Sunday, December 25, 2011

DDR 2 - DDR 3 နှင့် RAM များအကြောင်း ( E-Book )

ကျွန်တော်သူငယ်ချင်းက မန်မိုရီ DDR 2 လိုချင်ပါတယ်ဆိုပြီး ပြောပါတယ်။
သူငယ်ချင်းတွေစုပြီးစပ်မိစပ်ရာပြောကြရင်းနဲ့ မန်မိုရီ အကြောင်းပါလာပြန်ရော
DDR2, DDR 3 တွေအကြောင်းကို ဟိုကတစ်မျိုး ဒီကတစ်ဖုံပြောကြရင်း
အင်တာနက်မှာရှာကြည့်ကြတယ်။ ရှာကြည့်လို့တွေ့တာလေးကို ပြန်လည် မျှဝေလိုက်ပါတယ်။

 
ကျွန်တော့်ကို အကိုတစ်ယောက် စီဘောက်မှာ Ram အကြောင်းသိချင်လို့ပါ ဆိုပြီး တောင်းဆို ခဲ့တာ ရှိပါတယ် .. ကျွန်တော် လေလာချင်တဲ့ သူလည်း အဆင်ပြေအောင် မြန်မာမိသားစု မှာ  ကိုကျော်သန့်ဇင် ရေးထားတဲ့ Navigating The RAM Maze ဆိုတဲ့ E-Book လေးတင်ပေးလိုက်ပါတယ် .. ဒီစာအုပ်လေးကို ဖတ်လိုက်တာနဲ့ Random Access Memory ဆိုတာဘာလည်း ဆိုတာကို ဥပမာ လေးတွေနဲ့ ရှင်းပြပေးထားတာတွေ ပြီးရင် DDR 2 နဲ့ DDR 3 ရဲ့ကွားခြားချက်တွေ စွမ်းဆောင်ရည်တွေနဲ့ ကန့်သတ်ချက်တွေကို အလွယ်တကူ သိရှိသွားနိုင်မှာ ဖြစ်ပါတယ် .. လေ့လာသင့်တဲ့ အကြောင်းအရာ တစ်ခုပဲဖြစ်ပါတယ် .. အောက်မှာ ကျွန်တော် ဒေါင်းလော့ ချရတာ အဆင်ပြေအောင် သုံးနေရာ ခွဲပြီး တင်ပေးထားပါတယ် .. အဆင်ပြေတဲ့ လင့်ကနေသာ ဒေါင်းလော့ချသွားလိုက်ပါ .. 
 
 
Download   From   Ifile.it

Download   From   Ziddu

Download   From   Mediafire
အားလုံးပဲအဆင်ပြေကြပါစေ ... ကျေးဇူးတင်ပါတယ်ခင်ဗျာ ..
Unknown at 9:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Windows XP professional SP3 32-bit Black edition 2011.12.22

ဒါလေးကတော့ ကျွန်တော်တို့ 22.12.2011 ကထွက်တဲ့ Window XP ရဲ့ Black Edition လေးဖြစ်ပါတယ်။ XP သုံးနေသူများအတွက်အဆင်ပြေအောင် လည်းတစ်ခုတည်း တင်ပေးလိုက်ပါတယ်။ ကျွန်တော်တင်ရတာလည်း အဆင်ပြေအောင် Ifile.it တစ်နေရာကပဲ တင်ပေးထားပါတယ်။ နောက်ထပ် Window XP SP 3 ရိုးရိုးရဲ့ ၄ လစာ တစ်လခြင်းထွက်တဲ့ အခွေတွေကိုလည်း ကျွန်တော်တစ်ခါတည်း ဒီမှာစုပြီး တင်ပေးလိုက်ပါပြီ။ ဖိုင်ဆိုဒ်တွေကတော့ 600 MB ကျော်ကျော်တွေပဲရှိပါတယ်။ နောက်ကိုလည်း ကျွန်တော် လအလိုက်ထပ်ထွက်လာတဲ့ Window ခွေလေးတွေကို တင်တင်ပေးသွားပါ့မယ်။ အခုလောလောဆယ်တော့ ကျွန်တော်အောက်မှာ လအလိုက် ခွဲတင်ပေးထားပါတယ်။ အဆင်ပြေမယ့်လင့်ခ် လေးတွေကနေသာ ယူသွားလိုက်ပါဗျာ။
ပထမဆုံးတစ်ခုဖြစ်တဲ့ အခု Windows XP professional SP3 32-bit  Black edition လေးကိုအရင်ယူလိုက်ပါ။
Windows XP professional SP3 32-bit  Black edition

Downloading Windows XP professional SP3 32-bit  Black edition
ဒါကတော့ Windows XP professional SP3 ပါ။ အဲ့ဒီအတွက် အရင်ဆုံး ဂျုလိုင်လကနေစပြီး တင်ပေးပါ့မယ်။

Window XP Professional SP3 For July

Downloading Window XP Professional SP3 For July
Window XP Professional SP3 For October
 
Downloading  Window XP Professional SP3 For October
Window XP Professional SP3 For September
Downloading  Window XP Professional SP3 For September
Window XP Professional SP3 For  November
Downloading Window XP Professional SP3 For  November 
အားလုံးပဲအဆင်ပြေပျော်ရွှင်နိုင်ကြပါစေ။ ကျေးဇူးတင်ပါတယ်ခင်ဗျာ။
Unknown at 9:03 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိမိတို့ ကွန်ပျူတာကို မိမိတို့ မျက်နှာနဲ့ LOCK လုပ်ကြရအောင်




ဒီဆော့ဖ်ဝဲလ်လေးကတော့ မျက်နှာနဲ့ ကွန်ပျူတာကိုပိတ်တဲ့ ဆော့ဖ်ဝဲလ်လေးပါခင်ဗျာ ၊ ကြိုက်နှစ်သက်ကြမယ်လို့ ထင်ပါတယ် ၊ မိမိတို့ ကွန်ပျူတာကို password နဲ့ ပိတ်မယ့်အစား ကိုယ့်မျက်နှာကိုအသုံးပြုပြီးတော့ပိတ်တာပိုမကောင်းဘူးလားဗျာ ၊


စိတ်ဝင်စားလို့ သုံးမယ်ဆိုရင်တော့အရင်ဆုံးဒေါင်းလိုက်ပါ ၊ ပြီးရင်တော့ install ပေါ့ဗျာ ၊ install ပြီးရင် မျက်နှာကိုမှတ်မိဖို့  settings လုပ်ပေးရပါမယ် ၊ ကွန်ပျူတာရှေ့ မှာမိမိတို့ မျက်နှာကို ဘယ်မှညာသို့ ဖြေးဖြေးလေးလှည့်ပေးပါ ၊ အားလုံးပြီးသွားရင်တော့သုံးနိုင်ပါပြီ ၊ မျက်နှာ setting လည်းလုပ်ပြီးပြီ သုံးလို့ မရသေးဘူးဆိုရင်တော့ အဲဒီဆော့ဖ်ဝဲလ်လေးကိုဖွင့်လိုက်ပါ



အပေါ်ဆုံးက face authentication login is enabled ဖြစ်နေရပါမယ် ၊ disabled ဖြစ်နေရင်အသုံးပြုလို့ မရပါဘူး ၊ နောက်အောက်ဆုံးက Pro ဆိုတဲ့ button လေးကတော့ တခြားသူတွေကိုပေးမသုံးစေချင်သုံးရမှာပါ ၊



Enable Face Locking ကိုအမှန်ခြစ်ပေးလိုက်ပါ ၊





နံပါတ် ၁ ကတော့ ဒီဆော့ဖ်ဝဲလ်ကို အချိန်ဘယ်လောက်ကြာရင်တခါ run မလဲဆိုတာရွေးပေးနိုင်ပါတယ် ၊ နံပါတ် ၂ ကတော့ မှတ်ပုံတင်ထားတဲ့ မိမိတို့ ရဲ့ မျက်နှာကို အချိန်ဘယ်လောက်ကြာရှာခိုင်းချင်သလဲဆိုတာရွေးနိုင်ပါတယ် ၊ အဲဒီအချိန်အတွင်း မှာ မှတ်ပုံတင်ထားတဲ့  မျက်နှာကိုရှာမတွေ့ ဘူးဆိုရင်တော့ သူ့ အလိုလို LOCK ကျသွားပါလိမ့်မယ် ၊ ဒါကြောင့်ကိုယ့်ကွန်ပျူတာကို ကိုယ်ကိုယ်တိုင်သုံးချင်တယ် ၊ တခြားသူကိုပေးမသုံးစေချင်ဘူးဆိုရင်တော့ ဒီ function လေးကိုသုံးထားပေါ့ဗျာ

Luxand Blink Face Recongnition Por 2.3

ပျော်ရွှင်နိုင်ကြပါစေခင်ဗျာ
Unknown at 8:58 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အမေရိကန် ဖုန်းတစ်လုံးအလကားယူရအောင်



သင့်မှာ ကွန်ပျူတာရှိမယ်၊ အင်တာနက်ရှိမယ်ဆိုရင်တော့ အမေရိကန် ဖုန်းတစ်လုံး အခမဲ့ပိုင်ဆိုင်နိုင်ပါပြီ။ သင့် အတွက် ကိုယ်ပိုင်သီးသန့် အမေရိကန်ဖုန်းနံပါတ်တစ်ခုကို အခမဲ့ ရရှိမှာပါ။ တကမ္ဘာလုံးကနေ ကိုယ့်ဆီကို ဖုန်းခေါ်နိုင်ပါလိမ့်မယ်။ သူငယ်ချင်းက ကိုယ့်ဖုန်းနံပါတ်ကို ခေါ်လိုက်တာနဲ့ ကိုယ့်ကွန်ပျူတာမှာ ဖုန်းမြည်သံ ထွက်လာပါလိမ့်မယ်။ နားကျပ်လေးနဲ့ ပြောရုံပါပဲ။

ဘယ်လိုလုပ်ရမလည်းဆိုတာ မရေးသေးခင် သဘောတရားကို အရင်ရှင်းပြပါရေစေ။ အင်တာနက်မှာ SIP Protocol ဆိုတာ ရှိပါသေးတယ်။ သူက အင်တာနက်ပေါ်မှာ အသံတွေ ကောင်းကောင်းမွန်မွန် ချောချောမောမော စီးဆင်းနိုင်အောင် အထူးပြုလုပ်ထားတဲ့ Protocol ဖြစ်ပါတယ်။ အဲဒီ SIP Protocol ကို အသုံးပြုထားတဲ့ Software တွေကို SIP Client လို့ ခေါ်ပါတယ်။ ဖုန်းခေါ်ဆိုနိုင်တဲ့ Software တွေ အားလုံးကိုတော့ SoftPhone (Software Phone) လို့ ခေါ်ပါတယ်။ အများသိတဲ့ Skype? Pfingo တို့ဟာလည်း SoftPhone တွေပါပဲ။ ဒါပေမဲ့ သူတို့က SIP Protocol ကို အသုံးပြုထားတာ မဟုတ်ပါဘူး။ SIP Protocol ကို အသုံးပြုတဲ့ Software တွေကို နမူနာပြောရရင် ExpressTalk တို့ XLite တို့ ဖြစ်ပါတယ်။ သူတို့ကို အတိုကောက်အနေနဲ့ SIP SoftPhone လို့ ခေါ်ပါတယ်။

ကိုယ့်ကွန်ပျူတာမှာ SIP Softphone တင်ပြီးသွားရင် SIP account တစ်ခုကို အခမဲ့ ရယူနိုင်ပါတယ်။ ကိုယ့်သူငယ်ချင်းဆီမှာလည်း SIP SoftPhone ရှိမယ်၊ SIP account ရှိမယ်ဆိုရင် သူနဲ့ကိုယ်နဲ့ ဖုန်းပြောလို့ရပါပြီ။ Gtalk နဲ့ တစ်ယောက်နဲ့တစ်ယောက် ဖုန်းပြောသလိုပါပဲ။ Gtalk ဆိုရင်လည်း သူ့ကွန်ပျူတာမှာ Gtalk တင်ထားမှ၊ သူ့မှာလည်း Gtalk account ရှိမှ၊ သူကလည်း Online ဖြစ်ဦးမှ၊ Connection ကလည်း ကောင်းဦးမှ ဖုန်းပြောလို့ ရသလိုပါပဲ။ SIP SoftPhone တွေဟာလည်း အဲဒီလိုပါပဲ။

SIP Phone တွေက အားနည်းချက်ကတော့ တစ်ယောက်နဲ့တစ်ယောက် ခေါ်ဆိုတဲ့အခါ username နဲ့သာ ခေါ်ဆိုခွင့် ရတာပါ။ အဲဒီလို username အစား ဖုန်းနံပါတ်တစ်ခု Free ပေးတဲ့ Service ကလည်း အွန်လိုင်းပေါ်မှာ ရှိနေပါပြီ။ တစ်နည်းအားဖြင့် username နဲ့ ဖုန်းနံပါတ်ကို တွဲပေးလိုက်တာပါပဲ။ နောက်ဆုံးတော့ ကိုယ့်အတွက် အမေရိကန် ဖုန်းနံပါတ်ရသွားမှာ ဖြစ်ပြီး အဲဒီဖုန်းနံပါတ်ကို တစ်ယောက်ယောက်က ခေါ်ဆိုလိုက်ရင် ကိုယ့်ကွန်ပျူတာမှာတင်ထားတဲ့ SIP SoftPhone က Alarm ပေးပါလိမ့်မယ်။ နားကျပ်လေးနဲ့ ဖုန်းပြောရုံပါပဲ။

ကဲ..စလိုက်ရအောင်။

၁။ www.callcentric.com ကိုသွားပြီး Sign Up လုပ်ပါ။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ ကိုယ့် email ဆီကို Verification mail ပို့ပေးပါလိမ့်မယ်။ အဲဒီ verification mail မှာပါတဲ့ link ကို နှိပ်ပေးပါ။ သူက အချက်အလက်တွေ ထပ်တောင်းပါလိမ့်မယ်။ City, Zip code စသည်ဖြင့်ပါ။ U.S မှာရှိတဲ့ မြို့၊ State၊ Zip code စတာတွေကိုပဲ ထည့်ပေးပါ။ အားလုံးပြီးသွားရင်တော့ ကိုယ့်မှာ callcentric account တစ်ခု ရသွားပါလိမ့်မယ်။ Register လုပ်တုန်းက ပေးခဲ့တဲ့ username နဲ့ call centric က ထုတ်ပေးတဲ့ call centric number၊ call centric မှာ ဖော်ပြထားတဲ့ ကိုယ့်ရဲ့ IP တွေကို သေချာ မှတ်ထားပါဦး။

၂။ နောက်တစ်ဆင့်အနေနဲ့ phone.ipkall.com ကိုသွားပါ။ Register လုပ်လိုက်ပါ။ SIP username နဲ့ password မှာ အစောက callcentric မှာ ပေးခဲ့တဲ့ username နဲ့ password ကိုပဲ ထည့်ပေးပါ။ email မှာလည်း call centric က အတိုင်း ထည့်ပေးပါ။ hostname မှာတော့ callcentric.com လို့ ထည့်ပေးပါ။

၃။ Sign Up လုပ်ပြီးသွားတဲ့အခါမှာ IPKall ကနေ အီးမေးတစ်စောင် ပို့ပါလိမ့်မယ်။ အဲဒီ အီးမေးလ်ထဲမှာ Your IPKall phone number is ဆိုပြီး ပါပါလိမ့်မယ်။ အဲဒီဖုန်းနံပါတ်ဟာ အမေရိကန် ၀ါရှင်တန်ဒီစီ ဖုန်းနံပါတ်ဖြစ်ပါတယ်။ အဲဒီနံပါတ်ဟာ စာဖတ်သူအတွက် ကိုယ်ပိုင်သီးသန့် နံပါတ်တစ်ခု ဖြစ်ပါတယ်။ အဲဒီဖုန်းနံပါတ်ကို သူငယ်ချင်းဆီ ပေးလို့ရပါပြီ။

၎။ နောက်တစ်ဆင့်ကတော့ SIP SoftPhone ကို ကွန်ပျူတာမှာ ထည့်သွင်းဖို့ပါပဲ။ www.nch.com.au ကနေ Express Talk ကို download ဆွဲပြီး ကွန်ပျူတာမှာ install လုပ်လိုက်ပါ။

၅။ ExpressTalk ကို ဖွင့်လိုက်တဲ့အချိန်မှာ Wizard တစ်ခု ပေါ်လာပါလိမ့်မယ်။ Next တွေသာ နှိပ်သွားပါ။ SIP Setup ဆိုတဲ့ နေရာ ရောက်ရင်တော့ Yes, I already have a SIP account ကို ရွေးပြီး Next နှိပ်ပါ။ SIP Proxy မှာ in.callcentric.com ဆိုပြီး ထည့်ပါ။ SIP Number မှာ callcentric က ထုတ်ပေးထားတဲ့ number ကို ထည့်ပေးပါ။ password မှာလည်း callcentric တုန်းက ပေးခဲ့တဲ့ password ကိုပဲ ထည့်ပေးပါ။ ပြီးရင် OK နှိပ်လိုက်ပါ။

၆။ ExpressTalk က Server နဲ့ ချိတ်ဆတ်တာကို ခေတ္တစောင့်ပါ။ ပြီးဆုံးရင်တော့ ကိုယ့်ဖုန်းဟာ အ၀င် call လက်ခံဖို့ အဆင်သင့် ဖြစ်နေပါပြီ။
(မှတ်ချက်) အ၀င်ဖုန်းကိုသာလက်ခံပြောဆိုနိုင်မှာဖြစ်ပါတယ်။ ဘာပြောပြော အမေရိကန်ရောက်နေတဲ့ ကိုယ့်မိသားစု၊ ဆွေမျိုး၊ သူငယ်ချင်းတွေနဲ့ဖုန်းပြောခ သက်သာစွာနဲ့ပြောလို့ရတာပေါ့ဗျာ....
Unknown at 8:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

facebook ကိုပုံစံပြောင်းရအောင်

ညီလေးတစ်ယောက်က မေးပို့ပြီး အကူညီတောင်းလာလို့ တင်ပေးလိုက်ပါတယ်

search engine ကနေ Time Line For Facebook ဆိုပီး ရိုက်လိုက်ပါ။




ပီး၇င် ဒီကို သွားပါ။
ရောက်ရင် ဒီပုံလေးကတော့ လုပ်ပီးသားဖြစ်နေတာပါ။


မလုပ်ရသေးသူဆိုရင်တော့ Apps ဘေးမှာ တစ်ခုပါပါသေးတယ် ။
အဲပါတဲ့ ဟာလေးကို click လိုက်ပါ။
သင့် facebook မှာ တက်လာပါပီ
Swannyee Kyaw

  • http://www.facebook.com/about/timeline

  • Introducing Timeline

    www.facebook.comTimeline is the new Facebook profile. Tell your life story through photos, friendships and personal milestones like graduating or traveling to new places.
    ပေါ်နေလိမ့်မယ် ဘာမှ စိတ်မပူပါနဲ့
    Publish တာလုပ်လိုက်ပါ ပီးမှ ဆက်ပြင်ကြတာပေါ့။

    Publish လုပ်ပီးသွားရင် အဲဒေါင့်နေရာလေးကို click ကာ သင့် facebook ကို ပုံစံပြောင်းနိုငိပါပီ။
    အဆင်ပြေကြပါစေဗျာ။
Unknown at 8:35 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

သင်သည် ဟက်ကာတစ်ယောက် ဘယ်လိုဖြစ်လာ လိမ့်မည်နည်း

How to Become A Hacker

ဟက်ကာဖြစ်ချင်တယ်… ဟက်ကာဆိုတာဘာလဲ…ဒီမေးခွန်းက အရမ်းကိုတွေ့ရတာများပါတယ်…. ကျွှန်တော်လည်းသေချာမသိပါဘူး… လေ့လာကြည့်တဲ့အခါ နည်းပညာပိုင်းဆိုင်ရာမှာ ကျွှမ်းကျင်မှုရှိပြီးတော့ ပြသနာတွေကိုဖြေရှင်းရတာကိုနှစ်သက်တဲ့သူ ကန့်သတ်ချက်တွေကို ဖြတ်ကျော်နိုင်တဲ့သူတွေကိုခေါ်တာပဲဖြစ်ပါတယ်… ဟက်ကာဆိုတာ ကွန်ပျူတာလောကမှာပဲရှိတာ မဟုတ်ပါဘူး… တခြားသော Science ဒါမှမဟုတ် art တစ်ခုခုမှာ အမြင့်ဆုံးအခြေအနေအထိ ကျွှမ်းကျင်သူတွေကိုလည်း ဟက်ကာလို့ပြောလို့ရပါတယ်… ကျွှန်တော်ကတော့ ကွန်ပျူတာနဲ့ပဲပတ်သက်တာကိုပဲပြောမှာပါ သူတို့ကိုယ်သူတို့ ဟက်ကာပါလို့ပြောနေကြတဲ့သူတွေလည်းများစွာရှိပြန်ပါတယ် …ဒါပေမယ့် တကယ်တော့ မဟုတ်ကြပါဘူး.. အထူးသဖြင့်တောု့ ပျက်စီးရာပျက်စီးကြောင်းလုပ်ဆောင်ပြီး… ကွန်ပျူတာစနစ်တွေကိုချိုးဖြတ်ဝင်ရောက် အတားအဆီးတွေကိုကျော်လွန်နိုင်တယ်ဆိုပြီး လေကျယ်နေကြတဲ့ ဆယ်ကျော်သက်လူငယ်အများစုပါ….။တကယ့် ဟက်ကာ အစစ်တွေကတော့ သူတို့ကို ကရက်ကာ(crackers) လို့ခေါ်ကြပါတယ်… တကယ်တော့သူတို့က ဘာမှအထင်ကြီးစရာမရှိပါဘူး…။တကယ့် ဟက်ကာအစစ်တွေကတော့ အဲဒီကရက်ကာတွေဟာ ပျင်းရိတဲ့သူတွေ၊ တာဝန်မယူတတ်တဲ့သူတွေ၊ ဥာဏ်မကောင်းတဲ့သူတွေလို့ပဲ တွေးကြပါတယ်… security တွေကိုချိုးဖောက်ကျော်လွန်ပြီးဝင်ရောက်နိုင်ယုံနဲ့တော့ ဟက်ကာမဟုတ်ပါဘူး… ။ဒါပေမယ့် ၀မ်းနည်းစရာက စာရေးဆရာတွေ ဂျာနယ်လစ်တွေက ဟက်ကာဆိုတဲစာလုံးကိုသုံးပြီးတော့ပဲ အဲဒီခရက်ကာတွေအကြောင်းကိုတွင်တွင်ကြီး
ဖော်ပြနေတော့တာပါပဲ… အဲဒီအတွက်တော့ ဟက်ကာအစစ်တိုင်းက စိတ်ပျက်ကြရပါတယ်… သူတို့ကြားကအခြေခံခြားနားမှုကတော့ ကွန်ပျူတာ ပရော်ဖက်ရှင်နယ်အများစုနားလည် ထားကြသလိုပါပဲ… hackers build things, crackers break them
ပါပဲ….။


ဟက်ကာဖြစ်ချင်ရင်ဘာလုပ်ရမလဲ… အဓိကအဖြေကတော့ စာဖတ်ပါ… များများဖတ်ပါ..
ဟက်ကာတစ်ယောက်ထားရှိတဲ့သဘောထားတွေကိုပြောချင်ပါ တယ်…။
ပြသနာတွေကိုဖြေရှင်းပြီး.. အသစ်အသစ်တွေဖန်တီးတယ်… တည်ဆောက်တဲ့သူတွေကမှာသာ ဟက်ကာတွေပါ… အင်တာနတ်ကိုဖန်တီးခဲ့တဲ့သူတွေ.. Operating System ကိုဖန်တီးခဲ့တဲ့သူတွေ… world wide web ကိုသက်ဝင်လှုပ်ရှားလာအောင်လုပ်ခဲ့သူတွေက ဟက်ကာတွေပေါ့… ဟက်ကာတွေက လွတ်လပ်မှုနဲ့ အပြန်အလှန်ကူညီမှုတွေပေါ်မှာ ပျော်မွေ့တဲ့သူမျိုးတွေပါ…။ဟက်ကာဖြစ်ချင်ရင်တော့  အဲဒီစိတ်ဓာတ်မျိုးရှိဖို့လိုပါပြီ။ တကယ် ရှိလာဖို့ကတော့ တကယ်လုပ်ရတော့မှာပေါ့…။ဆရာကြီးဖြစ်ချင်ရင် ဆရာကြီးတွေရဲ့စိတ်ထားကိုအတုခိုးရမှာပေါ့…။ ပညာရပ်ပိုင်းမှာသာမကပဲ စိတ်ပိုင်းဆိုင်ရာလည်းလိုအပ်ပါတယ်။အောက်ကကဗျာလေးအတို င်းပါပဲ..
To follow the path:
look to the master,
follow the master,
walk with the master,
see through the master,
become the master.
ဒါကြောင့်ဟက်ကာဖြစ်ချင်ရင်အဲဒီအတိုင်းသင်ယုံကြည်လာတဲ့ အချိန်အထိထပ်ခါထပ်ခါကြိုးစားပေါ့။
ကျွှန်တော်တို့ရဲ့ကမ္ဘာကြီးကဖြေရှင်းခံရဖို့စောင့်ဆိုင်းနေတဲ့စိတ်ဝင်စားစရပြသနာတွေနဲ့နေ့တိုင်းပြည့်နှက်နေ ပါတယ်.. ဟက်ကာတစ်ယောက်ဖြစ်ရတာတော့ အရမ်းပျော်စရာကောင်းပါတယ်… ဒါပေမယ့် အဲဒီပျော်စရာတွေရဖို့ ကြီးမားတဲ့ကြိုးစားအားထုတ်မှုတွေ လုပ်ကြရပါတယ်။ဟက်ကာဖြစ်ဖို့အတွက် ပြသနာတွေဖြေရှင်းရတာကိုပီတိဖြစ်တတ်ရမယ်.. ကိုယ့်ကိုယ်ကိုယ်အမြဲတမ်းချွှန်မျှနေအောင်သွေးေ နရမယ် ကိုယ့်ပညာကိုအမြဲတမ်း.. လေ့လာနေရပါမယ်..။ သင့်အနေနဲ့ ပုံမှန်အားဖြင့်ဒီလို စိတ်ခံစားချက်မျိုးရှိမနေဘူးဆိုရင်တော့ တော်တော်ကြိုးစားယူရဦးမှာပေါ့…။
သင်တစ်ခုခုလုပ်တဲ့အခါ လေ့လာတဲ့အခါမှာပဲဖြစ်ဖြစ် ယုံကြည်မှုတစ်ခုကိုထားရှိဖို့တော့လိုပါလိမ့်မယ်။ သင်ပြသနာတစ်ခုကိုဖြေရှင်းတော့မယ်ဆိုရင် အဲဒါနဲ့ပတ်သတ်ပြီးအားလုံးကိုတော့သင်သိထားဖို့မဖြစ်နိုင်ပါဘူး.. တစ်စိတ်တစ်ပိုင်းတော့သင်သိပါလိမ့်မယ်… အဲဒီတစ်ပိုင်းလေးကနေဆက်ပြီးလေ့လာ..လေ့လာရင်းနဲ့ တစ်ပိုင်းပြီးတစ်ပိုင်းပိုပြီး
နားလည်လာ.. နောက်ဆုံးမှာတော့အောင်မြင်သွားမှာပါ။
ဘယ်ပြသနာကိုမဆိုနှစ်ခါဖြေရှင်းဖို့အကြောင်းကိုမရှိပါ ဘူး… နားမလည်တော့ဘူးလား..။ကျွှန်တော်တို့ရဲ့အချိန်တွေ ကျွှန်တော်တို့ရဲ့ဦးနှောက်တွေက အရမ်းတန်ဖိုးရှိတာပါ။ လုပ်ပြီးသားကိစ္စတစ်ခုအတွက်အချိန်ထပ်အကုန်ခံရတယ် … ပြသနာအသစ်တွေစောင့်နေတာကို အဟောင်းတွေကိုပဲထပ်ဖြေရှင်းမနေသင့်ဘူးလေ။ ဟက်ကာတွေစဉ်းစားနေရတဲ့အချိန်က အရမ်းအဖိုးတန်တဲ့အတွက်..သင်ကဟက်ကာဆိုရင် သင်သိတာတွေ မျှဝေပေးသင့်ပါတယ် သင်သိတဲ့ solution တွေကိုတခြားဟက်ကာတွေကိုဖွင့်ပြပေးရင်ကောင်းမှာေ ပါ့.. ဒါမှသူတို့တွေလည်းတခြားအသစ်အသစ်တွေဖြေရှင်းနိုင်တာပေါ့။ တစ်ခုတော့ရှိတာပေါ့… ပြသနာတစ်ခုအတွက်အဖြေဆိုတာ တစ်ခါတစ်ရံမှာ တစ်ခုထက်မကလည်းရှိနိုင်တယ်နော်… ။
ဟက်ကာ(ပြောရရင်တော့ Creative people တွေပေါ့)သူတို့တွေက လွတ်လပ်မှု (Freedom) ကိုနှစ်သက်ပါတယ်..
သူတို့အပေါ်မှာ authority လာပြတာကို ယေဘူယျအားဖြင့်မနှစ်သက်ကြပါဘူး… ချူပ်ချယ်မှုတွေကိုမုန်းတီးပါတယ်..။
သူတို့ကအတူတကွပူးပေါင်းလုပ်ဆောင်ရတာကိုတော့နှစ်သက်ကြ တဲ့သူတွေပါ..။အဲဒီစိတ်ထားမျိုးလေးလည်းရှိရပါမယ်။အထက် က
စိတ်ထားမျိုးတွေအမူအကျင့်တွေရှိပြီးရင်တောင်မှ ဟက်ကာမဖြစ်သေးပြန်ပါဘူး…။ဟက်ကာဖြစ်ဖို့ဆိုတာ ကိုယ့်ရဲ့
ပညာရပ်မှာကျွှမ်းကျင်မှု၊ များများလေ့ကျင့်မှု၊ အသေအချာအာရုံစူးစိုက်မှု၊ အလုပ်ကြိုးစားမှုတွေလည်း လိုအပ်ပါသေးတယ်။
Attitude တွေကအရေးကြီးတာမှန်ပါတယ်.. ဒါပေမယ့် တကယ်တမ်းမှာတော့ Skills ကပိုအရေးကြီးပြန်ပါတယ်။ တခြားသူတစ်ယောက်ကသင့်ကို ဟက်ကာတစ်ယောက်လို့ခေါ်စေဖို့ သက်မှတ်လာစေဖို့အတွက် အရင်ဆုံးသင်လုပ်ရဦးမဲ့အခြေခံအကြောင်းအရာလေးတွေပြောချင်ပါတယ်။ အရင်ဦးဆုံးတော့ Learn How to Program ပါ။ ဒါကဟက်ကင်းမှာတော့ အခြေခံအကျဆုံးပါပဲ။ programming language တစ်ခုမှမသိပဲနဲ့တော့ဘယ်လို ဟက်ကာဖြစ်ပါ့မလဲနော်… ။ရှိရင်တော့ကျွှန်တော်လည်းမသိဘူး.. ။ဘာ language မှသင်မတတ်သေးဘူးဆိုရင်တော့ Python ကိုစလေ့လာဖို့တိုက်တွန်းချင်ပါတယ်။အကောင်းဆုံးပထမဆုံးလေ့လာသင့်တဲ့ language တစ်ခုလို့သေချာမပြောနိုင်ပေမယ့် beginner တွေအတွက် သင့်တော်သလို powerful လဲဖြစ်ပါတယ်.. ပရောဂျက်ကြီးကြီးမားမားကြီးတွေလည်း သူ့ကိုသုံးပြီးလုပ်နိုင်တာ လုပ်နေကြတာပဲဖြစ်ပါတယ်။ နောက်တစ်ခုကတော့ C ပါ C++ ပဲဖြစ်ဖြစ်ပေါ့ ။ သင်တစ်ခုခုကိုကျွှမ်းကျင်ရင် နောက်တစ်ခုဆိုတာ အရမ်းလွယ်သွားပါပြီ။ ဘယ်အရာမှတော့ စလုပ်ရင်လွယ်တယ်လို့မရှိပါဘူး။ဟက်ကာတွေအတွက်အရေးကြီး တဲ့နောက်ထပ် language တွေကတော့ Perl နဲ့ Lisp တို့ပါပဲ။ မရေးနိုင်ရင်တောင် ဖတ်နိုင်ဖို့တော့လိုပါလိမ့်မယ်။
တကယ်တော့အားလုံးလေ့လာတာကတော့အကောင်းဆုံးပါပဲ။ programming ကိုမတူညီတဲ့နည်းလမ်းတွေနဲ့ချည်းကပ်တာပေါ့ ။
အဲဒါအားလုံးကသင့်အတွက်အကျိုးဖြစ်စေမှာပါပဲ။ Hacker တစ်ယောက်ရဲ့ skill level ကို language တတ်ယုံနဲ့လည်းမဖြစ်ဘူးနော်။ Language တွေအပေါ်မှာမှီခိုမှုမရှိဘဲ ပြသနာတွေအပေါ်မှာစဉ်းစားနိုင်ဖို့လည်းလိုသေးတယ်။ သိပြီးသား concept တွေကိုဆက်စပ်တွေးခေါ်နိုင်ပြီး language တစ်ခုကိုအသစ်ထပ်လေ့လာရင် ရက်အနည်းငယ်လောက်နဲ့ ရနိုင်ပြီဆိုရင်တော့ တော်တော်ဟုတ်လာပါပြီ။ ဆိုလိုချင်တာက ရှိရှိသမျှသော language တွေအားလုံးသင်တတ်တယ်ပေါ့..။ ရက်အနည်းငယ်နဲ့တစ်ခုတတ်ပြီဆိုမှတော့ ဘာကြာမှာလဲနော်။
programming language လေ့လာတယ်ဆိုတာ natural language ကိုလေ့လာသလိုပါပဲ။ အထက်ကဆရာ့ဆရာကြီးတွေ ရေးထားတာတွေကိုများများဖတ် ပြီးရင်ကိုယ်ကိုယ်တိုင်နဲနဲရေး၊ နောက်ထပ်ထပ်ပြီးတော့ များများဖတ်၊ များများထပ်ရေး၊ ပိုပြီးဖတ်၊ ပိုပြီးရေး……၊ဘယ်အချိန်ထိလုပ်သွားရမလဲဆိုတော့ သင်ရေးတာတွေက ဈေးကွက်ဝင်တဲ့အဆင့်အထိပေါ့။ အရင်တုန်းကတော့ coding ကောင်းကောင်းရှာဖတ်ဖို့ဆိုတာခက်ခဲ့ပါတယ်။အခုတော့မဟုတ်တော့ပါဘူး… open source နဲပါတ်သတ်တဲ့ software တွေ ၊ Programming tools တွေ၊ operating system တွေ(အဲဒါတွေအားလုံး ဟက်ကာတွေလုပ်ထားတာ) အများကြီးရှိနေပါပြီ။ ဟက်ကာဖြစ်ချင်တယ်ဆိုရင်အခုချက်ချင်း Linux ဒါမှမဟုတ် BSD-Unixes မဟုတ်ရင်လည်း OpenSolaris သင့်ကွန်ပျူတာမှာ Install လုပ်လိုက်ပါတော့။ သြော်သင်က Windows ကဘာဖြစ်လို့လည်းလို့မေးတယ်လား… သူက binary တွေနဲ့ distribute လုပ်ထားတာလေ.. code တွေမှဖတ်လို့မရတာ ပြင်လို့လည်းမရဘူးလေ သင်မဖြစ်မနေ Unix တစ်ခုကိုတော့လေ့လာ ရမယ်ဆိုရင် အလွယ်ကူဆုံးအနေနဲ့ Linux ကိုကောက်ကိုင်လိုက်တော့လေ။ မပူပါနဲ့ သင်အခုသုံးနေတဲ့ Windows ကြီးနဲ့လည်းတွဲတင်ထားလို့ရပါတယ်။ကဲအခုချက်ချင်း Learn it , Run it နော်။ကလိတော့နော်။ အင်တာနတ် ကိုလည်း အပီ မွှေနှောက်တော့နော်… code တွေကိုဖတ် ပြီးရင်ပြန်ပြင်ရမယ် နော်.. ။ သင်ပျော်မွေ့လာမှာပါ… အသိပညာ ဗဟုသုတအသစ်တွေကို အရသာခံပြီးတော့ လေ့လာသင်ယူလိုက်စမ်းပါ..။ တခါတည်းပြောပြလိုက်မယ်နော်.. Beginner တွေအတွက်အသင့်တော်ဆုံးကတော့ Ubuntu ဖြစ်လာနေပြီ… ကြုံတွေ့ရမယ့် ပြသနာတွေအတွက်လဲမပူပါနဲ့ သင့်ကိုကူညီမယ့်သူတွေအများကြီးရှိနေတယ်လေ။ အားလုံးအဆင်ပြေရစေမယ်။ ဟုတ်ပပြီ ဟက်ကာဖြစ်ချင်သူတွေအတွက် နောက်ထပ်လေ့လာစရာတစ်ခုကတော့ World Wide Web ကြီးပေါ့။ Browser တစ်ခုခုကို သုံးတတ်ရမယ်နော်(အဲဒါကလူတိုင်းလုပ်တတ်တယ်)၊ HTML ရေးတတ်ဖို့တော့အရင်လေ့လာရမယ်။ ဘာ language မှမတတ်တဲ့သူအတွက် HTML ကိုစလေ့လာလိုက်ရင် သင်ယူတဲ့နေရာမှာ အလေ့အကျင့်ကောင်းတွေရစေမယ်။ အကူအညီအများကြီးဖြစ်စေမှာပါ။ သင့်ရဲ့ကိုယ်ပိုင် home page တစ်ခုကို HTML နဲ့ရေးကြည့်သင့်ပါတယ်။ ပြီးရင် XHTML ဆိုတဲ့ဆီလေးကိုကူးကြည့်။ ဒါနဲ့ဟက်ကာဖြစ်မယ်ထင်လို့လား။ Website တစ်ခုရေးနိုင်ပြီဆိုရင်တောင်မှ Hacker ဆိုတဲ့စကားလုံးနဲ့ သင်နဲ့ အဝေးကြီးပါ.. ။ဘာလို့လည်းဆိုတော့ Web ပေါ်မှာ website တွေများများလွန်းလို့.. ဒါပေမယ့် အများစုက ရည်ရွယ်ချက်ကောင်းကောင်းလည်းမရှိ တည်ဆောက်ထားပုံကလည်း ညံ့မှညံ့။ သင့်ရဲ့ page မှာတော့ content တွေကိုကောင်းကောင်းထည့်ရမယ်.. စိတ်ဝင်စားစရာကောင်းအောင်ရေးရမယ်။
ပြသနာတစ်ခုထပ်တွေ့ပြန်ပြီ သင့်ရဲ့ English စာတတ်မြောက်မှုအဆင့်အတန်းကစကားပြောတော့မယ်။ Internet နဲ့ Hacking နယ်ပယ်ထဲမှာ English စာကပဲလွမ်းမိုးထားဆဲပါပဲ။ Hacker Community ထဲမှာ ၀င်ဆံ့ဖို့အတွက် ကောင်းမွန်တဲ့ English စာတစ်ခုကိုတော့ သင်ပိုင်ဆိုင်ဖို့လိုတာအမှန်ပါပဲ။ အဓိကအကြောင်းအရာကတော့ အသုံးပြုရတဲ့ နည်းပညာဆိုင်ရာ ဝေါဟာရတွေက English ကိုသုံးမှသာအဆင်ပြေတာများပါတယ်။ နည်းပညာ ပိုင်းဆိုင်ရာ ဘာသာပြန်စာအုပ်တွေရှိပေမယ့် အဲဒါတွေဟာအမှန်တကယ်တော့ စိတ်ကျေနပ်စရာမကောင်းပါဘူး။ သူများရေးထားတဲ့ code ထဲမှာပါလာမယ့် comment တွေကိုကောင်းကောင်းနားလည်နိုင်ဖို့ဆိုတာလည်း သင် English စာတတ်မှဖြစ်မှာပေါ့။ Native English Speaker တစ်ယောက် တောင်မှ တခါတရံမှာ Hacker တစ်ယောက်ဖြစ်နိုင်ဖို့အတွက် လုံလောက်တဲ့ Language Skills ရှိမယ်လို့ ဘယ်သူမှအာမမခံနိုင်ဘူး.. သင်ဆိုရင်ရောဘယ်လိုလဲ..။ ကြိုးစားနိုင်မှာ တော်ရုံလောက်ရမယ်ထင်တယ်နော်။ သင့်ရဲ့ အရေးအသားက ညံ့မယ်။ Grammer လဲမကျဘူး.. ၊ သတ်ပုံအမှားကလည်းများမှများဆိုရင် ဘယ်ဟက်ကာ ကမှ သင့်ရေးတာကိုဖတ်ချင်စိတ်ရှိမှာမဟုတ်ဘူးလေ.. ။ကဲ အခုပဲ စကြိုးစားပေတော့။
Hacker Culture ဆိုတာလည်းရှိပါသေးတယ်။ စိတ်ဝင်စားစရာ ပြသနာတွေကိုသင်ကဖြေရှင်းမယ်။ ရလာတဲ့ သင့်ရဲ့ Solution တွေက တကယ်ကောင်းရဲ့လားဆိုတာ သင့်ရဲ့ အပေါင်းအသင်းတွေ ဆရာတွေက အဆုံးအဖြတ်ပေးနိုင်ပါလိမ့်မယ်။မှတ်သားထားရမယ့်တ စ်ခုက သင့်ကိုယ်သင် Hacker လို့သတ်မှတ်ထားတာဆိုရင်အဲဒါက သံသယဖြစ်စရာကောင်းပါသေးတယ်။ တခြားဟတ်ကာအစစ်တွေက သင့်ကို ဟတ်ကာ ပါလို့ အသိအမှတ်ပြုမှသာ သင်တကယ်ဖြစ်တာပါ။ သင့်ရဲ့ တတ်မြောက်မှုကိုအခြားသူတွေသိဖို့ Reputation ကောင်းလာဖို့ဆိုတာ သင့်အနေနဲ့တခြားသူတွေကို ကူညီဖို့လိုပါတယ်။ Open Source Software တွေရေးကိုရေးရပါမယ်။အဲဒါကအခြေခံအကျဆုံးပါပဲ။ သင်ရေးပြီးရင်လည်း တခြား ဟတ်ကာတွေ လေ့လာသူတွေအတွက် ပြန်အသုံးပြုနိုင်ဖို့ပဲဖြစ်ဖြစ် Soruce တွေကိုချပြရပါမယ်။ အဲဒီ Software မျိုးကိုလူတွေက Free Software လို့ခေါ်တတ်ကြပါတယ်.. တကယ်တော့ Open Source Software လို့ပဲသုံးတာကောင်းပါတယ်။ ဒါပေမယ့် သမိုင်းထဲမှာတော့ 1996 ခုနှစ်ပိုင်းလောက်အထိတော့ ဟက်ကာဆိုတာ Closed Program Closed Source တွေပဲရေးသားခဲ့တာပါ။ 1997 နောက်ပိုင်းကြမှ ဒီ Culture ကပြောင်းလဲလာတာလို့ဆိုနိုင်ပါတယ်။ Hacker Community နဲ့ Open Source Developers ဆိုတာ ယနေ့ခေတ်မှာတော့ တူညီတဲ့ Culture ရှိလာနေပါပြီ။ သင်ဟာ Newbie တစ်ယောက်ဖြစ်ရင်တော့ ကူညီရေးသားခြင်းကနေအစပြုသင့်ပါတယ်။ သင်စိတ်ဝင် စားတဲ့ အပိုင်းတစ်ခုကိုရွေးပြီး လုပ်သင့်ပါတယ်။ သူ့ရဲ့ progress က Program တွေကိုကူညီစမ်းပေးမယ်။ ကူညီအမှားရှာပေးမယ်။ကူညီပြီး modify လုပ်ပေးမယ်…အဲဒီလိုပေါ့။ အဲဒီလိုလေ့လာရင်းနဲ့ အများကြီးသင်သိလာပါလိမ့်မယ်။ နောက်တစ်ခုအရေးကြီးတယ်နော် သင့်ကို နောက်ပိုင်းမှာပြန်ကူညီမယ့်သူတွေနဲ့ Karma ကောင်းကောင်းဖြစ်စေမှာပါ။ စိတ်ဝင်စားစရာကောင်းပြီးအသုံးဝင်တဲ့ အချက်အလက်တွေကိုလူတွေကိုပြောပြတဲ့သူဖြစ်ရင်ကောင်းပါတ ယ်။ ဥပမာ FAQs လိုဟာမျိုးတွေသင်လုပ်သင့်ပါတယ်။ ဒါမှသင့်ကိုလူတွေပိုလေးစားလာမှာပေါ့။ ဟက်ကာတွေမှာ ခေါင်းဆောင်ရယ်လို့ရှိလေ့မရှိပါဘူး.. အတူတကွပူးပေါင်းလုပ်ဆောင်ခြင်းကိုဦးစားပေးပါတယ်။
အခုကျွှန်တော် Hacker Mindset အကြောင်းပြောချင်ပါတယ်။ ကွန်ပျူတာရှေ့မှာ်မရှိနေတဲ့အချိန် ဟက်ကာအများစုလုပ်လေ့ရှိတဲ့အရာတွေကိုလမ်းညွန်ချင်တာပါ ။ သင်လည်းလုပ်ချင်ရင်လုပ်လို့ရတာပေါ့။ သင့်ရဲ့မိခင်ဘာသာစကားကို ကျွှမ်းကျင်စွာ ရေးသားပြောဆိုနိုင်ပါစေ။ သင်သိရဲ့လား ဟက်ကာတွေက စာရေးအင်မတန်ကောင်းတဲ့သူတွေပါတဲ့။ Science Fiction တွေကို ဖတ်ပါ။ Martial-art တစ်ခုခုကိုလေ့ကျင့်ပါ။ ဟက်ကာတွေ့လေ့ကျင့်ကြတာတွေရှိတယ် ကရာတေး တိုက်ကွန်ဒို ကွန်ဖူးတွေလေ။ သေနတ်ပစ်တာလည်းကောင်းပါတယ်။ တရားဥပဒေနဲ့ညှိမယ်နော်…. Tongue ။ တေးဂီတကိုခံစားတတ်ပါစေ။ Muscial Instrument တစ်ခုခုကိုတီးတတ်ရင်ကောင်းပါတယ်။ ဒါတွေက အရမ်းကြီးအရေးမပါပေမယ့် တစ်စုံတရာကောင်းကျိုးတော့ပေးနိုင်ပါလိမ့်မယ်။
ကိုယ့်ကိုယ်ကိုယ်ကျဉ်းမြောင်းတဲ့ ကျွှမ်းကျင်မှုတွေနဲ့ မကျေနပ်နေပါနဲ့။ ဟက်ကာအများစုကအများအမြင်မှာတော့ Programmer တွေပါပဲ။ ဒါပေမယ့် ဟက်ကာအစစ်တွေက တခြားဆက်နွယ်တဲ့အပိုင်းတွေမှာလဲ ကျွှမ်းကျင်သူတွေပါ။ System Administration, web design ပြီးတော့ PC Hardware troubleshooting အစရှိတဲ့အပိုင်းတွေကိုလည်း ကျွှမ်းကျင်ကြပါတယ်။ System Administrator လို့ပြောတဲ့ ဟက်ကာတစ်ယောက်က Script Programming နဲ့ Webdesign အပိုင်းတွေမှာလဲ Skill ကောင်းကောင်းရှိပါတယ်။ ဒါပေမယ့် သူတို့တွေက ယောင်ဝါးဝါးတွေတော့ မဟုတ်ကြဘူးနော်… သူတို့အကျွှမ်းကျင်ဆုံးအရာဆိုပြီးတော့ သီးသန့်လည်းရှိပါတယ်။ ကျွှန်တော်ရဲ့ဒီဆောင်းပါးကိုသင်ဖတ်ပြီးရင်သင် ကျွှန်တော့်ကိုမေးခွန်းတွေထပ်မေးချင်မှာသေချာသလောက်ရှိပါတယ်.. အဲဒီမေးခွန်းတွေကိုတခါတည်းကျွှန်တော်ဖြေပေးလိုက်ပါမယ် ။
Q: ကျွှန်တော်ဟက်ကာတစ်ယောက်ဖြစ်ပြီဆိုတာဘယ်လိုသိနို င်မလဲ ?
A: *သင် Coding တွေကို အရမ်းကိုကျွှမ်းကျွှမ်းကျင်ကျင်ရေးနိုင် ဖတ်နိုင် အသုံးချနိုင်နေပြီလား?
* Hacker Community ရဲ့ ရည်ရွယ်ချက်တွေနဲ့ တန်ဖိုးရှိမှုတွေကို သေချာသဘောပေါက်နားလည်လား?
* Hacker Community ထဲက Senior Member တစ်ယောက်ကသင့်ကို ဟက်ကာလို့ခေါ်လား။
ဒီသုံးခုစလုံး သင်က ဟုတ်တယ်ဆိုရင် တော့ သင်ကဟက်ကာပေါ့.. နှစ်ခုလောက်ပဲမှန်သေးရင်တော့ မဟုတ် သေးပါဘူး .. ကြိုးစားလိုက်ဦးနော်။

Q: ဘယ်လိုဟက်ကင်းလုပ်ရတယ်ဆိုတာ ကျွှန်တော့်ကိုသင်ပေးမှာလား?
A: ကျွှန်တော်ဒါရေးရင်ဒီလိုအပြောခံရမယ်ဆိုတာသိတယ်။ ကျွှန်တော့်မှာ သင့်ကိုသင်ပေးဖို့အချိန်လည်းမရှိဘူး.. Energy တွေကိုလည်းအသုံးမချနိုင်ဘူး ကျွှန်တော့်ရဲ့ ကိုယ်ပိုင် Project တွေနဲ့ကို ကျွှန်တော့ ရဲ့ အချိန် 110 % လောက် ကုန်နေ ရလို့ပါဗျာ။ထားပါတော့ ကျွှန်တော်ကသင်ပေးမယ်ပဲ..။ ခက်တာက Hacking ဆိုတာ ကိုယ့်ဟာကိုယ် သင်ယူရမယ့် attitude နဲ့ Skill ဖြစ်နေတာဗျ။ သင်အဲဒီလိုသာ သူများကိုသင်ပေးဖို့လိုက်ပြီးပြောနေရင် ဘယ်ဟက်ကာမှသင့်ကိုလေး စားမှာမဟုတ်ဘူး။ စိတ်မဆိုးနဲ့ ချစ်လို့ပြောတာ။ Tongue (ကျွှန်တော်လည်းဟက်ကာမဟုတ်ပါ)
Q: ဒါဖြင့်ရင် ကျွှန်တော်ဘယ်လိုစရမှာလဲ?
A: Linux User Group တစ်ခုခုအရင်ရှာပြီးရင်အကူအညီတောင်းအရင်ဆုံး Linux တစ်ခု install လုပ်လိုက်တာ အကောင်း ဆုံးဖြစ်မယ်ထင်တယ်။ အလွယ်ဆုံးကိုပြောကြည့်တာပါ။
Q: ကျွှန်တော်စဖို့နောက်များကျနေပြီလားမသိဘူးနော် ?
A: သင်စိတ်အားထက်သန်နေတဲ့အချိန်ဆိုရင် အခုပဲစတာကောင်းပါတယ်။ လူအများစုကတော့ 15 ကနေ 20 ကြားထဲမှာ စ ကြတာပဲဗျ။ ဒါပေမယ့် မတူဘူးပေါ့တစ်ယောက်နဲ့တစ်ယောက်ကတော့။
Q: ကျွှန်တော် Hack နိုင်ဖို့ဘယ်လောက်ကြာမလဲဟင်?
A: သင့်မှာ အရည်အချင်း(Talent) ဘယ်လောက်ရှိတဲ့ ဘယ်လောက်ကြိုးစားလဲဆိုတဲ့ပေါ်မှာပဲမူတည်မှာပေါ့ဗျာ။ တစ်နှစ်ခွဲ နှစ်နှစ်လောက်တစ်စိုက်မက်မက် မရပ်မနားလေ့လာရင် တော့ ဖြစ်သွားကြတာပါပဲ။ ဒီလောက်နဲ့တော့မပြီးဘူးနော် တ ကယ့် Master ဖြစ်ချင်ရင်တော့ ဆယ်နှစ်အနည်းဆုံးပဲ။ ဟက်ကာအစစ်တစ်ယောက်ဖြစ်သွားပြန်ရင်လည်း နောက်ကျ ကျန်မနေအောင်တော့ တစ်သက်လုံးလေ့လာရတော့မှာပေါ့။
Q: Visual Basic နဲ့ကျွှန်တော်စလိုက်ရင်ဘယ့်နှယ့်လဲ?
A: ဒီလိုမေးရင်တော့ သင် Microsoft Windows နဲ့နှစ်ပါးသွားချင်ပြီထင်တယ်။ ကောင်းမွန်တဲ့ စိတ်ကူးတစ်ခုတော့ မဟုတ်
ဘူးနော်။ မလုပ်ပါနဲ့လားဗျာ.. ။ အဲဒါရုပ်ဆိုးလွန်းပါတယ်။ Python တို့ C တို့ ကို ကျွှန်တော် recommend လုပ်ထား
တယ်လေ။ ပိုသင့်တော်လို့ပြောတာပါဗျာ။ အသေးစိတ်တော့မပြောနိုင်တော့ဘူး။
Q: ကျွှန်တော် System တစ်ခုကို Crack လုပ်ချင်လို့ ကူညီပါလားဗျာ..။ ဒါမှမဟုတ်သင်ပေးပါလား ?
A: ဆိုးပါတယ်ဗျာ။ဒီ FAQ တွေကိုဖတ်ပြီးတာတောင်သင်ဒါမျိုးမေးဦးမယ်ဆိုရင် သင်ဟာ educable မဖြစ်သေးဘူး တော်တော်လေးကို stupid ဖြစ်တာပဲဗျာ။ ဒါမျိုးကို Email နဲ့ မေးရင်လည်း ကျွှန်တော်လျှစ်လျှူရှုထားမှာပဲ။
Q: ကျွှန်တော်တခြားသူရဲ့ Gmail အကောင့်ရဲ့ password ဖြစ်ဖြစ်ပေါ့… အဲဒါဘယ်လိုယူလို့ရမလဲ ?
A: ပြသနာပဲ..။ အဲဒါ Cracking လို့ခေါ်တယ်ဗျ..။ အဲဒါမျိုးအားမပေးပါ။
Q: ကျွှန်တော် Cracked လုပ်ခံလိုက်ရတယ်ဗျာ.. ။ ကူညီပေးပါ။
A: ဒါမျိုးမေးရင် သင်သုံးတာ Microsoft Windows ဖြစ်မယ်ထင်တယ်။ Windows System က ပုံမှန်အားဖြင့် Crack လုပ်တာကို ကောင်းကောင်း မကာကွယ်နိုင်ဘူးဗျ။ အကောင်းဆုံးက Linux ဖြစ်ဖြစ် well Design ဖြစ်တာ ပြောင်း သုံးဗျာ။
Q: ကျွှန်တော့် Windows မှာပြသနာဖြစ်နေပြီ။ ကူပါဦး?
A: ကောင်းပြီလေ။ CMD ဖွင့်ပြီး.. “format c:” လို့ရိုက်လိုက်ပါ။ မိနစ်အနည်းအငယ်အတွင်းအားလုံး အဆင်ပြေသွားလိမ့်မယ်။
Q: ဟက်ကာအစစ်တွေနဲ့ ဘယ်နားမှာတွေ့နိုင်မလဲ?
A: သင့်ပြည်တွင်းက Unix or Linux user group တွေရှာပြီး တွေ့လို့ရတယ်လေ။ IRC နဲ့ Gtalk လိုဟာမှာတော့ မတွေ့နိုင်လောက်ဘူးနော်..။
Q: ဟက်ကာဖြစ်ဖို့ Maths ကောင်းစရာလိုလားမသိဘူး?
A: ကောင်းစရာတော့မလိုပါဘူး..။ trigo တို့ calculus တို့မလိုလောက်ပါဘူး.. (ချွှင်းချက်ရှိနိုင်သည်) formal logic နဲ့ Boolean algebra တွေတော့လိုလိမ့်မယ်။ အဓိကက logical ကျကျတွေးနိုင်ရမယ်။ reasoning ကောင်းရမယ်။ intelligence ရှိရမယ်။
Q: ကျွှန်တော်စလုပ်ချင်နေပါပြီ..။ စလုပ်ဖို့ တစ်ခုခုပေးပါ။
A: သင့်ရဲ့ စိတ်ဝင်စားမှုနဲ့ Talent ကိုမသိပဲကျွှန်တော်ဘာမှလုပ်ပေးလို့မရပါဘူး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုနဲ့ ကိုယ့်အားကိုယ်ကိုးရမယ် သူများချပေးတဲ့လမ်းကြောင်းကိုလျှောက်ရင် အောင်မြင်မှုနဲ့ဝေးသွားမှာပေါ့ဗျာ။
Q: Mircrosoft ကိုမုန်းသင့်သလား?
A: Mircrosoft ကမုန်းစရာလားဗျာ။မုန်းမယ့်အစား ကိုယ်လုပ်စရာရှိတာသာလုပ်။
Q: Open Source ကြီးပဲရေးတော့ Programmer တွေရပ်တည်မှုအတွက် အဆင်ပြေပါ့မလား။?
A: မဟုတ်သေးဘူးဗျ။ Open Source Software Industry ရှိလာတဲ့အတွက် အလုပ်တွေပိုတိုးလာတာပဲ ရှိမယ်။ လျှော့မသွားဘူးလေဗျာ။ သူ့ဘာသူ open source ပဲဖြစ်ဖြစ် ရေးတဲ့သူက ပိုက်ဆံရမှာပဲလေ။ free software တွေဘယ်လောက်ပဲများများ သင်ပိုက်ဆံရမယ့်နည်းလမ်းရှိကိုရှိနေဦးမှာပါ။ သိပ်စိတ်ပူစရာမရှိပါဘူး။
Q: ကျွှန်တော် Free OS တစ်ခုလိုချင်တယ်.. Linux ဖြစ်ဖြစ်ပေါ့။?
A: ကျွှန်တော်တို့နဲ့ဆက်သွယ်ပါခင်ဗျာ။

ဝန်ခံချက်: Eric Steven Raymond ရေးသားသည့် How To Become A Hacker ကို အဓိကကိုးကား ရေးသားပါသည်။
အရေးအသားမကောင်းပါက ကျွှန်တော်ညံ့သောကြောင့်ဖြစ်ပြီး.. ကောင်းပါက မူရင်းစာရေးဆရာ တော်သောကြောင့်သာဖြစ်ပါကြောင်း.. မူရင်းဆောင်းပါးကိုသွားဖတ်ဖို့လည်း တိုက်တွန်းပါတယ်ခင်ဗျာ။
Credit to: BlackDevil
Link: http://www.donkboy.com/pages/hacker-howto.html
Unknown at 8:26 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အသံတိုးနေတဲ့ MP3 သီချင်းများကို အရည်အသွေးကောင်းဖို့ 

ကျွန်တော်တို့  MP3 သီချင်းတွေကို Download ရယူတဲ့နေရာမှာ တစ်ချို့  Site တွေက အခက်အခဲလေးတွေကြောင့် သီချင်းရဲ့ အရည်
အသွေးတွေကို လျော့ပြီး တင်ထားတာတွေရှိပါတယ်။ အဲဒီအခါ နားထောင်ရတာတွေ အဆင်မပြေနိုင်တော့ပါဘူး။ အဲဒီသီချင်းတွေကို မည်သည့် Software မှ မလိုပဲ အသံကျယ်လာအောင် ပြုလုပ်ဖို့ အတွက်ပါ။ အရင်ဆုံး ဒီနေရာ လေးကို သွားလိုက်ပါ။ အောက်ကအတိုင်း တွေ့ ရပါလိမ့်မယ်။
01
အဲဒီမှာ Browse ကနေ ပြောင်းလိုတဲ့ Mp3 ကို ထဲ့ပေးလိုက်ပါ။ အရည်အသွေးကတော့ Light ၊ Loud ၊ Louder ၊ Loudest ဆိုပြီး ရှိပါတယ်။ စိတ်ကြိုက်ထားပြီး Upload တင်ပါ။ Connection ပေါ်မူတည်ပြီး အချိန်ကြာပါမယ်။ ပြီးရင်တော့ Download ပြန်ယူပြီး အဆင်ပြေပြေလေး နားထာင်လို့ ရပါပြီ။
Unknown at 8:21 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Blinker Hacker Group ရဲ့ နည်းပညာဖြင့် အကျိုးပြုခြင်း

နှစ်သက်ရာ ဓာတ်ပုံတခုကို တင်ပြီး ပိုက်ဆံရယူနည်း။

၁။ http://shareapic.net ကို သွားလိုက်ပါ။ အကောင့်တခုလုပ်လိုက်ပါ။
၂။ ပြီးရင် ပုံ ၅ ပုံလောက်တင်လိုက်ပါ။ မိမိတို့ပုံ လင့်များကို မှတ်ထားပါ။
၃။ log off လုပ်လိုက်ပါ။
၎။ ပြီးရင် အောက်က လင့်မှာ ပါတဲ့ Tools ကို ဒေါင်းလုပ်ချပြီး မိမိတို့ပုံ
လင့်များကို list လုပ်ပြီး tool ကို run လိုက်ပါ။
၅။ တနေ့ကို တခါလုပ်လျှင်လုံလောက်သည်။ အနည်းဆုံး US$ 20 ရမှ
ထုတ်ခွင့်ပေးပါသည်။ ပိုက်ဆံများကို paypal သို့မဟုတ်
တခြားနည်းလမ်းများဖြင့် ထုတ်ယူနိုင်ပါသည်။

Tool Download:http://www.mediafire.com/?d79h6jqs876kvj9
OR
http://ifile.it/ve41auj

Unknown at 8:19 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အချို့ Ban ထားသော Site ဖွင့်နည်း။

အချို့နာမည်ကြီးသော Site များမှာ Secure Socket Layer (SSL) ဆိုတာကို ၀ယ်ထားတယ်.ဒီဟာလေးက
ဥပမာ http://youtube.com ကို https://youtube.com ဆိုပြီး http မှာ s ထည့်ထားတာတွေ့ရပါတယ်.
တခါတလေ..http://youtube.com ကိုဖွင့်လို့မရပါက http မှာ S ထည့်ပြီးစမ်းကြည့်ပါ..ပွင့်လာတက်ပါတယ်.။
ဒီမှာ အောက်ပါပုံအတိုင်းလဲ ပေါ်လာတက်ပါတယ်.

အထက်ပါပုံတွေထဲအတိုင်း အနီဝိုင်းထားတာလေးတွေကို နှိပ်ပေးလိုက်ပါ..နောက်မှာ ကိုယ်ရောက်ချင်တဲ့
ဆိုဒ်ကိုရောက်သွားပါမယ်...ဒါပေမဲ့ ဆိုဒ်တိုင်းလိုလိုတော့ရမှာမဟုတ်ပါဘူး..

NOTE: SSL ကိုထည့်ထားတဲ့ Site တွေမှ ရမှာဖြစ်ပါတယ်။
Unknown at 8:13 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Google Earth 5.1.7938.4346




DOWNLOAD FROM MEDIAFIRE


DOWNLOAD FROM IFILE.IT


System requirement 

OS: Windows 2000/ XP/ Vista
- CPU speed: Intel® Pentium® P4 2.4GHz+ or AMD 2400xp+
- System memory (RAM): 512MB
- 2GB hard-disk space
- 3D graphics card: 3D-capable video card with 32MB VRAM or greater
Unknown at 8:09 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Hack ချင်သူများ သတိထားပါ။




Hack ချင်သူများ သတိထားပါ။ ကျွန်တော်လဲ ကိုယ့်ကိုကိုယ် သတိပေးတာဖြစ်သလို ၀ါသနာပါတဲ့
မိတ်ဆွေများကိုလဲ သတိရလို့ပြောပြရအုန်းမယ် Yangon united FC (http://www.ygnutd.com/) ကို
ဝင်လိုက်တာ hack ခံထားရတာတွေ့လိုက်ရတယ် ဒါပေမဲ့ သိပ်မကြာပါဘူး  Yangon united (http://www.ygnutd.com/) က ပြန်ပြီး recovery လုပ်လိုက်ပါတယ်။ ဒါနဲ့ Blinkhackergroup.net ဆီ
ကိုခဏရောက်သွားတယ် ကြည့်လိုက်တာနဲ့
Download section မှာ download hacking tools ဆိုတာကို တွေ့လိုက်တယ် ဒါနဲ့ ချက်ချင်းဘဲ နှိပ်ပြီး (http://bhg.nazuka.net/dl4hktools.html) ကြည့်လိုက်မိတယ် ဒါနဲ့ ကြိုက်စရာလေးတွေ တွေ့မိရော Download မယ်လုပ်တော့ မှ  Winspy Keylogger အကြောင်းကို သတိရမယ်တယ် ဒီ software ကဘယ်လိုအလုပ်လုပ်လဲဆိုတော့  install လုပ်ဖို့ exe file ကို ထုတ်ပေးပါတယ် ဒီ exe file ကို ကိုယ့် hack ချင်တဲ့ လူရဲ့ Computer ထဲမှာ install လုပ်ပေးရမှာ ဖြစ်ပါတယ် ဆိုတော့ ဒီအတိုင်း ကြီး လူတစ်ယောက် ကို exe file ပို့လိုက်ရင် ဘယ်လိုမှ
install လုပ်မှာမဟုတ်သလို၊ စိတ်ဝင်စားမှာ လဲမဟုတ်ဘူး။ ဒါပေမဲ့ အခုလို ကျွန်တော်တို့လို hacking ကို စိတ်ဝင်စားတဲ့ လူတွေကျတော့ install လုပ်တာလဲ လွယ်လွယ်လေး လုပ်တက်တယ် ပြီးတော့  hack ဖို့ကို တအားစိတ်ဝင်စားနေတော့ ဘာမှကို မစဉ်းစားတော့ဘဲ install လုပ်မိတက်တယ် ဒီလို လုပ်မိတယ်ဆိုရင်
ဒီ winspy keylogger ရဲ့ exe file က ဒီ computer မှာ လုပ်သမျှကို screen shoot အကုန်လုံးကို ရိုက်ပြီး hacker ရဲ့ လက်ထဲကို ပြန်ပို့ပေးတာဖြစ်ပါတယ် ဒါကြောင့် hacking ကို စိတ်ဝင်စားပြီး ဆိုရင်တော့ ကိုယ့်ရဲ့ လုံခြုံရေးကို သတိထားဖို့လိုပါမယ်။

အထူးသဖြင့် hacking tools တွေက antivirus နဲ့ မထည့်ဘူးဆိုတော့ install လုပ်မယ်ဆိုရင်
antivirus ကို ပိတ်ပစ်လိုက်တက်တာ များတယ် ဆိုတော့  တကယ် hacking tools မဟုတ်ဘဲနဲ့
winspy keylogger ရဲ့ exe file ကြီးများသာ ဖြစ်နေရင်တော့ ရှိသမျှကုန်ပြီးပေါ့ဗျာ။

သတိထားကြပါ။ Hacking tools တိုင်းကို မယုံပါနဲ့။
Unknown at 8:07 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
›
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.