Saturday, September 24, 2011

ဆရာတော် ဘုရားကြီးများ

http://www.dhammadownload.com/AudioInMyanmar.htm


Welcome to Dhammadownload

This is the Dhamma Download Home Page. In this Web Site , you can freely download or listen on-line most of the Dhamma Talks which were given by Myanmar monks over the years. This website is created by a group of Myanmar in Singapore, dedicated to all Buddhist all over the world.

ဗုဒ္ဓဘာသာဝင် တို့အတွက် မြတ်ဗုဒ္ဓ၏တရားတော်တော်များကို လွယ်လင့်တကူ နာယူမှတ်သားနိုင်ရန်အတွက် dhammadownload.com ကို 2002 ခုနှစ်မှ စတင် တည်ထောင်ခဲ့ပြီး မြန်မာနိုင်ငံရှိ ဆရာတော်ကြီးများ ဟောကြားခဲ့သော တရားတော်များကို OnLine Media Library အဖြစ် တင်ပြလာခဲ့သည်မှာ ယနေ့ဆိုလျှင် MP3 တရားတော် အပုဒ်ရေ ပေါင်း တစ်သောင်း၇ထောင်ကျော်၊ WMV ဗီဒီယို တရားတော်ပေါင်း ၄ထောင်ကျော်၊ eBooks စာအုပ်ပေါင်း တထောင်ကျော်တို့ကို စုစုပေါင်း ၆၄၀ ဂစ်ဂါဘိုက် ခန့်တင်ပြထားရာ ဗုဒ္ဓဘာသာဝင်တို့အတွက် ဒီဘဝနှင့်ပင် ခန္ဓာဥာဏ်ရောက် သစ္စာဆိုက်အောင် သူတော်ကောင်းတရားများ ကျင့်ကြံ အားထုတ်ဖို့ရန် အခွင့်ထူးကြီးပင်ဖြစ်ပါသည်။ ခေတ်နှင့် အညီ လိုက်၍ သူတော်စင်တို့၏ သွားရင်း လာရင်း ရရှိသည့် အားလပ်သည့် မိနစ်ပိုင်းလေးတွေမှာပင် တရားတော်များနှင့် ထိတွေ့နိုင်ရန် iPhone/iPAD နှင့် တချို့သော Mobile Device များပါ မကျန် dhammadownload.com ပေါ်ရှိ တရားများကို နာယူနိုင်ရန် စီစဉ်ထားရှိပါသည်။ သို့ပါ၍ ဤကဲ့သို့သော အခွင့်ထူးကြီးကို လက်လွတ်မခံကြပဲ မိမိတို့ အခါအခွင့်သင့်သလို တရားတော်များကို http://www.dhammadownload.com  တွင် နာယူကြပါရန်နှင့် နီးစပ်ရာ ဓမ္မမိတ်ဆွေများကိုလည်း ဤ website အကြောင်း သတင်းကောင်း ပါး ပေးကြပါရန် လေးနက်စွာ တိုက်တွန်း အပ်ပါသည်…





dhammadownload.com တွင် သူတော်စင် ဦးရေ (နေ့စဉ်) ၁၉၀၀ခန့်၊ ဝင်ရောက်လည်ပါတ်သည့်အကြိမ်ပေါင်း (နေ့စဉ်) ၃၂၀၀ခန့်၊ တရားတော် ဒေါင်းလုပ်သည့်ပမာဏ (နေ့စဉ်) ၃၇၀ ဂစ်ဂါဘိုက် ခန့်၊ (လစဉ်)ဒေါင်းလုပ်သည့်ပမာဏ ၁၀တယ်ရာဘိုက်ခန့် ရှိကြောင်း အားရ ကြေနပ်ဖွယ် တွေ့ရှိရပါသည်။  သူတော်စင်များ ယခုလို အားသွန်ခွန်စိုက် တရားတော်များကို နာယူ မှတ်သား လေ့ကျင့် နေကြခြင်းကို ဓမ္မဒေါင်းလုပ် အဖွဲ့မှ အလွန်ပင် ဝမ်းမြောက် မိပြီး သူတော်စင်တို့၏ ဖြူစင် အေးချမ်းသော ကောင်းမှု ကုသိုလ်များအတွက် သာဓု ခေါ်ဆို မိပါသည်။

ထိုနည်းအတူ၊ ကျွန်တော်၊ ကျွန်မတို့ သည် ဗုဒ္ဓ၏ တရားတော်များကို ဤ website တွင် ပူဇော်တင်ပြရသော ကုသိုလ်အဖို့ဘာဂကို တရားနာကြရကုန်သော လူ၊ နတ်၊ ဗြဟ္မာ သတ္တဝါအပေါင်းတို့နှင့် တကွ ၃၁-ဘုံသားတို့ အား  အမျှပေးဝေ လိုပါသည်။ အားလုံး အမျှရကြ၍ ကိုယ်စိတ်နှစ်ဖြာ ကျမ်းမာ ချမ်းသာပြီး  မြတ်ဗုဒ္ဓ၏ တရားတော်များ ရင်ဝယ်ပိုက်၍ ထာဝရ ငြိမ်းအေးကြပါစေ....
 
သူတော်ကောင်း၊ သူမြတ်လောင်းတို့ ပေးပို့သော ကုသိုလ် အဖို့ဘာဂ နှင့် အမျှကိုလည်း ကျွန်တော်၊ ကျွန်မတို့ က ဝမ်းမြောက် ဝမ်းသာ သာဓု အနုမောဓနာ ခေါ်ဆိုပါကုန်၏....

အားလုံး.....အမျှ....အမျှ....အမျှ....ယူတော်မူကြပါကုန်လော့.............

သာဓု....သာဓု.....သာဓု.......

ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု......ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု.......ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု.......



 http://www.dhammadownload.com/index.htm မှ
                           ထပ်ဆင့်ကူးယူဖော်ပြပါသည်.









Unknown at 2:45 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

အလှူတကာ့အလှူတွင်တရားအလှူသည်အမြတ်ဆုံးဖြစ်၏

ဤဆိုက်လေးများဖြန့်ဝေပေးချင်းဖြင့် တရားအလှူပြုလုပ်ပေးနိုင်ကြပါစေ။ 
=================================================
ထပ်ဆင့်ဒါနဖြစ်ပါသည်။
တရာဓမ္မများနာကြားပြီးကိုယ်စိတ်နှစ်ဖြာချမ်းသာနိုင်ကြပါစေ။
Down ၍အဆင်မပြေရင် comment လေးရေးခဲ့ပါ။
တတ်နိုင်သ၍ ကူညီပေးပါမည်။
Download Link
> http://www.sitagu.org/home/ (သီတဂူဆရာတော်)
> http://www.dhammaceti.org/home.htm (ဓမ္မစေတီ ဆရာတော် ဦးကောသလ္လ)
> http://mettashin.com/ (အရှင်ဇ၀န)(မေတ္တာရှင်-ရွှေပြည်သာ -၁)
> http://theinngu.org/ (သဲအင်းဂူဆရာတော်)
> http://www.mahasi.org.mm/ (မဟာစည်-၁)
> http://www.mahasi.org/ (မဟာစည်-၂)
> http://dhammaduta.net/ (အရှင်ပညိဿရ-ဓမ္မဒူတ)
> http://www.shweparami.net/ (အရှင်ဆန္ဒာဓိက)
> http://www.yawainwe.net/ (အရှင်ရာဇိန္ဒ)(ရဝေနွယ်-အင်းမ)
> http://www.shwehinthar.com/buddhism/ (ရွှေဟင်္သာဆရာတော်)
> http://www.pilotsayadaw.net/ (အရှင်ဇေယျပဏ္ဍိတ-ပိုင်းလော့ဆရာတော်)
> http://www.chanmyay.org/ (ချမ်းမြေ့ဆရာတော်)
> http://majjhimagonyi.info/ (အရှင်ကောဝိဒ-မဇ္ဈိမဂုဏ်ရည်)
> http://www.paauktawya.org/ (ဖားအောက်တောရဆရာတော်)
> http://www.phyusayadaw.com/ (ဖြူးဆရာတော်)
> http://www.mogokinsightny.org/ (မိုးကုတ်ဆရာတော်ဘုရားကြီး)
> http://realenlightenment.org/ (အရှင်ဥတ္တမသာရ)
> http://www.lknt.org/ (အရှင်လောကနာထ)
> http://lknt115.blogspot.com/ (အရှင်လောကနာထ)
> http://kathitwinemyanmar.blogspot.com/ (ကသစ်ဝိုင်ဝိပဿနာ ဓမ္မရိပ်သာ)
> http://www.dhammaduta.co.cc/ (အရှင်ဆေကိန္ဒ-ဓမ္မဒူတ)
> http://www.lknt.org/ (တရားတော်များ)
> http://dhammafocus.m…arbloggers.org/ (ဓမ္မဆုံချက်)
> http://531collections.co.cc/ (တရားတော်များ)
> http://burmaborn.wordpress.com/ (တပိုင်တနိုင် သာသနာပြုရအာင်)



ဒါလေးက VIDEO
http://www.dhammavideo.com/

Unknown at 2:40 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Friday, September 23, 2011

Minus အကြောင်း Share ထားတာတွေ့မိလို့စမ်းသုံးမိပါတယ်


။ မဆိုးတော့မဆိုးဘူးဗျ။ စတာနဲ့ 10GB free ပေးတယ်ဗျ။ invite လုပ်ရင် 1GB စီပေးပြီးတော့ 50GB အထိပေးပါတယ်။ နောက် Dropbox ကတော့ကျွန်တော်သိသလောက်စစချင်း ပေးတာနည်းမယ်ထင်တယ်။ အသေးစိတ်တော့မမှတ်မိတော့ပါ။ နောက်ပြီး Dropbox ထက်လည်းမြန်ပါတယ်။ နောက်တစ်ချက် အရင်က mediafire တို့ဘာတို့ကနေ ခက်ခက်ခဲခဲတင်ရတာတွေ ဒီမှာတင်ရင် အဆင်ပြေလောက်ပါလိမ့်မယ်။
ကဲအောက်ကလင့်ကလေးကနေ သွားကြည့်လိုက်နော်။

http://forum.mmitd.com/forum/topics/minus-10gb-free


 
Unknown at 4:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Thursday, September 22, 2011

ယောက်ျားလေးတွေ ရဲ့ ခံစားမှု ကို နားလည်စေလိုတဲ့သဘောနဲ့ ဒီ ပိုစ် လေး ကိုတင်လိုက်ရတာပါ။

ယောက်ျားလေးတွေ ရဲ့ ခံစားမှု ကို နားလည်စေလိုတဲ့သဘောနဲ့ ဒီ ပိုစ် လေး ကိုတင်လိုက်ရတာပါ။

1. မချစ်ပဲနဲ့ ချစ်တယ်လို့ မလိမ်ညာပါနဲ့ … မချစ်၇င်
မချစ်ဘူးအစကထဲကပြတ်သားပေးပါ ။
(ဆန်းစစ်ဖို့ လုံလောက်တဲ့ အချိန်ကိုယူပါ..တဖက် ယောက်ျားလေးကလည်း နားလည်နိုင်ပါတယ်)

2. ၇ည်းစားဟောင်း ရှိခဲ့ဖူးတာ ချစ်သူရှိခဲ့ဖူးတာ အပြစ်မဟုတ်ပါဘူး ဒါပေမယ့် အတတ်နိုင်ဆုံး
အမှန်အတိုင်းချစ်သူယောက်ျားလေးကို ပြောပြပေးပါ။အချိန်ကြာပြီးမှ
လိမ်ညာတယ်ဆိုတာ သိ၇တဲ့အခါ ခံစားရတဲ့ သူမှာ ပိုပြီးနာကျင်စေပါတယ်။

3. ချစ်သူယောက်ျားလေးေ၇ှ့ မှာ အရင်၇ည်းစားဟောင်းအကြောင်းကို ခဏခဏပြောဖို့မသင့်တော်ပါဘူး…
မီးကို မမွှေးသင့်ပါဘူး..

4. မိန်းကလေးအများစု
ပြောတတ်ကြပါတယ် …သူတို့ ဘ၀တစ်ခုလုံးပေးအပ်လိုက်ရတာပါ တဲ့
ယောက်ျားလေးတွေကရော …. နှလုံးသားတစ်ခုလုံး ပေးဆပ်ပြီးမချစ်ခဲ့ရလို့လား ?
5.

ယောက်ျားလေးတွေဟာ
ချစ်သူ နဲ့ ပါတ်သက်တဲ့ နေ့၇က်တွေထက် အဲဒီနေ့၇က်တွေမှာ ဘာလုပ်ခဲ့တယ်
ဆိုတာကို သတိပိုရတတ်တယ် … မိန်းကလေးတွေနဲ့ ကွာနေတဲ့အချက်ကတော့
နေ့စွဲတွေကို မှတ်တတ်တာမျိုးမဟုတ်ပါဘူး … နေ့ စွဲတွေက
အလွတ်ကျက်ထားလို့၇ပေမယ့် အမှတ်တ၇လေးတွေကို အလွတ်ကျက်ထားဖို့
့ဆိုတာမဖြစ်နိုင်ပါဘူး။

6.ယုံကြည်မှုပေးပါ
– ယောက်ျားလေးတိုင်းဟာ အခွင့်အေ၇းသမားတွေမဟုတ်ပါဘူး …လွတ်လပ်စွာ
နေချင်ရုံသက်သက်ကို ဆိတ်ကွယ်၇ာလို့ မထင်မှတ်ပါနဲ့ ။

7.ယောက်ျားလေးတွေမှာလည်း
မိန်းကလေးသူငယ်ချင်းတွေ ဆိုတာ ရှိတတ်ပါတယ်… ဒါပေမယ့်
ကိုယ့်ရဲ့ချစ်သူနဲ့ယှဉ်လိုက်မယ်
ဆိုရင် သူတို့ ရဲ့ပတ်သက်မှုက
ကွာခြားလွန်းပါတယ်…မောင်၊နှမလို သဘောထားမျိုးပါ …။

8.. ယောက်ျားလေးတွေက
ချစ်သူ မိန်းကလေး ကိုလှစေချင်ကြတယ် …. လှလို့ ချစ်ခဲ့တာမဟုတ်ပေမယ့်
ကို့ချစ်သူ လှနေတာကို အမြဲ မြင်ချင်ကြတယ် ….။

9.တခါတ၇ံ မဖြစ်စေချင်တဲ့ ကိစ္စလေးတွေကို ချုပ်ချယ်တယ်လို့  မိန်းကလေးတွေက
ထင်တတ်ကြတယ် … အဲလိုမဟုတ်ပါဘူး ကိုယ့်ချစ်သူကို မဖြစ်သင့်တာတွေကို
မဖြစ်ရလေအောင် သတိပေးခြင်းမျိုးပါ..။

10.ရှိတတ်ပါသေးတယ် … မိန်းကလေးတွေဟာ သူတို့ သူငယ်ချင်းတွေ ရှေ့ မှာ ကို့ ချစ်သူလို့ ပြောဖို့ ၊
မိတ်ဆက်ပေးဖို့ ရှက်တတ်ပေမယ့် … ကောင်လေးသူငယ်ချင်းတွေ ရှေ့ မှာကျတော့
ကို့ကိုချစ်သူ လို့ အသိပေးစေချင်ကြတယ် …

11. ဘ၀မှာ ၇င်ဆိုင်ဖို့ အားအင်တွေ နဲ့အခြေတည်ဖို့ လုပ်ငန်းတွေကို လုပ်ဆောင်နေတဲ့အချိန်မှာ တခါတရံ
လစ်ဟာမှုလေးတွေ ရှိခဲ့၇င် နားလည်ပေးပါ … ဂရုမစိုက်တာမဟုတ်ပါဘူး
နောင်တစ်ချိန်မှာပိုပြီး ဂရုစိုက်နိုင်ဖို့ပါ ။

12.ဂိမ်း ၊ ဘောလုံးပွဲ မက်တဲ့ ယောက်ျားလေးတွေရှိတယ်… စိတ်အတွက်ဖျော်ဖြေမှုတစ်ခုအနေနဲ့
ကစားနေတာပါ… တစ်သက်လုံး အဖော်ပြု ပေးနေမှာ ကွန်ပျူတာတစ်လုံး နဲ့
ဘောလုံးကွင်း တစ်ခုမဟုတ်တာ ယောက်ျားလေးတိုင်း သိထားကြပါတယ် ။

13.ချစ်သူနှစ်ယောက် ဘ၀တစ်ခု ထူထောင်ဖို့ ဆိုတာ ယောက်ျားလေး၇ဲ့ တာဝန်ပါ …
ဒါပေမယ့် သူ့ မိသားစု အခြေအနေကို ငဲ့ကြည့်ပေးသင့်ပါတယ် …။

14. မိန်းကလေးတစ်ယောက်က
ထက်မြက်နေဖို့ မလိုပါဘူး ဘေးနားကနေ အလိုက်အထိုက်အကြံဥာဏ်ပေးနိုင်ရင်ရပြီ
၊ကူညီပေးနိုင်၇င်တော့ အတိုင်းထက်အလွန်ပေါ့ …။

15.ဥပုသ်စောင့်တဲ့ ကျား မရှိဘူး တဲ့ … မှန်ပါတယ် ဒါပေမယ့် ဦးနှောက် ၊ အသိပညာတွေ နဲ့ 
ထိန်းချုပ်နိုင်မှုစွမ်း၇ည်တွေက အလကား ထားတာမဟုတ်ပါဘူး … လူ့ တန်ဖိုးရဲ
့အဆုံးအဖြတ်တွေပါ ။

16. ယောက်ျားလေးတွေ၇ဲ့ မကောင်းတဲ့အကျင့် တစ်ခုခု( ဆေးလိပ် ၊အ၇က် ၊ကွမ်း)စတာတွေကို မကြိုက်၇င်
ချစ်သူမိန်းကလေး က ပြောင်းလဲပစ်နိုင်ပါတယ် … ချစ်သူမိန်းကလေး၇ဲ့ ပါးနပ်စွာပြောဆို နိုင်မှုနဲ
့ နားလည်နိုင်မှုအပေါ် မူတည်ပါတယ်။အထက်စီးကပြောရင်တော့မရဘူးနော်။

17့  မာန်မာန ပါပဲ …လူတိုင်းရှိတတ်ကြတာပါ။
ယောက်ျားလေးတစ်ယောက်၇ဲ့ မာန်မာနကို အတတ်နိုင်ဆုံး မစော်ကားမိပါစေနဲ့ ။ ယောက်ျားတစ်ယောက်ဟာ
မိမိချစ်သူ မိန်းကလေးအတွက် မာန်မာနတွေကို လျော်ထားတတ်ကြတယ်။ ဒါပေမယ့်
ယောက်ျားတစ်ယောက်၇ဲ့မာန က မာနကြီးလှပါတယ်ဆိုတဲ့ မိန်းကလေးတွေထက်
အဆပေါင်းများစွာ ပိုပါတယ်…။ တစ်ယောက်နဲ့ တစ်ယောက် ချစ်မိကြပြီဆိုရင်တော့
တစ်ယောက်နဲ့ တစ်ယောက် နားလည်မှုလေးတွေ ရှိဖို့တော့လိုတာပေါ့..

18.ယောက်ျားလေးက အလျှော့ပေးသလောက်မိန်းကလေးက ကအနိုင်ကျင့်နေမယ်ဆိုရင်လည်း
တစ်ချိန်ချိန်မှာ လုံးဝ(လုံးဝ) မထင်ထားတာတွေဖြစ်တတ်ပါတယ်

19.နောက်ဆုံးတစ်ချက်ကတော့ ကို့ချစ်သူ ဒါမှမဟုတ် ကိုရည်းစားနဲ့ အဆက်အသွယ်ရတဲ့အခါ
ငါဒီမှာနောက်တစ်ယောက်ရနေပြီ လို့မပြောမိဖို့ပါပဲ
...
နံပါတ် 20 ကတော့ ရင်ထဲမှာပဲ သိမ်းထားလိုက်ပါ့မယ်..
 
 
                                                                                              kothetnaing84@gmail.com
                                                                                                                  ထပ်ဆင့်ကူးယူဖော်ပြပါသည်။
Unknown at 3:47 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

မိဘတွေကို မပြောသင့်တဲ့ စကား(၁ဝ)ခွန်း★





လူတော်တော်များများက ကိုယ့်မိဘတွေကို အောက်ကစကားဆယ်ခွန်းထဲက တစ်ခွန်း ဒါမှမဟုတ် တစ်ခွန်းထက်ပိုပြောခဲ့ဖူးကြမယ် ထင်ပါတယ်။ သားသမီးဖြစ်တဲ့ ကျွန်တော်တို့က မိဘတွေကို ဒီစကားတွေကိုထပ်မပြောတော့ဘဲ နားလည်ပေးကြရအောင်.. လူ့ဘဝက တိုတောင်းလွန်းပါတယ်။ ကိုယ့်နံဘေးက ဆွေမျိုးသားချင်း၊ ချစ်သူခင်သူ၊ သူငယ်ချင်းတွေကို တန်ဖိုးထားသင့်ပါတယ်။ ဆုံးရှုံးသွားမှ သူတို့က သင့်ဘဝမှာ ဘယ်လောက်အရေးပါကြောင်း သိတာမျိုးမဖြစ်ပါစေနဲ့။ မိဘတွေကို ရိုသေလေးစားပါ။ သင်ဘာအမှားပဲလုပ်လုပ် သူတို့က သင့်ကိုခွင့်လွှတ်ဖို့ အသင့်ရှိနေပါတယ်။ မိဘရဲ့ရင်ခွင်ဟာ သင့်အတွက် လေငြိမ်ရာအရပ် ထာဝရနားခိုရာဆိပ်ကမ်းဖြစ်ပါတယ်။

(၁) အင်းပါ! အင်းပါ! သိပြီ... အရမ်းရှုပ်တာပဲ!

(၂) ကိစ္စရှိသေးလား? မရှိရင် ဖုန်းချတော့မယ်!
(မိဘတွေဖုန်းဆက်တာ စကားပြောချင်ရုံသက်သက်ဖြစ်လိမ့်မယ်။ သူတို့ရဲ့ရည်ရွယ်ချက်ကို ကျွန်တော်တို့ နားလည်ပေးသင့်ပါတယ်။ ဖုန်းကိုချဖို့ပဲ မလောပါနဲ့)

(၃) ပြောရင်လည်း နားလည်မှာမဟုတ်ပါဘူး။ မမေးပါနဲ့တော့!

(၄) မလုပ်ပါနဲ့လို့ အထပ်ထပ်ပြောထားရက်သားနဲ့..... လုပ်ထားတာတွေကလည်း မကောင်းဘူး။
(သူတို့အင်အားနဲ့မမျှတဲ့ အလုပ်ကိုလုပ်တဲ့အခါ ကျွန်တော်တို့က ဂရုတစိုက်နဲ့ သူတို့ကိုမလုပ်ဖို့တားတယ်။ ဒါပေမဲ့ ဒါဟာ သူတို့အသုံးမဝင်တော့ကြောင်း သူတို့ကိုခံစားစေပါတယ်)

(၅) ဟာ.. ဖေဖေ၊ မေမေတို့နည်းက ခေတ်တုံးနေပြီ။
(မိဘတွေရဲ့အကြံဉာဏ်က ကျွန်တော်တို့အတွက် အသုံးတည့်ချင်မှ တည့်လိမ့်မယ်။ ဒါပေမဲ့ ဒီထက်နားထောင်လို့ကောင်းတဲ့စကားကို ကျွန်တော်တို့ပြောသင့်ပါတယ်)

(၆) သားအခန်းကို မရှင်းပါနဲ့လို့ ပြောထားရက်နဲ့ အခုတော့ကြည့် ပစ္စည်းတွေရှာမတွေ့တော့ဘူး။
(ကိုယ့်အခန်းကို ကိုယ်တိုင်ရှင်းတာက ကောင်းပါတယ်။ မရှင်းချင်ရင် သူတို့ရဲ့စေတနာကိုတော့ မစော်ကားပါနဲ့)

(၇) သားဘာစားမယ်ဆိုတာ သားသိတယ်။ ဟင်းတွေ ထည့်ထည့်မပေးနဲ့တော့!
(ကျွန်တော်တို့အပြန်ကို စောင့်မျှော်နေကြတဲ့ မိဘတွေက သူတို့ရဲ့မေတ္တာ၊ သူတို့ရဲ့ဂရုစိုက်မှုတွေကို ကျွန်တော်တို့အတွက် အထူးစီမံထားတဲ့ထမင်းဟင်းတွေထဲ ထည့်ချက်ထားကြတယ်။ ဒါကို ကျွန်တော်တို့က ဆိတ်ဆိတ်ငြိမ်ငြိမ်နဲ့ လက်ခံလိုက်ရုံပါပဲ)

(၈) ဒီဟင်းကျန်တွေကို မစားပါနဲ့လို့ မှာထားရက်နဲ့ စကားကိုနားမထောင်ဘူး!
(သူတို့ရဲ့ တစ်သက်ချွေတာလာတဲ့အကျင့်တွေ ပြောင်းလဲရခက်ပါတယ်။ ဟင်းချက်ရင် တစ်နပ်စာချက်ဖို့ အကြံပေးတာက ပိုကောင်းပါတယ်)

(၉) သား ကိုယ့်ဘာသာကိုယ် ချင့်ချိန်ပြီး လုပ်တတ်တယ်။ တဗျစ်တောက်တောက် မပြောနဲ့ .. နားကိုငြီးတယ်။

(၁ဝ) ဒီပစ္စည်းတွေ မယူတော့ပါဘူးဆို ဘာဖြစ်လို့ ဒီမှာပုံထားရသေးတာလဲ!
(မိဘတွေက ကျွန်တော်တို့နဲ့အတူကြီးပြင်းလာခဲ့တဲ့ အရာတွေကို သိမ်းထားချင်တတ်ကြတယ်။ သူတို့သိမ်းထားတာတွေ တစ်အိမ်လုံးပြည့်နေပါစေ... နောင်တချိန်မှာ ကျွန်တော်တို့ကလေးဘဝက ဝတ်ခဲ့တဲ့အဝတ်အစားတွေကို ကျွန်တော်တို့တွေ့မိတဲ့အခါ ကျွန်တော်တို့ဝမ်းသာကြည်နူးကြဦးမယ် မဟုတ်ပါလား! )
Unknown at 3:42 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

Wednesday, September 21, 2011

Management နဲ့ Leadership ရဲ့အဓိကကွာခြားချက်

Management နဲ့ Leadership ရဲ့အဓိကကွာခြားချက်ကတော့ Management ဟာလေ့ကျင့်ထားတဲ့ ကျွမ်းကျင်မှုနဲ့ သက်ဆိုင်ပြီး Leadership ကတော့ အနုပညာ ဒါမှမဟုတ် အတတ်ပညာနဲ့သက်ဆိုင်ပါတယ်။များသောအားဖြင့် The skill of management and the art of leadership လို့ ပြောလေ့ရှိကြပါတယ်။ Management Skills လို့ပြောတဲ့အခါ လုပ်ငန်းအဖွဲ့အစည်းအတွက် မဟာဗျူဟာ (Strategy) ချမှတ်နိုင်စွမ်းရှိတာ ၊ ၀န်ထမ်းတွေကို စနစ်တကျ စုစည်းပြီး ဖွဲ့စည်းပုံ (structure) ချမှတ်ထားနိုင်တာ၊ ငွေကြေးနဲ့ဘဏ္ဍရေးကိစ္စတွေ၊ နေ့စဉ်လုပ်ငန်းဆောင်တာတွေအပေါ်စနစ် (System) ကျကျ ထိန်းသိမ်းနိုင်စွမ်းရှိတာကိုဆိုလိုပါတယ်။
ဒါပေမယ့်စဉ်ဆက်မပြတ် အရှိန်အဟုန်နဲ့ ပြောင်းလဲနေတဲ့စီးပွားရေးပါတ်ဝန်းကျင်မှာ မန်နေဂျာတွေအဖို့ Management Skill နဲ့တင်မလုံလောက်တော့ပါဘူး။ အနာဂါတ်မှာ ကြုံတွေ့ရမည့် စိန်ခေါ်မှုတွေကို ကျော်လွားနိုင်ဖို့ ၊ အခွင့်အလန်းတွေ ရယူနိုင်ဖို့နဲ့ မိမိအဖွဲ့အစည်းကို အားထည့်ထားဖို့တွက် ခေတ်သစ်မန်နေဂျာတွေဟာအမြင်ကျယ်ပြီး ဥာဏ်ပညာအမျှော်အမြင်ပြည့်စုံဖို့ လိုအပ်လာပါတယ်။ ဒါကြောင့်လုပ်ငန်းတွေအောင်မြင်ဖို့အတွက် Management တခုတည်းသာမက Leadership ပါလိုအပ်လာပါတယ်။ Leadership မှာတော့ ကျိုးကြောင်းဆင်ခြင်မှု ပါရှိပြီး လုပ်ငန်းလုပ်ဆောင်တဲ့အခါ ရည်ရွယ်ချက် (Purpose) ၊ စဉ်ဆက်မပြတ်လှုပ်ရှားနေတဲ့ ဖြစ်စဉ်တွေ (Process) နဲ့ ကျွမ်းကျင်ပြီးစွမ်းရည်ပြည့်တဲ့သူတွေ (People) တို့ကို အဓိကထားပြီး စူးစိုက်ဆုံးဖြတ် လုပ်ဆောင်ပါတယ်။

Mangement နဲ့ Leadership ရဲ့အဓိကကွာခြားချက်သုံးခုကတော့

၁။ Management က Planning နဲ့ strategy ကိုဇောင်းပေးပြီး Leadership က Organization Purpose ကိုဦးစားပေးပါတယ်။

၂။ Management ကလုပ်ငန်းအဖွဲ့အစည်းရဲ့ Formal Structural Design ကိုအာရုံစူးစိုက်ထားပြီး Leadership က Effective Management Process ကိုအာရုံစူးစိုက်ထားပါတယ်။

၃။ Management က၀န်ထမ်းတွေကို ထိန်းချုပ်ကြပ်မတ်ဖို့တာဝန်ယူပြီး Leadership က လုပ်ငန်းမှာရှိတဲ့လူတွေရဲ့ ကျွမ်းကျင်မှူနဲ့ စွမ်းဆောင်ရည်တိုးတက်မှုကို တာဝန်ခံဆောင်ရွက်ပါတယ်။ Management နဲ့ Leadership ကွာခြားမှုရှိပေမယ့် တစ်ခုနဲ့တစ်ခု သီးခြားသတ်မှတ်လို့မရနိုင်သလို တစ်ခုနဲ့တစ်ခု ကင်းကွာလို့ မရနိုင်ပါဘူး။Management ရဲ့မူလလုပ်ဆောင်ချက် လုပ်ငန်းတာဝန်တွေကိုလည်း ပစ်ပယ်လို့မရပါဘူး။ Management နဲ့ Leadership ပေါင်းစပ်နိုင်မှသာ လုပ်ငန်းအောင်မြင်နိုင်ပြီး အဲဒီအောင်မြင်မှူကို ဆက်လက်ထိန်းသိမ်းနိုင်မှာဖြစ်ပါတယ်။လုပ်ငန်းမှာ ရည်မှန်းချက်နဲ့ အလုပ်အစီအစဉ်တွေသတ်မှတ်ဖို့နဲ့ သတ်မှတ်ထားတဲ့အလုပ်တွေ သတ်မှတ်ထားတဲ့အချိန်အတွင်း သတ်မှတ်ထားတဲ့ဘတ်ဂျက်အတိုင်း ပြီးဖို့ Management ဟာမရှိမဖြစ်လိုအပ်ပါတယ်။ Management ဟာ အလုပ်အစီအစဉ်တွေ Planning ရေးဆွဲသတ်မှတ်ရသလို သတ်မှတ်ချက်တွေနဲ့အညီ ကိုက်ညီမှုရှိမရှိကို Controlling ပြန်လုပ်ရပါတယ်။ Management ဟာလုပ်ငန်းရဲ့ အမြတ်ရရှိနိုင်စွမ်းကို ထိန်းချုပ်လုပ်ဆောင်ရုံသာမက ဘတ်ဂျက်ဘောင်အတွင်း အချိန်ကာလသတ်မှတ်ချက် ဘောင်အတွင်း ပြီးစီးလုပ်ဆောင်နိုင်မှုကိုပါထိန်းချုပ်ရပါတယ်။

လုပ်ငန်းမှာရှိတဲ့ ၀န်ထမ်းတွေ၊ လူတွေကို စနစ်တကျဖွဲ့စည်းဆောင်ရွက်တဲ့အခါမှာ စီမံခန့်ခွဲမှု (Management) သာမက ဦးဆောင်မှု (Leadership) ပါလိုအပ်လာပါတယ်။ဝန်ထမ်းစည်းမျဉ်းစည်းကမ်းနဲ့ အလုပ်စံတွေသတ်မှတ်ပေးဖို့ တဖက်မှာလိုအပ်သလို တဖက်မှာလည်း ၀န်ထမ်းတွေကို စနစ်တကျဆောင်ရွက်တတ်အောင် ပံ့ပိုးမှု၊ သင်ကြားမှု နဲ့ အားပေးမှုတွေပေးရပါမယ်။ခေတ်သစ်အဖွဲ့အစည်းတွေမှာ ၀န်ထမ်းတွေကိုယ်တိုင်ပါဝင်ပြီး စီမံကိန်းအစီအစဉ် တွေ ရေးဆွဲစေတဲ့ အစီအစဉ်တွေပေးထားပါတယ်။ဝန်ထမ်းတွေဆီကအဖွဲ့အစည်းရဲ့မျှော်မှန်းချက်နဲ့ အဖွဲ့အစည်းပေါ် ၀န်ထမ်းကမျှော်မှန်းနိုင်မှုကိုလည်း ပွင့်ပွင်လင်းလင်း အသိပေး ထားပါတယ်။အမိန့်နဲ့ ထိန်းချုပ်မှုဟာ နေ့စဉ်လုပ်ငန်းလုပ်ဆောင်မှုအတွက် လိုအပ်ပြီးရေရှည်မှာတော့ ၀န်ထမ်းတွေမှာ ကောင်မွန်တဲ့ အလေ့အထနဲ့ အပြုအမူတွေရှိလာအောင် လေ့ကျင့်ပေးဖို့ လိုအပ်ပါတယ်။သင်ယူလိုစိတ်၊ ပူးပေါင်းဆောင် ရွက်လိုစိတ်တွေ ရှိလာ အောင်နဲ့ ၀န်ထမ်းတွေတိုးတက်အောင်ဆောင်ရွက်ပေးရပါမယ်။

လုပ်ငန်းတွေမှာ Management နဲ့ Leadership နှစ်မျိုးစလုံးပြည့်စုံတဲ့ ဦးဆောင်မှုမျိုးလိုအပ်ပါတယ်။ ရိုးသားမှုနဲ့ သမာဓိရှိတဲ့ ၊ ပိုင်ပိုင်နိုင်နိုင်ဆုံးဖြတ်မှုနဲ့ လုပ်ရဲကိုင်ရဲရှိတဲ့ ၊ပူးပေါင်းမှုနဲ့ ညှိုနှိုင်းဆောင်ရွက်နိုင်စွမ်းရှိတဲ့ ၊လိုက်လျှောညီထွေဖြစ်ပြီး အလိုက် သင့်ပြုပြင်နိုင်စွမ်းရှိတဲ့ အရည်အချင်းတွေအပြင် ဥာဏ်ရည်မြင့်တဲ့ ၊အင်အားရှိတဲ့ ၊ ဇွဲရှိတဲ့ ၊အမြော်အမြင်ရှိတဲ့ ခေါင်းဆောင်ကောင်းတွေ အဖွဲ့အစည်းမှာ စံနမူနာယူစရာအဖြစ် ရှိနေဖို့ လိုအပ်ပါတယ်။

တကယ်တော့ Management နဲ့ Leadership ရဲ့ ကွာခြားမှုကို သတ်မှတ်လို့မရနိုင်ပါဘူး။ Management ပဲရှိပြီး Leadership မရှိရင်မပြည့်စုံသလို Leadership ပဲရှိပြီး Management မရှိရင်လည်း မပြည့်စုံပါဘူး။အားကောင်းတဲ့ Management သာရှိပြီး Leadership ကောင်းကောင်းမရှိတဲ့ အဖွဲ့အစည်းမှာ အမိန့်ညွန်ကြားချက်တွေများပြီး အမိန့်ညွန်ကြားချက်အတိုင်း အလုပ်ပြီးရုံ သာလုပ်တဲ့ သဘောမျိုးရှိလာနိုင်ပါတယ်။ဒီလိုအဖွဲ့အစည်းမျိုးကို Bureaucratic အဖွဲ့အစည်းမျိုးအဖြစ် သတ်မှတ်လေ့ရှိပါတယ်။ အားကောင်းတဲ့ Leadership သာရှိပြီး Management ကောင်းကောင်းမရှိတဲ့ အဖွဲ့အစည်းတွေမှာတော့ Leadership ကိုကိုးကွယ်မှု ရှိလာနိုင်ပါတယ်။ဒါကြောင့်လုပ်ငန်းအဖွဲ့အစည်းတွေမှာ စနစ်တကျစီမံခန့်ခွဲနိုင်စွမ်း (Management) နဲ့ ဦးဆောင်နိုင်စွမ်း (Leadership) နှစ်မျိုးစလုံးရှိဖို့ လိုအပ်ပါတယ်။
Unknown at 12:48 PM 0 မှတ်ချက်ကလေးရေးပေးနော်.
Share

M-T Family

Hello,
Well Come M-T Family.


Unknown at 11:29 AM 0 မှတ်ချက်ကလေးရေးပေးနော်.
Share
‹
Home
View web version
မောင်သက်နိုင်

Powered by Blogger. designed by mythem.es. converted to Blogger by New Blogger Themes.