တွင်ကျယ်ပေါများလာပြီး မျိုးဆက်တစ်ဆက်ခန့်အကြာတွင် အဆိုပါအချင်းအရာတို့  မြန်မာပြည်၏ရိုးရာအစဉ်အလာအဖြစ်သို့ ရောက်မှန်းမသိ ရောက်ရှိလာခဲ့သည်။ သံသယနှင့်အဆိုးမြင်ဝါဒတို့ အမြစ်တွယ်လာခြင်းနှင့်အတူ သယံဇာတတို့ တစတစပြုန်းတီးလာခဲ့တော့သည်။ လူတန်းစားမညီမျှမှု ကြီးမားကျယ်ပြန့်လာသောအခါ လူထုအတွင်း တော်လှန်ရေးအမြင်များတွင်ကျယ်ပြန့်နှံ့လာခြင်းနှင့်အတူ  အမိန့်ကို ဦးထိပ်ပန်ဆင်ကာ အသက်ရှင်နေရသည့် တပ်မတော်သည် ယခင်က၎င်းချစ်ခင်မြတ်နိုးစွာ ကာကွယ်ခဲ့သည့် ပြည်သူလူထုနှင့် ထိပ်တိုက်တွေ့ကြလေတော့သည်။
အာဏာရှင်စနစ်အောက်တွင် တရားဝင်ခြင်း၊မ၀င်ခြင်းသည် ဥပဒေနှင့် ရာနှုန်းပြည့်မသက်ဆိုင်ပေ။ မလျှော်ကန်သည့် အမိန့်တာဝန်ကို ထမ်းရွက်ထားရသူသည် ၎င်းကိုယ်တိုင်လည်း မလျှော်ကန်သည့် အပြုအမူတို့ကို ဖန်တီးရမည့် အခြေအနေသို့ ကျရောက်နေသည်။ လက်နက်နှင့်အာဏာရှိပြီး စားစရာမရှိသော လူတစ်ယောက်သည် ၄င်းဆက်လက်အသက်ရှင် ရပ်တည်နိုင်ရန်အတွက် မည်သို့မည်ပုံ ရုန်းကန်မည်ဟုထင်ပါသနည်း။ တပ်မတော်အပါအ၀င် လက်နက်ကိုင် အဖွဲ့အစည်းတိုင်းတွင် ပြည်သူအတွက်တည်းဟူသော ဆောင်ပုဒ်များစွာ ရှိလင့်ကစား ချမှတ်ထားသောစနစ်များသည် ပြည်သူအတွက် မဟုတ် သကဲ့သို့ အောက်ခြေစစ်သည်များအတွက်လည်း မဟုတ်ချေ။ တချိန်က တပ်မတော်နှင့် ပြည်သူကြားတည်ရှိခဲ့သည့် ချစ်ခြင်းမေတ္တာသည် အာဏာရှင်စနစ်အောက်တွင် အိပ်ရာဝင်ပုံပြင်တစ်ပုဒ် ဖြစ်သွားခဲ့လေပြီ။ တစစီပျက်စီးခဲ့ရသည့် ဘ၀ပေါင်းများစွာအတွင်း အမုန်းတရားမီးလျှံတို့ထိန်ငြီးလျှက်၊ လက်နက်ကိုင်တို့အပေါ် ခါးခါးသီးသီးဖြစ်ကုန်ကြလေတော့သည်။
ဗုဒ္ဓ၏သားတော် ပုထုဇဉ်ရဟန်းသည် သူ၏၀တ်ရုံသင်္ကန်းကို မြတ်နိုးခုံမင်သကဲ့သို့ တပ်မတော်သားသည်လည်း ၎င်းဆင်မြန်းသည့် ယူနီဖောင်းကို မြတ်နိုးခြင်းရှိ၏။ ယူနီဖောင်းသည် တချိန်တခါက သစ္စာစောင့်သိခြင်း၏ အမှတ်အသားဖြစ်သည်။ အမိန့်နာခံခြင်း၏ လက္ခဏာတစ်ရပ်ဖြစ်သည်။ မိမိကိုယ်ကို ဂုဏ်ယူဝင့်ကြွားခြင်း၏ ၀ိသေသလည်းဖြစ်သည်။ ပြည်သူ၏ ချစ်ခင်လေးစား အားကိုးခံထိုက်သော ယောင်္ကျားကောင်း၊ ယောင်္ကျားမြတ်တို့၏ အဆင်တန်ဆာလည်းဖြစ်သည်။ ယူနီဖောင်းဝတ်ဖူးသော မိမိသည် ယူနီဖောင်းကိုလည်း ချွတ်ခဲ့ဖူးသည်။ ယူနီဖောင်းကိုအပြီးတိုင် စွန့်လွှတ်ခဲ့ရသော နေ့ရက်သည် မိမိဘ၀တွင် ၀မ်းနည်းကြေကွဲ၊ နှမြောတသ ယူကြုံးမရစရာ နေ့ရက်များထဲမှ တစ်ခုဖြစ်ခဲ့ဖူးသည်။ ယူနီဖောင်းကို စွန့်လွှတ်ပြီးနောက် မိမိပိုင်ဆိုင်လာခဲ့ရသည့် အရပ်သားဘ၀သည် စိတ်လေလွင့်ခြင်းနှင့် စတင်ခဲ့သည်။ များမကြာမီ ပြည်သူများကြားထဲမှ အရပ်သားတစ်ယောက်ဖြစ်သော မိမိသည် မိမိနှင့်ဘ၀တူ အရပ်သားများနှင့် ယူနီဖောင်းဝတ်များအကြား အလွန်တရာခြားနားသည့် စည်းတစ်ခုရှိနေကြောင်း ထိတ်လန့်စွာ သဘောပေါက်လာခဲ့သည်။ အမိန့်အာဏာ၏ အောက်တွင် ထိတ်လန့်ခြင်းကင်းစွာ နေထိုင်ခဲ့သည့် မိမိသည် အမိန့်မရှိသောနေရာတွင် ထိတ်လန့်ခြင်းအပေါင်းနှင့် အသက်ရှင်ခဲ့ရသည်။
မကြာသေးမီကာလက မိမိခဏတာ နေထိုင်ခဲ့သည့် အရပ်တစ်ခုတွင် စစ်မှုထမ်းဟောင်းနှစ်ဦးရှိသည်။ နှစ်ဦးစလုံး ဒုက္ခိတများဖြစ်ကြပြီး တချိန်က အလွန်တိုက်ရည်ခိုက်ရည် ပြည့်ဝသည့် အခြားအဆင့် စစ်သားကောင်းကြီးများဖြစ်ကြောင်း သူတို့၏ပြောစကားများမှတဆင့် သိခဲ့ရသည်။ အသက်အကြီးဆုံး စစ်ပြန်ကြီးသည် တချိန်တခါ တရုတ်ဖြူကျူးကျော်စစ်တွင် မည်သူမျှမတိုက်တွန်းပဲ ဆန္ဒအလျောက် တပ်မတော်သို့ဝင်ရောက်၍ အထက်မြန်မာပြည်တိုက်ပွဲကြီးများတွင် ရွပ်ရွပ်ချွံချွံပါဝင်တိုက်ခိုက်ခဲ့သည့် သူရဲကောင်းမှတ်တမ်းဝင်တစ်ဦးဖြစ်သည်။ နောက်တစ်ယောက်မှာမူ ဗကပ၊ကရင်စသည့် တော်လှန်ရေးအဖွဲ့များနှင့် တိုက်ပွဲအလီလီဆင်နွှဲဖူးသည့် တပ်မတော်သားကြီးတစ်ဦးဖြစ်သည်။ အဆိုပါပုဂ္ဂိုလ်နှစ်ဦး၏ အတွေ့အကြုံများကို နားထောင်ရင်း မိမိတွင် ပြောစရာစကားများ ပျောက်ဆုံးခဲ့ရသည်။ တပ်မတော်အတွက် တိုက်ပွဲတစ်ပွဲမျှ ရင်ဆိုင်မတိုက်ခိုက်ခဲ့ဖူးသည့် မိမိ၏ တပ်မတော်သားဘ၀ကို ရှက်ရွံ့အားငယ်မိသည်။ ပထမစစ်ပြန်ကြီး၏ ဘ၀သည်ကား ခြေတစ်ဖက်ဆုံးရှုံးလင့်ကစား သူ့ဘ၀ကား အဖိုးတန်လှသည်။ မိမိ၏ သိမ်ငယ်မှုကို အဖိုးအို၏ခြေတုတစ်ဖက်က လှောင်ပြောင်နေသည်။ သို့သော် မိမိလူလားမြောက်သည့် အခါသမယတွင် ဖြစ်ပွားနေသည့် တိုက်ပွဲများသည် ပထမစစ်ပြန်ကြီး တိုက်ပွဲဝင်ခဲ့သည့် ပြည်ပကျူးကျော်စစ် မဟုတ်ချေ။ မိမိလက်တွင်း သွေးချင်းတိုင်းရင်းသားတို့၏ သွေးတစ်စက်မှ မစွန်းထင်းခဲ့ဖူးသည်ကို ဂုဏ်ယူရမည်လား။ တပ်မတော်သားတစ်ယောက်ဖြစ်ခွင့်ရခဲ့ပါလျှက် တိုက်ပွဲတစ်ပွဲမဆင်နွှဲဖူးခဲ့သည့် မိမိကိုယ်မိမိ သိမ်ငယ်ရှယ်ရွံ့ရမည်လား။ မဝေခွဲနိုင်ခဲ့ပေ။ထိုစဉ်က နယ်စပ်တလျှောက် တိုက်ပွဲသံတို့ကား ကမ္ဘာပျက်သကဲ့သို့ ဆူညံပွက်လောရိုက်လျှက် ရှိနေသည်။
လူတစ်ဦးတစ်ယောက်ချင်းစီသည် မည်သည့်အဖွဲ့အစည်းကိုမဆို ကိုယ်စားပြုနေစေကာမူ ထိုသူ၏ဗီဇစရိုက်အပေါ် မူတည်၍ ကောင်းခြင်း၊ဆိုးခြင်း အနည်းအများစီ ဒွန်တွဲနေမည်သာဖြစ်သည်။ သို့သော် နိုင်ငံနှင့်ချီသော စနစ်တစ်ခု၏အောက်တွင် အဆိုပါစနစ်၏ ကောင်းခြင်း၊ဆိုးခြင်းသည် လူအဖွဲ့အစည်းတစ်ခုလုံးအပေါ်တွင် သက်ရောက်နိုင်သည့်အတွက် တစ်ဦးတစ်ယောက်ချင်းစီ၏ ကိုယ်ပိုင်အရည်အသွေးများမှာ စနစ်၏၀ါးမျိုမှုကြောင့် ပီပြင်ထင်ရှားရန်ခက်ခဲလှသည်။ မမှန်ကန်သောစနစ်အောက်တွင် မှန်ကန်စွာနေထိုင်ကျင့်ကြံသူအဖို့ ထင်ပေါ်ရန်ခက်ခဲလှသည်။ ထိပ်ဆုံးရောက်ရန် ခက်ခဲလှသည်။ မြင့်ရာမှ နိမ့်ရာသို့ အဆန်မရှိ စီးဆင်းသည့် စနစ်ကို ကျင့်သုံးသော တပ်မတော်တွင် ထိပ်ဆုံးရှိ အမိန့်ပေးသော ပုဂ္ဂိုလ်အချို့၏ လူမဆန်သော အမိန့်အာဏာအောက်တွင် မှန်ကန်တည်တံ့စွာ ကျင့်ကြံလိုသူ လက်အောက်ငယ်သားများ အနေဖြင့် သစ္စာတရားနှင့် လူ့ကျင့်ဝတ်ကို မျက်စိမှိတ်၍ အလဲအလှယ်ပြုလုပ်ရသည့် အခါမျိုးလည်းရှိတတ်သည်။ မည်သို့ပင်ဆိုစေကာမူ ပြည်သူလူထု၏ အသက်၊အိုးအိမ်၊စည်းစိမ်ကို ထိခိုက်လာသည့်အခါ အစွယ်လိုသူ မိဖုရား၊ အသွားစေသူ မင်းဧက္ကရာဇ်၊ လေးပစ်သူ ဘုရားကျွန်တော်မျိုး၊ ကြံဖော်ကြံဖက် သုံးယောက်သားမှာ ကံကွက်ကျား၍ဟု စောဒကတက်သော် လူတိုင်းလက်ခံနိုင်မည် မဟုတ်ချေ။
ကမ္ဘာမီးလောင်သောအခါ အချင်းချင်း စည်းစောင့်ရန်ခက်ခဲပြီး သားကောင်ချနင်းရန် ၀န်မလေးသည့် အခြေအနေသို့ သက်ဆင်းကြရလေ၏။ ပြည်တွင်း၌ ဖိနှိပ်ညှင်းပန်းရက်စက်မှု အစုစုတို့ကို မခံစားနိုင်သည့်အဆုံး အသက်ခန္ဒာ တည်မြဲစေရန်အလို့ငှာ ပြည်ပသို့ထွက်ပြေး တိမ်းရှောင်ကြရသည့် အမျိုးကောင်းသားသမီး အပေါင်းတို့လည်း ရှိကြလေ၏။ အမုန်းတရားဖြင့်လိမ်းကျံအပ်သည့် ပတ်ဝန်းကျင်ဝယ် လူလားမြောက်ခဲ့ကြသည့် အဆိုပါပုဂ္ဂိုလ်အချို့၏ စိတ်သဏ္ဍန်အတွင်း ဗြဟ္မစိုရ်တရားတို့ ကိန်းအောင်းရန်မလွယ်ကူ၊ အတ္တနှင့် သံသယတို့ ရှေ့ဆောင်သောအခါ ဇာတ်တူသားချင်း သတ်စားကြလေတော့သည်။ စနစ်ကိုအမုန်းကြီးမုန်းသောအခါ နိုင်ငံချစ်စိတ်တို့ပါ ခန်းခြောက်၍ တချို့တချို့သော ပုဂ္ဂိုလ်တို့မှာ စစ်ကျွန်ဘ၀မှ တပါးကျွန်ဘ၀သို့ ရောက်ကြလေ၏။
ယနေ့ခေတ်အခါသမယတွင် နိုင်ငံချစ်စိတ်ထက် အဖွဲ့အစည်းကို ချစ်စိတ် ပိုမိုထက်သန်များပြားနေသည့် ပုဂ္ဂိုလ်အချို့ကို တပ်မတော် အပါအ၀င် အဖွဲ့အစည်းတိုင်းလိုလိုတွင် တွေ့မြင်နေရသည်။ တစ်ဖွဲ့နှင့်တစ်ဖွဲ့ကြားတွင် အမုန်းတရားတည်းဟူသော အသူတစ်ရာနက်သည့် ချောက်ကမ်းပါးတစ်ခုတည်ရှိ၏။ မည်သို့မည်ပုံ ပေါင်းကူးဆက်သွယ်ကြမည်နည်း။ တစ်ချိန်တခါက မေတ္တာအပြည့်ဖြင့် ပြည်သူ့ရင်ငွေ့တွင် ခိုလှုံခဲ့သည့် ပြည်သူ့တပ်မတော်အဖြစ်သို့ ရောက်အောင် မည်သည့်ဖက်မှ စတင်လက်ကမ်းပါမည်နည်း။
                                                                                            မြတ်သိန်းထွန်း(၂၇.၃.၂၀၁၂)
                                                                                        တပ်မတော်နေ့ အမှတ်တရ ရသစာတမ်း
Unknown at 3:25 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

ဒို့တာဝန်အရေး(၃)ပါး အမြဲဦးထိပ်ထားသော အမောင်တပ်မတော်သားသို့

ဒေါ်အောင်ဆန်းစုကြည်အပေါ် တပ်မတော်သားတစ်ဦး၏ ရိုးရှင်းပွင့်လင်းသောအမြင် အပိုင်း(၁) အား ဆွေးနွေးဝေဖန်ခြင်း (စာရေးသူဟာ တပ်မတော်သားလို့ အမည်ခံထားပေမဲ့ သူ့ရေးသားချက်တွေမှာ နိုင်ငံရေးသမား ဟန်တွေ ကဲနေပါတယ်)
ရင်သွေးငယ်တစ်ဦး အရွယ်မရောက်ခင်မှာ လင်မယားနှစ်ဦး ကတောက်ကဆဖြစ်ရာက အချင်းများရန်ဖြစ် ကြတယ်။ ဘယ်လိုမှ အတူနေလို့မဖြစ်တော့တဲ့အဆုံး လမ်းခွဲကြတယ်။ ဒါမှမဟုတ် တဦးဦးက အိမ်ထောင့် အရေးအရာမှန်သမျှကို လုံးဝချုပ်ကိုင်လိုက်ပြီး နောက်တဦးမှာ ထားရာနေ စေရာသွားအပယ်ခံ ဘဝကို ရောက်ရတယ်။
သူတို့မွေးထားတဲ့ ရင်သွေးလေး အရွယ်ရောက်လူလားမြောက်တဲ့အခါ ပညာမပြည့်စုံ၊ ဥစ္စာကင်းမဲ့၊ လူရာမဝင်တဲ့ အဖြစ်ကိုရောက်နေတယ်ဆိုပါစို့။ အဲဒီအချိန်မှာမှ ရင်သွေးငယ်ရဲ့ ဘဝနောင်ရေး ကောင်းဖို့ လင်မယားပြန်ပေါင်းထုပ်ဖို့ ကြိုးစားကြတယ်။ ဒါပေမဲ့ ကလေးဒီဘဝကိုရောက်ခဲ့ရတာ ဘယ်သူ့ ကြောင့်လဲ ဘယ်သူ့မှာ တာဝန်ရှိလဲ အငြင်းပွားကြပြန်တယ်။ ပြဿနာကို မြင်သာအောင် ဒီလိုဥပမာပြု ကြည့်လိုက်ချင်တယ်...
ဆိုပါစို့.. ကလေးကိုပိုင်ဆိုင်ရယူလိုက်သူဟာ ဖခင်ဖြစ်တယ်။ ဒါမှမဟုတ် ဖခင်က အိမ်ထောင်မှုကိစ္စအားလုံးကို ချုပ်ကိုင်ခွင့်ရလိုက်တယ်။
ကျနော့်အမြင်ကတော့ ကလေးလူစဉ်မမီဖြစ်သွားရတဲ့ကိစ္စ၊ သူများထက်အောက်တန်းနောက်တန်းရောက်ရတဲ့ ကိစ္စမှာ သူ့ကိုအဓိက ထိန်းကျောင်းလမ်းညွှန်နိုင်သူ နေရာကိုရခဲ့တဲ့ ဖခင်မှာ ပိုပြီးတာဝန်ရှိတယ်။ အဲဒါကို သူ့အမေက မိခင်ကောင်းမပီသလို့ သားအပေါ်မှာ မိခင်တာဝန်တွေမကျေခဲ့လို့ ကျနော်သာ အဖေ ကျနော်သာ အမေ တာဝန်ယူခဲ့ရတဲ့ကာလမှာ အခက်အခဲတွေ အများကြီးရှိပါတယ်။ ကျနော့်ကို စာနာနားလည်ပေးပါလို့ ပြောလာရင် အဲဒီလူဟာ ယောက်ျားမပီသတာပဲ။ ကိုယ့်စိတ်တိုင်းကျ ကိုယ်လုပ်ချင်တာတွေ လုပ်ခဲ့ပြီး မအောင်မြင်မှုတွေနဲ့ ကြုံရမှ ကိုယ်အသုံးမကျခဲ့တာကို ပြည်ဖုံးကားချဖို့ ကြိုးစားတာ ကောင်းသလား။ ဒါတာဝန် ယူစိတ်မဲ့တာပဲ။
ကလေးကို ချစ်တယ်မချစ်ဘူးဆိုတာက ပုဂ္ဂလိက ခံစားချက်စိတ်သက်သက်ပဲ။ ဘာပေတံနဲ့မှ တိုင်းလို့မရဘူး။ ပါးစပ်ရှိရင်ပြောလို့ရတယ်။ ဒါပေမဲ့ ကလေးဘဝတိုးတက်အောင် မိသားစုဘဝငြိမ်းချမ်းပျော်ရွှင်အောင် ဘယ်လောက်စွမ်းဆောင်နိုင်သလဲဆိုတဲ့ အရည်အသွေးကတော့ ညာလို့မရအောင် ပေါ်လွင်တယ်။ မိန်းမကို ကြည့်မရလို့ သူနဲ့ရတဲ့ကလေးကို ပစ်ထားလို့ရတာမှ မဟုတ်တာ။ ကိုယ့်ရင်သွေးလေ။ တစ်အိမ်တည်းမှာ အတူနေပြီး လင်မယားနှစ်ယောက် စကားမပြောကြပေမဲ့ မိသားစုစီးပွားရေးတောင့်တင်းပြီး သားသမီးတွေ ပညာပြည့်စုံအောင်သင်ကြားပေးနိုင်တဲ့ မိဘတွေ၊ လင်မယားကွာရှင်းပြီး ကိုယ်နဲ့ပါလာတဲ့ သားသမီးကို လူတလုံးသူတလုံးဖြစ်လာအောင် မြေတောင် မြှောက်ပေးနိုင်တဲ့ မိဘတွေ လောကမှာ ဒုနဲ့ဒေး မမြင်ချင်မှ အဆုံးပါ။ အကယ်၍ မိခင်က သားသမီးကို ပိုင်ဆိုင်ခွင့်ရတယ် ဆိုရင်လည်း ဒီအတိုင်းပဲတာဝန်ရှိပါတယ်။ (မိခင်ကို ပါတီစုံ ဒီမိုကရေစီခေတ်၊ ဖခင်ကို စစ်ခေါင်းဆောင်များ အုပ်စိုးသောခေတ် နေရာမှာထားပြီး ကြည့်လိုက်ပါ)
ဒါပေမဲ့ ပြဿနာက ဒီမှာတင်မပြီးသေးဘူး။ ကလေးက သေသွားတာမှမဟုတ်သေးတာ။ ဒီတော့ သူ့ဘဝရှေ့ရေး အတွက် ဆက်လုပ်ရမှာတွေက ရှိနေသေးတယ်။ ဖခင်ဖြစ်သူက ကိုယ်မှားယွင်းအားနဲခဲ့တာကို ပွင့်ပွင့်လင်းလင်း ဝန်ခံပြီး ကလေးနဲ့မိသားစုအပေါ်ထားတဲ့ စေတနာကို ပြောင်းလဲပစ်ရမယ်။ မိခင်ဖြစ်သူကလည်း မိမိရဲ့ ခင်ပွန်း သည်အပေါ်မှာ အမြင်ကြည်ကြည်လင်လင်ထားပြီး နားလည်ခွင့်လွှတ်ပေးနိုင်ဖို့လိုပါတယ်။ အားကိုးနိုင်တဲ့ အိမ်ထောင်ဦးစီးတဦးအဖြစ် လက်ခံအသိအမှတ်ပြုနိုင်ရမယ်။ မိဘနှစ်ဦး အဆင်ပြေပြေ ပြန်ပေါင်းထုပ်နိုင်မှ သားသမီး စိတ်ချမ်းသာမယ်။ သိမ်ငယ်စိတ်တွေ တဖြည်းဖြည်း လျော့ပါး လာပြီး အားမာန်တက်ကြွလာမယ်။ ဘဝကိုရင်ဆိုင်ရဲတဲ့စိတ်တွေ နိုးကြားလာမယ်။ မိသားစုဘဝလည်း သာယာ စိုပြေငြိမ်းချမ်းတဲ့ အဖြစ်ကို ပြန်လည်ရယူခံစားနိုင်လာမယ်။
မြန်မာပြည်ရဲ့ ပြဿနာက အဲဒီအတိုင်းပါပဲ။ “ပါလီမန်ဒီမိုကရေစီစနစ်မှာ ပျော့ကွက်ဟာကွက်တွေရှိတယ်။ နိုင်ငံရေးသမားတွေအချင်းချင်း နေရာလု၊ အုပ်စုဖွဲ့တယ်။ နောက်ဆုံး လူမျိုးစုအရေးတွေနဲ့ မနိုင်မနင်းဖြစ်လာပြီး အချုပ်အခြာ အာဏာပြိုကွဲတော့မယ့်ဆဲဆဲ တိုင်းပြည်ခြောက်ကမ္ဘားထဲကျဖို့ လက်တလုံးအလိုမှာ တပ်မတော် က မဖြစ်မနေ ကယ်တင်လိုက်ရပါတယ်” ယုတ္တိအကြောင်းပြချက်နဲ့ ၁၉၆၂ ကစပြီး စစ်ခေါင်းဆောင်ကြီးတွေ တိုင်းပြည်အာဏာအရပ်ရပ်ကို စိတ်တိုင်းကျ စီမံခန့်ခွဲလိုက်တာ  ၁၉၈၇ အရောက်မှာ မြန်မာပြည် LDC ဖြစ် သွားတယ်။ ဘယ်သူ့ကိုအဖြစ်တင်မလဲ။ အဲဒီကာလတလျှောက် ဘယ်သူပုန်သူကန်ကမှ တိုင်းပြည်အာဏာကို တရက်ကလေးတောင် စီမံခန့်ခွဲခွင့် မရခဲ့ပါလား။ မဆလခေတ် ကမ္ဘာ့ဆန်ဈေးကွက်မှာ ဈေးကောင်းဘယ် လောက်ရရ လယ်သမားတွေဆီက စပါးကို တတင်း ၉ ကျပ်ဈေးနဲ့ပုံသေ ကြိုးချည်ပြီးဝယ်ခဲ့တယ်။ လယ်သမား တွေ ဘဝမြှင့်တင်ရေးကို ဘာတွေများ လုပ်ပေးခဲ့ပါသလဲ။ မဆလ၊ နဝတ၊ နအဖ ခေတ်တလျှောက် လယ်မဲ့ယာမဲ့ အခြေအနေမဲ့ ဖြစ်ပြီး ထောင်နန်းစံခဲ့ရတဲ့ လယ်သမားတွေ အများကြီး။
၈၈ ဒီဘက်ပိုင်းကိုရောက်တော့ ပြည်သူလူထုအခြေအနေပိုဆိုးလာတယ်။ မပီမပြင် နာမည်ခံ ဈေးကွက် စီးပွားရေး လမ်းကြောင်းပေါ်မှာ အာဏာလက်ကိုင်ရှိထားတဲ့ ဗိုလ်ချုပ်ကြီးတစုရဲ့မိသားစုတွေ၊ အာဏာပိုင်တွေ နဲ့ ပနံစားတဲ့ ခေတ်ပျက်စီးပွားရေးလုပ်ငန်းရှင်တွေ ကျိကျိတက်သဌေးဖြစ်လာကြတယ်။ ပြည်သူတွေဘဝ တနေ့လုပ်လို့ တနေ့စာထမင်းမဝတဲ့ အခြေအနေဆိုက်လာတယ်။ အဲဒါတိုးတက်မှုလား။
တပ်မတော်အပါအဝင် ဝန်ထမ်းဌာနတွေ အကြီးအကျယ် အကျင့်ပျက်ခြစားတာ နဝတ၊ နအဖ ခေတ်မှာပါ။ ကျနော်တို့ တပ်ထဲရောက်တော့ စီနီယာကျတဲ့ဆရာတွေ (၁၉၈၀ ဝန်းကျင်မှာ တပ်ထဲဝင်လာသူတွေ) ကပြော ပါတယ်။ “ငါတို့တပ်ထဲရောက်စတုန်းက စက်မှုလက်မှုတပ်က ဂိုဒေါင်ထဲမှာ ကျောက်မီးသွေးတွေအပြည့်၊ ပစ္စည်းထိန်းတပ်မှာ သင်္ဘောအစိပ်အပိုင်းစက်ပစ္စည်းတွေ၊ ပင်မလက်နက်ခဲယမ်းတပ်မှာ အမြောက်ကျည်ဆံခွံ တွေ ဒီအတိုင်း ပစ်ထားတာ ဘယ်သူမှ ခိုးမရောင်းဘူး” တဲ့။
ခုနောက်ပိုင်း တပ်ထဲဝင်လာသူတွေက အရင်လူတွေထက် အကျင့်စာရိတ္တယုတ်ညံ့လို့များ သံချေးတုံးကအစ ခိုးရောင်းစားနေကြတာလား။ တပ်မိသားစုတွေရိက္ခာ ထုတ်တဲ့နေရာမှာ ဘေးမှာထိုင်ပြီး ကိုယ်တိုင်ကြီးကြပ် ထုတ်ပေးနေတဲ့ တပ်မှူးတချို့ကိုရော ဟိုးအရင်က ကြုံခဲ့ဖူးပါသလား။ အခွင့်အရေးကို အဆင့်ဆင့် ရသလောက် စစ်ထုတ်ယူနေတော့ အောက်ဆုံးရောက်လေ ပိုငတ်လေ။ ရရာကို ခိုးဝှက်ရောင်းတဲ့ အဆင့်ဖြစ်လာကြတာ မဆန်းပါ။ တချို့လူ့ကျင့်ဝတ်တန်ဖိုးထားသူတွေပြောသလို “အူမ မတောင့်လည်း သီလစောင့်နိုင်ရမယ်” ဆိုတဲ့ စကားကိုတော့ လူများစု လိုက်နာနိုင်မယ်မထင်ပါ။ ကျနော့် ကိုယ်တွေ့ပြောရရင် လင်မယားနှစ်ယောက်တည်း ရှိစဉ်က ဘယ်ဆွေမျိုးညီအကိုမောင်နှမဆီကမှ အကူအညီမယူဘဲ ကိုယ့်သတ္တိနဲ့ကိုယ် ရုန်းကန်ခဲ့ပါတယ်။ ဒါပေမဲ့ သားသမီးတွေရလာချိန်မှာ သူများကလေး မုန့်စားနေတာကို ကိုယ့်ကလေးက ငေးကြည့်နေတာ မြင်ရရင်ပဲ ရင်ထဲမှာ မီးစနဲ့ထိုးသလို ပူလောင်ခံစားရပါတယ်။ တပ်ကရတဲ့လစာနဲ့ မလုံလောက်လို့ ကျနော်တို့စစ်သားတွေ အပြင်မှာ ကိုယ့်နည်းကိုယ့်ဟန်နဲ့ ဖြေရှင်းခဲ့ရတာတွေ အများကြီးပါ။ ဝန်ထမ်းတွေ အကျင့်ပျက်အောင် တွန်းပို့ ခဲ့တာ ဘယ်သူတွေလဲ။ အဲဒီလိုအချိန်မျိုးမှာ စစ်သားတွေ ဝယ်မစားနိုင်တဲ့ မုန့်မျိုးကို အရာရှိကြီးတဦးရဲ့အိမ်မှာ မွေးထားတဲ့ ခွေးတောင်မစားဘူး ဆိုတဲ့ သတင်းစကားတွေကိုလည်း နားနဲ့မဆန့် အောင် ကြားခဲ့ရပါတယ်။ အရာရှိငယ်အများစုရဲ့ဘဝတွေလည်း ရဲဘော်တွေဘဝနဲ့ သိပ်မထူးလှပါ။
စစ်တပ်ရဲ့ အောက်ခြေ ပိုင်းကလူတွေဟာ ပြည်သူလူထုနည်းတူ ငတ်ပြတ်ဆင်းရဲနေရပေမယ့် ပြည်သူလူထုရဲ့ အားကိုးယုံကြည်မှုကို မခံရဘဲ အထက်ကခိုင်းသမျှလုပ်နေရတာ မမြင်လို့လား။ စစ်တပ်ထဲမှာ စေတနာ သန့်သန့်နဲ့ တိုင်းပြည် ကောင်းကျိုး သယ်ပိုးချင်သူတွေ အများအပြားရှိနေတယ်ဆိုတာ ကျနော်ကိုယ်တိုင် စစ်မှုထမ်းမို့  သေချာသိပါတယ်။ ဒါပေမဲ့ အဲဒီလိုလူမျိုးတွေ အာဏာချုပ်ကိုင်ခွင့်မရအောင် ဖန်တီးထားတဲ့ စစ်အုပ်ချုပ်ရေးယန္တရားကိုမြင်အောင် ကြည့်ပါအုံး။ ဒုဗိုလ်မှူးကြီးအဆင့်တိုးမြှင့်ပေးတော့မယ်ဆိုရင် စွမ်းရည်နဲ့ မသက်ဆိုင်တဲ့ ဖော်ရှိုးလုပ်ငန်းဖော်ဆောင်မှုတွေလုပ်ခိုင်းပြီး အမိန့်နာခံမှု ရှိမရှိ အမျိုးမျိုးစမ်းသပ်ပြီးမှ ရာထူး တိုးပေး တဲ့ခေတ်။
ခုချိန်မှာ အဖက်ဖက်က အကြပ်အတည်းတွေ့လာတာ။ မူလရည်ရွယ်ထားတဲ့ လမ်းကြောင်းအတိုင်း သွားလို့ မဖြစ်တော့တာကို လက်တွေ့သိမြင်လာတာ။ ဒါပေမဲ့ သိတယ်မို့လား နှစ်ပေါင်းများစွာ အောင်နိုင်သူနေရာမှာ ရခဲ့သူတွေရဲ့ ထုံးစံအတိုင်း အထက်စီးကနေပြောင်းလဲပေးချင်တယ်။ ငါတို့ကြောင့်ပြောင်းလဲရတာ ဆိုပြီး ပနာယူချင်နေတုန်း။ တဖက်ကလည်း ကိုယ့်ချွေးနဲစာမဟုတ်တဲ့ ခိုးရာပါ တိုက်ရာပါပစ္စည်းလေးတွေ ပါသွားမှာကို စိုးရိမ်နေကြတယ်။ လူဆိုတာ ကိုယ့်သိက္ခာကိုယ်သိတယ်ဗျ။ အခု အစိုးရအတွင်းမှာ ပြုပြင်ပြောင်းလဲရေး အတွက် စိတ်အားထက်သန်သူတွေ ရှိနေသလို ဈေးဆစ်သူတွေလည်း ရှိနေတာ အထင်အရှားပဲလေ။
တပ်မတော်မှာ မျိုးဆက်အလိုက် တာဝန်ကျေသင့်တယ်။ တိုင်းပြည်ကိုထင်သလိုစီမံခန့်ခွဲပြီး ပြည်သူလူထုကို ဆင်းရဲတွင်းထဲတွန်းချခဲ့တာ တပ်မတော် ရှေ့မျိုးဆက်တွေရဲ့လုပ်ရပ်ပဲ။ ဒါတောင်အားလုံးသော ဗိုလ်ချုပ်တွေ လုပ်ခဲ့တာတော့ မဟုတ်ပါဘူး။ လူတဦးချင်းနဲ့ အဖွဲ့အစည်းအတွင်းမှာရှိတဲ့ မတူခြားနားမှုလေးတွေကိုလည်း သတိပြုစဉ်းစားကြရမှာပါ။ လက်ရှိလူငယ်မျိုးဆက်မှာ တာဝန်မရှိပါ။ ဒါကြောင့် ရှေ့မျိုးဆက်က လူကောင်းတွေနဲ့ လက်ရှိမျိုးဆက်လူငယ်တွေဟာ လမ်းကြောင်းဟောင်းကနေ ရဲရဲတင်းတင်း ခွဲထွက်နိုင်ဖို့ လိုပါတယ်။ သူတို့ခေတ်က မကောင်းတဲ့အမွေဆိုးတွေကို ဒီမှာပဲ ထားရစ်ခဲ့ရမယ်။
ဒါပေမဲ့ လက်ရှိအရာရှိငယ်တချို့ဟာ တပ်မတော်ခေါင်းဆောင်တွေအားလုံး အစဉ်တစိုက် မှန်ကန်ခဲ့တယ်လို့ ရပ်တည် ပြောဆိုနေတာကို ကျနော်နားမလည်နိုင်ပါ။ မျက်မှန်စိမ်းအတပ်ခံရတယ်လို့ ပြောရင်လည်း သူတို့ကြိုက်မှာ မဟုတ်ပါ။ တပ်မတော်က ကောင်းပါတယ်၊ အာဏာချုပ်ကိုင်ခွင့်ရတဲ့ ဗိုလ်ချုပ်ကြီးတချို့ မကောင်းလို့ တိုင်းပြည် ခုလောက် အခြေအနေဆိုးပြီး တပ်မတော်သားတွေလည်း နာမည်ပျက်နေရတာ။
တကယ်တော့ တိုင်းပြည်အာဏာကို ချုပ်ကိုင်ခွင့်ရထားတဲ့ ဗိုလ်ချုပ်ကြီးတစုဟာ တပ်မတော်ရဲ့ အားသာချက်ကို အခွင့်ကောင်းယူပြီး သူတို့အကျိုးစီးပွားနဲ့ အာဏာတည်မြဲဖို့ အမျိုးမျိုးလှည့်ပတ်ဝါဒဖြန့်နေတာပါ။ သူတို့မှာ အစွဲမရှိတာမှန်ပါတယ်။ သူတို့အကျိုးစီးပွားကို အကာအကွယ်ပြုပေးနိုင်မယ့် ဘယ်နိုင်ငံကြီးကိုမဆို ရိုရိုကျိုးကျိုး ဆက်ဆံဖို့လည်း ဝန်မလေးပါ။ ဒါကြောင့်မို့လည်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မြန်မာပြည်လာတာကို မသိ ကျိုးကျွံပြုခဲ့တဲ့ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ အမေရိကန် အထက်လွှတ်တော်အမတ် ဂျင်ဝပ် လာတော့ ရာဇအိနြေ္ဒ မထိန်းနိုင်ဘဲ ဧည့်လဲပျူငှာ မျက်နှာချိုသွေးခဲ့တာဟာ အမျိုးဂုဏ်ဇာတိဂုဏ်ပြတာမဟုတ်ကြောင်း ထင်ရှားပါ တယ်။ စစ်ခေါင်းဆောင်တွေ အုပ်စိုးတဲ့ကာလတလျှောက် တရုတ်ဆန့်ကျင်လိုက် အမေရိကန်ဆန့်ကျင်လိုက်နဲ့ သံတမန်ရေးနည်းပရိယာယ်အမျိုးမျိုး ပြောင်းပြီး အာဏာတည်မြဲအောင် အုပ်ချုပ်နိုင်ခဲ့တဲ့ အရည်အချင်းကို လေးစားပါတယ်။ ဒါပေမဲ့ ပြည်သူအတွက်မဖြစ်ခဲ့တာကိုတော့ စက်ဆုပ်ရွံရှာမိတာ အမှန်ပါ။
ဒီတော့ လက်ရှိအချိန်မှာ မြန်မာပြည်အပြောင်းအလဲအတွက် အနောက်ကမ္ဘာရဲ့အကူအညီတွေ လိုအပ်နေချိန် မြန်မာပြည်သူလူထု၊ အနောက်ကမ္ဘာအပါအဝင် ကမ္ဘာ့နိုင်ငံအများစုကပါ အားပေးထောက်ခံနေတဲ့ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို ဝေဖန်တိုက်ခိုက်မှု ပြုနေတာ မသင့်တော်လှပါ။
နောက်တခုက လွှတ်တော်အတွင်းမှာ တပ်မတော်သားကိုယ်စားလှယ် ၂၅ ရာခိုင်နှုန်းပါဝင်နေတဲ့ ကိစ္စကို ဘဝင်မကျပြောဆိုသံတွေဟာလည်း လွှတ်တော်ပြင်ပအင်အားစုတွေ အကြားမှာကျယ်လောင်နေတာကို သတိပြုမိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး “တမတ်သား နှစ်ဆယ့်ငါးပြား” ခေါင်းစဉ်နဲ့ ကျနော့်သဘောထားကို တင်ပြပြီးပါပြီ။
လက်ရှိမြန်မာ့နိုင်ငံရေးအပြောင်းအလဲမှာ တပ်မတော်က အရေးပါတဲ့အင်အားစုနေရာမှာ ရှိနေဆဲ ဖြစ်တာကို မေ့ထားလို့မရပါ။ လွှတ်တော်ထဲမှာ ရောက်နေတဲ့ တပ်မတော်သားကိုယ်စားလှယ်တွေဟာ မျိုးဆက်သစ် တပ်မတော်သားတွေ များပါတယ်။ သူတို့ကို နောက်ကွယ်က လုံးဝချုပ်ကိုင်ထားတယ်လို့ မြင်နေမယ့် အစား သူတို့နဲ့ထိတွေ့ရတဲ့ကာလအတွင်းမှာ ရနိုင်သလောက်ယုံကြည်မှုတည်ဆောက်နိုင်ရင် ပိုကောင်းပါတယ်။ စစ်သားတွေဟာ လူသားစက်ရုပ်တွေ မဟုတ်တဲ့အကြောင်း ထိတွေ့ဆက်ဆံကြည့်တဲ့အခါ လက်တွေ့သိမြင် လာပါလိမ့်မယ်။
ကဲ ကျနော့်သဘာထားတွေကိုလည်း အားမနာတမ်း ပွင့်ပွင့်လင်းလင်း ဝေဖန်နိုင်ပါတယ်....

နေမင်းသူ
၂၇ မတ် ၂၀၁၂
Unknown at 3:10 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.