Wednesday, February 29, 2012

၅၀၀၀ တန်ဖုန်းကဒ်ရရှိရေး လူတစ်သောင်းကျော်နှင့် ပါတီအချို့၏ လက်မှတ်များ သမ္မတထံတင်ပို


ရန်ကုန်တိုင်းဒေသကြီး အင်းစိန်မြို့ နယ်ရှိ ရွှေလက်ချောင်းသာရေး ကူညီမှုအဖွဲ့မှ ဦးစီး၍ ၅၀၀၀ တန် ဖုန်းကဒ်ရရှိရေးအတွက် လူထု တစ်သောင်းကျော်နှင့် ပါတီအချို့ ၏ ထောက်ခံလက်မှတ်များကို မြန်မာနိုင်ငံတော်သမ္မတဦးသိန်းစိန်ထံ တင်ပို့ရာ ပြည် သူ့လွှတ်တော်သို့ ဖေဖော်ဝါရီ ၂၈ ရက်နေ့တွင် ရောက်ရှိခဲ့ကြောင် ရွှေ လက်ချောင်း သာရေးကူညီမှုအဖွဲ့ဥက္ကဋ္ဌဦးဗအုပ်ခိုင်Weekly Express Times သို့ ပြောကြားသည်။

အဆိုပါလက်မှတ်တစ်သောင်း ကျော်တွင် တပ်မတော်သားများ၊ တပ်မတော်ရေတပ်ဖွဲ့ဝင်များ၊ စစ် အင်ဂျင်နီယာများ၊ ဆရာ၊ ဆရာမ များ၊ ဆရာဝန်များ၊ ဆက်သွယ်ရေး ၀န်ထမ်းများ အပါအ၀င်အခြား ၀န် ထမ်းများ၊ လူတန်းစားအသီးသီးတို့ ပါဝင်ပြီး တိုင်းရင်းသားစည်းလုံး ညီ ညွတ်ရေးပါတီ၊ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ၊ အမျိုးသားဒီမိုကရေစီပါတီသစ်၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ အမျိုးသားဒီမိုကရေစီ အင်အားစုတို့ ပါဝင်လက်မှတ်ထိုးထားကြောင်း၊ ယခုအခါတွင်လည်းဒေသအသီးသီးရှိ ပြည်သူများဆီမှ လက်မှတ်များ ဆက်လက်ရောက် ရှိနေရာ ယင်းလက်မှတ်များကိုလည်း လွှတ်တော်သို့ တင်ပို့ပေးမည်ဖြစ်ကြောင်း၎င်းက ဆိုသည်။

ရွှေလက်ချောင်း သာရေးကူညီ မှုအသင်း၏ ၅၀၀၀ တန်ဖုန်းရရှိ ရေးရည်ရွယ် ချက်မှာ နိုင်ငံတကာ နှင့် ဒေသတွင်းနိုင်ငံများ နီးတူမြန်မာနိုင်ငံတွင်လည်း သက်သာသည့် နှုန်းထားများနှင့် တွဲဖက်၍ ဒေသတွင်းရှိ လူတိုင်းဖုန်းကိုင်နိုင်ရန်၊ ဆက်သွယ်ရေးလွယ်ကူစေ ရန်၊ ဈေးကွက်စီးပွားရေးစနစ်ပီပြင်စွာ ဖြစ်ပေါ်လာရန်တို့ကို ရည်ရွယ်၍ ဆောင်ရွက်ချင်းဖြစ်ကြောင်း အထက်ပါပုဂ်္ဂိုလ်ကရှင်းပြသည်။

၂၀၁၂ ခုနှစ်ကြားဖြတ်းရွေး ကောက်ပွဲတွင် ၀င်ရောက်အရွေးချယ် ခံရမည့် အမျိုးသားဒီမိုကရက်တစ်ပါတီသစ်မှ ကိုယ်စားလှယ်လောင်း ဦးရသ၏ ရွေးကောက်ပွဲဝင်ရခြင်းအရေး (၁၂) ချက်တွင်လည်း ပြည်သူများအတွင်းဆက်သွယ်ရေးဖွံ့ဖြိုးစေရန် “လူတစ်ယောက်လျှင် ဖုန်းတစ်လုံး”၊ “အိမ်ထောင်တစ်စုတစ်ခုလျှင် ကွန် ပျူတာတစ်ခုလုံး” ခေတ်သို့ချီတက်ရေးဆိုသည့်အချက်ပါဝင်ကြောင်း၊ ၅၀၀၀ တန်ဖုန်းရရှိရေးကိုလည်း ရွှေ လက်ချောင်း သာရေးကူညီမှုအသင်း နှင့် ပူးပေါင်း၍ လွှတ်တော်သို့တင်သွင်းမည်ဖြစ်ကြောင်း ဦရသက ဆို သည်။

ရွှေလက်ချောင်း သာရေးကူညီမှု အသင်းသည် ၂၀၁၀ မေလမှစ၍ စတင်ဖွဲ့သည်းခဲ့ကြောင်း အဆိုပါ အသင်းမှ စုံစမ်းသိရသည်။
 Weekly Express Times
Unknown at 4:44 PM
Share

1 comment:

  1. kyaw soe winMarch 19, 2012 at 4:53 PM

    ကောင်းပါတယ် ပြည်သူအားလုံးအသုံးပြုနိုင်တာ
    ဒါဖြစ်သင့်ပါတယ် ဆက်ပြီး တယ်ကယ်ဖြစ်အောင် ကြိုးစားကြပါ

    ReplyDelete
    Replies
      Reply
Add comment
Load more...

Thank you Visit my bloge

‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.